Tuesday, June 03, 2008

ဒီအချိန်မှာ…

တို့ အကြင်နာတွေနဲ့ ကမ်းဆင့် ကူစို့လေ…
မျက်ရည်တွေနဲ့ ဘ၀များစွာ ငိုကြွေးနေ
အသက်ရှင်လျက် ဘ၀သေ… မေတ္တာငတ်မွတ်နေ…
မုန်တိုင်းရိုင်းနိုင်ပေ… ဖြိုလှဲရက်နိုင်ပေ…
ကြမ်းတမ်းလှတဲ့ ဒီအဖြစ်ဆိုးမှာလေ…။

တို့ စေတနာတွေနဲ့ ဖေးမပါစို့လေ…
လမ်းပေါ်မှာလေ… ဆာလောင်မှုတွေ အော်ညည်းနေ
အပြစ်စင်တဲ့ ဘ၀တွေ… လွင့်စင်ခဲ့ရပေ
ကြမ္မာမျိုး ဆိုးနိုင်ပေ… မာန်လှိုင်းခက်ထန်ပေ
အိပ်မက် မဟုတ်တဲ့ ဒီအဖြစ်ဆိုးမှာလေ…။
အငြင်းပွားမှုတို့ ရပ်လို့လေ… အားလုံးတွဲလက် မြဲစို့လေ

အချင်းများမှုတို့ မေ့လို့လေ… ဖေးမမှုတို့ ပေါင်းစို့လေ
ဒို့ ကူမယ်လေ… ဒို့လှူမယ်လေ…
ချစ်ခြင်းများနဲ့ တူညီပေါင်းနိုင်စေ/ အိပ်မက် မဟုတ်တဲ့ ဒီအဖြစ်ဆိုးမှာလေ…။


စိတ်ကူးထဲက စာသားလေးတွေကို ချရေးကြည့်မိတာပါ။ ရေးနေရင်းနဲ့ သံစဉ်ထည့်ကြည့်ဖို့ စိတ်ကူးရလာလို့ ကြိုးစားကြည့်မိပါတယ်။ နည်းပညာ အားနည်းမှုကြောင့် အဆင်မပြေလှပေမယ့် မမေ့မလျော့သွားရအောင် အဲဒီ သီချင်းအကြမ်းကိုပဲ ဘလော့ဂ်ပေါ်မှာ တင်ပါရစေ။ `ဒီအချိန်မှာ…´ လို့ အမည်ပေးထားတဲ့ ကဗျာမမည်၊ သီချင်းမပီ တမ်းချင်းကို နားဆင်ချင်တယ် ဆိုရင်တော့ …။

… - klosayhtoo

ကလိုစေးထူး

13 comments:

Anonymous said...

သီချင်းလေးကောင်းတယ် ကိုစေးထူးရေ။ အားပေးသွားတယ်နော်။

Anonymous said...

ခံစားချက် အပြည့် နဲ့  ရေစပ် သီဆိုထားတဲ့ သီချင်းလေး လာနားထောင်သွားတယ် ကိုစေးထူး ရေ့ အဆင်ပြေပါစေ ။

Soe Mya Nandar Thet Lwin (Borros Roxo) said...

ခံစားချက် အပြည့်နဲ့ ရေးစပ်သီဆိုထားတဲ့ သီချင်းလေးကို လာနားထောင်သွားပါတယ်... ကျေးဇူးပါရှင်..

Soe Mya Nandar Thet Lwin

တန်ခူး said...

နှလုံးသားနဲ့စပ်ထားတာမို့ကဗျာမည်တယ်... သီချင်းပီတယ်...အရမ်းကောင်းပါတယ်ကိုစေးထူး...

Anonymous said...

သိပ်ပြီး အနုပညာလက်ရာမြောက်လွန်းပါတယ်။သိပ်ကောင်းပါတယ် ကိုကလိုစေးထူး 

Anonymous said...

I admire this song. It reminds me of singers (Ko) Poe Cho, (Ko) Soe Lwin Lwin and (Ko) Moon Aung.

sawthanlwin said...

very good song!

su wai said...

ခံစားချက်အပြည့်နဲ့ ရေးသားသီဆိုထားတဲ့အတွက် သီချင်းလေးက ရင်ထဲကို တကယ်ထိပါတယ် အကိုစေးထူးရေ

Tea said...

ဒီပိုစ့်လေးကို ကျွန်တော့်အိမ်မှ စွယ်စုံဂျာနယ်နှင့် တစ်ဆင့် လခ့်ချိတ်ပေးထားပြီး ဒီကိုညွှန်းထားပါသည်။ ပိုစ့်လေးလည်း အရမ်းကောင်းသလို နှစ်ခြိုက်မိပါသည်။ ဂျာနယ်တွင် မိတ်ဆက်ပေးထားပါသည်။ အစစအရာရာ အဆင်ပြေပါစေဗျာ။
Tea

ကလိုစေးထူး said...

နားဆင် အားပေးသွားကြတဲ့ မောင်နှမများအားလုံးကို အထူးကျေးဇူးတင်ပါတယ်။

Anonymous said...

ဒီအချိန်မှာ..
ဘယ်ရောက်နေလဲ
အရမ်းကို ငြိမ်နေတယ်

Nway Hlaing Thoone said...

ကောင်းတယ်ကောင်းတယ် ။

rita said...

ko say htoo,,,

Ama Tan Khuu pyaw ta lo pal,,song lay ka heart hte ka lar tar mo lo nay mal,, touchin song lay pal
good ei.