Tuesday, January 20, 2009

လွတ်လပ်မှု Vs ဟိရီသြတ္တပ္ပ

လောကမှာ လူတိုင်းဟာ လွတ်လပ်မှုကို ခုံမင်ကြသူတွေချည်းပါပဲ။

ဒါပေမယ့် လွတ်လပ်မှုဆိုတာကို ကျနော်တို့ ဘယ်လို နားလည်ကြမလဲ။ စည်းလွတ်ဘောင်လွတ် ပြောချင်၊ နေချင်တာကို လွတ်လပ်မှုကို ခုံမင်တာပါလို့ တံဆိပ်ကပ်သင့်သလား။ လွတ်လပ်မှုနဲ့ ပရမ်းပတာနိုင်မှုကို ခွဲခြားနိုင်မှုအတိုင်းအတာဟာ ဘယ်လောက်အထိ လိုအပ်နေသလဲ။

အဲဒီလိုတွေ တွေးမိလိုက်တော့... ... ...။

***

၁၉၉၈ ခုနှစ်လောက်က လို့ ထင်ပါတယ်

မြန်မာနိုင်ငံ ဂီတလောကကို လှုပ်ခတ်သွားစေမယ့် Hip Hop ဆိုတဲ့ ဂီတကို လူငယ်တစုက သယ်ဆောင်လာခဲ့ကြတယ်။

`အကုန်လုံးထကြ~~~ အကုန်လုံး ထက~~~ သီချင်းတွေက အခုအခါတော့ စိတ်မှာ မြူးကြွ~~~ တချို့တွေက အမုန်း~~~ တချို့တွေက အပြုံး~~~~ နားထောင်ပြီး မင်းတို့ ဝေဖန်ပေးကြဦး´

အက်ဆစ်လို့ အမည်ပေးထားတဲ့ လူငယ်အဖွဲ့ရဲ့ မြူးကြွပြီး ခပ်ဆတ်ဆတ်လေသံဟန် ဆိုပေါက်နဲ့ ဟစ်ဟော့ပ် စာသားတွေဟာ အဲဒီတုန်းက လူငယ်တွေကို သတိပြုမိစေသလို အဲဒီတခွေတည်းနဲ့ အက်ဆစ် အဖွဲ့ဟာလဲ မြန်မာပြည် ဟစ်ဟော့ပ်ရဲ့ သမိုင်းသစ်ကို စတင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Theory ... ... ...၊ အဲဒီ အဲဒီနောက်ပိုင်း ဒီဘက်တွေမှာတော့ စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ ရသ၊ ဂျေမီ... ... ...။ အခုများတော့လဲ ဟစ်ဟော့ပ်ဆိုတာ မြန်မာပြည်မှာ တွင်တွင်စီးနေတဲ့ ဂီတမြစ်တစင်းနဲ့ကို တူလို့... ... ...။

***

ပြီးခဲ့တဲ့ တရက်နှစ်ရက်ကပါ။



Bi Weekly Eleven မှာ ထူးထူးခြားခြား သတင်းတပုဒ်ကို ဖတ်လိုက်ရပါတယ်။ `မြန်မာ့ယဉ်ကျေးမှု အစဉ်အလာနှင့် လူနေမှု စနစ်အား ထိခိုက်နိုင်သော ဆင်ဆာမဲ့ မြန်မာသီချင်း ညစ်ညမ်းခွေများ သိန်းနှင့်ချီ ပျံ့နှံ့လျက်ရှိ´ တဲ့။

အဲဒီ သတင်းဆောင်းပါးကို ဖတ်ကြည့်တော့ ဒါဟာ ရေးသင့် ရေးထိုက်တဲ့ သတင်း ဖြစ်သလို သတင်းထဲမှာ ပါတဲ့ အချက်အလက်တွေ အရသာဆိုရင် မြန်မာပြည်တွင်းက ဆယ်ကျော်သက်လူငယ်တွေအတွက် ကောင်းတဲ့ အလားအလာ တခု မဟုတ်တာကို သတိပြုနားလည်မိလို့ အဲဒီသတင်းကို ရေးသားတင်ပြသူ ဂျာနယ်တိုက်ကိုပါ ကျေးဇူးတင်မိတယ်။

နောက်တော့ အင်တာနက်တခွင် ပြဲပြဲစင်အောင် လိုက်လံမွှေနှောက်ပြီး အဲဒီ ဂျောက်ဂျက်ဆိုသူရဲ့ သီချင်းတွေကို ရှာဖွေ နားထောင်ကြည့်လိုက်တော့၊ လားလား... ... ...။

သို့သော်... ... ...။

***



နောက် နှစ်ရက်လောက်ကြာတော့ ခေတ်ပြိုင် သတင်း ၀က်ဘ်ဆိုက်ကနေ သတင်းတပုဒ်တက်လာတယ်။ `ဂျောက်ဂျက် ၀န်ခံကတိထိုးရ၊ ဆင်ဆာမဲ့ခွေနှင့် မပတ်သက်ဟုပြော´ ...တဲ့။ စိတ်ထဲကနေ ချက်ချင်းပဲ တွေးမိတာက ကောင်းတာပေါ့၊ ၀န်ခံကတိထိုးရတာထက်စာရင် ထိုက်သင့်တဲ့ သတိပေးတားမြစ်မှုတောင် လုပ်သင့်သေးတယ်လို့ တွေးလိုက်မိပါသေးတယ်။

ဒါတောင် ခေတ်ပြိုင်ရဲ့ သတင်းထဲမှာ `ဟစ်ဟော့နှစ်သက်သူ လူငယ်တဦးက´ လို့ အမည်တပ်ထားတဲ့ ပြောစကားတချို့မှာ ဘ၀င်မကျစရာတွေ ပါနေသေးပေမယ့် ဒါဟာ ဂျာနယ်တိုက်ရဲ့ အာဘော်မဟုတ်တန်ကောင်းပါရဲ့လို့ ဖြေတွေးမိတယ်။

ဒီလိုနဲ့ သတင်းတွေ လိုက်ဖတ်ရင်း Mizzima သတင်းဂျာနယ်ကို ဖတ်မိတဲ့ အခါမှာတော့... ... ...။

***



ဆောင်းပါးရှင် နေသန်မောင် ရဲ့ `စည်းကမ်းပြည့်ဝသော သတင်းများနဲ့ Hip Hop ငိုညည်းသံများ´ ...တဲ့။

ခေါင်းစဉ်မှာ `စည်းကမ်းပြည့်ဝသော´ လို့ အမည်စတပ်ထားကတည်းကိုက ဆောင်းပါးရှင်ကတော့ ဟိုလူကြီးများရဲ့ လက်သုံးစကားကို ငေါ့ထေ့ထေ့ လုပ်ထားလေပြီလို့ သဘောပေါက်မိတယ်။ သူတို့ကလဲ `စည်းကမ်းပြည့်ဝသော´ ဆိုတာကို ခဏခဏ သုံးကြတာကိုး။ ထားတော့။

အဲဒီဆောင်းပါးတပုဒ်လုံးကို အနုလုံပဋိလုံ ဖတ်ပြီးတော့ ကျနော်နားလည်လိုက်တာကတော့ မြန်မာပြည်မှာ ဟစ်ဟော့ပ် ဆိုတာဟာ တော်လှန်ရေးတခုလို ဆင်နွှဲပြီးတော့ အနှိမ်ခံပြီးမှ နေရာရလာတာ၊ ဟစ်ဟော့ပ်ကို အခုဆိုရင် လူငယ်တွေ အားလုံးကလဲ အားပေးနေပြီ၊ ဂျောက်ဂျက်တို့ဆိုတဲ့ သီချင်း မိုက်ရိုင်းတယ်ထင်ရင် နားမထောင်ဘဲနေရုံရှိတယ်။ နောက်ဆုံး အနှစ်ချုပ်ရရင် ဒီလို သီချင်းတွေ မရှိသင့်ဘူးလို့ ပြောနေ၊ရေးနေကြသူတွေဟာ လူငယ်တွေကို နားလည်မှု မရှိကြသူတွေ၊ ဒီထက်ပိုပြောရရင် နေပြည်တော်အရပ်က `စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ´ ဆိုတာကြီးနဲ့သာ ထိုက်တန်သူတွေ စသဖြင့် စသဖြင့် အငေါ်တူးထားတာတွေကို ရလိုက်၊ နားလည်လိုက်တယ်။


***

ကျနော့် မိတ်ဆွေ အမေအရွယ်၊ အဒေါ်အရွယ် အမအရွယ်၊ နှမအရွယ်များ ခင်ဗျာ။ နားနဲ့မနာ ဖ၀ါးနဲ့နာပါ။ ကျနော်တို့က `ဒါဟာ လူငယ်တွေရဲ့ ထွက်ပေါက်ပဲ၊ လွတ်လပ်မှု တခုပေပဲလို့ နားလည်ပေးသင့်တယ်´ ဆိုတဲ့ ဂျောက်ဂျက်ရဲ့ သီချင်းတပုဒ်က စာသားတချို့ကို အောက်မှာ ရှုပါ။

`ဘဲတကာနဲ့ ~~~ ပတ်ပြီးတော့ ဗျင်းလိုသည့် ဆော်တွေကိုလဲ ဗွီအိုင်ပီက ~~~ စောက်ထင်ကို မကြီး~~~´
`ဘော်ဒီကြီးက စောက်ရမ်း တောင့်ရဲ့သားနဲ့ ~~~ ရောက်တဲ့နေရာ~~~ စောက်ခွက်ကြီးကို ကောက်မယ့်အထာ~~~´
`သူ့ကိုယ်သူ~~~ အမှန်လေးပါတဲ့~~~ အမှေးလန်နေပြီ~~~ သူ့ကိုယ်သူ အမှန်လေးပါတဲ့~~~ အမှေးလန်နေပြီ~~~ အမှန်လေးပါပဲ~~~ အခုတော့ အမှေးလန်နေပြီ´

***

ခေတ်ပြိုင်သတင်းထဲက ဟစ်ဟော့ပ်နှစ်သက်သူ လူငယ်တဦးက ဆိုတဲ့စကားမှာ `ဂျောက်ဂျက်သီဆိုတဲ့ ဟစ်ဟော့ပ်မှာ ညစ်ညမ်းတာပါတယ်၊ ဟုတ်တယ်၊ ဒါ သူ့အသိုင်းအ၀န်းနဲ့ နီးစပ်တဲ့ အရာတွေထဲက သူရထားတဲ့ အတွေ့အကြုံပဲ´ လို့ ရေးထားပါတယ်။ အထက်မှာ ကျနော် တင်ပြထားတဲ့ ဂျောက်ဂျက်စာသားတွေဟာ ဘယ်လို အသိုင်းအ၀န်း ဘယ်လိုအရာတွေကနေ ရထားတဲ့ အတွေ့အကြုံတွေပါလဲ။

နေသန်မောင် ဆိုတဲ့ ဆောင်းပါးရှင်ကလဲ `ကိုယ်မကြိုက်တာနဲ့ လူငယ်တွေရဲ့ ခပ်ကျဉ်းကျဉ်းလေးပဲ ရှိတဲ့ လုပ်ပိုင်ခွင့်တွေကို ခြိမ်းခြောက်မှုတွေ၊ အကြောက်တရားတွေနဲ့ လိုက်ဖုံးအုပ်ဖို့ ကြိုးစားနေတာက အင်မတန် ရှက်ဖို့ကောင်းတဲ့ အဖြစ်ပါပဲ´ လို့ ရေးထားပြန်တယ်။

ရှက်ဖို့ကောင်းတယ်ဆိုတာဟာ ဆောင်းပါးရှင်က ဘာကို ဆိုလိုတာပါလဲ။ တကယ်တမ်း ရှက်ဖို့ကောင်းတယ်လို့ သတ်မှတ်သင့်တာက မောင်နဲ့နှမ သားနဲ့အမိ ကြားလို့မှ မတော်တဲ့ စာသားတွေကို ထမင်းစားရေသောက်သလို သီဆိုသွားတဲ့ အဲဒီ ဂျောက်ဂျက်ဆိုတဲ့ လူငယ်မဟုတ်ပေဘူးလား။

တကယ်တော့ အဲဒီ သီချင်းတွေကို ဖန်တီးသူ ဂျောက်ဂျက်ဆိုတဲ့ လူငယ်ဟာ အနုပညာစွမ်းပကား သေးပုံမရတာကို သူ့ရဲ့ ညစ်ညမ်းစာသားတွေ မပါတဲ့ တခြားသောသီချင်းတွေက သက်သေခံနေပါတယ်။ ဒီလောက်တောင် ညစ်ပတ်စုတ်ပြတ်နေတဲ့ စာသားတွေကိုသာ မသုံးစွဲရင် နားထောင်ရအဆင်ပြေပြီး သူသည်လည်း အောင်မြင်တဲ့ ဟစ်ဟော့ပ် အဆိုတော်တယောက်ဖြစ်လာမှာ အသေအချာပါ။ ဒါကြောင့်လဲပဲ သူတို့ပထမ (တရားဝင်မဟုတ်ဘဲ) ထွက်ခဲ့တဲ့ အခွေကို အားပေးခဲ့တဲ့ မနည်းလှတဲ့ လူငယ်တွေ ရှိခဲ့တာပါ။ ဒါတောင် `ဗလာကြီး လာမစားနဲ့~~~ မင်းစောက်ခွက်ကြီး ရာသီလာသွားမယ်~~~´ ဆိုတဲ့ စာသားမျိုး `နင်ထမင်းစားပြီး ကြီးတာလား -ီးစားပြီး ကြီးတာလား~~~~ -ီးစားပြီး ကြီးရင်တော့ ~~~ နင်ဖီးလ်အားကြီး ရှိလိမ့်မယ်´ ဆိုတဲ့ စာသားတွေဟာ ရိုင်းစိုင်းတဲ့ အသုံးအနှုံးတွေပါ။ အခု ဒုတိယမြောက်ခွေကတော့ ကမ်းကုန်သွားတယ်လို့ကို ပြောရမှာပါ။

ကျနော်တို့ ရိုးရိုးလေးပဲ စဉ်းစားကြည့်ရအောင်ပါ။ ကျနော်တို့ မအေတွေ၊ နှမတွေကို တယောက်ယောက်ကများ..အဲဒီ အထက်ပါ သီချင်းစာသားတွေနဲ့ လမ်းမှာ ထိကပါးရိကပါးလုပ်ခဲ့ရင် ကျနော်တို့ ဘယ်လိုနေမလဲ။ `အာ...၊ ဒါလူငယ်တွေရဲ့ ထွက်ပေါက်ပဲ၊ ဟစ်ဟော့ပ်ဆိုတာ ရီဗော်လူးရှင်း၊ နင်တို့က ဒါလေးတောင် နားမလည်ဘူးလား´ ဆိုပြီး ကိုယ့်နှမကိုယ် ပြန်နားရင်းရိုက်ပြီး ဟိုသီချင်းဖန်တီးရှင် မောင်တွေကို `မောင်ရင်တို့ သီချင်းတွေ မိုက်တယ်ကွာ၊ ဆက်ချ´ လို့ အားပေးရမှာလား။ နည်းနည်းတော့ စဉ်းစားကြည့်ဖို့ ကောင်းပါတယ်။ `စိစစ်ရေးက ပိတ်တာဟေ့´ လို့ ဆိုတိုင်း `ဟာ...၊ ဒါတော့ မတရားတာပဲကွ၊ မြန်မာပြည် စိစစ်ရေး ဒီလိုချည့်ပါပဲကွာ´ လို့ ၀ါးလုံးချေးသုတ်ရမ်းတာမျိုးတော့ ကျနော့် တဦးတည်း အမြင်အရ အားမပေးလိုတာ အမှန်ပါ။

လူမျိုးတိုင်းမှာ ယဉ်ကျေးမှုဆိုတာ ရှိပါတယ်။ ဟိရီသြတ္တပ္ပ ဆိုတဲ့ အရှက်အကြောက် တရားဆိုတာ ရှိပါတယ်။ နိုင်ငံတကာက လူနေမှုကို ခေတ်ရဲ့ အလိုက်အထိုက်နဲ့အညီ မှီရ၊ လိုက်ရတာတွေ ရှိတာကို လက်ခံနိုင်ပေမယ့် ကိုယ့်လူမျိုးရဲ့ `ယဉ်ကျေးမှုစံ´ ဆိုတာလေးကတော့ မမေ့သင့်ပါဘူး။ အဲဒါကို ထိန်းသိမ်းနေတာက ကျနော်တို့ ဆန့်ကျင်နေတဲ့ စစ်အာဏာရှင်ဖြစ်နေရင်လဲ ဒါဟာ ကောင်းတဲ့အလုပ်မို့ ကျနော်တို့ လက်ခံပေးရပါလိမ့်မယ်။ ကိုယ်တိုင်ကလဲ တတ်နိုင်တဲ့ဘက်ကနေ ကိုယ့်လူမျိုးဂုဏ် ကိုယ်မြှင့်ရပါတယ်။ ဒီလိုမှ မဟုတ်ရင် တချိန်ချိန်မှာ အမေဖြစ်သူကို သားဖြစ်သူက `ဗလာကြီး လာမစားနဲ့~~~ စောက်ခွက်ကြီး ရာသီလာသွားမယ်´ ဆိုတဲ့ သီချင်းမျိုးနဲ့ ပြန်ပြီး ကလော်တုတ်လာမယ့် အခြေအနေမျိုးကို မရောက်နိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။

ဒါတွေကို ရေးလို့ `မင်းက ဟစ်ဟော့ပ်ကို ဘယ်လောက်နားလည်လို့တုန်း´ လို့ မေးလာရင်လဲ `ဟုတ်ကဲ့၊ နားမလည်ပါဘူးခင်ဗျာ၊ ဒါပေမယ့် ခံစားလို့ရတဲ့ သီချင်းတွေကိုတော့ အားပေးခဲ့ပါတယ်´ လို့ သာ ပြန်ဖြေရုံရှိပါတယ်။ ဒါပေမယ့် ကျနော် အထက်မှာ ရေးထားတဲ့ စာသားတွေကိုတော့ ဘယ်လိုစိတ်နဲ့မှ ခံစားလို့မရသေးပါ။ အဲဒါကို `ရှက်ဖို့ကောင်းတယ်´ လို့ သတ်မှတ်ရင်လဲ ငြိမ်ခံရမှာပါပဲ။ `မင်း ဒီလောက်ကလေးမှ နားမလည်ဘူးလား၊ ခေတ်မမှီဘူးလား´ ဆိုရင်လဲ အဲဒီလို ခေတ်မျိုးတော့ ကျနော် မမှီချင်တာ အမှန်ပါ။

MFG အဖွဲ့ပေါ်လာတုန်းက အားပေးခဲ့ကြတာပဲလို့ ပြန်ထောက်စရာရှိပါတယ်။ ဒါပေမယ့် MFG အဖွဲ့ကို လူငယ်တွေ အားပေးခဲ့ကြတဲ့ ပုံစံနဲ့ အခု ဂျောက်ဂျက်အဖွဲ့ကို လူငယ်တွေ အားပေးနေကြတဲ့ ပုံစံက အနှစ်သာရခြင်း တခြားစီကွာခြားတာကို သတိထားသင့်ပါတယ်။ စာသားဖော်ကျူးမှုတွေက တခြားစီပါ။

တကယ်ဆို မြန်မာဂီတပရိသတ်ဟာ ရှေးရိုးစွဲတွေ မဟုတ်ပါဘူး။ အက်ဆစ်အဖွဲ့ရဲ့အခွေ ထွက်လာတဲ့ အချိန်တုန်းက `ငါတို့ထဲက တယောက်ကို လာထိရင်~~~ အက်ဆစ်နဲ့ လောင်မြိုက်ခံရမယ်ဆိုတာ~~~ မင်းတို့သိစေချင်´ ဆိုတဲ့ ခပ်မိုက်မိုက်စာသားတွေ၊ ပန့်ခ် အဆိုတော် ဘစ်ဘက်အဖွဲ့ရဲ့ သီချင်းတပုဒ် `စိတ်ညစ်ရပါလား´ ဆိုတဲ့ သီချင်းထဲက `ကျောင်းကို ရောက်တော့လဲ ဆော်တွေက တယောက်မှ မိုက်တာမရှိ´ `ငါ့ကို အဘိုးကြီးက အော်ဆဲ၊ ဘာတွေလဲ စိတ်ညစ်ရပါလား´ ဆိုတဲ့ သီချင်းစာသားလိုမျိုးတွေလောက်ကို ဘယ်သူကမှ စကားထဲထည့်လုပ် ပြောခဲ့တာ မဟုတ်ပါဘူး။ ခေတ်ရဲ့ ရေစီးကြောင်း တခုပဲလေ ဆိုပြီးတော့ပဲ အများစုက လက်ခံအားပေးခဲ့ကြတာချည်းပါ။ မင်းမင်းလတ်တို့ လက်ထက်တုန်းကတောင် `လမ်းကလေးလျှောက်ရင် တင်ကို လှုပ်တယ်´ လို့ ထည့်ဆိုခဲ့ကြသေးတာ မဟုတ်ပါလား။ ဒါပေမယ့် လူအများနားလည်လက်ခံနိုင်တဲ့ ဘောင်ကို ကျော်ပြီးတော့ ရုန့်ရင်းကြမ်းတမ်းလွန်းတဲ့ အဆင့်ထိ ဖြစ်လာရင်တော့ ဒါကို တားရဆီးရမှာပါပဲ။ ခေါ်ယူသတိပေးတာတွေ၊ ၀န်ခံကတိထိုးခိုင်းတယ် ဆိုတာတွေဟာ နေရာတိုင်းမှာ တရားနေတာမဟုတ်သလို နေရာတိုင်းမှာ မတရားလုပ်နေတာလို့လဲ ကျနော်တို့ ပြောနေလို့ မရပါဘူး။

ကျနော်တို့ အက်ဆစ်အဖွဲ့ကနေ သီအိုရီ၊ ရဲလေး၊ စိုင်းစိုင်း၊ ရသ၊ ဂျေမီ တို့အထိတိုင်အောင် ဟစ်ဟော့ပ်ကို အားပေးနေခဲ့ကြတဲ့ အနှစ်သာရဟာ `ဟစ်ဟော့ပ်က ပွင့်လင်းတယ်၊ ဒီလိုလဲ ရိုင်းချင်ရိုင်းမယ်´ ဆိုတဲ့ နားလည်မှုမျိုး မဟုတ်ပါဘူး။ ပွင့်လင်းတာနဲ့ ရိုင်းတာက တခြားစီပါ။ ဒီအခြေခံလေးကိုသာ နားလည်ထားရင် နောက်ထပ် ဘယ်လိုဂီတအသစ်မျိုးတွေ ထပ်ပေါ်လာပါစေဦး၊ လက်ခံနားဆင်လို့ ရနေဦးမှာပါ။

***

ကျနော်တို့အားလုံးဟာ လွတ်လပ်မှုကို လိုချင်ကြပါတယ်။ `စည်းကမ်းပြည့်ဝသော´ လို့ ခေါင်းစဉ်တပ်ပြီး သူများက ဗိုလ်ကျဆရာလုပ်တာကို မခံချင်ရင် ကိုယ်တိုင်ကလဲ `လွတ်လပ်မှု´ ဆိုတာဘာလဲဆိုတာ နားလည်ဖို့တော့ လိုပါလိမ့်မယ်။

ပရမ်းပတာဆန်တာနဲ့ လွတ်လပ်တာဟာ တခြားစီပါ။

***

ကလိုစေးထူး



(ဆောင်းပါးကို ထိထိမိမိဖော်ပြချင်တဲ့အတွက် သီချင်းစာသားတွေကို မူရင်းအတိုင်း တင်ပြရတဲ့အတွက် တောင်းပန်လိုပါတယ်။ ဓာတ်ပုံတွေကိုတော့ ခေတ်ပြိုင်နဲ့ Eleven ၀က်ဘ်ဆိုက်ကနေ ယူငင်ဖော်ပြပါတယ်)

226 comments:

«Oldest   ‹Older   1 – 200 of 226   Newer›   Newest»
MANORHARY said...

ပျောက်နေတာကြာပြီလို့တွေးနေတုန်းပို့စ်အသစ်ဖတ်လိုက်ရ
တာပဲ၊အဲဒီအကြောင်းကိုမနေ့တစ်နေ့ကလည်းဘလော့ကာ
တစ်ယောက်နဲ့ပြောဖြစ်သေးတယ်။အင်း..၀မ်းစာမပြည့်မှု
တွေနဲ့ဘယ်ဟာကလွတ်လပ်မှုအစစ်ဆိုတာကိုအသိကြတာ
ပါပဲ...

မောင်မျိုး said...

ဟစ်ဟော့ ဆိုပြီး ပရိသတ်ကို ရန်ဖြစ်ပြနေတဲ့ ဆဲပြနေတဲ့ သီချင်းတွေကတော့စိတ်ကုန်ပါတယ် အစ်ကိုရာ ပြောတော့သာ ခေတ်ရေစီးကြောင်းတဲ့ မိုက်ရိုင်းတာသာ ခေတ်ဆိုရင် ခေတ်ကြီးကရိုင်းနေလို့ပဲ ။

http://mirror-4d.blogspot.com/2009/01/blog-post_05.html ဒီမှာ သူရေးထားတာဖတ်ရတည်းက စိတ်မောသွားတယ်။ မေးလ်ထဲသူငယ်ချင်းတစ်ယောက်ပို့တုန်းက နားထောင်ရတာ ၀ိုး လန့်သွားတာပဲ ဆဲနေတာပဲဆိုပြီး ဒါမျိုးကို အင်တာနက်မှာပဲပျံ့နေတာ ပြည်တွင်းကတော့ ခွင့်ပြုမှာမဟုတ်ဘူးပေါ့ စည်းကမ်းပြည့်ဝတဲ့ စီစစ်ရေးအဖွဲ့တွေက ခွင့်ပြုတာတော့ အံ့သြမိတယ် ။ အစ်ကိုစေးထူးပျောက်နေတာကြာတော့ နေများမကောင်းလို့လားဆိုပြီး မေးလ်ပို့ဖို့တောင်စဉ်းစားနေသေးတာ စာတွေပြန်ဖတ်ခွင့်ရတာ ၀မ်းသာပါတယ် အဆင်ပြေပါစေ ။

လင်း said...

ဟုတ်တယ် ။ကိုမျိုးလို ပဲ အဲဒိသီချင်းကို မေးလ်ထဲကနေပို့ ပေးလို့ နားထေင်ရတုန်းက ဘယ်နှာကြီးပါလိမ့်လို့ ထင်မိတယ်။စီစစ်ရေးကတော့ ခွင့်မပြုဘူးထင်ခဲ့တာ။ ကြည့်ရတာ စာသားခွင့်ပြုချက်တင်တုန်းက မျက်လှည့်ပြလိုက်တယ် ထင်ပါ့။ အရမ်းရိုင်းတာတော့ အမှန်ပဲ။

mirror said...

စာတွေပြန်ဖတ်ရတာ ၀မ်းသာပါတယ် အစ်ကို။
အမြဲရောက်ဖြစ်ပေမယ့် ဘာမှမရေးဖြစ်ခဲ့ပါဘူး။
ခုတော့ ဒီအကြောင်းကိုပဲ ညီမလဲမတောက်တစ်ခေါက်လေး ရေးထားတာရှိလို့ပါ။

ဘာတွေဖြစ်ကုန်ကြပြီလဲလို့ပဲ အော်မေးလိုက်ချင်ပါတော့တယ်။

အောင်သာငယ် said...

ညီရေ့... ရေးသင့်တဲ့ အကြောင်းအရာတခုကို ရေးသားတဲ့ အတွက် ကျေးဇူးတင်တယ်... ရေးထားတာလည်း ကောင်းတယ်...
အသစ်ဆိုတာ ခေတ်ကာလအလိုက် ပေါ်ပေါက်နေမှာ မှန်ပေမယ့် အသစ်ဆိုတိုင်း မျက်စေ့မှိတ် လက်ခံလို့လည်း မဖြစ်သေးဘူး မဟုတ်လား...
အသစ်ထဲက ကောင်းတာကို ယူ - ဆိုးတာကိုတော့ ပယ်ရှားပစ်ရမှာ အမှန်ပါပဲ....
အထူးသဖြင့် မိမိ ယဉ်ကျေးမှုကို ပစ်ပယ် ထိခိုက်နေတဲ့ အသစ်မှန်သမျှကိုလည်း တို့တွေက ပစ်ပယ်ကြရမှာပါပဲ...

BLACK DREAM said...

သေချာတာပေါ့အစ်ကိုရာ...။ ကျွန်တော် Hip Hop ကို စိတ်ပျက်တယ်ဆိုတာထက် ဖြစ်ချင်တိုင်း ပရမ်းပတာ ဖြစ်နေတဲ့ သီချင်းတွေနဲ့ အဆိုတော်တွေကို ပိုစိတ်ပျက်မိတယ်...။ နောက်တစ်ခုက အခု ဒီလူငယ် တေကြည့်ရာတာ ရိုင်းရိုင်းဆိုင်းဆိုင်းဆို နိုင်လေ (တရားဝင်အခွေ မထွက်ခင် အခွေကြမ်းမှာ ရိုင်းရိုင်း ဆိုနိုင်လေ) ပရိသတ်ရဲ့ အာရုံစိုက်မှုနဲ့ အားပေးမှုကို ပိုရတယ်ဆိုပြီး...မှားယွင်းတဲ့ အတွေးအခေါ်တွေ ဖြတ်လမ်း အောင်မြင်မှုတွေကို လိုက်နေကြတာလဲ ပါတယ်။

အခုက ဖိအားကောင်းရင် ကောင်းတဲ့သူက ဘာ ဆင်ဆာမှမထိပဲ ဖြစ်ချင်တိုင်း ဖြစ်နေကြတယ်...။ ရင်လေး စရာပဲ...။

နောက်တစ်ခုက ACID က ၂၀၀၀ မှာအခွေတရားဝင် ထွက် လာပါတယ်..။ သူတို့ပေါက်သွားတယ်...။ တကယ်တမ်း မြန်မာ့ဂီတသမိုင်းမှာ Alternative ကို စပေါက်ခဲ့တာ The Ants ဖြစ်ပေမယ့် Big Bag ကြမှာ ပိုပြီးလူသိများလာ သလိုပေါ့...။ Hip-Hop ကို ပထမဆုံး စလုပ်ခဲ့တာ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ရေခဲမြစ် ဆိုတဲ့အခွေပါ..။ ဒါပေမယ့် လုံးဝမပေါက်ခဲ့ပဲ ACID က အရင်ဆုံး စပေါက်ခဲ့လို့ အားလုံးက ACID လို့ထင်သွား တာပါ...။

ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ရာသက်ပန် Rock & Alternative အမာခံပဲ :)

saki said...

Hi,
Writer, this is good comment for young man. Not only young man but also all peoples should mention it as you say so whether good or bad. In deed,I do not have any comment and criticize it. This is good lesson for them.
see you
Take care

မိုးမောင်(happycloud) said...

(((ထောက်ခံပါတယ်)))...
(((ထောက်ခံပါတယ်)))...
(((ထောက်ခံပါတယ်)))...
ဒီပိုစ့်လေးကို ထောက်ခံချင်လွန်းလို့ မနက်၆နာရီထဲက ကိုယ့်ထမင်းချိုင့်နဲ့ ကိုယ် လာစောင့်နေတား)))
မိုက်ရိုင်းတာနဲ့ ပွင့်လင်းတာ ကွဲကွဲပြားပြားသိဖို့ ဟစ်ဟော့သိပ်သိပ်ကြိုက်တဲ့ လူငယ်တွေ သတိထားသင့်တယ်ဆိုတာ ဒီပိုစ့်လေးက လမ်းညွှန်ထားပါတယ်.. ကြိုက်တယ်။

thetoo8 said...

ကိုကလိုစေးထူး
ကျွန်တော်ဟာ ကိုကလိုစေးထူး ရဲ့ စာတွေကို သဘောကျနှစ်သက်ပြီး အားပေးနေသူတယောက်ပါ၊
ဒါပေမယ့် အထက်က ကိုကလိုစေးထူး ရေးထားတဲ့ ဆောင်းပါးနဲ့ ပတ်သက်ပြီး ကျွန်တော် ဘဝင် မကျဘူးဗျာ............
အထက်က ကိုကလိုစေးထူး ရေးထားတဲ့ ဆောင်းပါး နဲ့ ပတ်သက်ပြီး ကျွန်တော်ရဲ့ သဘောထားကို ပြောပြချင်တယ်ဗျာ............
ဒါပေမယ့် ကျွန်တော် ပြောချင်တာတွေက စိတ်ထဲမှာရှိပြီး လက်တွေ့ ချရေးဖို့ကျတော့ မစွမ်းဘူးဖြစ်နေတယ်ဗျာ ၊ ဒီအတွက်လည်း ကျွန်တော်ညံ့ကြောင်း ဝန်ခံပါတယ်ဗျာ........
ဒီလိုနဲ့ ကျွန်တော် ဘလော့တွေ လိုက်ဖတ်ရင်း အာဇာနည် ဘလော့မှာ ဆောင်းပါးရှင် ကိုသူရိန် ရဲ့ (ခေတ်လူငယ်များရဲ့ ပေါက်ကွဲသံစဉ်) ဆောင်းပါးဟာ ကိုကလိုစေးထူးကို ပြောပြချင်တဲ့ ကျွန်တော့်ရဲ့ သဘောထားနဲ့ ထပ်တူမဟုတ်တောင် တော်တော်လေး နီးစပ်တယ်ဗျာ.................
ကိုကလိုစေးထူး အနေနဲ့ အားမယ် အစဉ်ပြေမယ်ဆိုရင် ကိုသူရိန်ရဲ့ ဆောင်းပါးကို သွားရောက် ဖတ်ရှုစေချင်တယ်ဗျာ..................
ဒီကွန်မန့်ကို ကျွန်တော့် ပထမဦးဆုံးအကြိမ် ရေးတာပါ တစ်ခါမှ မရေးဘူးပါ.............
ဒီအတွက် အမှားအယွင်း တစုံတရာ ပါလာခဲ့ရင် ကျွန်တော့်အပေါ် နားလည်ခွင့်လွှတ်ပါလို့ တောင်းပန်ချင် ပါတယ်..................
လေးစားစွာဖြင့်
ကိုတာ

Anonymous said...

ခေတ်လူငယ်များရဲ့ ပေါက်ကွဲသံစဉ်

ပြည်တွင်းက လူငယ်ရဲ့ အသံ

အမှန်ပြောရင် အဲ့လိုကန်ကြလား

ပြောရပြီ။ ဖြစ်ရပ်တခုအပေါ် အနက်ကောက်ယူမှုတွေ အမျိုးမျိုးထွက်လာကြတယ်။
ကျွန်တော့်အမြင်ကိုလည်းပြောချင်လာတယ်။ ရက်ပ်ပါ ဂျောက်ဂျက် underground ထွက်တဲ့သီချင်းကိစ္စပဲ။

လိင်ကိစ္စတွေ၊ ဆယ်ကျော်သက်လူငယ်တွေ အပျော်ကြူးမှုတွေအကြောင်းစာသားတွေ ပါတဲ့ hiphop သီချင်းတွေကို ဂျောက်ဂျက်တို့ဆိုခဲ့ကြတယ်။
ဒီသီချင်းတွေကို ညစ်ညမ်းသီချင်းတွေ၊ အောက်တန်းကျတဲ့သီချင်းတွေ၊ စာရိတ္တပျက်စီးစေတဲ့ သီချင်းတွေ၊ မိန်းကလေးတွေ နားမထောင်သင့်တဲ့သီချင်းတွေလို့ ပိုးစိုးပက်စက်ဝေဖန်ကြတယ်။ ကျွန်တော်ပြောချင်တာတွေတချက်ချင်းထောက်ပြချင်ပါတယ်။

၁ ညစ်ညမ်းသီချင်းတွေလို့ ဘာကြောင့်ပြောရတာလဲ။

ဒီသီချင်းတွေမှာပါတဲ့စကားလုံးတွေကို ဒီလူငယ်တွေကတီထွင်ခဲ့တာလား
သိပ်ကိုသန့်ရှင်းမြင့်မြတ်လှတဲ့ ကျွန်တော်တို့မြန်မာ့လူ့အဖွဲ့စည်းထဲမှာရှိနေခဲ့တဲ့စကားလုံးတွေပဲ
မဟုတ်ဘူးလား။
လူသန်းနဲ့ချီပြောနေကြ ခင်းဗျားတို့ကျွန်တော်တို့ပါးစပ်ထဲက စကားလုံးတွေပဲမဟုတ်ဘူးလား
ဒီသီချင်းတွေက ညစ်ညမ်းတာလား။ ကျွန်တော်တို့လူသားတွေရဲ့ ပါးစပ်ထဲကညစ်ညမ်းမှုတွေကို လူငယ်တွေက တွေ့ပြီးထုတ်ဖော်ပြတာလား။

၂ အောက်တန်းကျတဲ့သီချင်းတွေ

လူငယ်တွေနေ့စဉ်ကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်အကြောင်းကို အမှန်အတိုင်းပြောရင်အောက်တန်းကျသလား။ အမှန်ကိုမျက်ကွယ်ပြုပြီး ဟန်တလုံးပန်တလုံး
အိနြေ္ဒရှိပြတာ မှ အထက်တန်းကျတာလား

၃ စာရိတ္တပျက်စီးစေတဲ့သီချင်းတွေ

သီချင်းတပုဒ်နားထောင်ရုံနဲ့တောင် သီချင်းထဲကလိုလိုက်လုပ်ချင်ရမယ်ဆိုရင် လက်တွေ့ကြုံ
ရမယ်ဆိုရင် ခင်ဗျားတို့ စာရိတ္တတွေခိုင်မာနိုင်မှာလား။ သီချင်းကစာရိတ္တကိုဖျက်တာလား။
စာရိတ္တကိုယ်တိုင်က ယိမ်းယိုင်နေတာလား။

၎ မိန်းကလေးတွေနားမထောင်သင့်တဲ့သီချင်းတွေ

မိန်းကလေးတွေက လိင်ကိစ္စနဲ့မပတ်သက်ရဘူးလား။ ဒါဆိုယောကျားချင်းပဲပတ်သက်ကြတော့
မိန်းကလေးတွေရဲ့အင်္ဂါကို ပါးစပ်က ယောင်တတ်တဲ့ လူကြီးလူုကောင်းများ။ စောက်ရေးမပါတာလို့ပြောတတ်သူများ ပြန်စဉ်းစားပါ ဒါလေးပါးစပ်မှာ ဘာလို့အမြဲငုံထားကြတာလဲ။ မိန်းကလေးတွေကိုယ်တိုင်ရော မသုံးဘူးလား။
မကြားဖူးဘူးလား ဒီစကားလုံးတွေ။ သီချင်းတွေထဲက ဇာတ်ကောင်ပြည့်တန်ဆာမိန်းကလေးတွေ
အပျော်ကြိုက်မိန်းကလေးတွေ၊ သူတို့တွေက အပြင်မှာတကယ်မရှိနေတာတွေလား။
နားရှက်စရာတွေကိုနေ့စဉ် ထမင်းစားရေသောက်ပြောနေကြတာမဟုတ်ဘူးလား။


အဓိကအကြောင်းရင်ကိုရှာကြမယ်ဗျာ။အဝေးကြီးတွေ ကောင်းကင်ဆန်ဆန်စကားတွေ
ခဏချထား မြေကြီးအကြောင်းအရင်စဉ်းစားစို့။
လက်ရှိလူငယ်တွေမှာ သူတို့ရဲ့ အချိန်တွေကို ဘယ်လိုအသုံးချနေရလဲ။
သူတို့ရဲ့ပတ်ဝန်းကျင်မှာဘာတွေဖြစ်နေလဲ။
သူတို့ကပျက်စီးချင်နေသူတွေလား။ ခေတ်ကသူတို့ကိုပျက်စီးစေနေတာလား။
မိန်းကလေးပြည့်တန်ဆာတွေဘာလို့ပေါလာတာလဲ။
ဒီနေ့ခေတ်လူငယ်တွေကို ဘာတွေက ခြိမ်းခြောက်နေတာလဲ။
ဒါတွေဟာ အစိုးရကခွင့်ပြုမထားရင် ရှိနေပါ့မလား။
ကလပ်တွေ၊အနှိပ်ခန်းတွေ၊ပြည့်တန်ဆာရုံတွေကို ဘယ်သူတွေအဓိကဖွင့်လှစ်လုပ်ကိုင်နေတာလဲ။ ဂျောက်ဂျက်ကမေးခွန်းတွေပေးလိုက်တာပဲ။

ဂျောက်ဂျက်ကိုလေးစားတယ်။မြင့်မြတ်လို့မဟုတ်ဘူး။သူရဲကောင်းတယောက်လို့လည်း
မပြောဘူး။ သူဟာ လူငယ်စိတ်အပြည့်ရှိလို့ပဲ။ အမှန်ကို ဖော်ထုတ်ပြရဲလို့ပဲ။
ခင်ဗျားတို့ကိုယ့်ကိုကိုယ်ပြန်မေးပါ။ အမှန်တွေပြောနေကြတာလားဆိုတာ။
တကယ်ဖြစ်နေတဲ့ အခြေအနေကို ခံစားရတဲ့အတိုင်း မှန်တဲ့အတိုင်းထုတ်ဖော်ပြခွင့်
မရနိုင်ရင် လွတ်လပ်စွာထုတ်ဖော်ခွင့်ဆိုတာလည်း ခင်ဗျားတို့ ဆင်ခြင်တုံတရားတွေရဲ့
ခြေဖ၀ါးအောက်မှာပဲ ဖိနပ်လုပ်စီးလိုက်ကြတော့။

“လူတွေကတော်တော်ဟန်ဆောင်ကောင်းချင်ကြတာပဲ”
လူဆိုပြီးဟန်ဆောင်နေတာတောင် တော်တော်လွန်နေပြီဆိုတာလည်း မသိဟန်ဆောင်ထားကြတုန်းပဲ

ဗိုလ်ချုပ်အောင်ဆန်းပါးစပ်က ဖာသယ်ဆိုတဲ့စကား လူသိရှင်ကြားပြောခဲ့တာ ဖာနိုင်ငံကြီးဖြစ်လိမ့်မယ်လို့ ပြောခဲ့တာကျတော့ ဘယ်သူမှနားထောင်ဖို့မရှက်ကြဘူး
ဂျောက်ဂျက်က ဗိုလ်ချုပ်ပြောခဲ့သလို ဖာနိုင်ငံဖြစ်နေတဲ့အကြောင်းပြောတာကျတော့ မိုက်ရိုင်းတယ်ဆိုပဲ။ ညစ်ညမ်းတယ်ဆိုပဲ။

တကယ်ရှက်ရမှာက ဒီလိုအခြေအနေတွေကို လူငယ်တွေမကြုံရအောင် အကာအကွယ်မပေးနိုင်ခဲ့တဲ့ ခင်ဗျားတို့ ကျုပ်တို့တွေမဟုတ်ဘူးလား။
လူဖြစ်ချင်ရင် လူလိုစဉ်းစားကြဗျာ…..
သူတော်စင်စကားတွေသိပ်မပြောကြနဲ့…....

ပြည်တွင်းက ပြန်လာတဲ့ ပြည်ပရောက် လူငယ်ရဲ့ အသံ
ဟစ်ဟော့ ဆောင်းပါးနဲ့ ပါတ်သက်လို့ ပြည်ပမှာလွတ်လွတ်လပ်လပ် ဝေဖန်နိုင်ကြတာတွေ့ ရတဲ့ အတွက်ဝမ်းသာပါတယ်.....

တကယ်တော့ မြန်မာပြည်ထဲမှာ ပိတ်မိနေတဲ့လူငယ်တွေဟာ မျက်စိ၊ နား၊ ဒွါရခြောက်ပေါက်အပိတ်ခံထားရတာပါ။ ကျွန်တော်မြန်မာပြည်ထဲမှာ ၂လနီးပါးခရီးသွားခဲ့တာပါ။ မြန်မာပြည်ထဲက လူငယ်တော်တော်များများက ကျား၊မ မရွေး နှစ်နှစ်ခြိုက်ခြိုက် နားဆင် နေကြတာ တွေ့ ရပါတယ်။ သူတို့ တွေရဲ့ ဘ၀တွေကို အစိတ်အပိုင်းတော်တော်များများ ရောင်ပြန်ဟပ်လို့ ပါပဲ။

ကျွန်တော်ဆိုလိုတာကတော့ မလွတ်လပ်တဲ့ဘ၀တွေမှာ သူတို့ တွေကို အနုပညာကိုတစ်ခုတည်းသောထွက်ပေါက်အနေနဲ့ လွတ်လပ်စွာ ပေါက်ကွဲခွင့်ပေးပါ။ ပြည်ပကလူတွေအနေနဲ့ သူတို့ ကပို့ ပေးတဲ့ message အဖြစ် နားထောင်ပေးပါ၊ သူတို့ ဘ၀တွေကိုလေ့လာပါ။ ဒီနည်းနဲ့ ပြည်ပကကျွန်တော်တို့ တွေ အကောင်းဆုံး ကူညီနိုင်မည့် နည်းလမ်းကောင်းတွေရှာဖွေနိုင်ပါလိမ့်မယ်။

စာကြွင်း။ ။ သူတို့ ဟာ ဟစ်ဟော့ဦးဆောာင် အက်ဆစ်၊ ဒုတိယမျိုးဆက် ရသ နဲ့ ဂျေမီတို့ ကိုလည်း ပြစ်ပယ်မထားပါဘူး။

ကျွန်တော်တည့် ပဲပြောမယ်နော်.... စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ ထွန်းထွန်း၊ ဟဲလေးလို ကောင်မျိုးတွေကို စာရင်းထဲတောင် ထည့်မထား ပါဘူး။ ဒါတွေကိုပြည်တွင်းကလူငယ်တွေပဲ အသိဆုံးပါ။ မြန်မာနိုင်ငံ နယ်စပ်မဟုတ်တဲ့ မြို ပြတွေမှာပိတ်မိနေတဲ့ ကျွန်တော်တို့လူငယ်တွေ ကို ပါးစပ်တွေဝိုင်းပိတ်နေကြမယ့် အစား ပြည်ပကလူတွေနားလည်နိုင်အောင်ကြိုးစားပေးကြပါလို့ တိုက်တွန်းပါရစေ။

လေးစားစွာဖြင့်
သူရိန်

Moe Cho Thinn said...

စာပြန်ရေးလို့ ၀မ်းသာမိတယ် မောင်လေးရေ..

သီချင်းဆိုရင် အကုန်ကြိုက်ပေမဲ့ ဒါမျိုး နားထောင်ရမယ်ဆိုရင်တော့ ရှက်စရာပဲ။ အခု ကိုစေးထူး ရေးပြတာတင် ဖတ်ရတာ အံ့သြလှပြီ။ ဒါဟာ လူငယ်တိုင်းသုံးတဲ့ စကားတွေတော့ မဟုတ်လောက်ပါဘူး။ ဆဲတဲ့စကားလုံးတွေနဲ့ လွတ်လပ်တာ ဘာမှ မဆိုင်ပါဘူး။ တယောက်တည်း ဆိုနေ ညည်းနေမယ် ဆိုရင်တော့ ကိစ္စမရှိဘူးထင်မိတယ်။ အခွေထုတ်ပြီ၊ အများကို တင်ပြပြီဆိုရင်တော့ အရွယ်စုံ နားထောင်ကြတာဖြစ်တဲ့ အတွက် အရွယ်မရွေး နားဝင်သာ တဲ့ စကားလုံးမျိုးဆိုရင် ပို သင့်တော်တယ် ထင်မိတယ်။ သဘောထား အယူအဆ ကွဲလွဲတာတော့ ရှိမှာပဲလေ။

အေးမင်း said...

ကျွန်တော်တို့ဟာ ခေတ်ကိုလက်ခံနိုင်ပေမယ့် ဒါတွေဟာ ပေါက်ကွဲသံစဉ်မှမဟုတ်တာ မိုက်ရိုင်းစော်ကားမှုသံစဉ်တွေပဲ၊ နိုင်ငံရေးနဲ့လည်းဘာမှမပတ်သက်ပါဘူး။ ဒါကို တင်ပေးတဲ့ ဘလော့ဂ်တွေနဲ့ အင်တာနက်စာမျက်နှာတွေကိုလည်း ဘာပြောရမှန်းကိုမသိတော့ဘူးဗျာ။

ကိုရင်ညိန်း said...

ညိမ်းညိုက ဘိုတင့်(တင့်ထူးရွှေ) ကဗျာ တစ်ပုဒ်မှာ ကွန်မန့်ပေးဖူးတယ်ဗျ ။ (ဘိုတင့်ရေ အနားရှိလို့ကတော့ လက်သာဆွဲပြီး ဝှေ့ရမ်းပစ်လိုက်ချင်တော့တာပဲ..တဲ့)
ကန်တော့ဗျာ (မရိုသေရာကျရင်ပေါ့) ကျွန်တော်လည်း ဆွဲဝှေ့ရမ်းပစ်လိုက်ချင်တယ် လက်...လက် ..အဟေးဟေး ။ တိကျအောင် ပို့စ်ကို ၂ခါဖတ်တယ် ။ ညွှန်းထားတဲ့ လင့်ခ်တွေ ၊ ကွန်မန့်တွေပါ ဖတ်ပြီး စိတ်ထဲကပေါ် လာ တယ်။ ဒီလ္ဘက်ခြောက် တစ်အားကောင်း တာပဲဗျ ။ (အစ်ကိုရေ နောက်တိုး ၀မ်း) ။ ကျွန်တော်စဖတ်တော့ ကွန်မန့် ၁၀ ခု (ကျွန်တော်နဲ့ဆို ၁၁ခု) အစ်ကိုပြတဲ့ (မြင်တဲ့) ရှု့ထောင့်က ကြည့်နေတာ ၁၀ ယောက်မြောက်ပေါ့ ။ နည်းတယ် ။ ဘေးဝင်တီးတာတော့မဟုတ်ဘူးဗျ ။ (ကွန်မန့် မရေးပဲနေမလို့ပဲ ၊10မိနစ်လောက်စဉ်းစားပြီးမှ မနေနိုင်လို့) မဆိုင်တာတွေတော့ မပြောတော့ဘူးဗျာ ။ အပြည့်အ၀ လက်ခံတယ် ။မဆိုင်တဲ့ခေါင်းစဉ်အောက် ဆွဲသွင်းပြီး မလိုအပ်ပဲ ယဉ်ကျေးမှု့မြှင့်နေရင်တော့ အဲဒါ လ္ဘက်ခြောက် မပါတဲ့ ရေကျက်အေး တစ်ခွက်များ ဖြစ်လေမလားပဲ ။ အဟေးဟေး (ဘယ်သူမှာမလဲ?)

>BlackDream>ဘလက်ကြီးရေ .. Cheers ! ဟေ့ ငတို့ကတော့ Rock ပဲနော (အစ်ကိုတော့ ဘာကြိုက် တယ် မသိဘူး) လောလောဆယ်တော့ ကိုလေးဖြူ သီချင်း တစ်ပုဒ်ကို ၀ဲကနဲ ၀ဲကနဲ လှုပ်ပြီး ဆိုသွားတယ် ဗျာ (ဘာဝဲတယ်ဆိုတာတော့ ဘလက်ကြီး မင်းသိ ပါတယ် :P မနာလိုမရှိနဲ့နော် ..အဟေးဟေး)
(~~သံယောဇဉ်..သံယောဇဉ်... နေမြင့်လို့ အရူးရင့်ခဲ့တယ် ~~~) MTV ထဲကလို လိုက်အော်ရ ရင်တော့ ကိုထူးရေ.. ကိုထူးရေ..ပေါ့ ..အဟေးဟေး

ကျေးဇူးတင်ပါတယ် အစ်ကိုရေ ... အဆင်ပြေပါစေဗျာ
လေးစားစွာဖြင့် (ကိုရင်ညိန်း) (လ္ဘက်ရည်ကို အကျရည်ကောင်းကောင်းနဲ့ ကြိုက်တဲ့ကောင်.. အဟေးဟေး)

Ko Paw said...

ကိုစေးထူးရေ….

ဒီကိစ္စမှာ ကျနော်အနေနဲ့ အပေါ်မှာ ရေးသွားတဲ့ ကိုသူရိန်နဲ့ သဘောထားချင်းတိုက်ဆိုင်ပါတယ်။

ဟီရိသြတ္တပ္ပဆိုတာ မကောင်းမှုဒုစရိုက်ကို ကြောက်ခြင်းရွံ့ခြင်းလို့ ကျနော်နားလည်ပါတယ်။ ဗုဒ္ဓဘာသာမှာ ဖရုဿဝါစာ ဆိုတာ ကြမ်းတမ်းသောစကားကို ပြောဆိုခြင်း၊ မကောင်းဘူးလို့ သတ်မှတ်ထားပေမယ့် ဘာသာတရားရဲ့ ပြင်ပက လောကီရေးရာဖြစ်တဲ့ သီချင်း၊ စာပေ၊ ရုပ်ရှင်အနုပညာမှာတော့ တခါတလေ ထိရောက်လိုတဲ့အခါ စကားလုံးကြမ်းရတာတွေ ရှိပါတယ်။

အခု ဂျောက်ဂျက်ရဲ့ သီချင်းကိစ္စမှာ သူ သုံးနှုန်းထားတဲ့ အသုံးအနှုန်းတွေဟာ ထိရောက်မှုအတွက် သုံးစွဲထားတာ ဖြစ်နိုင်ပါတယ်။ (ကျနော် နားမထောင်ဖူးပါ။ ကိုစေးထူး ထုတ်နှုတ်ပြထားတဲ့ စာသားတွေအပေါ်မှာ သုံးသပ်ကြည့်ချင်းပါ)။ အသုံးအနှုန်းတွေဟာ တစ်တစ်ခွခွဖြစ်နေတဲ့အတွက် စကားလုံးအနေနဲ့ ကြမ်းကောင်း ကြမ်းနိုင်ပါတယ်။ ဒါပေမယ့် ညစ်ညမ်းပါစေတော့ဆိုတဲ့ ဦးတည်ချက် (သို့မဟုတ်) စေ့ဆော်မှုနဲ့ ရေးတာ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။

ကဗျာဆရာတွေလည်း ဒီထက်ကြမ်းတဲ့ အသုံးအဖွဲ့တွေ ဖွဲ့တာတွေ့ဖူးပါတယ်။ (အပျိုရည်ပျက်တဲ့ည တို့…. သည်းခံနိုင်ခြင်း အမြှေးပါး….ဘာညာ စသဖြင့်ပေါ့။ အတိအကျတော့ အင်တာနက်ပေါ်မှာ အချိန်ပေးရှာလိုက်ရင် ဒီကဗျာတွေကို တွေ့နိုင်ပါတယ်။)

ကမ္ဘာကျော် ၀တ္ထုကြီးဖြစ်တဲ့ မဒမ်ဘိုဗာရီ (Madame Bovary ) ၀တ္ထုမှာလည်း အလားတူပါဘဲ။ လိင်ခန်းတွေကို တစ်တစ်ခွခွ ထည့်တယ်ဆိုပြီး တချိန်က စာရေးဆရာကိုတောင် တရားစွဲဖို့ ကြိုးစားခဲ့တဲ့ ခေတ်ရှိပါတယ်။ ဒါပေမယ့် မဒမ်ဘိုဗာရီဟာ ညစ်ညမ်းဝတ္ထုမဟုတ်ပဲ ဒီကနေ့ဒီအခါမှာ ဂန္ထ၀င်ဝတ္ထုအဖြစ် တွင်ရစ်ပါတယ်။

“စောက်” ဆိုတဲ့ စကားလုံးကလည်း ဒီကနေ့မှာ ရိုင်းတယ်လို့ မထင်ရအောင် တော်တော် အသုံးတွင်ကျယ်နေတဲ့ စကားလုံးပါ။ နားခံသာအောင် “သောက်” လို့ သုံးကြတာတွေလည်း ရှိတာပေါ။ ဥပမာ. သောက်ရူး၊ သောက်ပေါ၊ သောက်ခွက် စသဖြင့်။

“ချစ်ခန်းဖွင့်တယ်” “သံဝါသပြုတယ်” “ကာမ စပ်ယှက်တယ်” “အိပ်မက်ကမ္ဘာကို ရောက်သွားတယ်” ဆိုတဲ့ စကားတွေနဲ့ အရပ်သားဆံဆံ “ဆော်တယ်” “ချတယ်” “….တယ်” ဆိုတဲ့ စကားတွေဟာ သဘောတရားဟာ အတူတူပဲ။ တခါတလေမှာ လိုအပ်ချက်အရ ကြမ်းတဲ့ စကားလုံးကို သုံးစွဲကောင်း သုံးစွဲရတာရှိတယ်။

ဥပမာ တောဘက်က “ဖာဆွယ်ဖာခေါင်း” တယောက်ကို အမှုစစ်တဲ့ အခန်းရုပ်ရှင်ရိုက်တယ်ဆိုပါစို့။ သူက ယဉ်ကျေးဖွယ်ရာစကားလုံးတွေနဲ့ “အဲဒီညက သူတို့နှစ်ယောက် ချစ်ခန်းဖွင့်ကြတယ်”လို့ ရိုက်ပြရင် သဘာဝ မကျတော့ဘူး။ တစ်တစ်ခွခွပဲ လိုအပ်ရင် ထည့်သုံးရမယ်။

နောက်တခုက ရိုင်းတယ်၊ ယဉ်ကျေးတယ် ဆိုတာကို စကားလုံး သုံးတာသက်သက်နဲ့ ဆုံးဖြတ်လို့မရပါဘူး။ မြန်မာစကားမှာ “ရိုင်းတယ်” လို့ဆိုလိုက်ရင် အင်္ဂလိပ်စာလုံး Rude ဆိုတာနဲ့ဘဲ အလျှင်စလို ပြေးမြင်ဆုံးဖြတ်တတ်ကြတယ်။ “Wild” ဆိုတဲ့ အရိုင်းသဘောကို မေ့လျော့နေတတ်ကြတယ်။

ယဉ်ယဉ်ကျေးကျေးစကားလုံးတွေသုံးပြီး မိန်းကလေးတွေ ကာယိနြေ္ဒ ပျက်အောင် နှောက်ယှက်နေကြတဲ့ သူတော်ကောင်းအရေခြုံ၊ လူယဉ်ကျေးအရေခြုံတွေလည်း လောကကြီးမှာ အများကြီးရှိပါတယ်။

နောက်တခုက…. မြန်မာ့ယဉ်ကျေးမှုဆိုတာကရော ဘာလဲ။ ဒီ မြန်မာ့ယဉ်ကျေးမှု ကိုယ်၌က အခြားယဉ်ကျေးမှုတွေထဲက အစိတ်အပိုင်းတွေ စီးဝင် ရောယှက်လာပြီး တစတစ တိုးတက်ဖြစ်ထွန်းလာတာဘဲမဟုတ်လား။

မြန်မာ့ယဉ်ကျေးမှုဆိုတာ တောင်ရှည်နဲ့ တိုက်ပုံကိုဘဲ တသက်လုံးဝတ်သွားရမှာမျိုးလား။ ဒါဆိုရင် ဒီခေတ်မှာ ဘောင်းဘီရှည်ဝတ်တဲ့သူများဟာ လူရမ်းကားတွေလား။ (တချိန်က မဂ္ဂဇင်းတွေမှာ စာအုပ်တွေမှာ လမ်းသရဲဆိုရင် ဘောင်းဘီဖင်ကျပ်နဲ့ လူငယ်တယောက်ပုံကို ရေးဆွဲသလိုမျိုး အစွန်းရောက်စွာ ယူပစ်လိုက်တာတွေပေါ့။)

ဒီကနေ့ ဟောလီးဝုဒ်က ရုပ်ရှင်တွေမှာ လိင်ကိစ္စကို တစ်တစ်ခွခွ ပြကြတယ်။ သီချင်းတွေမှာ စကားလုံး ကြမ်းကြမ်းတွေ သုံးကြတယ်။ အဲဒီအထဲမှာ တချို့ရုပ်ရှင်တွေ၊ သီချင်းတွေဟာ အရမ်းကောင်းတာကို တွေ့ရတယ်။ ဥပမာ The Scent of a Woman ရုပ်ရှင်ကားမှာဆိုရင် မင်းသားကြီး အယ်လ်ပါချီနို ပါးစပ်က တချိန်လုံး အယုတ္တအနတ္တတွေ ရွတ်နေတာ။ ဒါပေမယ့် ဇာတ်ကားက တကယ်ကောင်းလို့ အကောင်းဆုံးဇာတ်ကားဆုတောင် ရသွားတယ်။

ဒီလို ရုပ်ရှင်တွေ၊ သီချင်းတွေဟာ ယဉ်ကျေးမှုတွေ ဒွေးရောယှက်တင် ဖြစ်လာတဲ့အခါမှာ ကျနော်တို့ဆီကိုလည်း ရောက်လာမှာ၊ လူကြိုက်များလာမှာ မလွဲဘူး။ အခုပဲ ဟစ်ဟော့ တေးတွေ ခေတ်စားလာတာကြည့်တော့။ ယဉ်ကျေးမှုဆိုတာ တားဆီးလို့မရဘူး။

အဲဒီအခါကျရင် ဒီဂျောက်ဂျက်ရဲ့ အသုံးအနှုန်းဟာ ဘာမှ မဖြစ်လောက်ဘူးဆိုတာ တွေ့ရလိမ့်မယ်။ မညစ်ညမ်းဘူးဆိုတာ တွေ့ရလိမ့်မယ်။ မြသန်းတင့်ရဲ့ ဓါးတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည် ဆိုတဲ့ ၀တ္ထုထဲမှာ “စော်” ဆိုတဲ့ စကားလုံးဟာ တချိန်က မိန်းမတွေရဲ့ အင်္ဂါဇာတ်ကို ခေါ်ဆိုတာဖြစ်လို့ ညစ်ညမ်းတယ်လို့ သတ်မှတ်ခဲ့ပေမယ့် တချိန်ကျတော့ သာမန် သုံးရိုးသုံးစဉ် စကားလုံးဖြစ်သွားတယ်ဆိုတာ ဖတ်ရဖူးတတယ်။

နောက်ဆုံး အရေးကြီးဆုံးလို့ ကျနော်ထင်တာကို ပြောပြချင်ပါတယ်။

ကျနော်တို့ဟာ လူတိုင်းလူတိုင်းမှာ သူတို့ဘာသာ တွေးခေါ်ပိုင်းခြားတတ်တဲ့ ဆင်ခြင်တုံတရားရှိတယ်ဆိုတဲ့ အချက်ကို လက်ခံသင့်ပါတယ်။

ဆင်ဆာ ဆိုတဲ့သဘောက လူတွေမှာရှိတဲ့ အဲဒီဆင်ခြင်တုံတရားကို အထင်သေးထားတဲ့အတွက် “ဒီဟာ” ကဖြင့် လူတွေ နားမထောင်သင့်ဘူး။ ညစ်ညမ်းတယ်။ ဒီဟာ ကတော့ဖြင့် လူတွေ မကြည့်သင့်ဘူး၊ ဒါကြောင့် ပိတ်ပင်ဖြတ်တောက်ရမယ်။ တားဆီးရမယ်။ အဲဒါဟာ ဆင်ဆာရဲ့သဘော။

ဆင်ဆာမှာ ပါဝင်တဲ့ လူတွေဟာလည်း လူတွေပါဘဲ။ သူတို့ဟာ သူတို့ကိုယ်သူတို့ တခြားလူတွေထက် ပိုစဉ်းစားတတ်တယ်။ ဆင်ခြင်တုံတရားမြင့်တယ်လို့ ဘာကြောင့် သတ်မှတ်သင့်သလဲ။ ဒီလူတွေမှားတာလည်း မဖြစ်နိုင်ဘူးလား။

တနည်းပြောရရင် အဲဒါဟာ အာဏာရှင်စနစ်ရဲ့ အခြေခံရင်းမြစ်၊ အခြေခံ စိတ်ဓါတ်ပဲ။ ပြည်သူတွေ နားထောင်ရန်သင့်မသင့်၊ အရာရာကို အာဏာရှင်ကပဲ သူတဦးတည်း သဘောကျ ဆုံးဖြတ်တယ်။ ကျနော်တို့ တိုင်းပြည်မှာ ဒီမိုကရေစီမရနိုင်သေးတာ နအဖ ဆိုးလို့ချည်းပဲ မဟုတ်။ ကျနော်တို့အားလုံးကလည်း အာဏာရှင်စနစ်ကို မသိလိုက်မသိဘာသာ အားပေးနေတာလည်း ပါတယ်။

ဖြစ်သင့်တာက ဂျောက်ဂျက်ရဲ့ သီချင်းတွေကို လူတွေ သူတို့ဘာသာ နားထောင်ပါစေ။ မကြိုက်ရင် သူ့ဘာသာ မြောင်းထဲရောက်သွားလိမ့်မယ်။ လူတွေကြိုက်ရင်တော့ ဘာလိုက်ပိတ်စရာရှိသလဲ။

တခုတော့ရှိတယ်။ ကိုယ့်ဘာသာ စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိသေးတဲ့ ကလေးတွေ နားမထောင်သင့်ဘူးထင်ရင် (ရုပ်ရှင်ဆိုရင် Rating ခွဲခြားသတ်မှတ်ပေးလို့ရတယ်။) ကလေးရဲ့ သက်ဆိုင်ရာလူကြီးမိဘက ထိန်ကျောင်းပေးဘို့ပဲလိုတယ်။

ကျနော်တို့ဟာ ဒီမိုကရေစီစနစ်ကို ချစ်မြတ်နိုးတယ်ဆိုရင် အခြေခံက လူတွေရဲ့ စဉ်းစားဆင်ခြင်တုံတရားကို ပထမအချက်လေးစားရမယ်။ နောက်တချက်က လူတွေရဲ့ သူတို့နှစ်သက်ရာ လုပ်ပိုင်ခွင့်၊ သူ့ကြမ္မာသူဖန်တီးခွင့် (Right to pursuit of happiness) ကို မပိတ်ပင်ရဘူး။ လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့် ကိုလည်း အလေးထားရမယ်။

လူတွေ သူတို့ရဲ့ ဆင်ခြင်တုံတရားနဲ့ လွတ်လပ်စွာ ဆုံးဖြတ်ကြပါစေ။

Anonymous said...

I totally agree with you.
I totally agree with you.
I totally agree with you.
I don't like hip hop except Sai Sai. But not all his songs; only a few.

Anonymous said...

To သူရိန်,
I am agreed with ကိုစေးထူး. Dude, let me tell you logically! You know, we know, everybody know what your parents did. Do you want them to make it in front of public? Like wise, those sexually abused words shouldn’t be exposed.

Jeff

Phyo Evergreen said...

ကိုစေးထူးရေ ရေးသင့်တဲ့ပို့စ်တစ်ပုဒ်လို့ထင်ပါတယ်..။
သီချင်းတွေကြားဖူးပါတယ်.. နားရှက်စရာပါ..။

Full said...

ဟုတ်ပ.. အဲ.. ကိုသူရိန် ဆိုတဲ့လူ ရေးတာ ဖတ်ရတာကိုတော့ အံ့ပ.. သူပြောသလိုဆို ကဲ အရှိအတိုင်းပဲ အမှန်အတိုင်းပဲ လင်နဲ့မယားဆိုတာ အတူတူ တကယ်ကြီးအိပ်ကြတာပဲ(ခန္ဓာနှစ်ခု ချစ်မှုပြုခြင်း).. အဲ့တာ လမ်းပေါ်မှာ ကုတင်လေး ချပြီး မကွယ်မ၀ှက် တစ်ရက်လောက် အိပ်ကြည့်ပါလား.. လို့ မေးရင် ဘာပြန်ပြောမလည်း သိချင်ပါဘိ..။

( အမှန်အတိုင်းပဲတဲ့..~ ဆဲ. ကွဲ. ပြဲ... ~~ အမည်းရောင် စကားတွေ က မင်းပါးစပ်တစ်ဝိုက်မှာ.. ၀ဲ..လို့.. ရို့.. ~ ~ ကဲဒါဆိုလည်း.
နည်းနည်းတော့ရိုင်းမယ်.. ~~ ဟိုကောင်မလေး ကိုယ်ဝန်ဖျက်ချလိုက်တာ မင့်ညီမ နဲ့ နှိုင်းတယ်.. ~~ သွေးဆုံးတော့မဲ့~ မင့်အဒေါ်ကြီး နောက်ကို လိုက်ရတာလည်း ပြိုင်းတယ်...
~~ ဟေ့... ဂျောက်ဂျက် .. မင့်သောက်ခွက် ကြီး ကို လောက်တက်လာပြီးတော့..... ၀ိုင်း..... တွယ်... ~~ ရို့ ရို့ ရို့...။ ) ဒါမျိုး စိတ်ထဲရှိတဲ့အတိုင်း အမှန်တိုင်း အားပေးရတာ မြန်မာနိုင်ငံက ဟစ်ဟော့တဲ့လား.. ဆိုးဘူး..

Full said...

ကျန်တဲ့လူ တွေကိုတော့ ရိုင်းသွားရင် ကတော့ပါရဲ့ဗျာ..
(FullStop)

Anonymous said...

Hi Ko Paw,

Have you listened his (JJ) songs? Or you haven't yet? I think you haven't listened yet. Please don't fight with ko say htoo unless you listen songs. I think ko say htoo just take out some polite sample(lyrics). The real is more more worse. After you listened, you will not agree.
We all should understand democracy .. But this case is so much... So i suggest you to listen his songs. I don't agree with that Ko TuRai. I totally agree with ko say htoo.

So i suggest all reader of this post that you all should listen JJ's songs before posting comments .
Thanks ko say .

shin said...

I totally agree with ko sayhtoo...I dun like this kind of words, playing this kind of music at the roadside teashop there....Feel very uneasy..

Ko Paw said...

အမည်မသိရေ….

ကျနော့်ကွန်မင့်မှာ ဂျောက်ဂျက်သီချင်းတွေကို ကျနော် နားမထောင်ဖူးပါဘူးလို့ အတိအလင်း ရေးထားပါတယ်။

ကျနော် ကိုစေးထူးကို တိုက်ခိုက်ခြင်းမဟုတ်ပါ။ သူရေးတဲ့ ပို့စ်အများစုက ကျနော်နဲ့ အမြင်တူပြီး နှစ်သက်တဲ့ ပို့စ်တွေ များပါတယ်။ ဒီပို့စ်မှာ တင်ပြထားတဲ့ သူ့သဘောထားအမြင်နဲ့ ကျနော့်အယူအဆ မတိုက်ဆိုင်တဲ့အတွက် ၀င်ရောက် မှတ်ချက်ပေးခြင်းဖြစ်ပါတယ်။

အဓိက မတိုက်ဆိုင်တဲ့ အချက် ၂ ချက်ရှိပါတယ်။ အဲဒီ ၂ ချက်အတွက်တော့ဖြင့် သီချင်းအားလုံးကို နားထောင်ဖို့ လိုတယ်မထင်လို့ မှတ်ချက်ပေးခြင်း ဖြစ်ပါတယ်။

(၁) ရိုင်းတယ်၊ ညစ်ညမ်းတယ် ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုခြင်း

ကိုစေးထူး ထုတ်နှုတ်ပြထားတဲ့ ဂျောက်ဂျက်ရဲ့ စာသားတွေဟာ ရိုင်းတယ်၊ ညစ်ညမ်းတယ် ဆိုတာ ဘာကြောင့် ရိုင်းတယ်၊ ညစ်ညမ်းတယ်လို့ သတ်မှတ်ရသလဲ ဆိုတာပါပဲ။ စကားလုံးတွေအနေနဲ့ ကြမ်းတမ်းတာတော့ မှန်ပါတယ်။ သို့သော် ညစ်ညမ်းတဲ့ ဦးတည်ချက်နဲ့ သုံးသလားဆိုတာတော့ စဉ်းစားသင့်တယ်။

မိန်းမတွေ ဓမ္မတာ ရာသီလာတယ်ဆိုတာကို ညစ်ညမ်းတယ်၊ ယုတ်ညံ့တယ်လို့ သတ်မှတ်သလား။ ဘာကြောင့်ပါလဲ။ ဒီကိစ္စကို ၀တ္ထုတွေ၊ သီချင်းတွေ၊ ရုပ်ရှင်တွေထဲမှာ လိုအပ်လို့ သုံးရင် ညစ်ညမ်းတယ်လို့ သတ်မှတ်သလား။ ဘာကြောင့်ပါလဲ။

အလားတူပဲဘဲ။ ယောက်ျားနဲ့ မိန်းမ မေထုန်မှီဝဲကြတဲ့အကြောင်းကို ၀တ္ထု၊ ရုပ်ရှင်၊ သီချင်း စတာတွေမှာ ဇာတ်လမ်းသဘောအရထည့်တာကို ညစ်ညမ်းတယ်လို့ သတ်မှတ်ချင်သလား။ အဲဒီအကြောင်းပြောရင်ကိုဘဲ ညစ်ညမ်းတယ်လို့ သတ်မှတ်သလား။ ဒါမှမဟုတ် အဲသည် အဖြစ်အပျက်ကြီးတခုလုံးကိုယ်၌က ညစ်ညမ်းတယ်လို့ သတ်မှတ်ချင်တာလား။ ဒါဆို ကမ္ဘာပေါ်မှာရှိတဲ့ လင်မယားတွေဟာ ညစ်ညမ်းတဲ့အမှုတွေကို ပြုနေကြသူတွေပေါ့။ အဲဒီအကြောင်းကို ဆွေးနွေးပြောဆို စာတမ်းပြုနေတဲ့ ဆရာဝန်တွေ ဆေးပညာရှင်တွေကိုလည်း ညစ်ညမ်းသူတွေအဖြစ် သတ်မှတ်ရတော့မှာပေါ့။

အလားတူပဲ…. အမျိုးသမီး၊ အမျိုးသား ကိုယ်လုံးတီးပုံတွေကို ဆွဲနေကြတဲ့ ပန်းချီပညာရှင်တွေဟာ ညစ်ညမ်းသူတွေလား။

ဗိုလ်ချုပ်အောင်ဆန်းက သူ့ရဲဘော်တွေကို ပြောတဲ့ မိန့်ခွန်းတခုမှာ…..
“ဖက်ဆစ်ဂျပန်က ပြည်သူလူထုနဲ့ ငါတို့ တမျိုးသားလုံးကို (…..)သွားပေမယ့် ဆီဆွတ်သွားလို့ တော်သေးတယ်။ ဒါပေမယ့်… အင်္ဂလိပ်တက်လာရင်တော့ ဆီမဆွတ်ဘဲ (……)လိမ့်မယ်” ဆိုတာ ပြောသွားတယ်။ (မှတ်မိသလောက် ရေးပြတာပါ။ အတိအကျသိချင်ရင် ဗိုလ်ချုပ်မိန့်ခွန်းပေါင်းချုပ်မှာ ရှာဖတ်ကြည့်ပါ။)

ဗိုလ်ချုပ်က အဲသည်မိန့်ခွန်းမှာ ညစ်ညမ်းလိုတဲ့ အဓိပ္ပါယ်နဲ့ ပြောသလား။ ရဲဘော်တွေနားထဲမှာ ကွင်းကနဲ ရှင်းကနဲ နားလည်သွားအောင် ပြောသလား။ စဉ်းစားဖို့တော့လိုမယ်။

ဒီလိုအသုံးအနှုန်းတွေဟာ ဗိုလ်ချုပ်အောင်ဆန်းလိုလူမျိုးက ပြောတာကျတော့ တင့်တယ်တယ်။ ဘာမဟုတ်တဲ့ ပါမွှားက ပြောတာကိုတော့ လက်မခံနိုင်ဘူးဆိုရင်…. ကျနော်တို့ဟာ ကျော်စောတဲ့လူတွေပြောတာဆိုရင် ဘာမဆိုလက်ခံနိုင်တယ်။ သာမန်လူပြောတာဆိုရင် လက်မခံနိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ထွက်လာတယ်။ ဒါဆိုရင် နာမည်ကြီးကို ကိုးကွယ်တဲ့ သဘော (Celebrity Worship ) ဖြစ်သွားမယ်။ ဒါဆိုရင် တရားသဘောကို လက်ကိုင်မထားဘူးဆိုတဲ့အဓိပ္ပါယ် (ဒါမှမဟုတ်) တရားလက်လွတ် ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်မသွားပေဘူးလား။

ကျနော့်သဘောကတော့ အမှန်တရားဆိုရင် ဘယ်သူပြောပြော၊ ပုဂ္ဂိုလ်ကို ကြည့်စရာမလိုဘူး။ တရားကိုဘဲ ကြည့်သင့်တယ်လို့ ထင်တယ်။ ပုဂ္ဂိုလ်ခင်မှ တရားကိုမင်တယ်ဆိုရင် အဲဒါ ဓမ္မဓိဋ္ဌာန်မကျဘူး။ ပါမွှားတယောက် မဟုတ်တာလုပ်တာကို ဝေဖန်ရဲတယ်ဆိုရင် နာမည်ကြီးတယောက် မဟုတ်တာလုပ်ရင်လည်း အလားတူဘဲ ဝေဖန်ရဲရမယ်။ ဗုဒ္ဓလက်ထက်က ရှင်သာရိပုတ္တရာကိုယ်တော်ကြီးဟာ သူသင်္ကန်းဝတ်ပုံ အထာမကျတာကို သာမဏေငယ်လေးက ထောက်ပြလာတဲ့အခါ တရိုတသေ ခံယူပါသတဲ့။ ပုဂ္ဂိုလ်ထက် တရားကို မင်တဲ့သဘောပါ။

ကျနော်တို့ဟာ ရိုင်းတယ်၊ ယဉ်ကျေးတယ်ဆိုတာကို ကိုယ့်ပေတံနဲ့ချည်းတိုင်းလို့ မဖြစ်ဘူး။ လူတယောက်ဟာ စကားပြောရင့်သီးပေမယ့် တချိန်တည်းမှာ သူဟာ စိတ်နေသဘောထားဖြူဖြောင့်သူ၊ မလိမ်မကောက်သူ၊ အမှန်တရားကို မြတ်နိုးသူ၊ တရားမျှတသူ ဖြစ်နေနိုင်တယ်။ ဥပမာ…
ဗုဒ္ဓလက်ထက်က ရဟန္တာတပါးဆိုရင် ရဟန္တာသာဖြစ်ရော နှုတ်ကတော့ အကျင့်ပါပြီး ကြမ်းတုန်းပဲတဲ့။ သူ့ကို ညစ်ညမ်းတယ်လို့ ပြောလို့မရဘူး။

ဒါပေမယ် တဖက်မှာလည်း စကားလုံးကတော့ အယဉ်ကျေးဆုံးဆိုတဲ့ စကားလုံးတွေ သုံးနေတယ်။ ဒါပေမယ့် သူများအပေါ်မှာ ဖျံကျမယ်။ လိမ်ကောက်မယ်။ သူတပါး သားပျိုသမီးပျိုကို ဖျက်ဆီးမယ်။ ဒီလို လူယုတ်မာတွေလည်း ရှိတာပဲ။ အဲသည်လူမျိုးတွေကို ကျနော်တို့က ယဉ်ကျေးတယ်လို့ ပြောမလား။ မညစ်ညမ်းဘူးလို့ ပြောမလား။

ကျနော့်အနေနဲ့က တချို့သော အနုပညာတွေမှာ ကိုယ်လုံးတီးပုံတွေ၊ ဒါမှမဟုတ် ကျားမ ကာမစပ်ယှက်ခန်းတွေ၊ ဒါမှမဟုတ် ရင့်သီးတဲ့ စကားလုံးတွေ ပါကောင်းပါမှာဖြစ်ပေမယ့် ကြည့်ရှုသူ၊ ခံယူသူအပေါ်မှာသာ အများကြီး မူတည်ပါတယ်။ ကြည့်ရှုသူက ညစ်ညမ်းတဲ့အမြင်နဲ့ ရှုရင် ညစ်ညမ်းမှာ ဖြစ်ပြီး၊ အနုပညာရှုထောင့်က ကြည့်ရင်တော့ ညစ်ညမ်းတယ်လို့ မြင်မှာမဟုတ်ပါဘူး။

ဒါက…ကိုစေးထူးနဲ့ ကျနော်နဲ့ ပထမအချက် ကွဲလွဲမှုပါ။

(၂) နောက်တခုက ဆင်ဆာပိတ်တာကို အားပေးခြင်း။

လူတယောက်ဟာ သူ့ကိုယ်သူ သူတပါးထက် စိတ်ဓါတ်ရေးရာ၊ ကိုယ်ကျင့်တရားဆိုင်ရာအားဖြင့် ပိုပြီး ဖြောင့်မတ်တယ်လို့ သူ့ဘာသာယူဆပြီး သူတပါးရဲ့ လွတ်လပ်မှုကို ဟန့်တားပိုင်ခွင့်ရှိသလား။

ကျနော်မေးပါမယ်။ ဂျောက်ဂျက်ရဲ့ သီချင်းစာသားတွေကို ညစ်ညမ်းတယ်လို့ သတ်မှတ်သူတွေဟာ အပြစ်ဆို မြူတမှုန်မှ မရှိတဲ့ သူတော်စင်တွေလား။ တသက်မှာ တခါမှ မဆဲမဆိုဘူးသူတွေလား။ ဒုစရိုက်ဆယ်ပါးစလုံး ရှောင်ကြဉ်သူတွေလား။ ငါးပါးသီလကို တပါးမှ မကျိုးမပေါက်အောင် စောင့်ထိန်းခဲ့သူတွေလား။ မဟုတ်ဘူးဆိုရင်တော့ ဘိန်းစားချင်း တမူးပိုရှူသလို ဖြစ်နေရော့မယ်။ (ကျနော့်အမြင်မှာတော့ ကိုယ်နဲ့ အကြိုက်မတူတာနဲ့ တဖက်သားကို တံဆိပ်ကပ်တပ်သူတွေလို့ မြင်မိပါတယ်။)

ဂျောက်ဂျက်ရဲ့ သီချင်းတွေကို လူငယ်တွေ ကြိုက်နှစ်သက်ကြတယ်ဆိုရင် အဲဒီလူငယ်တွေကို ကိုယ်ပိုင်ဉာဏ်နဲ့ မချင့်ချိန်တတ်သူတွေလို့ တံဆိပ်ကပ်သင့်သလား။ ကိုယ့်အကြိုက်နဲ့ မတူရင် ကျန်တဲ့လူတွေကို အရသာကောင်း မခံစားတတ်သူ၊ မယဉ်ကျေးသူ၊ အောက်တန်းကျသူ စသဖြင့် တံဆိပ်ကပ်သင့်ပါသလား။ ကိုယ်က မှားယွင်းနေသူလည်း မဖြစ်နိုင်ဘူးလား။

ဥပဒေ စည်းမျဉ်းစည်းကမ်း ဆိုတာမျိုးက ရေးဆွဲပြီဆိုရင် တဦးတယောက်အတွက်ပဲ ရည်ရွယ်ပြီး ရေးလို့ ရတာမျိုးမဟုတ်ဘူး။ ဂျောက်ဂျက်ရဲ့ သီချင်းကို ပိတ်ချင်ဇောနဲ့ ဆင်ဆာစနစ်ကို အားပေးလိုက်ရင် တကယ်ကောင်းတဲ့ ရုပ်ရှင်တွေ၊ ၀တ္ထုတွေမှာ အဓိက အရေးပါတဲ့ ဇာတ်လမ်းဇာတ်အိမ်တွေ အဖြတ်အတောက်ခံရရင် ကြည့်ရသူ ပရိတ်သတ်အဖို့ရော၊ အနုပညာဖန်တီးသူအတွက်ပါ မနစ်နာပေဘူးလား။

အဆုံးစွန်ဆုံးပြောရရင် ဂျောက်ဂျက်ရဲ့ သီချင်းတွေဟာ ညစ်ညမ်းသီချင်းတွေ ဖြစ်နေစေဦးတော့….ဖြစ်သင့်ဖြစ်ထိုက်တာက လူတွေ သူတို့ဘာသာ ဆုံးဖြတ်ပါစေ။ သူတို့မှာ ကိုယ်ပိုင် ဆင်ခြင်တုံတရားရှိကြပါတယ်။

ဂျောက်ဂျက်သီချင်းတွေကို ညစ်ညမ်းတယ်ထင်လို့ အများစုက လက်မခံရင် သူ့ဘာသာ မြောင်းထဲရောက်သွားပါစေ။ လူတွေ ကြိုက်ရင်လည်း လက်ခံပါစေ။

လူအနည်းစုကပဲ ကြိုက်တယ်ဆိုရင်လည်း အဲဒီလူအနည်းစုအနေနဲ့ ကြိုက်နှစ်သက်ပိုင်ခွင့် ရှိပါတယ်။

ဝေဖန်လို့ ရပါတယ်။ ထောက်ပြလို့ ရပါတယ်။ ရှုတ်ချလို့ ရပါတယ်။ ဒါပေမယ့် မပိတ်ပင်ပါနဲ့။

ဒီမိုကရေစီစနစ်ဆိုတာ လူနည်းစုရဲ့ အခွင့်အရေးကိုလည်း ပိတ်ပင်လို့မရပါဘူး။ တန်းတူအခွင့်အရေးပဲ ပေးရမှာပါ။ တန်းတူညီမျှ လွတ်လပ်ခွင့်ကို အလေးထားကြပါစို့။

Anonymous said...

ကိုပေါနဲ့ ကို သူရိန်
မြန်မာပြည်ကို လာခဲ့ပါလား
ရေနွေးကြမ်းနဲ့ ကောင်ညင်းပေါင်းလေး ဧည့်ခံချင်လို့ပါ

မဟာဆွေ၊ သိန်းဖေမြင့်ရဲ့ အရှေ့ကနေ၀န်း
မမမြင့် အခန်း၊ တက္ကသိုလ်နေ၀င်းရဲ့ သူလိုမင်းသမီး
နောက်ရှိသေး ရှစ်စပ်ကဂျင်ချေလည်သူ
နတ်နွယ်ရဲ့ မြန်မာပြည်မြောက်ပိုင်း
ပြောခဲ့ကြတဲ့ မဒမ်ဘိုမာရီ၊ ဆွဲသွင်းလိုရတာက တင့်တယ်ရဲ့ ပျိုတို့အချစ်တော် အများသားပဲဗျ...
အဆုံးဗျာ၊ ဂျိမ်းဂျိုက်စ်ရဲ့ Ulysses ၊ပီကာဆို...
အဟား ...
Celebrity Worship များ ဖြစ်နေပါရောလား...
တိန်...

လွန်ခဲ့တဲ့ ဆယ်နှစ်၊ နှစ်နှစ်ဆယ်လောက်တုန်းကတော့
ကလေးကို ကျောင်းပို့တဲ့ မိဘ တယ်ပေါသကိုး
အခုနေမှာတော့ လက်ထဲမုန့်ဖိုးထည့်
ကျောင်းလွှတ်လိုက်တာက အများသား
ကွန်ပျူတာဆိုတာတွေကလည်း ပေါမှပေါ
ခိုးခွေတစ်ချပ်က သုံးရာ
အရောင်းဆိုင်က ကပ်လျက်၊ ဆက်လျက်
လူကြီးတွေက၀ယ်၊ လူငယ်တွေက၀ယ်
ငါးကြော်မကြိုက်တဲ့ ကြောင်မိုက် ဘယ်မှာ မရှိသတုန်း

ငယ်တုန်းကဗျာ ဒီလိုအရာလေးတွေဝယ်
လိင်စိတ်အာသာဖြေခဲ့တာ ( ရိုင်းရင်ခွင့်လွှတ်)
အစဉ်အဆက် ရှိခဲ့၊ ရှိနေတာပဲ
လမ်းသွားသူကိုမထိခိုက်
အမိ၊အမ၊ညီမနဲ့တူမဆိုတာ ဘယ်မှထိခိုက်သတုန်း

ပြောသာ ပြောတာပါ သူငယ်လေးရဲ့ သီချင်းတွေ
အလွန် အလွန်ကြိုက်
လူငယ်ရင်ဖွင့်သံဆိုတော့ နားထောင်ရတာကလည်း တစ်ပိုင်း ကြောင်မိုက်ကြီးဖြစ်နေတာက တစ်ပိုင်း
နားလည်ရတာပေါ့လေ
တစ်ယောက်တည်း နားလည်ပေးရအားမရလို့
ညီမတွေခေါ်၊ အမေခေါ်၊ တူမတွေခေါ်၊
အဘွားပါမကျန်၊ အောင်မယ် အိမ်ရှေ့မှာနေတဲ့
ခွေးမကြီးကိုတောင် ခေါ်လိုက်သေး၊
ထိုင်နားထောင်ကြတာ
အလွန်လွန်ကြိုက်ကြတာဗျို့
လူငယ့်ရင်ဖွင့်သံလေ၊ သူတို့လည်း လူ့အဖွဲ့အစည်းထဲကပဲ
နားထောင်ပြီး နားထောင်ပေးရမှာပေါ့
မဟုတ်ပေဘူးလား
ဒါနဲ့အားမရလို့ ဆောင်းဘောက်ကြီးဖွင့်၊
အရပ်ထဲကြားအောင်တောင် ဖွင့်ပြလိုက်တယ်
လူငယ်တွေ သိပ်တော်တာဗျာ
နောက်ပြီးရှိပါသေး
ဘုရားပွဲလို၊ နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲမှာ
ဒီသူငယ်လေးက ၀မ်းသာအားရအော်ဟစ်
ဒီလိုအလုံးတွေ ထုတ်ပြတာ ခင်ဗျားတို့ကို မြင်စေချင်းစမ်းပါဘိ၊ ဟုတ်ကလား၊
ဖမ်းတာ မဖမ်းတာ၊ သတိပေးတာ မပေးတာ
အရေးယူတာ မယူတာက တစ်ပိုင်း

ကျောင်းတုန်းကသာ သဒ္ဒါကြေခဲ့ရင်ဖြင့်ဗျာ
ညစ်ညမ်းခြင်း ဆိုသည်မှာ...
မိုက်ရိုင်းခြင်းဆိုသည်မှာ...
လွတ်လပ်ခြင်းဆိုသည်မှာ...
ဖွင့်ဆိုပြတတ်မယ်ထင်ပါရဲ့လေ။

ကိုပေါပြောတဲ့တစ်ခုထဲမှာပါတာတစ်ခု
အရမ်း အရမ်းကို လေးစားတယ်ဗျာ
အဲတာကြောင့် မြန်မာပြည်ကိုလာခဲ့စေချင်တာ
''အဆုံးစွန်ဆုံးပြောရရင် ဂျောက်ဂျက်ရဲ့ သီချင်းတွေဟာ ညစ်ညမ်းသီချင်းတွေ ဖြစ်နေစေဦးတော့….ဖြစ်သင့်ဖြစ်ထိုက်တာက လူတွေ သူတို့ဘာသာ ဆုံးဖြတ်ပါစေ။ သူတို့မှာ ကိုယ်ပိုင် ဆင်ခြင်တုံတရားရှိကြပါတယ်။'' ဆိုတာကိုပေါ့။
ဒီလာရင် ဘယ်လိုသဘောထားသလဲဆိုတာ သိမပေါ့။
လာသာလာခဲ့၊ ရေနွမ်းကြမ်းနဲ့ ကောင်ညှင်းပေါင်းဧည့်ခံမယ်၊
လာဖြစ်အောင်သာ လာခဲ့စေချင်တယ်

သီချင်းတစ်ပုဒ်ဗျာ၊ အလွတ်တော့မရဘူး
စာသားတစ်ခုပါ ဖြတ်သုံးချင်လို့
မထင်သာ... ဝေး...ဝေး....ဝေး... လို့ သာ .
ခြူနိုင်ရက်ပါပေ့တယ်... နောင်ကျမှ အငြိုးကိုချေမယ် လိုက်လေ ဝေးလေ......ဆိုတာ

ဒီပိုစ်အောက်က ကော်မန့်တစ်ချို့ဖတ်မိတော့မှ
ရွာကိုတောင် လွမ်းမိသွားတယ်
ရွာဆိုတာ တောလို့ခေါ်တာပေါ့
ရွာသားဆိုတော့ တောသားပေါ့
ကျွန်တော်ကတော့ တောသားတစ်ယောက်ဗျ
အိုးလေးလှုပ်ပါဦး တော်ဂေါ်လီလုပ်တာတော့
မြို့ရောက်မှ..
အခုတော့ တောကိုလွမ်းသွားတယ်
တောမှာ ပြဇာတ်ဆိုတာ လာရင် သိပ်ပျော်ပါ့
တခြားမဟုတ်ပါဘူး
တောပြဇာတ်ထဲက စကားလုံးတွေ တွေ့လိုက်ရလို့..

Anonymous said...

ကိုပေါ ခင်ဗျားစွတ်စွတ်ပြောတာပဲ။ ခင်ဗျားသမီးပါးစပ်က အဲဒိသီချင်းဆိုနေရင်ရော ခင်ဗျား ခေါင်းတငြိမ့်ငြိမ့်နဲ့ နားထောင်နေမှာလား

မောင်မောင်

Anonymous said...

TO Ko Paw,

you refers to General Aung San's word as comparison to this song. You aruge that why can General Aung San use this word but why this guy (ဂျောက်ဂျက်)can't.

Isn't it obvious for you???

People accept the General Aung San's words because they can see his intention behind it. Everyone know General Aung San want his country free and prosperous. He's proved his intention by his works. So nobody blame him to use this kind of word.

But who is that ဂျောက်ဂျောက်? what is his intention behind his words? what has he done for the country?

Can we say he is Hero because his songs is full is rude word?

ok, what is rude word? I think even 5th standard can answer this questiong. "if your words make others uncomfortable, it is rude word"

Currently these are rude words for most of the burmese plp. It may be not be branded as 'rude' in 20yrs time, but the point is it is now, at this moment, branded as rude in Myanmar. Yes, the definition of 'rude' is simple as it.

And stop comparing two things which are totally different: General Aung San and ဂျောက်ဂျောက်

Yu Wa Yi said...

ကိုစေးထူးရေ..မင်္ဂလာပါ။ ဒီပို့ စ်လေးမှာ မှတ်ချက်တွေများနေတာတွေ့ လို့ ဘာများလဲလို့ စိတ်ဝင်စားသွားတာ။ ကျွန်မအရင်စိတ်ဝင်စားမိကြတဲ့လူတွေလည်းပြည့်လို့ ပါလား။ ကိုစေးထူးရေးပြလို့ သာသိရတယ်။ ကျွန်မဖြင့် ဘာဂီတက ဘာဖြစ်နေပြီဆိုတာတောင်မသိဘူးရှင်။ဂရုဏာဒေါသောနဲ့ ရေးထားပုံရတယ်နော်။ အပြုသဘောလည်းဆောင်ပါတယ်။ ဒါပေမယ့် ဒီအဆင့်ရောက်မှ တားဆီးမယ်ဆိုရင်လည်းဝါသနာပါတဲ့လူတွေက ခိုးပြီးနားထောင်ကြဦးမှာပါပဲ။ ဒီတော့လည်း ခိုးကြောင်ခိုးဝှက်လုပ်တတ်ခြင်းဆိုတဲ့အမွေအနှစ်လေးတွေတိုးလာကြပြန်ရော။ပေါ့သေးသေးတော့မဟုတ်ဘူးထင်တာပဲရှင်။

လူသစ် said...

ပျော်စရာကြီးပါလား ဟဲ။ F.R.I.E.N.D.S ဆိုတဲ့ TV show DVD ကိုအစဆုံး ၁၀တွဲလုံး ၀ယ်ထားတာရှိတယ်။ monica တို့ ross တို့ phoebe တို့..... ဟာသတွေလုပ်နေကြတဲ့ show လေ။ အခုသမီးလေးရလာတော့ အဲ့ဒီ DVD တွေ ဘယ်နားသွားဖွက်ထားရမှန်းမသိဘူး။ သမီးလေး အသက် ၃၀လောက်မှ အဲ့ဒီ show ကိုကြည့်မိသွားရင် ကိစ္စမရှိဘူး။ အသက် ၁၃နှစ်လောက်မှာ သွားကြည့်မိရင် ပြဿနာ။ ဟာသဇာတ်လမ်းတွေပါပဲ။ ဟင့်အင်း မဆဲပါဘူး၊ ရုပ်ပျက်ဆင်းပျက်လိင်ခန်းတွေလဲမပါဘူး။ အဖော်အချွတ်တွေလဲ ကလူသစ်ကြည့်ချင်တာတောင် မပါဘူး။ ဒါပေမဲ့ ငယ်ရွယ်တဲ့ မြန်မာ(မြန်မာ) မိန်းခလေးတွေကို ပေးကြည့်လို့မဖြစ်ဘူး။

ဂျောက်ဂျက်လား။ မသိဘူး။ နားလည်မထောင်ဘူးဘူး။ လူငယ်တွေရဲ့ လွတ်လပ်တဲ့သံစဉ်ဆိုရင်တော့ ...........

(((((ငါ့သမီးကို ဘယ်နားဖွက်ထားရမလဲ )))))

နွေလှိုင်ဿုန်း said...

ကျနော်လည်း ဟောဒီက နိုင်ဂျံဂါးရောက် ကိုကိုမမတွေကို မြန်မာပြည် အလည်တစ်ခေါက်လောက်ပြန်ပြီး ကိုယ့်ကိုဝိုင်းမြှောက်ပင့်ပေးနေတဲ့အသိုင်းအ၀ိုင်းထဲက အပြင်ထွက်ပြီး လောကကြီး ဘာတွေဘယ်လိုဖြစ်နေပါလိမ့်လို့ ၂ လ၊ ၃ လ လောက် ကွင်းဆင်းစေချင်ပါတယ် ။ကိုပေါဆိုတာ ဘယ်သူလဲ ကျနော် မသိဘူး ။မျှမျှတတရေးနိုင်တာတွေ့လို့ အတွေ့အကြုံနဲ့ အတွေးအခေါ်ကို လေးစားတယ် ။Blogဆိုတာ သတင်းနဲ့စာတွေမျှဝေဖို့ နေရာလို့ပဲ ခံယူတာမို့ လူမှုရေးမလုပ်ပါ ။ ဂျောက်ဂျက်ရဲ့ခွေကိုပဲ ဘာကြောင့်ဝေဖန်နေကြသလဲ Underground Rapper တွေ Imeem မှာ တစ်ပုံကြီးဗျ ။အဟား ဟန်ထူးလွင်(ကျားပေါက်)ကလည်း Underground ထွက်သဗျ ။ဘယ်ဂီတအမျိုးအစားပဲဖြစ်ဖြစ် အားအင်ပါတဲ့ကိုယ်ပိုင်သံစဉ်ကိုပဲ လက်ခံတယ် ။ဘာပဲဖြစ်ဖြစ် MTV Channelရောက်လာနိုင်ရင်တော့ ဘယ်ကောင်တွေ ဘာဆိုတာ ရှင်းကနဲပေါ်လာမှာပါ ။သိပ်မငြင်းကြပါနဲ့ ။ စောင့်ကြည့်ကြပေါ့ဗျာ ။

uk9 said...

ကိုပေါ ရဲ့စာတွေအမြဲလာဖတ်နေတဲ့ ကိုပေါ စာတွေကို အားပေးနေတဲ့သူတစ်ဦးပါပဲ။ ဒါပေမဲ.

ကိုပေါ..ဂျောက်ဂျက် သီချင်းတွေကို အရင်နားထောင်ကြည့်လိုက်ပါဦး။ ကိုပေါရဲ့ သမီးလေး အပျိုပေါက်လေး အရွယ်ရောက်လာရင် ဒါမျိုး မြန်မာဘာသာနဲ့တစ်တစ်ခွခွ စာသားမျိုးတွေ ခံစား နားဆင်နေမှာကို လက်ခံနိုင်မလားဆိုတာ အရင်နားထောင်ပြီးမှသုံးသပ်ကြည့်ပါဦး။ http://mp3.mmblogs.net/2008/05/21/vip/

ဂေါက်ဂက် said...

ငပေါကတော့ ဒီနေရာမှာ စောက်ရူးလိုလို စောက်ပေါလိုလို ဝင်မွှေပြန်ပြီ။

ရာပါပေါ ဖြစ်တိုင်းကောင်းတယ် ထင်မနေနဲ့ စောက်ပေါရဲ့။

မင်းရဲ့ အရွယ်မရောက်သေးတဲ့ သမီးအမှန်လေးကို အမှေးလန်တတ်အောင် သင်ပေးတဲ့သီချင်း မင်းရဲ့သမီး အပြည့်အဝ ခံစားပြီး ဖီးတက်ရင် မင်းဘယ်လို ခံစားမလဲ စောက်ရူးရဲ့။

သမီးမွေးထားတဲ့ အဖေတယောက် အနေနဲ့ တခြားမိဘတွေကို နားလည်ခံစား တတ်ပါအုံး။

ဒါကိုမှ ဒီမိုကရေစီဆို အဲဒီ ဂျောက်ဂျက်ဆိုတဲ့ကောင်ကို မင်းရဲ့သမီး အမှေးလန်အောင် လာလုပ်ခိုင်းလိုက် ရာပါငပွပေါရေ။

Ko Paw said...

ကျွန်တော့်သမီးဆိုရင်…..ဆိုတဲ့ စကားလုံးကို ကွန်မင့်တွေမှာ တွေ့ရလို့ ကျနော် နည်းနည်းလောက် ထပ်ပြောပြပါမယ်။ အမှန်တော့ အကြောင်းအရာတွေကို ဆွေးနွေးကြတဲ့နေရာမှာ အဲသည်လို ကိုယ်ရေးကိုယ်တာကို သီးသန့် ဆွဲထုတ်ပြီး ပြောတာမျိုးကို သာမန်အားဖြင့် ကျနော်အားမပေးပါဘူး။ လက်ခံဖြေရှင်းလေ့လည်း မရှိပါဘူး။

ကျနော့်မှာ သမီးငယ်တယောက် အမှန်ပဲရှိပါတယ်။ အလားတူပဲ ကျနော့်မှာ အစ်မတွေ တပုံတခေါင်းနဲ့ အမေလည်း သက်ရှိထင်ရှားရှိပါသေးတယ်။

ဒီဂျောက်ဂျက်ရဲ့ သီချင်းတွေကို ကျနော့်အနေနဲ့ ကြိုက်သလား လာမေးရင်…. ကြိုက်မှာ မဟုတ်ဘူးလို့ဘဲ ဖြေမိမှာပါဘဲ။ ဘာကြောင့်လဲဆိုတော့ အဲဒီ ဟစ်ဟော့ သီချင်းအမျိုးအစားကို ကျနော့်အနေနဲ့ ခံစားလို့မရသေးတဲ့အတွက်ပါ။

ဒါပေမယ့် ကျနော်မကြိုက်တာက ကျနော့် တကိုယ်ရေတကာယ လွတ်လပ်ခွင့်၊ ရွေးချယ်ခွင့်ပါ။ အလားတူပဲ အခြားသူတွေ ကြိုက်နှစ်သက်ကြတယ်ဆိုရင် ဒါကလည်း သူတို့လွတ်လပ်ခွင့်ပါဘဲ။ ကျနော်မကြိုက်နှစ်သက်ရုံသက်သက်နဲ့ တခြားသူတွေရဲ့ အကြိုက်တရားကို ပိတ်ပင်ဖို့ ကြိုးစားမှာမဟုတ်ပါဘူး။ ကျနော်ဟာ တခြားလူတွေထက် ခံစားမှုအပိုင်းမှာ၊ တွေးခေါ်မှုအပိုင်းမှာ မြင့်မြတ်နေတယ်လို့ ကျနော့်ကိုယ်ကျနော် မယူဆပါဘူး။

သမီးနဲ့ ပတ်သက်လို့ ကျနော့်ပထမဦးဆုံး ကွန်မင့်ထဲမှာ ပါတဲ့အတိုင်း ကလေးတွေ ငယ်ရွယ်နုနယ်စဉ်မှာ ကျနော်က မိဘတယောက်အနေနဲ့ မှန်တယ်လို့ ကျနော်ယူဆတဲ့အတိုင်း ကျနော် ထိန်းကျောင်းလမ်းပြပေးမှာပါ။ အဲဒါတောင်မှ ကျနော့်အတွေ့အကြုံပေါ်မူတည်တာမို့ ကျနော်က မှန်တယ်ထင်ပေမယ့် တကယ်တမ်းမှာ မှန်ချင်မှ မှန်ဦးမှာပါ။ တခြားမိဘတွေ မှန်တယ်လို့ ယူဆထားတာမျိုးလည်း ကျနော်က မှန်တယ်လို့ ထင်ချင်မှ ထင်တာပါ။

ဥပမာအားဖြင့်… မိဘစကားကို မြေ၀ယ်မကျ နားထောင်ရမယ် ဆိုတဲ့စကားကို ကျနော်လက်မခံဘူး။ သမီးအနေနဲ့ မိဘတွေကို ပြန်ပြောခွင့်ရှိတယ်။ ကျနော်တို့လည်း မှားနိုင်တာဘဲ။ သူ့အဖွားစကားကိုလည်း တသွေမတိမ်း နားထောင်စရာမလိုဘူး။ သူမှန်တယ်ထင်ရင် ပြန်ပြောပိုင်ခွင့်ပေးထားတယ်။ အဓိက ရည်ရွယ်ချက်က….. သမီးကို အသက်ကြီးတဲ့လူကပြောရင် ဟုတ်ဟုတ်မဟုတ်ဟုတ် ခေါင်းငုံ့နာခံတတ်တဲ့ကလေးအဖြစ် ဦးကျိုးသွားမှာကို စိုးရိမ်လို့။ သူ့ဘာသူ မှန်မှန်ကန်ကန် တွေးခေါ်တတ်တဲ့ အကျင့်ရအောင် လေ့ကျင့်ပေးတယ်။

သမီးအရွယ်ရောက်လာပြီဆိုရင်၊ သူ့ခြေထောက်ပေါ်ရပ်နိုင်ပြီဆိုရင် ကျနော်က အကြံဉာဏ်ပေးတာက လွဲလို့ သမီးကို သူ့ဘ၀သူ လွတ်လွတ်လပ်လပ် ရပ်တည်စေမယ်။ ကျနော်တို့ မိဘ လောင်းရိပ်မှာ တသက်လုံး မိမနေစေရဘူးလို့ ကျနော် ဆုံးဖြတ်ထားပါတယ်။ သူ့ကိုယ်ပိုင်ဆုံးဖြတ်နိုင်လောက်တဲ့ ပညာနဲ့ စဉ်းစားတတ်တဲ့ အလေ့အထကို ငယ်စဉ်မှာ တတ်နိုင်သလောက် ပျိုးထောင်ပေးဘို့ပဲရှိပါတယ်။

တချို့လည်း သားသမီးကို အတင်းဖိနှိပ်ချုပ်ချယ်တာရှိပါတယ်။ ဒါမလုပ်ရ၊ ဒါမကိုင်ရ၊ ဒါမကြည့်ရ။ အဲဒီကလေးမျိုးတွေဟာ ချုပ်ချယ်ပါများတော့ မိဘရှေ့မှာ ကုပ်ကုပ်ကလေးနေပြပေမယ့် မိဘကွယ်ရာမှာ ထင်တိုင်းကြဲ ဖြစ်သွားတာမျိုးတွေ ကျနော့်မိတ်ဆွေဆွေမျိုးသားချင်းတွေထဲမှာ၊ ရပ်ကွက်တွေထဲမှာ အမြဲလိုလို မြင်တွေ့နေရပါတယ်။ ဒီအင်တာနက်ခေတ်ကြီးထဲမှာ ကျနော်တို့က သားသမီးကို မမြင်ချင် မတွေ့စေချင်လို့ ဘယ်လောက်ပဲပိတ်ပိတ်…. ကျနော်တို့တတွေဟာ သားသမီးအနားမှာ စက္ကန့်မလပ် နေနိုင်တာမဟုတ်။ မျက်ကွယ်ရောက်ရင် ကျနော်တို့ မဖြစ်စေချင်တဲ့အဖြစ်တွေကို တကြိမ်မဟုတ် တကြိမ်ကြုံရမှာဘဲ။ နောက်တခုက အကြောက်လွန်ပြီး လူတောမတိုးဝံ့တော့တာတွေလည်း ဒုနဲ့ဒေးပါ။

ဒါကတော့ ကျနော့်သမီးဆိုရင် ဘယ်နှယ့်လုပ်မလဲ မေးကြလို့ ပို့စ်နဲ့ တိုက်ရိုက်မသက်ဆိုင်ပေမယ့် ဖြေလိုက်တာပါ။

တကယ်လို့ ဂျောက်ဂျက်အခွေကို ညစ်ညမ်းတယ်လို့ ယူဆလို့ ပိတ်ပင်ရမယ်လို့ ပြောနေကြရင် ဒီလူတွေဟာ သီးလေးသီးအငြိမ့်(မျှော်စင်ကျွန်းနဲ့ စင်္ကာပူပွဲစဉ်တွေ)မှာ ခါးအောက်ပိုင်း ပြက်လုံးတွေပါတာကျတော့ ဘာကြောင့် နှုတ်ဆိတ်နေသလဲ။ အဲဒီတုန်းက ဘယ်သူမှ ဘာမှ ပြောသံမကြားရပါလား။ သီးလေးသီးကို လူတကာ သည်းသည်းလှုပ်ကြိုက်နေကြတုန်းကာလဆိုတော့ ဘယ်သူမှ သူရဲကောင်းထလုပ်ပြီး မဝေဖန်ရဲတာ မဟုတ်လားလို့ မေးစရာရှိတယ်။ မိတ်ဆွေတို့ ပြောသလိုဆိုရင် ဒီအခွေလည်း ပြည်တွင်းမှာ ပျံ့နှံ့မနေဘူးလား။ ဒီတော့ ကျနော်ပြောခဲ့တဲ့ နာမည်ကြီးဆိုရင် မဝေဖန်ရဲ့တဲ့ Celebrity worship ဖြစ်မနေပေဘူးလား။ (သီးလေးသီးအငြိမ့်ခန်းတွေကို သေသေချာချာ ပြန်ကြည့်ပါ။)

ကျနော်ပြောချင်တာက မကောင်းတဲ့၊ ညံ့တဲ့ အနုပညာဟာ လူထုကြားမှာ ရေရှည်မခံပါဘူး။ သူ့ဘာသာသူ မြောင်းထဲရောက်သွားပါလိမ့်မယ်။ ကောင်းတဲ့ အနုပညာဟာလည်း လူထုက လက်ခံနိုင်တဲ့အဆင့်အတန်းဆိုရင် လူထုကြားမှာ ပျံ့နှံ့ပါလိမ့်မယ်။ လူထုရဲ့ ဆင်ခြင်တုံတရားကို အထင်သေးထားတဲ့ ဆင်ဆာမလိုပါဘူး။

ရွှေဥဒေါင်းကြီးရဲ့ စကားနဲ့ ပြောရရင် “အစိုးရတရပ်ဟာ လူတွေရဲ့ စားဝတ်နေရေး ပြေလည်စေမှုနဲ့ လုံခြုံစေမှုအတွက်ပဲတာဝန်ရှိတယ်။ လူတွေကို နတ်ပြည်ရောက်အောင် ဇိကုပ်တင်ပေးဘို့ တာဝန်မရှိဘူး” တဲ့။ ဆင်ဆာနဲ့ ပတ်သက်လာရင် ကျနော့်သဘောထားကလည်း အဲဒီအတိုင်းဘဲ။ နောက်တခုက ခင်ဗျားတို့၊ ကျနော်တို့တတွေ ယဉ်ကျေးတယ်လို့ ထင်နေတဲ့အရာတွေဟာ လူငယ်တွေအဖို့က အပေါ်ယံရွှေမှုန်ကြဲတွေ ဖြစ်ကောင်းဖြစ်နေနိုင်တယ်။

နောက်တခုက မြန်မာ့ယဉ်ကျေးမှု လူမှုအသိုင်းအ၀ိုင်းက လက်မခံနိုင်ပါဘူးလို့ပြောရအောင် မြန်မာလူမှုအသိုင်းအ၀ိုင်းကို ကိုယ်စားပြုပြီး ပြောဆိုပိုင်ခွင့် ဘယ်သူကများ ပေးထားလို့ပါလဲ။

ကိုယ်မကြိုက်ရင် ကိုယ်တယောက်တည်းအမြင်နဲ့ ပွင့်ပွင့်လင်းလင်းဝေဖန်ပါ။ ရှုတ်ချပါ။ ပြဿနာမရှိပါဘူး။ ဒါပေမယ့် အများကိုယ်စားဆိုတာမျိုး ပြောချင်ရင်တော့ သတိထားသင့်တယ်လို့ ထင်ပါတယ်။

အကြိုက်တရားနဲ့ ပတ်သက်လို့ ကျနော်အမြဲ ညွှန်းနေကျ မောင်ခိုင်မာရဲ့ ကဗျာလေးကို အောက်မှာ လက်ဆောင်ရေးပေးလိုက်ပါတယ်။

ကျနော့်သား
ပီကေ၀ါးရတာကြိုက်တယ်။

ကျနော့်မယား
ချိုခါးခါး ချဉ်စပ်စပ်
ဗေဒင်ဖတ်ခွင့်ရတဲ့ တမတ်တန် ဇီးထုပ်ကို ကြိုက်တယ်။

ကျနော့်အတွက်တော့
လက်ဘက်ရည်ချိုပေါ့
ဘားတော့ဘရက်ကဗျာ
သစ္စာသီချင်း (ကိုစောညိမ်း)
ဆေးပြင်းတလိပ်
ဖိုဘီကိတ်အပြုံး
ထုံးလေးလေးနဲ့ ဆေးမွှေးကွမ်းယာတယာ
အို…၀မ်းသာပါတယ်အဆွေ။

အကြိုက်တရားဆိုတာ…
လိုက်စားခွင့်ရှိတယ်။
မိုက်မှားခွင့်ရှိတယ်။
စေစားခွင့်ရှိတယ်။
ထွေပြားခွင့်ရှိတယ်။
ရွေးချယ်ခွင့်ရှိတယ်။
ဘေးဖယ်ခွင့်ရှိတယ်။

ငပိနဲ့ဒန်ပေါက်
ခမောက်နဲ့ခေါက်ထီး
ရင်းနှီးရာခံစား
ဒါ…အမှန်တရားတော့ မဖြစ်နိုင်။

ကျော်သူကိုကြိုက်တဲ့
စရိုက်တူကောင်မလေးဟာ
မောင်လေးအောင်၊ မောင်ယဉ်မွန်ဆိုတာ
ဆိုလာချွေးနဲ့ ပျောက်ဆေးလို
မွှေးသလားကိုကို…တဲ့။

လမ်းဘေးမှာ ထိုင်စား
ဝက်သားဒုတ်ထိုး အရသာနဲ့
ဦးပုညရဲ့ ကဗျာရသ
ဒါ နှိုင်းရတရားမဟုတ်
ကိုယ့်အထုတ် ကိုယ်ထမ်း
ကိုယ့်စခန်း ကိုယ်ဝင်။
(မောင်ခိုင်မာ)

wai said...

Yap,
Ko Paw, can u allow your daughter to listen and sing such kind of songs.
Ko Thurein,
Your comment is not related with Democracy. If it is demo:, we need to improve it with our Myanmar culture. If u like such songs, please sing in front of your mother and sisters.
Do it, if u can, u r right.

Anonymous said...

Ko Paw, Ko Thurein
I can't believe u r Myanmar.
U can accept these songs?
Oh my god.

Anonymous said...

Dear Ko Say Htoo,

I seldom write comments in the blog posts.
But for this time, some questions really came out of my mind.

1. Despite the fact that comments for this specific post need your approval, some comments, obviously decorated with all dirty words, still getting approval to be published. That I think is really contradict to the intention of your post and what you valued. Don’t you think so? Or do you think these dirty words in those comments are still considered polite and appropriate for the readers of all age?

2. I think you would prefer the debates, based on the facts and the beliefs, rather than the groundless personal attacks. Wouldn’t you?

So, my point here is

I would suggest you to ACT before everything (especially those comments with dirty words) turns very ugly and much uglier than the song lyrics of that young Rap singer. That will be the only way to safe and serve your intention and the message you tried to give to your readers by writing this very post.

Thanks.

( one of the reader from Asia )

Anonymous said...

ကိုပေါ
ဝင်မပြောချင်ပေမဲ့ မနေနိုင်လို့ဝင်ပြောပါရစေ
ခင်ဗျားသိပ်လွန်နေပီ။ ခင်ဗျားက ပြောလိုက်ရင် ခင်ဗျားမှန်တယ် ဘယ်သူတွေဘာဖြစ်ဖြစ် ငါပြောတာအမှန်နဲ့ စွတ်လုပ်မနေပါနဲ့

ခင်ဗျားအငြိမ့်တွေ မိန့်ခွန်းတွေနဲ့ယှဉ်တယ်။
ခင်ဗျားမှာ မွေးထားတာသမီးလေး
ခင်ဗျားပြောမယ် ငါထိန်းမယ်တဲ့။ ဟုတ်ပါပီ။ ကဲထိန်းနိုင်ပါပီတဲ့ ။ ခင်ဗျားပြောတယ် ကိုယ်ဘယ်ဟာကောင်းတယ်မကောင်းဘူး ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိတာ အသက်၂၀ကျော်မှလေ။ဒါတော့ခင်ဗျားနားလည်မှာပါ။ အခုက သီချင်း သီချင်းဆိုတာ လူကြားထဲမှာ စီးမျောနေတာ မိန့်ခွန်းဆိုတာ ခေါင်းထဲမှာသိပီးလိုအပ်မှ ဆက်လုပ်ဆောင်တာ အငြိမ့်ဆိုတာ ကြည့်ပီး တချို့ကပြောမယ် ရိုင်းတယ် ဒီလောက်နဲ့ပဲပီးသွားပေမဲ့ သီချင်းက အဲ့ဒီနေရာမှာတင်မပီးသွားဘူး တနိုင်ငံလုံးပြန့်သွားတာ နိုင်းစရာမဟုတ်ဘူးလို့ထင်ပါတယ် ပါလေရာလေပေါရယ်။
အရွယ်ငယ်တဲ့ကလေးတွေက ဘာမှန်းမသိဘူး လိုက်ဆိုတယ် အဲဒီအထဲမှာ ခင်ဗျားသမီးကလည်း မြန်မာပြည်မှာရှိနေပီး အသက် ၁၃ နှစ် ၁၄ နှစ်အရွယ်ဆိုပါစို့ ခင်ဗျားက သူ့ဘာသာသူဝေဖန်ဆုံးဖြတ်ပီး ဒီသီချင်းမကောင်းဘူးလို့များ ခင်ဗျားသမီးက သိမတဲ့လား ဒါဆိုခင်ဗျားဘာများလုပ်မလဲ။
ခင်ဗျားဗျာ အစွန်းရောက်တဲ့ ခင်ဗျားစိတ်ကိုတော့ သြချပါရဲ့။ မရေးချင်လဲမရလို့ ရေးလိုက်တယ် လေပေါ။
ကျနော်ပြောချင်တာက ခင်ဗျားလေတွေများနေပီဆိုတာပဲ။ ဦးနှောက်သုံးလိုက်ပါဦး

love said...

ကိုပေါရဲ့ ကွန်မန့်တွေ ဖတ်ပြီး တော်တော်လေးကို စိတ်ပျက်မိလို့ ရေးလိုက်ပါတယ်။

ပထမဆုံး ကွန်မန့်ကတည်းက ကိုပေါဟာ ပြဿနာရဲ့ အစဖြစ်တဲ့ ဒီ သီချင်းတွေကို နားမထောင်ဘဲ ဆောင်းပါးပါ စာသားတွေကြည့်ပြီး ကိုယ်ထင်တာ ကိုယ်လျှောက်ပြောနေတော့ တော်တော်လေး လွဲနေတယ်။

ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်း စကားနဲ့ နှိုင်းထားတဲ့ကိစ္စ။ ကိုပေါစဉ်းစားကြည့်။ ဗိုလ်ချုပ်ပြောတဲ့ စကားတွေရဲ့ ရည်ရွယ်ချက်။ ဂျောက်ဂျက် သီချင်းထဲ ထည့်ဆိုတဲ့ စကားတွေရဲ့ ရည်ရွယ်ချက်။ မတူညီတဲ့ ရည်ရွယ်ချက်နှစ်ခုကို မခိုင်းနှိုင်းသင့်ဘူး။ လူကြီး မိဘတွေ ဆရာသမားတွေဟာ ကိုယ့် သားသမီး တွေ တပည့်တွေကို ဆုံးမတဲ့နေရာမှာ မှတ်လောက် သားလောက်အောင် ရင့်သီးတဲ့ စကားလုံးတွေ သုံးရခြင်းရဲ့ ရည်ရွယ်ချက်က လိမ္မာစေချင်လို့ ကောင်းစေချင်လို့ မဟုတ်လား။ ကဲ … ဒါဆို ဂျောက်ဂျက်က နားသောတဆင်သူ ပရိသတ်တွေကို ဒီ အသုံးအနှုန်းတွေနဲ့ ဆုံးမနေတာလား။ ကိုပေါ နားထောင် ကြည့်လိုက်ဦး။

နောက်တခုက … ဟိရီသြတ္တပ္ပဆိုတဲ့ အရှက် အကြောက်တရားဟာ ကမ္ဘာစောင့်တရားကြီး နှစ်ပါးပါ။ တနည်းအားဖြင့် လူနဲ့ တိရစ္ဆာန် ခွဲခြားထားတဲ့ တရားဆိုလည်း မမှားပါဘူး။ လူမှန်ရင် ရှက်သင့်တာကို ရှက်ရပါမယ်။ ဖုံးသင့်တာကို ဖုံးရပါမယ်။ မဟုတ်ရင် အိပ်၊ စား၊ ကာမ သုံးပါးပဲ သိတဲ့ တိရစ္ဆာန်နဲ့ ဘာထူးအုံးမှာလဲ။

အထူးသဖြင့် ဗုဒ္ဓဘာသာ တိုင်းပြည်ဖြစ်တဲ့ မြန်မာပြည်သူ ပြည်သားတွေအတွက် ပိုပြီး စောင့်ထိန်း သင့်တဲ့ တရားပါ။ ဘာကြောင့်လဲ ဆိုတော့ မြန်မာ့ယဉ်ကျေးမှုဆိုတာကိုက ဗုဒ္ဓယဉ်ကျေးမှုကို အခြေခံပြီး ပေါ်ပေါက် လာလို့ပဲ။ မိဘ၊ ဆရာသမား၊ မိမိထက်ကြီးသူတွေကို ရိုသေ လေးစားခြင်း ဂါရ၀ တရား နိဝါတ တရားဆိုတာ ဗုဒ္ဓဘာသာကနေ ဆင်းသက်လာတဲ့ မြန်မာ့ယဉ်ကျေးမှုတွေပါ။ ဒါကြောင့် ဂီတ စာပေ သီချင်း စတဲ့ အနုပညာတွေကို ဘာသာရေးရဲ့ ပြင်ပ ထုတ်ချင် ထုတ်ထားနိုင်ပေမဲ့ မြန်မာ့ ယဉ်ကျေးမှု ရေစီးကြောင်း တခုဖြစ်တဲ့ ဒီအနုပညာတွေဟာ တနည်းအားဖြင့် ပြောရရင် ဘာသာရေးနဲ့လည်း ပတ်သက်ဆက်နွယ်မှု ရှိတယ် ဆိုတာ သတိပြုစေချင်ပါတယ်။ ကိုပေါပြောသလို မြန်မာ့ယဉ်ကျေးမှုဟာ တခြားယဉ်ကျေးမှုတွေ ပါဝင်ပေါင်းစပ်ပြီး တိုးတက် ဖြစ်ထွန်းလာတာ မဟုတ်ပါဘူး။ အဲဒီလို တခြားယဉ်ကျေးမှုတွေ (ဒီနေရာမှာ ယဉ်ကျေးမှုလို့တောင် မသုံးချင်ဘူး၊ ရိုင်းပျတဲ့ အမူအကျင့်တွေကို ဆိုလိုချင်တာပါ) ကူးစက်လာတာကိုက ယဉ်ကျေးမှုကို ဆုတ်ယုတ်စေပါတယ်။

ကိုပေါ ပြောသလို ဗိုလ်ချုပ်စကား ကိုးကားရရင် လွတ်လပ်ရေးရပြီဆိုပြီး လမ်းပေါ်တက် ဆေးရိုးလှမ်း တာမျိုးကို လက်မခံနိုင်ဘူး လို့ ဗိုလ်ချုပ်က ပြောခဲ့တယ်။ ဒါ … ဘာကြောင့်လဲ … မိမိရဲ့ လုပ်ရပ်ဟာ တဘက်သား ထိခိုက်မှာမျိုးဆိုရင် မလုပ်သင့်တာကို ဗိုလ်ချုပ်က ညွှန်ပြခဲ့တာပါ။ ဒီမိုကရေစီရဲ့ အနှစ်သာရဟာ လွတ်လပ်စွာ ပြောဆို၊ ပြုလုပ်၊ ရေးသားခွင့် ဆိုပေမဲ့ အများထိခိုက်မယ် ဆိုရင် ရှောင်ကြဉ် ရမယ် မဟုတ်လား။ လွတ်လပ်ခြင်းနဲ့ လက်လွတ်စပယ် ပြုခြင်းကို ခွဲခြား သိစေချင်တယ်။

သူတို့ သီချင်းထဲက စာသားတွေကို သေချာနားထောင် ကြည့်ပါ။ ဒါတွေဟာ သူတို့အနေနဲ့ နေ့စဉ်သုံးနေတဲ့ စကားတွေပဲ။ ဒါဟာ ရိုင်းစိုင်းတာ (rude) မဟုတ်ဘူး။ အရိုင်းဆန်တာ (wild) ပဲလို့တော့ မသတ်မှတ်နိုင်ပါဘူး။ ရိုင်းတာက ရိုင်းတာပဲပေါ့။ စောက် ဆိုတဲ့ စကားကို လူတိုင်းနီးပါး (အားလုံးမဟုတ်) နှုတ်ကျိုးပြီး သုံးနေကြတယ်ပဲထား။ စာထဲ ထည့်ရေးတဲ့အခါ ဘယ်စာရေးဆရာမှ စောက်လို့ မသုံးပါဘူး။ သောက်လို့ စာလုံး ပြောင်းလွဲ သုံးပါတယ်။ ဒီလိုပဲ အပြင်လောကမှာ ဒေါသ အလျောက် မအေ နှမ ကိုင်တုတ်နေကြပေမဲ့ ဒီစကားလုံးတွေဟာ စာပေ ဂီတ ဖန်တီးရာမှာ အသုံးပြုသင့်တဲ့ စကားလုံးမျိုးတွေ မဟုတ်ပါဘူး။

နိုင်ငံတကာ ရုပ်သံ ဌာနတွေက လွှင့်တဲ့ အစီအစဉ်တွေမှာတောင် ကြမ်းတမ်းတဲ့ စကားမျိုးပြောတာ ပါလာရင် အဲဒီနေရာမှာ အသံဖျောက်ထားတာမျိုးတွေ ရှိပါတယ်။ စီဘောက်တို့ ချက်ရွမ်း တို့မှာတောင် fuck ဆိုတဲ့ စာလုံးမျိုး ရေးလို့ ရလို့လား။ အဲဒီစာလုံးရေးရင် ကြယ်ပွင့်လေးတွေသာ ထွက်လာတာမျိုး ကိုပေါ မြင်ဖူးမှာပါ။ ဒါဟာ ဆင်ဆာသဘောတွေပါပဲ။ ဒီလို လုပ်ခြင်းဟာ လူတွေရဲ့ ဆင်ခြင်တုံ တရားကို အထင်သေးလို့လား။ ဒါမှမဟုတ် မကြားဝံ့ မနာသာတွေမို့ လူရှေ့ သူရှေ့ ချ မပြသင့်လို့ လား … စဉ်းစားပါ ကိုပေါ။

လူတိုင်းမှာ ဆင်ခြင်တုံ တရားရှိတဲ့ အတွက် ဆင်ဆာ မလိုဘူး ဆိုတဲ့ ကိုပေါကို တခုပြောချင်ပါသေးတယ်။ ရှင်ဥက္ကဋ္ဌရေးတဲ့ လူသေလူဖြစ် စာအုပ်ကို ကြားဖူးမယ် ထင်ပါတယ်။ အဲဒီစာအုပ်ဟာ စာပေစိစစ်ရေး မပေါ်ခင်ကာလက ထုတ်ဝေခဲ့တာ ဖြစ်ပြီး ဒီစာအုပ်ထွက်လာပြီး ဖြန့်ချိပြီးမှ စာအုပ်ပါ အကြောင်းအရာဟာ ဗုဒ္ဓဒေသနာတော်နဲ့ မကိုက်ညီတဲ့ အတွက် ပြန်လည် သိမ်းဆည်းခဲ့ရတယ်။ ဒါပေမဲ့ တော်တော်များများ လက်ထဲ ရောက်သွားပြီ။ စာရေးသူ ရှင်ဥက္ကဋ္ဌရဲ့ တင်ပြချက်ကို အလွန်နှစ်သက်ပြီး လက်ခံခဲ့သူတွေ အများကြီး (ခုချိန်ထိ ရှိနေဆဲ) ပေါ်ပေါက်ခဲ့တယ်။ ကျမ်းတတ် ပေတတ် ဆရာတော်ကြီးတွေ စိစစ်ပြီး ဒီအယူအဆဟာ မှားနေတယ်လို့ သတ်မှတ်ခဲ့ပေမဲ့ သေချာ နားမလည်ခဲ့သူ (လူကြီး လူငယ်) တော်တော်များများဟာ ရှင်ဥက္ကဋ္ဌရဲ့ အာဘော်ကို အဟုတ် အမှန်ထင်ပြီး အယူလွဲမှား (ဒိဋ္ဌိဖြစ်) ခဲ့ကြတယ်။

အဲဒီနောက်ပိုင်းမှာ ဗုဒ္ဓဘာသာဆိုင်ရာ စာပေ ရေးသား ထုတ်ဝေ မယ်ဆိုရင် သာသနာရေးဌာနကို အရင် တင်ပြပြီး သာသနာရေးက ကျမ်းတတ်ပုဂ္ဂိုလ်များ၊ ဆရာတော်ကြီးများ အဆင့်ဆင့် တည်းဖြတ်ပြီးမှ ထုတ်ဝေခွင့် ပြုခဲ့ကြပါတယ်။ ဒါဟာ အာဏာရှင်ကို အားပေးတာလား။ အာဏာရှင်စနစ်ကို ထောက်ခံတယ်လို့ ဆိုမလား။ မသိနားမလည် သူတွေ ဆင်ခြင်တုံ တရား မရှိသူတွေ အမှားအမှန် သေချာ ခွဲခြား မဆုံးဖြတ်နိုင်သူတွေ အယူလွဲမှားမှာစိုးလို့ ထိမ်းသိမ်း ကွပ်ကဲပေးတဲ့ သဘော မဟုတ်လား။

အနုပညာ ဖန်တီးမှုတခုဟာ ဖန်တီးသူနဲ့ မဆိုင် ဖတ်ရှု နားထောင်သူ ခံယူသူပေါ်မှာသာ မူတည်တယ် … ညစ်ညမ်းတဲ့ စိတ်နဲ့ ကြည့်ရင် ညစ်ညမ်းတယ် ဆိုတော့ … ဒီလို ညစ်ညမ်းစိတ် ဖြစ်အောင် လှုံ့ဆော်ရာရောက်တဲ့ ပြကွက်၊ ရေးသားချက်၊ သီဆိုမှုတွေ ဖန်တီးသူတွေကို ဘယ်နေရာ သွားထားမလဲ။ လွတ်လပ်စွာ ဖန်တီးတဲ့ အနုပညာဆိုပြီး ချီးကျူး ဂုဏ်ပြုကြရမလား။

ဒီဥပမာ မပေးချင်ပေမဲ့ ပေးရဦးမယ်။ ကိုယ်ချင်းစာနိုင်အောင်ပါ။ ဥပမာ … ကိုပေါရဲ့ သမီးလေးဟာ ကျောင်းက သူငယ်ချင်းတယောက်ယောက်ဆီက ဆဲတဲ့စကားလုံးတလုံး တတ်လာတယ် ဆိုပါတော့။ အဲဒါကို သူက တချိန်လုံး ရေရွတ်နေရင် နားထောင် ကောင်းကောင်းနဲ့ ပြုံးပြီး နားထောင်နေမလား။ ဒါဟာ မကောင်းတဲ့ စကားဖြစ်တယ်လို့ ရှင်းပြပြီး နောက် မပြောအောင် တားမြစ်မလား။ ဒါဟာ သူ့အခွင့် အရေးဘဲ။ လွတ်လပ်စွာ ပြောဆိုခွင့်ရှိတယ်လို့ ယောနိသော နဲ့ နှလုံးသွင်းနိုင်မယ်ဆိုရင်တော့ အာဂ ဖခင်တဦးပါပဲ။

အဲဒီလိုပဲ ဒီသီချင်းကို နားထောင်ဖြစ်တဲ့ ကလေးတွေ ဆယ်ကျော်သက် လူငယ်တွေဟာ ဒီသီချင်းထဲက ဆဲတဲ့စကားတွေကို သဘောကျလို့ အတုခိုးပြီး လိုက်ပြောနေရင် … ။ ကိုပေါ မိဘ နေရာက စဉ်းစားပါ။ ဆင်ခြင်တုံတရားဆိုတာ လူတိုင်းမှာ ရှိတယ်ပဲထား။ လူတဦးချင်းရဲ့ အခြေခံပေါ်မူတည်ပြီး ဆင်ခြင်တုံတရား အနည်းအများ ကွာခြားပါတယ်။ အထူးသဖြင့် အမှားအမှန် မခွဲခြားနိုင်သေးတဲ့ အရွယ်၊ အတုမြင် အတတ်သင်တဲ့ အရွယ်၊ ရိုင်းစိုင်းခြင်းနဲ့ ယဉ်ကျေးခြင်းကို မခွဲခြား တတ်တဲ့ သူတွေအတွက် ဒါတွေဟာ အဆိပ်အတောက် မဖြစ်စေဘူးလား။ ၁၈ - နှစ်အောက် မကြည့်သင့်တဲ့ ရုပ်ရှင် မဖတ်သင့်တဲ့ စာပေ ဆိုပြီး နိုင်ငံတကာမှာလဲ ဘာလို့ ခွဲခြားထားလဲ စဉ်းစားပါဦး။

အဲဒီလို ၁၈ နှစ်အောက် မဖတ်ရတဲ့ စာအုပ်မျိုး ကိုပေါသမီးလေး ဖတ်နေတာ သိရင်လည်း တားမှာပဲ မဟုတ်လား။ အဲဒီသဘောပါပဲ။ ဂျောက်ဂျက်သီချင်းတွေကို ပိတ်ပင်တယ်ဆိုတာ … လွတ်လပ်ခွင့်ကို ပိတ်ပင်တယ် အာဏာရှင်ကို ထောက်ခံတယ် ဆိုတာထက် … သူ့ကို အဓိက အားပေးနေတာက မသိနားမလည်တဲ့ လူမမယ်ကလေးတွေနဲ့ ဆယ်ကျော်သက် လူငယ်တွေမို့ ဒီလို ကလေးတွေ ညစ်ညမ်း ကြမ်းတမ်းတဲ့ စကားတွေနဲ့ မယဉ်ပါး စေချင်လို့ မသုံးနှုန်းစေချင်လို့ တားမြစ် ပိတ်ပင် ခြင်းလို့ မြင်ကြည့်လိုက်ပါ … ကိုပေါ … ငြိမ်းချမ်းသွားပါလိမ့်မယ်။

ကလိုစေးထူး said...

ကျနော်က ဒီဆောင်းပါးကို စရေးတော့မယ် ဆိုကတည်းက မတူနိုင်တဲ့ တခြားသော အမြင်တွေလဲ ပြန်လာနိုင်တယ်ဆိုတာ အစကတည်းက တွက်ဆထားပြီးသားပါ။ Entertainment Post တခု မဟုတ်တဲ့အတွက် အငြင်းအခုန်လေးတွေ ရှိတာကို ဘာမှမပြောလိုပါ။ ကိစ္စရပ်တခုကို ကျနော်မြင်တဲ့ဘက်ကနေ ကျနော်ရေးတဲ့အတွက် ကျနော်နဲ့ အမြင်ထပ်တူကျသူတွေ၊ ဆန့်ကျင်တဲ့ အမြင်ရှိသူတွေရဲ့ အယူအဆတွေ အားလုံးကို ပြန်နားထောင်ရဖို့ မျှော်မှန်းခဲ့ပြီးသားပါပဲ။

ဒါပေမယ့်... ...။

မှတ်ချက်တွေ အကုန်လုံးကို ဖတ်ပြီးတော့ ကျနော် ဒီဆောင်းပါးကို ရေးချင်စိတ်ပေါ်လာတဲ့ အကြောင်းရင်းကို နည်းနည်း ပြန်ပြောပြချင်လာတယ်။

ကျနော်တွေးတာ ရိုးရိုးလေးပါပဲ၊ ဒီလို စာသားမျိုးနဲ့ ကျနော့်အမေ၊ ကျနော့်နှမကို လာဆိုပြနေရင် ကျနော်ကြိုက်မှာ မဟုတ်ဘူး။ ကျနော်လိုပဲ မကြိုက်တဲ့လူတွေကို ကိုယ်စားပြုပြီး အဲဒီ သီချင်းကို ဖန်တီးခဲ့သူတွေကို သိစေချင်လို့ ဒီဆောင်းပါးကို ရေးတယ်။ အဲဒီလို သီချင်းမျိုးကို ကျနော့်ညီ၊ ကျနော်ဆွေမျိုးသားချင်းတဲ့က တယောက်ယောက် ဆိုနေရင်လဲ `မင်းမိုက်ရိုင်းလှချည်လားကွ´ ဆိုပြီး ကျနော်တားမှာပဲ။

မြန်မာ့ယဉ်ကျေးမှုဆိုတဲ့ စကားလုံးကို ကျနော်သုံးခဲ့တာက ကျနော်တို့ လူမျိုးမှာက တခြားနိုင်ငံခြားသားတွေလို အဖေအမေကို Hey Dad, Hi Mum ဆိုတဲ့ အခေါ်အဝေါ်မျိုး မရှိဘူး။ အဲဒီထက် ယဉ်ကျေးတဲ့ ဖေဖေ၊ မေမေ ဆိုတာအပြင် ယဉ်ကျေးမှုကို ကိုယ်စားပြုတဲ့ `ခင်ဗျာ၊ ရှင်´ ဆိုတာတွေပါ ရှိသေးတယ်။ သီချင်းရေးရာမှာ အဲဒီလောက် ယဉ်ကျေးရမယ် မဆိုလိုဘူး။ ဒါပေမယ့် မတူတဲ့ ယဉ်ကျေးမှုတွေ၊ ဂါရ၀တရားတွေနဲ့ ကျနော်တို့ လူအဖွဲ့အစည်းလေးကို `ဒီလိုစာသားမျိုးတော့ ဒီ့ပြင်နိုင်ငံက ဟစ်ဟော့ပ်သီချင်းတွေမှာဆို အပျော့ပေါ့´ ဆိုတဲ့ သဘောနဲ့ သွားသွားနှိုင်းပြီး တလွဲဆံပင် မကောင်းစေချင်လို့ ဒီစကားလုံးကို သုံးခဲ့တာပါ။ ကိုယ်လိုရာဘက်ကို ဆွဲခေါ် ငြင်းကြမယ်ဆိုရင်တော့ အကြောင်းအရာတွေက ပြန့်ကျဲနေတော့မှာ သေချာတယ်။ အဲဒီသီချင်းတွေမှာ `စောက်´ ဆိုတာလောက် ပါရုံလောက်နဲ့တော့ ဒီဆောင်းပါးကို ကျနော် ရေးဖြစ်ဦးမှာ မဟုတ်ဘူး။

အဲဒီ သီချင်းထဲမှာ ပါတဲ့စာသားတွေဟာ အရှိအတိုင်း အမှန်အတိုင်း မဟုတ်ဘူးလားဆိုတဲ့ မေးခွန်းကိုတော့ ကျနော်ဖြေစရာမလိုတော့ပါဘူး။ အပေါ်မှာ မိတ်ဆွေ တယောက်က ပြောသွားပြီးပါပြီ။ လူတွေ သံဝါသပြုတဲ့နေရာမှာ အခန်းအကာတွေ ကာရပြုရတာတွေဟာ မမြင်သင့် မမြင်အပ်၊ မကြားသင့် မကြားအပ်တာကို လူအများရှေ့ မမြင်ရမကြားရစေအောင်ပါ။ ကပ်သပ်ပြောကြစတမ်းဆို အဲဒီ အရှိအတိုင်းကို သူတို့က ဘာလို့ ကာနေပြုနေဦးမှာလဲ။ အခုတော့ လူနှစ်ယောက် လိင်ဆက်ဆံတာကလဲ သီချင်းစာသားတွေ ဖြစ်လိုဖြစ်နဲ့ဆိုတော့ ဒါကို ရိုင်းတယ်လို့ သတ်မှတ်ရမှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဟာ လူသားတွေ ဖြစ်နေလို့ပါ။

နောက်တခု... ...။

အဲဒီ သီချင်းတွေဟာ လူငယ်ထုကြားထဲကို နည်းပေါင်းစုံနဲ့ ရောက်ရှိပြန့်နှံ့ပြီးလို့ ပြည်တွင်းမှာ မိဘတွေက စိတ်ညစ်ရ၊ ငယ်ရွယ်တဲ့ မိန်းကလေးတွေမှာလဲ စိတ်ညစ်ရ၊ ဆယ်နှစ်သားလောက် ကလေးကလဲ `သီချင်းပဲ´ ဆိုပြီး ဒါတွေကို ရွတ်နေလို့ အဲဒါတွေအားလုံးကနေ ထွက်လာတဲ့ အသံအနေနဲ့ ပြည်တွင်း ဂျာနယ်က ရေးလိုက်မှ တာဝန်ရှိသူတွေဆိုတဲ့ လူတွေက ခေါ်ယူ သတိပေးတဲ့ အဆင့်လောက်အထိပဲ လုပ်ခဲ့တာပါ။ သွားပြီး တားဖို့နေနေသာသာ အခွေထွက်တုန်းက ဘယ်တာဝန်ရှိသူမှတောင် သိလိုက်ဟန်တောင် တူတာ မဟုတ်ပါဘူး။ အဲဒီခွေတွေကို ခိုးကူးရောင်းတဲ့လူကရောင်း၊ အယုတ္တအနတ္တစကားတွေက ကလေးသာသာ လူငယ်တွေ ပါးစပ်ဖျားကို အလွယ်တကူရောက်၊ `ဒါ...၊ ဟစ်ဟော့ပ်ကွ၊ အလန်းသီချင်းလေးတွေကွ´ ဆိုပြီး အဲဒီ အယုတ္တအနတ္တစကားတွေကိုပဲ လူကြီးသူမရှေ့မရှောင် ဘာမရှောင် အလွယ်တကူ ပြောကြ ရွတ်ကြတော့မယ့် အခြေအနေတွေကို အဲဒီ ဂျာနယ်က ရေးလိုက်တော့မှသာလျှင် တာဝန်ရှိသူ ဆိုတဲ့ ပုဂ္ဂိုလ်တွေ သတိထားမိဟန်တူတာပါ။

ဟုတ်ပြီ။ အဲဒါကိုပဲ ဂီတတခုအနေနဲ့ ကြိုက်တဲ့လူက ကြိုက်တယ်ဆိုရင် ကျနော့်မှာလဲ လွတ်လပ်စွာ မကြိုက်ခွင့်ရှိတယ်။ ကျနော့်လို့ မကြိုက်ခွင့် ရှိသူတွေရဲ့ အသံတွေကို စုစည်းပြီး ဒီလို သီချင်းမျိုးကို လွတ်လပ်စွာ ဆန့်ကျင်ခွင့်ရှိတယ်။ ဒီသီချင်းမျိုးတွေ နောက်ထပ် မပေါ်လာရအောင် ကျနော့်နည်း ကျနော့်ဟန်နဲ့ တားတာ ဆီးတာဟာလဲ ကျနော့်လွတ်လပ်ခွင့်ပဲ မဟုတ်လား။

အချိန်က စကားပြောသွားပါလိမ့်မယ် ဆိုရင် အဲဒီ စကားပြောတယ်ဆိုတဲ့ အချိန်ကာလမျိုးရောက်တဲ့အခါကျရင် ဒီသီချင်းတွေရဲ့ ထိရောက်မှု အတိုင်းအတာက ဘယ်လောက်ထိ တာသွားနေလောက်မလဲ။ လွတ်လပ်မှုနဲ့ ဒီမိုကရေစီ ဆိုတာကို ကျနော်ကြားဖူးတဲ့ ဥပမာလေး တခုနဲ့ ကျနော်ခံယူထားတယ်။ လူတယောက်ဟာ လက်နှစ်ဖက်ကို ဘေးဘယ်ညာ ဆန့်တန်းလိုက်၊ ဘေးလူကို မထိခိုက်သရွေ့ အဲဒါ သူ့လွတ်လပ်ခွင့်ပဲ။ သူဆန့်တန်းပြီး ဝှေ့ယမ်းနေတဲ့ လက်ဟာ သူတပါးကို သွားထိခတ်နေတယ်ဆိုရင် ဒါကို လွတ်လပ်မှုလို့ သတ်မှတ်လို့ မရတော့ဘူး။ အဲဒါဟာ ရမ်းကားမှုပဲ ဖြစ်လိမ့်မယ်။ အခု အဲဒီသီချင်းတွေကတော့ လက်နှစ်ဖက်ကို ဘေးကို ဆန့်ထုတ်ပြီး ဝှေ့ယမ်းတာနဲ့တောင် မတူဘူး၊ မစင်အပြည့်အိတ်ထဲထည့်ပြီး အဲဒါကြီးကို လူတွေအများကြီး ရှိတဲ့နေရာမှာ ယမ်းနေတာနဲ့ တူနေတယ်။ ဒါက ကျနော့်အမြင်ပါပဲ။

အမေရိကားလို လွတ်လပ်လှပါတယ် ဆိုတဲ့ နိုင်ငံမျိုးမှာတောင် တီဗွီအစီအစဉ်တွေမှာ လက်ခလယ်ထောင်တာကို ဆင်ဆာဖြတ်နေပါပြီ။ fuck ဆိုတဲ့ စကားလုံးကို ဆင်ဆာဖြတ်ပါတယ်။ အဲဒါကိုလဲ `ဟ...၊ ဒါလွတ်လပ်ခွင့်ကို ပိတ်ပင်နေတာပဲ´ လို့ ဘယ်သူကမှ မသတ်မှတ်ကြပါဘူး။

ပြီးတော့ အဲဒီ သီချင်းကို ကြိုက်နေကြတယ်ဆိုတဲ့ လူအများစုဟာ အသက် ဆယ်နှစ်ဝန်းကျင်တွေ ဆယ်ကျော်သက်အရွယ်တွေဆိုတာတော့ သတိထားစေချင်တယ်။ အဲဒီ ကလေးတွေကို ဒီသီချင်းတွေဟာ မကောင်းဘူးဆိုတဲ့ ဆင်ခြင်တုံတရားက သူတို့အသက်အရွယ်လေးတွေမှာ ရှိနေပါ့ဦးမလား။ ဒါဟာ ဘယ်သူ့ကိုမှ အထင်သေးလို့ မဟုတ်ဘူး။ ဖြစ်လေ့ဖြစ်ထ သဘောကို ပြောချင်တာ။

အကြောင်းအရာဆိုတာတွေကတော့ ငြင်းကြမယ်ဟေ့ ဆိုရင် ဆွဲထုတ်လို့ကောင်းစရာ အစတွေကတော့ တပုံတပင်ကြီးပေါ့။ ကျနော် ဂျောက်ဂျက်နဲ့တကွ ဘယ်ရက်ပ်ပါကိုမှ အထင်မသေးဘူး။ အထင်မသေးလို့လဲ သူတို့ရဲ့ (ညစ်ညမ်းစာသားတွေ မပါတဲ့) သီချင်းတွေထဲမှာ အနုပညာစွမ်းအား မသေးတာကို တွေ့ရတယ်လို့ စာထဲ ထည့်ရေးခဲ့တယ်။ တကယ်လဲ အဲဒီ သီချင်းတွေထဲမှာ ကျနော် ကြိုက်တာတွေ ရှိတယ်။ ဒါပေမယ့် စဉ်းစားကြည့်ပါဗျာ၊ ဒီလောက်ကြီးတောင်...၊ ဒီလောက်ကြီးများတောင် ရိုင်းစိုင်းနေတဲ့ စာသားတွေကို ကျနော်တို့က အနုပညာတရပ်အနေနဲ့ လက်ခံပေးရမှာလား။

ပြောတာတွေ များသွားရင် အကြောင်းအရာတွေ ဒီထက်ပို ပြန့်ကျဲနေတော့မယ်။ ဒါကြောင့် ဒီပို့စ်အတွက်တော့ ကျနော့်မှတ်ချက်ကို ဒီလောက်နဲ့ပဲ ရပ်ပါတယ်။

ကလိုစေးထူး

from sg said...

I completely agree with Kosayhtoo. I find it extremely uncomfortable to even read such lyrics/songs. To be frank, I never want to listen that kind of songs. One more important thing, we should never compare Our Hero, Bogyoke Aung San with such a singer.

Ko Paw said...

ကိုစေးထူးရေ….

ဒီပို့စ်မှာ ကျနော့်အနေနဲ့ အလေးအနက် ဆွေးနွေးခဲ့တာပေမယ့် မှတ်ချက်တွေကို ဖတ်ရတဲ့အခါ ရယ်ချင်စရာအဖြစ်အပျက်တွေကိုလည်း သတိမထားမိပဲ မနေနိုင်အောင်ပါပဲ။

ပထမဦးဆုံးအချက်က ဂျောက်ဂျက်ရဲ့ စာသားတွေကို ညစ်ညမ်းတယ်လို့ သတ်မှတ်သူတွေကိုယ်တိုင်က ဂျောက်ဂျက်ထက် မညံ့တဲ့ အသုံးအနှုန်းတွေနဲ့ ကွန်မင့်ကဏ္ဍမှာ ရေးသားသုံးစွဲနေတာကို တွေ့ရပါတယ်။ အဲဒီလူတွေက ကိုယ်ကျင့်စာရိတ္တအကြောင်း၊ မြန်မာ့ယဉ်ကျေးမှုအကြောင်း အာဘောင်အာရင်းသန်သန် ဆွေးနွေးနေတာကြားတော့ ကျနော့်အဖို့မှာ မပြုံးဘဲနဲ့ ၀ါးလုံးကွဲ ရယ်ချင်စရာ ဖြစ်လာခဲ့ပါတယ်။

ပိုပြီးရယ်စရာကောင်းတာက ဂျောက်ဂျက်စာသားတွေကို ဆင်ဆာကတဆင့် အရေးယူတားမြစ် ပိတ်ပင်သင့်တယ်လို့ ပို့စ်ပေါ်မှာ ရေးသားခဲ့တဲ့ ကိုစေးထူးကိုယ်တိုင်က အထက်ပါ ကွန်မင့်တွေကိုတော့ အများပြည်သူ ဖတ်ရှုသင့်တယ်ယူဆပြီး ကွန်မင့်ကဏ္ဍခွင့်ပြုခဲ့တာပါပဲ။ (ဒီပို့စ်မှာ ကွန်မင့်တွေက ကိုစေးထူးရဲ့ ခွင့်ပြုချက် (Approval) ကျပြီးမှ စာမျက်နှာပေါ်တက်လာနိုင်တာကို ကျနော် သတိထားမိတယ်။)…. ဒီလိုပြောလို့ ကျနော့်ကို တလွဲမထင်နဲ့နော်။ အိုး…နိုးနိုး…ကျနော်က သူတို့ကို ပိတ်ပင်ဘို့ ပြောနေတာမဟုတ်ပါဘူး။ ကျနော်က ပိတ်ပင်မှုကို မကြိုက်သူပါ။ ကျနော်စဉ်းစားကြည့်တာပါ။ ကိုစေးထူးရဲ့ ရပ်တည်ချက်ပဲ ပြောင်းသွားလို့ ခွင့်ပြုလိုက်တာလား။ ဒါမှမဟုတ် ပညာရှိသတိဖြစ်ခဲဆိုသလို မျက်စိဘဲမှောက်သွားတာလား။ ကျနော့်စိတ်ထဲမှာ မရှင်းမလင်း ဖြစ်သွားလို့ပါ။

ဒါပေမယ့် သေချာတာတခုကတော့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေကို အသေအလဲ ကာကွယ်ဖို့ ကြိုးစားနေတဲ့ Love တို့ ကိုယ်တိုင် အပေါ်က ကွန်မင့်တွေမှာ ပါတဲ့ (မိတ်ဆွေတို့အခေါ်အဝေါ်) ညစ်ညမ်းတဲ့ စကားလုံးတွေကို သုံးနေမှုအပေါ် ဝေဖန်ဘို့ကိုတော့ မေ့လျော့နေကြပုံပါ။ ပညာရှိ သတိဖြစ်ခဲပေါ့လေ။ ဂျောက်ဂျက်သာ ဦးပုညလို စာချိုးတတ်ရင်တော့ သြော်….ဒီစကားလုံးတွေ သုံးကြတဲ့သူ တပုံတခေါင်း အနက်တွင်မှ….ကံကွက်ကျား၍….ငမိုက်သား ဂျောက်ဂျက်လေ….နင့်ချည်းပင် သေစေတော့ဟု…..ငွေတောင်ကြီးအဟန်….ဆဒ္ဒန်မင်းမြတ်….သတ်လျှင်လည်း မလွတ်နိုင်ပါ…သေရပါတော့မည်……လို့များ ရေးစပ်လေမလားမသိ။

Love ရေ… ကျနော့် ကွန်မင့်လေးတွေလည်း သေသေချာချာ ဖတ်ပြီးမှ ရေးပါဗျာ။ ကျနော်ပြောပြီးအကြောင်းအရာတွေကို ထပ်ပြောတာတွေ၊ ဖြေပြီးသား မေးခွန်းတွေကို ထပ်ဖန်တလဲလဲ မေးခွန်းထုတ်နေတာ တွေ့ရလို့ပါ။

သူတော်ကောင်း၊ သူမြတ်လောင်းအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစေကြောင်း ကွန်မင့်ကဏ္ဍကတဆင့် ဆုတောင်းပေးလိုက်ပါတယ်။

blogreader said...

ko paw, I think u should change ur name.:)

I am really upset. I hope maybe ur wife also upset for this topic.

Oh... u r so pitty.

ကလိုစေးထူး said...

ကိုပေါရေ...

အဲဒီ ကွန်မန့်ကို မတင်ခင် တင်သင့် မတင်သင့် ကျနော် တကယ်ပဲ စဉ်းစားပါတယ်။ ဒါပေမယ့် အဖြေတခုကို ထုတ်ကြည့်ချင်လို့ တင်လိုက်တာပါ။

ကဲ...၊ ပိတ်ပင်ခြင်းကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ အဲဒီ အထက်က ကွန်မန့်ဟာ ညစ်ညမ်းတယ်၊ မိုက်ရိုင်းတယ်လို့ ကိုပေါ သတိပြုမိတယ် မဟုတ်ပါလား။ အဲဒီလို သတိပြုမိတယ်ဆိုရင် ကျနော် အပေါ်မှာ ရေးခဲ့တဲ့ ပို့စ်ကို ရေးရကျိုး နပ်ပါပြီဗျာ။

ကိုပေါလဲ ပညာရှိ သတိဖြစ်ခဲတယ် ထင်ပါရဲ့။ အတည်အတံ့ဆွေးနွေးနေရာကနေ နောက်ဆုံး ရိထေ့ထေ့လေး ဆုတောင်းသွားတာတွေ့ရတယ်။ ကျနော်ကတော့ မပြုံးချင်ဘူး။ ဘာလို့လဲဆိုတော့ ပြုံးစရာမကောင်းလို့ဗျာ။

ကလိုစေးထူး

love said...

ကိုပေါကလည်း တော်တော် ဟာသ လုပ်တတ်တဲ့လူပဲ။ နာမည်နဲ့ လိုက်ပါဘိ။ ကွန်မန့်တိုင်းမလဲ အကိုးအကား တခုခု မပါရင် မပြီးဘူး။ ကိုယ့်စကားနဲ့ ကိုယ်လဲ တခါတလေ လောက် ရေးစမ်းပါဦး။

ဂျောက်ဂျက်ထက် မညံ့တဲ့ ညစ်ညမ်း အရေးအသားတွေနဲ့ ရေးတဲ့ ကွန်မန့်က တခုတလေ ထဲပါ ကိုပေါ။ အဲဒီကွန်မန့်ကလည်း ဂျောက်ဂျက် သီချင်းတွေလို သန်းနဲ့ချီပြီး လူထုထဲ ပျံ့နှံ့ မသွားပါဘူး။ လူငယ်တွေ ပါးစပ်ထဲ ရောက်မသွားပါဘူး။ ပြီးတော့ အဲဒီကွန်မန့်မှာ ရေးတာက ဂျောက်ဂျက်လို လူငယ်တွေကြား ညစ်ညမ်း စာသားပါ သီချင်းတွေ ဖြန့်ချိခြင်းကို ထောက်ခံလို့ ရေးတာလား။ ရှုံ့ချလို့ ရေးတာလား။ ဒီကွန်မန့်တွေကို ဘာမှ မပြောဘဲ ကိုပေါကို ပြန်ပြောနေရခြင်းက ကိုပေါရဲ့ ရပ်တည်ချက်ကို လက်မခံနိုင်လို့ပဲ။ ရှင်းလား။

မြန်မာ့ယဉ်ကျေးမှုကို အာဘောင်အာရင်း သန်သန် ဆွေးနွေးနေတဲ့ ကွန်မန့်မှာ ညစ်ညမ်း စကားလုံးတွေ သုံးထားတယ်ဆိုတာလေး ထောက်ပြစမ်းပါအုံး။ ဘယ်သူရေးတဲ့ ဘယ်ကွန်မန့်ကို ပြောတာလဲ။ တွေ့ရသလောက်တော့ ကိုပေါကို ပြောထားတဲ့ ဂေါက်ဂက် ဆိုသူရဲ့ ကွန်မန့်ပဲ ရှိပါတယ်။ အဲဒီကွန်မန့် မြင်လိုက်ရတော့ ဘယ်လို ခံစားရလဲ … ဟဲဟဲ … အရိုင်းဆန်ဆန်လေး ရေးထားတာပဲ မဟုတ်လား။ ညစ်ညမ်းတဲ့ စိတ်နဲ့ မခံယူနဲ့နော် …. ။ သဘောထားလေး ကြီးမှပေါ့။

ကိုပေါဆိုတဲ့ မိကျောင်းသားကို ရေခင်းပြသလို ဖြစ်နေမလားတော့ မသိဘူး။
ဒီမိုကရေစီတို့ လွတ်လပ်ခွင့်တို့ ဆိုတာတွေကို တနင့်တပိုး မြတ်နိုးပြီး အကိုးအကား များစွာ ဘုံးဘောလအော သုံးနေတဲ့ ကိုပေါဟာ မြန်မာ့ယဉ်ကျေးမှု တို့ ဂါရ၀တရား တို့ကို မျက်ကွယ်ပြုနေတယ်။
လွတ်လပ်ခြင်းနဲ့ လက်လွတ်စပယ် ပြုခြင်းကို မကွဲပြားဘူး။
ဆင်ဆာနဲ့ ဆင်ခြင်တုံ တရားကို နားမလည်ဘူး။
တားမြစ်ခြင်းနဲ့ ပိတ်ပင်ခြင်းကို သဘောမပေါက်ဘူး။

မေးခွန်းတွေ ထပ်တလဲလဲ မေးနေရခြင်းက ကိုပေါ စဉ်းစားတွေးခေါ် နိုင်အောင်လို့။ သားသမီးရှိတဲ့ မိဘချင်း ကိုယ်ချင်းစာနိုင်လို့။ ကိုပေါ ကွန်မန့်တွေ သေချာမဖတ်ဘူး မထင်နဲ့။ ဖတ်ပြီး စိတ်ပျက်လွန်းလို့။ အသိခေါက်ခက် အ၀င်နက်လွန်းတဲ့ ကိုပေါကို အံ့သြလွန်းလို့။ ငါ့စကားနွားရ ပြောတဲ့ စိတ်ဓာတ်ကြီးကို လေးစားလွန်းလို့။

ကဲ … အများနဲ့ တယောက် … ကိုပေါ … ဘယ်လမ်း ဆက်လျှောက်မလဲ … ။ ငါထင်တာ အမှန် ငါပြောတာ အဟုတ်လို့ တရားသေ ဆုပ်ကိုင်ထားမယ်ဆိုရင်လဲ … ကိုပေါ သမီးလေးကို ဂျောက်ဂျက် သီချင်းလေး ဖွင့်ပြီး ချော့သိပ်လိုက်ပေတော့ … ။

Anonymous said...

ကိုပေါ...
ခင်ဗျားဟာ မြန်မာပြည်ဆိုတာနဲ့
လူတင်မက စိတ်ပါဝေးသွားရရှာတဲ့ လူတစ်ယောက်ပါလား။
နီးလွန်ရင်လည်း မမြင် ဝေးလွန်းရင်လည်း မမြင်တဲ့။
ခင်ဗျားလိုလူတစ်ယောက် ဒီကိုပြန်ရောက်လာမှာ
ကျောချမ်းစရာပါပဲလား
ကိုယ်လိုရာဆွဲတွေးဖို့ အကိုးအကားတွေ သိပ်အားမကိုးနဲ့
မူရင်းထုတ်နှုတ်ပြောဆိုခဲ့သူတွေကို အားနားပါဦးလေ
အလကားတိုင်း နေရာတစ်ကာစွတ်သုံးနေရအောင်
နှုတ်တိုက်ကျက်ထားတဲ့ ကြက်တူရွေးတစ်ကောင်လို
လှောင်ချိုင့်ထဲမှာ အတောင်ဖျပ်ဖျပ်ခတ်ရုံအဆင့်ပဲရှိတယ်။
ဒီမယ်ကိုပေါ ခပ်ရှင်းရှင်းပဲပြောမယ်
ခင်ဗျားဟာ လက်ရှိအချိန်မှာ မြန်မာနိုင်ငံမှာနေထိုင်နေတဲ့သူမဟုတ်ဘူး
ဒီတော့ ခင်ဗျားနေထိုင်စဉ်ကာလက စိတ်နဲ့ ၀င်ဝင်မပြောနဲ့
ခင်ဗျားက သိထားတာကို ကိုယ်လိုရာပြောတတ်ရုံအဆင့်ပဲရှိတယ်
တော်စမ်းပါဗျာ... နေသာသလိုနေစမ်းပါ
လျှာဖျားလေးနဲ့ပြောတတ်ရုံနဲ့ အထင်ကြီးခံနေရတဲ့
ဘ၀မျိုးမှာပဲ နေနေစမ်းပါ

Anonymous said...

Hi Ko Paw,

Yes, I totally agree with "love". I found only 'ဂေါက်ဂက် ' comment is rude, other comments are just expressing their feeling towards your comment.

So could you explain why u wrote that you find rude words in these comments? Can you point out these words (apart from 'ဂေါက်ဂက် ' comment)? Yes, let talk about the fact, man! But if you take the comments which are not agree with ur comment are rude then I have nothing to say!!!

Thanks
Myanmar Pyi Thar

Ko Paw said...

ကိုစေးထူးရေ....

ကျနော့်ကွန်မင့်ကိုလည်း သေသေချာချာ ဖတ်ကြည့်ပါဦးခင်ဗျာ။ (မိတ်ဆွေတို့ အခေါ်အဝေါ် ) လို့ ကျနော် အသေအချာ ကွင်းခတ်ပြီး ထည့်ထားပါတယ်။ အဲသည် ကွန်မင့်အတွက်ကြောင့်တော့ ကျနော်ဆိုခဲ့တဲ့ အတိုင်း ရယ်တောင်မှ ရယ်ချင်ပါသေးတယ်။ နောက်ပြီး ကိုစေးထူးကိုလည်း သနားမိတယ်။

ဘာကြောင့်လဲဆိုတော့ Full တို့ ဂေါက်ဂက်တို့ဟာ ကိုစေးထူးရဲ့ အဆိုကို ထောက်ခံသူတွေလေ။ ကိုစေးထူး စုစည်းချင်တဲ့ ကိုစေးထူးနဲ့ အမြင်တူတဲ့အင်အားစုလေးတွေ မဟုတ်ပါလား။ ဒီတော့ ကိုစေးထူးအနေနဲ့ သူတို့နဲ့ တသွေးတည်း တသားတည်းရှိကြောင်းကို ပြတဲ့အနေနဲ့ သွေးရိုးသားရိုး ခွင့်ပြုချက်ပေးလိုက်တာဆိုရင်လည်း ကျနော်က နားလည်ခွင့်လွှတ်ပြီးသားပါ။ ကိုစေးထူး ခံယူချက်များပြောင်းလဲသွားသလားလို့ ကျနော်က မေးကြည့်လိုက်မိတာ။

ကျနော့်ကို စမ်းသပ်ချင်တာ သက်သက်နဲ့ပဲ ကိုစေးထူးစိတ်ထဲမှာ ရိုင်းတယ်လို့ သတ်မှတ်ထားတဲ့ အရာတခုကို ခွင့်ပြုလိုက်ရလေတယ်လို့ဗျာ။ ကိုစေးထူးစကားကိုပဲ ယူသုံးရမယ်ဆိုရင်.... စာဖတ်သူအများစုနဲ့ ကလေးမိဘတွေကို စာနာပါဦးမှပေါ့။ မဟုတ်ဘူးလားဗျာ။ နောက်ပြီးတော့ ကိုယ့်ယုံကြည်မှုဆိုတာ အဲသည်လို အလျှော့အတင်းလုပ်လို့ ရသလား။ မသိလို့ မေးမိတာပါ။ စိတ်မရှိပါနဲ့။

နောက်ဆုံးမှာ ကျနော် ထေ့ထေ့လေး ရေးလိုက်တာကတော့ အမှန်ပါပဲ။ ကိုစေးထူး မပြုံးနိုင်လောက်အောင် ဖြစ်ရတာကိုတော့ ကျနော် စိတ်မကောင်းပါဘူး။ ကိုစေးထူးရဲ့ ခံယူချက်အရဆိုရင် ထေ့တာက (ကိုစေးထူးတို့ အခေါ်) ရိုင်းတဲ့စကားလုံးတွေ သုံးတာလောက်တော့ မဆိုးသေးဘူး မဟုတ်လားခင်ဗျာ။

Love ရေ.... မြန်မာ့ယဉ်ကျေးမှုတို့ ဂါရ၀ တရားတို့ကို အချိန်ရရင် အကျယ်ချဲ့ ရှင်းပြပါလားဗျာ။ ကျနော်ဆွေးနွေးချင်လို့ပါ။ ဘုမသိ ဘမသိနဲ့ ကိုယ်ဖြစ်စေချင်တာဘဲ တဖက်သားကို အတင်းဖြစ်စေချင်နေရင် အဲဒါကမှ ငါ့စကားနွားရ ပြောတာမျိုး မဟုတ်လား။ အကျိုးသင့်အကြောင်းသင့် ပြောတာမျိုးကိုတော့ နားထောင်ဘို့ ကြိုးစားရမှာပေါ့။ မဟုတ်ဘူးလား။

မြန်မာ့ယဉ်ကျေးမှုဆိုတာဘာလဲ။ ဂါရ၀ တရားဆိုတာဘာလဲ။ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာမှာ ပါတဲ့ ဂါရဝေါစ၊ နိဝါတောစ တွေကို ကျနော်မသိလို့ မေးတာမဟုတ်ဘူးနော်။ Love ရဲ့ ကိုယ်ပိုင်အယူအဆနဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ကြားချင်လို့။ မှန်ကန်စွာ ဖွင့်ဆိုရင် ကျနော် ခံယူပါမယ်။ လွဲမှားတယ် ထင်ရင်လည်း ကျနော် ထောက်ပြဖို့ ၀န်လေးမှာ မဟုတ်ဘူး။ ဒီလိုပြောရတာကလည်း အပေါ်မှာ ကိုစေးထူးတယောက် “ဖေဖေ၊ မေမေ” ခေါ်တာဟာ “Hi Dad, Hi Mum” ထက် ယဉ်ကျေးတယ်လို့ ကောက်ချက်ချသွားတာကို တွေ့လိုက်မိလို့ပါ။ ဘယ်လိုများ ကောက်ချက်ဆွဲသလဲ စဉ်းစားလို့ မရလို့ပါ။ ကြည့်ရတာ ကိုစေးထူးအလိုအရဆိုရင် ပါပါး၊ မာမား လို့ ခေါ်တဲ့လူတွေလည်း မယဉ်ကျေးဘူးထင်ပါရဲ့။

အများနဲ့ တယောက်ဆိုတာကိုတော့ မပူပါနဲ့လေ။ ဒီကိစ္စကို ကျနော်မပူလို့လည်း ကျနော် နာမည်ဝှက်မသုံးဘဲ ကျနော့်ကလောင်နာမည် အရင်းနဲ့ တက်ရေးနေတာပေါ့။ တချိန်က ကမ္ဘာကြီးပြားတယ်လို့ လူတိုင်းထင်ခဲ့ဘူးတဲ့ ခေတ်ကာလရှိပါတယ်။ ဒီလူတွေ မှန်သလား မှားသလား အခုတော့ ထင်ရှားလာပြီမဟုတ်လား။ အမှန်တရားဆိုတာ ထောက်ခံတဲ့လူ အနည်းအများ အရည်အတွက်နဲ့ လားလားမှ မသက်ဆိုင်ပါဘူး။

မှန်ချင်လည်း မှန်မယ်၊ မှားချင်လည်း မှားမယ်။ အဓိကက အနည်းစုပင်ဖြစ်သော်ငြား ကိုယ်ယုံကြည်ရာကို ရိုးရိုးသားသား ဆွေးနွေးဖို့ပါဘဲ။ ဘယ်သူ့ထောက်ခံချက်၊ ဘယ်သူ့ မဲဆန္ဒမှ မလိုပါဘူး။

အဆင့်ရှိတဲ့ ဆွေးနွေးမှုမျိုးဆိုရင် ကိုယ်ရေးကိုယ်တာ တိုက်ခိုက်ချက်တွေ ရှောင်ကြဉ်သင့်တာပေါ့။ အကြောင်းအရာကို ဆွေးနွေးတာမဟုတ်ဘဲ ကိုယ်ရေးကိုယ်တာ တိုက်ခိုက်တာမျိုးတွေဘဲ ပြည့်နှက်နေတယ်ဆိုရင်တော့ အဲသည်လို လူမျိုးတွေကို ပြန်လှန်ဆွေးနွေးသွားမှာ မဟုတ်ဘူးဆိုတာကို ဒီနေရာကနေ ပြောလိုက်ပါတယ်။

weik.zar said...

အဲဒီအသုံးအနူံးတွေကသင့်တော်တယ်ထင်ယင်တော့ အဲဒီအခွေကို မီသားစု အစုံအလင့်နဲ့ တနေ့တခေါက် နားဆင်ကြကုန်လော။ ဘယ်လိုဖြစ်ကုန်ကြပါလိမ့်။

ထရီဇာ said...

ဒါနဲ့ ပဲဂျောက်ဂျက်သီချင်းသွားနားထောင်ဖြစ်တယ်။
စကားလုံးတွေကြမ်းတယ်၊ရိုင်းတယ်ဆိုတာလည်း အမှန်ပါပဲ။ဒါပေမယ့် ဒီလူ့ မှာ အနုပညာရှိတယ်။ ဒါကလည်း ငြင်းလို့မရတဲ့အချက်ပါပဲ။ ဘာမှန်းကိုမသိတဲ့ လောကကြီးထဲ
ဘာမှန်းမသိပဲရောက်လာကြတဲ့လူတွေကြားထဲ
နေ့ စဉ်တားမရဆီးမရအဖြစ်အပျက်တွေအများကြီးပါ။
ဒီသီချင်းတွေကဘာမှဒီလောက်ဒုက္ခမပေးလောက်ဘူး
လို့ တော့ထင်ပါတယ်။
လူတွေကြိုက်ကြိုက်မကြိုက်၊လူတွေခွင့်ပြုပြုမပြု
အနုပညာသည်ကတော့သူလုပ်ချင်တာလုပ်မှာပါပဲ။
သမီးလေးကလည်း အဖေခွင့်ပြုပြု၊မပြုပြု သူနားထောင်ချင်တယ်ဆိုရင်မရအရရှာပြီးနားထောင်
မှာကလည်းအသေအချာပါပဲ။

Anonymous said...

"ဘာကြောင့်လဲဆိုတော့ Full တို့ ဂေါက်ဂက်တို့ဟာ ကိုစေးထူးရဲ့ အဆိုကို ထောက်ခံသူတွေလေ။ ကိုစေးထူး စုစည်းချင်တဲ့ ကိုစေးထူးနဲ့ အမြင်တူတဲ့အင်အားစုလေးတွေ မဟုတ်ပါလား။ ဒီတော့ ကိုစေးထူးအနေနဲ့ သူတို့နဲ့ တသွေးတည်း တသားတည်းရှိကြောင်းကို ပြတဲ့အနေနဲ့ သွေးရိုးသားရိုး ခွင့်ပြုချက်ပေးလိုက်တာဆိုရင်လည်း ကျနော်က နားလည်ခွင့်လွှတ်ပြီးသားပါ။"

Ko Paw, are you saying Koကလိုစေးထူး only allows the comments which support his view? that's remind me that in here there are very few comments which support ur view (unless Koကလိုစေးထူး block it, which is very unlikely).

So the answer is very obvious, majority of burmese plp (who visit this blog) agree with Koကလိုစေးထူး on this issue. In one of ur comment u talked about democracy, so you should respect the majority's view. But in ur last post, you argue majority is not impoartant, only the truth is important. It is interesting to see how fast your mind is changed on the majority view.

For the Anonymous case, i don't know about other Anonymous, but for me I decided not to use my real name. The first reason is I don't have blog, I am just a reader who like to read articles from blogs. Second you are not using ur real name either. Third I don't know u in the real world, so name is not important, only our view counts.

Myanmar Pyi Thar

love said...

ဒုက္ခပါပဲ ကိုပေါ … ခင်ဗျား သွေးရူးသွေးတန်းနဲ့ ပြောချင်ရာ လျှောက်ပြော မနေနဲ့။
ဟစ်ဟော့ မကြိုက်လဲ ဂျောက်ဂျက်သီချင်း တခေါက်လောက်တော့ နားထောင်ကြည့်ပါ။ ဟို Full ဆိုတဲ့သူ ရေးတဲ့စာသားတွေက ဂျောက်ဂျက် သီချင်းကို ပြန်ရေးပြတာ။ အဲလောက်တောင် မသိရင်လဲ ၀င်ဆွေးနွေး မနေနဲ့။ စကတည်းက ပြောပြီးသား။ အကြောင်းအရာတခုကို ဆွေးနွေးရင် အခြေအမြစ်ကို သေချာသိအောင် ကြိုးစားပြီးမှ ဆွေးနွေးသင့်တယ်။ အကွက်ဝင်ပဟဲ့ … ငါတော့ လူတတ်ကြီး လုပ်လိုက်အုံးမှပဲ ဆိုလို့ကတော့ ဆောရီး ကိုယ့်လူ။ ဒါဟာ အဆင့်ရှိတဲ့ ဆွေးနွေးခြင်းမျိုးလို့ မသတ်မှတ်ဘူး။ ဘုမသိ ဘမသိ တဖက်သားကို ကိုယ်ဖြစ်စေချင်သလို အတင်းဖြစ်ခိုင်းနေတာက ခင်ဗျား။ နည်းနည်းပါးပါး သိအောင် အရင် လေ့လာ လိုက်အုံး။

Full နဲ့ ဂေါက်ဂက် ရဲ့ ကွန်မန့်ကို ကိုစေးထူးက တင်ပေးလိုက်လို့ စာဖတ်သူ ဘယ်နှစ်ယောက် ကလေး ဘယ်နှစ်ယောက်က ဒီစာသားတွေ လိုက်အတုခိုး ရွတ်နေမှာလဲ။ ကလေးမိဘတွေကလည်း ကလိုစေးထူးတော့ ငါ့သားသမီးတွေ အတုခိုးမှားအောင် လုပ်နေပြီလို့ စွပ်စွဲကြမှာလား။ ခင်ဗျား ဦးနှောက်ပါရင် စဉ်းစားတတ်ရမယ်။ ပြောတာတွေက အခြေအမြစ်မရှိဘူး။

အခု အားလုံးပြောနေကြတာက ရှင်းရှင်းလေး။ ဒီသီချင်းစာသားတွေ ရိုင်းတယ်။ လူထုထဲ မဖြန့်ချိသင့်ဘူး။ ဒါကြောင့် တားမြစ် သတိပေးတာ လုပ်သင့်တယ်။ ဒါပဲ။ ဒီမိုကရေစီတွေ နိုင်ငံရေးတွေ ခဏ ဘေးချိတ်လိုက်ပါ။ ဒီသီချင်းက တနိုင်ငံလုံး အတိုင်းအတာ သန်းနဲ့ချီ ပျံ့နှံ့နေပြီး ကလေးတွေ ပါးစပ်ထဲ ရောက်နေပြီ။ ဒီစာသားတွေဟာ ခင်ဗျားပြောသလို wild မဟုတ်ဘူး။ ရိုင်းကို ရိုင်းတာ။ ဒါတွေကို အကောင်းထင်ပြီး အဟုတ်မှတ်ပြီး လိုက်ပြောနေကြမယ့် ကလေးတွေ အတွက် ခင်ဗျား ထည့်မစဉ်းစားဘူးလား။ တားမြစ်သင့်တယ် မထင်ဘူးလား။

ခင်ဗျား မြန်မာဆိုရင် မြန်မာ့ယဉ်ကျေးမှုကို နားလည်ရမယ်လေ။ ခင်ဗျားက မြန်မာပြည်နဲ့ အနေဝေးလို့ မေ့ပြီလား။ အဖေအမေကို ဟေ့ အဖေ ဟေ့ အမေ လို့ ခင်ဗျား ခေါ်ခဲ့ဘူးလား။ လူကြီးမိဘ ဆရာသမား ကိုယ့်ထက် သက်ကြီး ၀ါကြီးကို ရိုသေတယ် ဂါရ၀ ထားတယ်ဆိုတာ မြန်မာ့ ယဉ်ကျေးမှု စစ်စစ်ပဲ။ ဂါရဝေါစ နိဝါတောစကို ခင်ဗျားသိရင် ရိုသေထိုက်သူကို ရိုသေရမယ် ဆိုတာ ခင်ဗျား နားလည်မှာပါ။

ခုဆွေးနွေးနေတာ ကမ္ဘာကြီး ပြားမပြား ကိစ္စမျိုးလဲ မဟုတ်ဘူး။ ဟုတ်၏ မဟုတ်၏ သင့်တော်၏ မတော်၏ အဲဒီလောက် ထွေထွေထူးထူး ဟိုကိုးဒီကားနဲ့ စဉ်းစားစရာလည်း မလိုဘူး။ ရိုင်းတာကို ရိုင်းတယ် မသင့်တော်တာကို မသင့်တော်ဘူး၊ လက်မခံနိုင်တာကို လက်မခံနိုင်ဘူးလို့ ပြောနေကြတာ။ ခင်ဗျား ဘာမှမသိဘဲ လူတတ်ဝင်ဝင်လုပ်တာ များနေပြီ။ သူတို့ အဖွဲ့ရဲ့ တညအိပ် နှစ်ရက်ခရီးဆိုတဲ့ သီချင်းလည်း နားထောင်ကြည့်လိုက်အုံး။ ခင်ဗျား ကလေး အရွယ်ရောက်လာလို့ အဲဒီလိုတွေ သီချင်းလုပ်ဆိုနေရင် … အဲဒီလို အတွေးအခေါ်တွေ ခေါင်းထဲဝင်နေရင် အဲဒီလို အပြုအမူတွေ ပြုမူ ကျင့်ကြံနေရင် ခင်ဗျားဘယ်လို ရင်ဘတ်နဲ့ ခံစားပြီး ဘယ်လို နှလုံးသားနဲ့ ခွင့်လွှတ်မလဲ။ မြင်ချင်စမ်းပါဘိ။

Anonymous said...

Dear all,
Some comedian are worse than this hip hop. Why you accept ? Why we listen this song with family? I ask you " do you watch porn video with family ? " UP TO YOU . Ko paw's point is just for freedom. This is the right of everyone.And the first step of democracy.

Anonymous said...

"Ko paw's point is just for freedom. This is the right of everyone.And the first step of democracy."

of course it is true if that guy ဂျောက်ဂျောက် sing the song in his house alone, but he distribed to the whole country. We, burmese community, thought it is toxic for young generation.

I am totally agree with love's comment. I don't know how to type in burmese, so i can't express my feeling like 'love', but his point is very close to mine. most of the ko paw's comment not straight to point like love's. Ko paw like to use a lot ref to show his point but at the same time he refuse to see other's points as reference.

Myanmar Pyi Thar

Anonymous said...

what others think:

http://www.mizzimaburmese.com/interview/2317-2009-01-23-13-01-56.html

for those who think these songs are acceptable, you should do the survey within your society first...

Myanmar Pyi Thar

love said...

“Some comedian are worse than this hip hop. Why you accept ? Why we listen this song with family? I ask you " do you watch porn video with family ? "

သီတဂူဆရာတော် မွေးနေ့ အငြိမ့်ခွေမှာ မော့စ်တို့ ခါးအောက်ပိုင်း ပြက်လုံးပြက်ကြတုန်းကလဲ ဝေဖန်ခဲ့ကြ ဖူးပါတယ်။ လူတွေ အားလုံး လက်ခံ မနေခဲ့ကြပါဘူး။
ဟုတ်ပြီ … အပြာဗီဒီယိုကို မိသားစုနဲ့ ခင်ဗျားတို့ မကြည့်ဘူး မဟုတ်လား။ ဒါဆို အဖြေပေါ်နေပါပြီ။ ဘာလို့ မကြည့်လဲ။ မောင်နဲ့ နှမ သားနဲ့ အမိ ကြည့်ရှုလို့ မသင့်တော်လို့ပဲ။ အဲဒီလို ဗီဒီယိုတွေကို အသက်မပြည့်သေးတဲ့ ခင်ဗျား ကလေးတွေ ခိုးကြည့်နေတာမြင်ရင် လွှတ်ထားမလား တားမလား။ ကိုယ့်ဟာကိုယ် စဉ်းစား။ ဒါကို right တို့ freedom တို့ဆိုပြီး ပြောချင်ရင်တော့ သဘောပဲ။ UP TO YOU ပေါ့။

ဒါဟာ ဒီမိုကရေစီရဲ့ ပထမခြေလှမ်းဆိုရင် မျိုးဆက်သစ် လူငယ်တွေ ပျက်စီးဖို့လည်း ပထမခြေလှမ်း တလှမ်းလဲ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

Anonymous said...

and some more:

http://www.mizzimaburmese.com/edop/songpa/2316-2009-01-23-12-56-03.html

if you think that post is directly for you, yes it is directly for you ;)

Myanmar Pyi Thar

Anonymous said...

Ko Say Htoo,

I agree with you most of the time but NOT THIS TIME. SORRY!. BUT THANKS FOR BRING THIS UP.

Ko Pyaw, Ko Thurein, Ko Nay Than Maung,

I agree with YOU GUYS on your comments and arguments about Jaung Jet SONGS and Hip Hop in general. I admire you guys alot for your intelligence, fair arguments AND MOST OF ALL, SOUND JUDGEMENT.

HOWEVER, I AM SUPRIZED TO SEE MANY ARE VERY CLOSED MINDED.

I see most Myanmar ppl are afraid to accept new things and make changns. They just want to get struck in things that they are familiar and used to.

THAT IS THE MAIN REASON WHY WE ARE NOT FREE YET. WE NEED PPL LIKE JEAT JET IN ALL FRONTS, POLITICAL, SOCIAL, ECONOMICS, MUSIC ETC ECT
WHO DARE TO MAKE CHANGE AND FACE THE CONSEQUENCES OF THEIR ACTIONS.

Some of JAUT JET's songs may be crude and valgular,BUT THESE THIGNS HAPPEN IN REAL LIFE, HE IS JUST CONVEYING THE MESSAGE TO THE PUBLIC IN HIS OWN WAY. TAKE IT OF LEAVE IT IS THE CHOICE OF THE LISTENERS.

KEEP UP THE GOOD WORK JAUT JET AND OTHERS MYANMAR HIP HOP STARS. YOU GUYS ARE THE FUTURE OF MYANMAR.

EVEN THOUGH I AM ONE GENERATION AHEAD OF YOU GUYS, I CAN RELATE TO YOU GUYS. I ADMIRE YOU GUYS FOR YOUR CREATIVITY, COURAGE AND ABILITY TO MAKE CHANGE.

sincerely,
Ko Ko Kyaw

love said...

Open minded ကြီး ကိုကိုကျော်ရေ ..

ဟစ်ဟော့ သူရဲကောင်းကြီး ဂျောက်ဂျက်နှင့် အဖွဲ့သားများ ရေးဖွဲ့သီကုံးတဲ့ သီချင်း စာသားထဲက တချို့ ကောက်နှုတ် ဆွဲထုတ်လိုက်ပါတယ်။ ဖတ်ကြည့်ကြအုံး။ သူတို့ ဆိုထားတဲ့အတိုင်း စကားလုံးတွေ ထည့်ရေးလိုက်ရလို့ ကြမ်းတမ်း သွားပါတယ်။ စာဖတ်သူများ သည်းခံ ဖတ်ရှုပေးကြပါ။

((အချိန်မတော်ညထဲ အိမ်ပေါ်ကပဲ ငါဆင်းလာခဲ့
လက်ထဲမှာလဲ တပြားမပါ အဲဒါ ဖာဖြစ်တာပဲ
အချိန်မတော်ညထဲ အိမ်ပေါ်ကပဲ ငါဆင်းလာခဲ့
ဂျောက်ဂျက်တကောင်လဲ နေစရာမရှိ အဲဒါ ဖာဖြစ်တာပဲ

စောက်ပြောတွေ စောက်ကျောတွေကို မခံမရပ်နိုင်ဖြစ်နေတာကြာ
သံပတ်အတိုင်းရစ်နေတာများ ရေလည်အကောသန်တဲ့
အဖေနဲ့ အမေရဲ့ လေလည်ဒေါသက အိမ်ကိုစောပြန်တဲ့
အချိန်ကို ကောရန် ထိုင်ပြီးတော့စောင့်
အချိန်ငါးမိနစ်ခင် အိမ်တံခါးဖွင့်ဝင်
အထဲလဲရောက်ရော ခဲနဲ့ပေါက်ပြီးတော့ ရင်ဝဖနောင့်နဲ့ ဆောင့်ကန်သလို
နောက်ပြန်ကို လဲကျပြီးတော့မှ မှောက်ရန်အလို အဲဒီလောက်ပြင်းတဲ့ ကောချက်နဲ့
ဘယ်သူမှ ယောင်လို့တောင် လျှော့မတွက်နဲ့

စောက်ရေးထဲ ညှော်နံ့ကရတယ် တမျိုးလုံး လော်ပါးစပ်ကများတယ်
မနေချင်ဘူး ဖောင်းတွေကြားမှာ နားပိတ်ရင်း တံခါးပိတ်ဆင်း
တမျိုးလုံးမှာ သတင်းမွှေးသွားတာ အထုတ်ပိုက်ဆင်းသွားသတဲ့။ မကြာပါဘူး သူတို့ပဲ ထပြီး ရွစိတက်ပြီး အုပ်လိုက် ဆင်းရှာတယ်။ ဖင်ပြဲအောင် ရှာကြဟေ့ ငါက ဟိုတယ်မှာ နှပ်လို့ ဆော်နဲ့။

မနက်ကျတော့ သတင်းစာထဲမှာ အဖေနေမကောင်းဘူး သားလေးရယ် အမြန်ပြန်လာပါတဲ့ ခုကျတမျိုး အမျိုးမျိုးပဲ သူတို့ တတ်လဲ တတ်နိုင်ကြတယ် ပါးစပ်က ဂျပိုးကို လိပ်ဖြစ်အောင်ပြော အမျိုးကိုသိပ်ချစ်လဲ ခါးကြားက ပုဆိုးကို လိပ်ပြီး ထမိန်ကိုဝတ်ထား ))

ဖတ်လို့ နားထောင်လို့ ကောင်းရဲ့ မဟုတ်လား။ ဖန်တီးထားတဲ့ အနုပညာက လေးစားဖို့ ကောင်းတယ်။ တကယ်ကို ဆန်းသစ် လတ်ဆတ်လို့။ နားထောင်လိုက်တာနဲ့ လန်းသွားတာပဲ … ဟဲဟဲ။
အဖေကို ထမိန်ဝတ်ထားခိုင်းတဲ့ သား၊ အမေကိုရော အဒေါ်ကိုပါ စော်ကားထားတဲ့ စကားလုံးတွေ တပုံကြီးပါသေးတယ်။ မရေးပြတော့ဘူး ကိုယ်တိုင် သွား နားထောင်ကြည့်ကြ။

အင်းလေ … ဒါ … ဟုတ်တာ ပြောတာပဲ။ အနန္တဂိုဏ်းဝင် ကျေးဇူးရှင် အဖေတို့ အမေတို့ အမြင်မတော်လို့ သားက ဆုံးမတာ ဆုံးမသင့်တယ် (good job) ဆိုလဲ … သဘောတော်ရှိပါ။ ခင်ဗျားတို့ရဲ့ သားသမီးတွေ အလှည့်မှာ ခင်ဗျားတို့ကို အဲဒီလိုပဲ ပြန်ပြီး ဆုံးမတဲ့အခါ လက်ခံကြပေါ့။

မြန်မာတွေဟာ ရှေးရိုးကို ဆုပ်ကိုင်ထားပြီး အသစ်နဲ့ ပြောင်းလဲခြင်းကို လက်မခံတာ ကြောက်တာမဟုတ်ပါဘူး။ အောက်တန်းကျတဲ့ ရိုင်းပျတဲ့ အမူအကျင့်မျိုးကို လက်မခံတာပါ။ ဒါမျိုးတွေ လူကြားထဲ ပျံ့နှံ့သွားပြီး ကျန်လူငယ်တွေ အတုခိုးကြမှာကို ကြောက်တာပါ။ ကောင်းသော ဆန်းသစ်မှု ကောင်းသော ပြောင်းလဲခြင်းမျိုးကို မည်သူမဆို လက်သင့်ခံ ကြိုဆို ကြပါတယ်။

ဂျောက်ဂျက်က လက်ရှိသူ့ဘ၀မှာ ဖြစ်ပျက်နေတာကို ရေးတယ်ဆိုလဲ သူ့ဟာသူ အိမ်ထဲမှာ အဖေအမေကို ဘယ်လိုကလော်တုတ်နေနေ သူ့တယောက်ထဲအတွက်က အကြောင်းမဟုတ်ပါဘူး။ သီချင်းလုပ်ပြီး လူကြားထဲ မဖြန့်နဲ့ပေါ့။

သူတို့ဖာသာ ရေးပါစေ .. ဆိုပါစေ … ဒါတွေကို လက်ခံဖို့ လွှင့်ပစ်ဖို့ဆိုတာ နားထောင်သူတွေနဲ့သာ ဆိုင်တယ်လို့ ဆိုပေမဲ့ အဲဒီလို လက်ခံနိုင် လွှင့်ပစ်နိုင်ဖို့ဆိုတာာ အသက်အရွယ် အတွေ့အကြုံ ဝေဖန်ပိုင်းခြားနိုင်တဲ့ ဥာဏ်ပညာ ရှိသူတွေသာ ကောင်းမကောင်း သင့်မသင့် ဆုံးဖြတ်နိုင်တာပါ။ အခု သူ့သီချင်းတွေ တင်ထားတဲ့ ၀က်ဆိုက်မှာ ကြည့်တာတောင် ဒီသီချင်းတွေ ကြိုက်တဲ့ လူငယ်တွေ အများကြီး တွေ့ရတယ်။ ပြည်တွင်းမှာ ပျံ့နှံ့နေတဲ့ အတိုင်းအတာမှာ ဘယ်လောက်ထိ လူငယ်တွေ နှစ်သက်စွာ လက်ခံနေကြပြီလဲ။ ဒီလို လူငယ်တွေက ဂျောက်ဂျက်တို့လို အဖေ အမေ အဒေါ်တွေကို ပြန်စော်ကားနေကြရင် … ။

အမိအဖရဲ့ ဂုဏ်ကျေးဇူးဆိုတာလည်း သူတို့ ဂရုစိုက်တော့မှာ မဟုတ်ဘူး။ အဖေနဲ့ အမေ ကမြင်းလို့ ငါတို့လူဖြစ်လာတာ ဘာဂုဏ် ဘာကျေးဇူးမှ မရှိဘူး ဆိုတဲ့ အတွေးမျိုးတွေပါ ၀င်လာနိုင်တယ်။ နောက်ဆုံး မာတုဃာတကကံ ပိတုဃာတကကံတွေပါ မကျူးလွန်ဘူးလို့ မပြောနိုင်ဘူး။

ဟုတ်တယ်။ ဒီလူငယ်လေးတွေဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်တွေပဲ။ ဒီလို ရိုင်းစိုင်း ယုတ်ညံ့ အောက်တန်းကျတဲ့ လူငယ်တွေ၊ ဒါကို အဟုတ်မှတ်ပြီး လက်ခံတဲ့ လူငယ်တွေ များသည်ထက် များပြားလာရင် မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ မတွေးဝံ့စရာပဲ။

ကျုပ် said...

ကိုစေးထူးနဲ့သဘောတူပြီး ကိုပေါနဲ့ကျုပ် သဘောမတူတာများပေမယ့် ဒီတခါတော့ ကိုပေါအပါအ၀င် ကိုနေသန်မောင် ကိုကိုကျော်တို့နဲ့ အတွေးတူတယ်။

ကိုစေးထူး.. ဟေး အဖေ.. ဟေး အမေလို့ခေါ်တာ ရိုင်းတယ်လို့ မထင်ဘူးဗျ။ ခေါ်တဲ့ကလေးတွေရဲ့ INTENTION ပေါ်မှာမူတည်တယ်။ ယဉ်ကျေးမှုခြင်းရောကုန်ပြီထင်တယ်။ သူတို့တိုင်းပြည်မှာ ဟေး အဖေ.. ဟေး အမေ လို့ခေါ်တာ ခင်မင်ရင်းနှီးမှုကိုပြတာ.. မြန်မာမှာရိုင်းတယ်ယူဆတိုင်း သူတို့ရိုင်းတာမဟုတ်ဘူးလေဗျာ။ မြန်မာပြည်မှာလဲကိုယ့်မိဘကို ရင်းနှီးလို့ခေါ်မယ်ဆိုလဲ ဘာမှားလဲ။

မိဘတွေအားလုံးကကော အနန္တဂိုဏ်းဝင် ကျေးဇူးရှင် ဖြစ်သင့်ဖြစ်ထိုက်သူချည်းပဲလား။ သေချာစဉ်းစားကြပါဦး။ အမည်ခံမိဘတွေ အများကြီး။ ၀ါဝါမြင်တိုင်းဦးချမလား၊ ဒီလိုပဲ ကလေးတွေမွေးထုတ်လိုက်တိုင်း အနန္တဂိုဏ်းဝင် ကျေးဇူးရှင် ဖြစ်ကုန်ကြရောလား။ မိဘမပီသတဲ့ မိဘတွေအများကြီး။ မိဘနဲ့သားသမီးကြားမှာ ပွင့်လင်းတဲ့၊ တရားမျှတတဲ့ ဆက်ဆံရေးမျိုးရှိတယ်ဆိုရင်၊ ဂျောက်ဂျက်က ဒီလို သီချင်းမျိုး ဆိုစရာမလိုဘူး။ ဒါ မြန်မာပြည်က မိဘတွေအတွက် သင်ခန်းစာပဲ။ ကျုပ်တို့တိုင်းပြည်မှာ ဒီ rigid hierarchy ကြီးက ဆိုးတယ်။ အပေါ်က love ရေးပြတဲ့ သီချင်းကို ဖတ်ပြီး ကျုပ်တို့ society တခုလုံး သင်ခန်းစာယူသင့်ပြီထင်တယ်။ ဒါတွေဘာလို့ ဖြစ်နေလဲ။ လူငယ်တွေဘာဖြစ်လို့ ဒီသီချင်းတွေကို ကြိုက်နေသလဲ စဉ်းစားသင့်တယ်။

ရှာကြဟေ့ ငါက ဟိုတယ်မှာ နှပ်လို့ ဆော်နဲ့။
ဆိုတာလဲ အမှန်တွေဖြစ်နေတာ၊ generation အဆင့်ဆင့်ဖြစ်လာတာပဲ။ မြို့သားတွေလဲမြို့သားတွေအလျောက် ကားထဲတို့၊ ကန်ဘောင်တို့၊ ပန်းခြံတို့၊ ရွာကလူတွေလဲ ရွာအလျောက် ကောက်ရိုးပုံထဲတို့ ဖြစ်နေတာပဲ။ ခုခေတ်ကျတော့ ဟိုတယ်။ ဒါ ခေတ်ကို မှန်ထောင်ပြနေတာလေဗျာ။ ရိုင်းတာမှမဟုတ်တာ။

အတင်း မျက်စိပိတ် နားပိတ်ပြီး ငါတို့ခေတ်နဲ့မလျော်ညီလို့၊ ငါတို့ကိုယ်ငါတို့ သိပ်ယဉ်ကျေးသူတွေလို့ သတ်မှတ်လို့၊ ငါတို့သာလျှင် ဘုရားတရားရှိလို့ဆိုပြီး၊ ဒီကောင်တွေကတော့ ရိုင်းလို့၊ စကားတွေကြမ်းလို့ဆိုပြီး လုံးဝပိတ်ပင်တာထက်၊ ဒါတွေဘာလို့ဖြစ်နေလဲ မသုံးသပ်သင့်ဘူးလား။
”အဖေနဲ့ အမေ ကမြင်းလို့ ငါတို့လူဖြစ်လာတာ ဘာဂုဏ် ဘာကျေးဇူးမှ မရှိဘူး ဆိုတဲ့ အတွေးမျိုးတွေပါ ၀င်လာနိုင်တယ်။” ဆိုတာကတော့ ၀င်နေလောက်တာကြာပြီဗျ။ ဖွင့်သာ မပြောကြတာဖြစ်မယ်။ ကလေးတွေက မိဘတွေကို စော်ကားတယ်ဆိုရင်လဲ ရှင်းရှင်းပြောမယ်ဗျာ စော်ကားလောက်အောင် အနေအထိုင်မတတ်လို့ပဲဖြစ်မယ်။ ရိုသေလေးစားလောက်တဲ့မိဘကို ဘယ်သူမှ မစော်ကားရဲဘူး။ မာတုဃာတကကံ ပိတုဃာတကကံတွေ ကျုးလွန်တယ်ဆိုရင်လဲ ကျုးလွန်ရလောက်အောင် တွန်းအားဆိုတာရှိရမယ်။ ဒါဟာ နိယာမပဲ။ အရာရာဟာ အသွားအပြန်ရှိတယ်။

BUT THESE THIGNS HAPPEN IN REAL LIFE, HE IS JUST CONVEYING THE MESSAGE TO THE PUBLIC IN HIS OWN WAY လို့ ကိုကိုကျော် ပြောသလိုပဲ ကျုပ်တော့ ဂျောက်ဂျက်နဲ့ လိုင်းတူအခြားသူတွေကို messenger တွေလို့မြင်တယ်။ ရိုင်းလိုက်တာ။ ပါးစပ်ပိတ်ထား။ မကြားချင်ဘူး။ အတင်းတင်းခံငြင်းမယ့်အစား၊ ကိုယ့်ကိုကိုယ်တွေကို ပြန်သုံးသပ်ပြီး ကျုပ်တို့လူမျိုးတစ်မျိုးလုံး အတွေးအခေါ်ကအစ မြှင့်သင့်နေပြီ။

အနန္တဂိုဏ်းဝင် ကျေးဇူးရှင် အဖေတို့ အမေတို့ အမြင်မတော်လို့ သားက ဆုံးမတာ ဆုံးမသင့်တယ် ဆိုတာမှန်တယ်။ ဘာဖြစ်လို့ “ဆုံးမခြင်း” ဆိုတာကလဲ higher ကနေ lower hierarchy ကို တလမ်းသွားဖြစ်ရမှာလဲ။ ကျုပ်ကလေးက ကျုပ်ကို ပြန်ဆုံးမတယ်ဆိုရင်လဲ ကျေကျေနပ်နပ်လက်ခံမယ်၊ လက်လဲလက်ခံတယ်။

ကိုပေါ သမီးကိုလဲ ငြင်းခုန်တဲ့စကားတွေထဲ ထည့်နေတာ ရီစရာပဲဗျ။ ခင်ဗျားတို့ သားတွေ သမီးတွေ အရွယ်မရောက်ခင် sex မလုပ်ခိုင်းပေမယ့် ခင်များတို့လုပ်ကြတယ်မဟုတ်လား။ အဲဒီအချိန် ခင်ဗျားတို့ ကလေးတွေကို ဘယ်မှဖွက်ထားလဲ။ အဲသလိုပေါ့ဗျာ.. ဟဲဟဲ ကိုပေါလဲ ဒီသီချင်းဖွင့်ထားတုန်း သူ့သမီးကို ဖွက်ထားသင့်တဲ့နေရာ ဖွက်မှာပါ။ အရွယ်ရောက်လို့ ခင်များတို့ ကလေးတွေ ဂျောက်ဂျက် သီချင်းနားထောင်နေတာ၊ sex လုပ်နေတာတော့ ဘယ်လိုတားကြမလဲဘဲ ကျုပ်သိချင်တယ်။ အရွယ်ရောက်ရင်တော့ သူ့အတွေးအခေါ်နဲ့သူပေါ့ဗျာ။ ကိုပေါ သမီးကို discussion ထဲကဖယ်ထားကြစမ်းပါ။

ဒီလိုမျိုးသာ close-minded ဖြစ်နေကြဦးမယ်ဆိုရင် မြန်မာနိုင်ငံ အနာဂတ်ဟာ မတွေးဝံ့စရာပဲ။

love said...

သနားတယ် ကျုပ်ရေ … ခင်ဗျားစာ ဖတ်ရတာ တော်တော်တော့ သနားဖို့ ကောင်းနေပြီ။

ဟုတ်တယ်။ သူတို့တိုင်းပြည်မှာ ဟေ့အဖေ ဟေ့အမေ လို့ ခေါ်တာ ခေါ်ရိုးခေါ်စဉ်၊ ခင်မင်ရင်းနှီးမှုကို ပြတာ၊ မြန်မာ အမြင်နဲ့ ရိုင်းတယ်ဆိုပေမဲ့ သူတို့ အနေနဲ့ ရိုင်းတာ မဟုတ်ဘူး။ ဒါ … မှန်တယ်လေ … ။ ယဉ်ကျေးမှုခြင်း မတူဘူး ဆိုတာ ဒါကို ပြောတာပေါ့။ ခဏခဏ ထည့်ပြောနေတဲ့ ဂါရ၀တရားဆိုတာ ဒါကိုပြောတာပေါ့။ မြန်မာပြည်မှာလဲ ရင်းနှီးလို့ ခေါ်မယ်ဆို ဘာမှားသလဲ … ဟုတ်လား။ ဘာမှားသလဲ ဆိုတော့ အဂါရ၀ ဖြစ်တာပေါ့။ ယဉ်ကျေးမှုခြင်း မတူလို့ ဒါမျိုးဟာ အတုယူစရာ မဟုတ်ဘူး။ အတုယူတယ်ဆိုတာ ကောင်းတဲ့ အမူအကျင့် အပြောအဆို အလေ့အထ မျိုးကိုသာ အတုယူသင့်တယ်။ မကောင်းတာတွေ လိုက်အတုခိုးတာတွေ များလာတော့ မြန်မာ့ယဉ်ကျေးမှုက တဖြည်းဖြည်း နိမ့်ကျ ဆုတ်ယုတ် လာပြီ။

မိဘအားလုံး အနန္တဂိုဏ်းဝင် ဖြစ်သင့်သလား … တဲ့။
ခင်ဗျား ဗုဒ္ဓဘာသာ မဟုတ်ရင်တော့ ဒီအကြောင်း ဆက်ဆွေးနွေးစရာ အကြောင်းမရှိဘူး။ ဗုဒ္ဓဘာသာ ဆိုရင်တော့ မိဘ ဂုဏ်ကျေးဇူး ဘယ်လောက်ကြီးမားတယ် ဆိုတာ ခင်ဗျား မသိသေးတဲ့ အတွက် သနားတယ်လို့ ပြောခဲ့တာပါ။

ခင်ဗျားကို ဥပမာ တခုပေးမယ်နော်။ ခင်ဗျားအမေဟာ ခင်ဗျားကို မွေးပြီးပြီးချင်း နို့တစက်တောင် မတိုက်ဘဲ စွန့်ပစ်လိုက်တယ်ပဲထား … သူဟာ ခင်ဗျားကို မွေးထုတ်လိုက်တဲ့ အမေပဲ။ အမည်ခံ အမေမဟုတ်ဘူး။ သူဟာ မိခင်တယောက်ရဲ့ ဂုဏ်ကျေးဇူးနဲ့ ပြည့်စုံတဲ့ မိခင်တယောက်ပဲ။ ခင်ဗျားကို နို့မတိုက်လို့ မစောင့်ရှောက်လို့ သူဟာ အမေ မပီသဘူး၊ ဦးမချသင့်ဘူး။ စော်ကားထိုက်တယ်လို့ ခင်ဗျားထင်နေသလား။
ငါ့ကို စွန့်ပစ်တဲ့ အမေ ဆိုပြီး ခင်ဗျား ကြုံရင် ကြုံသလို … စော်ကားမလား။ သနားတယ်။ တကယ်ကို သနားမိတာပါ။ ခင်ဗျားတော်တော် သနားစရာ ကောင်းတဲ့ သတ္တ၀ါပဲ။ ခင်ဗျားရေးတာ ဖတ်ပြီး တော်တော်ကို စိတ်မကောင်းစွာ သနားမိတယ်။

မိဘကို သားသမီးက ဆုံးမခွင့်မရှိဘူးလို့ မဆိုလိုဘူး။ တလမ်းသွားလို့ မပြောဘူး။ မိဘကို သားသမီးက၊ ဆရာကို တပည့်က (လိုအပ်ရင်) ဆုံးမခွင့် ရှိပါတယ်။ မြတ်စွာဘုရားနဲ့ သာဝကတွေဟာ သူတို့မိဘတွေကို သံသရာက လွတ်ရာ လွတ်ကြောင်း တရားဟောပြပြီး ဆုံးမခဲ့တာပဲ။ ဒီလို ဆုံးမတာမျိုးဆို ဆုံးမလို့ရတယ်ဗျ။ ဂျောက်ဂျက်လိုမျိုး အဖေ ပုဆိုးလေးချွတ်ပြီး ထမိန်ဝတ်ထား လို့ ဆုံးမတာမျိုးကတော့ … ခင်ဗျားသား အဲလို ဆုံးမတာ ခင်ဗျား သဘောကျရင်တော့ လက်ခံပေါ့။

“အဖေအမေ ကမြင်းလို့ …” ဆိုတဲ့ အတွေး ၀င်နေလောက်တာ ကြာပြီတဲ့လား။ တံဆိပ်ကပ်တာတော့ မဟုတ်ဘူး။ ခင်ဗျားဟာ ကွန်မြူနစ် ဖြစ်ကောင်း ဖြစ်နိုင်တယ်။ မဟုတ်ရင်တောင် ဘာသာမဲ့ တရားမဲ့ဝါဒီတယောက်ပဲ။ ဒါကြောင့်လဲ သနားမိတယ်။

မိဘ ဆိုတာ ဘယ်လောက်ပဲ ယုတ်ညံ့နေပါစေ မိဘရဲ့ “ဂုဏ်” ဆိုတာ ရှိပြီးသား။ “ကျေးဇူး” ဆိုတာလဲ ရှိပြီးသား။ မိဘရဲ့ အမူအကျင့် လုပ်ရပ်တွေဟာ ရိုသေလေးစားစရာ မကောင်းရင်တောင် စော်ကားထိုက်သူ မဟုတ်ဘူး ဆိုတာတော့ ခင်ဗျားကို ပြောချင်တယ်။

အမိသတ်ကံ အဖသတ်ကံ ကျူးလွန်ရလောက်အောင် တွန်းအားဆိုတာ ရှိခဲ့ရင် သတ်ကြည့်လိုက်လေ။ မိဘ အသက်ကို သေအောင် မပြောနဲ့ အနာတရ ဖြစ်အောင် သွေးထွက် သံယို ဖြစ်အောင်လုပ်တာနဲ့တင် ဘယ်လောက် အပြစ်ကြီးတယ်ဆိုတာ … ဘယ်လို အကျိုးပေးတယ်ဆိုတာ ခင်ဗျား မသိတဲ့ အတွက် ခင်ဗျားကို သနားပြီးရင်း သနားရင်းပဲ။ ခင်ဗျားလိုပဲ မသိသေးသူတွေ ဘယ်လောက်တောင် ရှိနေမလဲ။ စိတ်မကောင်းဘူးဗျာ … ။ ငရဲမှာ မြန်မာလူမျိုး ဦးရေများစွာ တိုးဦးတော့မလားပဲ။

ရှည်ရှည်ဝေးဝေး မပြောချင်ဘူးဗျာ။ ခင်ဗျား ဒီလို ယူဆ တွေးခေါ်နေဦးမယ် ဆိုရင်တော့ … ခင်ဗျားရဲ့ အနာဂတ်ဟာ တကယ်ကို မတွေးဝံ့စရာ ဖြစ်နေပြီ။

Ko Paw said...

(ဤပို့စ် တပိုင်းတစကို ကျွန်ုပ်ရေးသားထားသည်မှာ ကြာပြီ။ သို့သော် ယနေ့ ကိုရွှေအောင်၏ ဘလော့ဂ်ပို့စ်ကို သွားဖတ်မိသောအခါ နှစ်သက်သဘောကျသည်နှင့် ကျွန်တော့်ပို့စ်ကို ဖုန်သုတ်ကာ ပြီးအောင်ဆက်ရေးပြီး တင်လိုက်ပါသည်။ ကိုရွှေအောင်ပို့စ်လင့်ခ်ကို အောက်ဆုံးတွင် ဖော်ပြထားပါသည်။)

Love .....ရေ

မိတ်ဆွေရဲ့ ကွန်မင့်ကို ဖတ်ကြည့်ရင် မြန်မာ့ယဉ်ကျေးမှုဆိုတာ လူတဖက်သားကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်ရေးသားခြင်း၊ မိမိယူဆချက်နှင့်မကိုက်ညီလျှင် ကက်ကက်လန်အောင် ရန်တွေ့ခြင်း လို့တောင် ကောက်ချက်ချသွားနိုင်စရာရှိပါတယ်။ ဒေါသတွေကို လျှော့ပါဗျာ။ လူတယောက်ရဲ့ အမြင်ကို ကွန်မင့်ကဏ္ဍတခုတည်းမှာ ပြောင်းလဲသွားအောင် လုပ်နိုင်မယ်လို့များ မိတ်ဆွေမျှော်လင့်နေပါသလား။ ဖြစ်သင့်တာက ကိုယ့်အယူအဆကိုယ်ပြောပြ၊ တခြားလူကိုလည်း ဘာကြောင့် သူ့ရဲ့ အယူအဆဟာ မှားယွင်းတယ်ဆိုတာကို အကျိုးအကြောင်းပြ ပြောဆိုလို့ရပါတယ်။ တယောက်နဲ့ တယောက် လူချင်းတောင် မမြင်ရတဲ့ အင်တာနက်ပေါ်မှာ ဘာကြောင့် အာဃာတတွေ ရှေ့ထားနေမလဲ။
နောက်...အင်တာနက်ဆိုတာ မြန်မာပြည်မှာ အနှေးနဲ့အမြန် အသုံးများလာကြတော့မှာ။ ကလေးသူငယ်ကအစ သုံးစွဲကြတော့မှာ။ မိတ်ဆွေတို့ အင်တာနက်ကိုပါ ဘယ်လိုလိုက်ပြီး စီစစ်မလဲ။ ဆင်ဆာလုပ်မလဲ။ တချို့နေရာတွေမှာ အပြောင်းအလဲကို လက်ကို လက်ခံရမှာပါ။

ကျနော့်ကို အကိုးအကားတွေနဲ့ ပြောတယ်ဆိုလို့ ဂုဏ်ယူပါတယ်။ တကယ်ဆိုရင် ကျနော့်အနေနဲ့ ဒီ့ထက်ပိုပြီး အကိုးအကားတွေ၊ အထောက်အထားတွေနဲ့ ပြောနိုင်သင့်တာပါ။ စာများများဖတ်ဖို့ လိုပါတယ်။

အောက်မှာ ကျနော့်ဘလော့ဂ်မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်ရေးသားထားတဲ့ အကြောင်းအရာတချို့ကို Love နဲ့ မြန်မာပြည်သား ဆိုသူ ဖတ်ရအောင် တင်ပေးလိုက်ပါတယ်။

“အမှန်တရားနှင့် ဆေးခါးတလက်”

“သားရေ...လာပါကွာ။ ချိုပါတယ်။ သောက်လိုက်နော်......တဇွန်းထဲပါ။ ဦးဦးဆရာဝန်ကြီးက ပြောတယ်မို့လား။ ဒီဆေးလေးကို သောက်လိုက်ရင် သားသားနေကောင်းသွားမှာ”

ကလေးကို ဆေးချော့တိုက်နေရသည့် အဖြစ်အပျက်တွေကို ကျနော်တို့ ပတ်ဝန်းကျင်မှာ အမြဲလိုလို မြင်တွေ့နေရသည်။ အသိဉာဏ်နုနယ်သေးသလို၊ အတွေးအခေါ် မရင့်ကျက်သေးသည့် ကလေးဘ၀ပေမို့ သကြားအုပ်ထားသော ဆေးချိုချိုကလေးကို တိုက်ကျွေးကြသည်။

သည်လိုနှင့် ကလေးငယ်သည် တဖြည်းဖြည်း ကြီးပြင်းလာပြီး အသိဉာဏ်လည်း ရင့်ကျက်လာသည်။ လူကြီးဘ၀သို့ ရောက်ရှိလာသည်။ ထိုအချိန်တွင် နေထိုင်မကောင်းပါက ခါးသက်သော အရသာရှိသည့် ဆေးခါးကိုလည်း ရောဂါပျောက်ကင်းရေးအတွက် မိမိ ဆင်ခြင်ဉာဏ်ဖြင့် ဆင်ခြင်ကာ ကြိတ်မှိတ်မျိုချရသည့်အခါလည်း မျိုချရသည်။

လောကကြီးတွင် ရှိသမျှ ဆေးဝါးတိုင်းသည် သကြားအုပ်ထားသော ဆေးဝါးတွေချည်း ဖြစ်မနေနိုင်ချေရာ အရွယ်ရောက်သည့်တိုင် သကြားအုပ်ထားသော ဆေးကိုသာ တောင့်တနေပါက ထိုသူသည် မရင့်ကျက်သူ၊ ဇီဇာကြောင်သူ၊ စိတ်နုသူအဖြစ် သတ်မှတ်ခြင်း ခံရချေမည်။

အချို့သော အမှန်တရားတို့သည်လည်း ခါးသက်ချေ၏။ ခါးသက်သောအမှန်တရားဖြစ်သဖြင့် မကြားဝံ့ မရင်ဆိုင်ဝံ့လျှင် ဆေးခါးကိုမသောက်လိုပဲ ကြေးများ (ဂျီးများ)သူကဲ့သို့ပင် စိတ်နုသူတယောက်၊ ဇီဇာကြောင်သူတယောက်၊ မရင့်ကျက်သူတယောက် အဖြစ်သို့ ရောက်ရှိနိုင်ပေသည်။

“ဂါရဝေါစ..... ရိုသေထိုက်သောသူကို ရိုသေခြင်း”

ရိုသေထိုက်သောသူကို ရိုသေခြင်းသည် ကောင်း၏။ သို့သော် လူကြီးသူမဟုဆိုကာ အသက်ကြီးသူတိုင်းကို ရိုသေရမည်မှာ အဓိပ္ပါယ်မရှိချေ။

ဗုဒ္ဓသည် ကပ္ပိလ၀တ်သို့ ပထမဦးဆုံး ကြွချီစဉ်က သာကီဝင်မင်းတို့သည် ဗုဒ္ဓကို အသက်ငယ်သူဟူ၍ အရိုအသေမပြုလိုကြ။ ထိုအခါ ဗုဒ္ဓက ကောင်းကင်သို့ ပျံတက်ကာ ရေမီး အစုံထွက်သော ယမိုက်ပြာဋိဟာကို ပြသမှ ရိုသေရကောင်းမှ သိကြသည်ဟူ၏။ (အချို့စာများ အဆိုအရ ဖခင်ဖြစ်သူ သုဒ္ဓေါဓနမင်းကြီးက စတင် ရှိခိုးမှ အားလုံး လိုက်လံ၍ ဦးခိုက်ကြသည် ဆို၏။)

ဖြစ်သင့်သည်မှာ အသက်အရွယ်သည် ပဓာနမဟုတ်။ အချို့သူများသည် ငယ်ရွယ်သော်လည်း ပညာဉာဏ်၊ သမာဓိ၊ သိက္ခာနှင့် ပြည့်စုံကာ အရိုအသေပေးရန် ထိုက်တန်၏။ ဥပမာ မဟောသဓ ကလေးသည် ငယ်ရွယ်သော်လည်း ပညာဉာဏ်ဖြင့် ပြည့်စုံသဖြင့် လူကြီးများကပင် အရိုအသေပြုရန် ထိုက်တန်ပေသည်။

အချို့သူများသည်ကား အသက်ကြီးလျက် အချိန်မစီး။ ထိုသူများအား ရိုသေလေးစားခြင်း မပြလျှင် မပြသူ၏ အပြစ်ဆိုစရာမလို။

ကျွန်ုပ်အနေဖြင့် ကား၊ ရထား၊ ဘတ်စ်ကားပေါ်တွင် လူကြီးသူမ တက်လာပါက နေရာဖယ်ပေးခြင်းမှာ သူတို့၏ ဇရာအို ပျက်ယွင်းနေသော၊ အားနည်းတုန်ချိနေသော အနေအထားကို စာနာထောက်ထား၍ ဖယ်ပေးခြင်းသာ ဖြစ်သည်။ ရိုသေကိုင်းရှိုင်းသဖြင့် ဖယ်ပေးခြင်းမျိုးမဟုတ်။ သင်ဖယ်ပေးလိုက်သူ လူကြီးသည် သူခိုးဓားပြ၊ လူအန္ဓလည်း ဖြစ်နေနိုင်သည်။ ဤသည်ကို သင်က ရိုသေသည်ဆိုက သင်သည် လူ့အန္ဓကို အရိုအသေပေးသူတဦးအဖြစ် ရောက်မသွားပေလော။

နောက်တချက်က မောင်ကျည်ပွေ့ ဘလော့ဂ်တွင် တခါက ဖတ်ရသည်။ ကျွန်ုပ်အလွန် နှစ်သက်သည်။ မိဘစကားကို မြေ၀ယ်မကျနားထောင်ရမည်ဟု ဗုဒ္ဓကမဟော။ ဗုဒ္ဓကိုယ်တိုင်ပင် သူ့မိဘစကားကိုနားထောင်ပြီး တောမထွက်ပဲနေပါက သဗ္ဗုညုတဉာဏ်တော်ကို ရမည်မဟုတ်။ (စကြ၀တေးမင်းတော့ ဖြစ်မည်ဆိုသည်)။ မိဘစကားပင်ဖြစ်သော်ငြား မိမိ စဉ်းစားဉာဏ်ဖြင့် ချင့်ချိန်ယုံသင့်သည်။

မိဘကလည်း ငါ့စကားမှအမှန်။ ငါစကားနားမထောင်ချင်လျှင် အိမ်ကဆင်းသွား။ ထိုသို့ ပြုမူသင့်သည်မဟုတ်။ အကျိုးသင့်အကြောင်းသင့်ပြောပြပြီး သားသမီးကိုလည်း အကျိုးသင့်အကြောင်းသင့် ပြန်လည်ပြောဆိုခွင့် ပေးသင့်သည်။ အဘယ့်ကြောင့်ဆိုသော် မိဘလည်း လူပင်ဖြစ်သောကြောင့် မိဘလည်း မှားနိုင်သည်။

“ပုဂ္ဂိုလ်ခင်မှ တရားကို မင်မှာလား”

တခါက ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး သင်္ကန်းရုံသည့်အခါ (အ၀န်းအ၀ိုင်းမညီ) အထာမကျဖြစ်နေသည်ကို ရှင်သာမဏေတပါးက မြင်၍ ထောက်ပြဝေဖန်ရာ အရေးတယူ နာယူ၍ ပြန်ပြင်ဆင်ဝတ်ကာ “ညီပါပြီလား ငါ့ရှင်”ဟု တလေးတစား မေးမြန်းဖော်ရ၏။

ဆိုလိုသည်မှာ မှန်ကန်သော၊ အကျိုးရှိသောစကားကို မည်သူ့ပါးစပ်က ထွက်သည်ဖြစ်စေ လက်ခံနာယူသင့်၏။ ကျော်စောတိက္ကမ ရှိသော ပုဂ္ဂိုလ်ကြီးက ပြောလျှင် ပြောသမျှ ယုံသည်။ သာမန်လူက ပြောလျှင် လက်မခံ။ ဤသည်မှာ ပုဂ္ဂိုလ်ခင်၍ တရားမင်ခြင်းဖြစ်ရာ တရားသဘောကို လက်ကိုင်မထားသဖြင့် တရားလက်လွတ်ဖြစ်ခြင်း မည်ပေသည်။

၎င်းသည် Celebrity Worship ခေါ် နာမည်ကြီးသူကို ကိုးကွယ်သူများဖြစ်သည်။ ထိုသူများသည် နာမည်ကြီးသူပြောသည့်အထဲ၌ အမှားပါလျှင်လည်း အများ၏ ကြဉ်ခြင်း၊ စိတ်ခုခြင်းကို ခံရမည်ကြောက်၍ ထောက်မပြ၀ံ့။ ခပ်မဆိပ်သာ နေကြကုန်၏။ နာမည်မကြီးသူ ပြောသည့်အထဲတွင် အမှားပါပါက တောကျီးကန်းများသို့ပင် ၀ိုင်းအာကြ ၀ိုင်းဆိတ်ကြကုန်၏။

“ဗိုလ်ချုပ်အောင်ဆန်းကိုပင် ကြဉ်မည့်လူများ”

အချို့လူများသည် ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းထဲမှာ ကြမ်းကြမ်းတမ်းတမ်းပြောသောအခါ “ဗိုလ်ချုပ်လိုလူက ပြောတာတော့ လက်ခံနိုင်စရာရှိသည်” ဟု ဆိုကြလေသည်။ သို့သော် ဗိုလ်ချုပ်လိုပင် သာမန်လူတဦးတယောက် အမှန်တရားကို သကြားမအုပ်ပဲ ဗြောင်ဖွင့်ပြောသောအခါ လက်မခံနိုင်ဖြစ်ကြပြန်လေသည်။ ထိုသူတို့သည် စိတ်ဓါတ်မရင့်ကျက်သူများသဖွယ် အမှန်တရားကို သကြားအုပ်ပြီး ခွံ့ကျွေးရန် မျှော်လင့်နေကြကုန်သည်။ သနားဖွယ်ကောင်းလေစွ။

သူတို့မေ့နေသည်က ဗိုလ်ချုပ်အောင်ဆန်း ကြမ်းကြမ်းတမ်းတမ်းပြောသည်မှာ အောင်မြင်သော လူထုခေါင်းဆောင်ဘ၀သို့ရောက်လာမှ ဤသို့ပြောဆိုခြင်းမဟုတ်။ ဗိုလ်ချုပ်အောင်ဆန်းသည် ငယ်စဉ်ကပင် စိတ်ထဲရှိသည့်အတိုင်း ဟောဟောဒိုင်းဒိုင်း ပြောချတတ်သည့် အကျင့်ရှိသည်။ ပွင့်လင်းသည်။ သို့ဆိုလျှင် ငယ်စဉ်ကတည်းက ဤသို့ ကြမ်းကြမ်းပြောတတ်သည့်အလေ့ရှိရမည်။ ကြီးလာမှ၊ အောင်မြင်လာမှ ဖက်ရှင်လုပ်ပြီး ပြောခြင်းမဟုတ်နိုင်ဆိုသည်ကို အတိုင်းသားမြင်နိုင်ပေသည်။

ထိုသို့ဆိုလျှင် စောစောက ဗိုလ်ချုပ်လိုလူက ပြောတာကို လက်ခံနိုင်စရာရှိသည်ဟု ဆိုသူများသည် ဗိုလ်ချုပ်အောင်ဆန်းငယ်စဉ် အမျိုးသားခေါင်းဆောင်ဘ၀မရောက်ခင်အခါက ဆိုလျှင် (ယခုအခါ သာမန်ဟောဟောဒိုင်းဒိုင်း ကြမ်းကြမ်းတမ်းတမ်း ပြောတတ်သူများကို တဖက်သတ် ဝေဖန်သလိုပင်) အောင်ဆန်းကလေးအား ၀ိုင်းကြဉ်ကြမည်ပင်ဖြစ်သည်။ ၀ိုင်းဆိတ်ကြ၊ ၀ိုင်းအားကြမည်မှာ မုချပင်ဖြစ်သည်။ ဗိုလ်ချုပ်အကြောင်းဖတ်ကြည့်ရသောအခါ ဗိုလ်ချုပ်အောင်ဆန်းကို ထိုခေတ်ထိုအခါက အင်မတန် လူမုန်းများသည်ဟု ဖတ်ရသည်။ ဗိုလ်ချုပ်ကိုယ်တိုင်က သူ့မှာ ရန်သူတွေ ၀ိုင်းနေသည့်အဖြစ်ကို ဆာဟူးလ်ဘရန့်အား ၀မ်းနည်းကြေကွဲစွာ ပြောပြဘူးသည်ဆို၏။

အမှန်တော့ အထက်က ဆိုခဲ့သူများသည် လူတယောက်ကို ကြည်ညိုသည်ဆိုလျှင် ဘာအတွက် ကြည်ညိုကြောင်း သူတို့ဘာသာ ကွဲကွဲပြားပြားသိပုံမရ။ အများယောင်၍ လိုက်ယောင်သည့်နှယ် ရှိချေသည်။

ကျနော့်အနေနှင့်မူ ဗိုလ်ချုပ်အားလေးစားသည့်အချက်များအနက် ရှေ့ဆုံးက အချက်မှာ ရိုးသားခြင်း၊ ဟန်မဆောင်တတ်ခြင်းဖြစ်သည်။ ဉာဏ်ပညာထက်မြက်ခြင်း၊ သတ္တိရှိခြင်းနှင့် ပြည်သူလူထုအပေါ် စေတနာရှိခြင်းတို့မှာ နောက်ကလိုက်သည်။ အမြင့်ဆုံး လေးစားသည့်အချက်မှာ ရိုးသားပွင့်လင်းခြင်း၊ ဟန်မဆောင်တတ်ခြင်းဖြစ်သည်။

ဤအချက်သည်ပင် ဘုမသိဘမသိ အများယောင်၍ ဟန်ဆောင်ပန်ဆောင် ရောယောင်ညာဝါးကြကုန်သော ကြောင်သူတော် ဟန်ဆောင်အရေခြုံများနှင့် မိုးနှင့်မြေလွှာလို ကွာခြားနေပေသည်။

နောက်တချက်မှာ အမှန်တရားနှင့် အကျိုးစီးပွားကို ပေးလိုသော သတင်းစကားဖြစ်လျှင် ချိုသာသော စကားလုံးများနှင့်စီခြယ်ထားသည်ဖြစ်စေ၊ ကြမ်းတမ်းသော စကားလုံးများဖြင့် ရောပြွမ်းနေသည်ဖြစ်စေ ပေးချင်သော အချက်ကို ရအောင်ယူတတ်ဘို့ အရေးကြီးပေသည်။

ထို့အတူ သကာဖုံးလွှမ်းထားသော မုသားများ၊ မက်ဆေ့ခ်ျ (Message) အလွဲများကိုလည်း စစ်ယူတတ်ရန် အရေးကြီးပေသည်။

ဗိုလ်ချုပ်ကို အမှန်တကယ်လေးစားသည်ဆိုလျှင် ဗိုလ်ချုပ်တွင် ရှိသောအရည်အသွေးများကို အားကျစိတ်ဖြင့် မိမိထံသို့ ကူးယူနိုင်အောင် အနည်းဆုံး ကျင့်ကြံသင့်သည်။ သို့မှသာ အမှန်တကယ် လေးစားရာရောက်မည်။ သို့မဟုတ်လျှင် လျှာဖျားကလေးနဲ့ ဟန်ဆောင်ပန်ဆောင် လေးစားပြခြင်းသာ ဖြစ်ပေတော့မည်။

“အရေခြုံ”

လောကကြီးတွင် သူတော်စင် သူတော်ကောင်း အစစ်အမှန်များလည်း အမှန်ပင်ရှိ၏။

သူတော်ကောင်းအစစ်အမှန်များကို သာမန်လူတို့က ကြည်ညိုကြသည်။ လေးစားကြသည်။

ထို့ကြောင့် သူတော်ကောင်းဖြစ်လိုသူများ ဒုနဲ့ဒေး ဖြစ်လာသည်။

သို့သော် သူတော်ကောင်းဖြစ်ဘို့ လွယ်သည်မဟုတ်။ အင်မတန်ခက်ခဲသည်။ သို့နှင့်အချို့လူများ ဖြတ်လမ်းကလိုက်ကာ သူတော်ကောင်းဖြစ်ဖို့ကြံသည်။ အလွယ်ဆုံးနည်းလမ်းမှာ သူတော်ကောင်း အရေခြုံလိုက်ခြင်းပင်ဖြစ်သည်။

သူတော်ကောင်းအရေခြုံရာတွင် အသုံးအများဆုံးနည်းလမ်းအချို့မှာ...

(၁) ဘာသာရေးအရေခြုံခြင်း
(၂) လူမှုရေး အရေခြုံခြင်း
(၃) အမျိုးသားရေး အရေခြုံခြင်း
(၄) ဒီမိုကရေစီအရေး အရေခြုံခြင်း
(၅) ယဉ်ကျေးမှု အရေခြုံခြင်း တို့ဖြစ်သည်။

သူတော်ကောင်းအတုကို အစစ်ထင်၍ ယုံကြည်မိသူများမှာ ထိုသူ၏ သူတော်ကောင်းအရေခြုံကွာကျသွားသောအခါ အကြီးအကျယ် ခံစားကြရလေသည်။

ဤမှာပင် “ဘုရားမှတ်လို့ ကိုးကွယ်ပါတယ်၊ ဖွတ်ထွက်မှ တောင်ပို့မှန်းသိ” ဆိုသည့် စကားပုံလည်း ပေါ်လာခြင်းဖြစ်သည်။

သူတော်ကောင်းအတုနှင့်အစစ်မှာ ခွဲခြားလိုပါက အောက်ပါအချက်ဖြင့်လည်း ခွဲခြားနိုင်သည်။

သူတော်ကောင်းအစစ်သည် သူယုံကြည်ရာအရေးကိစ္စရပ်တခုကို ဆောင်ရွက်ကျင့်ကြံပြုမူရာတွင် သူ၏ စည်းမျဉ်းစည်းကမ်း ( Principle ) မှ တဆံခြည်မျှ မသွေဖီဘဲ မြဲမြဲမြံမြံ ပြုမူတတ်သည်။

သူတော်ကောင်းအတုသည်ကား သူအရေခြုံထားသော အရေးကိစ္စတခုကို ဆောင်ရွက်ပြုမူကျင့်ကြံရာ၍ အစဉ်တစိုက်မရှိတတ်။ လစ်ရင်လစ်သလို စည်းမျဉ်းစည်းကမ်းမှ ဖဲခွာသွားတတ်၏။ ဖောက်ဖျက်တတ်၏။

(ဥပမာ ထင်လင်းအောင် ပြရလျှင် သူတော်ကောင်းသည် ငါးပါးသီလကို စောင့်ထိန်းသည်ဆိုလျှင် မကြောင်မကျား မကျိုးမပေါက်ရအောင် ထိန်းသိမ်းသည်။ သူတော်ကောင်းယောင်ဆောင်သူနှင့် သာမန်လူများသည်ကား ရံဖန်ရံခါ ချိုးဖောက်တတ်ကြသည့် ဥပမာကဲသို့တည်း။)

သင်သည် ကိုယ့်ကိုယ်ကို သာမန်လူဟု သတ်မှတ်သလား။ သို့မဟုတ် အတင်းကြီး သူတော်ကောင်းအရေ ဆွဲခြုံနေသူလား။ စဉ်းစားပါ။

“ဒီမိုကရေစီစနစ်နှင့် တန်းတူညီမျှမှု”

ဒီမိုကရေစီစနစ်တွင် လူအများဆန္ဒမဲဖြင့် အစိုးရတရပ်ကို ရွေးချယ်တင်မြှောက်ရသည်မှန်သော်လည်း လူနည်းစုအခွင့်အရေးကိုမူ ပိတ်ပင်ခြင်းမရှိချေ။

ဥပမာ မဲထည့်လိုက်သူ လူအများစုသည် ဗုဒ္ဓဘာသာဖြစ်နေရုံမျှနှင့် အခြားသူများကိုးကွယ်သော ဘာသာတရားကို ပိတ်ပင်ခွင့်မရှိ။ အလားတူပင် ဗုဒ္ဓဘာသာက အော်လံကြီးနှင့် မဏ္ဍတ်ထိုး၍ အလှူခံခွင့်ရှိလျှင် လူနည်းစုဖြစ်သော အခြားဘာသာဝင်များကိုလည်း အလားတူ တန်းတူညီမျှ အခွင့်အရေး ပေးရမည်သာဖြစ်သည်။

လူအများစုသည် သီချင်းကြီး သီချင်းခန့် ကြိုက်သည်နှင့် လူနည်းစုကြိုက်သည့် ရော့ခ်၊ ပေါ့ပ်၊ ဟစ်ဟော့တေးတို့ကို ပိတ်ပင်သင့်သည်မဟုတ်။

လူအများစုက သူတို့ဖာသာ ယဉ်ကျေးသည်ဟု သတ်မှတ်ထားသော အရာများကို ကြိုက်သည်နှင့် သူတို့မယဉ်ကျေးဟု သတ်မှတ်ထားသောအရာများကို လူနည်းစုနားမထောင်စေရန် ပိတ်ပင်ခြင်းသည် တရားမျှတမှုမရှိ။

အချုပ်ဆိုရသော် နအဖ အစိုးရအနေဖြင့် လူနည်းစုဖြစ်သော ကရင် လူမျိုးများကို လူမျိုးရေးချေမှုန်းနေသကဲ့သို့ရှိသည်။

သူတပါးအခွင့်အရေးကို ပိတ်ပင်ခြင်းသည် အာဏာရှင်စိတ်ဓါတ်၊ မယဉ်ကျေးသော စိတ်ဓါတ်ဖြစ်သည်။

ကိုယ့်ယဉ်ကျေးမှုကို အမွှန်းတင်၍ သူတပါးယဉ်ကျေးမှုကို ရှုတ်ချခြင်းသည် ကျဉ်းမြောင်းသည့် အမျိုးသားရေးစိတ်ဓါတ်အမြင်ဖြစ်သည်။ ဤစိတ်ဓါတ်မျိုးကို နာဇီဝါဒ၊ ဖက်ဆက်ဝါဒနှင့် စစ်အာဏာရှင် စနစ်တို့တွင် တွေ့နိုင်ပေသည်။

Anonymous said...

I am anonymous who wrote comments after ko paw's first comment.
Ko Paw, you are so much.....
I'm so disappointed to you. Actually, i usually visit to ur blog almost every day. But now.... i m so disappointed to you....
Don't write some comments any more if you haven't listened JJ's songs. That's why i wrote in previous comments that all reader should listen his songs before posting comments. (To get the clear point of view to JJ's songs).
I suggest all other reader who write comments that we should stop fighting with that pitty "KO PAW". Ha ha... he 's always like that... That's why he is so popular in ..... Let it be. So surprised ko paw. Although he is educated person, his thinking power is .... :) . Is it real Master Degree holder from NTU? Oh my God !!!!So shameful...

Anonymous said...

Ko paw, i really don't understand you why you write comments unless you listen JJ's songs.

blogreader said...

ကျုပ်
ခင်ဗျားတရားလွန်ရိုင်းတယ်။ ခပ်ရှင်းရှင်းပြောရင် ခင်ဗျားကို ခင်ဗျားအမေ မွေးမထုတ်ခဲ့ရင် ခင်ဗျား ဒီလိုနေရာမှာ တောင် လာစကားမပြောနိုင်ဘူး
ဒီလောက်ဆိုသဘောပေါက်ပေါ့။

ကိုပေါ RIT,NTU သိက္ခာကျတယ် ခင်ဗျားရဲ့ လုပ်ရပ်တွေက ရပ်တန်းက ရပ်သင့်နေပီ။ ခင်ဗျားကို ကျုပ်တော်တော် စိတ်ပျက်တယ်။ ခင်ဗျားဗျာ...။
ဒီလောက်တောင် ဖြစ်နေတာ ခင်ဗျားသမီးသီချင်းဆိုဖို့ကျုပ် ဂျောက်ဂျက်ထဲက စာသားတွေ ခင်ဗျားဆီပို့ပေးလိုက်မယ်။

မြန်မာ့ယဉ်ကျေးမှူက&#