နာဂစ်…တဲ့
ဗလာဖြစ်နှင့်တဲ့ ဘ၀တွေကို
အညှာဖျစ်ချွေလိုက်သလို
လေပြင်းက၀ုန်းဝုန်း မိုးရေတအုန်းအုန်းနဲ့
တုန်းခနဲလဲပြိုတဲ့သစ်ပင်တွေက
အိမ်တွေကို ပိလိုပိ၊ ကားတွေကို ပိလိုပိနဲ့
တကယ်က ဘ၀တွေကိုပါ ပိကုန်ပါပေါ့ …။
သတင်းမှန် မထုတ်တာလား
သတင်းထုတ် မမှန်တာလား
ဒင်းတို့ ကြေညာတဲ့လေတိုက်နှုန်းက
မုန်းလောက်စရာ ဆပွားတာမို့
မဆုံးနိုင်သေးတဲ့ ကိန်းဂဏန်းတွေက
သေစာရင်းတွေ များသထက်များ
ပျောက်နေသူတွေ သိန်းချီလို့
များစွာတို့ အိမ်ယာမဲ့ရတယ် …။
ကူညီကာ ဖေးမပါရစေလို့
ဘေးက ပြောနေလေလဲ
မြဲမြံဖို့အာဏာသာ အာသာငမ်းနေတာမို့
သဘောက်မသား သက်ကြားအိုတွေမှာ
စူးရောက်ဉာဏ် ထွာတမိုက်နဲ့
ငိုက်နေတဲ့ မြည်းတွေလို
အချင်းချင်း ဖြီးနေတာမို့
ဆုံးဖြတ်ချက်တွေ ဖင့်နှေးလေတော့
ဒုက္ခတွေ လေးသထက် လေးရပြန်တယ်…။
ပြောင်ရောင်တဲ့ ယူနီဖောင်း
ခြံရံတဲ့ မျောက်လောင်းတွေနဲ့ အတူ
မပြောင်းနိုင်တဲ့ ဖိန့်ဖိန့်ဖော စကားတွေက
နားရည်ဝစေရုံသာ ရှိလေတော့
ကျောခိုင်းသူခိုင်းပေမယ့်
ဆန်တဆုပ်၊ ရေတမှုတ်ရလေမလားလို့
အုပ်ချီကာ ရှိခိုးရတော့
နေပူမှာ လေပူတွေက ဆင့်ရပြန်တယ် …။
***
ဆွေးပူကာ နေလို့ ငေးငူလို့လဲ မထူးလှတာမို့
စုရသမျှ ချွေးနည်းစာကို ပေးလွှဲကာ လှူသမျှ
ဘယ်သူရသည်ဖြစ်စေ အပူတခဏတော့
ငြိမ်းစေရော့လို့ ပင့်သက်ချွေရတယ်…။
မုန်တိုင်း စဲလဲ၊ ခြုံသိုင်းဆဲ သောကကြောင့်
လောကတခွင် မှုန်မှုန်မှိုင်းက
နှိုင်းလောက်စရာ မရှိအောင် ဒုက္ခတွေ ဝေနေဆဲမို့
ဖြေပြေစရာ ဘယ်မသိ
ကျွန့်ရင်မှာ ပူကာတွေးရတယ်
ဆွေးလှပေါ့လေး…။
ကလိုစေးထူး
8 comments:
cry and so sad for that photo and read again and again.
But i don't want to see all of their uniform and their face.
so sad ....
not enough to say...
How can we save our people?
Phyu
ခင်ဗျားက တမှောင့်၊ ဘယ်လို ဖြစ်သင့်တယ်လို့ အကြံမပေးဘူး၊ အတင်းပြောဖို့ပဲ ချောင်းနေတယ်
good poem and picture.
I feel so sad for the victims and so angry to stupid animal military government.They are not human, that is why they do not have any sympathy.They are very selfish and narrow minded.They block all international organization to enter the country to help victims. They agreed to receive international aid (without internationals!), just to show off on TV distributing goods and help to the people in need
Anonymous said...
ခင်ဗျားက တမှောင့်၊ ဘယ်လို ဖြစ်သင့်တယ်လို့ အကြံမပေးဘူး၊ အတင်းပြောဖို့ပဲ ချောင်းနေတယ်
ဟုတ်ကဲ့ခင်ဗျာ။ အခု အချိန်မှာက ကျနော်တို့အနေနဲ့ အကြံပေးတာထက်စာရင် ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ရနိုင်သလောက် ကူပံ့တာက ပိုထိရောက်တယ် ထင်လို့ လုပ်သင့်တယ် ထင်တာလေးတွေတော့ လုပ်တော့ လုပ်နေတာပါပဲ။ ဘယ်ရွေ့ ဘယ်မျှ လှူလိုက်တယ်၊ ဘာတွေဘယ်လို လုပ်နေတယ် ဆိုတာတွေက ပါ့ဗလစ်ပေါ် တင်ဖို့အတွက် အကန့်အသတ်တွေ ရှိနေလို့သာ မတင်တာပါ။ အခု ကဗျာက ကျနော့်ရဲ့ ခံစားချက်သက်သက်သာ ဖြစ်ပါတယ်။ တွေ့ရ၊ ကြားရတဲ့ သတင်းတွေကြောင့် စိတ်မသက်သာလှတာကြောင့် emotional တခုအနေနဲ့ ရေးလိုက်တာပါပဲ။
Anonymous said...
ခင်ဗျားက တမှောင့်၊ ဘယ်လို ဖြစ်သင့်တယ်လို့ အကြံမပေးဘူး၊ အတင်းပြောဖို့ပဲ ချောင်းနေတယ် <-- What an idiot!
Burmese soldiers and a few aid workers were also to be seen, removing the debris of fallen trees and burying the putrefying corpses of the thousands of water buffalo that drowned during the storm. But, at present levels of intensity, they are doing nothing to hinder the momentum of an accelerating disaster.
“There is nothing coming from the Government – no rice, no money,” said Kyaw Thein, a retired soldier who shelters in a monastery in the city of Pyapo, where baby Kyaw Zin Law lies. “People give us some rice to live off here, but that is all. The Government is not coming, the foreign countries are not coming. It is very, very bad.”
ပုံထဲမှာမြင်ရတဲ့ … ချွတ်ခြုံကျရတဲ့ ရုပ်ဝတ္ထုပိုင်းရော....လက်အုပ်ချီပေးနေရတဲ့စိတ်ပိုင်းရော.. က…”ဆင်းရဲ လွန်းတဲ့ ဘ၀တွေတကယ်ပဲချူချာနေရှာတယ်” လို့  ထူးအိမ်သင်..ဆိုသွားသလိုပါပဲ..
တစ်နေရာတစ်ဒေါင့်က …တတ်စွမ်းသလောက်. ကျွန်တော်တို့….ပြုသမျှ ဖြူစင်တဲ့စေတနာမွန် အားလုံးဟာ..လူသိစရာမလိုပေမယ့်…..သတင်းစာထဲက ခါတော်မီ ၀ါဒဖြန့်  ဓာတ်ပုံကြီးတွေထက်တော့မွန်မြတ်မှာသေချာပါတယ်
ကိုစေးထူးရဲ့ …ဒီကဗျာလေးကမျက်မှောက်ကိုမှတ်တမ်းတင်ထားပါလိမ့်မယ်..
ဒီကဗျာလေး ကို ဖတ်ရတာ
၂၀၀၈ တုန်းက ရန်ကုန်ရက်တွေ ဆီ
ပြန်သတိရမိတယ် ဗျာ ...။
ကျပ်တည်းတယ် ၊ ဆင်းရဲတယ် ၊
အခက်အခဲတွေ ၊ ဒုက္ခတွေ ...
ပြောမယ် ဆိုရင်တော့ ... ပြောစရာတွေက
အများသား လား ဗျာ ... ။
Post a Comment