Thursday, September 11, 2008

စိတ်ညစ်နေလား...(၆)

America's Got Talent (AGT) 2008 ရဲ့ Top 20 အစီအစဉ်ကို လော့စ်အိန်ဂျလိစ်မြို့မှာ ပြီးခဲ့တဲ့ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ပါတယ်။ အဲဒီ အယောက် ၂၀ အနက်က နောက်ထပ် Top 10 ရွေးပြီး နောက်တပတ်ကျရင် လာ့ဗေးဂတ်စ်မြို့မှာ Final အဖြစ် ယှဉ်ပြိုင်စေမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီရက်ပိုင်းတွေမှာတော့ ဒီအစီအစဉ်တွေကို ခပ်စိပ်စိပ်ကလေး တင်ဖြစ်ဖို့ရှိပါတယ်။ (Top 10 က ဘယ်သူတွေလဲဆိုတာကို အခုစာရေးနေတဲ့ အချိန်ကနေ နောက်ထပ် မိနစ်အနည်းငယ်အတွင်းမှာ Live Show ကြေညာပါတော့မယ်။ ဒါပေမယ့် ကျနော်တော့ အဖြေတွေကို ထည့်မရေးသေးဘူးနော်။ :P)

အခုတင်မယ့် အယောက် ၂၀ မှာမပါတဲ့ ပြီးခဲ့တဲ့ အပတ်က ပြိုင်ပွဲဝင်တွေကတော့ ပြုတ်သွားပြီလို့သာ မှတ်ကြပါတော့။

ဗွီဒီယိုတွေကို တင်တဲ့အခါမှာ (စိတ်ထင်လို့လားတော့ မသိ) သိပ်များသွားရင် ဘလော့ဂ်က လေးနေတယ်လို့ ထင်မိတယ်။ ဒါကြောင့် အခု Top 20 အစီအစဉ်မှာ ယှဉ်ပြိုင်သွားကြသူတွေကို ငါးယောက်ကို တပို့စ်နှုန်းနဲ့ တင်ဆက်သွားပါမယ်။ ကြည့်ရှု ရင်ခုန်ခံစားကြပါစို့လား...။




Top 20 အစီအစဉ်တွေထဲမှာမှ Neil E Boyd ဒီတခေါက်ဆိုသွားတဲ့ သီချင်းကတော့ ကျနော် မျက်ရည်ကျရတဲ့ သီချင်းပါ။ သီချင်းဆိုနေရင်း အမေကို တကြည့်ကြည့်နဲ့ သားရယ်၊ စင်ပေါ်မှာ ဆိုနေတဲ့သားကို ပီတိမျက်ရည်တွေနဲ့ ကြည့်နေတဲ့ အမေရယ်ကို တွေ့ရတာ ရင်ထဲမှာ လှိုက်ခနဲနေအောင် ခံစားရတဲ့ မြင်ကွင်းပါ။ ပထမဆုရနိုင်ဖို့ အလားအလာကောင်းတဲ့အထဲမှာ အခွင့်အရေးကောင်း ရှိသူပါ။

Neil E Boyd သီဆိုသွားတဲ့ Mama သီချင်းရဲ့ မူရင်းကို ခံစားချင်သူတွေကတော့ ဒီမှာ နားထောင်ပါ။ ၀ါသနာပါလို့ ကာရာအိုကေပါ ဆိုချင်သေးတယ်ဆိုရင်လဲ ဒီမှာ ဆိုလို့ရပါတယ်။ မူရင်း အဆိုရှင်ကတော့ II Divo ဖြစ်ပါတယ်။




The Cadence အဖွဲ့ဟာ ဒီတခေါက်မှာ Top 40 တုန်းက ယှဉ်ပြိုင်ခဲ့တာထက်စာရင် အများကြီး ပိုကြိုးစားထားတာကို တွေ့ရပါတယ်။ တီးထားတာလဲ ပိုပြီး နားထောင်ကောင်းပါတယ်။ တက်တက်ကြွကြွ တီးခတ်နေကြတာကို ကြည့်ရတာကိုက မြူးကြွအားရစရာကောင်းပါတယ်။




Top 40 မှာတုန်းကလဲ ချစ်စဖွယ်ကောင်းအောင် သီဆိုဖျော်ဖြေခဲ့ကြတဲ့ The Wright Kids လို့ အမည်ရတဲ့ ဒီကလေးငယ် သုံးယောက်ဟာ အခုတခေါက်မှာတော့ အရင်ကထက်ပိုပြီးကောင်းတဲ့ ဖျော်ဖြေမှုကို တင်ဆက်နိုင်ခဲ့ကြပါတယ်။





Daniel Jens လို့ အမည်ရတဲ့ အဲဒီအဆိုရှင်ဟာ အမေရိကန် စစ်သားတယောက်ပါ။ သူ့ရဲ့ ပထမအဆင့် ပြိုင်ပွဲဝင်ဟန်တုန်းကနဲ့ Top 40 မှာတုန်းက သီဆိုဟန်တွေထက်စာရင် အခု သီချင်းကို သိပ်တော့ အားမရပါဘူး။

ထူးခြားတာကတော့ ဒီတယောက်အတွက်နဲ့ ဒိုင်နှစ်ယောက် စကားထများကြတာပါ။ Piers ရဲ့ ပြင်းထန်လှတဲ့ ဝေဖန်စကားကို ပြိုင်ပွဲဝင်သူက အားတင်းပြုံးနေနိုင်သေးပေမယ့် တခြားဒိုင်တယောက်ဖြစ်တဲ့ Sharon ကတော့ မကျေနပ်ပါဘူး။




မောင်မျိုးအကြိုက် (တကယ်က ကျနော်လဲ ကြိုက်တယ် :D) Jessica Price ဟာ ဒီတခေါက်မှာတော့ သူနဲ့ လိုက်ဖက်တဲ့ သီချင်းကောင်းကို ရွေးချယ် သီဆိုနိုင်ခဲ့ခြင်း မရှိပါဘူး။ ကံဆိုးတာက သူ ဆိုတောင် မဆိုရသေးခင် Piers က Buzze ခလုတ်ကို မှားပြီး နှိပ်မိသွားတော့ စိတ်လှုပ်ရှားသွားဟန်လဲ ပေါ်ပါတယ်။ အဲဒီထက် ပိုဆိုးတာက ဆိုနေတုန်းမှာလဲ Piers ကပဲ Buzze ခဲ့ပြန်တာပါပဲ။

နောက်ထပ် ယှဉ်ပြိုင်သွားကြသူတွေရဲ့ ပြိုင်ပွဲဝင်ဟန်တွေကိုလဲ ဆက်တိုက် တင်ဆက်သွားပါမယ်။ ကဲ...၊ ပဟေဠိဖွက်ရအောင်၊ အဲဒီ ငါးယောက်ထဲက ဘယ်သူတွေ Top 10 ထဲကို ၀င်မယ်ထင်သလဲ။ :P

ကျနော့်မိတ်ဆွေများ ဒီအစီအစဉ်ကို ကြည့်ပြီး စိတ်ပေါ့ပါးပျော်ရွှင်နိုင်ကြပါစေ။


ကလိုစေးထူး

5 comments:

Linn said...

1. Neal E. Boyd
2. The Wright Kids

:P

Please tell me who actually went to top 10.. please...

Anonymous said...

အစ်ကိုကြီးရေ့ လာနားထောင်သွားပြီဗျှ Neil E Boyd ကို တော်တော်ကြိုက်တယ်ထင်တယ် သူလည်းမဆိုးဘူး ခံစားချက်က အသံမှာကော သူ့ မျက်နှာမှာပါပေါ်နေတယ် ဟို ခလေး ၃ ယောက်ထက် ညီကတော့ ၄ နှစ်သမီးလေးကို ပိုသဘောကျတာ ပြုတ်သွားပြီလား အဲ့ခလေးမလေး ၊Jessica Price လေးသနားပါတယ်း) Piersက အစ်မတန်ခူးပြောသလို တော်၂မကောင်းမြင်တာပဲ စိတ်ပျက်စရာကြီး ဒီလိုလူမျိုး ဒိုင်လုပ်နေတာ ခံစားလို့ မရ မကောင်းပေမယ့်လည်း ကောင်းကွက်လေးတွေကို ထောက်ပြ ဘယ်နေရာလေးလိုတယ် အဲ့လိုဆိုတော်သေး သူက နှိပ်မယ်ဆိုတာကြီးပဲ .....
Forever essica Price ပဲဗျို့  ။

Phyo Evergreen said...

ိုကိုစေးထူးရေလာလည်သွားပါတယ်။ ရင်ခုန်အောင်မလုပ်နဲ့လေဗျာ...။
Top List ကိုမြန်မြန်တင်ပေးပါဗျာ။
Jessica Price သနားပါတယ်။

nawnaw said...

Neal E.goyd
The wright kids
Eli Mattson
Joesph Hall
Nuttin but stringz
Jessica Price
Donald Braswell
Paul solos
queen Emi
Kaitlvn Maher
Nuttin but stringz ကိုရစေချင်ပါတယ်.......

Anonymous said...

http://primetime.tv.yahoo.com/

ပျော်လိုက်တာဗျို့
This is the list of Top10.
I answered exactly. :P