Wednesday, June 02, 2010

ဘလော့ဂ် ရေးမိလို့...

ကျနော် အခု လက်ရှိအလုပ်ကို အလုပ်မ၀င်ခင်မှာ မေးခွန်းတချို့ကို ဖြေဆိုရတဲ့ လျှောက်လွှာတခု ဖြည့်ရပါတယ်။ အဲဒီ မေးခွန်းတွေထဲမှာ မေးခွန်းတခုက ခင်ဗျားဟာ ဘယ်လိုလူစားမျိုးတွေနဲ့ အလုပ်တွဲမလုပ်ချင်ပါသလဲ လို့ မေးပါတယ်။ ကျနော့် အဖြေက...

ခွဲခြားဆက်ဆံတတ်သူတွေက လွဲရင် မည်သူနဲ့မဆို အလုပ်တွဲလုပ်နိုင်ပါတယ် လို့ ဖြေဖြစ်ခဲ့ပါတယ်။

***

ခွဲခြားဆက်ဆံခြင်း ... တဲ့။

အဲဒီ စိတ်ရင်းအခံရှိလိုက်ပြီ ဆိုတာနဲ့ လူတဦးက တဦးအပေါ်ဖြစ်စေ၊ အဖွဲ့တခုက တခုအပေါ် ဖြစ်စေ၊ အသိုက်အ၀န်းတခုက တခုအပေါ်ဖြစ်စေ၊ လူမျိုး တခုက တခြားတခုအပေါ်ဖြစ်စေ အပြန်အလှန်လေးစားမှုတွေ အမြင်ကြည်လင်မှုတွေ ရှိဖို့ဆိုတာ အတော်ခဲယဉ်းပါတယ်။ သူက ဘာမို့လို့၊ ငါက ဘာမို့လို့ ဆိုတဲ့ စိတ်ရင်းအခံကြီးထားရင်းကနေ အဲဒီ ခွဲခြားဆက်ဆံတဲ့ အမူအကျင့်ကြီးက နောက်ဆုံးတော့ ပြဿနာသေးသေးလေးကနေ အကြီးကြီးထိ ဖြစ်လာတော့တာပါပဲ။

မည်သို့ဆိုစေပါ...။ ကမ္ဘာတ၀ှမ်းမှာရော ကျနော်နေထိုင်ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်မှာပါ အဲဒီ ခွဲခြား ဆက်ဆံခြင်း ဆိုတဲ့ အမူအကျင့်တွေကို ဒိဋ္ဌ တွေ့ရ မြင်ခဲ့ရတာပါပဲ။

ဆင်းရဲချမ်းသာတာကြောင့် ခွဲခြားဆက်ဆံတာ၊ အမျိုးအနွယ်အရ ခွဲခြားဆက်ဆံတာ၊ ဘာသာမတူလို့ ခွဲခြားဆက်ဆံတာ၊ နိုင်ငံမတူလို့ ခွဲခြားဆက်ဆံတာ စုံလိုက်တဲ့ ခွဲခြားဆက်ဆံမှုတွေ... ... ...။

***

ဝါသနာအရ၊ ယုံကြည်မှုအရ စာတိုပေစလေးတွေ ဟိုတစဒီတပုဒ်ရေးဖြစ်တော့လဲ အဲဒီခွဲခြားဆက်ဆံမှုက မရပ်သေးပါဘူး။ ဘယ်လို မရပ်တာပါလဲ ... ... ...။










***

Blog ပေါ်မှာ စာတွေရေးမိရင်လဲ အဲဒီလို ခွဲခြားဆက်ဆံ နိုင်ရပါလားဆိုတာကို ကျနော် တလေးတစားနဲ့ အမြဲသွားဖတ်နေကျ မီဒီယာ တခုက ကောင်းကောင်းကြီး သက်သေပြလိုက်တယ်။

Eleven Media Group ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသော သတင်းအချက်အလက်များ အပေါ်တွင် ဝေဖန်ဆွေးနွေးခြင်း၊ ထောက်ပြပြောဆိုခြင်းများကို ကြိုဆိုသော်လည်း ရုတ်ရင့်ကြမ်းတမ်းစွာ ဆဲဆိုခြင်း၊ ရိုင်းစိုင်းသော စကားလုံးများကို အထိန်းအကွပ်မဲ့စွာ သုံးနှုန်းပြောဆိုခြင်း ... ... ... ... ... ... ... ... အသိပေးအပ်ပါသည်။

..လို့ ရေးရင်ရော မဖြစ်နိုင်လို့လား၊ Blog ဆိုတာကို ထည့်သွင်းပြောဆိုပြီး သူတို့ ၀က်ဘ်ဆိုက်က ကွန်မန့်တွေကို ထိန်းသိမ်းချင်တာက လိုအပ်ချက်တခုလား ဆိုတာတော့ ကျနော် တကယ် မသိပါဘူး။


***


သေချာတာတော့ ကျနော်တို့ Blogger တွေ စကားလုံးရမ်းကား ခံလိုက်ရတယ်။ အကြောင်းရင်းကတော့ စာကို ဘလော့ဂ်ပေါ်မှာရေးမိလို့၊ ဘလော့ဂ်ရေးမိလို့ပါ။


***


ကလိုစေးထူး


25 comments:

min that thant said...

ဟုတ်ပ ဘလော့ရေးသူတွေကို မတိုက်ခိုက်သင့်ပါဘူး ဒီလိုကြီးရေးထားတာက စော်ကားရာရောက်တယ်

Maung Myo said...

ခုတော့ လည်း ဒီစကားပြောပြီးပေါ့ အရင်တုန်းက ဘလော့တွေကိုမှီငြမ်းပြီး သူတို့အတွက် သတင်းတွေဖြစ်၂သွားတာ မေ့သွားပြီင်္ထင်ပါ့ မှတ်မိသေးတယ် “နိုင်ငံခြားသွားမယ်ဆိုရင် ...” အဲ့ပို့စ်တွေအစ်ကို့ဆီမှာ အပိုင်းဆက်နဲ့တင်ထားတုန်းက အကြောင်းတွေ....................။


Eleven က ခုချိန် ပြည်တွင်းမှာ အရှိန်ဝါကြီးတဲ့ ဂျာနယ်တစ်ခုဆိုတော့လည်း နည်းနည်းမာန်ကတော့ တက်နေတာပါပဲး) ဘက်ဂရောင်းတယ်ကောင်းတယ်ထင်ပါ့ ဗုံးပေါက်တဲ့ သတင်းတုန်းက သူတို့ပဲ စုံ၂လင်၂တင်ရတာဆိုတော့ ဂျာနယ်က တော်တော် ရောင်းကောင်းမှာ ...။

ဟုတ်ပါ့ ဘလော့ရေးရတာ ဘလော့ဂါဖြစ်ရတာကလည်း ကိုယ့်ထမင်းကိုယ်စားပြီး သူများမျက်စိစပါးမွှေးဆူးခံရတဲ့အဖြစ်ပါလားနော်.......။

အိမ့်ချမ်းမြေ့ said...

မချိပြုံးလေးဘဲ ပြုံးလိုက်မိပါတော့တယ်။

ကလူသစ် said...

ဘလော့ဂ်က ပြသနာလား၊ ဘလော့ဂ်က ကော်မန့်မှာ လာရမ်းကားတဲ့သူက ပြသနာလား။ အူလည်လည်ဖြစ်သွားပြီ။ ဒါကြောင့်လဲ မြန်မာမီဒီယာတွေ နာမည်ကြီးတာကိုး ခွိခွိ။

rita said...

:)

မန်းကိုကို said...

ဘလော့တွေရဲ့ ခပ်ညစ်ညစ်အရောင်ကလည်း `မပြေးသော်လည်း ကန်ရာကရှိ´နေတာကိုး၊
ရေးစီးကြောင်းထဲမျောပါရင်း ကိုယ်ကြိုက်ရာဘ၀ပုံစံနဲ့ ပတ်ဝန်းကျင်ကို ရွေးချယ်ကြရာမှာ သူတို့ရဲ့ရွေးချယ်မှုကို ကိုယ့်ကိုမထိခိုက်သ၍ လက်ခံရမှာပါပဲ။
အချိန်ကလည်း စကားပြောနိုင်တာမို့ နောက် ၁-၅ နှစ်ကြာလို့မှ မပြောင်းလဲရင်တော့ အင်း .. တစ်မျိုးပေါ့လေ ...

Rita said...

ခေါက်ထားလို့ရတယ်။
(ထူးဆန်းလိုက်တာ << ကိုယ့်ဘာသာ ပြောတာပါ)

တောင်ပေါ်သား said...

:) ဘလော့ မီဒီယာ ခွဲခြားခံလိုက်ရတယ်း)
အတွေးတွေ များသွားတယ် အကိုရေ


လေးစားလျက်
တောင်ပေါ်သား

khin oo may said...

မှတ်ချက်..

ကွန်မက် တစ်.မလာခင်ကတည်းက လာဖတ်သွားပြီး...

khin oo may said...

ကိုယ့်လမ်းကိုယ်လျှောက်...

:P said...

ကောမန့်များကိုနေ့တိုင်းလာဖတ်၏။

Bino said...

They do their job.
I do my job.
BINO

Phyo Maw said...

blog ဆိုတဲ့အရာ အသုံးဝင်လွန်းလို့ website တိုင်းမှာ blog အခန်းပါဖို့ လုပ်နေချိန်တောင် ရောက်နေပြီ
eleven က web administrator ခဗျာ မသိပဲပြောတော့ ငတုံးထင်ချင်စရာ =D

ရွှေရတုမှတ်တမ်း said...

အဲဒီစာပိုဒ်တွေ့ကထဲ တမျိုးကြီးပါလားလို့ ခံစားရမိတာ..
ခုတော့...သနားတယ်း))))

rose of sharon said...

အဲဒီစာသားကို သမန်ကာလျှံကာ ဖတ်မိပေမဲ့ အဲလောက်အတွေးမပေါက်ခဲ့ဘူး... အခုမှနာရကောင်းမှန်းသိတယ်

တန်ခူး said...

ိကိုစေးထူးရေ... ကိုစေးထူးလဲ ကျွန်မလိုပျောက်တယ်နော်... ဘလော့ရေးမိလို့ လို့  မတွေးပါနဲ့ နော်... ဆက်ရေးပါ... ဘယ်သူဘယ်လောက် ဝေဖန်ဝေဖန် လျှောက်လက်စလမ်းကို ဆက်လျှောက်ပါလို့  ကိုစေးထူး ပရိသတ်တယောက်မို့  တောင်းဆိုပါရစေ... နဂျယ်ကောင်လေးအိပ်ပျော်နေတာ ပြန်နှိုးလိုက်ပါဦး

rita said...

နဂျယ်ကောင်လေးရေ wake up,, wake up
:)

:P said...

ကိုစေးထူး...
စာတွေ မရေးတာကြာပြီ။
နေကောင်းရဲ့လား သတင်းလာမေးပါတယ်။

မောင်မျိုး said...

အစ်ကိုစေးထူး ပို့စ်အသစ်ရေးပါအုံး မျှော်နေတယ် ။

Zin10317762 said...

့စာတွေကိုဆက်တိုက်ဆက်ရေးစေချင်တယ်။ ဒီလိုပါဘဲ အလှည့်အပြောင်းတွေရှိတဲ့အခါ နားလည်လက်ခံရမှာပေါ့၊ ဒီလိုတိုက်ခိုက်မှုတွေကို အမြဲတမ်း ဖြေရှင်းခဲ့ဖူးသူဆိုတာကို မမေ့သေးဖူးဆိုရင် စာတွေဆက်ရေးဖို့ အားတွေဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်ု။ စာရေးတဲ့သူဟာ စာတွေကို အမြဲဆက်ရေးနေဖြစ်ရင် အရေးအသားတွေပိုတက်လာမယ်လို့ ထင်မိတယ်၊ အမြဲတမ်းအားရင်လာဖက်ဖြစ်ပါတယ်

Anonymous said...

စာတွေဘာလို့ ဆက်တိုက်ဆက်မရေးတာလဲ။ စာတွေအများကြီးဆက်ရေးစေချင်တယ်။ စာရေးဆရာတယောက်ဟာ စာတွေကို အမြဲတမ်း ရေးနေမယ်ဆိုရင် အရေးအသားတွေတတ်လာတယ်လို့  ကြားဖူးလို့ ပါ၊ ဝေဖန်မှုတွေကြောင့်လူတွေဟာဖြစ်ချင်တာကိုမလုပ်တော့ဘဲ ဖြစ်သင့်တာတွေကို လုပ်ဆောင်သွားကြရတဲ့သူ တွေရှိတယ်ဆိုတာ သိလိမ့်မယ်လို့ ထင်ပါတယ်၊
အားရင်စာတွေအမြဲလာဖက်ဖြစ်ပါတယ်။

Anonymous said...

စာမရေးတာကြာပြီနော်။စာရေးကောင်းရဲ့သားနဲ့။ အကိုရေ ဖြစ်နိုင်မယ်ဆိုရင်ပြန်ရေးစေချင်ပါတယ်။
အလုပ်မအားလို့ဆိုရင်တော့ တောင်းပန်ပါတယ်ဗျာ။ဒါပေမယ့်အတတ်နိုင်ဆုံး ပြန်ရေးစေချင်ပါတယ်.... :)

...အလင်းစက်များ said...

ဘလော့မှာဆို ရုန်းရင်းကြမ်းတမ်းစွာ ပြောဆိုခွင် ရှိသည်ပေါ့. ..... ဒီလိုများဆိုလိုချင်သလားမသိ.... :)

Anonymous said...

အကိုရေးတဲ့ စာတွေ အားလုံးကို စိတ်ဝင်စားတယ်၊၊
သဘောကျတယ်၊၊ ဒါပေမယ် ၊ကွန်မင့်တွေကိုတော့
မုန်းတယ်၊၊ လူတိုင်း ကြားနေ ၀ါဒနှင့် နေကြရင် မကောင်းဘူးလား၊၊

Anonymous said...

miss u