| 
 လူတယောက်ဟာ ရာဇ၀တ်မှု တခုခု မကျူးလွန်ပါပဲနဲ့၊ အများအကျိုးကို ဆောင်ရွက်နေပါလျက်နဲ့ နှစ်ရှည်လများ အကျဉ်းစံနေသင့်ပါသလား။ ကျနော်တို့ နိုင်ငံမှာတော့ အဲဒီလို လူမျိုး မြောက်မြားစွာ လူသိရှင်ကြားရော၊ လူမသိအောင်ပါ သံတိုင်တွေရဲ့ နောက်ကွယ်မှာ ယုံကြည်ချက်တခု အတွက် သူတို့ဘ၀တွေကို မြုပ်နှံနေ ကြပါတယ်။
 ကိုမင်းကိုနိုင် အပါအ၀င် ကျောင်းသားခေါင်းဆောင် ငါးယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့တာဟာ နှစ်လ ပြည့်ခဲ့ပါပြီ။ အရင်ကလဲ နှစ်ရှည်လများ အကျဉ်းကျခံခဲ့ပြီးလို့ ပြန်လွတ်လာမှ မကြာသေး၊ အာဏာလက်ဝယ် ရှိသူတို့က သူတို့ ထိုင်ခုံတည်မြဲဖို့အတွက် သားသမီးချင်းမှ ကိုယ်ချင်းမစာ အမေနဲ့ သားတွေကို ခွဲထားခဲ့ပြန်ပါပြီ။ သူတို့ လွတ်မြောက်ရေးအတွက် တကမ္ဘာလုံး အနှံ့က ၀ိုင်းဝန်း တောင်းဆိုခဲ့ပေမယ့် ဘာမှ မထူးလာသေးပါ။
 
 ဒီခေါင်းဆောင်တွေကို ဂုဏ်ပြုချင်တဲ့အတွက် ငြိမ်းချမ်းရေး သူရဲကောင်းများသို့… လို့ အမည်ပေးထားတဲ့ သီချင်းတပုဒ်ကို ရေးမိပါတယ်။ ဒီသီချင်းကို လူအုပ်စုနဲ့ သံပြိုင်ဆိုရရင် ပိုကောင်းမယ်လို့ တွေးမိပါသေးတယ်။ သံစဉ်ကိုလဲ ကျနော် တတ်သလောက် မှတ်သလောက် ရှာထည့်ထားတာပါ။ ကီးကတော့ C-Key နဲ့ တီးထားပါတယ်။ မတရား အကျဉ်းချ ခံနေရတဲ့ ကျနော်တို့ နောင်တော်များ အမြန်ဆုံး ပြန်လည် လွတ်မြောက် ကြပါစေ။  ဒီနေရာ မှာ နားထောင်ပါ ခင်ဗျာ။
 
 ငြိမ်းချမ်းရေး သူရဲကောင်းများသို့ …
 Intro; C G Am Em F G C G
 
 C                                  G
 ယုံကြည်ချက်အတွက်
 Am                               Em
 ခိုင်မာရဲရင့် စိတ်ဓာတ်တွေ
 F                                  C                      G
 ငြိမ်းချမ်းစွာ အမှန်တရားအတွက် တောင်းဆိုနေ
 
 C                                  G
 တည်ကြည် ထက်မြက်
 Am                               Em
 မယိုင်မလဲတဲ့ ဇွဲနဲ့လေ
 F                                  G                      C G
 သူတို့ဘ၀တွေ သံတိုင်များနောက် အကျဉ်းစံနေ
 
 
 အာဏာလက်နက်
 ဘယ်လိုသုံးလဲ မမှုခဲ့ပေ
 အကြမ်းမဖက်တဲ့ ရန်လိုခြင်းမဲ့ ခေါင်းဆောင်တွေ
 
 နိုင်ငံအအကျိုးနဲ့
 ပြည်သူအားလုံး အကျိုးအတွက်လေ
 ရှေ့ဆက်နေ ငါတို့ အားလုံးရဲ့ အကိုတွေ
 
 F                      Em
 နောင်တော်တို့ရေ
 Am                   C
 ကမ္ဘာမြေ အနှံ့မလေ
 F                                              C G
 တောင်းဆုခြွေ အဖြူရောင် ပို့သမေတ္တာတွေ
 
 
 တချိန်မှာ တို့အတွက်
 အောင်မြင်မှုက ကမ်းလင့်နေ
 တွဲလက်တွေ ခိုင်ခိုင်မြဲလို့ ညီညွတ်စေ
 
 Solo; Intro
 
 | 
1 comment:
ဒီသီချင်းကို ဖန်တီးတဲ့ ကိုသံလွင်ကို လေးစားပါတယ်။
ငြိမ်းချမ်းရေး သူရဲကောင်းတွေကိုလဲ ဒီသီချင်း နားထောင်စေချင်စမ်းပါဘိ။
ကျမကတော့ … ဒီသီချင်းနားထောင်ပြီး သဘောလဲကျမိသလို အားလဲတက်မိတယ်။
“တချိန်မှာ တို့အတွက်
အောင်မြင်မှုက ကမ်းလင့်နေ
တွဲလက်တွေ ခိုင်ခိုင်မြဲလို့ ညီညွတ်စေ”
ဆိုတဲ့ စာသားအတိုင်း …
မဝေးတော့သော အောင်မြင်မှုကို ကျမတို့ မျှော်လင့်နေပါတယ်။
Post a Comment