Tuesday, May 22, 2007

မေမေ.. နေကောင်းလား…

ဒီနေ့မှာတော့ ကျနော်တယောက် ထူးအိမ်သင်ရဲ့ `အမေ´ သီချင်းခွေကို ဖွင့်နားထောင်ရင်း စိတ်နဲ့ ကိုယ်မကပ်လှဘဲ နာရီကိုသာ တကြည့်ကြည့်နဲ့ ဖြစ်နေခဲ့ပါတယ်။

ဒီမှာ ၂၂ ရက်နေ့ဆိုပေမယ့် မြန်မာအချိန်နဲ့ဆိုရင်တော့ အခုဟာ မေလ ၂၃ ရက်နေ့ကို ရောက်ခဲ့ပါပြီ။ ဒီနေ့..။ ကျနော့်မွေးနေ့၊ အသက် ၃၂ နှစ်ပြည့်တဲ့နေ့။

အသက်သာ ၃၂ နှစ် ပြည့်သွားခဲ့တယ်။

မေမေဟာ ကျနော့်အတွက် လုံလောက်တဲ့ စိတ်ချမ်းသာမှု တခါမှမရခဲ့ဖူးပါဘူး။ ကျနော်ကလဲ မေမေ့စကားကို တခါမှ ဟုတ်တိပတ်တိ နားမထောင်ခဲ့ဖူးပါဘူး။ အခုတော့ နားထောင်ချင်သပ ဆိုရင်တောင် မေမေနဲ့ ကျနော်က အဝေးကြီးမှာ..။

ခလုတ်ထိမှ အမိတ..တဲ့။ သီချင်းပေါင်းများစွာ၊ ၀တ္ထုပေါင်းများစွာ၊ ပုံပြင်ပေါင်းများစွာမှာ ဖတ်ဖူးပါရဲ့..။ အသိခေါက်ခက်ခဲ့တဲ့ ကျနော်ကတော့ အမိတပေါင်းများခဲ့သလို ခလုတ်ပေါင်းများစွာကလည်း တိုက်နေဆဲ..။

မေမေ….
………………………………………
…………………………………………………..
…………………………………………………….
………………………………………………………
…………………………………………………………

နေကောင်းလား။

(မွေးနေ့မှာ စိတ်ကို ကြည်ကြည်လင်လင် ထားရမတဲ့။ မေမေ့အတွက် စာရေးနေရင်းနဲ့ ဆို့နင့်လာတဲ့ စိတ်ကိုတော့ ထိန်းလို့မရဘူးဗျာ)

ကလိုစေးထူး

5 comments:

Anonymous said...

ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေလို့ ဆုတောင်းပေးရင်း...
မိသားစုနဲ့ မကြာတော့တဲ့အချိန်မှာ ပြန်တွေ့နိုင်ပါစေလို့ ပါဆုတောင်းပေးလိုက်တယ်နော်

s0wha1 said...

ဆန္ဒနဲ့ဘ၀ ထပ်တူကျပါစေလို့...

Nay Nay Naing said...

Happy Birthday !

Anonymous said...

Happy birthday for you..
You reached this day
As Your 16 years days light
Plus 16 years nights..
You already passed these days with successes
And..
May be faced with many failures.
Anyway, you have duties, tasks to be continued..
To pass difficult paths...
To surf the seas...
To climb a mountain...
and
To shoot a star…
Yeap.. you have 75% left to finish your life.. (a thet 120 shay say thaw)
Go Ahead..

Chit Lay Pyay said...

ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ၊ စိတ်သွားတိုင်းကိုယ်ပါလိုရာဆန(ဒအောက်ကရိုက်လို့မရလို့ပါ)နဲ့ပြည့်စုံနိုင်ပါစေ၊