Tuesday, October 17, 2006

ကွာဟမှု တခုရဲ့ အကျိုးဆက်လေလား..

မြန်မာပြည်ကို ငွေလွှဲဖို့ကိစ္စတခုအတွက် တခြားပြည်နယ်က အကိုတယောက်ကို စနည်းနာကြည့်လိုက်တော့မှ ကျနော်တယောက် လောကကြီးနဲ့ အတော်အဆက်ပြတ်နေမှန်း သိလိုက်ရပါတယ်.. မြန်မာလေးယောက်ကို အမေရိကန်ဒေါ်လာ ခြောက်သန်းနဲ့အတူ ဖမ်းဆီးမိပါသတဲ့.. တရားမ၀င်ငွေလွှဲမှု၊ ငွေမည်းမှုများနဲ့ အရေးယူခံရဖွယ်ရှိတယ်လို့ သိရပါတယ်.. ဒီဂယက်ဟာ အမေရိကန်ရောက် မြန်မာတော်တော်များများကို ရိုက်ခတ်ခဲ့ပါတယ်.. အရင့်အရင်က ငွေလွှဲပေးနေကြ လူများ ဘာကိုမှမလုပ်ရဲတော့တဲ့ အပြင် တချို့ဆို ဖုန်းတောင် မကိုင်ရဲလောက်အောင် ဖြစ်ကြပါတယ်.. အဲဒီအကိုက ယခုနောက်ဆုံး အနေအထားအရ ငွေလွှဲနေကြတဲ့ ပုံစံသစ်ကို ပြောပြအကြံပေးပါတယ်.. အမေရိကန်ကနေ ဂျပန်၊ စင်ကာပူ၊ မလေးရှား အစရှိတဲ့ နိုင်ငံတွေက မြန်မာမိတ်ဆွေ တယောက်ယောက်ဆီကို ဘဏ်ခြင်း တရားဝင်လွှဲ ဟိုကမှတဆင့် မြန်မာပြည်ကို ပြန်လွှဲတဲ့နည်းပါ.. အရင်ကတော့ ငွေလွှဲချင်တယ်ဆိုရင် ဒီမှာ အဲဒီလုပ်ငန်း လုပ်တဲ့လူဆီကို ချက်လက်မှတ်ရေးပီး စာတိုက်ကနေ ချက်လက်မှတ်နဲ့တကွ လိုအပ်တဲ့ အချက်အလက်တွေ ပို့ပေးယုံနဲ့ ကိစ္စအားလုံး နှစ်ရက်သုံးရက်လောက်အတွင်း ပြီးပြတ်နိုင်ပေမယ့် အခု အတိုင်းဆိုရင်တော့ အနည်းဆုံး တပတ်ကနေ ဆယ်ရက်လောက်အထိ အချိန်ကြာမြင့်တော့မှာပါ.. ကျနော်ကတော့ ရဲတွေဖမ်းမိသွားတယ်ဆိုတဲ့ ဒေါ်လာငွေ ခြောက်သန်းကို မဆီမဆိုင် အတော်နှမြောမိပါတယ်.. မြန်မာလူမျိုး ဘယ်နှစ်ယောက်ရဲ့ ဘယ်လောက်ကြာကြာ ရှာဖွေထားကြရတဲ့ ငွေများပါလိမ့်.. အင်တာနက်စာမျက်နှာ တခုက အမေရိကန်ဒေါ်လာနဲ့ မြန်မာငွေ တန်ဖိုးနှိုင်းယှဉ်ချက်ကို ကြည့်မိတော့ အမေရိကန် တဒေါ်လာကို မြန်မာငွေ ၁၃၆၀ ကျပ်ပါတဲ့… ဒါကပဲ အဖြေလားမသိ.. စဉ်းစားစရာ……….။

2 comments:

TKLinn said...

အင်တာနက် ပေါ်မှာ ငွေဈေားကည့်လို့ရတဲ့ website address လေး ရချငိုကပါ။ ပြောပြနိုင်မလားမသိဘူး
ဒီက နေ နေ့စဉ် ပေါက်ဈေး မေးရတာ မသက်သာဘူး
ခုတလော အဖမ်းအစီးများတော့ changer တွေကုဖန်းမကိုင် တာများလို့ပါ။

ကလိုစေးထူး said...

ကျနော်ကတော့ ခေတ်ပြိုင်နဲ့ ဧရာဝတီဝက်ဆိုက်တွေမှာ သွားကြည့်လေ့ရှိပါတယ်. ဒါပေမယ့် တခု သတိပြုရမှာက အဲဒီက ဖော်ပြတဲ့ ဈေးထက် တကယ်ငွေလွှဲပေးတဲ့လူက ပေးတဲ့ ဈေးက ပိုနည်းပါတယ်.. ဥပမာ ၁၃၆၀ ဆိုရင် ငွေလွှဲသမားက ၁၂၇၀ လောက်ပဲပေးတာမျိုးပါ ..
http://www.khitpyaing.org/
http://www.irrawaddy.org/