Sunday, July 20, 2008

စိတ်ညစ်နေလား…(၃)

နှစ်ပတ်တခါ တင်ဆက်မယ်လို့ ရည်ရွယ်ထားတဲ့ စိတ်ညစ်နေလား... ပို့စ်တွေက နည်းနည်းတော့ အဆက်ပြတ်သွားပါတယ်။ ဒီတပတ် ပိတ်ရက်နှစ်ရက်စလုံး အိမ်မှာ မရှိတာက တချက်၊ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းက အစီအစဉ်တွေထဲမှာ သိပ်ပြီး သဘောကျလောက်စရာ အသစ်တွေ သိပ်ပြီးတော့ မတွေ့မိသေးတာကြောင့် မတင်ဆက်ဖြစ်ခဲ့သေးတာပါ။

ဒါပေမယ့် အရင့်အရင် အစီအစဉ်တွေကို တင်တော့ ရုပ်သံဖိုင်တွေကို တင်လို့လားတော့ မပြောတတ်၊ တချို့ အစီအစဉ်တွေက ကြည့်ဖို့ အဆင်မပြေတာကြောင့် ဖြုတ်ထားခဲ့လိုက်ရပါတယ်။ အဲဒီဖြုတ်ထားတဲ့ အစီအစဉ်တွေထဲကမှ နှစ်သက်စရာတချို့တွေကို စိတ်ညစ်နေလား…(၃) အဖြစ် တင်ဆက်ပါရစေ။




အရင်ဆုံးကတော့ အပယ်ခံရတဲ့ ပြိုင်ပွဲဝင်တွေကို ကြည့်ကြရအောင်။ သူတို့သည်လည်း တမျိုးတော့ ရယ်ရွှင်စရာဖြစ်စေတာမို့ပါ။ စိတ်ကျေနပ်လောက်စရာ ဆွဲဆောင်မှု မရှိကြပေမယ့်လဲ ကြည့်ရင်း၊ ကြည့်ရင်းနဲ့ အူနှိပ်ရယ်ချင်လာလောက်စေတာမို့ ဒါသည်လဲ သူတို့ရဲ့ အစွမ်းအစ တမျိုးလို့ ပြောရမလိုပါပဲ။




ကြိုးစားအားထုတ်မှု ကောင်းလွန်းတဲ့ မောင်နှမနှစ်ယောက်ရဲ့ အကတင်ဆက်မှုကိုလဲ ရှုစားကြည့်ပါဦး။




America’s got talent မှာပဲ ဖြစ်ဖြစ်၊ British’s got talent မှာပဲဖြစ်ဖြစ် မျက်လှည့် အစွမ်းအစ ပြပြီး ၀င်ပြိုင်သူ အများစုဟာ အပယ်ခံရတာများပါတယ်။ မျက်လှည့်ဆရာ အတော်များများရဲ့ မလိုအပ်ဘဲ ပေရှည်တတ်တဲ့ အကျင့်နဲ့ တချို့သော မျက်လှည့်အဖွဲ့တွေရဲ့ မပီပြင်တဲ့ မျက်လှည့်ပြကွက်၊ ရိုးစင်းလွန်းတဲ့ ပြကွက်တွေကြောင့် ဒိုင်တွေက တော်ရုံ မနှစ်သက်တတ်ပါဘူး။ ဒါပေမယ့် အခု မျက်လှည့်ဆရာ စုံတွဲကတော့ အချိန်တိုတိုအတွင်းမှာ ပီပြင်တဲ့ မျက်လှည့်ပြကွက်ကို အားလုံး အံ့သြသွားရအောင် ပြသနိုင်ခဲ့တဲ့ အတွက် နောက်ထပ်တဆင့်အတွက် လာ့ဗေးဂက်စ်မြို့မှာ ထပ်မံ သွားရောက် ယှဉ်ပြိုင်ခွင့်ကို ရသွားခဲ့ပါတယ်။





ဒီညီအကိုက အဆိုတော့ သိပ်မကောင်းပါဘူး။ ဒါပေမယ့် ငယ်ဂုဏ်လေးတွေနဲ့ နှစ်သက်ဖွယ် တင်ဆက်မှုကတော့ ကျေနပ်စရာပါ။





အဲဒီ လူမည်းကြီးရဲ့ ရင်သပ်ရှုမောဖွယ်ရာ ပြကွက်ကိုလဲ ရှုစားလှည့်ပါဦး။




ကောင်းဘွိုင် အကအဖွဲ့လေးရဲ့ တင်ဆက်မှုကလဲ နှစ်သက်စရာ…။





ဒီတယောက်ကတော့ အဲလ်ဗစ် ပရက်စလေ အတုပေါ့…။ ကောင်မလေးတွေကတော့ တော်တော်ကြီးကို သည်းသည်းလှုပ် အားပေးကြပါတယ်။ ရှုစားကြည့်လိုက်ပါဦး…။

ကျနော့် မိတ်ဆွေများ ရွှင်လန်းပျော်ရွှင်ကြပါစေ…။



ကလိုစေးထူး

3 comments:

capricorn said...

စိတ်ညစ်နေတာလေး အတော်သက်သာသွားလို့
ကိုစေးထူး..ရေ..ကျေးဇူးပါ :)

ကလိုစေးထူး said...

ဒါဆို ကျနော်လဲ တင်ရကျိုးနပ်တာပေါ့။ :) ကျနော်တော့ အဲဒီ အစီအစဉ်လေးကို အပတ်တိုင်းပဲ ကြည့်ဖြစ်နေတယ်။ နောက်ပိုင်းဆိုရင် ပိုကောင်းလာဦးမယ် ထင်တာပါပဲ။

Anonymous said...

ဒါလေးတွေ တင်ပေးတိုင်း ကျနော် ကြည့်ဖြစ်တယ် အစ်ကို စိတ်ညစ်ပြေစေလို့  ကျေးဇူး အထူး မောင်နှမနှစ်ယောက်ရဲ့ ဖျော်ဖြေမှုလေး အရမ်းသဘောကျတယ် ။