`Ellisa နဲ့ မာရီယာ ရုံးခန်းထဲ ခဏလိုက်ခဲ့ပါ´
အလုပ်ရှင်က လာခေါ်ပြီးတာနဲ့ ချက်ချင်းဆိုသလို ပြန်လှည့်ထွက်သွား၏။ အခေါ်ခံရတဲ့ နှစ်ယောက်လဲ အလုပ်ရှင်နောက်ကို လိုက်သွားကြတော့ ကျန်ခဲ့ကြတဲ့ သူနဲ့တကွ တခြားသော အလုပ်သမားတွေ တိုင်ပင်မထားရဘဲနှင့် တယောက်မျက်နှာကို တယောက် အပြန်အလှန် ကြည့်ဖြစ်ကြသည်။
***
ပြီးခဲ့တဲ့ နှစ်ပတ်ခန့်ကတော့ အလုပ်ရှင်က အားလုံးကို အစည်းအဝေးခေါ်ပြီး ဘယ်သူမှ မကြားချင်သော စကားတခွန်းကို ခေါ်ပြောခဲ့လေ၏။
`အခုလို ခေါ်ပြောရတာတော့ အရမ်းဝမ်းနည်းပါတယ်။ ခင်ဗျားတို့တွေ သိကြတဲ့အတိုင်း နေရာတိုင်းလိုလိုမှာ စီးပွားရေးတွေက ကျဆင်းတဲ့ဒဏ်ကို ခံနေရတာဟာ အခုဆိုရင် ကျနော်တို့ ကုမ္ပဏီအနေနဲ့ ဘယ်လိုမှ တောင့်ခံထားနိုင်တဲ့ အခြေအနေ မရှိတော့တဲ့အတွက် ဒီအစည်းအဝေးကို ခေါ်ရတာပါပဲ´
အလုပ်ရှင်က ပြောလက်စ စကားကို တခဏမျှ ရပ်ပြီးမှ...
`ခင်ဗျားတို့ အားလုံးကို ကျနော် အလုပ်ချိန်တွေ ဖြတ်တောက်ရတော့မယ်´
မန်နေဂျာ စာရေးမက ဆက်ပြီး သူတို့ကုမ္ပဏီအနေနဲ့ အရင်ကလို အလုပ်အမှာစာတွေ ပုံမှန်မရတော့ကြောင်း၊ အဲဒီ အခြေအနေကို လအနည်းငယ်လောက် စောင့်ကြည့်ပြီး တောင့်ခံထားကြည့်သေးပေမယ့် အခု ဘယ်လိုမှ မတတ်နိုင်တော့လို့သာ အလုပ်ချိန်လျှော့ရတာ ဖြစ်ကြောင်း၊ ဘယ်သူ့ကိုမှ Lay Off မပေးချင်တဲ့အတွက် ဒီနည်းကို သုံးရတာ ဖြစ်ကြောင်း၊ မကြာခင်မှာတော့ အခုလို အခြေအနေဆိုးကနေ ပြန်လွန်မြောက်မယ်လို့ မျှော်လင့်ပါကြောင်း နဲ့ ရှင်းပြတာတွေက ကြားတချက် မကြားတချက်...။ သေချာပေါက် ကြားလိုက်ရတာကတော့ သူတို့အားလုံး ပုံမှန်အလုပ်ချိန် တပတ်လျှင် နာရီ ၄၀ အစား၊ ၃၂ နာရီသာ လုပ်ရတော့မည်။
***
ပြန်စဉ်းစားကြည့်တော့...။
ရနေတဲ့ ၀င်ငွေ၊ ပေးစရာရှိတဲ့ Bill တွေ၊ မသုံးမဖြစ်သုံးရမယ့် ငွေစာရင်းကို တွက်ချက်ကြည့်တော့ တပတ်ကို ၃၂ နာရီလောက် လုပ်ရရင်လဲ အရမ်းကြီးတော့ ပစ်စလတ်ခတ် ဒုက္ခ မရောက်နိုင်သေးပါဘူးဟု ဖော့တွေးပြီး ဖြေရသည်။ ဟိုဘက်မြို့မှာဆို အလုပ်လက်မဲ့ ဖြစ်သွားရတဲ့ မြန်မာတွေချည်းပဲ လူ ၄၀၀ လောက်ရှိသတဲ့၊ အဲဒီတမြို့လုံးမှာလဲ ပြီးခဲ့တဲ့လမှာတင် လူပေါင်း တသောင်းခွဲလောက် Lay Off အချခံထိသတဲ့။ သူတို့တွေထက်စာရင် တော်သေးတာပေါ့လေဟု ဖြေတွေးမိ၏။ နောက်ထပ် အလုပ်ချိန် ထပ်လျှော့လာရင်ရော ... ... ...။
အင်း...၊ အချိန်ပိုင်း အလုပ်တခုခုတော့ အခုကတည်းက လိုက်မေးထားမှ ထင်တယ်။ အတွေးတွေက ဝေေ၀၀ါးဝါး။
***
မနေ့က ဖြစ်သည်။
`ဟင်၊ ကိုဟာပိုး ဒီနေ့ အလုပ်ဆင်းရမယ့် အချိန်မှတ်လား၊ အလုပ်မသွားဘူးလား´
`ကျနော့်ကို ဒီမနက် အလုပ်ရှင်က ခေါ်ပြောလိုက်တယ်၊ တလလောက် အိမ်မှာနားနေပါတဲ့´
`ဒါဆို Lay Off ပေါ့´
`ဟုတ်တယ်´
အဲဒါမှ ပြဿနာ။ တကယ်တမ်းက သူ့လက်ထဲမှာလဲ ငွေပိုငွေလျှံရယ်လို့ လောက်လောက်လားလားလဲ ရှိနေတာ မဟုတ်။ မနက်ဖြန် အလုပ်သွားရမယ့်အချိန်ရောက်ခဲ့ရင် ငါ့အလှည့်များ ရောက်လာလေမလားလို့ တွေးရင်း စိတ်တော့ နည်းနည်းပူလာသည်။ ယောင်နနဖြင့် အင်တာနက်ထဲက အလုပ်ခေါ်စာတွေကို ဟိုဟိုဒီဒီလိုက်ရှာမိလိုက်သေးသည်။ သူတို့ကလဲ ပြောတုန်းကတော့ Lay Off ဘယ်သူ့ကိုမှ မချဘူးလေး ဘာလေးနဲ့၊ အခုတော့...။
ဒီလိုနဲ့... ...။
***
ဟိုနှစ်ယောက် ရုံးခန်းထဲ ၀င်သွားသည်မှာ နာရီဝက်လောက်ကြာတော့ ပြန်ရောက်လာကြ၏။ ခဏနေတော့ မာရီယာတယောက် မျက်နှာသိပ်မသာမယာဖြင့် ထွက်သွားသည်။ ဒါဆို သေချာပြီပေါ့၊ သူ့ကို Lay Off လုပ်လိုက်ပြီပေါ့။ နောက်ထပ် ဘယ်သူတွေကိုများ ထပ်လုပ်ဦးပါ့မလဲ။
`ဟေးး´
အနားနားကပ်ပြီး ပုခုံးကို ပုတ်ခေါ်သံကြောင့် လူက လန့်သွားသည်။ လှည့်ကြည့်လိုက်တော့ အလုပ်ရှင်... ...။ ဟင်၊ သေချာပြီထင်တယ်။ ငါ့ကို ရုံးခန်းထဲခေါ်တော့မယ်။ ပြီးရင် ဘယ်လိုဘယ်ပုံ ၀မ်းနည်းပါကြောင်း စကားအလှတွေပြောတော့မယ်။ ပြီးရင် မင်း အနားယူလိုက်ပါ ပြောတော့မယ်။ အို၊ ဘာဖြစ်ဖြစ် ဟန်ကိုယ့်ဖို့လေး နေမှ...။
`ဟုတ်ကဲ့၊ ကျနော် ဘာလုပ်ပေးရမလဲ´
`ငါ့နောက် လိုက်ခဲ့ကွာ´
ဟုတ်နေပါပြီလေ။ ဒီလူကလဲ အစကတည်းက ဟိုနှစ်ယောက်နဲ့ အတူတူခေါ်ပြောပါတော့လား။ လူလေးလေး အတွေးလေးလေးဖြင့် အလုပ်ရှင်နောက်ကို လိုက်သွားသည်။ ဒါပေမယ့် အလုပ်ရှင်ခေါ်သွားတာက ရုံးခန်းထဲကို မဟုတ်။ အလုပ်ရုံရဲ့ ဟိုးနောက်ဘက်က တနေရာက Tools အသစ်တွေ ထားရာနေရာကို ဖြစ်နေသည်။
`ဒါတွေကို Double Cut လုပ်ပေးနိုင်မလား´
`အိုကေ´
အလုပ်ရှင်က သူလိုချင်တဲ့ပုံစံကို ဘယ်လိုလုပ်ပေးစေချင်တယ် ဆိုတာ တခဏရှင်းပြပြီး ပြန်လှည့်ထွက်သွားသည်။
***
ဟိုး... ခပ်လှမ်းလှမ်းရောက်မှ သူ့ကို တခါ ပြန်လှမ်းခေါ်၏။ ပြန်ထူးလိုက်တော့...
`ငါနဲ့ ချာလီနဲ့ တရုတ်ကို ဈေးကွက်ရှာဖို့ သွားတဲ့ခရီးစဉ်မှာ အိုကေရင်တော့ ငါတို့အားလုံးအတွက် အဆင်ပြေမယ် ထင်ပါတယ်ကွာ´ ...တဲ့။
ဟူး...။
ဒီနေ့အလုပ်လုပ်ရတာ သဲထိတ်ရင်ဖို ရှိလှပါဘိတော့။ မောင်မင်းကြီးသားများရဲ့ တရုတ်ခရီးစဉ် အဆင်ပြေခဲ့ကြပါစေလို့ ဆုတောင်းလိုက်ရင်း...။
***
ကလိုစေးထူး

21 comments:
တရုတ်ခရီးစဉ် အဆင်ပြေခဲ့ကြပါစေလို့ ၀ိုင်း ဆုတောင်းသွားတယ် အစ်ကိုရေ့ ။ ဒီမှာတော့ အလုပ်လျှော့တာတွေ ဘာတွေသိပ်မကြား ဈေးရောင်းဈေးဝယ်တွေတော့ပါးတယ် လုပ်ငန်းပိုင်းကြီးကြီးမားမားတွေတော့မပြောတတ်ဘူး
ကျနော်တို့တော့ အိုကေနေတယ်း) ဟဟား အိုကေနေတယ်ဆိုလို့ အလုပ်က စားဖို့လောက်တော့ အဆင်ပြေတယ်လို့ ပြုတ်တော့လည်းမမှုတော့ နီးနီးလေးရယ် မပူတော့ဘူး hiluxကြီး စီးပြီး အမေ့အိမ် ဒိုးမယ် :P
သတင်းတွေကြားရင် ရင်လည်းခုန် စိတ်လည်းမကောင်းဘူးဗျာ.။ အမျိုးတွေ မိတ်ဆွေတွေအတွက် ပူနေတာ..။ ကိုစေးထူးကံကောင်းပါတယ်.. ဆက်လက်ကံကောင်းပါစေ..။
ကိုစေးထူးရေ..
ခေတ်တွေပျက်နေတဲ့ ကမ္ဘာကြီးထဲမှာ
နေရထိုင်ရ ရင်တမမ နဲ့
ခြေတစ်လှမ်းကြွဖို့ကိုတောင်
စဉ်းစားနေရတာ အခက်သားလားနော်..
ကမ္ဘာမြေရယ် သာယာပါစေ...
လေးစားခင်မင် ချစ်ခြင်းများဖြင့်..
့အဆင်ပြေပါစေ..
အကိုရယ်... နေရာတကာဖြစ်နေတော့လဲ..
ကျနော်တို့ ဆီမှာလဲဒီအတိုင်းပဲ...
စီးပွားရေးတွေမကောင်းဘူးရယ်..
ဘာပြောပြော ဈေးကွက်ရှာဖို့ သွားတဲ့ခရီးစဉ်လေး
အောင်မြင်ပါစေလို့ ဆုတောင်းပေးတယ်နော်.
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
ကျနော်လင့်ခ်သွားပါရစေခင်ဗျ
အကိုရေ
အစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ
လေးစားလျက်
တောင်ပေါ်သား
ကိုစေးထူး
Global financial crisis ရဲ့ တစ်ပိုင်းတစ်စပေါ့ဗျာ။
အားလုံးအဆင်ပြေဖို့ ဆုတောင်းပါတယ်။ကိုယ်တွေ့ ကို
ဝေမျှတဲ့အတွက်thanks..
တရုတ်ခရီးစဉ် အဆင်ပြေပါစေ.....။
အားလုံး အဆင်ပြေကြပါစေ....။
(အားလု့းထဲမှာ ကိုယ်လည်းပါသည်။):D
နေ့တိုင်းကြားနေရ အကြားစိတ်လာတဲ့ သတင်းဆိုးတွေ ပါပဲ။ ဘယ်တတ်နိုင်မလဲ မောင်လေးရေ၊ အများနဲ့ အတူပေါ့။ လူအများစု စိတ်ပူရတဲ့ အချိန်ပါပဲ။ ဒါပေမဲ့ ဖြစ်လာလဲ ကိုယ်မတတ်နိုင်တဲ့ ကိစ္စမို့ ကိုယ်လုပ်နိုင်တာ အကောင်းဆုံးလုပ်၊ ပြုတ်ရင်လဲ ရင်ဆိုင်ရ ပြင်ဆင်ရအုံးမှာပေါ့လေ။ အချင်းချင်း အားပေးခြင်းသာ တတ်နိုင်တယ်။
ရင်နဲ့ရေးတဲ့ ပို့စ်လေးမို့ ရင်နဲ့ ခံစား ဖတ်သွားတယ်။
ဒီလိုကာလမှာ ဘယ်လိုပူပင်သောကတွေနဲ့ အလုပ်လုပ် နေရတယ်ဆိုတာ ကိုယ်ချင်းစာပါတယ်ဗျာ၊ မိုးပြိုအများ ဆိုပေမယ့် တကယ်တမ်း နဖူးတွေ့ဒူးတွေ့ အနီးအနား ရောက်လာပြီဆိုရင် အတော့်ကို စိတ်မသက်မသာ ဖြစ်ရ တာပါပဲ၊ ကျနော်တို့ဖက်မှာလည်း ဒီနည်းနှင်နှင်ပါပဲဗျာ၊
တရုတ်ခရီးစဉ်ကိုလည်း မျှော်လင့်သလို တဖက်ကလည်း အချိန်ပိုင်းအလုပ်လေးဖြစ်ဖြစ် သွားရင်း လာရင်းကြည့်ထားရင် အပိုမဖြစ်လောက်ပါဘူး၊ အကျပ်အတည်းကြားမှာ အဆင်ပြေပါစေ ကိုကလိုစေးထူးရေ....။
အဆင်ပြေလိ့မ်မယ်...။ တရုတ်ကြီးက သိပ်သဘောကောင်းတာ မပူနဲ့ ဟိ :P
စောစောကနောက်လိုက်တာ ဒါက အတည်ရေးတာ..။ (ထူးပါဘူး အတည်ရေးလည်း ဒါပါပဲ ဟီး )
အဆင်ပြေမှာပါ အစ်ကို..။ အဆင်ပြေတယ်ပဲ ဖြစ်ဖြစ် မပြေဘူးပဲ ဖြစ်ဖြစ် အားလုံးဟာ သဘာဝအတိုင်း တလှည့်စီသွားနေကြတာပါပဲ..။ ဒါတွေအကိုက ကျွန်တော့်ထက် ပိုသိပါတယ်..။ ဘယ်လိုအခြေအနေပဲ ရောက်နေရောက်နေ..။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ကောင်းမွန် ပိုင်နိုင်စွာ ချုပ်ကိုင်နိုင်ဖို့ပဲ လိုပါတယ်..။
ကျွန်တော်တို့ စစ်တက္ကသိုလ်တက်တုန်းက ကျောင်းအုပ် ကြီးကမှာတယ်..။ မင်းတို့တွေ
ခံနိုင်ရည်ရှိရမယ်၊
သီးခံနိုင်စွမ်းရှိရမယ်၊
ချုပ်တည်းနိုင်စွမ်းရှိရမယ် တဲ့..။
အမှတ်တမဲ့ကြည့်ရင် တော့ သုံးခုစလုံးက ခံဘက်က ကြီးပါပဲ..။ ဒါပေမယ့် ကျွန်တော်တို့ တကယ်တမ်း ကြိုးစားကြည့်လို့ နေသား ကျသွားတဲ့အချိန်မှာ သိပ်ကို မှန်ပါတယ်..။ ဘာလို့လဲ ဆိုတော့ အဲ့ဒီ့အချက်သုံးချက် ကို ကျွန်တော်တို့ ကောင်းမွန်စွာ ထိန်းချုပ်နိုင်လိုက်တာ နဲ့ ဘယ်နေရာ ဘယ်အခြေအနေမျိုးမှာပဲ ဖြစ်ပါစေ..။ ကျွန်တော်တို့ အမြဲနေတတ်သွားပြီလေ..။ ဘယ် လောက်ပဲ ခက်ခဲတဲ့ အခြေအနေကြုံတွေ့ပါစေ..။ ကျွန်တော်တို့ ပြုံးနေနိုင်သွားပြီ။ ဒါကျွန်တော် တို့အတွက် ထာဝရအောင်ပွဲပါပဲ အစ်ကိုရေ...။ :)
ထာဝရအောင်မြင်နိုင်ပါစေဗျာ..။ :)
အဆင်ပြေပါစေ ကိုစေးထူး
တရုတ်ခရီးစဉ်ကြီးအဆင်ပြေပါစေလို့ ဆုတောင်းပေးသွားတယ် ကိုစေးထူးရေ.. ကိုယ်ချင်းစာတယ်.. ကိုယ်တိုင်လည်း ခပ်လှုပ်လှုပ်တွေကြားထဲ ကျီးလန့်စာ စားနေရသလိုပါပဲ...
အဆင်ပြေပါစေ။ဆုတောင်းပါတယ်။
အကိုကလိုစေူးထူး ရေးထားတာ ဖတ်ပြီး တကယ်ကို သဲထိတ်၇င်ဖို ဖြစ်ရပါတယ်။
စိတ်လဲမကောင်းပါဘူး ။ ခင်ခင်လဲဆုတောင်းပေးနေပါတယ်။ အစစအစဆင်ပြေပါစေ ...
အဆင်ပြေပါစေ အကိုစေးထူးရေ။ သဲထိတ်ရင်ဖိုဒုက္ခတွေ အမြန်ဆုံး လွန်မြောက်ပါရစေလို့ ကိုယ်တိုင်အတွက်ရော အားလုံးအတွက်ရော နေ့တိုင်း ဆုတောင်းနေပါတယ်။ :(
hi, i read the new in yahoo yesterday, the recession will be end, don't give up. good luck
လာလည်သွားတယ်..စာလာဖတ်တာ..နက်ကောင်းတုန်းလေး
ခင်လို့ အကြံကောင်းလေးတခုတော့ ပေးခဲ့အုန်းမယ်။ တွေ့သမျှလူတွေကို ရမ်းသန်းပြီး သေနတ်နဲ့ပစ်၊ ဓားနဲ့ထိုးတဲ့သတင်းတွေ စုထား၊ အလုပ်ထဲကလူတွေကို၊ ကျောင်းကလူတွေကို မကျေနပ်လို့ ၀င်သတ်တဲ့သတင်းတွေဆို ပိုကောင်းတယ်။ ပြီးတော့ အဲ့တာတွေကို ဘော့စ်ရှေ့မှာ ခဏခဏ ဖတ်ပြ၊ ပြီးတော့ ထိတ်သလိုလို လန့်သလိုလိုနဲ့ပြော “အင်း ဒီအလုပ်မှာသာဆို သေနတ်ပဲလိုတယ်၊ ကျည်ဆန်က အလုပ်ထဲမှာ အဆင်သင့်ပဲနော်” ဆိုတာမျိုး။
ဒါနဲ့အဆင်ပြေရင် ပြန်ပြောအုန်း။ ကလူသစ်လဲ စမ်းကြည့်မလား စဉ်းစားနေတာ :P
c box အစား ဒီမှာပဲ အော်ပစ်လိုက်တယ်.
Post a Comment