ကလိုစေးထူးတယောက် ကွန်ပျူတာရှေ့မှာ ငူငူကြီး ထိုင်နေတာ တော်တော်ကြာပြီ။
အကာလ လောကတခွင်လုံး တိတ်ဆိတ်လို့...၊ အသံဆိုလို့ တချက်ချက်နဲ့ မြည်နေတဲ့ တိုင်ကပ်နာရီသံရယ်၊ ကီးဘုတ်အဟောင်းကို တဘောက်ဘောက်နဲ့ ရိုက်လိုက်၊ စိတ်တိုင်းမကျလို့ တဘောင်းဘောင်းနဲ့ ပြန်ဖျက်လိုက်သံတွေသာ မှန်မှန်ထွက်ပေါ်နေလေ၏။
***
`ဘာလုပ်နေတာတုန်းကွ´
နောက်ကျောဆီကနေ အသံတသံ ရုတ်တရက်ထွက်လာလို့ ဖြတ်ခနဲ လှည့်ကြည့်တော့ လူတယောက်။ ဘယ်ကတည်းက အခန်းထဲ ရောက်နေသလဲတော့ မသိ...။ သူ့ဘာသာသူ မေးပြီး ဘာမှပြန်မဖြေရသေးခင်မှာပဲ ပိုင်စိုးပိုင်နင်းဖြင့်ပင် ကွန်ပျုတာဘေးက ဆိုဖာအစုတ်တလုံးပေါ် အခန့်သား ၀င်ထိုင်နေ၏။
`လာလေကွာ၊ မင်းစာရေးလို့ မရဘူး ဖြစ်နေတယ် မှတ်လားကွ´
စောစောကလူက သူ့ကို ခေါ်တော့ ယောင်နနဖြင့်ပင် ကွန်ပျူတာရှေ့ကနေ ခွာပြီး အဲဒီလူနဲ့ မျက်နှာခြင်းဆိုင် ခုံမှာဝင်ထိုင်မိသည်။
`ကဲ...၊ ပြော၊ မင်း ဘာရေးချင်နေတာလဲ´
`ဒီလိုပါပဲဗျာ´
`ဟ၊ ကိုယ်ရေးမှာတောင် ကိုယ်မသိဘူးလားကွ´
`... ... ...´
`ကဗျာရေးမလား´
`မရေးတတ်ဘူးဗျ´
`ဒါဆို ၀တ္ထုတိုကွာ´
`လာဖတ်တဲ့လူတွေ အီနေလောက်ပြီ၊ အားအားရှိ ၀တ္ထုတိုတွေချည်း ရေးနေရတယ်´
`အတွေ့အကြုံတွေ အကြောင်းကွာ´
`ရေးစရာ ဘာရှိတာမှတ်လို့၊ ရှိတာလေးတွေ ထုတ်ရေးတာလဲ ဖွတ်ဖွတ်ညက်ညက် ကြေနေပြီ´
`အင်း၊ မင်းကို ပြောရတာနဲ့ ငါပါ ခေါင်းခြောက်လာပြီ´
ပုဂ္ဂိုလ်က သူပြန်ဖြေတာတွေကို နားထောင်ပြီး တကယ်ပဲ ခေါင်းခြောက်သွားသလားတော့ မသိ၊ ခဏတော့ တိတ်သွားသည်။ သူလဲ ခပ်မဆိတ်။
***
`ဟာ...၊ ဟေ့ ငါ သတိရပြီ´
`အင်း၊ ပြောပါဦး´
`နိုင်ငံရေး အကြောင်း ရေးပေါ့ကွ´
`ဗျာ´
`မဗျာနဲ့လေ၊ မင်း အရင်ကဆို ဒါတွေ တော်တော်ရေးတာပဲဟာ၊ ငါ အခုမှ သတိရတယ်၊ မင်း နိုင်ငံရေးအကြောင်း မရေးတာ ကြာပြီ၊ ရေးပေါ့ကွ´
`ဘယ်အကြောင်းကို ရေးရမှာလဲ´
`ဟ...၊ ညံ့လိုက်တဲ့အကောင်၊ ရှော်လိုက်တဲ့ အကောင်၊ ဒီလောက်ထိ မြန်မာပြည်အရေး အုတ်အော်သောင်းနင်း ဖြစ်နေတာကို ဘယ်အကြောင်းကို ရေးရမှာလဲ ဆိုပဲ´
`ရေးဆိုလဲ ရေးတာပေါ့ဗျာ၊ ဒါဆို မရေးခင်မှာ ကျနော်တို့ အခု အရင် နှစ်ယောက်ထဲ ဆွေးနွေးကြည့်မယ်လေ´
`အေး၊ ကောင်းသားပဲကွ၊ မင်း ဘာအကြောင်း ဆွေးနွေးချင်သလဲ၊ ပြောကွာ´
`တလောက မြန်မာပြည်ကို လာသွားတဲ့ ဘန်ကီမွန်း ခရီးစဉ်အကြောင်းဗျာ´
`ဟုတ်ပြီ´
`သူ့ခရီးစဉ် မအောင်မြင်ဘူးလို့ လူတွေပြောနေကြတယ်ဗျာ´
`အေးလေ၊ ဟုတ်တာပဲဟာ၊ အလကားပါကွာ၊ ဟိုက လူလည်ကျလိုက်တာကို အသာလေးငြိမ်ခံပြီး ပြန်လာတယ်၊ ဘာများ အကျိုးအမြတ်ရှိလို့တုန်း´
`အဲဒီလိုချည်းပဲ တရားသေ ပြောလို့မရဘူး ထင်တယ်နော်´
စကားစ ရသွားလို့ထင့်၊ သူနဲ့ ပုဂ္ဂိုလ်နဲ့ စကားအရှိန်ကောင်းစ ပြုလာသည်။
***
`ကဲ၊ ဒါဖြင့် မင်းက ဘယ်လိုထင်တုန်းကွာ´
`သြော်၊ မြန်မာပြည်ရဲ့ ပြည်တွင်းရေးကို ကုလသမဂ္ဂရဲ့ အတွင်းရေးမှူးချုပ်တယောက် ကိုယ်တိုင်က အာရုံစိုက်နေတယ်၊ အဲဒီကမှ တဆင့် သက်ရောက်မှုတွေလဲ အနည်းနဲ့အများတော့ ရှိလာမှာပဲ ထင်တာပဲလေ´
`အမလေးကွာ၊ ဘာများရှိလာမှာလဲ၊ ဟိုတခါ လေဘေးသင့်တုန်းကလဲ လာတာပဲ၊ ဒီလိုပဲ ဟိုကောင်ကြီးတွေ လိုက်ပြတာကိုပဲ သွားဖြီးကြီးနဲ့ လိုက်ကြည့်ပြီးတော့ မြန်းမိစ်ပီးပဲ၊ မြန်းမိစ်ပီးပဲတွေ ထပ်နေအောင် ပြောပြီး ပြန်သွားတာပဲ မဟုတ်လား´
`ကျနော်တို့ နေရာတိုင်းကို Negative အမြင်နဲ့ချည်း ကြည့်လို့တော့ မဖြစ်သေးဘူး ထင်တယ်နော်´
`အေးပေါ့၊ မင်းက ပျော့စိစိအတွေးနဲ့ပဲ တွေးတဲ့ အကောင်ကိုး´
`အမ်၊ ဟေ့လူ၊ ခင်ဗျားဟာက ကျုပ်ကို ဘလိုင်းကြီး ပုဂ္ဂိုလ်ရေးကို ဖဲ့နေသလိုပါလား´
`ဟေ့၊ လွတ်လပ်စွာ ဝေဖန်ခွင့် ရှိလို့ ပြောတာကွ၊ မင်းဟာလေ၊ ပျော့အိပျော့ညက်နဲ့ မြည်းတကောင်လို အတွေးအခေါ်မျိုးတွေပဲ ရှိနေပုံရတယ်´
`ဟာ´
`နေစမ်းပါဦး၊ မင်းက ဘန်ကီမွန်းခရီးစဉ်တွေ ဘာတွေတောင် ဆွေးနွေးရအောင် ဘာကောင်မို့တုန်း´
`ဟေ့လူကြီး၊ စိတ်ထိန်းပါဗျာ၊ ခင်ဗျားဟာက ခေါင်းစဉ်ချော်သွားပြီဗျ´
`ဒီမယ်ဟေ့ကောင်၊ ငါဆိုတဲ့အကောင်က အတွေ့အကြုံတွေ အများကြီးကို ဖြတ်သန်းလာတဲ့အကောင်ကွ၊ မင်းတို့ တွေးတယ်ဆိုတာထက် အများကြီး အရှေ့ကို ကြိုမြင်ပြီးသားကွ´
`ဘန်ကီမွန်း...မွန်း´
`မင်းက မနေ့တနေ့ကမှ ဘလော့ဂ်လေးလုပ်၊ ဟိုဟာလေးရေးလိုက်၊ ဒီဟာလေး ရေးလိုက်၊ အားနာနာနဲ့ လာဖတ်တဲ့လူတွေရှိနေတာကို မင်းကိုယ်မင်း အဟုတ်ထင်နေတာကိုးကွ´
`ဟိုလေ...၊ ဘန်ကီမွန်းလေ´
`တော်စမ်းကွာ´
`သူ့ခရီးစဉ်အကြောင်းကို ကျနော်တို့ဆွေးနွေးနေတာလေဗျာ´
`ဘာကို ဆွေးနွေးရမှာလဲ၊ မင်းလိုကောင်ဆီက ဘယ်လိုအသုံးကျတဲ့ အမြင်တွေများ ထွက်လာမှာမို့လဲ´
`ဟာ...၊ ခင်ဗျားဟာက မဟုတ်တော့ဘူး´
`အလကားကောင်၊ ဖွတ်ကျားကောင်´
!@#$$%^&
%^&$#@!
!@#$&^%
ပြောရင်းပြောရင်းနဲ့ ပုဂ္ဂိုလ်က တော်တော်ကြီးကို ဒေါသတွေ ထွက်လာပုံပေါ်သည်။ သူ့ကို အားရပါးရကို ဆဲတော့သည်။ ဘယ်လိုပါလိမ့်၊ အမြင်လေး မတူတာနဲ့ပဲ ဒီလောက်တောင် ဆဲရတယ်လို့...။ ခဏကြာတော့...။
`အေး၊ မင်းကျပ်ကျပ်သတိထား၊ ဘလော့ဂ်ရေးရဲ ရေးကြည့်၊ ငါ့အကြောင်း ကောင်းကောင်းသိမယ်´
`ဗုဒ္ဓေါ´၊ စောစောကတော့ သူပဲ စာမရေးရကောင်းလားဆိုပြီး ဟိုဟာရေးပါလား၊ ဒီဟာရေးပါလား ပြောနေသူက... အခုတော့ ဒေါသတွေ တော်တော်ကြီးနေပါလား။ စိတ်ထဲမှာ ညစ်ညူးရှုပ်ထွေးလွန်းတာကြောင့် အားရပါးရ အော်ဟစ်ပစ်လိုက်မိတော့သည်။
`သွားးးးးးးးးးးးးးးးးးးး´
***
တစုံတယောက်က သူ့ကို ချုပ်ကိုင်ထားသလိုလို မွန်းမွန်းကျပ်ကျပ်ကြီး ဖြစ်ပြီး ဆတ်ခနဲလန့်သွားတော့မှ ကလိုစေးထူး တယောက် အသိစိတ်နဲ့ကိုယ် တသားတည်း ပြန်ဖြစ်သည်။ သြော်၊ စာရေးမယ် ကြံစည်ရင်းနဲ့ ဆိုဖာပေါ်မှာ အိပ်ပျော်သွားတာကိုး...။ အပြင်က အေးစိမ့်စိမ့် ရာသီဥတုမှာ တံခါးက မစေ့မိတာကြောင့် ဆောင်းတွင်းအိပ်မက် ကယောက်ကယက်လိုလို မက်နေတာလား မသိ။
အင်း...၊ တရေးနိုးသော် အကြံပေါ်၊ စာရေးဦးမှပါလေ။
နိုင်ငံရေး အကြောင်း ရေးရင် ကောင်းမလား မသိ။ ပြောသာပြောရတယ် အိပ်မက်ထဲက လူကြီးကိုတော့ ခပ်ကြောက်ကြောက်။
***
ကလိုစေးထူး

15 comments:
မကြောက်ပါနဲ့ ကိုစေးထူး ရယ်...း)
တရေးနိုးသော်အကျန်ပေါ် မှားတွားတယ် အကြံပေါ် |
ပေါ်သည့်အကြံ ဘလော့လည်ရန်.....ဟား..ဟား...
နိုင်ငံရေးဖြစ်၂ လူမှုရေးဖြစ် ၂ အချစ်ရေးဖြစ် ၂ သီချင်းဘဲတင် ၂ ရေးချင်တာရေး တင်ချင်တာတင်
အဆိပ်အတောက်မဖြစ် ပြီးတာဘဲ ဘယ်သူတွေ ဘာဘဲပြောပြော ဂရုမစိုက်နဲ့ဗျာ ပြောတဲ့သူမောသွားလမ့်မယ် ကိုယ့်ကို အသိအမှတ်ပြုတဲ့သူ တယောက်တည်း ရှိနေတောင် ရေးရဦးမှာဘဲမို့လား...လူတိုင်း ဦးဏှောက်ရှိတယ် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် သဘောထားကွဲပိုင်ခွင့် ရှိတယ် မကြိုက် မဖတ်ယုံပေါ့ ...ခင်ဗျားတို့ ရေးနေတာ ဘလော့ဂ်မို့လား....အားပေးနေမှာပါ....
ပြောရတာ မောထှာ မွန်းလိုက်တာ))))))))))).....
mie nge
အကိုရေ ဘာစာပဲ ရေးရေး စောင့်ဖတ်နေကြပါ။ အမှန်အတိုင်း ၀န်ခံရရင်တော့ နိုင်ငံရေး အသိစိတ်လေးတွေ ထည့်ပေးတာကို ပိုသဘောကျမိတယ် အကို
လေးစားလျက်
တောင်ပေါ်သား
အိမ်မက်ထဲမှာမို့လို့ ဟိုလူကြီးကို လျော့ပေးလိုက်တာ မဟုတ်လား။ :)
:)
ကိုစေးထူးရေ...
အိပ်မက်ထဲက လန့်နိုးတော့
ဘက်ကီမွန်း အကြောင်း စဉ်းစားရင်း မွန်းကျပ်သွားမှာနော်....း)
ပြောပြောဆိုဆို အိုပါးကြီးနဲ့တောင် ပေးမတွေ့ရဲသလောက် ဖြစ်နေပြီး...။
စိတ်ထဲမှာ ရှိတာပဲ ရေးပါ။
ကိုယ့်ကိုယ်ကို ဘောင်ခတ်မိသွားမှာစိုးလို့ပါ။
ရေးသမျှ ကောင်းရ၊ မှန်ရမယ်လို့ ဘယ်ရှိပါ့မလဲ။ စာရေးဆရာကြီးတွေတောင် အပုဒ်တောင် ကောင်းနိုင်တာမှ မဟုတ်ဘဲလေ။
အမြင်မတူတော့လဲ မတူကွဲပြားတာက အသိဥာဏ်တိုးတာလဲ ရှိပါတယ်။
ကိုယ့်စိတ်ထဲ ရှိတာသာ ရေးဖို့ အမတော့ တိုက်တွန်းမယ်။ :)
ကျွန်တော် အကို့ စာတွေကို အရင်ကတဲက ဖတ်လာတာပါ။
ကြိုက်တာရေးပါ၊ စောင့်ပြီး အားပေးနေပါတယ်။
အိပ်မက်ထဲကလူကြီးကိုမကြောက်ပါနဲ့ အိပ်မက်ပဲဟာ.. ဆက်ရေးပါ... အားပေးနေပါတယ်
ေ၇းသာေေေ၇းပါ
ရေးချင်တာသာရေးပါ ခင်ဗျာ။
အားပေးနေပါ့မယ်။
ဘီလူးစီးတာဖြစ်မယ်။ ဘလူးတွေ သိတ်မကြည့်နဲ့ ခွိခွိ :)
ko ka lu thit ka lal ,,thu sait nae nhine twar tel
ko klosayhtoo ka,,thu blog ta khu lone pyar ( blue ) nay tar ka lwel yin,,ta char ma blue lauk bu,, htin tar pel
he`he`
အိပ်မက်ထဲမှဗျာ ဘာတစ္စတာကို ချေဂွေဗားရားတို့ ကက်စ်ထရိုတို့ ချနေတာ .. အားရစရာကြီး
အိပ်မက်ကနိုးလာတော့ အော် အိပ်မက်ကိုးလို့ မကျေမနပ်ပြန်အိပ်လိုက်ရတယ် ...
Post a Comment