Friday, September 15, 2006

ကျနော်နှင့် အရိုက်အနှက်ခံရခြင်းများ..

သူငယ်ချင်း ညီ. ညီမတို့ ငယ်စဉ်က အဖေအမေရဲ့ ရိုက်နှက်ခြင်းကိုခံခဲ့ရဖူးပါသလား.. မိဘများက သားသမီးကို ရိုက်နှက်ခြင်းဟာကျနော်တို့နိုင်ငံမှာတော့ သိပ်မထူးဆန်းလှသောဒါပေမယ့်လဲအလွန်တရာမှစိတ်ထိခိုက်ဖွယ်ကောင်းလှသော ကိစ္စတခု ဖြစ်လို့နေပါတယ်.. ကျနော့်ရဲ့ရှေးရှေးဘ၀များက ကျနော်လဲ ဘယ်သူ့ကိုများ ရိုက်နှက်ခဲ့မိလို့လဲ မသိပါဘူး..ကျနော် မှတ်မိသိရှိတဲ့အချိန်ကနေစပြီး လူပျိုပေါက်အရွယ် တိုင်အောင်အကြိမ်ပေါင်းမြောက်မြားစွာ မိဘများရဲ့ ရိုက်နှက်ခြင်းကို ခံခဲ့ရပါတယ်.ငယ်ငယ်က နှီးပြားလေးနဲ့တောင် အရွယ်ခံခဲ့ရတာ မဟုတ်ဘူးဆိုတဲ့ စကားရပ်ဟာကျနော့်အတွက်တော့ တစိမ်းပြင်ပြင်ပါပဲ....အကြောင်းပြချက်မျိုးစုံနဲ့ရိုက်နှက်ခံရတဲ့ အထဲက မမေ့နိုင်စရာ အရိုက်ခံရခြင်းတွေကို ပြောပြပါရစေ..မွေးကျေးဇူးရှင် မိဘများကို စော်ကားလိုစိတ် တစိုးတစဉ်းမှမရှိတာတော့အမှန်ပါ.. မိဘများက သားသမီးကို ရိုက်နှက်တဲ့နေရာမှာကျနော်တဦးတည်းရဲ့ ခံစားချက်အရ ပုံစံ(၂)မျိုး ခွဲမိပါတယ်.. တခုကဆုံးမလိုစိတ်နဲ့ ရိုက်နှက်ခြင်းနဲ့ နောက်တခုက သူတို့ရဲ့ တခြားတနေရာမှာဖြစ်ပျက်ခဲ့တဲ့ လောဘ၊ ဒေါသ၊ မောဟ အစရှိတဲ့ စိတ်ခံစားချက်တွေကိုကျနော်တို့ သားသမီးတွေကို ရိုက်နှက်ခြင်းနဲ့ စိတ်ဖြေဖျောက်တာဖြစ်ပါတယ်..ကျနော် ငယ်ငယ်ကတော့ စာမရရင်လဲ အရိုက်ခံရပါတယ်.. ၀ယ်ပေးထားတဲ့ တခုခုကိုဖျောက်မိရင်လဲ အရိုက်ခံရပါတယ်.. လိမ်ပြောမိရင်လဲ အရိုက်ခံရပါတယ်..ဟင်းခိုးစားမိရင်လဲအရိုက်ခံရပါတယ်.. ပြီးတော့ ကျနော် မမှတ်မိတော့တဲ့အကြောင်းပြချက်ပေါင်း မြောက်မြားစွာအတွက်လဲ အရိုက်ခံခဲ့ရပါတယ်.. အဲဒါတွေတော်တော်များများကို အခုလို ကျနော် နားလည်ခံစားတတ်လာတဲ့အချိန်မှာ ကျနော့်မိဘများက ကျနော့်ကို ကောင်းစေချင်သော.. ကရုဏာ ဒေါသောရိုက်နှက်မှု..တနည်းအားဖြင့် ရိုက်နှက် ဆုံးမခြင်းလို့ ကျနော်မှတ်ယူမိပါတယ်.. ဒါပေမယ့် ပြန်တွေးမိတိုင်းအမြဲတမ်းထိခိုက်ခံစားရမယ့်ရိုက်နှက်ခံရခြင်းတွေကိုလဲ ကျနော်ရရှိခဲ့ဖူးပါတယ်.. အဲဒါကတော့ဖေဖေနဲ့မေမေ စကားများရန်ဖြစ်ပြီးကြတိုင်း ကျနော်တို့ ညီအကိုကို ဖေဖေကရိုက်နှက်တတ်ခြင်း.. နောက်တခါ.. (ကျနော့်အကြောင်းမှာ ပြောပြခဲ့သလို)ဖေဖေ့လူ ဖေဖေ့သားဆိုတဲ့ အညိုးနဲ့ မေမေကျနော့်အပေါ် ထားခဲ့တဲ့စိတ်အရင်းခံကြောင့် ရိုက်နှက်ခံရခြင်းတွေပါပဲ..ဟုတ်ကဲ့.. အဲဒီလို ရိုက်နှက်ခံရတဲ့ကျနော်တို့လို တခြား တခြားသော
အဲဒီကလေးတွေများစွာရဲ့ ဘယ်လောက်ရာခိုင်နှုန်းက သိမ်မွေ့သော.. လိမ်မာသောလူငယ်များဖြစ်လာကြသလဲဆိုတာ ကျနော်တကယ်ပဲ စိတ်ဝင်စားမိပါတယ်.. ကျနော်တဦးတည်းရဲ့ ခံစားချက်အရကတော့ ကျနော်ဟာ ငယ်ငယ်ကအရိုက်ခံရပါများလို့လားမသိပါဘူး.. အရိုက်ခံရမယ်ဆိုတာ သေချာပေါက် သိနေတဲ့အလုပ်တခုကို လုပ်ရမှာကိုတောင် မကြောက်တော့ပါဘူး.. တနည်းအားဖြင့်အရေထူတယ်လို့ ပြောနိုင်ပါတယ်.. တခြားလူနဲ့ ရန်ဖြစ်စကားများလာရင်ကျနော်ကမှန်သည်ဖြစ်စေ..မှားသည်ဖြစ်စေ. အိမ်ရောက်ရင်အရိုက်ခံရပါတယ်..အဲဒီအတွက်နဲ့ ကျနော်ကြောက်စိတ်ဝင်မယ် ထင်မိပါသလား..အိမ်ရောက်ရင် အရိုက်ခံရမယ့်အတူတူ တန်အောင် သမမယ်ဆိုပီး တဖက်သားကိုမနိုင်နိုင်အောင် တိုက်ခိုက်ချင်တဲ့ စိတ်မိုက် စိတ်ရိုင်းများသာဝင်ခဲ့ပါတယ်..ကျနော်အခုလက်ရှိ ရောက်နေတဲ့ နိုင်ငံမှာတော့ ကလေးသူငယ်များကိုရိုက်နှက်ခြင်းဟာ ကြီးမားတဲ့ ရာဇ၀တ်မှုဖြစ်ပါတယ်.. စာသင်ကျောင်းရောက်ရင်ဆရာဆရာမတွေက မိဘတွေ ရိုက်ရင် ရဲကို ဘယ်လို တိုင်ကြားရတယ်ဆိုတာကလေးတွေကို သေချာသင်ပေးပါတယ်.. ကလေးမှာ ဒဏ်ရာ တစုံတရာတွေ့ရှိရင်လဲ ရဲကိုဖုန်းဆက်တိုင်လို့.. ဒီနိုင်ငံမှာ လူဖြစ်ရတဲ့ ကလေးများဟာအရိုက်အနှက်ခံရခြင်းမှ ကင်းလွတ်ကြပါတယ်.. သူများနိုင်ငံကိုအားကျလှတယ်မဟုတ်ပေမယ့် ကျနော်ငယ်ငယ်က အရိုက်ခံရတာတွေကို ပြန်တွေးသတိရမိရင် တကယ်ကိုပဲ ၀မ်းနည်းကြေကွဲမိပါတယ်..အိမ်ထောင်ရက်သားကျလို့ကျနော်လဲ သားသမီးများရခဲ့ရင် လုံးဝမရိုက်ဘူးလို့လဲ တွေးမိပါတယ်. ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဗျာ.ဲ.. အခုအချိန်မှာတော့ ကျနော်မေမေ့အရိုက်ခံချင်နေပါတယ်.. လာစမ်း.. တုတ်ကောက်လာခဲ့ ဆိုတဲ့ကြိမ်းမောင်းသံကို ကျနော်ပြန်တမ်းတမိပါတယ်.. ဆပ်ပြာကောင်းလို့ခေါင်းပေါင်းဖြူခဲ့တဲ့ ကျနော် .. ကျနော့်ကို အကြိမ်ပေါင်းများစွာလျှော်ဖွတ်ခဲ့တဲ့ မေမေ့ရဲ့ အရိုက်ကို ပြန်လည်ခံယူချင်လှပါတယ်ဗျာ
ကလေးငယ်ပေါင်း မြောက်မြားစွာ ကျနော်တို့ နိုင်ငံမှာ ရှိနေမှာ ဧကန်ပါပဲ..အဲဒီကလေးတွေများစွာရဲ့ ဘယ်လောက်ရာခိုင်နှုန်းက သိမ်မွေ့သော.. လိမ်မာသောလူငယ်များဖြစ်လာကြသလဲဆိုတာ ကျနော်တကယ်ပဲ စိတ်ဝင်စားမိပါတယ်.. ကျနော်တဦးတည်းရဲ့ ခံစားချက်အရကတော့ ကျနော်ဟာ ငယ်ငယ်ကအရိုက်ခံရပါများလို့လားမသိပါဘူး.. အရိုက်ခံရမယ်ဆိုတာ သေချာပေါက် သိနေတဲ့အလုပ်တခုကို လုပ်ရမှာကိုတောင် မကြောက်တော့ပါဘူး.. တနည်းအားဖြင့်အရေထူတယ်လို့ ပြောနိုင်ပါတယ်.. တခြားလူနဲ့ ရန်ဖြစ်စကားများလာရင်ကျနော်ကမှန်သည်ဖြစ်စေ..မှားသည်ဖြစ်စေ. အိမ်ရောက်ရင်အရိုက်ခံရပါတယ်..အဲဒီအတွက်နဲ့ ကျနော်ကြောက်စိတ်ဝင်မယ် ထင်မိပါသလား..အိမ်ရောက်ရင် အရိုက်ခံရမယ့်အတူတူ တန်အောင် သမမယ်ဆိုပီး တဖက်သားကိုမနိုင်နိုင်အောင် တိုက်ခိုက်ချင်တဲ့ စိတ်မိုက် စိတ်ရိုင်းများသာဝင်ခဲ့ပါတယ်..ကျနော်အခုလက်ရှိ ရောက်နေတဲ့ နိုင်ငံမှာတော့ ကလေးသူငယ်များကိုရိုက်နှက်ခြင်းဟာ ကြီးမားတဲ့ ရာဇ၀တ်မှုဖြစ်ပါတယ်.. စာသင်ကျောင်းရောက်ရင်ဆရာဆရာမတွေက မိဘတွေ ရိုက်ရင် ရဲကို ဘယ်လို တိုင်ကြားရတယ်ဆိုတာကလေးတွေကို သေချာသင်ပေးပါတယ်.. ကလေးမှာ ဒဏ်ရာ တစုံတရာတွေ့ရှိရင်လဲ ရဲကိုဖုန်းဆက်တိုင်လို့.. ဒီနိုင်ငံမှာ လူဖြစ်ရတဲ့ ကလေးများဟာအရိုက်အနှက်ခံရခြင်းမှ ကင်းလွတ်ကြပါတယ်.. သူများနိုင်ငံကိုအားကျလှတယ်မဟုတ်ပေမယ့် ကျနော်ငယ်ငယ်က အရိုက်ခံရတာတွေကို ပြန်တွေးသတိရမိရင် တကယ်ကိုပဲ ၀မ်းနည်းကြေကွဲမိပါတယ်..အိမ်ထောင်ရက်သားကျလို့ကျနော်လဲ သားသမီးများရခဲ့ရင် လုံးဝမရိုက်ဘူးလို့လဲ တွေးမိပါတယ်. ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဗျာ.ဲ.. အခုအချိန်မှာတော့ ကျနော်မေမေ့အရိုက်ခံချင်နေပါတယ်.. လာစမ်း.. တုတ်ကောက်လာခဲ့ ဆိုတဲ့ကြိမ်းမောင်းသံကို ကျနော်ပြန်တမ်းတမိပါတယ်.. ဆပ်ပြာကောင်းလို့ခေါင်းပေါင်းဖြူခဲ့တဲ့ ကျနော် .. ကျနော့်ကို အကြိမ်ပေါင်းများစွာလျှော်ဖွတ်ခဲ့တဲ့ မေမေ့ရဲ့ အရိုက်ကို ပြန်လည်ခံယူချင်လှပါတယ်ဗျာ…

3 comments:

Chit Lay Pyay said...

ညီမတို့လဲ ငယ်ငယ်က အရိုက်ခံရဖူးတယ်၊ ကိုယ် အမှားလုပ်လို့ အပြစ်ပေး ဆုံးမတဲ့ သဘောပါ၊ အမေက ရိုက်တာ ပိုများတယ်၊ အဖေကတော့ မောင်နှမ ရန်ဖြစ်မှ၊ ဘယ်သူမှားမှား နှစ်ယောက်လုံးကို ရိုက်တယ်၊ အဖေက ပိုချစ်တဲ့ သမီးဆိုတော့ အမေက အမြင်ကတ်လို့ ရိုက်တာက ပိုများပါတယ်၊ အဖေက ခရီးထွက်တာများလို့ ညီမက ပိုအရိုက်ခံရတယ်လို့ ထင်တယ်၊ မှတ်မှတ်ရရကတော့ သူများအိမ်ခေါင်မိုးကို ခဲနဲ့ သွားပေါက်လို့ အရိုက်ခံရတာတော့ မှတ်မိနေတယ်၊

thamudayanwe said...

ဟုတ်တယ် ကျနော်ကလေးပြုစုတဲ့စာအုပ်မှာဖတ်လူးတယ်
မိဘတွေက သားသမီးတွေကိုရိုက်မှ လိမ္မာမယ်ထင်ကြတာမှားတယ်
ကျနော် က ရိုက်ရင်သိပ်မုန်းတာ ကျနော့်ဘ၀မှာ အရိုက်ခံရတာရှားတယ် ရိုက်လိုက်မိရင်လဲသူတို့ဆေးပြန်ကုရတယ်လေ..
ဘာလို့လဲဆိုတော့ အရိုက်ခံရတာတချက်မှာ ကျနော်က ကိုယ့်ကိုကိုယ်ပြန် ရိုက်တာ သွေးထွက်တဲ့အထိ ဘယ်လောက်ဆိုးလဲ.
ချော့ပြောမှရတယ် ခြောက်ပြောရင်တော့ ပိုရွဲ့တယ်
ဆရာတွေ ရိုက်ရင်ဘယ်တော့မှ အဲဒီအတန်းမတက်ဘူး
မရိုက်ပဲနားဝင်အောင်ပြောလို့ရပါတယ်ဗျ

Anonymous said...

ဒုတ်ကောက်ခဲ့..ရိုက်မယ်