Monday, October 16, 2006

ကျနော့် ကဗျာများ

ပုံမှန်အားဖြင့်.. ကျနော် ကဗျာရေးလေ့ မရှိလှပါဘူး.. ကဗျာကို သေချာ ကျွမ်းကျင်အောင် ရေးနိုင်စွမ်း မရှိတာရယ်နဲ့.. တခြားသောသူများ ရေးထားတဲ့ ကဗျာလေးတွေကို ခံစား ရတာကို ပိုနှစ်သက်မိလို့ပါ.. ဒါပေမယ်တကြိမ်မှာတော့ ကျနော် မြန်မာပြည်ထဲက ၀က်ဘ် ဆိုက် တခုရဲ့ အက်ဒမင်ကို လူလည်ကျချင်တာနဲ့ ကဗျာ နှစ်ပုဒ် ရေးလိုက်ပါတယ်.. ဟိုပုဂ္ဂိုလ်များကို ထိရင် ဆတ်ဆတ်ထိမခံ.. ချက်တာတွေကို ဘမ်းပစ်.. ပိတ်ပင်ပစ်တဲ့ အဲဒီ ၀က်ဘ်ဆိုက်က ပုဂ္ဂိုလ်များ.. ကျနော် လူလည်ကျထားတာကို အခုထိ မသိကြ ပါဘူး.. အဲဒီကဗျာလေး နှစ်ပုဒ်ကို မဖတ်ဖြစ်ရသေးသော သူငယ်ချင်းများကို ဝေမျှချင် တာနဲ့ ဒီမှာ ဖော်ပြလိုက်ပါတယ်.. ကျနော့် သူငယ်ချင်းများကိုတော့ ဦးနှောက် မစားစေ လိုပါ… ကဗျာစာကြောင်းတွေရဲ့ ပထမဆုံးသော စာလုံးတွေဟာ ကျနော်က ပေးချင်တဲ့ ကဗျာထဲက မက်ဆေ့ပါပဲ…

ကာရန်မဲ့တမ်းခြင်း
နရီစည်းချက်နဲ့အညီ
အတူတူကခုန်ရင်းငါ့ဘ၀ (အခုတော့)
ဖရိုဖရဲဖြစ်ခဲ့ရပြီပဲ..။
ကျလုလု မျက်ရည်ကိုထိန်းချုပ်
ဆုံးရှုံးခဲ့ရတာတွေကို ပြန်မတွေးချင်တော့ပေမယ့်
ပါရမီကံ နည်းလွန်းလှတဲ့ ငါ
စေစားသူ အရှင်သခင်ရဲ့ လက်ထဲမှာ…။

တောင့်တမိခြင်း
ဘုကျကျနဲ့လူ့ဘ၀မှာ
ရင်ကွဲလုမတတ်
ရူးသွပ်မိတာက
ကြီးကျယ်မြင့်မြတ်တဲ့ ဘ၀လေး တခုရယ်ပါ..။
သန်းကြွယ်သူဌေးကြီး ဖြစ်လိုတဲ့ငါ
ရွှေဘုံပေါ်မှာ နေလိုတဲ့ ငါ (ငါဆိုတဲ့ငါက)
သေခြင်းတရားဆိုတဲ့အရာကို မရောက်မီ
ပါရမီကံလေး ရှိခဲ့ရင်တော့
စေတလုံး ပိုင်ရှင် ဖြစ်ချင်သား….။

7 comments:

Unknown said...

နားလည်ဘူးဗျာ။ နည်းနည်းထပ်ရှင်းပါဦးလား။ ကျေးဇူး။

ကလိုစေးထူး said...

ကဗျာစာကြောင်းတွေရဲ့ အစ ..ထိပ်ဆုံးစာလုံးတွေကိုပဲ အစဉ်လိုက်ဖတ်ကြည့်လိုက်ပါ...

ThuHninSee said...

၇ီ၇တယ်

မေဓာဝီ said...

ကိုသံလွင်
တော်ပါပေတယ်ရှင် ..
တကယ်ကို ချီးကျူးလိုက်ပါတယ် ..
ကျမသည်လည်း ထိုနည်းလည်းကောင်း ဆုတောင်းမိပါရဲ့။

Anonymous said...

ကိုသံလွင်ရဲ့ တွေးခေါ်နိုင်မှုနဲ့ ရေးသားနိုင်မှု ပါရမီကို ချီးကျူးပါတယ်

Anonymous said...

တော်တယ်...လူလည်အတော်ကျတာပဲ.
မပြောရင်တော့သိဖူး ဟ
ကော်မန့်မှာတွေ့မှ ရီလိုက်တယ်..
အဟက်

Anonymous said...

အရမ်းကြိုက်တယ်
အဲလိုအတွေး အဲလိုအရေးနဲ့ပဲ.....
မှိုင်းမိနေတယ်...