Monday, October 06, 2008

စိတ်ညစ်နေလား…(၈)

America's Got Talent 2008 ရဲ့ Final (Top 5) အစီအစဉ်ကို လော့စ်အိန်ဂျလိစ် မြို့မှာ စက်တင်ဘာလ ၆ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အဲဒီ Top 5 မှာ ပါဝင် ယှဉ်ပြိုင်ခဲ့ကြသူတွေကတော့...

Nuttin' but Strings
Donald Braswell
Eli Mattson
Neil E.Boyd
Queen Emily တို့ ဖြစ်ပါတယ်။

အမေရိကန် ဒေါ်လာတသန်း ဆုကြေးပေးမှာလဲဖြစ်၊ အနိုင်ရမယ့်သူကလဲ တယောက်ထဲ ဖြစ်၊ နောက်ဆုံး အဆင့်ပြိုင်ပွဲလဲ ဖြစ်တာကြောင့် ပြိုင်ပွဲဝင်အားလုံးဟာ သူတို့မှာ ရှိတဲ့ အစွမ်းအစတွေကို အစွမ်းကုန် ပြသကြတဲ့ ပွဲလို့ပြောနိုင်ပါတယ်။ နောက်ဆုံးအဆင့် ပြိုင်ပွဲမှာ ကျနော့် အကြိုက်ဆုံး ပြိုင်ပွဲဝင်ကတော့ Nuttin' but Strings ပါ။

***

နောက်ဆုံးအဆင့် ပြိုင်ပွဲရဲ့ ရလဒ်ကိုတော့ နောက်ထပ် တပတ်အကြာ အောက်တိုဘာ ၁ ရက်နေ့မှာ လော့စ်အိန်ဂျလိစ် မြို့မှာပဲ တခြားသော ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ တွဲဘက်ပြီး တင်ဆက်ကြေညာခဲ့ပါတယ်။ ပထမဆုရရှိသူကိုတော့ အောက်တိုဘာ ၁၇ ရက်နေ့၊ လာ့ဗေးဂက်စ် မြို့မှာ ဆုပေးပွဲ ကျင်းပပြီး ဒေါ်လာ တသန်း ချီးမြှင့်မှာ ဖြစ်ပါတယ်။

AGT show ရဲ့ နောက်ဆုံး ရလဒ် ကြေညာတဲ့ ပွဲမှာ ကျနော် အလွန် နှစ်သက်မိတဲ့ အစီအစဉ် တခုကတော့ နောက်ဆုံးအဆင့်ကို ရောက်ရှိ ယှဉ်ပြိုင်သွားကြတဲ့ ပြိုင်ပွဲဝင်တွေကို သူတို့ သီဆိုခဲ့ကြတဲ့ သီချင်းတွေရဲ့ မူရင်း အနုပညာရှင်တွေက အားပေးစကား ပြောကြားတဲ့ အစီအစဉ်လေးကို ထည့်သွင်းပေးထားတာကိုပါ။ မူရင်း အနုပညာရှင်တွေရဲ့ အားပေးစကားကို နားထောင်နေတဲ့ ပြိုင်ပွဲဝင် တယောက်ချင်းစီရဲ့ ပီတိ မျက်နှာထားဟာ ဘယ်လောက်တောင် သူတို့ ကျေနပ်အားရနေတယ်ဆိုတာကို ပေါ်လွင်နေစေတာမို့ အဲဒီ အစီအစဉ်ကို ကြည့်နေတဲ့ လူတွေဆီကိုပါ အပျော်တွေ ကူးစက်စေပါတယ်။

အဲဒီနောက်မှာ ထပ်မံ တင်ဆက်တဲ့ အစီအစဉ်ကတော့...




Top 10 ပြိုင်ပွဲဝင်တွေ စုပေါင်းသီဆိုကြတဲ့ အဲဒီ သီချင်းလေးရဲ့ စာသားအဓိပ္ပာယ်ကလဲ ကောင်း၊ သီဆိုကြသူအားလုံးကလဲ ကိုယ်ပိုင် အစွမ်းအစ ကိုယ်စီနဲ့ ပိုင်ပိုင်နိုင်နိုင် သီဆိုသွားကြတာမို့ ကျေနပ်စရာကောင်းလှတဲ့ အစီအစဉ်လေးပါ။ နောက်ဆုံးအဆင့်မှာ ယှဉ်ပြိုင်ခွင့် မရခဲ့လိုက်ရှာတဲ့ လေးနှစ်သမီးလေးရဲ့ အသံနဲ့ အစပြုထားတာလေးကို ပိုနှစ်သက်မိပါတယ်။




အဲဒါတော့ AGT 2008 မှာ အပယ်ခံခဲ့ရတဲ့ ပြိုင်ပွဲဝင်တွေရဲ့ စီစဉ်တင်ဆက်မှု တခုပါ။ အပယ်ခံခဲ့ရပေမယ့်လဲ သူတို့မှာလဲ အစွမ်းအစတော့ ရှိတယ်ဆိုတာကို အဲဒီ သီချင်းနဲ့ စုပေါင်းပြသခဲ့တာမို့ အပေါ်က Top 10 အဖွဲ့နဲ့ မတူခြားနားတဲ့ ရသတမျိုးကို ပေးစွမ်းနိုင်တာပါပဲ။ ရှုံးနိမ့်ခဲ့ကြသူတွေအတွက် အားပေးနှစ်သိမ့်စရာ အစီအစဉ်တခုလဲ ဖြစ်မယ်ထင်ပါရဲ့...။

***


ဖျော်ဖြေရေး အစီအစဉ်တွေ အားလုံးပြီးတဲ့ အချိန်မှာတော့ Top 5 ရဲ့ ရလဒ်တွေကို ကြေညာခဲ့ပါတယ်။ ရလဒ်တွေကို အဆုံးအဖြတ်ပေးခဲ့တာကတော့ ဖုန်းနဲ့ အွန်လိုင်းမှတဆင့် မဲပေးခဲ့ကြတဲ့ ပရိသတ်တွေပါ။

ပဉ္စမနေရာကို ရရှိသွားသူကတော့ အံ့သြစရာကောင်းပါတယ်။ Queen Emily ပါ။ စတုတ္ထနေရာကိုတော့ Donald Braswell က ရရှိသွားပါတယ်။

တတိယနေရာကို ကြေညာတဲ့အချိန်မှာလဲ အံ့သြသွားရသူတွေ အတော်များပါတယ်။ ဘာလို့လဲဆိုတော့ Nuttin' but Strings က ရသွားလို့ပါ။ အသံတုန်တုန်နဲ့ စကားပြောနေတဲ့ ညီအကိုနှစ်ယောက် ဘယ်လောက်ခံစားနေရတယ်ဆိုတာ သိသာလှပါတယ်။ အဲဒီနောက်မှာတော့ အမေရိကန်ဒေါ်လာ တသန်းဆုကြေးကို ဆွတ်ခူးဖို့ လူ နှစ်ယောက်ပဲ ကျန်ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ AGT 2008 ရဲ့ ပထမဆုကို ...

Neil E.Boyd က ထိုက်တန်စွာ ဆွတ်ခူးရရှိသွားပါတော့တယ်။

***

AGT 2008 show အစီအစဉ်ကတော့ ပြီးသွားခဲ့ပါပြီ။ မပြီးသေးတာကတော့ ကျနော့်ရဲ့ ဟိုတွေးဒီတွေးတွေပေါ့။

ဘာကို တွေးမိလဲ ဆိုတော့ အဲဒီ ဆုကြေး အမေရိကန်ဒေါ်လာ တသန်းကို ကျနော်သာ ရခဲ့ရင် ဘာတွေလုပ်ရရင် ကောင်းမလဲ ဆိုပြီး လျှောက်တွေးမိတာပါ။ :D ဒေါ်လာ တသန်းရရင် လုပ်ချင်တဲ့ အရာတွေက များတော့ များသား...။ ပြီးတော့ အခု ပို့စ်ကို လာဖတ်တဲ့ ကျနော်မိတ်ဆွေတွေကရော၊ ဒေါ်လာတသန်းဆုများ ရရင် ဘာတွေ လုပ်ချင်သလဲ ဆိုတာ သိချင်ပါသေးတယ်။ ရေးပေးခဲ့ကြပါဦး။ ပျော်ပျော်ပါးပါးပေါ့။ :)

ခင်မင်စွာ


ကလိုစေးထူး

7 comments:

Anonymous said...

ကျနော်က Eli Mattson ကိုပေးရစေချင်တာ တယောတီးတဲ့ ညီအစ်ကို ၂ ယောက်ကိုလည်းပေးရစေချင်တယ် အမေကိုအိမ်ဝယ်ပေးချင်တယ်ဆိုတဲ့သူတို့ စကားလေးကိုသဘောကျလို့ ။ ကျနော် ကဒေါ်လာတစ်သန်းရရင် ပြည်တော်ပြန်မယ် ဘိုးဘွာရိပ်သာဖြစ်ဖြစ် ၊ ဆေးရုံးအကြီးကြီးတစ်ရုံဖြစ်ဖြစ် ဆောက်ပြီး လှူချင်တယ်.....း)

Anonymous said...

အကိုကလိုစေးထူးရေ
ဒေါ်လာ၁သန်းရခဲ့ရင်အိမ်ပြန်မယ်
အခမဲ့မူကြိုကျောင်းတွေဖွင့်မယ်
ကျန်ရင်တော့...တချိန်လုံးပိုက်ဆံလိုနေတတ်တဲ့အမျိုးတွေကိုဝေပေးလိုက်မယ်

Anonymous said...

တို့ကတော့ တို့ကတော့..........
ကိုယ်လည်းသုံး..... လိုအပ်တဲ့နေရာ တွေမှာလည်း
လှူတန်းသမှူ့ ပြု မှာဘဲ.....ဥပမာ...
မိုးများတဲ့ နေရာတွေ ထက် မိုးနဲ တဲ့နေရာ က မိုး ကို
ပိုပြီး လိုအပ်တယ်......
ကျွန်တော် ကတော့ အရင်ထဲက ချမ်းသာတဲ့ ဘုန်းကြီး
ကျောင်းထက် ဆင်းရဲတဲ့ ဘုန်းကြီးကျောင်း ကို ပိုပြီး
လှူဖြစ်လေ့ ရှိတယ်။.......၀မ်းကိုသာ လို့...
ဘုန်းကြီးကျောင်း အ ပြင် ယခုလက်ရှိမှာ လည်း အလှူရှင်တွေ ကို စောင့်မျှော်နေ တဲ့နေရာတွေ က
အများပါ။........

mamalay said...

ဒေါ်လာ ၁ သန်းသာ ခုရလိုက်လို့ကတော့..
ကမ္ဘာ့အတော်ဆုံး စပိုင်လူသတ်သမားတွေ ငှားပြီး
ခေါင်းဆောင်ကြီးတွေ အရင်ရှင်းပစ်လိုက်မယ်

လူပြောင်းမှ မူ ပြောင်းမှာလေ.......။

Anonymous said...

ကိုကလိုစေးထူးရေ ကျွန်တော်ကတော့ Queen Emily ကိုရမယ်ထင်တယ် Nuttin' but Strings က performance အရမ်းကောင်းတယ် ဒေါ်လာတသန်းရရင်ဘာလုပ်မလဲဆိုတော့ နာဂစ်မုန်တိုင်း ခံလိုက်ရတဲ့ ဧရာဝတီတိုင်းမှာ ဘုန်းကြီးကျောင်းလို churchလို စာသင်ကျောင်းလိုဟာ မျိုးတွေကို မုန်တိုင်းဒဏ်ခံ အဆောက်အဦးတွေအဖြစ် တည်ဆောက်ပေးခြင်တယ်

Moe Cho Thinn said...

အမက Nuttin' but Strings ညီအကို နှစ်ယောက်ရဲ့ ဖျော်ဖြေပုံကို သိပ်ကြိုက်တာ။ သူတို့ကိုပဲ ရစေချင်ခဲ့တာ။

အင်း..ဒေါ်လာ ၁သန်းရရင်လား။ ထိထိရောက်ရောက်လုပ်မဲ့ ရမ်ဘိုတယောက် ငှားလိုက်မယ် အဟဲ..။

Anonymous said...

i am a fan of Eli, I am so sad for him. Anyway, he has good future with his unique voice.