Saturday, April 21, 2007

ကိုမင်းမောင်သို့ အိတ်ဖွင့်ပေးစာ..

လွန်ခဲ့တဲ့ နှစ်ရက်က `ကျေးဇူကန်းသူများ.. သို့´ ဆိုတဲ့ ပို့စ်ကို ရေးသားပြီး ဘလော့ဂ်မှာ တင်ခဲ့ပါတယ်။

ရေးသားခဲ့ရခြင်းအကြောင်းရင်းကိုတော့ အဲဒီပို့စ်ထဲမှာ ပါပြီးသားပါ။

အဲဒီပို့စ်ကို ဖတ်မိတဲ့ ညီမငယ်တယောက်က ပဒုမ္မာဖိုရမ် မှာ လင့်ခ် ချိတ်ဆက်ပေးခဲ့ပါတယ်။

ဒါကို ဖတ်မိတဲ့ ရုရှနိုင်ငံရောက် ကိုမင်းမောင်က ကျနော်ရေးတာတွေကို မကျေလည်တာကြောင့် ပြန်လည်ချေပခဲ့ပါတယ်။ ဒါပေမယ့်..၊ ပုဒုမ္မာဖိုရမ်က အဲဒီတော့ပစ်လေးကို စတင်ဖွင့်ပေးခဲ့သူနဲ့ ၀ိုင်းဝန်းအားဖြည့်နေသူတွေရဲ့ မူရင်းရည်ရွယ်ချက်ကနေ ကျနော့်စာတပုဒ်ကြောင့် သွေဖည်သွားမှာကို စိုးရိမ်တာက တချက်၊ အကျိုးသင့်အကြောင်းသင့် ၀င်ရောက် ထိန်းသိမ်းပေးတဲ့ ဖိုရမ်တာဝန်ရှိသူကို လေးစားသမှု ပြုခြင်းက တချက်ကြောင့် အဲဒီဖိုရမ်က အချက်လက်တွေကို ဒီမှာ တင်ပြပါရစေ။

QUOTE(s0wha1 @ Apr 20 2007, 04:00 AM)
စိတ်ဝင်စားရင် အဲ့ဒီလင့်ခ်မှာ သွားဖတ်ကြည့်ပါ...ဒီမှာ copy/ paste လုပ်ဖို့ကို Admin တွေက ခွင့်ပြု၊ မပြု မသေချာလို့ လင့်ခ်ပဲ တင်လိုက်ပါတယ်...http://klosayhtoo.blogspot.com/2007/04/blog-post_19.html


ဒီဘလော့ကိုဒီဖိုရမ်မှာလာတင်တဲ့ အတွက်ဒါကိုရေးတာပါ.... မင်းတို့ တွေရေးချင်ရင်.....နာမယ်တပ်ရေးပါ.... မင်းပြောတဲ့ ၂၀၀၀ ပြည့် နှစ်မှာ ငါတပ်ထဲမှာ ..ဗိုလ်အဆင့်နဲ့ တာဝန်ထမ်းဆောင်နေပြီ မင်းပြောသလိုမျိုး ငါတို့တပ်ထဲမှာ....ဒေါ်အောင်ဆန်းစုကြည်..နာမယ်ကို ဘယ်လိုခေါ်ရမယ် ဆိုတဲ့ ...အမိန့် မျိုးစည်းကမ်းမျိုး မထုတ်ထားဘူး.....မင်းတို့ တွေမသိပဲ နဲ့ ချဲ့ ကား ရေးသားဖေါ်ပြနေကြလို့ တစ်ခြားသူတွေ အမြင်တစ်မျိုးဖြစ်နေမယ်....မင်းတို့ တွေ ဘာမှမသိတဲ့ ဗိုလ်သင်တန်းကျောင်းတွေ... အကြောင်းကိုလည်း... မဟုတ်မမှန်တာတွေနဲ့ ထည့်သွင်းမရေးပါနဲ့.....မင်းတစ်ကယ်သိချင်ရင်...... ကိုယ်တိုင်ဗိုလ်သင်တန်းတက်လိုက်ပါ.... မှတ်ထားမသိရင်ပြောပြဦးမယ်.... ဗိုလ်သင်တန်းမှာ လက်တလောကာလဖြစ်ပျက်နေတဲ့ နိုင်ငံရေးကိုမသင်ဘူး...စစ်ကျောင်းဆိုတဲ့ အတွက်သာ.. စစ်ပညာပါသင်တဲ့ သဘောရှိတယ်.... ကျန်တာကတော့ အပြင်ကျောင်းတွေနဲ့ ဘာမှမထူးခြားဘူး..။ အေး... လူဆိုတာအမျိုးမျိုးရှိတယ်...... မင်းတို့ တွေထဲမှာလည်း...စစ်တပ်ကိုကြိုက်တဲ့ သူရှိသလို ..မကြိုက်တဲ့ သူတွေရှိမှာပဲ... ဒါကိုငါဘာမှမပြောချင်ဘူး...ငါပြောချင်တာက.... မင်းတို့ တွေ..တွေ့ တဲ့ လူအမျိုးမျိုးထဲက တစ်ယောက်အတွက်နဲ့ .....မင်းတို့ မကြိုက်တဲ့ အရာကိုဆွဲယူပုတ်ပြီး... တပ်ထဲမှာဘယ်လိုဖြစ်မယ် စစ်ကျောင်းမှာဘာတွေသင်တယ်လို့ .....အထင်နဲ့ ရမ်းသန်းမှန်းသန်းပြီး....သိမ်းကြုံးပြီး မစော်ကားကြနဲ့.......စကားလုံးယဉ်ကျေးပြီး....အတွေးအခေါ်မိုက်ရိုင်းမှုမျိုးမလုပ်ကြနဲ့......။

မင်းတို့ တစ်ကယ်ရေးချင်ရင်...နာမယ်တပ်ပြီးရေးစမ်းပါ.... ငါအားပေးပါတယ်...မင်းတို့ အဲလိုရေးလို့ ကာယကံရှင်လည်း ဒီဖိုရမ်ကိုမ၀င်နိုင်ပါဘူး....ဒါကိုမသိနိုင်ပါဘူး....အေးဒါပေမယ့်...ငါတို့ တွေသိနေမြင်နေရတာကတော့.... မင်းတို့ ဟာ ကိုယ်လည်းတစ်ကယ်သေချာမသိတဲ့ အရာနဲ့ အားလုံးကိုပုတ်ခပ်ချင်တယ်....... ကြားဖူးနားဝနဲ့ ပေါက်တတ်ကရလျှောက်ပြောချင်တယ်....။ မင်းတို့ သိပ်ချစ်တဲ့ သိပ်လေးစားတဲ့ ဗိုလ်ချုပ်အောင်ဆန်းစကားကိုငါရေးပေးခဲ့ မယ်....

ဗမာတွေစိတ်ထက်သလေးဘာလေးနဲ့ တစ်လွဲဆံပင်ကောင်းနေကြတယ် ဗမာပြည်လွတ်လပ်ရေးရအောင် လုပ်ရတဲ့ တိုက်ပွဲမျိုးမှာအသုံးမချဘူး ဗမာပြည်ပြန်လည်ထူထောင်ရေးမှာအသုံးမချဘူး ဗမာဗမာချင်းချဖို့ မှာလုပ်ချင်တယ်.. ဒါမျိုးတွေလုပ်ချင်လို့ ဘယ်တော့မှအကျိုးမရှိဘူး။

အဲတော့ဂုဏ်ပုဒ်တွေကိုချီးကျူးတာကောင်းပါတယ်......အေးအဲလိုပဲ..ကိုယ်လေးစားချစ်ခင်တဲ့ ဗိုလ်ချုပ်ရဲ့ စကားတွေကို... လိုက်နာဘို့ ကြိုးစားကြဖို့ လိုအပ်တယ်....။ နောက်ပြီးမှတ်ထား....သမိုင်းဆိုတာ ဘယ်တော့မှ ဖျောက်ဖျက်ပြစ်လို့ ရတဲ့ အမျိုးမဟုတ်ဘူး..။ မင်းတို့ ဒီမှာတစ်စုတစ်စည်းထဲဖြစ်အောင် လာတင်ပေးတာကိုကျေးဇူးတင်တယ်.... အားပေးတယ်...။ အေးအဲလိုပဲ.....မင်းတို့ တွေဗိုလ်ချုပ်ကိုခုတုံးလုပ်ပြီး....... တစ်ခြားသူတွေပါ..ပါဝင်ပါတ်သပ်နေမယ့်....တပ်မတော်ကိုတော့မစော်ကားနဲ့..... တပ်မတော်ဆိုတာ...ဗိုလ်ချုပ်အောင်ဆန်းတို့ ဦးဆောင်ပြီးဖွဲ့ စည်းခဲ့ တဲ့ နိုင်ငံအတွက်လိုအပ်လို့ ပေါ်ပေါက်လာတဲ့ အဖွဲ့ အစည်း.... ဟိုးအရင်..ကတည်းက..နိုင်ငံအတွက်အသက်ပေးလာတဲ့ သူတွေအများကြီး.... အခုထိလည်းအသက်ပေးနေကြရတုန်းပဲ.....

ဒီဖိုရမ်ရဲ့ ယူဇာတစ်ယောက်ဖြစ်တဲ့ ကိုကိုမောင်တော်တော်ဆိုးရဲ့ ယောက်ဖတော်စပ်သူကိုယ်တိုင်...၂၀၀၀ ပြည့် နှစ်မှာတိုက်ပွဲကျသွားရတယ်.. အဲဒီသူဟာ..ငါနဲ့ ဗိုလ်သင်တန်းတစ်ပါတ်စဉ်ထဲအတူတူတက်ခဲ့ တာ ....။ အေးဒါဟာ...မင်းတို့ သိနိုင်လောက်တဲ့ သူကိုပြောပြတာ....ငါ့အပါတ်စဉ်မှာ နိုင်ငံအတွက်အသက်စွန့် သွားရတဲ့ သူတွေ ခြေထောက်ဖြတ်လိုက်ရတဲ့ သူတွေအ..များကြီး....မင်းတို့ ဒါတွေသိရဲ့ လား... မင်းတို့ တွေ..ဒီလိုအင်တာနက်ပေါ်မှာ...အေးအေးဆေးဆေး..အတင်းတုတ်နေနိုင်ဖို့ အတွက်.. တစ်ချို့ ချို့ သော..........တပ်မ တော်သား တွေ အသက်ပေးနေရတာရောသိလို့လား.... ငါတို့ တွေမှာ.. တာဝန်ဟာ ၂၄ နာရီအပြည့် ရှိနေတယ်...ဒီခံယူချက်တွေနဲ့ အလုပ်လုပ်နေကြတာ..... လာပြီးအားလုံးကိုသိမ်းကြုံးပြီး မစော်ကားနဲ့....။မင်းတို့ သိပ်ပြီးတိုက်ခိုက်နေချင်ရင်..... နာမယ်အတိအကျ အပါတ်စဉ်အတိအကျ... ဘယ်ကျောင်းဆင်းဆိုတာပါ ရေးလိုက်ဦးဟုတ်ပြီလား....

အဲကောင်လေး ဘယ်သူဆိုတာ ငါသိတယ်....ဘယ်သူ့ ရီးစားဆိုတာလည်း ငါသိတယ်.... လူဆိုတာ အမြင်အမျိုးမျိုး ရှိကြတာကို သဘောပေါက်... ကျန်တဲ့ သူတွေကို သိမ်းကြုံးပြီးမစော်ကားမိအောင် ဂရုစိုက်...။ မင်းတို့တွေ နိုင်ငံတော်အတွက်....သွေးတစ်စက်မပြောနဲ့ ချွေးတစ်စက်တောင် မထွက်ဖူးပဲနဲ့ ကြီးကြီးကျယ်ကျယ် စကားလုံးတွေနဲ့ အင်တာနက်မှာ...ပေါက်တတ်ကရလာမပြောနဲ့....။ မင်းတို့ နိုင်ငံတော်ကိုတစ်ကယ်ချစ်ရင်... ဗိုလ်ချုပ်ကို တစ်ကယ်ချစ်ရင်... ကြိုးစားပါ... မင်းတို့ ကြိုးစားမှုနဲ့ နိုင်ငံတော်ကြီး မိုးပျံသွားတယ်ဆိုရင်ကွာ...ငါတို့ တွေ အကုန်လုံးဝိုင်းပြီး လက်ခုပ်တီးပြီးအားပေးမှာပါ...။ အခုလိုမျိုးတစ်ယောက်နဲ့ တစ်ယောက်မကောင်း ပြောတိုက်ခိုက်နေပြီးတော့.. နိုင်ငံကြီးမတိုးတက်တာ... ဟိုလူကြောင့်ဒီလူကြောင့်ပြောလာတာလည်း ကြာခဲ့ ပါပြီ...။ ဒီစိတ်ဓါတ်တွေကို ဗိုလ်ချုပ်မြင်ခဲ့လို့ ဒီသောက်သုံးမကျတဲ့ တိုက်ခိုက်မှုတွေမလုပ်စေချင်လို့ အပေါ်မှာ ငါရေးထားခဲ့ တဲ့ အတိုင်းပြောခဲ့တာ... ဒီစိတ်ဓါတ်တွေဟာ ဗိုလ်ချုပ်ဖျောက်စေချင်ခဲ့ တဲ့ စိတ်ဓါတ်တွေ..။ အနှစ် ၆၀ ပြည့် တော့မယ်.... ဗိုလ်ချုပ်မှာခဲ့ တာ... အခုထိတောင်မပျောက်နိုင်သေးဘူး..... အရင်က.. အပြင်မှာလူလူချင်း တိုက်နေရတယ်... နောက်စာရွက်တွေပေါ်လာတော့ စာရွက်တွေပေါ်..စာနယ်ဇင်းတွေပေါ်.. အခု..အင်တာနက်ပေါ်မှာတောင် ဒီသောက်ကျင့်တွေကမပျောက်သေးဘူး..။ အကျိုးမရှိတဲ့ အလုပ်တွေမလုပ်ချင်ပါနဲ့.... မြန်မာပြည်ကောင်းစားဖို့ ဆိုတာ.. မြန်မာလူမျိုးတွေ.. အထူးသဖြင့်.. လူငယ်တွေအားလုံး စည်းစည်းလုံးလုံးနဲ့ ကြိုးစားမှကောင်းမှာပါ... နောင်အနာဂါတ်အတွက်.... အခုအချိန်ကစပြီး သွေးမကွဲချင်စမ်းပါနဲ့... သွေးခွဲဖို့လည်း မကြိုးစားစမ်းပါနဲ့.... နိုင်ငံတစ်ခုမှာ.... တပ်မတော်ဆိုတာ လိုအပ်တဲ့ အဖွဲ့ အစည်းပါ... ဒါကိုနားလည်အောင်လုပ်ပြီး.....လူတစ်ဦးတစ်ယောက်မကောင်းရင်.. လူတစ်ဦးတစ်ယောက်ကိုပဲ ပြောပါ.... တပ်မတော်ကို..ထိခိုက်တဲ့ စကားလုံးတွေမသုံးပါနဲ့..။ အဲလိုပဲ... ကိုယ်တစ်ကယ် ကြိုးစားရမှာကိုလည်း..... မေ့မနေကြပါနဲ့....။ ငါပြောချင်တာကတော့ဒါပဲ..။

ကိုမင်းမောင်



ဟုတ်ကဲ့..။

ရေးသားထားချက်တွေကတော့ ဒေါသံတွေဆူပွက်နေတဲ့ ရေနွေးအိုးကြီးတလုံး ကို မီးနဲ့ မြိုက်ထားတာကို တွေ့လိုက်ရသလိုပါပဲလား။ ကျနော့်ကို ဒီလိုမျိုး တယောက်ယောက် ရေးလာမယ်လို့တော့ မျှော်လင့်ထားပါတယ်။ ဒီလောက်တောင် ရှူးရှူးရှားရှားဖြစ်နေမယ်လို့တော့ မထင်မိခဲ့ပါဘူး။ အရင်ဆုံး ပြန်မဆွေးနွေးခင် ကိုမင်းမောင်ကို တခုပြောချင်တာက အခု ကိုမင်းမောင်က ပြန်လည်ပြီး အကျိုးသင့်အကြောင်းသင့် ချေပ ဆွေးနွေးနေတာလား၊ ဒါမှမဟုတ် ငါပြောနေတာမှ အမှန်ဆိုပြီး သဟောက်သဟမ်းလုပ်ချင်နေတာလားဆိုတာ အရင်သိချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုမင်းမောင် ရေးသွားတဲ့ အချက်တွေထဲမှာ မိမိနဲ့ အမြင်မတူသူကို လေးစားမှု လုံးဝမရှိတာကို သတိထားမိပါတယ်။ လူဆိုတာ တယောက်နဲ့ တယောက် အပြန်အလှန်လေးစားမှုရှိရပါတယ်။ ဒါက လူ့ကျင့်ဝတ်ပါ။ အဲဒါလေးကို အရင် သတိချပ်စေချင်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ ကိုမင်းမောင်ဟာ ကိုမင်းမောင်လို အမြင်မရှိရင် ဒီလိုပဲ ပြောလေ့ရှိပါလားလို့ ခံယူတဲ့အတွက် နောက်ထပ် ဆွေးနွေးစရာ အကြောင်းမရှိပါ။

နာမည်အတိအကျ တပ်မရေးခြင်းဟာ စည်းစောင့်ခြင်းတခုပါ။ ဒါပေမယ့် သူပြောလိုက်တဲ့ စကားတခွန်းကြောင့် တပ်မတော်တခုလုံးရဲ့ အမြင်ဟာ ဒါပါလားဆိုတဲ့ သဘောသဘာဝကို သက်ရောက်နေလို့ အဲဒီစာကို ရေးပါတယ်။ ဒါပေမယ့် အဲဒီ ပုဂ္ဂိုလ်လေးကို ပုဂ္ဂိုလ်ရေးရာအရ ထိခိုက်စေလိုခြင်းမရှိတာကြောင့် နာမည်တပ်မရေးတာပါ။ နာမည်တပ်ရေးလိုက်ရင် ကျနော်ဆိုလိုချင်တဲ့ အချက်၊ ကျနော်ပေးချင်တဲ့ မက်ဆေ့က ဆောင်းပါးထဲမှာ ပါတော့မှာ မဟုတ်ပါဘူး။ ကိုမင်းမောင် စာကို ဒေါသတွေဖျောက်ပြီး အသေအချာ ထပ်ဖတ်စေချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အဲဒီလိုခေါ်ရမယ်လို့ အမိန့် တရားဝင်ထုတ်ခဲ့တယ်လို့ ကျနော်မရေးခဲ့ပါ။ သူတို့ တပ်ရင်းအစည်းအဝေးမှာ ပြောခဲ့တယ်လို့သာ ရေးခဲ့ပါတယ်။ အဲဒါဟာလည်း အဲဒီပြောတဲ့ ပုဂ္ဂိုလ်ရဲ့ တဦးပိုင်အယူအဆ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေ တပ်မတော်ထဲမှာ ဘယ်လောက်များရှိနေမလဲ ဆိုတာ သိအောင် ထောက်ပြချင်လို့ အဲဒီအပိုဒ်ကို ထည့်ရေးပါတယ်။ ကိုမင်းမောင်က ဒေါသစိတ်နဲ့ သတိမမူမိတာလား၊ ဒါမှမဟုတ် ကျနော့်ကို ပြောချင်ဇောနဲ့ လိုရာဆွဲယူပြောတာလားဆိုတာတော့ အတတ်မသိနိုင်ပါ။

စစ်တပ်ထဲကလူ ပြောတယ်ဆိုရင် စစ်တပ်ကို အနည်းနဲ့အများတော့ ကိုယ်စားပြုပါတယ်။ ရာထူးသေးရင် သေးသလို ကြီးရင် ကြီးသလိုပေါ့ဗျာ။ ဥပမာ ကိုမင်းမောင်က ဘိုမှူးဆိုပါတော့။ ဟာ.. စစ်တပ်ထဲက ဘိုမှူး မင်းမောင်က ဒီလိုပြောတယ်ဟေ့ လို့ လူတွေက ပြောမှာပါ။ အဲဒီကတည်းက စစ်တပ် ဆိုတဲ့ အသုံးက ပါကိုပါနေရပါပြီ။ အဲဒီတော့ အဲဒီကောင်လေး ပြောတဲ့ စကားဟာလည်း စစ်တပ်ကို ကိုယ်စားပြုပါတယ်။ တပ်မတော်ကိုတော့မစော်ကားနဲ့.....တပ်မတော်ဆိုတာ...ဗိုလ်ချုပ်အောင်ဆန်းတို့ ဦးဆောင်ပြီးဖွဲ့ စည်းခဲ့ တဲ့ နိုင်ငံအတွက်လိုအပ်လို့ ပေါ်ပေါက်လာတဲ့ အဖွဲ့ အစည်း..ကိုမင်းမောင်ဟာ စာကို သေချာစွာ ဖတ်ခဲ့မယ်ဆိုရင် ကျနော်ရေးခဲ့တာဟာ တပ်မတော်ကို စော်ကားနေတာလား၊ တပ်မတော်ကို စော်ကားနေတဲ့ ယူနီဖောင်းဝတ်တွေရဲ့ နောက်လာမယ့် မျိုးဆက်တွေကို သူတို့လို စော်ကားနည်းတွေ သင်ပေးနေလေမလားလို့ တွေးဆချက်ကို ရေးတာလားဆိုတာ တွေ့နိုင်မှာပါ။

တပ်မတော်ကို မစော်ကားပါ။ အင်မတန်ချစ်ပါတယ်။ (သို့ပေမယ့် အခုလက်ရှိ တပ်မတော်ကိုတော့ မဟုတ်ပါ) ချစ်လွန်လွန်းလို့ တပ်မတော် နာမည်ပျက်အောင် ပြောဆို ရိုင်းပျမှုကို ထောက်ပြရေးသားခဲ့တာပါ။ စစ်တပ်ထဲဝင်ရင် စစ်တိုက်ရတယ်၊ စစ်တိုက်ရင် သေတာပျောက်တာ ဒဏ်ရာရတာတွေ ရှိမှာပါ။ စစ်ထဲဝင်လို့ စစ်တိုက်ရ၊ သေရတာ မဆန်းပါဘူး။ ဒါပေမယ့် ဟိုးအရင်တုန်းက စစ်သားတွေ အသက်ပေးနေရတာနဲ့ အခုလက်ရှိ စစ်သားတွေ အသက်ပေးနေရတဲ့ ပုံစံချင်း၊ အနှစ်သာရချင်းကတော့ တခြားစီ ဖြစ်နေပါပြီ။ ဟိုးအရင်က နိုင်ငံတော်လွတ်လပ်ဖို့၊ တနည်းအားဖြင့် နိုင်ငံတော်ကို ကာကွယ်ဖို့။ အခုကတော့ အာဏာကို ကာကွယ်ဖို့ ကိုယ့်အချင်းချင်း သတ်ရင်း အသက်ပေးနေရတာပါ။ အနှစ်သာရခြင်း ဘာမှ မဆိုင်ပါ။

အဲဒီလိုသာ ပြောကြကြေးဆိုရင် ကိုမင်းမောင် အခုလို ကျနော်တို့ ရေးသားချက်ကို ပြန်လည်တိုက်ခိုက်ဖို့အတွက် ရှေ့တန်းမှာ သေနေရတဲ့ စစ်သားတွေ ဘယ်နှစ်ယောက်ရှိနေမလဲ ပြန်ပြောလို့ရပါတယ်။ အခုလို ကိုမင်းမောင် ရုရှမှာ တိုင်းပြည် ဘဏ္ဍာတော်နဲ့ အခန့်သား ပညာသင်နေရတာ ကျနော်တို့ ပြည်သူတွေ ပေးခဲ့တဲ့ ငွေတွေဆိုတာလေးလဲ သတိချပ်စေချင်ပါတယ်။ လူဆိုတာ အမြင်အမျိုးမျိုး ရှိတယ်ဆိုတာကို ကိုမင်းမောင် မမေ့တာကို ကျေးဇူးတင်ပါတယ်။ ကျနော့်မှာလည်း စစ်တပ်က မိတ်ဆွေ သူငယ်ချင်းတွေ မြောက်မြားစွာ ရှိပါတယ်။ ဒါပေမယ့် ကိုယ်နဲ့ အမြင်မတူသူတွေကို အခုလို ယမ်းပုံမီးကျ ဂမူးရှုးထိုးနဲ့ ဟိန်းလားဟောက်လား လုပ်လေ့ရှိရင်တော့ ပြောရတာ မကောင်းလှပါ။ ကိုမင်းမောင် တယောက်အတွက်နဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ တခြားသော စစ်ဘိုတွေကို မထိခိုက်စေချင်ပါဘူး။

မိမိထင်မြင်ချက်ကို လွတ်လပ်စွာထုတ်ဖော်ရေးသားတာကို အင်တာနက်မှာ အတင်းတုတ်တယ်လို့ လူကြီးလူကောင်းမဆန်စွာ သတ်မှတ်ရင်တော့ မြန်မာပြည်ထုတ် သတင်းစာတွေမှာ ပါနေတဲ့ ဆောင်းပါးတွေကိုရော ဘယ်လို သတ်မှတ်မလဲလို့ မေးချင်ပါတယ်။ မင်းတို့ ငါ့တို့ကို ကြိုက်ရင်ကြိုက်၊ မကြိုက်ရင်တော့ ဘာမှ မရေးနဲ့လို့ ပြောချင်နေတာလား..။ စဉ်းစားစရာပါပဲ။ အကျိုးမရှိတဲ့ အလုပ်တွေဆိုတာကိုလည်း ပြောချင်နေပါသေးတယ်။ ကိုမင်းမောင်လုပ်နေတာက ဘယ်သူ့အကျိုးလဲလို့ မေးရင်။ ဟ..နိုင်ငံအတွက်၊ ပြည်သူအတွက်လို့ ဖြေမှာ ကျနော်သိနေပါတယ်။ လူတိုင်း ကိုယ့်နိုင်ငံ ကိုယ်ချစ်ပါတယ်။ ကျနော်လည်း ချစ်ပါတယ်။ ကိုမင်းမောင်က ကိုမင်းမောင်လုပ်နေတာ နိုင်ငံအတွက်လို့ ယူဆသလို ကျနော်ကလည်း ကျနော်လုပ်နေတာ နိုင်ငံအတွက်လို့ ယုံကြည်ထားပါတယ်။ ကိုမင်းမောင်ပြောသလိုပေါ့ဗျာ။ အမြင်ချင်းတော့ ဘယ်တူနိုင်ပါ့မလဲ။ ဒါပေမယ့် စစ်သားလုပ်မှပဲ နိုင်ငံအတွက်လို့ မမည်ပါဘူး။ စစ်တပ်ထဲ ၀င်နေသူတွေကသာလျှင် နိုင်ငံ့ကို ချစ်သယောင်ယောင် ပြောနေတာကို ဖတ်ရတော့ ပြုံးချင်မိပါတယ်။

ရေးခဲ့တာလည်း အတန်ငယ်များပါပြီ..။ နိဂုံးချုပ်ပြောရရင် တဦးတယောက်ကိုပဲ ပုဂ္ဂိုလ်ရေးအရ ရည်ရွယ်တိုက်ခိုက်တယ်ဆိုတာက လူသိမ်လူမွှားတွေရဲ့ အလုပ်လို့ ကျနော်ခံယူထားပါတယ်။ ကျနော်ရေးခဲ့ခြင်းဟာ အနှီပုဂ္ဂိုလ်လေးကို ကိုယ်ရေးကိုယ်တာအရ ထိခိုက်စေလိုတဲ့ စိတ်မရှိပါ။ ဒါပေမယ့် သူပြောလိုက်တဲ့ စကားတခွန်းအရ ကိုမင်းမောင်တို့လို နိုင်ငံကို သိပ်ချစ်၊ နိုင်ငံအကျိုး သိပ်သယ်ပိုးတဲ့ တပ်မတော်စစ်ဘို ပညာတတ်ကြီးများကိုပါ မထိခိုက်စေလိုလို့ ရေးခဲ့ပါတယ်။ အပြန်အလှန်လေးစားမှုရှိသော ဆွေးနွေးချက်များကို ရင်ဖွင့်ကြိုဆိုလျက်..။

ကလိုစေးထူး

QUOTE(klosayhtoo @ Apr 21 2007, 01:37 PM)
ဟုတ်ကဲ့..။ ကလိုစေးထူး
မင်းငါရေးတဲ့ စာကိုဖတ်လိုက်မိတာကို..... ကောင်းပါတယ်... မင်းဖတ်မိသွားရင် အေးဆေးပါ... ( မင်းနဲ့ ငါရေးတာက မင်းငါ့ထက်ငယ်မယ်လို့ ခန့် မှန်းမိလို့ ပါ ) လေးစားလို့ မလေးစားလို့ မဟုတ်ဘူးနော်....၂၀၀၀ ပြည့်နှစ်မှာ တတိယနှစ်ကျောင်းသားလို့ မင်းရေးထားတာတွေ့ လိုက်လို့ ဒီလိုသုံးလိုက်တာ။ နောက်ပြီး မင်းရေးတာတွေကလည်း အထင်နဲ့ မှန်းတုတ်ထားတာတွေဖြစ်တဲ့ အတွက်... မှန်းတုတ်ရမ်းတုတ်တွေ ပေါ်လွင်အောင်ပဲရေးပေးလိုက်တာပါ... ဆွေးနွေးတယ်ဆိုတာကတော့..... မဆွေးနွေးတာကောင်းပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့.. မင်းကရမ်းတုတ်တ့တ်တဲ့ အကျင့်နဲ့ စာရေးနေတာကိုတွေ့ တယ်လေ..။ နောက်ပြီး..ငါဒီစာကိုရေးတာ... ဒေါသတွေဆူပွက်ပြီးရေးတာာမဟုတ်ဘူး...ငါ့ရေးတဲ့ ပုံစံကဒီအတိုင်းပဲ...

မင်းဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းတွေ နားထောင်တယ်မှတ်လား.... ဒေါသထွက်နေသလိုမျိုး ပြောနေတာ... အဲတာပညာသံလို့ ခေါ်တယ်..။ လောကမှာ အသံဆင်တူတာတွေရှိတယ်... ပညာသံရယ်..ဒေါသသံရယ်..။ နောက်ပြီး..မေတ္တာသံရယ်..ေ လာဘသံရယ်ဆင်တူတယ်....။ အဲတော့..ပြတ်ပြတ်သားသားပြောနေလို့ ဒေါသလို့ မထင်လိုက်နဲ့ကွာ.. ချိုချို..ချိုချိုပြောနေလို့လည်း မေတ္တာလို့ မယူဆပါနဲ့ ညီလေးရေ..။

မင်း ပေါက်တတ်ကရ ရမ်းပြောတာလောက်နဲ့တော့.. ငါ ဒေါသမထွက်ပါဘူးကွာ..အေးဆေးပါ....။ အဓိက..ကတော့ အားလုံးကြိုးစားကြဖို့ လိုတာပါ..... ဒီလို ကြိုးစားဖို့အတွက်... တစ်ဦးနဲ့ တစ်ဦး စည်းစည်းလုံးလုံး ဖြစ်နေမှရမှာပါ.... ဒီတော့ လူငယ်အချင်းချင်း သွေးမကွဲချင်စမ်းပါနဲ့ကွာ.... အနာဂါတ်မှာ မင်းတို့ငါတို့ ပုခုန်းချင်းဖက်ပြီး နိုင်ငံအတွက် ရုန်းကြရဦးမှာပါ...။ မင်းငါတို့နဲ့ တူတူ မရုန်းချင်လည်း ရတယ်နော်... အခုလိုပဲ ဘေးထိုင်ဘုပြောပြီးနေ.. နေလည်းအေးဆေးပါ...။

ကိုမင်းမောင်

ကိုမင်းမောင်…သို့..

ကိုမွန်းစတားပြောစကားအရ ဆိုရင်တော့ ကိုမင်းမောင်က ကျနော့်ထက် ငယ်ရွယ်တာ သိနေပေမယ့် ကျနော် ပြောခဲ့ပြီးသလို လူအချင်းချင်း လေးစားရမယ့် လူမှုဝတ္တရားကြောင့် ကိုမင်းမောင်လို့ ခေါ်ပါမယ်။ (နောက်နောင် ရင်းနှီးလာလို့ ညီလေးမင်းမောင်လို့ ခေါ်ပြီး မင်းနဲ့ ငါနဲ့ သုံးစွဲကြတာက တမျိုးပေါ့) ၂၀၀၀ပြည့်နှစ်မှာ တတိယနှစ်လို့ ပြောခဲ့တာနဲ့တင် ကိုမင်းမောင်ထက် အသက်ငယ်ရွယ်တယ်လို့ ထင်တာကိုတော့ မရှင်းတော့ပါဘူး။ လူတယောက်နဲ့ တယောက် ဘ၀တွေက ရှင်သန်ရပ်တည်ရခြင်းက မတူတော့ တနှစ်တတန်း ကျောင်းမှန်မှန်တက်နိုင်လောက်အောင် အခြေအနေက ပေးချင်မှ ပေးမှာကိုး..။ ထားလိုက်ပါစို့.. အသက်ကြီးခြင်း.၊ ငယ်ရွယ်ခြင်းဆိုတဲ့ ကိစ္စကို။

နောက်ပြီးမင်းရေးတာတွေကလည်းအထင်နဲ့ မှန်းတုတ်ထားတာတွေဖြစ်တဲ့ အတွက်... မှန်းတုတ်ရမ်းတုတ်တွေ ပေါ်လွင်အောင်ပဲ ရေးပေးလိုက်တာပါ... ဆွေးနွေးတယ်ဆိုတာကတော့..... မဆွေးနွေးတာကောင်းပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့.. မင်းကရမ်းတုတ်တတ်တဲ့ အကျင့်နဲ့ စာရေးနေတာကို တွေ့ တယ်လေ..။

အဲဒါနဲ့ ပတ်သက်လို့ကတော့ အထူးအထွေ မပြောလိုပါ။ စာရေးတယ်ဆိုတာ မိမိအမြင်၊ မိမိ အတွေး၊ မိမိခံစားချက်ကို ပုံဖော်ရေးသားတာဖြစ်လို့ မှန်တာတွေ ပါသလို အမှားလဲ မည်သူမှ ကင်းမယ် မထင်ပါ။ ကျနော်က ရမ်းတုတ်ရေးသားနေလား၊ ကျနော်ခံစားရ မြင်တွေ့ရတာကို စိတ်ကူးပုံဖော်ရေးသားနေတာလားဆိုတာ ဖတ်သူက အကဲဖြတ်ပါလိမ့်မယ်။ ကိုမင်းမောင် ဒီလို ထင်တာကိုလည်း ` မထင်နဲ့ကွ၊ ငါရေးတာကမှ အမှန်´ လို့ မပြောလိုပါ။ ကြိုက်ချင်လဲကြိုက်နိုင်သလို မကြိုက်ချင်ရင်လည်း လွတ်လပ်စွာ မကြိုက်ခွင့်ရှိပါတယ်။ ကျနော်ရေးတာကို ကိုမင်းမောင်က `ရမ်းတုတ်နေတာ´ လို့ မြင်ပေမယ့် တခြားသောသူက သူ့ခံစားချက်နဲ့ ယှဉ်ပြီး နှစ်သက်ကောင်းနှစ်သက်နိုင်ပါတယ်။ ဒီတော့ ဒီအချက်ကို ကိုမင်းမောင် မဆွေးနွေးချင်သပဆိုလည်း သဘောပါပဲ။

အခုလိုပဲဘေးထိုင်ဘုပြောပြီးနေ..နေလည်းအေးဆေးပါ...။

ဒီစကားလေးကတော့ အတန်ငယ် ရင့်သီးတယ်လို့ ထင်လို့ ကန့်ကွက်ပါတယ်။ မိမိနဲ့ အမြင်မတူတာနဲ့ဘဲ ဘေးထိုင် ဘုပြောတယ်လို့ သတ်မှတ်တာ လူကြီးလူကောင်းတွေရဲ့ လုပ်ရပ်မဟုတ်ပါ။ ကိုမင်းမောင်ကို (အခုဆွေးနွေးနေတဲ့ အချိန်ထိ) လူကြီးလူကောင်း ပညာတတ်ကြီး တယောက်လို့ ကျနော်မြင်နေဆဲပါ။ ရုန်းပါ ကိုမင်းမောင်..။ တိုင်းပြည်ကြီးက ကိုမင်းမောင်တို့လို ပညာတတ်ကြီးတွေ ရုန်းလို့ ကောင်းလာရင် ကိုမင်းမောင်တို့ကို ဆန့်ကျင်တဲ့လူတွေကို ကျနော်က ထိပ်ဆုံးကနေ ပြန်ဆန့်ကျင်ပါမယ်။

နိဂုံးချုပ်ပြောရင် ကျနော် ဖိုရမ်ရေးလေ့မရှိပါ။ ရေးရင်လည်း စတာ နောက်တာတွေသာ ရေးတာ များပါတယ်။ ဖိုရမ်တွေမှာ ဟိုတော့ပစ်အောင် ငြင်းလိုက်၊ ဒီတော့ပစ်အောက် ငြင်းလိုက်လုပ်ပြီး လူတွေနဲ့ သဟဇာတ မဖြစ်တာကို မလိုလားတာကြောင့်ပါ။ ဒီတော့ပစ်ကိုတော့ တော့ပစ်ဖွင့်ရခြင်း ရည်ရွယ်ချက်နဲ့ တော့ပစ်အောက်မှာ အားဖြည့်ရေးသားသူ ညီအကို မောင်နှမတွေ အားလုံးကို လေးစားချစ်ခင်စိတ်နဲ့ လာရောက်ပူးပေါင်းပါတယ်။ အခုလို အချေအတင်ဖြစ်ရလို့ တော့ပစ်ရဲ့ မူရင်းရည်ရွယ်ချက်အောက်ကနေ သွေဖည်သွားမှာကိုတော့ မလိုလားတဲ့အတွက်.. ဒီလောက်ပါပဲ။

ကလိုစေးထူး


ကိုကလိုစေးထူး...

ကျနော်တို့ ကောင်းကောင်းမွန်မွန် ဆွေးနွေးကြတာပေါ့...... ပထမဦးဆုံး ကျနော်ပြောချင်တာကတော့.... ကိုကလိုစေထူးရဲ့. အမြင်ဖြစ်တဲ့ စစ်ဘက်နဲ့ အရပ်ဘက်ဆိုတဲ့ ခွဲခြားချင်တဲ့စိတ်ကို အရင်ဖျောက်လိုက်ပါဦး.. ဒါမှကျနော်တို့တွေ ကောင်းကောင်းမွန်မွန် ဆွေးနွေးလို့ ရမယ်..။ ကျနော်တို့ တွေအားလုံး
မြန်မာနိုင်ငံသား လူငယ်တွေ.. တိုင်းပြည်ကိုချစ်ကြတဲ့ သူတွေ
ကြိုးစားချင်စိတ် အပြည့် ရှိတဲ့ သူတွေချည်းပါပဲ။ ဒါကိုတော့
အပြန်အလှန်ယုံကြည်မှရမယ်..
ကျနော်အပေါ်က.. စကားလုံးမာမာတွေနဲ့ ရေးထားပြောထားတာကလည်း. ဒီလိုမျိုးခွဲခြားမှုကို လက်မခံလို့ ရေးထားတာ....


ဒီလိုမျိုး အုပ်စုကွဲစရာမလိုပါဘူး...။ အဲလိုလူငယ်တွေ.
အခုကတည်းကအုပ်စုကွဲပြီး
အပြန်အလှန် တိုက်ခိုက်နေကြရင်... ဘယ်သူမှလည်းအကျိုးမရှိပါဘူး.....။ အခုဟာက ဘယ်သူက
တိုင်းပြည်ကိုပိုချစ်တယ်.. ဘယ်သူကတော့ ညာဝါးနေတယ်လို့ ဆိုလိုနေတာ မဟုတ်ပါဘူး.... ခွဲခြားမှုတွေလုပ်နေပြီး.... ရိချင်တာတိုက်ခိုက်ချင်တာ. ဒါတွေကိုမဖြစ်စေချင်တာပါ....။

ကိုကလိုစေးထူးပြောတဲ့ စကားလိုပေါ့... ဒီကောင်လေးကစစ်တပ်ကဖြစ်လို့.... ဒီကောင်လေးပြောတဲ့ စကားဟာ တပ်မတော်ကိုယ်စားပြုတယ်လို့ ယူဆတယ်ထားပါတော့.. အဲလိုမျိုးလည်းယူဆပြီးရေးတယ်လို့ ကျနော်သိပါတယ်... ဒါကြောင့်သာလျှင်....စစ်ကျောင်းတွေမှာ သင်တာလား.... ၀ါဒတွေပဲရိုက်သွင်းခံရတာလားလို့ စမ်းတ၀ါးဝါးရေးမှုကိုတွေ့ ရပါတယ် အမှန်ကတော့... စစ်ကျောင်းတွေမှာ..... အဲလိုမျိုးလုံးဝမသင်သလို.. ဘာဝါဒမှလည်းရိုက်သွင်းတာလည်း မရှိပါဘူး.။ ဒီကောင်လေးဒီလိုပြောလို့ စစ်တပ်ကကောင်တွေ မိုက်ရိုင်းတယ်လို့ စွပ်စွဲရင်မှန်ပါ့မလား..။

ဥပမာ..ကျနော်ကတော့ ဗိုလ်ချုပ်အောင်ဆန်းကောင်းကြောင်း ပြောနေတယ်... ဒီကောင်လေးက.. မကောင်းကြောင်းပြောနေတယ်... ဟုတ်ပြီ.. ခင်ဗျားယူဆတာက... ကျနော်ကောင်းကြောင်းပြောတာသည်... ကိုယ်ပိုင်အသိရှိလို့.......ဟိုကောင်လေးပြောတာကျတော့...ရိုက်သွင်းခံထားရလို့ ဒီလိုဖြစ်နေတယ်...။

နေရာတိုင်းမှာ အသုံးမကျတဲ့သူရှိတယ်. ကျတဲ့သူရှိတယ်.. အမြင်အမျိုးမျိုးရှိနိုင်တယ်.. ကြိုက်တဲ့ သူရှိနိုင်တယ်. မကြိုက်တဲ့ သူရှိနိုင်တယ်.... ဒီတစ်ယောက်ဒီလိုပြောတာနဲ့ တပ်မတော်ကြီးမှာရှိတဲ့ သူတွေဒီလိုလား..... ဆိုပြီး သိမ်းကြုံးပြီးပြောစရာ မလိုအပ်ဖူးလို့ ယူဆပါတယ်...တစ်ကယ်လို့ အရပ်သားတစ်ယောက် ဒီလိုပြောနေပြီဆိုရင်ကော.... ပြောချင်ပြောနေမှာပါပဲ.. နောက်ပြီး...အဲကောင်လေးအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို မကြိုက်ဘူးပြောပိုင်ခွင့်ရှိတယ်နော်... ဒါကိုသွားတားလို့ မရဘူး....။ ဒါသူ့ လွတ်လပ်ခွင့်.. ဒီလိုပြောလို့ ဒီကောင်လေးနှင့်တကွသော.. တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေကို အတူတူဆိုပြီးရောချနေတာကို.... လက်မခံတာ.။ ဒီကောင်လေးရဲ့ ပျော့ကွက်ကိုတပ်မတော်သား... တွေအကုန်လုံးရဲ့ ပျော့ကွက်အဖြစ်နင်းပြီး တင်ပြနေတဲ့ ပုံစံကိုလက်မခံတာ.... အဲတာကြောင့် နာမယ်အတိအကျ ရေးခိုင်းတာ..ခင်ဗျားအနေနဲ့ နာမယ်မရေးပဲ ပြောတော့... ကျန်တဲ့ တပ်မတော်သားတွေ ထိခိုက်တယ်...နောက်ပြီး ခင်ဗျားသိတယ်ဆိုတာ.. သူများတစ်ဆင့်ပြန်ပြောလို့ သိတာ.... နောက်ပြီး ဒါဟာတပ်မတော်တစ်ခုလုံးရဲ့ အမြင်မဟုတ်ဘူး.... ခင်ဗျားတို့ မိသားစုလေး ရှိပြီထားပါတော့........ ခင်ဗျားညီပြောတဲ့ စကားလုံးတွေဟာ.. ခင်ဗျားအဖေရဲ့ အမြင်မဖြစ်နိုင်ပါဘူး.. .သူလည်းသူပြောချင်ရာ ပြောမှာပဲ...ဒါတောင် မိသားစုပဲရှိသေးတယ်.. နောက်ပြီးတပ်မတော်ဆိုတာ. မတစ်ရာသားနဲ့ ဖွဲ့ စည်းထားတာ.. အမြင်ဆိုတာတစ်ယောက်နဲ့ တစ်ယောက်မတူနိုင်ဘူး.။ စစ်စည်းကမ်းနဲ့ တစ်သွေးတစ်သံ တစ်မိန့် ဆိုတဲ့ နေရာမှာ.... အတွေးအခေါ်မပါဘူး..။ ဒါကိုခွဲခြားတတ်ဖို့ လိုအပ်ပါတယ်...။

နောက်ပြီးခင်ဗျားတို့ ပိုက်ဆံတွေနဲ့ ကျနော်တို့တွေ ကျောင်းတက်နေရတယ်ဆိုတဲ့ အပြောမျိုးနဲ့ ဂုဏ်မဖေါ်ပါနဲ့.... ခင်ဗျားပိုက်ဆံ ဘယ်လောက်ပေးရလဲ ကျနော်ပြန်အမ်းပေးလိုက်မယ်...။ ဒီလိုမျိုးအပြောတွေကို သဘောမကျတာပါ...။ ဥပမာ..ကျောင်းဆရာတွေ... စာသင်နေတယ်.. သူတို့ကို နိုင်ငံတော်ကလစာပေးတယ်.. သူတို့တွေလည်း ပြည်သူတွေရဲ့ ထမင်းကိုစားနေရတာပဲလေ.. ဒီလိုပဲအပြန်အလှန်ရှိတယ်.. သူတို့ ကြောင့် ပြည်သူတွေစာတတ်တယ်... ပြည်သူတွေကသူတို့တွေကို လစာပေးတယ်... ဒါပေမယ့်.. ဘယ်နိုင်ငံရဲ့ အစိုးရမဆို... နိုင်ငံပိုင်စီးပွားရေးဆိုတာ လုပ်ရပါတယ်....ခင်ဗျားတို့ ဆီက အခွန်ကောက်တယ်ဆိုတာ..... အစိုးရလခစားတွေ အကုန်လုံးအတွက် မလောက်ပါဘူး.... အခုလည်းကျနော်တို့ တွေ ကာကွယ်ရေးမှာ တာဝန်ထမ်းဆောင်နေတယ်.. ပြည်သူတွေကျနော်တို့ ကြောင့် အေးအေးဆေးဆေးနေရတယ်.. .ဒါအပြန်အလှန်ပဲ.... ကျနော်တို့ တွေ တစ်ခါတစ်ရံ အသက်ပေးလိုက်ကြရတယ်.. ဘယ်အရာကမှ.. အသက်တစ်ချောင်းထက် တန်ဖိုးမကြီးပါဘူး... တပ်ထဲဝင်မှ နိုင်ငံတော်ချစ်တယ်လို့ ကျနော်မပြောထားပါဘူး... အဲလိုလည်းမသတ်မှတ်ပါဘူး...။ ကျနော်ဦးတည်တာသည်..... မကောင်းတာလုပ်တဲ့ သူတစ်ဦးတစ်ယောက်ကိုတိတိကျကျဖေါ်ထုတ်ပါ.... ဒါဟာစောင့်စည်းတာမဟုတ်ပါဘူး... ကိုယ့်ရဲ့ မတိကျမှုကြောင့်... တခြားသူတွေပါ သို့ လောသို့ လောထင်စရာတွေ ဖြစ်စေနိုင်ပါတယ်..။ ဒီလိုမိုက်ရိုင်းတဲ့ ( ခင်ဗျားအမြင်အရ ) သူကိုမဖေါ်ထုတ်တော့ ကျန်တဲ့သူတွေပါ ဒီလိုလားဖြစ်နေတယ်.. နောက်ပြီးခင်ဗျားက စစ်ကျောင်းတွေပါ လှမ်းထိခိုက်ထားတယ်...။ ခင်ဗျားကပုဂ္ဂိုလ်ရေးကိုတော့ မထိခိုက်ပါဘူး.... တပ်မတော်တစ်ခုလုံးက အရာရှိတွေကိုမွေးထုတ်ပေးတဲ့ ကျောင်းတော်တွေ ကိုထိခိုက်တယ်....။ ကဲအဲတော့ခင်ဗျားရဲ့ ရေးသားမှုကို စဉ်းစားကြည့်...။ တပ်မတော်ဆိုတာရှိနေလို့ ကျနော်တို့ ရှိနေတယ်..ကျနော်တို့ ရှိနေလို့ တပ်မတော်ဆိုတာရှိတယ်.. ဒါဟာခွဲခြားလို့ မရဘူး..။ အပြန်အလှန်မှီတည်တယ်.. ခင်ဗျားကစကားလုံးကိုပြောင်းသုံးတယ်.. တပ်မတော်ကိုချစ်ပါတယ်.. လက်ရှိတပ်မတော်မဟုတ်ဘူး ဆိုပြီးရေးတယ်... အရင်က တပ်မတော်သားတွေလည်း.. တစ်ခါပဲ သေပေးခဲ့ကြတာပါ.. ကျနော်တို့ လည်း.. လိုအပ်ရင် တစ်ခါသေပေးရမှာပါပဲ... အသက်တွေချင်းအတူတူပါပဲ..။ ခင်ဗျားတို့ ကကြားထဲ ကနေသူများရဲ့ အသက်တွေကို တန်ဖိုးမဖြတ်ချင်ကြပါနဲ့....ခင်ဗျားတို့ ၀င်သေပေးရတာမဟုတ်ပါဘူး..။ အဲလိုပဲ..အပြန်အလှန်မှီတည်နေတဲ့ နိုင်ငံဝန်ထမ်းများနဲ့ ပြည်သူတွေရဲ့ ကြားထဲမှာမှ..ခင်ဗျားရဲ့ ပိုက်ဆံဘယ်လောက်များပါနေသေးလဲပြောပါဦး..။ ကြားထဲက ဟုတ်သလိုလိုရှိတဲ့ စကားလုံးတွေနဲ့ ၀င်ပြီးဂုဏ်မဖေါ်ချင်ပါနဲ့...။ ဒီလို အပြန်အလှန်ဂုဏ်ဖေါ်နေတာတွေက. ...မတိုးတက်ပါဘူး..။

ခင်ဗျားဒီလိုမျိုးရေးလိုက်တဲ့ အတွက်... လူငယ်တွေချင်းကြားမှာ.. အမြင်စောင်းမယ်.. အုပ်စုကွဲမယ်.. အပြန်အလှန်ဂုဏ်ဖေါ်လာကြမယ် အနာဂါတ်အတွက်အကျိုးယုတ်တယ်.... မကောင်းတဲ့သူကို မဖေါ်ထုတ်တဲ့ အတွက်... ကောင်းတဲ့ သူတွေအချင်းချင်းပါ.. .စိတ်တွေငြိုငြင်လာကြမယ်... အခုတောင် ဒီတော့ပစ်အောက်ကို ၀င်ဖတ်မိပြီး.. အုပ်စုဘယ်လောက်ကွဲနေပြီလည်း မသိဘူး..။ အဲတော့ဒါမျိုးတွေ တိတိကျကျမရေးပဲ... လက်ရှိတပ်မတော်တစ်ခုလုံးကို ထိခိုက်အောင်ရေးခြင်းသည်......မကောင်းမှုကိုပဲဦးတည်လို့ မြင်သာအောင် လာရေးပေးတာပါ..။

အချက်အလက်တွေနဲ့ ပါတ်သပ်လို့ကတော့. ကိုကလိုစေးထူးပြောတာတွေဟာ တိကျတဲ့ အချက်အလက်တွေ အဖြစ်ကျနော်မမြင်မိပါဘူး..။ နောက်တစ်ခုက.. ကျနော်ဆွေးနွေးရေးသားရင်... တစ်ဘက်ကိုရိပြီး မရေးတတ်ပါဘူး... တည့် တည့် ဒဲ့ ပြောပြီးပဲရေးတတ်ပါတယ်..။

ကိုမင်းမောင်


ဖိုရမ်မှာ ပြောခဲ့ဆိုခဲ့ကြတာတွေကတော့ အဲဒီလောက်ပါပဲ။ ဒီတော့ အဲဒီ ဆွေးနွေးချက်တွေကို အခြေခံပြီး ကျနော် ပြန်လည် ဆွေးနွေးပါမယ်။

အရင်ဆုံး ပြန်လည်ဆွေးနွေးမှာကတော့ အားလုံးဟာ နိုင်ငံကို ချစ်ကြတဲ့လူတွေချည်းပါပဲ ဆိုတဲ့ အချက်ပါ။ လုံးဝဥသုံ ယုံကြည်ပါတယ် ကိုမင်းမောင်။ ဒါပေမယ့် ချစ်နေကြတဲ့ ပုံစံခြင်း၊ အနှစ်သာရခြင်းကတော့ မတူကြပါဘူး။ ဘာကြောင့်ပါလဲ…။ အမြင်မတူကြလို့ပါ။ အယူအဆ မတူကြလို့ပါ။ အတွေးအခေါ် မတူကြလို့ပါ။ အဲဒီလို မတူကွဲပြားခြင်းဟာ စစ်သားဖြစ်ခြင်း၊ အရပ်သား ဖြစ်ခြင်းနဲ့ မဆိုင်ပါ။ ဒီတော့ အမြင်မတူကြတဲ့ အလျှောက် ချစ်ကြတဲ့ ပုံစံကွာပါတယ်။ ဒါဟာ ခွဲခြားပြောစရာ မလိုသလို သူ့အလိုလိုကိုက ကွဲပြားနေနှင့်ပြီးသားပါ။ တိုက်ခိုက်လိုစိတ် အလျဥ်းမရှိပါ။ ဒဲ့ပြောဆိုလို့ ပြောပါမယ်။ အနာပေါ် တုတ်ကျသွားတာ ဆိုရင်တော့လဲ မတတ်နိုင်ပါ။

ကိုမင်းမောင်ဟာ စစ်သားဖြစ်တဲ့အတွက် စစ်တပ်အထာကို သိပြီးဖြစ်မှာပါ။ စစ်တပ်မှာ တပ်သားသစ်သင်တန်း ဖြစ်ဖြစ်၊ ဗိုလ်သင်တန်းဖြစ်ဖြစ် စစ်သင်တန်းတွေမှာ တပ်စုတခု၊ ဒါမှ မဟုတ် တပ်ခွဲတခုက သင်တန်းသား တယောက်ယောက်က အပြစ်ကျူးလွန်ရင် ဘာဖြစ်လို့ အဲဒီ တပ်စု၊ တပ်ခွဲ တခုလုံးကို အပြစ်ပေးပါသလဲ..?။ အဖြေက အရှင်းလေးပါ။ တယောက်အပြစ်လုပ်တာဟာ အဲဒီတယောက်တည်းနဲ့ မပြီးပါဘူး။ သူပါဝင်ပတ်သက်နေတဲ့ အစုအဖွဲ့ကိုပါ ထိခိုက်ပါတယ်။ အနည်းနဲ့ အများ ကိုယ်စားပြုပါတယ်။ သူ့တယောက်အတွက်နဲ့ ကျန်တဲ့လူတွေကို မထိခိုက်စေချင်လို့ အားလုံးက ၀ိုင်းဝန်းထိန်းသိမ်းစေချင်တဲ့ တာဝန်ယူမှုကို သိအောင် အပြစ်ပေးပါတယ်။ `စစ်တပ်ထဲမှာ တယောက်မကောင်း အများပဲကွ´ လို့ စစ်သားတွေ ပြောလေ့ ရှိတာကိုရော ကျနော်က စမ်းတ၀ါးဝါးပြောနေတယ်လို့ မျက်စိ စုံမှိတ် ငြင်းချင်သေးရင်တော့လည့်း မတတ်နိုင်ပါ။

အဲဒီတော့ ထိုပုဂ္ဂိုလ်လေး ပြောတဲ့ စကားဟာ တပ်မတော်ကို အနည်းနဲ့ အများ ကိုယ်စားပြုပါတယ်။ နောက်တခုက ကျနော်က `တပ်မတော်မှာ ရှိတဲ့လူတွေက ဒီလိုလူစားတွေလား´ လို့ သိမ်းကြုံးမပြောခဲ့ပါ။ စာအသွားအလာကို စေ့စေ့ငငဖတ်ပါ။ အဲဒီကောင်လေး ဒီစကားတွေ ပြောလာရခြင်းရဲ့ အကြောင်းရင်းကို ကျနော်တို့ နိုင်ငံရဲ့ လက်ရှိအနေအထားနဲ့ တည်မှီပြီးတော့ Analysis လုပ်၊ ရေးသားကြည့်တာပါ။ ဖတ်မိသူ တော်တော်များများကလည်း ကျနော် တပ်မတော်ကို ပုတ်ခတ်တယ်လို့ မမြင်ပါ။ အောက်က ကွန်မန့်တွေကို ကြည့်ရင်သိနိုင်ပါတယ်။ အဲဒီကောင်လေး Brain wash အလုပ်ခံရတယ်လို့သာ မြင်ကြတာကို တွေ့မှာပါ။ ကိုမင်းမောင် တဦးတည်းက တပ်မတော်ကို ကျနော်က ပုတ်ခတ်နေတယ်လို့ မြင်နေတာကတော့ စဉ်းစားစရာပါပဲ။

ကိုမင်းမောင် ဥပမာပေးသလို ကျနော်ကလည်း ဥပမာ ပြန်ပေးပါမယ်။ မိသားစု တခုထဲက ခပ်ဆိုးဆိုးကလေး တယောက်က အရပ်ထဲမှာ သောင်းကျန်း၊ အော်ဟစ် ဆဲဆိုနေပြီ ဆိုပါစို့။ ပထမ..၊ `ဒီကောင်လေး ရိုင်းလှပါလား´ လို့ လူတွေက သတ်မှတ်ပါတယ်။ ဒုတိယ `သူ့မိဘတွေက မဆုံးမဘူးလားမသိ´ လို့ ထပ်မံ သတ်မှတ်ပါမယ်။ ရိုးရိုးကလေးပါ။ `ငါ့သား ရိုင်းတာ ငါနဲ့ မဆိုင်ဘူး´ လို့ ပြောရင်တော့ ဒါဟာ တာဝန်မဲ့တဲ့ မိဘလို့ အရပ်က သတ်မှတ်ပါမယ်။

ကျနော်တို့ ပိုက်ဆံတွေကို ပြန်အမ်းချင်သပဆိုရင်တော့ ကိုမင်းမောင်ရေ..။ ကျနော့်တယောက်ထဲကို ပြန်အမ်းလို့ မရသလို ခင်ဗျားတယောက်ထဲက ပြန်အမ်းလို့လဲ မရပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သန်းပေါင်းငါးဆယ်သော ကျနော်တို့ ပြည်သူတွေရဲ့ ချွေးနှဲစာတွေကို မူးစု၊ ပဲစု စုပြီး ပေးထားရလို့ ပြန်အမ်းပေးလိုက်မယ်ဆိုတဲ့ အဲဒီစကားကတော့ ကလေးဆန်လွန်းပါတယ်။ ဂုဏ်ဖော်ပြောတာ မဟုတ်ပါ။ သိအောင် ထောက်ပြခြင်းသာ ဖြစ်ပါတယ်။

ပြည်သူတွေ ကျနော်တို့ကြောင့် အေးအေးဆေးဆေး နေနေရတယ်ဆိုတဲ့ စကားကိုတွေ့တော့ မပြုံးဘဲ ၀ါးလုံးကွဲသာ ရယ်လိုက်ချင်ပါရဲ့ ကိုမင်းမောင်ရေ။ ဒါကတော့ ကိုယ့်အဖွဲ့အစည်း၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို လုံးဝ အထင်ကြီးမှုကြီးလို့ မြင်ပါတယ်။ ပြောရက်ပါပေ့။။ ပြောထွက်ပါပေ့။

တပ်မတော်ကို ချစ်ပါတယ် (လက်ရှိတပ်မတော်ကိုတော့ မဟုတ်ပါ) ဆိုတာဟာ စကားလုံး ပြောင်းသုံးတာ မဟုတ်ပါဘူး။ ဗြောင်ပြောတာပါ။ မြန်မာ့လွတ်လပ်ရေးရဖို့ အသက်သွေးချွေးတွေ ကို ကိုယ်ကျိုးမငဲ့ဘဲ ပြည်သူကို အကာအကွယ်ပေးနေတဲ့ ဟိုတုန်းက တပ်မတော်နဲ့ လက်ရှိတပ်မတော်က လားလားမှ မဆိုင်၊ မတူ လို့ လက်ရှိတပ်မတော်ကိုတော့ မချစ်ရုံမက စက်ဆုပ်ပါတယ်။

အသက်တွေခြင်း တူတာ မှန်ပေမယ့် သေရခြင်းကတော့ မတူပါဘူး။ ဒါကိုလဲ ပြောပြီးပါပြီ။ ထပ်ပြောလိုက်ပါမယ်။ အမေရိကန်က ဗာဂျီးနီးယား တက္ကသိုလ်မှာ မကြာသေးခင်ကမှ ဖြစ်သွားတဲ့ ကိုရီးယားကျောင်းသားလေးက လူ ၃၂ ယောက်ကို သတ်ပြီး သူ့ကိုယ်သူပါ အဆုံးစီရင်သွားတာဟာ မြင့်မြတ်သော သေခြင်းမဟုတ်ပါဘူး။ အဓိပ္ပာယ်လဲ မရှိပါဘူး။ သေခြင်းမှာလည်း အမျိုးမျိုး ရှိပါတယ်။ ကျနော်ခွဲခြားပြောလို့ ကွဲပြားနေတာ မဟုတ်ပါဘူး။ သူ့အလိုလိုကိုက အဓိပ္ပာယ် ကိုယ်စီ ရှိနှင့်နေတာပါ။ အဲဒီတော့ တချိန်က တပ်မတော်သားတွေရဲ့ တိုင်းပြည်အတွက် အသက်ပေးပုံနဲ့ လက်ရှိတပ်မတော်သားတွေရဲ့ အသက်ပေးပုံ လားလားမှ မတူပါ။

ကျနော်ရေးလိုက်တိုင်း အမြင်တွေ စောင်းကုန်လိမ့်မယ်ဆိုတာကတော့ တခြားသော စာဖတ်သူတွေကို ကိုမင်းမောင်ရဲ့ အထင်သေးခြင်း တမျိုးပါပဲ။ လူတွေဟာ သူ့အသက်အရွယ်၊ သူ့ရပ်တည်ချက်နဲ့သူ ခွဲခြားပိုင်းဖြတ်နိုင်တဲ့ အသိဉာဏ် ကိုယ်စီရှိကြတဲ့ အတွက် ကျနော်ရေးတာက မှားနေသလား ကိုမင်းမောင်တို့ တပ်မတော်ကြီးက ကောင်းနေလားဆိုတာ သူတို့ ကိုယ်ပိုင်အသိနဲ့ ဆုံးဖြတ်ယူပါလိမ့်မယ်။ ကျနော်က ကျနော့်အမြင်ကိုရေးပါတယ်။ ဒီလောက်ပါပဲ..။

အပြန်အလှန်လေးစားမှုရှိသော ဆွေးနွေးချက်များကို ရင်ဖွင့်ကြိုဆိုလျက်..။


ကလိုစေးထူး


15 comments:

Anonymous said...

ဒီပို့စ်ကို ဖတ်ပြီး ဖိုရမ်တိုင်းမှာ လက်ဖ၀ါးကို တဖက်စီ ကနေ မြင်တတ်ကြတဲ့ ပုံစံပေါက်နေတယ်လို့ ခံစားမိပါတယ် ။

စစ်တပ်မှ လူတိုင်း မကောင်းတာမဟုတ်ဘူးဆိုတဲ့ ကိုမင်းမောင်ပြောတာကို လက်ခံနိုင်ပေမယ့် ၊ စစ်တပ်ကြောင့် မြန်မာပြည်သူပြည်သားတွေ အေးချမ်းစွာ နေထိုင်နိုင်တာ ၊ နိုင်ငံခြားရောက် မြန်မာနိုင်ငံသားတွေ အခွန်ကို ပြန်အမ်းမယ်လို့ ပြောတာတွေကိုတော့ လုံးဝ လက်မခံနိုင်ပါဘူး ။ အဲဒီ အကြောင်းအရာ၂ခုဟာ တကယ်ဖြစ်ပျက်နေတာကို သေချာ မကြည့်ရှုပဲ ပြောလိုက်တာပါပဲ ။

အနည်းဆုံး လူတယောက်ဟာ စင်္ကာပူနိုင်ငံမှာ ၁၅၀ဒေါ်လာ တစ်လကို အခွန်ဆောင်ရတယ် (ဒါဟာ စင်္ကာပူ အစိုးရကောက်တဲ့ တစ်နှစ်စာ အခွန်ငွေနီးပါးနဲ့ ညီမျှတယ်) ။ စင်္ကာပူမှာ ဗမာတွေ သောင်းနဲ့ ချီပြီး ရှိကြတယ် ။ ဒါတောင် စင်္ကာပူတနိုင်ငံတည်း ။ နိုင်ငံပေါင်းစုံက ဗမာတွေတွက် အဲလို အခွန်ပြန်အမ်းမယ်ဆိုရင်တော့ ကျွန်မတို့တတွေ အားလုံး ၀မ်းမြောက်ဝမ်းသာနဲ့ လက်သင့်ခံဖို့ အသင့်ပါလို့ ပြောပါရစေ ။ ဒါပေမယ့် အမ်းမယ်ဆိုတဲ့ စကားမပြောခင် ဘယ်လောက်အမ်းရမယ်ဆိုတာ professional accountant ခေါ်ပြီး စာရင်းဇယားလေးနဲ့ တွက်ချက်ကြည့်ပါဦး ။

အေးချမ်းသာယာပါတယ်ဆိုတဲ့ မြန်မာနိင်ငံမှာ လူတချို့ အမြဲတမ်း မကြာခဏ အိမ်မှ လာခေါ်ခြင်းခံရတာတို့ ၊ လုံးဝအိမ်ပြန်မလာနိုင်တာတို့ ဖြစ်တိုင်း ၊ လူပျောက်ဆုံးသွားသော တိုင်ကြားချက် ရဲစခန်းမှာ မဖွင့်ရဲတာ ဘာလို့ပါလဲ ။

ကိုကလိုစေထူးရဲ့ ပိုစ့်မှာ ကျွန်မရဲ့ ခံစားချက်တွေကို ရင်ဖွင့်မိတဲ့တွက် အနှောက်အယှက်ဖြစ်ခဲ့ရင် ဒီကွန်မန့်ကို ဖျက်ပစ်လိုက်နိုင်ပါတယ် ။

Thet Oo said...

သို့
ကိုစေးထူးမှတဆင့်

ရုရှမှ ဗိုလ်မင်းမောင်သို့

အခုမှ စစ်ဗိုလ်တယောက်နဲ့တွေ့ရလို့ အတော်ပဲ။ မေးချင်နေတာလေးတခုရှိနေလို့ပါ။ ပြီးခဲ့တဲ့ တပ်မတော်နေ့ စစ်ရေးပြ အခန်းအနားကို ပျဉ်းမနားကျပ်ပြေးနေပြည်တော်မှာ ကျင်းပတော့ စစ်ရေးပြကွင်းထိပ်က သစ်သားအရုပ်ကြီးသုံးရုပ်ဟာ လက်ရှိတပ်မတော်နဲ့ ဘယ်လိုများပတ်သက်နေပါသလဲ ဆိုတာ သိချင်ပါတယ်။

သက်ဦး (ဒိန်းမတ်နိုင်ငံ)

Anonymous said...

After reading this post, I would like to share the experience I had got when I was quite young. I have been born and brought up from a military family. During 88, I have watched a video showing that ppl were killing each other before military took over and built a peaceful nation. Can you guys believe that we were forced to see this video in every evening as my family lived in military compound? That time, I was really thanked to military gov saving the life of the country. Don’t you think it was kind of brainwash? In that case, I am just only part of the military family. And I couldn’t imagine how the soldiers were trained.

P.S this is just my point of view to the military where my father worked for. Forgive me if it hurts someone. And can be deleted anytime.

NA said...

စစ်တပ်ထဲက လူတော်တော်များများမှာ သူတို့မှ တိုင်းပြည်ချစ်တယ်၊ စွန့်လွှတ် အနစ်နာခံတယ်ဆိုတဲ့ အတွေးရှိကြတယ်။ ဒါတော့ ကိုယ့်ဟာကို အကောင်းမြင်တတ်တာ လူ့သဘာဝပါ။ ဒါပေမယ့် ကိုယ့်ကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းက ဘာတွေလုပ်နေသလဲ၊ ကိုယ့်ရဲ့ ဘော့စ်က ဘာတွေလုပ်နေသလဲ ကြည့်ရင်မြင်နိုင်ပါတယ်။ တပ်မတော်သားတွေ အမြင်ရှင်းရှင်းနဲ့ မြင်နိုင်ကြပါစေပေါ့။ စစ်အာဏာရှင်စနစ် ဖျက်ပြီး သူတကာနိုင်ငံတွေလို ပုံမှန်စီမံကြဖို့က ပြည်သူတွေရဲ့ တာဝန်ပါ။ အကြောက်တရား ကင်းကင်းနဲ့ ကြိုးစားကြဖို့ပါပဲ။

A random thoughts of a Burmese man said...

ဟီ...ဟိ ပိုက်ဆံ ပြန်အမ်းမယ်ကြားလို့ လာတန်းစီတာ ဟို စစ်ဗိုလ်ဆိုတဲ့ လူဗျာ သူ ကျနော်တို့ ဆောင်ထားတဲ့ မဟားတရား အခွန်တွေကို ပြန်အမ်းမလို့ဆို..............

Anonymous said...

ဒီပို့စ်နဲ့တော့မဆိုင်ပါဘူး..သူငယ်ချင်းတစ်ယောက်ပြောတာကိုအမှတ်ရလို့ပါ..ကလိုစေးထူးကရောက်ရာနေရာရန်ဖြစ်တတ်တယ်..ကလောင်သွားများပိုပြီးထက်အောင်သွေးနေသလားလို့...အောက်မေ့မိပါတယ်.no offence to anyone.

ကလိုစေးထူး said...

ကျနော် အထူး သဘောကျမိတာ ရှိပါတယ်။ ကျနော်တင်တဲ့ ပို့စ်ကို ဖတ်ပြီးတော့ ဒေါသတကြီးနဲ့ ရင့်သီးစွာပြောဆိုတဲ့ ဒီမိုကရေစီ လိုလားသူ တယောက်မှ မရှိတာပါ။ မိမိခံစားချက်ကို သိမ်မွေ့စွာ ဖော်ပြကြတာကိုသာ တွေ့ရပါတယ်။ တကယ်ကို လေးစားပါတယ်။ အမည်မသိတယောက် မေးတာကိုလည်း လေးစားစွာ ဖြေပါမယ်။ လူဆိုတာ ချစ်သူ၊ မုန်းသူ နှစ်ဖြာရှိတဲ့ အတွက် မုန်းသူနဲ့ ရန်ဖြစ်ကောင်းလဲ ဖြစ်တတ်ပါတယ်။ ဒါကို ဘာမှ အထွေအထူးမပြောလိုပါ။ မိတ်ဆွေရဲ့ သူငယ်ချင်းပြောတာ ဟုတ်ကောင်းလဲ ဟုတ်နိုင်ပါတယ်။ ကြိုက်သလို လွတ်လပ်စွာ ထင်နိုင်ပါကြောင်း.။

ကလိုစေးထူး

Unknown said...

ဒါပေါ့ကိုကလိုစေးထူးရဲ့
ဝက်ကြီးတွေဗျာ နားမလည်ရှာဘူး
ပတ္တမြားဂူကိုဘဲ ထိခိုက်ချင်နေတယ်
သူတို့ခမျာသနားစရာပါ

Anonymous said...

ဖတ်ပြီးတော့ မသက်မသာ ခံစားမိပါတယ် .. အင်တာနက်စာမျက်နှာပေါ်မှာ လွတ်လပ်စွာနဲ့ မိမိရဲ့အတွေးတွေကို ဖလှယ်ကြ ၊ ဆွေးနွေးကြတာကို အတင်းတုတ်တယ်လို့ သတ်မှတ်တာတော့ လုံးဝ လက်မခံနိုင်ပါဘူး ... ဥပမာ ပြောရမယ်ဆိုရင် အင်တာနက်စာမျက်နှာပေါ်ကနေ အခွန်နှစ်ထပ်ကွမ်းမဆောင်ရရေး လှုပ်ရှားမှုတွေကို လူတွေက သိလာကြတယ် .. မိမိအသိုင်းဝိုင်းမှာ ပြန်လည်ဖြန့်ဝေကြတယ် .. ဒီလိုမျိုးပေါ့ သူ့နေရာနဲ့သူ အားလုံးက အသုံးဝင်ပါတယ် ... တပ်မတော်ကို ဘယ်သူမှ မစော်ကားပါဘူး .. ဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့ တပ်မတော်က လွန်စွာ သန့်ရှင်းဖြူစင်ပါတယ် .. တပ်မတော်ကို ခုတုံးလုပ်ထားတဲ့ အာဏာရှင်ကိုသာလျင် လူတွေက အလိုမရှိတာပါ.. ပြည်သူအပေါ်ကိုလေးစားပြီး တိုင်းပြည်အတွက် တကယ်ကို ကောင်းစေချင်တဲ့ အစိုးရဆိုရင် ပြည်သူတွေ ရင်ဖွင့်သံ ၊ လွတ်လပ်စွာပြောဆိုဆွေးနွေးခွင့် ၊ လွတ်လပ်စွာ တင်ပြပိုင်ခွင့် ၊ တရားမျှတသော ဥပဒေ ... အစရှိသဖြင့် အားလုံးကို ဆောင်ရွက်ပေးရမှာပါ ... လူဆိုတာ ကိုယ့်အမြင်နဲ့ကိုယ်ရှီပါတယ်.. တိုင်းပြည်အတွက် အခုချိန်မှာ တကယ်ပေးဆပ်မယ့် တပ်မတော်သားတွေလည်း ရှိချင်ရှိမှာပါ... ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးတောင်ပုပ်ရပါသေးတယ် ... တစ်လှေလုံးပုပ်နေတဲ့ ငါးတွေထဲမှာမှ ကောင်းတဲ့ငါး တစ်ကောင် နှစ်ကောင်ကို လူမမြင်တာ ဆန်းကြယ်တဲ့ကိစ္စမဟုတ်ပါဘူးရှင် ..

Anonymous said...

တစ်ပတ်ကျော်နောက်ကျနေပေမယ့်
စိတ်ဝင်စားမိတဲ့အတွက်ကော်မန့်တင်ချင်ပါတယ်။
ကိုမင်းမောင်လိုတပ်မတော်မှတာဝန်ရှိသူများ
အင်တာနက်ထဲမှာစိတ်ဝင်တစားဆွေးနွေးမှုများကို
ကြိုဆိုပါတယ်ရှင်။
ကိုမင်းမောင်တို့လိုလူကောင်းများ
တပ်မတော်ထဲမှာ
ရှိနေမယ်ဆိုတာလည်းသံသယမဖြစ်မိပါ။
ကျွန်မတိုက်တွန်းချင်တာကတော့
ပြည်သူအားလုံးရဲ့အသံများကိုနားထောင်
ပေးစေလိုပါတယ်။

လက်ရှိတိုင်းပြည်မှာဖြစ်ပျက်နေသည်
များကိုလည်းသာမန်ပြည်သူ
တစ်ယောက်ခံစားရသလိုခံစားနားလည်
ပေးစေလိုပါတယ်။

ကိုယ်ရဲ့အနီးအနားမှာရှိနေတဲ့တပ်မတော်မှ
လူဆိုးလေးများကိုလည်းကိုယ်တတ်နိုင်သလောက်
စည်းရုံးတည့်မတ်ပေးစေလိုပါတယ်။

တပ်မတော်ကလည်းတပ်မတော်ကျွမ်းကျင်ရာ
နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများလုပ်ကြရမှာပါ။
နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများကိုစနစ်တကျ
လေ့ကျင့်ထားသူများသာလုပ်နိုင်တာမို့သာမန်ပြည်သူ
များဝင်ရောက်မလုပ်နိုင်ကြပါ။
【ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်များကို
အမှန်တကယ်ကာကွယ်ရင်းကျဆုံးသွားပါက
ကောင်းရာသုဂတိလားပါစေကြောင်းဆုတောင်း
ပေးကြမှာပါ။】

အဲဒီလိုပဲတပ်မတော်က၊မကျွမ်းကျင်သော
တိုင်းပြည်အုပ်ချုပ်ရေး၊ စီးပွားရေး၊ ပညာရေး
နည်းပညာနဲ့စက်မှုဖွံ့ဖြိုးရေးစသည်များကိုလည်း
ပြည်သူများထဲမှကျွမ်းကျင်သူများကလုပ်ကြရမှာပါ။

အဲဒီလိုဆိုရင်ကျွန်မတို့တိုင်းပြည်လညှ်းုဖွံ့ဖြိုးတိုးတက်
လာမှာအမှန်ပါ။

I would like to reply “loimwethu” message from here.

Basically, your thinking seems correct. Since you were
quite young at that time, you might not think other ways round.

Eg. Military might involve in 88’s serious situation.
(Military might make ppl to kill each other because they must use it as propaganda in coup d’e tat . I mean, Military could create a reason of unstable situation to take control over Myanmar).

Sometime, even if you thought a matter is correct, there may be many possible rationales (which against the correct factors) behind it.

Even after Military built peaceful nation, why did they not go back to Army? If Military do not (not) think other ppl could handle well for our country, do they also really think, they are doing very well? If so, why is our country far left behind than other countries?

So, as I mentioned above (in mm language), I think, everybody must listen many ppl’s voices. And we must read/study more and more about other countries situation, what do other countries think of Myanmar, what are real things in Myanmar and etc.

I think, only Military govt’s propaganda’s media (newspaper, TV and whatever) does not make any sense to you to know our country’s real situation.

Anonymous said...

လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်က ကျမနဲ့ ခင်တဲ့ စစ်သားတယောက်ကို မေးခွန်းတခု မေးခဲ့ဖူးပါတယ်။
“တဖက်မှာ အုပ်ချုပ်တဲ့သူတွေ (သူ့ရဲ့ အထက်လူကြီးအပါအ၀င်) ရှိတယ်ပေါ့၊ ကျန်တဖက်မှာက ပြည်သူလူထု တွေ ကျောင်းသားတွေ ရှိတယ်။
ဆိုပါစို့ … အထက်က အမိန့်ပေးတယ် … ဒီလူတွေ (ပြည်သူလူထုနဲ့ ကျောင်းသားတွေ) ဟာ လူဆိုးတွေဖြစ်တယ် … အချုပ်အချာ အာဏာကို နှောက်ယှက်ဖျက်ဆီးနေတဲ့ ရန်သူတွေဖြစ်တယ်…. သူတို့ကို ပစ်ရမယ် ဆိုရင် …. ပစ်မလား။ တကယ် မဟုတ်ဘူး ဆိုတာလည်း ကိုယ်က သိနေတယ်နော် …. အဲဒါဆို ပစ်မှာလား”
“ပစ်ရမှာပဲ …. ကျနော်တို့ စစ်သားဆိုတာ အထက်က အမိန့်ကို လွန်ဆန်လို့ မရဘူး”
အဲဒီအဖြေကို ကြားရတာ ကျမ တော်တော်လေး စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ ဒီလူဟာ ငါးခုံးမအပုပ်လား … အကောင်းလား။ ကျန်တဲ့စစ်သားတွေရော … ဘယ်လိုများ ဖြေကြမလဲ။ ကျမ တွေးနေမိပါတယ်။

နိုင်ငံတခုမှာ တပ်မတော်ဆိုတာ လိုအပ်တဲ့ အဖွဲ့အစည်း ဟုတ်ပါတယ်။
ဒီတပ်မတော်ဟာ ဘယ်သူ့အတွက်လိုအပ်တာလဲ။ အုပ်ချုပ်သူတွေ အာဏာမြဲဖို့လား၊ ပြည်သူလူထု အေးချမ်းသာယာစွာ နေထိုင်ဖို့လား။
ပြည်သူတွေဟာ စစ်သားတွေကြောင့် အေးအေးနေရတယ် ဆိုတာလည်း ဟုတ်မှ ဟုတ်ပါရဲ့လား။
***
ဓားသွားထက် - ကလောင်သွား ထက်သတဲ့။
ကလောင်ကိုင်ပြီဆိုမှဖြင့် ထက်အောင် သွေးနေတာက အကောင်းဆုံးပါပဲ။
မဟုတ်မခံသူကို ရန်လိုတတ်သူလို့ အပြောခံရတတ်တယ်။
သည်းခံပြီး ပြန်မပြောသူကို ဟုတ်လို့ငြိမ်နေတာလို့ ပြောကြပြန်တယ်။
ဒါတွေက လူ့သဘာဝတွေပါပဲ။

မတရားတာတွေ၊ မှားတာတွေကို ကလောင်လက်နက် ခပ်ထက်ထက်နဲ့ ဆက်လက် တိုက်ပွဲဝင်နိုင်ပါစေ လို့ ဆုတောင်းလိုက်ပါရဲ့ ကိုသံလွင်။

သစ္စာ | သ​စ်စာ said...

ကိုမင်းမောင်,
ဒီက လူတွေက တပ်မတော်ကို အပုတ်ချစေလိုတဲ့ ရည်ရွယ်ချက်တွေမပါပဲ ထောက်ပြတဲ့ သဘောပါ။ အနာပေါ် ဒုတ်ကျ စရာမလိုပါဘူး၊ ဘယ်သူက မှ ကောင်းတယ်လို့ အပြောမခံရတာ ဘာကြောင့်ပါလဲ စဉ်းစားပါ။ ကောင်းစေလို လို့ထောက်ပြနေတာပါ။ီးကနေစစ်တပ်မှ တပ်သားက နေ ဗိုလ်၊ ဗိုလ်ချုပ်မှုးကြီး အထိ ဘယ်နှစ်ယောက်က နိုင်ငံတော် အတွက်လုပ်နေပါလဲ? စဉ်စားပါ။ ဘယ်သူက စစ်တပ်ထဲကိုဒီကနေ့မှာ မိမိဆန္ဒနဲ့ ၀င်နေပါလဲ။
၁.တပ်သားတွေအများစုမှာ ရပ်ကွက်မနိုင်၊ မိ မနိုင်၊ ဖမနိုင်လို့ စစ်တပ်ထဲရောက်နေသူတွေများသလို
၂. စစ်ဗိုလ် အများစု ဗိုလ်သင်တန်းတတ်ပြီးစစ်ထဲဝင်နေသူတွေ အများစုမှာ လစဉ်ပေးတဲ့လစာနဲ့ ဘယ်နှစ်ရောက် လောက်လောက် ဌ ဌ ရလို့ ဆိုင်းပြည်အတွက်လုပ်နေပါသလဲ။ ၁% တောင်မရှိပါဘူး၊ ပြည်သူကပေးတြ့ လစာ စား၊ ပြည်သူကပေးတဲ့ အရာအားလုံးကို ယူငင်ပြီး ပြည်သူကိုပြန် ဒုက္ခပေးတာ ကောင်းပါသလား။ ဘယ်သူကမှ စစ်တပ်ကို မကောင်းပြောတာဟုတ်သလို၊ စစ်တပ်က လူတိုင်းလည်းကောင်းတယ် မယူမှတ်ပါဘူး၊ ကိုယ်တွေ့ လေ။ နောက်ဆုံး တခုပြောမယ် ဗျာ စစ်တပ်ဆိုတာ ပြည်သူရဲ့ သား၊ သမီးပါ။ ပြည်သူရဲ့ အဖ၊ ပြည်သူရဲ့ အမိ မဟုတ်ပါဘူး၊ ဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့ တပ်မတော် ဟာ ပြည်သူကို အုပ်ချုပ်ဖို့ မဟုတ်သလို အန္တာရယ်ပြုဖို့လည်းမဟုတ်ဘူးဗျာ။ ဒါဆိုရင်သဘောပေါက်မှာပါ။ စစ်တပ်ရဲ့ အရေးပါမှုကိုလူတိုင်းနားလည်ပါတယ်။ နားမလည်ဖြစ်နေတာက ဒီကနေ့ စစ်တပ်ရဲ့ လုပ်ရပ်တွေပါ။ ဒေါ်အောင်ဆန်းစုကြည်ပြောဘူးတာ ပြန်ပြောမယ်ဗျာ၊ စစ်တပ်ကိုမုန်းလို လုပ်နေတာမဟုတ်ဘူး၊ စစ်တပ်မှာ လုပ်နေသူတွေမဟုတ်လို့ လုပ်နေတာပါ။ ကိုမင်းမောင်ကိုယ်တိုင်လည်းပြည်ပမှာနေ နေတာပဲ ယခုလက်ရှိအခြေအနေတွေနဲ့ အပြင်မှာ ဖြစ်နေတာတွေ ဘာလို့ ကွာနေရတာလဲ သိမှာပါ။ စစ်တပ်မှာ ဒီမိုကရေစီ မရှိတာ မဆန်းပေမယ့်၊ ပြည်သူမှာ ဒီမိုကရေစီ မရှိတာ က ထူးဆန်းနေတာ။ ကိုမင်းမောင်ပြန်အမ်းမယ့် ငွေက ဘယ်က ရလို့ ၊ ဘယ်လိုရှာထားလို့ ဒီလောက်တောင်မှ ရက်ရောနေရတာလဲ? ခင်ဗျား မိသားစုက စိပွားရေးသမားတေါထင်ပါ့၊ စစ်ပွားရေးသမားမိသားစုက ပေါက်လာသူတွေလဲ ဒီကနေ စစ်တပ်ထဲမှာ မရှိသလောက်ပါဘဲ ထင်တယ်။ ခွေးတောင်မှ တခါ ကျွေးခဲ့ ဘူးတဲ့ အကျိုးကြောင့် တစိမ်းတရံ ကို ပြန်မကိုက်တဲ့ အပြင် အမြီးတောင်နှံ့ပြနေပါသေးတယ်။ ဒါဆိုရင်ခွေးလောက် အဖြစ်မရှိဖြစ်နေတာကို သိသိကြီးညိမ်ခံနေတာ ဘာလို့ လဲ့ ၊ .........? နောက်တခု ထပ်ပြောမယ် ပညာတတ် တိုင်း ဦးနှေဏ် မရှိပေမယ်၊ ဦးနှေဏ် မရှိတဲ့ တိရစ္ဆာန် တောင် လက်ပေးသင်ရင် တတ်ပါသေးတယ်။ မပြောချင်တော့ဘူးဗျာ၊ ရင်နှာလွန်းလို့

MyMetro said...

ကိုမင်းကျော်... ခင်ဗျားလည်း ဒီရောက်နေတာကိုး...။ ကောင်းပါလေ့ဗျာ။ ဆွေးနွေးထားတာတွေ။ အပြန်အလှန် ဆော်ထားတာ တွေ...။ ကျွန်တော်တို့ကတော့ ပရိသတ်ပါဗျို့...။ ဘာဖြစ်လာမလဲ ဆိုတာကိုပဲ စိတ်ဝင်စားပါတယ်။ အရည်မရ၊ အဖတ်မရ..ကွမ်းစကားတော့ မလုပ်ကြနဲပ။

Anonymous said...

စစ်တပ် နဲ့ ပြည်သူ အမြင်ခြင်း ဖလယ် တာတွေ့ လို့ ၀မ်းသာပါတယ်
အပြင်မှာလဲ ဒီလို အပြန်အလှန် ဆွေးနွေး နိုင်တဲ့ အချိန် မြန်မြန်ရောက် ပါစေ လို့ ဆုတောင်းပါတယ်
(freedom of speech can be made only when we got democracy)

Anonymous said...

Guys! Guys!
Bro or whatever....I was born in 1972 and I'm working as an engineer. Nevermind..Just telling about me. I also have friends in Military. Wow...they are great..they have a lot cash and cars, have chances to go oversea for this training, that training,bla bla bla. They can buy nice houses and apartments in nice area of yangon within few years time. Ofcoz they don't like people are talking bad things about the origin of their wealth.
I pitty you Min Maung. Yes! you are a lot younger than me. You said we love Bogyoke Aung San. Correct boy. In addition to this, we love his daughter, Daw Aung San Su Kyi also because of their sacrifices for us and country. None of your great leaders did anything good for country. You may say "no! they are "myo chit tway". Becarefull, I did not use patriots. Their 'myo chit' means Nga a myo ko chit tel... Nga a myo kaung sar yay...that's it. that's all. Are you blind or I do not know how much did you steal our country resources for your own enough to be a blind and deaf. So lets stop lying to each other. We've got more than enough lies in the daily news papers since 1962. If you still do not agree, see yourself in the mirror and tell yourself "I'm hornest. I never use public properties and money. I'm not a thief. I did some arrangements to earn money. I's not my fault......" Then you will confortable again. Cheers boy!