Thursday, July 23, 2009

စိတ်ညစ်နေလား... (၁၀) (America's got talent)

`စိတ်ညစ်နေလား´ ဆိုတဲ့ ပို့စ်တွေကို မတင်ဖြစ်ခဲ့တာ တော်တော်ကို ကြာခဲ့ပါပြီ။

ဒီပို့စ်တွေကို တင်ဖို့ စိတ်ကူးရတာကတော့ မနှစ်တုန်းက တရက်မှာ ကျနော် စိတ်ညစ်ညစ်နဲ့ တီဗွီရှေ့ ထိုင်မိရင်း အမှတ်မထင် ကြည့်ခဲ့ရတဲ့ America's got talent အစီအစဉ်ကြောင့် စိတ်ညစ်တာတွေ အနည်းအကျဉ်းတော့ ဖြေလျော့သွားခဲ့ဖူးတယ်။ အဲဒီလိုပဲ တခြားသော ကျနော့်မိတ်ဆွေ ဘလော့ဂ်ရေးဖော်၊ ဖတ်ဘက်တွေမှာလဲ စိတ်ညစ်စရာလေးတွေ အကြောင်းအမျိုးမျိုးကြောင့် ရှိခိုက်မှာ ဒီအစဉ်အစဉ်လေးတွေထဲက ကောင်းနိုးရာရာလေးတွေကို သရုပ်ဖော်စာလေးတွေနဲ့ တင်လိုက်ရရင် ကျနော့်လိုပဲ စိတ်ညစ်ပြေသွားမလား ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တင်ဖြစ်ခဲ့တာပါ။

***

America's got talent အစီအစဉ်တွေရဲ့ Auditions တွေက ဒီမှာ လွှင့်ပြနေတာ တလကျော်လောက်တောင် ရှိပြီမို့ နောက်အပတ်တွေကျရင် လူအယောက် ၄၀ ကို စိစစ်ထုတ်မယ့် Lavegas အစီအစဉ်တောင် လာပါတော့မယ်။ အဲဒီ Auditions တွေ အားလုံးထဲကမှ Talents ရော၊ Emotional အနေနဲ့ရော ဆွဲဆောင်မှု အဖြစ်ဆုံး ပရိသတ် အကြိုက်ဖြစ်ခဲ့တဲ့ ယှဉ်ပြိုင်မှုတွေကတော့...



America's got talent ရဲ့ အစပိုင်း Auditions တွေဟာ ပျင်းရိငြီးငွေ့ဖွယ် ကောင်းခဲ့ပါတယ်။ တရက်လုံးလုံးမှာ တယောက်မှတောင် နောက်တဆင့်ကို တက်ရောက်ဖို့ အဆင့်မမီတဲ့ နေ့ရှိခဲ့တဲ့အတွက် ဒိုင်တယောက်ဖြစ်တဲ့ ဒေးဗစ်က `ကျနော့်ဘ၀ရဲ့ အဆိုးဆုံးနေ့ပဲ´ လို့တောင် ပြောဖြစ်ခဲ့တာပါ။ အဲဒီလို စိတ်ပျက်မှုတွေနဲ့ ညည်းတွားစပြုလာတဲ့ ပွဲစီစဉ်သူတွေနဲ့ ဒိုင်တွေကို ဒီညီအမသုံးယောက်ရဲ့ ရိုးရှင်းတဲ့ ဖျော်ဖြေဟန်က ပြိုင်ပွဲကို ပြန်လည်မြိုင်ဆိုင်စေခဲ့ပါတယ်။ မှတ်မှတ်ရရ ဖြစ်စရာကတော့ မိုက်ကယ်ဂျက်ဆင်ရဲ့ ငယ်စဉ်ဘ၀က သီချင်းဖြစ်တဲ့ I want you back သီချင်းနဲ့ သူတို့ရဲ့ ယှဉ်ပြိုင်မှု အစီအစဉ် ထုတ်လွှင့်ပြီး နောက်နေ့မှာပဲ မိုက်ကယ်ဂျက်ဆင် ကွယ်လွန်သွားခဲ့တဲ့ တိုက်ဆိုင်မှုပါပဲ။



ဒီအဖွဲ့ရဲ့ ပြိုင်ပွဲဝင်မှုကို မကြည့်ရခင်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျနော်တို့မြို့နားက Summer fast မှာ မြို့ခံဘက်စ်ကက်ဘော အသင်းရဲ့ Acrodunk ဖျော်ဖြေမှုကို ကြည့်ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် အခုပြိုင်ပွဲ ၀င်သွားတဲ့ အဖွဲ့ကတော့ ကျနော်ကြည့်ခဲ့ရတဲ့ အဖွဲ့ထက် ပိုမိုသာလွန်သလို လုံးဝလဲ အမှားအယွင်းနည်းပြီး ဆွဲဆောင်နိုင်ပါတယ်။



ဒီနှစ်မှာ အာရှနွယ်ဖွား အမေရိကန်တွေလဲ နောက်တဆင့်ကို အတော်များများ တက်ရောက်သွားနိုင်တဲ့ အထဲက ဘောလီးဝုဒ်ရုပ်ရှင်တွေထဲက ကဟန်အတိုင်း မြူးမြူးကြွကြွ ကပြယှဉ်ပြိုင်သွားတဲ့ ဒီအကအဖွဲ့ကိုလဲ နှစ်သက်မိပါတယ်။

***

ပြိုင်ပွဲမှာ ယှဉ်ပြိုင်သွားကြတာတွေကတော့ အမျိုးအစား စုံလင်လှသလို စိတ်လှုပ်ရှားမှုလဲ ပေးနိုင်ပါတယ်။ စိတ်ခံစားချက်ကို ထိရှစေနိုင်တဲ့ ပြိုင်ပွဲဝင်တွေ၊ အားလုံးရင်သပ်ရှုမောလောက်တဲ့ အသံပိုင်ရှင် အဆိုတော်တွေ၊ ပျော်ရွှင်စရာ ဆွဲဆောင်မှုတွေနဲ့ မျက်လှည့်ဆရာတွေရဲ့ ပြိုင်ပွဲဝင်ဟန်တွေကိုတော့ ကွန်နက်ရှင် နှေးနေမှာကို ကာကွယ်တဲ့ အနေနဲ့ အောက်ဖော်ပြပါ လင့်ခ်တွေ အတိုင်းပဲ ကောင်းနိုးရာရာ ရွေးချယ် တင်ပြလိုက်ပါတယ်။

(၁)
  • ကြက်ဖမ်းသမားရဲ့ အနုပညာ

  • (၂)
  • အသက် ၆၂ နှစ်အရွယ် အမျိုးသမီးရဲ့ အံ့ဖွယ်အက

  • (၃)
  • ဂျေမက်တီယိုလီ ရဲ့ မျက်လှည့်

  • (၄)
  • အာရှသူလေး သီယာရဲ့ အော်ပရာသီချင်း ဆိုဟန်

  • (၅)
  • စကား လုပြောတတ်တဲ့ ပိုလန်သူသုံးယောက်

  • (၆)
  • အရပ်ခြောက်ပေကျော်သူ ထူးခြားတဲ့အကရှင်

  • (၇)
  • ဝေဒနာသည် အမေ့အတွက်သီချင်းဆိုတဲ့ မောင်နှမသုံးယောက်
  • (စိတ်မခိုင်သူတွေကို မျက်ရည်ကျစေပါလိမ့်မယ်)

    (၈)
  • အလုပ်နှစ်ခု လုပ်ပြီးကြိုးစားနေတဲ့ လူငယ်လေးရဲ့ ဘရိတ်ဒန့်စ်

  • (၉)
  • အဖွဲ့နာမည် မရှိတဲ့ သူငယ်ချင်းနှစ်ယောက်

  • (၁၀)
  • အမေရိကန်သူ စောင်းပညာရှင်

  • (၁၁)
  • သူ့အဆိုကလဲ မခေဘူး

  • (၁၂)
  • မိဘတွေအတွက် အိမ်ဝယ်ပေးချင်တဲ့ ၈ နှစ် သမီးငယ်

  • (၁၃)
  • Beale Street Flippers အဖွဲ့


  • Auditions တွေ အားလုံးကို ပို့စ်တခုထဲမှာ တင်တာဆိုတော့ တချို့ကောင်းတာလေးတွေလဲ ကျန်ကောင်း ကျန်သွားနိုင်ပါသေးတယ်။ ဒါပေမယ့် ကျနော် ကြည့်မိသမျှ လက်လှမ်းမီမိသမျှကတော့ အထက်မှာ တင်ထားတဲ့ လင့်ခ်တွေထဲက ယှဉ်ပြိုင်မှုတွေက အကောင်းဆုံးတွေထဲမှာ ပါတယ်လို့ ပြောလို့ရနိုင်တာတွေပါပဲ။

    တကယ်လို့များ လင့်ခ်အကုန်လုံးကို အချိန်ပေးပြီး ကြည့်ဖြစ်တယ်ဆိုရင်တော့ အပျင်းပြေသဘောပဲဖြစ်ဖြစ် ဘယ်သူကတော့ နောက်ဆုံးအဆင့်မှာ အနိုင်ရပြီး အမေရိကန်ဒေါ်လာ တသန်းဆုကို ရသွားနိုင်မလဲဆိုတာ ထင်မြင်ချက်ပေးစေချင်ပါသေးတယ်။ :)

    ***

    ပို့စ်လက်စသတ်ခါနီးမှ လေကျောလဲ နည်းနည်းလောက်တော့ ရှည်ချင်မိတယ်။ ကျနော် အဲဒီ TV Show ကို ကြည့်ရင်းနဲ့ စိတ်ကူး တခုရမိတာပါ။ သြော်...၊ ကျနော်တို့ မြန်မာပြည်မှာလဲ Myanmar got talent ဆိုတဲ့ ပြိုင်ပွဲလေး ဘာလေး ရှိရင် ဘယ်လောက်များ လူတော်တွေ ထွက်လာမလဲ မသိဘူး။

    ဒါပေမယ့်...။

    အဲဒီကနေ ဆက်ပြီး ဆွဲဆန့်တွေးမိလိုက်တော့ `ဆိုကြမယ်၊ ပျော်ကြမယ်´ ဆိုတဲ့ အစီအစဉ်က (မဆီမဆိုင် ဖြစ်နေမလားတော့မသိ) မျက်စိထဲ ပြေးမြင်လာတယ်။

    အင်း...၊ နောက်ဆုံးတော့ ဟိုဘူတာပဲ သွားဆိုက်မှာမို့ ဆက်မတွေးတော့ပါဘူးလေ။

    အားလုံး ပျော်ရွှင်အဆင်ပြေကြပါစေဗျာ။

    ***

    ကလိုစေးထူး

    9 comments:

    rose of sharon said...

    ဆိုကြမယ်ပျော်ကြမယ်အစီအစဉ်နဲ့နှိုင်းယှဉ်ကြည့်မိတော့ ရီစရာကြီးဖြစ်သွားတယ်....(ကျမအတွက်)

    Anonymous said...

    good idea.

    Anonymous said...

    good idea.:)

    နွေဆူးလင်္ကာ said...

    ကွန်မကောင်းလို့ မကြည့်ရသေးဘူးဗျ။ နောက်မှပဲ လာကြည့်တော့မယ်

    Rita said...

    နောက်နေ့ပြန်လာကြည့်မယ်
    :)

    (r အသေးနဲ့ rita ဆိုတာ ကိုယ့်ကို တခါ comment လာပေးဖူးတဲ့ rita လား)

    Anonymous said...

    အားလုံးကြည့်ပြီးပါပြီ..ဒါပေမယ့် တချို့ နေရာတွေတော့
    ကျော်ကြည့်လိုက်တယ်...

    ဒီနှစ်အဲဒီအစီအစဉ်ကို လုံးဝမကြည့်ရသေးတဲ့အတွက်
    ကျေးဇူးတင်ပါတယ်...

    ကျမရဲ့  စိတ်ကူးနဲ့ဆို၇င်တော့ ဘတ်စ်ကက်ဘော ကစားတာကိုဘဲ ပေးမိမှာပါ..စောင့်ကြည့်ကြတာပေါ့နော်...

    ကိုကလိုစေးထူး ဒီလိုပို့စ်မျိုးတင်ပေးတာလည်း ကောင်းတယ်လို့ ပြောပါရစေ...

    လွန်လွန်း said...

    ကိုကလိုစေးထူး ...

    ရွေးချယ်ပြီးသား အကောင်းတွေ အားလုံးကို ရင်သပ်ရှုမော စုကြည့်ရတဲ့အတွက် ကျေးဇူးပါ။

    Talent မျိုးစုံထဲက တစ်ယောက်တည်းကို ရွေးတာဆိုတော့ ရွေးချယ်ရ အင်မတန် ခက်ခဲတဲ့ ကိစ္စပါပဲ။

    အိပ်ရေးပျက်သွားပေမယ့် ကျေနပ်ပါတယ်။

    ခင်မင်လျှက်

    လွန်လွန်း

    moezjhon said...

    I can't see America's got talent,

    Anonymous said...

    ဗီဒီယိုကလစ်တွေက ကြည့်လို့လဲ မရတော့ဘူး။ ဖြုတ်ပစ်လိုက်ပါလား။ ဒါမှမဟုတ်လဲ ကြည့်လို့ရတဲ့ လင့်ခ်အသစ်ချိတ်ပေါ့။
    စာလဲ မရေး အွန်လိုင်းလဲ မတက် အပျူထင်းနေတာလား။ သတူယင်းနေတာလား။
    ပလူတင်းတွေရော ဘယ်ရောက်နေလဲ။