tag:blogger.com,1999:blog-33187116.post3943917018622276335..comments2023-09-11T07:29:55.176-05:00Comments on ကလိုစေးထူး: စည်းရုံးခြင်းအတွက် စည်းလုံးခြင်း…ကလိုစေးထူးhttp://www.blogger.com/profile/05683622653397700888noreply@blogger.comBlogger14125tag:blogger.com,1999:blog-33187116.post-28729286237673958322007-12-26T14:51:00.000-06:002007-12-26T14:51:00.000-06:00ကိုမိုးသီးဘလော့ဂ် ကဗွီဒီယိုမှတ်တမ်းလဲ ထွက်လာရော အင...ကိုမိုးသီးဘလော့ဂ် ကဗွီဒီယိုမှတ်တမ်းလဲ ထွက်လာရော အင်မတန်ချစ်စရာကောင်းတဲ့ စစ်တပ်ရဲ့ အမူအကျင့်လေးတွေ ပိုပြီးထင်ရှားလာတာပါပဲ။ လုံထိန်းတွေလို့ မပြောပါနဲ့ ဒီပုတ်ထဲက ဒီပဲတွေပါပဲဗျာ။ နောက်ဆုံးပိုင်း ကျကျန်ခဲ့တဲ့ ပိုက်ဆံအိတ်နဲ့ အခြားဟာတွေခိုးတာတော့ နားလည်ပေးလို့ရပါတယ်၊ သူတို့လဲငတ်နေကြတာကိုး ..Anonymousnoreply@blogger.comtag:blogger.com,1999:blog-33187116.post-70406651541576431632007-12-25T08:42:00.000-06:002007-12-25T08:42:00.000-06:00to maung , very good idea , if they really dare t...to maung , very good idea , if they really dare to do this election , but must do sincerely , dont threaten the people, dont buy the people desire by robbed money, if in this condition, i want to challenge these annoyAnonymousnoreply@blogger.comtag:blogger.com,1999:blog-33187116.post-22957188873178735282007-12-25T08:29:00.000-06:002007-12-25T08:29:00.000-06:00bravo bro , keep on more & more , they maybe under...bravo bro , keep on more & more , they maybe understand or not , no need to take care about them, but let make to know the youth , to all new generation must understand what is the actual situation, who destroy the our country, who make our country become very poor, about our education, who become richer & richer
who is the shameless person, our new generation must know & understandAnonymousnoreply@blogger.comtag:blogger.com,1999:blog-33187116.post-46716923250081286012007-12-25T08:17:00.000-06:002007-12-25T08:17:00.000-06:00http://news.monstersandcritics.com/asiapacific/fea...http://news.monstersandcritics.com/asiapacific/features/article_1370364.php/Hatred_not_enough_to_unseat_Myanmars_all-powerful_military

'It is the first time ever that people actually said, 'I hate the military.' I had never heard it like that before,' the director of Asian studies at Washington's Georgetown University [David Steinberg] said on a visit to Singapore.

[NOTE: David Steinberg is generally known as a regime sympathizer.]

Dear Ko Klo,

I think history will decide who is right and who is wrong. Keep writing.

It's very important that any blogs writing about human rights and democracy keep its professional tone and avoid personal attacks. Otherwise, you all will fall into the trap and lose trust from the people on the fence. The most important thing is to win the hearts of the people who are on the fence. The comments like these and the arguments will keep those people shy away from the cause. They will say that all the activists can do is argue and fight with the pro-junta people. It will distract your focus and energy.

Just keep working and writing. History will decide.

Best,
Lwin MoeAnonymousnoreply@blogger.comtag:blogger.com,1999:blog-33187116.post-75266040241864334092007-12-25T06:09:00.000-06:002007-12-25T06:09:00.000-06:00အမှန်တွေပြောတဲ့ အကိုဇော်မျိုးရေ..ကြောငြာရတာ ပင်ပန်...အမှန်တွေပြောတဲ့ အကိုဇော်မျိုးရေ..
ကြောငြာရတာ ပင်ပန်းပါတယ် နိုင်ငံတကာ အသိအမှတ်ပြု website တွေမှာ ဆောင်းပါး အဖြစ်ပို့ပါလား ဟင်.. အကြံပေးတာပါ :P ကိုကလိုစေးထူးကတော့ အများလက်ခံတဲ့ဆောင်းပါးတွေမှာ ရေးပို့တာပဲ..
အကိုဇော်မျိုးပြောတာ အမှန်တွေပဲဟာ..သူ့လို ရေးပို့ပါလား .. :PAnonymousnoreply@blogger.comtag:blogger.com,1999:blog-33187116.post-59792160295067836732007-12-24T09:19:00.000-06:002007-12-24T09:19:00.000-06:00သို့ ကိုမောင်စစ်တပ်ကို မုံန်းတီးတယ်ဆိုတာ ဘာကြောင့်...သို့ ကိုမောင်
စစ်တပ်ကို မုံန်းတီးတယ်ဆိုတာ ဘာကြောင့်လဲ? အဖြေက ဒီမိုကရေစီသမားတွေ အကောက်ကြံလို့ပါဗျာ။ အမှန်ကို ပြည်သူတွေသိတယ်ဆိုရင် ဘာကြောင့် ကို ကလိုစေးထူး သူ့ ဆီပုံးမှာ ဒီမိုကရေစီသမားတွေနဲ့ ပတ်သက်ပြီး ဝေဖန်ခွင့်မပေးတာလဲ? သတင်းတွေမှာ ဘာကြောင့် ဒီမိုကရေစီသမားတွေ မသမာတဲ့ သတင်းတွေကို ထိန်ချန်ထားလဲ? အဖြေရှိပါသလား? ပြည်သူတွေကို စစ်တပ်ပဲ ဆိုးပါတယ်၊ ဒီမိုကရေစီသမားတွေက ဘာမှ မကောင်းတာမလုပ်လို့ တဖက်သတ်မြင်စေချင်လို့ မဟုတ်လားခင်ဗျာ? အဲဒါကို ဆိုက်ဝါးလုပ်တယ်လို့ခေါ်ပါတယ်။ တနည်းပြောရရင် အရူးလုပ်တာဖြစ်ပါတယ်ခင်ဗျာ။ အစ်ကိုနဲ့ ၀ါဒတူ အစ်ကိုကလိုစေးထူးဟာ အမြှောက်တွေကို စား၊ ခွန်အားတွေရှိနေပြီး စာလုံးလှလှလေးပဲ ရေးတတ်ရုံပဲရှိပါတယ်။ လက်တွေ့ကျတဲ့ တိုင်းပြည်နဲ့ ဒီမိုကရေစီရရှိရေးကို အကြံပေးနိုင်သူမဟုတ်ပါ။ ဘာကြောင့် အကြံမပေးနိုင်လဲဆိုရင် အချိန်ပြည့် အရေမရ အဖတ်မရ အတင်းပဲပြောနေတဲ့ လူတစ်ယောက်ဖြစ်လို့ပါ။

ဇော်မျိုး (တောသားတစ်ယောက်)* In Search of Truth *https://www.blogger.com/profile/12180713224305321836noreply@blogger.comtag:blogger.com,1999:blog-33187116.post-88144195305472541402007-12-23T05:07:00.000-06:002007-12-23T05:07:00.000-06:00I am 100% agree with you. This time is really real...I am 100% agree with you. This time is really really important time.So please be united all our people.Anonymousnoreply@blogger.comtag:blogger.com,1999:blog-33187116.post-83181755654215946922007-12-22T22:06:00.000-06:002007-12-22T22:06:00.000-06:00ကောင်းတယ် အတွေးအားလုံးမှန်ကန်သင့်လျော်ပါပေတယ် အကို...ကောင်းတယ် အတွေးအားလုံးမှန်ကန်သင့်လျော်ပါပေတယ် အကိုတော် :D ။ တစ်ခုပဲ အကြံပြုလိုတာ ရုရှားဓါတ်ပုံကိစ္စ မပြောနဲ့တော့အကိုရေ ။ ငြိမ်းသွားတဲ့မီး ပြန်ထလာဦးမယ် :)Anonymousnoreply@blogger.comtag:blogger.com,1999:blog-33187116.post-37673286891755888902007-12-22T18:04:00.000-06:002007-12-22T18:04:00.000-06:00သို့ အမည်မဖေိာဝံ့သူ သို့..မြန်မာပြည်တွင် နေထိုင်ကြ...သို့ အမည်မဖေိာဝံ့သူ သို့..

မြန်မာပြည်တွင် နေထိုင်ကြကုန်သော ပြည်သူအပေါင်းအား ဘာမှ မလုပ်ပါ အမှန်အတိုင်းသာပြောပါဟူသော ခံဝန်ချက်ဖြင့်စစ်တမ်းကောက်ကြည့်ပါ. ၁၀၀မှာ ၉၉ယောက်သည် စစ်တပ်မုန်းသူများဖြစ်ပါသည်. သတ္တိရှိလျှင် ထိုကဲ့သို့ စစ်တမ်းကောက်ကြည့်စေချင်ပါသည်။
အရင်တုန်းက ပြည်သူများသည်..မုန်းသည်ဆိုလျှင်လဲ ဟခုလောက်တော့မုန်းမည်မထင်ပါ။
စပ်တင်ဘာလအရေးအခင်းပီးနောက် ပြည်သူလူထူသည် စစ်တပ်အပေါ်မုန်းတီးခြင်းမှသည် စပ်ဆုပ်ရွံရှာ မုန်းတီးခြင်းသို့ အသွင်ပြောင်းလျက်ရှိရာ အမည်မဖေါ်ဝံ့သူမှ စစ်တပ်အပေါ်ပြည်သူတို့သဘောထားအမှန်ကို စာရေးသားသူ ကလိုစေးထူး မရေးသားသော်ငြား အမှန်ကို မြင်တတ်သောပြည်သူများကား နီးရာဓားကြောက်၍ သေမင်းနှင့်စစ်ခင်းနေရရာ စစ်တပ်ကို အရိုးစွဲအောင်မုန်းလျက်ရှိနေသည်ကို အသင် သတိချပ်သင့်သည်။ရင်ထဲမှာရှိသော အမုန်းတရားကို ပြသခွင့်မရ သော ဒုက္ခသည်ကား ဆင်းရဲခြင်းမည်ပါ၏။ ထို့ကြောင့်မြတ်စွာဘုရားဘုရားသည် ရေ၊မီး၊မင်း၊ဆိုးသူ၊မချစ်မနှစ်သက်သူ ဟူ၍ ရန်သူမျိုး၅ပါးနှင့်ကင်းဝေးစေရန် ဆုတောင်းခဲ့ခြင်းဖြစ်သည်။
မြန်မာပြည်သူများသည် ဗုဒ္ဓဘာသာပီပီ ဘုန်းတော်ကြီးများကို သတ်ဝံ့သော သတ်ရဲသော စစ်တပ်အပေါ် ရိုးရိုးမုန်းတီးရာမှ ရွံရှာစပ်စုပ်မုန်းတည်းမှုသို့ အသွင်ပြောင်းနေပီဖြစ်ကြောင်း မြန်မာပြည်သာူး၁ယောက်အနေဖြင့် အသင် အမည်မဖော်ဝံ့လိုသူသိစေအပ်ပါသည်။
မကျေနပ်၍ တန်ပြန်ချေပ ပါကလည်း ကျွနုပ်သည် ပြုံး၍ကြည့်နေယုံမှတပါး ကျနုပ်၏တန်ဖိုးရှိသောအချိန်ကို အသင့်အားဖဲ့၍ပေးမည်မဟုတ်ပါ။Unknownhttps://www.blogger.com/profile/03547442242742484679noreply@blogger.comtag:blogger.com,1999:blog-33187116.post-80103255933773845282007-12-22T17:00:00.000-06:002007-12-22T17:00:00.000-06:00အမှန်တွေထောက်ပြတော့ နာခံရ ခက်နေပြီပေါ့၊ဒါကိုပြောတာ...အမှန်တွေထောက်ပြတော့ နာခံရ ခက်နေပြီပေါ့၊ဒါကိုပြောတာ ဘယ်မှာလဲ သူများကျတော့ ဝေဖန်လိုက်တာဗျာ၊ ကိုယ့်ဝေဖန်တော့ မကြိုက်ဘူး၊၊ခင်ဗျားမှ အချိန်က်ုတာ မဟုတ်ပါဘူး၊ ကျုပ်လဲ အချိန်ကုန်ပါတယ်၊ စစ်တပ် ကိုရော၊ ရုရှ က လူငယ်စစ်ဗိုလ်တွေ ရော လာလာပြောနေလို့ ခင်ဗျားကိုပြောနေတာပါ၊ ကျုပ်ဘ၀ နဲ့ ကျုပ် အလုပ်နဲ့ မပတ်သတ်တာတွေ ရေးရင် ခင်ဗျား ဘလော့ထဲမှာ အချိန်ကုန်ခံပြီး မရေးပါ။ လာလဲ မကြည့်ပါ၊ ရေးနေရင်တော့ လာပြောပါမယ် ၊ မြန်မာ လူမျိုးတစ်ယောက် မှန်မှန် ကန်ကန်တွေးလာတတ်အောင်တော့ လုပ်ပေးသင့်တယ်လို့ ယူဆတာလဲ တပိုင်းပေါ့Anonymousnoreply@blogger.comtag:blogger.com,1999:blog-33187116.post-17273409354600380592007-12-22T12:58:00.000-06:002007-12-22T12:58:00.000-06:00စာတပုဒ်ကို ဖတ်မယ်ဆိုရင် ဘာကို ဆိုလိုရေးထားသလဲဆိုတာ...စာတပုဒ်ကို ဖတ်မယ်ဆိုရင် ဘာကို ဆိုလိုရေးထားသလဲဆိုတာ အရင်ဖတ်ပါ အသင်ပုဂ္ဂိလ်။ စကားအရာအရ အနိုင်သိပ်လိုချင်နေရင် ဆက်ပြောစရာ အကြောင်းမရှိပါဘူး။ အသင်ပုဂ္ဂိုလ်လိုချင်နေတဲ့ အနိုင်ဆိုတာကို ယူသွားပါ။ ကျနော် စာရေးနေတာ ဟိုလိုငြင်းလိုက်၊ ဒီလိုငြင်းလိုက်နဲ့ အချိန်ကုန်ခံဖို့ မဟုတ်ပါ။ အကောင်းဆုံးသော အဖြေတခုထွက်လာဖို့ ညှိနှိုင်းအဖြေထုတ်လိုတဲ့ ဦးတည်ချက်ကို သွားပါတယ်။ အသင်ပုဂ္ဂိုလ်ရဲ့ အမြင်မှာ ကျနော့် အတွေးတွေ သိမ်ဖျင်းလွန်းလှနေရင်လဲ ကိစ္စမရှိပါ။ ကိုယ့်လိပ်ပြာ ကိုယ်သန့်စွာနဲ့ ကိုယ့်လမ်း ကိုယ်လျှောက်ရုံသာ ရှိပါတယ်။ တခုပြောချင်တာကတော့ အသင်ပုဂ္ဂိုလ်ရဲ့ စိတ်တံခါးကို open mind ဖြစ်အောင် လေ့ကျင့်ယူလိုက်ပါအုံး။ အပေါ်ယံ ရှပ်ပြီးတော့ မှတ်ချက် ၀င်ပေးတဲ့ အကျင့်ဆိုးနဲ့ အနိုင်လိုချင်သပဆိုရင်လဲ သဘောတော် အတိုင်းပါပဲ။ နောက်ပိုင်း ပြန်ပြောတာတွေကို ကျနော် ပြန်ချေချင်မှ ချေပါမယ်။ ငါနိုင်ပြီဆိုပြီး ပျော်ချင်သပဆိုလဲ ပျော်လိုက်ပါ။ ကျနော့်အတွက်တော့ အချိန်ကုန်ပါတယ်။ကလိုစေးထူးhttps://www.blogger.com/profile/05683622653397700888noreply@blogger.comtag:blogger.com,1999:blog-33187116.post-16976456965966317492007-12-22T12:09:00.000-06:002007-12-22T12:09:00.000-06:00တပ်မတော် မကောင်းကြောင်းရေးနေသူ သည် တပ်မတော် ကို စည...တပ်မတော် မကောင်းကြောင်းရေးနေသူ သည် တပ်မတော် ကို စည်လုံးညီညွတ်တာ ကို ကျေနပ်ပါသည်ဟု အသင်ပြောခြင်းသည် အရှက်မဲ့လှပေပြီ။တပ်မတော်သား တစ်ဦးတစ်ယောက် အမှားလုပ်မိရင်လဲ ပုံကြီးချဲ့ကာ တပ်မတော်ကြီး တစ်ခုလုံပဲ လုပ်နေသယောင် ရေးနေသော အသင်သည် တပ်မတော် ဂုဏ်သိက္ခာကို မထိခိုက်စေလိုသယောင် ပြန်လည်ပြောသော အသင်သည် စိတ်ဓါတ်ညံဖျင်း လှပေသည်။တပ်မတော် မကောင်းကြောင်းပဲ ရေးနေသော၊ ရုရှက ကိုယ့်ထက် ငယ်ရွယ်သော တပ်မတော် အရာရှိငယ်များ မကောင်းကြောင်းပဲ လှည့်ပတ် အမြဲတမ်းရေးသော အသင်သည် အသင့်ဘက် ဖြစ်သော ဒီမိုကရေစီ အမည်ခံ အမေရိကန်ပေးသော အထောက်အပံကိုယူကာ တိုင်းပြည်ဆူအောင် လုပ်နေသော သူများ ဧ။် အမှားကိုတော့ တလုံးတပါဒမျှ မရေးသော အသင်သည် အမှန်တရားကို လစ်လျူ ပြုလှချည်လော၊၊Anonymousnoreply@blogger.comtag:blogger.com,1999:blog-33187116.post-71712963391278413362007-12-22T10:12:00.000-06:002007-12-22T10:12:00.000-06:00အင်း…၊ ဘယ်သူလဲဆိုတာ မသိနိုင်ပေမယ့် ပြောသွားတဲ့ အချ...အင်း…၊ ဘယ်သူလဲဆိုတာ မသိနိုင်ပေမယ့် ပြောသွားတဲ့ အချက်အလက်တွေကိုတော့ ပြန်လည် ချေပလိုပါတယ် အမည်မဲ့ ပုဂ္ဂိုလ်ရေ…။

ပထမဦးဆုံး ပြောလိုတာကတော့ `တပ်မတော်ကို မုန်းတီးတယ်´ ဆိုတဲ့ အချက်ပါ။ တကယ်တော့ `တပ်မတော်´ ဆိုတဲ့ အဖွဲ့အစည်းကို ပြည်သူလူထုက မမုန်းပါဘူး။ အဲဒီအဖွဲ့အစည်းကို ခုတုံးလုပ်ပြီး ကိုယ့်ပြည်သူကိုယ်နှိပ်စက်တဲ့ လူ့အန္ဓ စစ်ယူနီဖောင်းဝတ်တွေကိုသာ မုန်းပါတယ်။ အခု မှတ်ချက်လာပေးတဲ့ ပုဂ္ဂိုလ်ဟာလည်း အဲဒီလို စစ်ယူနီဖောင်းဝတ် တယောက်ဆိုရင်တော့ သေချာပါတယ်။ အမုန်းခံရမှာပါပဲ။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်တော့ `တပ်မတော်သား´ ဆိုပြီးတော့ သန္ဓေကောင်းခဲ့တဲ့ အဖွဲ့အစည်းရဲ့ နာမည်ကို အလွဲသုံးစားလုပ် အသုံးချပြီးတော့ မမောက်မာပါနဲ့။ တပ်မတော် သိက္ခာကျပါတယ်။

ကျနော်က တပ်မတော်ရဲ့ ဂုဏ်သိက္ခာကျဆင်းအောင် လုပ်နေပါပြီပဲ ထားလိုက်ပါစို့…။ လာဖတ်ကြသူ စာဖတ်သူတွေမှာ စဉ်းစားဆင်ခြင်နိုင်တဲ့ အသိဉာဏ် ကိုယ်စီ ရှိပြီးသား ဖြစ်တဲ့အတွက် ကျနော် ရေးတာတွေဟာ အခြေအမြစ် ရှိ၏ မရှိ၏၊ အမှန်တရား ဟုတ်၏ မဟုတ်၏ ဆိုတာကို ဆုံးဖြတ်ပေးမှာပါပဲ။ ဘယ်သူကမှ လက်မခံရင် ကျနော်ရေးနေလည်း အလကားပါပဲ။ မျက်စိစုံမှိတ်ပြီးတော့ `တပ်မတော် ဂုဏ်သိက္ခာကို ကျဆင်းအောင် လုပ်နေတယ်´ လို့ အော်နေမယ့် အစား တကယ်တမ်း တပ်မတော် ဂုဏ်သိက္ခာကို ချနေတဲ့ သက်ကြားအို စစ်ယူနီဖောင်းဝတ် လူ့အန္ဓတွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို မြင်ကြည့်ဖို့ အကြံပေးပါရစေ။

တပ်မတော် စည်းလုံး ညီညွှတ်နေတာကို မနာလို ဖြစ်စရာ အကြောင်း မရှိပါဘူး။ ကိုယ့်နိုင်ငံကို ကာကွယ်တဲ့ အဖွဲ့အစည်း တခု စည်းလုံးညီညွတ်တဲ့ အတွက် သာလို့တောင် ကျေနပ်ပါသေးတယ်။ ဒါပေမယ့် တပ်မတော်ကို ခုတုံးလုပ်ပြီး ပြည်သူ့မျက်နှာကိုမှ မထောက် မိုက်ရိုင်းစော်ကားနေတဲ့ စစ်ယူနီဖောင်းဝတ်တွေ စည်းလုံးနေတာကတော့ ဘယ်သူ့အတွက်မှ မကောင်းတဲ့အတွက် အဲဒီလို လူမျိုးတွေကိုတော့ ဆန့်ကျင်ရမှာပါပဲ။ မနာလိုတဲ့လို့ တံဆိပ်ကပ်ရင်လည်း ကျေနပ်စွာ ခံယူယုံပဲရှိပါတယ်။ ပြည်သူအပေါ် လူပါးဝနေတာကိုတော့ သဘောကြီးစွာ ရှုစိမ့်နိုင်တဲ့ နှလုံးသား ကျနော့်မှာ မရှိပါ။

အသင် ပုဂ္ဂိုလ်အနေနဲ့ ဦးနှောက်ကို နည်းနည်းလေးပဲ အလုပ်ပေးပြီး စဉ်းစားဆင်ခြင်မယ်ဆိုရင်တောင် စက်တင်ဘာလ အရေးတော်ပုံဟာ ဘာကြောင့် ဖြစ်ရတယ်ဆိုတာ သိနိုင်ပါတယ်။ ကျနော်က ရှည်ရှည်ဝေးဝေး ပြောနေစရာတောင် မလိုပါဘူး။ စစ်တပ်ကို ထောက်ခံရေးသားနေတဲ့ ဘလော့ဂ်တချို့မှာတောင် `ဒါဟာ စားဝတ်နေရေး ကျပ်တည်းမှုရဲ့ အခြေခံကြောင့် ဖြစ်လာတယ်´ လို့ ရေးခဲ့တဲ့ အရေးအသားမျိုးကို အသင်ပုဂ္ဂိုလ် စေ့စေ့စပ်စပ်နဲ့ လိုက်ဖတ်ခဲ့ရင် တွေ့ပါလိ့မ်မယ်။

ဆန္ဒပြ သံဃာတော်တွေနဲ့ ပြည်သူတွေအပေါ် အ၀ီဇိအိုး ချိုးကပ်မယ့် လုပ်ရပ်တွေနဲ့ မိုက်ရိုင်းစုတ်ပဲ့စွာ လက်နက်အားကိုး ချေမှုန်းခဲ့တာကို သိပ်ဂုဏ်ယူမနေပါနဲ့ အသင် ပုဂ္ဂိုလ်။ အဲဒီ အဖြစ်အပျက်ဟာ အသင်ပုဂ္ဂိုလ်ပြောသလို ပြည်ပက တွန်းအား တခုတည်းနဲ့ ပေါ်ပေါက်လာခဲ့တာ မဟုတ်ပါဘူး။ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ တပ်မတော် အမည်ခံ စစ်ယူနီဖောင်းဝတ်တွေရဲ့ ရူးနှမ်းပြီး အသုံးမကျတဲ့ လုပ်ရပ်တွေကြောင့်သာ ပေါ်ပေါက်လာခဲ့တာ အသိဉာဏ် ရှိသူတိုင်း သဘောပေါက်ပါတယ်။ ကိုယ်ရနေတဲ့ နေရာလေး ပျောက်မှာ စိုးတာနဲ့ပဲ ကိုယ့်ထမင်းရှင် ပြည်သူတွေရဲ့ ဆန္ဒထုတ်ဖော်မှုကို စော်ကားဖို့ မစဉ်းစားပါနဲ့။

နောက်ဆုံး အနေနဲ့ ပြောချင်တာကတော့ တပ်မတော် ဆိုတဲ့ စကားရပ်ကို သိပ်အလွဲသုံးစား မလုပ်ပါနဲ့။ တပ်မတော်ကို တကယ်တမ်း သိက္ခာကျအောင် လုပ်နေတဲ့ လူထဲမှာလည်း အသင် ပုဂ္ဂိုလ်ပါ တယောက် အပါအ၀င် မဖြစ်မိပါစေနဲ့။

ရောင်းသူ ၀ယ်သူ အသံတူမို့ လေသံမာသွားခဲ့ရင်တော့လည်း မတတ်နိုင်ပါ။

ကလိုစေးထူးကလိုစေးထူးhttps://www.blogger.com/profile/05683622653397700888noreply@blogger.comtag:blogger.com,1999:blog-33187116.post-41457917009540798142007-12-22T05:52:00.000-06:002007-12-22T05:52:00.000-06:00တပ်မတော်ကို မုန်းတီး သည်ဟု ဆိုသူများမှာ ပြည်ပတွင် ...တပ်မတော်ကို မုန်းတီး သည်ဟု ဆိုသူများမှာ ပြည်ပတွင် တခြား နိုင်ငံ အထောက်အပံယူကာ တိုင်းပြည်ဆူအောင် လုပ်နေကြ သူများသာဖြစ်သည်။ ထိုသူတို့သည် တိုင်းပြည်ကို ဆူပူအောင် ဖန်တီး အစိုးရပြုတ်ကျအောင် လုပ်ကာ မိမိတို့ လူ ၊ မိမိတို့ အဖွဲ့ အာဏာရအောင် လုပ်နေသူများ သည်သာ တပ်မတော်ဧ။် စည်းလုံးညွတ်မှု ကို မနာလို ဖြစ်နေကြခြင်းဖြစ်သည်။၊တပ်မတော်ဧ။် ဂုဏ်သိက္ခာကို ကျဆင်းအောင် လုပ်နေကြသူများသည် ဒီဘလော့ရေးသူလို လူများသည် ဖြစ်သည်၊၊ဘာလို့လဲ ဆန်းစစ်လိုက်ရင် တပ်မတော် ကို ပြည်သူက အထင်လွဲအောင်လုပ်၊ အထင်လွဲတော့ အစိုးရပြုတ်ကျ၊ သူတို့အာဏာရအောင် လုပ်နေခြင်းပင်။၊တပ်မတော်သည် သူတို့တတွေ အာဏာရဖို့ အတွက် အဓိက တားဆီးထားသော အဖွဲ့ အစည်းဖြစ်သောကြောင့်ပင် ဖြစ်သည်၊၊တိုင်းပြည်ကို ဆူပူအောင် အမေရိကန်ပေးသော အထောက်အပံကို ယူကာ ၁၉ နှစ်လောက် အချိန်ယူလုပ်ဆောင်ခဲ့သော စက်တင်ဘာလ အဖြစ်အပျက်တွင် တပ်မတော်က ရက်ပိုင်းအတွင်းပင် သူတို့ဧ။် အကြံအစည်ကို ပိုင်နိုင်စွာ ချေမှုန်းပြစ်နိုင်ခဲ့ ခြင်းကြောင့် တပ်မတော် အပေါ် ပိုတိုး အခဲမကျေ ဖြစ်လာခဲ့ကြသည်။ နောက်ဆုံးပြောခြင်တာ ကတော့ အသင်တို့သည် စွမ်းရည်မြင့်မားကာ အစဉ်အလာကြီးမားသော အမျိုးသားရေး အပေါ်မည်သည့် အခါမှ သစ္စာ မဖောက်ခဲ့ သော ၊တပ်မတော် အား ပြည်သူ လုပ်ထု အထင်လွဲအောင် မည်သည့် အခါမျှ လုပ်နိုင်မည် မဟုတ်ပေ၊ ပြည်သူ့ ရင်နှစ်သည်းခြာ ဖြစ်သော ပြည်သူ့ကြားမှ ပေါက်ဖွားလာသော တပ်မတော်သည်သာ အသင်တို့လို ပြည်ပအားကိုး အထောက်အပံယူကာ ဖျက်လို့ ဖျက်ဆီး လုပ်ချင်သော အဖွဲ့ အစည်းများအား ထာဝရ အနိုင်ရနေမည်မှာ ဖြစ်သည်။Anonymousnoreply@blogger.com