Thursday, March 12, 2009

ရလဒ်...

ကောင်းတယ်ဗျာ၊ ဒါဖြစ်သင့်တယ်
အားပေးနေပါတယ်၊ ဆက်လုပ်ဗျာ
ထိမိတယ်ဗျို့၊ ဒါ...လုပ်သင့်တာပေါ့
မိုက်တယ်၊ မိုက်တယ်။

ဒါတော့ သဘောခြင်း တထပ်တည်း မကျဘူးဗျို့
ဘာလို့လဲဆိုတော့ ဒါကဒီလိုရှိပြီး
ဟိုဟာက ဟိုလိုရှိတယ်
အဲဒီလိုတွေဖြစ်လို့ ဒီဟာကို
ဟိုလိုကြောင့် ဒီပုံဒီနှယ်ကန့်ကွက်သဗျာ။

အလကားပါ၊ အလကားရတဲ့နေရာမှာ
ဒီလိုပဲပေါ့၊ အထင်ကြီးခံရမလားလို့လေ
သိတယ်မှတ်လား၊
ကိုယ်တို့အတွက်ကတော့ အချိန်ကုန်တယ်။

အောင်မာ...၊ ပြန်ပြောမနေနဲ့
မင်းဘာကောင်ဆိုတာ ငါကသိပြီးသား
ငါ့ဘာမှတ်နေလဲ။

အာ...၊ ဒီကောင် လူမုန်းခံရမှာကြောက်ပြီး
ရေငုံနှုတ်ပိတ်နေပြန်ပြီ
ဟေ့ကောင်...၊ ထစမ်း၊ မထဘူးလား
မထရင် ချတယ်ကွာ
ဗျင်းတယ်ကွာ၊ ဆဲတယ်ကွာ
ကလော်တုတ်တယ်ကွာ။

ဖုန်း
ဒိုင်း
အုန်း
ခွပ်
^%$#@!*
&*($%@!#
!@#$%^&

..................
..................
..................

မှတ်ပလားကွ၊ အဲဒါ ဘလော့ဂ်ရေးချင်ဦး။


ကလိုစေးထူး

စာကြွင်း...၊ ဘလော့ဂ်ရေးရခြင်းကို ကလိုစေးထူး နောင်တမရသေးပါ။ :D

27 comments:

Anonymous said...

Oh, you dont intake every thing,you will be suffer.Be happy.

Anonymous said...

အင်းလေ.....ဟုတ်တာပဲး)
ဘာမှန်းတော့မသိဘူး ခံစားချက်စာစုတွေကို ကော့မန့်တွေမှာ မကြာမကြာဖတ်နေရတော့ အလွတ်တောင်ရနေပြီး ရလဒ်ကတော့ ပြင်းတယ်နော့် ။

ဖုန်း
ဒိုင်း
အုန်း
ခွပ်
^%$#@!*
&*($%@!#
!@#$%^&

..................
..................
..................

မှတ်ပလားကွ၊ အဲဒါ ဘလော့ဂ်ရေးချင်ဦး။

မမှတ်ဘူး ရေးဦးမှာပဲ ဘလော့ဂါမျိုးဟေ့ အသတ်ပင်သေသေ တိုက်မယ် ဒိုင်ညှောင့် :P

ကိုရင်နော်ခင်လေးငယ် said...

ရေးဦးမှာ....း)

Moe Cho Thinn said...

အောက်ဆုံးက မှတ်ချက်လေးကို ဖတ်ပြီး ၀မ်းသာသွားတယ်ဟေ့.. Bravo!!

khin oo may said...

ဘယ်တော့မှ လဲ နောင်တ ရမည်မဟုတ်ပါ။
တရားလွန်မဖြစ်စေဘို့တော့ အချင်းချင်း သတိရှိကြစေဘို့ဘဲ။

Sein Lyan Tun said...

အင်း ကျနော်လဲ..ဒီလိုကြားထဲကို
ဒီလို စကားတွေကြားချင်လို့ 
ကြားခဲ့ဘူးတဲ့အကိုတွေ အမတွေကိုအားကျလို့ ဖြစ်မယ်
မယောင်မလည် မအူမလည်
လာလုပ်နေမိတယ်..
အစ......ကောင်းနေ၏
အလည်......ဘာမှမသိ
အဆုံး..........မသေချာ(၁၀၀%)
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

The Wild Rose said...

ကိုတူလင် ဆက်သာလုပ်ပါ ....
အဲ့ကွယ် ဒီလိုလုပ်ဦးမှပေါ့ .............း)

ကိုရင်ညိန်း said...

လောလောဆယ်တော့ တစ်ကယ် နောင်တမရသေးတာ ပဲ အစ်ကိုရေ... အဟေးဟေး
(စာပြန်ရေးတာ ၀မ်းသာတယ် အစ်ကို)

yehtutnaung said...

ကို ကလိုစေးထူး ..စာပြန်ရေးတာ ၀မ်းသာပါတယ်။ အစဉ်အားပေး..
လက်မနှေး..
blog ရှင်သန်ရေး... ။

မှတ်ချက်။ ။ လက်မနှေး = blog ရေးချင်ကို ဆိုလို၏။

Anonymous said...

ကဗျာလေး ကောင်းတယ်။ ခက်ကတော့ ဘလော့ဂ်ဂါ အသိုင်းအ၀ိုင်းမှာ ၀င်ဆံ့သူ ၊ လူရာသွင်းခြင်း ခံရသူ မဟုတ်လေတော့ ဖုန်း ဒိုင်း ခွမ်းတွေ မကြုံရဘူး။ :D

ကိုယ်လုပ်ချင်လို့လုပ်တာ ကိုယ်ရေးချင်လို့ ရေးတာပဲ ဘာလို့ ဘလော့ဂ်ရေးတာ နောင်တ ရရမှာလဲ။ မင်းမှန်တယ် ကိုကို။

ကလူသစ် said...

အားရပါးရ ပါးစပ်ကြီးဖြဲပြီး ရယ်သွားတယ်။ လက်နဲနဲ ပြန်သွက်လာပြီပေါ့လေ :))

သီဟသစ် said...

ကိုစေးထူးရေ
နောင်တ ရစရာလားဗျာ။
ဂရုစိုက်မနေပါနဲ့။
သူ့အလုပ် သူလုပ်
ကိုယ့်အလုပ် ကိုယ်လုပ် ပေါ့နော။

Anonymous said...

အဟိ....
များတို့ကိုသွေးကြောင်တယ်လို့ စောင်းပြောတာလား..ငှင်

sin dan lar

JulyDream said...

နောင်တ မရဘူးဆိုတော့ ကောင်းတာပေါ့ဗျာ။ အားပေးနေတယ်။

နောက်ထပ်...
ဖုန်း
ဒိုင်း
အုန်း
ခွပ်
^%$#@!*
&*($%@!#
!@#$%^&

Anonymous said...

နောင်တမရသေးဘူး ဆိုလို့  အတိုင်းမသိ ဝမ်းသာသွားကြောင်းပါ။

Myo Win Zaw said...

ဟားဟား ကလိုစေထူးကွ အားပေးလျက်ပါ

M.Y. said...

သစ်ပင်မြင့်တော့လေတိုက်ခံရတာပါပဲ။
ြ ကြည့်လေ ခင်ဗျားစာတွေစောင့်ဖတ်နေကြတဲ့ ကိုစေးထူးပရိသတ်တွေ ၊ဘလော့ဂါမောင်နှမတွေ ၀မ်းသာနေလိုက်ပုံများ..

"ကောင်းတယ်ဗျာ၊ ဒါဖြစ်သင့်တယ်
အားပေးနေပါတယ်၊ ဆက်လုပ်ဗျာ"

Anonymous said...

ဟား..ဟား...
သဘောကျတယ်ဗျာ နောင်ကြီး။ နောင်တရစရာလား..

တန်ခူး said...

ကိုစေးထူးရေ… ပြန်ရေးတာ တွေ့ ရလို့  ၀မ်းသာပါတယ်…
စေတနာပါတဲ့ စာတွေရေးနေတဲ့သူမို့  ဘလော့ကို ဘယ်တော့မှ ကြောခိုင်း မပြစ်ဖို့  တောင်းပန်ပါရစေ…

Unknown said...

ကြောက်ပါတယ်ဆိုမှ ဖြဲချောက်နေပြန်ပြီ :P

မီယာ said...

ပို့စ်အသစ်တွေ စောင့်ဖတ်နေပါတယ်... ဘလော့ကို ရေးချင်စိတ်ပေါ်တဲ့ အခါ အားတဲ့ အခါ ရေးပါ ကိုကလိုစေးထူးရေ... စောင့်ဖတ်တဲ့ သူတွေ အများကြီးပါ

ကလိုစေးထူး said...

လှိုက်လှိုက်လှဲလှဲ အားပေးကြတဲ့ ဘလော့ဂ် မောင်နှမတွေအားလုံးကို ကျေးဇူးအရမ်းတင်တယ်။ တယောက်ခြင်းစီကို ပြန်မပြောဖြစ်ပေမယ့် တယောက်ခြင်းစီရဲ့ မေတ္တာနဲ့ ခင်မင်မှုတွေကို ကျနော် အလေးထားပြီး ဆက်လက်ကြိုးစားသွားပါဦးမယ်။

သစ်နက်ဆူး said...

နော်ကျနေပေမယ့်...ပြောချင်ပါတယ်
ဘလော့ဂ်ဆိုတာ နောင်တရစကောင်းသောအရာ လုံးဝမဟုတ်...။
“ခွပ်....”
ဟာ...ဘယ်က လှမ်းဆော်လိုက်မှန်းမသိဘူး...။
ကိုစေးထူးရေ ...လစ်ပြီဗျို့း)

Dr Phyo Wai Kyaw said...

ချဗျာ
ရေးဗျာ
..
အဆင်ပြေချမ်းမြေ့ပါစေ..။

nu-san said...

စာကြွင်းကို အကြိုက်ဆုံးပဲ.. Never give up!! :)

Anonymous said...

ဦးစေးထူး ဘယ်တော့မှလဲ နောင်တရမှာမဟုတ်ပါ။ လုပ်စရာတွေ များပြားလာရင်တောင်မှ မရရအောင် တစ်လ တစ်ပုဒ် တစ်နှစ် တစ်ပုဒ်လောက်တော့ တင်ဖြစ်နေဦးမှာပဲ။

မှန်၏။

ဖိုးဂျယ် said...

ရေးလိုက်ကြစို့ဗျို့ :P