Wednesday, January 03, 2007

လွတ်လပ်ခြင်း အစစ်..

ဒီနေ့တော့ အလုပ်ကနေ အိမ်ကို ပြန်ရောက်ရောက်ခြင်း နာရီကို ကြည့်မိတော့ ညနေ လေးနာရီထိုးဖို့ ဆယ်မိနစ်တဲ့။ ဒီလိုဆိုရင် မြန်မာပြည်မှာ ဇန်န၀ါရီလ လေးရက်နေ့၊ မနက်လေးနာရီနဲ့ မိနစ် ၂၀ပေါ့။

ရောက်ခဲ့ပြန်ပါပြီ..။ လွတ်လပ်ရေးနေ့တဲ့။ (၅၉)နှစ်တောင် တိုင်ခဲ့ပါပကောလား။ လွန်ခဲ့တဲ့ (၅၉)နှစ်၊ ဒီလိုအချိန်မှာ ကျနော်တို့ အဖိုးအဖွားတွေဟာ မျှော်လင့်ချက်တွေ တပုံတပင်နဲ့ အားတက်နေခဲ့ကြမှာ အသေအချာပေါ့။ သူ့ကျွန်ဘ၀က လွတ်မြောက်ရခဲ့ပြီလေ။ ကိုယ့်နိုင်ငံကို ကိုယ်ပိုင်ဆိုင်ရတော့မယ်၊ ကိုယ့်အနာဂတ်ကို ကိုယ်သာလျှင် အုပ်စိုးရတော့မယ်၊ ဘယ်လောက်များ အားတက်စရာ ကောင်းလိုက်ပါ့မလဲ။

ကျနော် စဉ်းစားကြည့်မိပါတယ်။ ငါတို့တတွေကို သူ့ကျွန်လက်အောက်က ကျွန်မျိုးဆက်သစ်တွေ မဖြစ်ရအောင် အဖိုးအဖွားတွေက လွတ်လပ်ရေးဆိုတာကို သူတို့ အသက်၊ သွေး၊ ချွေးတွေ စတေးပြီး ရယူပေးခဲ့ကြတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ကျနော်တို့ တကယ်ကိုပဲ လွတ်လပ်နေပြီလား။

အဲဒီလို စဉ်းစားမိရင်းနဲ့ အတွေးထဲကို သီချင်းတပုဒ်ဝင်လာပါတယ်။ နားဆင်ကြည့်ပါ။ သီချင်းနာမည်က လွတ်လပ်ခြင်းအစစ် ပါ။
C-Key နဲ့ တီးခတ်ထားပါတယ်။

Intro; C G Em Am Dm G C G

C G Em Am
ဖွင့်ပါမျက်လုံးတွေ စွင့်ပါ တို့နားတွေ
Dm G C
တွန်းဖယ်ပါစို့ ဖုံးပိတ်ထားတဲ့ ဒီအမှောင်တွေ

လှမ်းပါ ခြေလှမ်းတွေ မြဲပါ ခွန်အားတွေ

ညီညာပါလို့ ပန်းတိုင်ဆီသို့မသွေ..

Am G Em Am
၅၉ နှစ်ပြည့်မြောက်ခဲ့ပေါ့.. တို့ပြည်.. ငါတို့ပြည်..
Dm G C
သူ့ကျွန်ဘ၀မှ လွတ်မြောက်ခဲ့လဲလေ
F G Em Am
ငါ့ကျွန်တာရှည်နေ.. ဘ၀နွံ နာကျင်နေ
Dm G C G
လွတ်လပ်ခြင်းအစစ် မရတာ ကြာခဲ့ပေ..


ဝေးပါ အကြောက်တရားတွေ ငေးမှိုင်မနေနဲ့လေ
တို့အနာဂတ်များ လှပဖို့အတွက် လာပါလေ
ပေါင်းပါ အင်အားတွေ ကြံ့ခိုင် စိတ်ထားတွေ
ငိုနေသူအား ဖေးကူပါစို့လေ..

3 comments:

THET NAI TUN said...

should we happy or sad?

မေဓာဝီ said...

“လွတ်လပ်ခြင်းအစစ်”တေးသီချင်းလေးကို လွတ်လပ်ရေးနေ့မှာ နားထောင်ရတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ ဒီသီချင်းလေးဖန်တီးပေးတဲ့ ကိုသံလွင်ကိုလည်း လေးစားပါတယ်ရှင်။
လွတ်လပ်ခြင်းအစစ်ကို ဘယ်တော့များမှ ရမလဲ …. လို့ အားလုံးက မျှော်လင့်နေပါတယ်။

Dr. Junior said...

very good sound and exactly true.
when will the independence be?