Wednesday, March 11, 2009

စိတ်ညစ်နေလား...(၉)

ပြီးခဲ့တဲ့ ဆယ်ရက်သာသာအတွင်းကပေါ့။ ဘလော့ဂ်ကို နားလိုက်ဦးမှပဲ လို့ တွေးပြီး စာရေးတာတွေ၊ စာရေးဖို့တွေးတာတွေကို ရပ်ချပစ်လိုက်တယ်။ ဒီတော့ အလုပ်ကပြန်လာရင် ခါတိုင်းလို စာရေးရမယ့် အချိန်တွေမှာ စိတ်လက်ပေါ့ပါးစေအောင် သီချင်းတွေ နားထောင်လိုက်၊ တီဗွီအစီအစဉ်တွေ ကြည့်လိုက်နဲ့ပဲ များသောအားဖြင့် အချိန်တွေ ကုန်ခဲ့ပါတယ်။

စိတ်တွေ ပင်ပန်းတဲ့အခါ၊ ပြီးတော့... ခန္ဓာကိုယ်ကြီးကိုကလဲ နွမ်းနယ်လွန်းတဲ့အခါမျိုးမှာ ပြန်လည်ပေါ့ပါး သွက်လက်စေဖို့အတွက် သီချင်းတွေနဲ့ အဲဒီတီဗွီအစီအစဉ်တွေက ကျနော့်အတွက်ကတော့ များစွာ အထောက်အကူပြုစေပါတယ်။

အခု...၊ ဘလော့ဂ်ကို ပြန်ရေးတော့မယ်ဆိုတော့ တခြားဘာအကြောင်းအရာကိုမှ ပြန်ပြီး စ..မရေးခင်မှာ ကျနော့်ဘလော့ဂ်ကို လာရောက်လည်ပတ်သူ မိတ်ဆွေ၊ မောင်နှမတွေအတွက် စိတ်ပေါ့ပါးပျော်ရွှင်စရာ ပို့စ်လေး တပုဒ်ကို တင်ဆက်ပါရစေ...။

***

သီချင်းတပုဒ်ကို နားထောင်လိုက်ပြီ ဆိုပါစို့... ... ...။ ပုံမှန်အားဖြင့်ကတော့ အဲဒီသီချင်းကို ဆိုထားတဲ့ အဆိုရှင်က အသံဘယ်လိုကောင်းတာ၊ ဘယ်လိုဆွဲဆောင်မှု ရှိတာ၊ ရေးထားတဲ့ သီချင်းစာသားကတော့ဖြင့် ဘယ်လိုဘယ်ပုံ ပြောင်မြောက်တာ၊ ဘယ်လိုလေးတော့ ဖွဲ့နွဲ့ထားတာ ဆိုတဲ့အရာတွေနဲ့သာလျှင် အကဲဖြတ်ပြီး အဲဒီသီချင်းကို လူတွေက နှစ်သက်တတ်ကြပါတယ်။

ကဲ...၊ ဒါဖြင့် အပေါ်ကအချက်တွေနဲ့ မကိုက်ညီရင်ရော...၊ နှစ်သက်စရာကောင်းတဲ့ သီချင်းတပုဒ် မဖြစ်နိုင်ဘူးလား ... ... ...။

ပထမဆုံး စစနားထောင်မိတုန်းကတော့ `ဘာသီချင်းကြီးလဲဟ´ လို့ ထင်လိုက်မိသေးတယ်။ ဒါပေမယ့်...၊ နောက်တခေါက် ထပ်နားထောင်လိုက်၊ နားထောင်လေလေ၊ သဘောကျပြီး စပ်ဖြီးဖြီးဖြစ်လေနဲ့ ဖြစ်နေရတာကိုက အဲဒီသီချင်းရဲ့ ဖျော်ဖြေတင်ဆက်နိုင်မှု တမျိုး မဟုတ်လား။

ကြားဖူးသူတွေတော့ ရှိနိုင်တယ်၊ မကြားဖူးသေးရင်တော့ နားထောင်ကြည့်ကြပါဦး...၊ သိပ်တော့ မရယ်ကြေးပေါ့။ :D



***

America's Got Talent အစီအစဉ်တွေကို You Tube မှာ လိုက်ရှာကြည့်ဖြစ်တုန်းက ဘာထပ်တွေ့လဲ ဆိုတော့ Britain's Got Talent အစီအစဉ်တွေကိုပါ ကြည့်ဖြစ်လိုက်ရပါတယ်။ အဲဒီထဲကမှ ပရိသတ်တွေကို ဘယ်လိုမှ ပါးစပ်မပိတ်နိုင်ဘဲ ပြုံးရယ်နေအောင် တင်ဆက်နိုင်သူ လူမည်းလေး တယောက်ရဲ့ ယှဉ်ပြိုင်မှုကို တော်တော်နှစ်သက်မိတယ်။

သူကတော့ အဆိုနဲ့ ၀င်ပြိုင်တာပါ။ အသံကောင်းမကောင်းကတော့ အောက်မှာသာ ကြည့်ပေတော့။



အဲဒီဗွီဒီယိုကို တင်ထားတဲ့သူက ဗွီဒီယိုနာမည်ကို ပေးထားတာက Britain's Got Talent Season 2 Donald Worst Singer Auditionee ...တဲ့။ ကျနော်ကတော့ Best Entertainment Audition လို့သာ အမည်ပေးချင်တယ်။ ပြီးတော့ သာမန်အားဖြင့် ဘယ်လိုမှ ခံသာနိုင်စရာ မရှိလောက်တဲ့ ဒိုင်တွေရဲ့ မှတ်ချက်ကို ခပ်ပြုံးပြုံးပဲ ခံယူပြီး အသာပြန်လှည့်ထွက်လာနိုင်တာကိုက အရည်အချင်းတခုပဲမဟုတ်လား။

***

Just For Laughts အစီအစဉ်တွေကို လူတော်တော်များများ ကြည့်ဖူးကြမှာပါ။ အဲဒီအစီအစဉ်တွေ အများကြီးထဲကမှ ရယ်စရာထက် တွေးစရာတွေ ပိုပေးတဲ့ အစီအစဉ်လေး တခုကိုလဲ သွားတွေ့မိတယ်။



တန်ဘိုး အတန်အသင့်များနေဟန်ရှိတဲ့ ငွေစက္ကူကို ယူမယ်ဆိုရင် လွယ်လင့်တကူ ယူသွားလို့ရနိုင်တဲ့ အနေအထားမှာ လူတွေရဲ့ စိတ်ရင်းအမှန်တွေက ဘယ်လိုများ ရှိနေမလဲ။ ယူရကောင်းနိုး၊ တခြားလူတွေကများ တွေ့သွားဦးမှာလားဆိုပြီး ယူချင်ပေမယ့် အယူခက်နေဟန်လူတွေ၊ ဘေးဘီကို သေချာအောင်ကြည့်ပြီး ဘယ်သူမှ မမြင်လောက်မှ ယူမှပဲ ဆိုတဲ့လူတွေ၊ လုပ်နေကျ အလုပ်တခုကို လုပ်သွားသလိုပဲ ဆတ်ခနဲယူသွားတဲ့လူတွေ၊ ၀တ်ထားတဲ့အ၀တ်အစား၊ ရုပ်ရည်တွေကို ကြည့်လိုက်ရင် မယူလောက်ဘူးလို့ ထင်ရနိုင်ပေမယ့် ယူသွားတဲ့လူတွေ အများကြီးရှိသလို လုပ်သင့်လုပ်ထိုက်တာကိုပဲ တည်တည်ကြည်ကြည်ဟန်နဲ့ လုပ်သွားတဲ့ နမူနာယူစရာလူလဲ ရှိနေတာကိုက ရယ်စရာကနေ ပေးတဲ့ အတွေးတခုပေါ့...။

ကျနော့်မိတ်ဆွေတွေ အဲလိုကြုံရင်ရော...၊ ယူမှာလား။ အဟဲ၊ ကျနော့်ကိုတော့ ပြန်မမေးကြေးနော်။ :D

***

ကျနော့်ဘလော့ဂ်ကို လာရောက်လည်ပတ်ကြသူ မိတ်ဆွေ၊ မောင်နှမတွေကို ဒီပို့စ်က စိတ်ပေါ့ပါးကြည်လင်မှုတွေ ပေးနိုင်ပါစေ။


ကလိုစေးထူး

15 comments:

Anonymous said...

လာရယ်သွားတယ် စိတ်ညစ်နေလို့ ဒိုင်တွေကလည်း သူတို့ကိုသူတို့ မိုးကျရွှေကိုယ်တွေများထင်နေသလားမသိး( စိတ်ပျက်စရာကြီး ရယ်နေပေမယ့် ၀မ်းနည်းနေတဲ့ မျက်လုံးကိုဖတ်ကြည့်သွားမိတယ် ။

Anonymous said...

very happy ,wellcome,go ahead

Unknown said...

Bro,
u r back. anyway, welcome.
For "just for laughts', I am wanna take this money :D

Sein Lyan Tun said...

အကိုရေ..
အကို့ ဆီရောက်ဖြစ်ပေမယ့် မန့် တာကတော့ပထမဆုံးပါ..
အခုလို စာတွေပြန်ဖတ်ရအုံးမှာဖြစ်တဲ့အတွက်
အရမ်းကြေနပ်ပီတိဖြစ်ပါကြောင်း
လေးစားခင်မင်စွာဖြင့်
ဖိုးစိန်

Anonymous said...

ပေါင်၅၀တောင်မှ ပါလား။ ဒါ အရွက် အကြီးဆုံးဘဲ တပတ်တ် စားစရတ် ၅၀ လောက်တာပေါ့ တခါက ၅ကျပ်တန်နဲ့ တန်ဖိုး ၁၀၀၀ ပေါင်ဖိုး နဲ့  စမ်းကြဖူးတယ်။ မီးရထား ၀န်ထမ်းတွေ စိတ်သဘောထား စမ်းတုန်းက တော့ ၂၂ပေါင်နဲ့ ပိုက်ဆံအိတ် စမ်းဖူးတယ် ဘ်ယ် မီးရထားstation ၀န်ထမ်းမှ ငွေအပြည့် ပြန်မအပ်ဘူး။ တချို့ ဆို လုံးဝ ဖျောက်တယ်။ ငွေယူပြီး ကျန်တာ အပ်တာများတယ်

တောင်ပေါ်သား said...

အကိုစေးထူးရေ အတိုင်းမသိ ၀မ်းသာပါတယ် ခုတော့ အသံမထွက်အောင် ရယ်သွားတယ်

လေးစားလျက်
တောင်ပေါ်သား

:P said...

ကိုစေးထူးစာပြန်ရေးတာကို ပထမဆုံးဝမ်းသာတယ်။
တင်ပေးထားတာတွေလည်း ကြည့်ရယ်သွားတယ်.. လူမည်းကောင်လေးသနားပါတယ်..။ ဒါပေမယ့်မရယ်ပဲမနေနိုင်ဘူး..။
ပရိသတ်အားပေးမှုကို အမှတ်တွက်ရင်ကောင်းမှာ...။
ပိုက်ဆံဆွဲခွာပြီးထွက်ပြေးတဲ့ 2 ယောက်ကအရယ်ရဆုံးပဲ။

ကလူသစ် said...

welcome back :)

Anonymous said...

ဖတ်ရတာ ကျေးဇူးတင်တယ် ။ နောက် ပို့စ်တွေမှာ ရင်တွင်းဖြစ် ကိုယ်ပိုင်သံစဉ်လေးတွေ လာတော့မယ် လို့ မျှော်နေပါတယ်။ အနုပညာစစ်စစ်လေးတွေပေါ့။

သီဟသစ် said...

ကိုစေးထူးရေ
Welcome Back ပါဗျာ။

သီဟသစ် said...

မန့်ပြီးပြန်မှ လူမည်းလေးကို ပြန်ကြည့်မိတာ သနားလိုက်တာဗျာ။

Dr Phyo Wai Kyaw said...

လူမည်းလေးကိုတော့ သနားတယ်ဗျာ
ခံနိုင်ရည်ရှိလိုက်တာ.

ကိုရင်နော်ခင်လေးငယ် said...

ဖတ်ရတာ ပျော်စရာ..း)

Anonymous said...

အားရပါးရ ရီသွားတယ်။

Unknown said...

အဟင့် သီချင်းနားထောင်လို့ ရ၀ူး :(