ဒီနေ့ကတော့ လက်စွဲတော်ကင်မရာတလက်နဲ့ အပျော်တမ်း ဓာတ်ပုံဆရာလိုလို ဘာဂလိုတိုတိုပုံစံဖမ်း ဓာတ်ပုံအရိုက်ထွက်ချင်လို့ သွားဖြစ်တာပေါ့…။ ဓာတ်ပုံပို့စ်လဲ မတင်ဖြစ်တာ ကြာလှပြီကိုး…။
***
ဒါက အိမ်က ထွက်ထွက်လာခြင်း လမ်းမပေါ်က ပုံပါ။ အခုလက်ရှိနေတဲ့ နေရာက ကျနော်အရင်နေခဲ့ဖူးတဲ့ နေရာလေးကလို လမ်းကလေးလဲ မရှိသလို၊ ချောင်းသေးသေးလေးနဲ့ တံတားလေးလဲ မရှိပါဘူး။ ဆိတ်ငြိမ်မှု ကင်းသလောက် အရေးပေါ် ရဲကား၊မီးသတ်ကား၊ လူနာတင်ကားတွေရဲ့ အသံကို တနေ့မှာ အနည်းဆုံး ဆယ်ကြိမ်ထက်မနည်း ကြားရတတ်တယ်။ ဒီနေရာကို ရောက်မှ ဆေးခြောက်လာရောင်းတာ ခံရဖူးသလို၊ ငွေတပြားစတကျပ်စ ရသလောက် လာလာတောင်းတာကိုလဲ ခဏခဏ ခံရဖူးတယ်။
အဲဒါ လမ်းဘေးက ပန်းတပွင့်ပါပဲ။ မကြာမီမှာ ညိုးသွားတော့မယောင် ပန်းကလေးက ပွင့်ဖတ်တွေက ဘေးကို တွဲရရွဲကျချင်နေပြီ ဖြစ်ပေမယ့် သူ့ရဲ့ အလှကိုတော့ အစွမ်းကုန် ထုတ်ထားနိုင်သေးတဲ့အလား ထင်မိတယ်။
ဒါလဲ အမျိုးအမည်မသိသော ပန်း…။ ကျနော့်စိတ်ထဲ မြန်မာပြည်က ငုဝါပန်းလိုလို ပုံစံလေးနဲ့ ဆင်လို့။
ငှက်ပျောဖူး…၊ ရွှေပြည်ကြီးမှာတော့ ဘာမှမဆန်းဘူးပေါ့။ ကျနော်ကတော့ အဲဒါကို မြင်ရဖို့ တခေါက်သွားတိုင်း ငါးဒေါ်လာ ၀င်ကြေးပေးရတယ်။ တခါလွမ်း ငါးကျပ်လို့တောင် ပြောရမယ် ထင်တယ်။ :D
ဒီပန်းရဲ့ အရွယ်က တကယ်တော့ ရေသန့်ဘူးခွံအရွယ်သာသာလေးပဲ ရှိတာပါ။ အဲဒါကို ကျနော်က အနီးကပ်ဆွဲယူပြီး စိတ်ရှည်လက်ရှည် ရိုက်လိုက်တော့ အခုလိုပုံလေး ထွက်လာတယ်။
ဒီပန်းခိုင်လေးကို တွေ့တာနဲ့ ထူးခြားမှု တခုကို ချက်ချင်းပဲ သတိထားမိတယ်။ ပန်းခိုင်ကထွက်နေတဲ့ အညှာတံလေးတွေမှာ အခုမှ စပြီးဖူးစ အငုံလေးတွေလဲ ပါတယ်။ ပွင့်လုလု အပျိုရိုင်းလေးလို အပွင့်လေးလဲ ပါသလို အစွမ်းကုန် ပွင့်လို့ လှချင်တိုင်း လှနေတဲ့ အပွင့်လဲ ရှိနေတယ်။ အဲဒီလိုပဲ ကြွေကျညှိုးရော်လို့ အပွင့်နေရာမှာ သွေ့ခြောက်လို့တောင် နေပြီဖြစ်တဲ့ အရာလေးတောင် ရှိလို့…။ ကျနော်တို့ လူ့ဘ၀တွေလဲ ဒီပန်းခိုင်လေးနဲ့ ဘာများခြားသေးလို့လဲ… … …။
Domes ထဲမှာ အခု မြင်ရတဲ့ စာဘုန်းကြီးလို ငှက်ကလေးတွေကိုလဲ မွေးထားတယ်။ ဒီကောင်ကလေးတွေက အသံစိုးစိုးစီစီနဲ့ ဟိုပျံလိုက်၊ ဒီဝဲလိုက်လုပ်နေတာ…။ မြန်ကလဲမြန်လွန်းတော့ ပုံရိုက်ရတာ အရမ်းခက်ခဲလှတယ်။ ဒီလောက် လှတဲ့ငှက်ပုံကို ရအောင်ရိုက်မယ်ကွာ ဆိုပြီး အားမလျှော့ဘဲနဲ့ တနာရီလောက်အထိ အချိန်ပေးပြီး လိုက်ရိုက်နေရင်းက ဒီငှက်ကလေး လာနားတဲ့အချိန်မှာ နောက်က နေရောင်ကလဲ မီးဆလိုက်ထိုးပေးထားသလို ဖြစ်တဲ့အခိုက်နဲ့ ကျနော် လိုချင်တဲ့ အကွာအဝေးကလဲ ကွက်တိဖြစ်သွားတော့ အခုလို ပုံလေးတွေ ရလာတယ်။ ဒီတခေါက် Domes ကို သွားတဲ့အခါမှာ အခု ရလာတဲ့ ငှက်ပုံလေးတွေကိုတော့ ကျနော် အားရနှစ်သက်မှု အရှိဆုံးပါပဲ..။ သဘောအကျဆုံးက ငှက်ကလေး ထပျံသွားခိုက်ပုံလေးပါ။
Domes မှာ အပင်တွေ စိုက်ပြထားသလို၊ ပန်းချီနဲ့ ဓာတ်ပုံ အရောင်းပြခန်းလေးတွေလဲ ရှိတယ်။ အဲဒါ ပြခန်းတွေကို လိုက်ကြည့်ရင်းနဲ့ ကျနော် ဒီပုံကို သူတို့ အရောင်းစာရင်းမှာ တွေ့လာတယ်။ အမရပူရက ရိုက်လာတာတဲ့…။ ရောင်းဈေးကတော့ ဒေါ်လာ ၆၅၀…။ သူက နိုင်ငံအလိုက်ကိုယ်စားပြုတဲ့ သဘောမျိုးနဲ့ ဥပမာ…၊ တရုတ်ဆိုရင် ဘုံကျောင်းလေးတွေ နောက်ခံနဲ့ပုံလိုမျိုး၊ ထိုင်းဆိုရင် ရေပေါ်ဈေးမှာ ဈေးရောင်းနေတာကို အပေါ်စီးကနေ ရိုက်ထားတာမျိုးပါ။ ကျနော်တို့ မြန်မာကို ကိုယ်စားပြုအနေနဲ့ သာသနာ့အရိပ်အ၀ါ ထင်ဟပ်တဲ့ အခုလို ဘုန်းတော်ကြီးနှစ်ပါးရဲ့ ပုံကိုပြထားတာကို စိတ်ထဲ အတော်ကျေနပ်မိတယ်။
Domes က ပြန်ထွက်လာပြီး အဲဒီနား မနီးမဝေးက မြစ်ဘေးမှာ ဟိုဟိုဒီဒီ လိုက်ငေးဖြစ်သေးတယ်။ ဒါနဲ့ အဲဒီ ဘဲမောင်နှံ (နှစ်ကောင် အတူတွေ့လို့ ခပ်တည်တည်နဲ့ မောင်နှံလို့ ရမ်းတုတ်ရတာ၊ အထီးနှစ်ကောင်၊ အမနှစ်ကောင်လဲ ဖြစ်ချင်ဖြစ်နေမှာ) ကို မြင်တော့ ရိုက်ဖြစ်လိုက်သေးတယ်။
***
စာကောင်းကောင်း မရေးဖြစ်တော့ အခုလိုပဲ ဓာတ်ပုံပို့စ်နဲ့ နှိပ်စက်ပါရစေဦး…။ အားနာပါးနာ ကြည့်ပေးသွားရင်ပဲ ကျေးဇူးတင်ပါတယ်။
***
ကလိုစေးထူး

9 comments:
ဓာတ်ပုံတွေ လာကြည့်သွားပါ၏။
စာဘုန်းကြီးရယ် လူဘုန်းကြီးရယ် ဘဲမောင်နှံပုံရယ် သဘောကျတယ်။
ပန်းတွေကတော့ သိပ်မထူးခြားသလိုပဲ။
ဓာတ်ပုံလေးတွေ လာကြည့်သွားတယ် အစ်ကိုရေ့ ။ အရင်လို စိတ်ညစ်နေလား ဆိုတဲ့ ပို့စ်မျိုးလေးတွေလည်းရေးပါအုံးး ။
:)
Hi, I have been visiting your blog. ¡Congratulations for your work! I invite you to visit my blog about literature, philosophy and films:
http://alvarogomezcastro.over-blog.es
Greetings from Santa Marta, Colombia
ခရီးသွား မှတ်တမ်းလေးကိုခံစားခဲ့ပါတယ်
ပန်းကြိုက်သူဆိုတော့ပြောဖို့မရှိတော့ပါဘူး
ဌက်ကလေးတွေကလဲချစ်ဖု့်ကောင်းသလို
ဘုန်းကြီး၂ပါးပုံတော်ကလဲပန်းချီဓါတ်ပုံလို့
မထင်ဘူး တစ်ကယ့်ပုံလို့ထင်နေတာ
ခင်မင်တဲ့ jasmine
လာလည်သွားပါတယ်... ကျနော့် သီချင်းဆိုဒ်ဆီကိုလည်း လာပြီး အပန်းဖြေပါဦး..
Myanmar Online Mp3 Songs: http://www.myanmaronlinemusic.com
ကျေးဇူးပါ...
免費視訊,愛的蔓延,
情趣用品,性感睡衣,丁字褲,
飛機杯,自慰套,自慰器,
電動按摩棒,按摩棒,跳蛋,
NPG,TENGA,充氣娃娃,
角色扮演服,威而柔,
ငှက်ကလေးကလှတယ်ဗျ...
ကျေးဇူးပါ......
I have an interesting blog about news, event and incidentы at http://www.sknyatino.blogspot.com and I'am looking for new friends
Post a Comment