tag:blogger.com,1999:blog-33187116.post3123097043659918297..comments2023-09-11T07:29:55.176-05:00Comments on ကလိုစေးထူး: ၁၀၀ ပြည့် နှင့်အတူ...ကလိုစေးထူးhttp://www.blogger.com/profile/05683622653397700888noreply@blogger.comBlogger6125tag:blogger.com,1999:blog-33187116.post-60425094131979321102007-04-16T13:58:00.000-05:002007-04-16T13:58:00.000-05:00ကိုကလိုစေးထူး။ စိတ်ဝင်စားဖို့ကောင်းပါတယ်ခင်ဗျာ။ ကျ...ကိုကလိုစေးထူး။ စိတ်ဝင်စားဖို့ကောင်းပါတယ်ခင်ဗျာ။ ကျွန်တော် ၉တန်း၁၀တန်းလောက်တုန်းက သူငယ်ချင်းတစ်ယောက်နဲ့ ပြောတာလေးတွေ ပြန်မှတ်မိတယ်ခင်ဗျ။ ခြွင်းချက်ရှိတာတွေက ရှိမယ်။ မရှိတာတွေက မရှိဘူးဆိုတာလေးပါ။ ဒီစကားမှာလည်း ခြွင်းချက်ရှိချင် ရှိမှာပေါ့နော်။

ဘာသာပြန်သင့်တာက ပြန်ရမယ်။ မပြန်ဘဲဒီအတိုင်း ထားသင့်တာက ထားရမယ်လို့ပဲ ထင်မိပါတယ်။ ဒါပေမယ့် ဘယ်လိုစကားလုံးမျိုးကို ပြန်သင့်တယ်။ ဘယ်လိုစကားလုံးမျိုးကို မပြန်သင့်ဘူးလဲဆိုတာ နည်းနည်း ပြောရခက်မယ်ထင်ပါတယ်ခင်ဗျ။

ကျွန်တော်တို့ ဟိုအရင်ကတည်းက မြန်မာစာက အခြားစကားတွေကနေ စကားလုံးတွေမွေးစားခဲ့တာပဲ။ ဒါပေမယ့် မြန်မာစကားကတော့ ပျောက်မသွားခဲ့ပါဘူး။ ဒါပေမယ့် အခုခေတ်မှာက အရင်ခေတ်နဲ့ မတူပြန်ဘူးလို့ ထင်ပါတယ်။ မွေးစားရမယ့်စကားလုံး တွေ အရမ်းများလာသလို ဘာသာပြန်ဖို့လည်း တော်တော်လေးခက်လာတယ်ထင်ပါတယ်။ ကွန်ပျူတာနဲ့ ပတ်သတ်တဲ့ စကားလုံးတွေတောင် မနည်းဘူးမဟုတ်လားခင်ဗျာ။Thet Htoo@Myat Lonehttps://www.blogger.com/profile/00045333162569151376noreply@blogger.comtag:blogger.com,1999:blog-33187116.post-9903325285441808692007-04-13T10:28:00.000-05:002007-04-13T10:28:00.000-05:00စဉ်းစားစရာပဲဗျာ နောက်မှ ကျွန်တော်လဲ ပို့တင်ဦးမယ်စဉ်းစားစရာပဲဗျာ နောက်မှ ကျွန်တော်လဲ ပို့တင်ဦးမယ်စိုးဇေယျထွန်းhttps://www.blogger.com/profile/09471832666034036296noreply@blogger.comtag:blogger.com,1999:blog-33187116.post-76369275802634797732007-04-12T14:59:00.000-05:002007-04-12T14:59:00.000-05:00ကျနော်မလေးရှားမှာရှိတုန်းက ကွာလာလမ်ပူက တချို့ရပ်ကွ...ကျနော်မလေးရှားမှာရှိတုန်းက ကွာလာလမ်ပူက တချို့ရပ်ကွက်တွေရဲ့အသံထွက်တွေမှာ မြန်မာလို အတိအကျ အသံထွက်လို့မရတာတွေ ရှိခဲ့ဘူးတယ်။ ဥပမာ Puchong ဆိုတဲ့ ရပ်ကွက်ကို မြန်မာလို အားရပါးရ ‘ပူချောင်း’ လို့ထွက်တဲ့သူရှိသလို၊ ‘ပူချူန်း’ လို့ ခေါ်တဲ့သူလည်း ရှိကြတယ်။ တကယ့်ဒေသခံတွေထွက်တဲ့အသံက မြန်မာလို လိုက်ရေးလို့မရတဲ့ ‘ချောင်း’ နဲ့ ‘ချူန်း’ ကြားထဲက အသံကို ထွက်ပါတယ်။ နောက် ကွာလာလမ်ပူရဲ့ မီးအိမ်နီရပ်ကွက်ဖြစ်တဲ့ Chowkit ကိုလည်း မြန်မာက ‘ချောင်ကစ်’ လို့ အားရပါးရခေါ်ပါတယ်။ အမှန်က ‘ချောင်’ နဲ့ ‘ချော်’ ကြားထဲက အသံပါပဲ။ ကျနော်တို့ သူငယ်ချင်းနှစ်ယောက် အချီအချ မြန်မာလို ပြောနေကြတာကို ဘေးကနားထောင်နေတဲ့ တရုတ် စူပါဗိုက်စာ (တိုက်ရိုက်ပဲ အသံဖလှယ်လိုက်တယ်ဗျာ) က မင်းတို့စကားပြောတာ ဂျပန်တွေစကားပြောတာနဲ့ တူတယ်လို့ မှတ်ချက်ပေးဖူးတယ်။ ဒါက သူ့အမြင်သာဖြစ်ပါ ကြောင်း၊ မိမိတို့နှင့်မသက်ဆိုင်ပါကြောင်း၊ မိမိတို့နှင့်ဆိုင်ပါက သတင်းစာဆရာကြီးများကို အသိပေးမှာဖြစ်ပါကြောင်း။ (ဆောရီးဗျာ၊ ပြောရင်းနဲ့ ကျနော်လည်း လေရှည်သွားတယ်)Anonymousnoreply@blogger.comtag:blogger.com,1999:blog-33187116.post-58046136344835557802007-04-12T07:50:00.000-05:002007-04-12T07:50:00.000-05:00မြန်မာလို အတိကျ ရေးထားတဲ့ စာပိုဒ်ကိုကြည့်ပြီး ပြုံ...မြန်မာလို အတိကျ ရေးထားတဲ့ စာပိုဒ်ကိုကြည့်ပြီး ပြုံးမိတယ် ။ အမှန်ဝန်ခံရရင် ကျွန်မအတွက်တော့ အင်္ဂလိပ်စကားလုံးကို မြန်မာလို ပြုရတာ ၊ နောက် ဖတ်ကြည့်ပြီး ဘာကိုပြောနေပါလိမ့်လို့ စဉ်းစားရတာ အတော်ခဲယဉ်းပါတယ် ။ ကိုကလိုစေထူး အခုလို ပို့စ်အရှည်ကြီးရေးပေးတာ ကျေးဇူးပဲ ။ အင်္ဂလိပ်အသံထွက်ကို မြန်မာလိုပြုတာနဲ့ ပတ်သက်လို့ ဗဟုသုတ အတော်ရသွားပြီ ။

၁၀၀မြောက် ပို့စ်အပြီး ပန်းတိုင်သို့ ရွှင်လမ်းချမ်းမြေ့စွာ ဆက်လျှောက်လှမ်း နိုင်ပါစေရှင် ။Anonymousnoreply@blogger.comtag:blogger.com,1999:blog-33187116.post-4577827830614666272007-04-12T02:33:00.000-05:002007-04-12T02:33:00.000-05:00လေလုံးပွဲ နောက်ကျမည်စိုး၍ စက်တပ်ဘီးကို အပြင်းမောင်...လေလုံးပွဲ နောက်ကျမည်စိုး၍ စက်တပ်ဘီးကို အပြင်းမောင်းလာသော မောင်လှမှာ ကံကောင်းထောက်မ၍သာ လေးဘီးစက်ယာဉ်နဲ့ မတိုက်မိခဲ့ပါ။ အချိန်မီ အရှိန်ထိန်းနိုင်၍သာ သက်သာရာရပေတယ်။

အဲဒီလိုရေးရင်ကော ဘယ်လိုနေမလဲ၊ တိုတော့သွားတယ်၊ ဒါပေမယ့် ဒီလိုရေးပုံမျိုး ဒီနေ့မှာ မသုံးကြတဲ့အတွက် ရယ်ရတဲ့ ပုံစံနဲ့ နောက်စပ်စပ်သဘောကတော့ ကျန်နေဆဲပဲ။ :D ကျွန်တော်တခါက Myanmar Teashop Forum မှာ forum ကို စကားဝိုင်း (ဇဂ၀ိုင်း)၊ administrator ကို ၀ိုင်းချုပ်၊ moderator ကို ၀ိုင်းထိန်း လို့ ဖလှယ်တော့ လူတွေရယ်ကြတယ်ဗျ။ :)) အခုလည်း အဲဒီလိုပဲ ဖြစ်နေတာပေါ့။

စကားမစပ် မြန်မာအသင်းကန်မယ့် “လေလုံးပွဲလေးများ” အခုတလော မရှိဘူးလားဗျာ၊ မကြည့်ဖြစ်တာကြာပြီ။Anonymousnoreply@blogger.comtag:blogger.com,1999:blog-33187116.post-21270892311886637492007-04-11T23:21:00.000-05:002007-04-11T23:21:00.000-05:00အသံဖလှယ်ရေးတာနဲ့ ပတ်သက်ပြီးတော့ ကျမလည်း တခါတခါ အတေ...အသံဖလှယ်ရေးတာနဲ့ ပတ်သက်ပြီးတော့ ကျမလည်း တခါတခါ အတွေးခေါင်တတ်တယ်။
ဥပမာပြောရရင် … ကွန်ပျူတာ နဲ့ ကွန်ပြူတာ ဘယ်လိုပေါင်းတာက မှန်သလဲပေါ့။ ပင့်ရမလား ရစ်ရမလား။ ကျမကတော့ ပင့်တာကိုကြိုက်တယ်။ ဘာကြောင့်တုန်းဆိုတော့ computer ဆိုတဲ့ စကားလုံးကို ခွဲခြမ်းစိတ်ဖြာ ကြည့်ရင် comp = ကွန့်ပ်, uter = ယူတာ၊
ကွန့်ပ်ယူတာ = ကွန်ပယူတာ = ကွန်ပျူတာ ဆိုတော့ ယပင့်နဲ့ရေးတာများ ပိုမှန်လေမလားလို့ ထင်မိတယ်။ ယပင့်သည် ယပက်လက်ကို ကိုယ်စားပြုပြီး ရရစ်က ရကောက်ကို ကိုယ်စားပြုတယ်မဟုတ်လား။
ဒီတော့ ကွန်ပြူတာ ဆိုရင် ကွန်ပရူတာ ဖြစ်နေမှာပေါ့။ ကိုသံလွင်က ကွန်ပြူတာ လို့ အမြဲရေးတတ်သလားလို့ပါ။ :P

နောက်တခု v ကို ဗ၊ f ကို ဖ နဲ့ အသံ ဖလှယ်တဲ့နေရာမှာလည်း ဆရာဆူဒိုနင် ရေးလေ့ရှိတာကို သွားသတိရမိသေးတယ်။ သူက ဟထိုးတွေထည့်ရေးတယ်။ ဥပမာ Finland နိုင်ငံဆို ဖဦးထုတ်သံ တိတိကျကျနဲ့ဆို ဖတ်ရတာ သိပ်အဆင်မပြေဘူးလေ။ သူရေးတာက ဒီလို “ဖှင်လန်” တဲ့။ video ကတော့ “ဗှီဒီယို”ပေါ့ .. အဲဒီလို။ ကျမနည်းအတိုင်းသာ စာလုံးတွေကို ဖြန့်ရေးကြည့်ရင် ဖဟင်လန် တို့ ဗဟီဒီယို တို့ ဖြစ်ကုန်မလား မသိဘူး။ :D

ထင်မြင်ချက်ရေးတာလည်း နည်းနည်းရှည်သွားပြီ … ဆိုတော့ကာ … လက်ကို ရပ်တန့်စေတဲ့ ကရိယာလေး အသုံးချပြီး ရပ်တန့်လိုက်ပါတော့မယ်။
မရပ်တန့်ခင် … ၁၀၀-ပြည့် စာအတွက် ဆုတောင်းလိုက်ပါရစေအုံး။
ဘန်နာပေါ်က ငှက်ကလေးတွေလို ကိုသံလွင် ရည်ရွယ်ရာ ပန်းတိုင်ဆီသို့ ပျံသန်းနိုင်ပါစေ …။
ရာပြည့်မှသည် …ထောင်၊ သောင်း၊ သိန်း၊ သန်း မက … ကဗျာ၊ စာပေ၊ သီချင်းများကို ဆက်လက် ဖန်တီးနိုင်ပါစေ … ။

အစဉ် အားပေးလျက် …
မေဓာဝီ
12th April, 2007
10:45 amAnonymousnoreply@blogger.com