Wednesday, November 07, 2012

ရွေးကောက်ပွဲ ည... (၂)


ဒီစာကို ရေးနေတဲ့ အချိန်မှာ မစ်ရွမ်နေကတော့ စကားပြောပြီးသွားပါပြီ။ နောက်ထပ် လေးနှစ်သက်တမ်း ထပ်မံ တာဝန်ထမ်းဆောင်ခွင့် ရမယ့် အိုဘားမားအလာကို အားလုံးက စောင့်မျှော်နေကြဆဲ…။
***
ကျနော့်အနေနဲ့ကတော့ ကိုယ်ပေးလိုက်တဲ့ မဲတပြား အချည်းနှီးဖြစ်မသွားတာကိုပဲ ကျေနပ်နေမိတယ်။
လွန်ခဲ့တဲ့ လေးနှစ်တုန်းကတော့ ကျနော်က သူများတွေ မဲပေးတာကို စောင့်ကြည့်ရင်ခုန်ရသူ…။ အခုနှစ်ကတော့ ကိုယ်တိုင်မဲပေး ရင်ခုန်ရသူ။
ပြောရရင် ဘာကြောင့်မှန်းမသိ…၊ ကျနော့် အလုပ်ထဲမှာ ကျနော်နဲ့ မယ်ရီဆိုတဲ့ အဖြူအဘွားကြီး တယောက်ကလွဲရင် ကျန်တဲ့လူတွေ အားလုံး မစ်ရွမ်နေဘက်ကချည်းပါ။ အထူးသဖြင့် ကျနော့် Supervisor ဆိုရင် အိုဘားမားကို သည်းသည်းထန်ထန်ကို ဆန့်ကျင်ပါတယ်။ ကျနော် မဲပေးခွင့် ရနေတာကို သိတော့…၊ မဲ အပေးမမှားစေနဲ့နော.. ဆိုပြီး စသလိုလို နောက်သလိုလိုနဲ့ အိုဘားမားကို မပေးစေချင်တဲ့ သဘော ပြသပေမယ့် ကျနော်ကတော့ တုံဏှိဘာဝေသာ ခပ်ပြုံးပြုံးနေခဲ့တာပါပဲ။
***
မနက်က မဲပေးပြီးတော့ စာလေး ကမန်းကတန်းရေး…၊ ပြီးတာနဲ့ အလုပ်ကို ချက်ချင်းဆိုသလို အပြေးအလွှား သွားရတယ်။ အလုပ်ထဲကို လူက ရောက်နေပေမယ့် စိတ်က တယ်ပြီး မဖြောင့်လှတာတော့ အမှန်ပါ။ ည ၈ နာရီ ကျော်ပြီ ဆိုတာနဲ့ သူငယ်ချင်း တယောက်ဆီက ဖုန်းကို ခဏငှား (သူ့ဖုန်းက အင်တာနက် ရတာကိုး)…။ မဲရလဒ်တွေကို ရင်တမမနဲ့ စောင့်ကြည့်ရတော့တာပဲ…။
ကျနော်တို့ရဲ့ ဇာတ်လိုက်ကြီး အိုးဘားမားကလဲ တချိန်လုံး မဲရလဒ်က အောက်မှာချည်း နေရာကနေ နောက်ဆုံး အပြီးသတ် မဲရေတွက်တော့မှပဲ မစ်ရွမ်နေကို နှာတဖျားသာသာနဲ့ ကပ်နိုင်သွားတော့တယ်။
***
ကျနော့်ကို ဒီနိုင်ငံဖွား သူငယ်ချင်း တယောက်က မေးတယ်။ မင်း ဘာလို့ အိုဘားမားကို မဲပေးသလဲတဲ့…။
ကျနော် တခွန်းပဲ ဖြေလိုက်ပါတယ်။ သူ့ရဲ့ ရိုးသားတဲ့ ကတိတွေ၊ ရိုးသားတဲ့ အကောင်အထည်ဖော်မှု၊ ကြိုးစားမှုတွေကို ယုံကြည်လို့.. လို့။
***
အရင် လေးနှစ်မှာ သူ ထင်တိုင်း မပေါက်ခဲ့တာကြောင့်၊ ဒီနှစ်မှာ အရင်ကထက် မဲ အရနည်းသွားသလို ရှိပေမယ့် ကျနော် အပါအ၀င် လူအများစုက သူ့ကို နောက်ထပ်လေးနှစ် တာဝန်ထမ်းဆောင်စေလိုတဲ့ သဘော ထင်ရှားတာမို့.. အိုဘားမား အောင်ပွဲခံခဲ့ပြန်ပါပြီ။
***

  
ကလိုစေးထူး



9 comments:

ချိုချို said...

ညက တနာရီခွဲထိ ကြည့်နေတုန်း ရွန်းနီက ၂၃၊ အိုဘားမားက ၃၊ ဖြစ်လာတော့ စိတ်ကလဲ ညစ်လာ၊ မနက်လဲ အလုပ်သွား၇မှာ ဆိုပြီး မနဲ စိတ်တင်း အိပ်လိုက်ရတယ်။ မိုးလင်းမျက်စိ ၂လုံးပွင့်တာနဲ့ TV ဖွင့်ကြည့်လိုက်တော့မှ စိတ်ချမ်းသာသွားတော့တယ်။

Maung Myo said...

မဲမပေးဖူးသေးတော့ အဲ့လို ခံစားချက်မျိုး မကြုံဖူးသေး ။

အကြိုက်နဲ့ လက်တွေ့ တူသွားတော့ ပျော်စရာပေါ့ဗျ ။

မေဓာဝီ said...

ပို့စ် မတင်မယ့် မတင်တော့လဲ တနှစ်ကျော် ...
တင်မယ့်တင်တော့လဲ နာရီပိုင်းပဲ ခြားတယ်။
သြော် မဲမပေးဖူးတဲ့သူများ မဲပေးရတော့ ဂလိုပဲ ထင်ပါ့၊

ဒါနဲ့ ကျမလဲ အိုဘားမားနိုင်လို့ ၀မ်းသာတယ်။ ကိုစေးထူးပြောသလိုပါပဲ ...

တကယ်တော့ နိုင်ငံ့ခေါင်းဆောင်ပဲ ဖြစ်ဖြစ် သာမန်လူပဲ ဖြစ်ဖြစ် ... "သူ့ရဲ့ ရိုးသားတဲ့ ကတိတွေ၊ ရိုးသားတဲ့ အကောင်အထည်ဖော်မှု၊ ကြိုးစားမှုတွေကို" အများက လက်ခံယုံကြည်မှု ရှိဖို့က အဓိကပါပဲ။

:P said...

အခုမှ အသစ်ဖတ်ရတော့တယ်။

rita said...

:)

Maung Myo said...

Blog Roll မှာ တက်လာလို့ ပို့စ်အသစ်တင်တယ်ထင်ပြီး ၀မ်းသာ အားရ အပြေးလာတာ အစ်ကိုရေ ဒီရောက်တော့ အိမ်ရှင်ကမရှိဘူးရယ်း)


အဆင်ပြေပါစေ အစ်ကို

blackroze said...

စာမရေးတာကြာပေါ့အကိုရေ
အကိုပေးလိုက်တဲ့မဲက အချည်းနှီး မဖြစ်ဘူးဆိုတာ
အိုဘားမားက သက်သေပြမှာပါလေ

:P said...

မောင်မျိုးလိုပဲ

မေဓာဝီ said...

blog roll မှာ 4 days ago ဆိုလို့ လာကြည့်တာ။