Monday, April 13, 2009

ဂွမ်းတဲ့ည...

ည ၁၁ နာရီနဲ့ ၁၇ မိနစ်တဲ့...။

ဒီအချိန်ဆိုရင် ရွှေပြည်ကြီးမှာ ဘယ်အချိန်ရှိလောက်ပါ့မလဲလို့ စဉ်းစားမိတယ်။ အင်း...၊ မနက် ဆယ်နာရီနဲ့ ၄၇ မိနစ်လောက်တော့ ရှိမှာပေါ့လေ။ ကျနော့်ဆီမှာ ဧပြီ ၁၂ ရက်နေ့ ည ဆိုပေမယ့် ရွှေပြည်ကြီးမှာတော့ ၁၃ ရက်နေ့ မနက်ပေါ့။

အသက် ခပ်ငယ်ငယ် ဒီလိုနေ့ ဒီလို အချိန်တုန်းကဆိုရင်တော့ ဘာပြောကောင်းမလဲ၊ အိမ်မှာရှိတဲ့ မေမေ့ရဲ့ ပလတ်စတစ် အ၀တ်လျှော် ဇလုံကြီး အကြီးကြီးကို အိမ်ရှေ့မှာချ၊ ရေပုံးလေးနဲ့ ခေါက်တုံ့ခေါက်ပြန်သယ်ပြီး အဲဒီဇလုံထဲ ရေဖြည့်၊ ခါတိုင်း ရေချိုးနေကျ ဒန်ဖလားကိုပါ ယူလာပြီး အိမ်ရှေ့မှာ ဖြတ်သွားသမျှ လူတွေကို လိုက်ပက်တော့တာပဲ။ ကောင်းကောင်း အပက်မခံရင် နောက်ကနေ ရေပြွတ်နဲ့ လိုက်ထိုးသေးတာ...။ တချို့ လူကြီးတွေက `ဟေ့ကောင်လေး၊ မနက်အစောကြီး ရှိသေးတယ်ကွ´ လို့ ပြောလဲ မရဘူး။ `သင်္ကြန်ကျပြီဗျ´ ဆိုပြီး အတင်းလိုက်ပက်တာပဲ။

အခုတော့ ...၊ မှောင်မှောင်မဲမဲ အခန်းထဲမှာ မီးရောင် ခပ်မှိန်မှိန်ရယ် အလင်းရောင်စူးနေတဲ့ ကွန်ပျူတာ မျက်နှာပြင်ရယ်ပဲ ရှိတယ်။

***

မနက်ကပေါ့...။

ဒီပြည်နယ်ကို တလောကမှ ရောက်လာတဲ့ မြန်မာဘုန်းကြီးတပါးကို ၀တ်ပြုဂါဝရ ပြုကြရင်း ဒီကိုရောက်နေကြတဲ့ မိသားစုတွေထဲကမှ သက်ကြီးရွယ်အိုတွေကို ဂါဝရပြုကန်တော့ကြတဲ့ ပွဲလေးကို ရောက်သွားတယ်။ ဘာမှ သိပ်ပြီးတော့ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားတွေ လုပ်ဖြစ်ခဲ့ကြတာတော့လဲ မဟုတ်ပါဘူး။ အိမ်တအိမ်မှာ လူစုပြီး ဘုန်းဘုန်းကို ၀တ္ထုငွေကပ်သူကပ်၊ ဆွမ်းအခြောက်အခြမ်း လှူသူလှူ၊ ဘုန်းဘုန်းက ဆုတွေချွေ၊ ပြီးတော့ အသက်အရွယ်ကြီးသူတွေကို မိမိ တတ်နိုင်ရာအလိုက်လေး ကူကြ၊ ကန်တော့ကြပေါ့။

ကန်တော့ကြတဲ့ အစီအစဉ်လဲ ပြီးရော တယောက်က ထအော်တယ်။ `သင်္ကြန်ကျကြရအောင်ဟေ့´ တဲ့။ ဒါနဲ့ပဲ အိမ်ရှင်ဖြစ်သူက သူဝယ်ထားတဲ့ ငါးခြောက်တွေနဲ့ သင်္ကြန်ကြော်နဲ့ သင်္ကြန်ထမင်း ချက်စားကြဖို့ လုံးပန်းတယ်။ တခြားသူတွေက တီဗွီရှေ့မှာထိုင်၊ ရန်အောင် သင်္ကြန်ခွေဖွင့်လိုက်၊ ဇော်ပိုင်သင်္ကြန်ခွေဖွင့်လိုက်၊ ရတနာမြိုင် သင်္ကြန်ခွေဖွင့်လိုက်နဲ့ အသံကောင်းကောင်း မကောင်းကောင်း သင်္ကြန်သီချင်းတွေ လူတိုင်း အော်ဟစ် ဆိုကြတာပဲ။

`သင်္ကြန်အက ဘယ်သူကတတ်လဲဟေ့´ ဆိုတော့ မနီ ဆိုတဲ့ တယောက်က `ကြာသလားလို့´ ဆိုပြီး ထကပါလေရော။ `ငါတို့ကတော့ ဒိုးဒိုးဒန့်ဒန့်ကို ပိုကြိုက်တယ်´ ဆိုပြီး ရဲလေးနဲ့သီရိ တွဲဆိုထားတဲ့ `ဟိုအရင်က သင်္ကြန်ရက်´ သီချင်းနဲ့ ထကသူကလဲ ရှိသေးတယ်။ ဟိုလူက တပုဒ်၊ ဒီလူက တပုဒ်နဲ့ အိမ်တအိမ်လုံးလဲ သင်္ကြန်သီချင်းတွေနဲ့ ဆူညံသွားတာပဲ။ အပေါ်ထပ်မှာ ရှိနေတဲ့ ဘုန်းဘုန်းကတောင် လှေကားထိပ်ကနေ လာရပ်ကြည့်ပြီး နားလည်စာနာတဲ့ အကြည့်တွေနဲ့ ပြုံးပြုံးကြီး ငေးလို့...။

`သင်္ကြန်ကြော် ကျက်ပြီဟေ့´ လို့ အိမ်ရှင်က အော်လိုက်တာနဲ့ မီးဖိုထဲကို အလုအယက်ပြေးသွားကြတယ်။ အမြန်ချက်တဲ့ သင်္ကြန်ထမင်းကတော့ ဘာမှထူးထွေခက်ခဲလှတာလဲ မဟုတ်ပါဘူး၊ ဖယောင်းနံ့တွေ ဘာတွေ ရအောင်လဲ မလုပ်ဖြစ်ဘူး။ ထမင်းကို ခပ်ပျော့ပျော့ချက်ပြီး ရေတွေစိမ်၊ ပြီးရင် သင်္ကြန်ကြော်လို့ ခေါ်တဲ့ ကမန်းကတန်း ငါးခြောက်ကြော်နဲ့ လွှေးကြတာပါပဲ။

`မုန့်လုံးရေပေါ်လေး စားချင်လိုက်တာဟယ်´ ဆိုပြီး တယောက်က ပြောနေသေးတယ်။ `အမယ်၊ ရုပ်ကြမ်းကြီးနဲ့ နုမနေနဲ့၊ လာစမ်းပါ´ ဆိုပြီး နောက်တယောက်က ပုခုံးဖက်ခေါ်ပြီး သင်္ကြန်နဲ့ ဘာမှမဆိုင်တဲ့ စိုင်းစိုင်းရဲ့ သီချင်း `တောဂေါ်လီ´ ကို လိုက်အော်ဆိုပြီး ပျော်နေကြတာ။ ပျော်နေကြတာထက် ရောက်နေတဲ့ နေရာလေးမှာ ပျော်အောင်နေတတ်ကြတာလို့ ပြောရင် ပိုများမှန်မလား။

ဖိုးကာပြန်ဆိုထားတဲ့ `နှစ်သစ်မင်္ဂလာ´ သီချင်းကို ကျနော် ဆိုတော့ တပိုဒ်တောင် ပြည့်အောင် မဆိုလိုက်ရပါဘူး။ အကုန်ဝိုင်းအော် ဆိုကြတာနဲ့ပဲ အသံတွေက ကျွတ်ကျွတ်ကို ညံလို့...။

မြနန္ဒာလား...၊ ဘယ်နေမလဲ။ ပါလိုက်သေးတာပေါ့။ ပြောရရင် ဂျေးမီရဲ့ `ခေတ်သစ်သင်္ကြန်ယိမ်း´ သီချင်းတောင် ရရမရရ ၀ိုင်းအော်လိုက်ကြပါသေးတယ်။

***

ရန်ကုန်က သင်္ကြန်အကြိုမနက်ကတော့ အခုလောက်ဆို ကားတ၀ီဝီ၊ ရေတဗြန်းဗြန်းနဲ့ လန်းချင်လဲ လန်းနိုင်တယ်၊ ရမ်းချင်လဲ ရမ်းနိုင်တယ်။

နယ်မြို့ကလေးက သင်္ကြန်အကြို မနက်မှာလဲ လှည်းသံက တဂျွမ်းဂျွမ်း၊ ရေပက်သံက တဗွမ်းဗွမ်းနဲ့ ဆန်းချင်လဲ ဆန်းနိုင်တယ်။

ဒီဘက်က ကမ္ဘာတဘက်ခြမ်း သင်္ကြန်ညမှာတော့ ဘလော့ဂါ ကလိုစေးထူးတယောက် ဂွမ်းချင်တိုင်း ဂွမ်းနေလေရဲ့။

***

ကလိုစေးထူး



(ဂွမ်းဂွမ်းနဲ့ သီချင်းနားထောင်ကြတာပေါ့ဗျာ)

18 comments:

ကျားကျား said...

F I R S T hayyyyy

khin oo may said...

လွမ်နေသလား..

စိတ်ပြေလက်ပျောက်


http://khinoomay77.blogspot.com/2009/04/yay-twe-so.html

khin oo may said...

သူလည်းဘဲလွမ်းနေရှာတယ။်


http://lupyogyi.info/?p=356

သင်္ကြန်မင်းသား said...

ဟေး ပက်ဟ.. ခွက်စောင်းခုတ်.. ချ ချ.. ပိုက်နဲ့ထိုးထိုး.. အိုးမည်းသုပ်ကွာ.. ဗွမ်းဗွမ်း ဂွမ်း ဂလုံ.. တော်ပါတော့ဗျို့ ဆင်းပါတော့ ကိုမိုက်ခဲ.. ဟလုပ်ပါအုံးဟ ဒိုးဒိုးဒွန့်ဒွန့် .. ဟာ ဟိုစော် ကနေတာတော့ အလန်ပဲ.. သားရေပင်နဲ့ပစ်ပစ်.. ဟ ပိုက်နဲ့ပြန်ထိုးတယ်ဟ.. ကဲ တစ်ယောက်ဘော်နက်ပေါ်တက် ထကကွာ.. ဟ မီးသတ်ပိုကဟ.. ထိုးထိုး.. ဟိုကောင် စော်ကို ကာပေးနေတဲ့ကောင် ဘောင်းဘီကြီးကွဲသွားအောင်ထိုး မှတ်ပလား.. အား.. အီး... ဒုံးဒုံး ဒုံးချပ်ချပ်..

တောင်ပေါ်သား said...

ဒီလောက်တောင်ဖြစ်လှတာ ကဲဟာ ကဲဟာ
ဗွမ်း.........ဗွမ်း........ဗွမ်း........ဗွမ်း
အိုးမဲသုတ် .......အိုးမဲသုတ် ......အိုးမဲသုတ်
ခွက်စောင်းခုတ်ဟ ချ.....ချ.....ချ......ချ....ချ..
ခေါင်းကနေစလောင်း ပက်ချလိုက်ကွာ ပက် ပက် ကြာတယ်ကွာ ချုပ်ထား အိုးမဲ ရအောင် သုတ် .........


လေးစားလျက်
တောင်ပေါ်သား

:P said...

မနေ့ကတော့ ဇော်ဝမ်းတို့နဲ့ ဂွမ်းကြတယ်...။

မီယာ said...

ကိုယ့်ဟန်နဲ့ကိုယ် ဂွမ်းကြေး...

pandora said...

ကိုစေးထူးရေ
လောင်းသွားတယ်
ရေ......
:))))))))))))))))))

မေ့သမီး said...

ကိုယ်တို့လည်း လွမ်းလည်းလွမ်း၊ ဂွမ်းလဲဂွမ်းပေါ့။ ဘ၀တူတွေပါ။

ကိုရင်နော်ခင်လေးငယ် said...

ကိုစေးထူးရေ...
လာဗျာ လွမ်းမနေနဲ့ မပန်ဒိုရာ မုန့်လုံးရေပေါ် အလှူလုပ်မလို့တဲ့ ဝိုင်းကူလုံးကြရအောင်.. ကျနော်တို့တောင် တော်တော်လုံးပြီးနေပြီ.. ဒီမှာကြည့်..
ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ
လုံးပြီးရင် အိမ်တွေ လိုက်ဝေကြမယ်လေ..

နှစ်သစ်မှာ ပျော်ရွှင်ပါစေဗျာ..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်

ကိုရင်နော် ခင်လေးငယ်

ပုံရိပ် / Pon Yate said...

ပျော်စရာကြီးပေါ့။

Anonymous said...

ကိုစေးထူးကို ရေလာလောင်းတယ်။

ကလူသစ် said...

အမြင်ကပ်ကပ်နဲ့ အိုးမဲဝင်သုတ်သွားတယ် :)

Moe Cho Thinn said...

ကိုစေးထူးရဲ့ ဂွမ်းသင်္ကြန်ကမှ ပျော်စရာ ကောင်းသေး။ တို့လဲ အတူဆိုမယ်၊ က မယ်။ :)

ကလိုစေးထူး said...

ရေလာလောင်းသွားကြတဲ့လူတွေကို အိုးမည်းပြန်သုတ်ရ ကောင်းမလား မသိဘူး။ :D

LMN said...

မင်္ဂလာနှစ်သစ် ဖြစ်ပါစေ ...

Anonymous said...

ဝေး...အစ်ကိုရေ့ နောက်တော့ ကျနေပြီဗျ ဒါပေမယ့် ရေလေးတစ်ခွက်တော့ လောင်းခွင့်ပြု :P

ဗွမ်းးးးးးးးးးးးးးးးးးးးးးးးးးးးး

LMN said...

မင်္ဂလာနှစ်သစ် ဖြစ်ပါစေ ...