tag:blogger.com,1999:blog-33187116.post117064140155503163..comments2023-09-11T07:29:55.176-05:00Comments on ကလိုစေးထူး: ဟိုရေးဒီရေး.. ဟိုတွေး ဒီတွေး...ကလိုစေးထူးhttp://www.blogger.com/profile/05683622653397700888noreply@blogger.comBlogger1125tag:blogger.com,1999:blog-33187116.post-1170753843653121012007-02-06T03:24:00.000-06:002007-02-06T03:24:00.000-06:00ဂုဏ်သီချင်းက ဦးသုခရဲ့ စကားလုံးတွေကို ရွှေပြည်အေး က...ဂုဏ်သီချင်းက ဦးသုခရဲ့ စကားလုံးတွေကို ရွှေပြည်အေး က ပုံဖော် အသက်သွင်းပေးတာ လို့ အဖေ ပြောပြတယ် ကိုသံလွင်။ ပြီးတော့ အဲဒီသီချင်းဟာ “သည်ဆောင်းဟေမန်” ဇာတ်ကားရဲ့ ဇာတ်ဝင်တေးတဲ့။
သည်ဆောင်းဟေမန် ဇာတ်လမ်းက နာမည်ကြီး စန္ဒယားဆရာ တယောက်ဟာ အောင်မြင်မှုနဲ့ ချမ်းသာမှုဒဏ် မခံနိုင်ဘဲ နောက်ဆုံး ဆင်းရဲ မွဲတေပြီး သူတောင်းစား အနူကြီးဘ၀နဲ့ အသက်ပါဆုံးရှုံး သွားတဲ့ထိ ဖြစ်ရတဲ့ ဇာတ်လမ်းလေး လို့ဆိုပါတယ်။

စန္ဒယားဆရာလေးဟာ သူ့ရဲ့ အအောင်မြင်ဆုံးအချိန်မှာ မိန်းမကိုလည်း အထင်လွဲလို့ အိမ်ကထွက်သွားပြီးနောက် လောကကြီးကို အရွဲ့တိုက် သောက်စားမူးယစ် မိုးမမြင်လေမမြင် ဖြစ်နေတဲ့ ဇာတ်ဝင်ခန်းမှာ ဒီသီချင်းက နောက်ခံတေး အဖြစ် ပါဝင်တာပါတဲ့။

ဒီဇာတ်ကားဟာ လူငယ်တွေကို ပညာပေးတဲ့ ဇာတ်ကားတကားပါ။ အောင်မြင်မှုလည်း တော်တော်ရခဲ့တယ်လို့ လည်း အဖေက ပြောပြပါတယ်။
ဒီဇာတ်ကားနဲ့အတူ “ဂုဏ်” သီချင်းဟာလည်း ပေါက် သွားပါသတဲ့။ ဒီသီချင်းရေးရခြင်းရဲ့ ရည်ရွယ်ချက် အစစ်အမှန်ကတော့ လောကကြီးကို အရွဲ့တိုက်တဲ့ သရုပ်ပေါ်အောင် ဇာတ်ဝင်ခန်းနဲ့ လိုက်ဖက်အောင် ရေးထားတာလို့ ယူဆရပါတယ်။
ဒါပေမဲ့ အချိန်တွေ ကြာလာတာနဲ့အမျှ သီချင်းကိုသာ လူသိများကြပြီး ရုပ်ရှင်ကို လူသိပ်မသိတော့တဲ့အခါ ဒီသီချင်းဟာ အဓိပ္ပါယ်တမျိုးနဲ့ လူတွေရဲ့ ပါးစပ်ဖျား ရောက်လာတော့တာပါပဲ။
ဒါကြောင့် ဦးသုခဟာ ဒီသီချင်းရေးမိလို့ စိတ်မကောင်းတာထက် … ဒီသီချင်းကို တမျိုးအဓိပ္ပါယ်နဲ့ သီဆိုကြသူတွေ အတွက် စိတ်မကောင်း တာများလား လို့ တွေးမိလို့ပါ။
ကိုသံလွင်ရေ … ကွန့်မန့်လည်း အတော်ရှည်သွားပြီမို့ ဒါလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ်။မေဓာဝီhttps://www.blogger.com/profile/04072251427102449939noreply@blogger.com