Tuesday, October 02, 2007

ဆွံ့အခြင်း...

ဝမ်းနည်းမှုတွေ ပြည့်လျှံလာတဲ့အခါ လူဟာ ဆွံ့အသွားတတ်ပါသလား…။

ဟောဒီ `ဗွီဒီယိုမှတ်တမ်း´ ကို ကြည့်ပြီးတော့ ကျနော် တကယ်ကို ဆွံ့အသွားခဲ့ပါတယ်။

ဘာမှပြန်မလုပ်နိုင်တော့တဲ့ လူတွေကို အဲဒီလောက်အထိ ရိုက်နှက်ဖို့ လိုအပ်ပါသလားဗျာ။ စစ်သုံ့ပန်းတွေကိုတောင် အဲဒီလို မလုပ်သင့်တဲ့ အနေအထားမှာ အခုတော့ တကယ့် ငြိုးသူရန်ဖက်တွေအလား တကိုယ်လုံးမှာ ရှိသမျှအားအင်နဲ့ ရိုက်နှက်ကန်ကျောက်တဲ့ မြင်ကွင်းကို ကြည့်ပြီးတော့ ကျနော် မျက်ရည်ပေါက်ပေါက် ကျတဲ့ အထိ ၀မ်းနည်းမိပါတယ်။

နအဖ ဒီလောက် မရက်စက်ဘူး ဆိုတဲ့ လူတွေကို ကျနော် မေးပါရစေ။

အခုလောက် ရိုက်တာကရော ရက်စက်တယ်လို့ မသတ်မှတ်နိုင်သေးဘူးလား။ ဒါဟာ ပိတ်ပင်ကန့်သတ်မှုတွေ ကြားထဲက ထွက်ပေါ်လာတဲ့ ရှားပါးလှစွာသော ဗွီဒီယိုမှတ်တမ်း တခုမျှသာ ဖြစ်ပါသေးတယ်။ ကျနော်တို့ မသိလိုက်တဲ့ မတွေ့လိုက်ရတဲ့ ရက်စက်မှုတွေ ဘယ်လောက်တောင် ရှိနေသေးလဲဆိုတာ အခု ဗွီဒီယိုကို ကြည့်နေတာနဲ့တင် ဆက်မတွေးရဲလောက်အောင်ပါပဲ။

ဝမ်းနည်းတယ်လို့ ပြောဖို့ကို မ၀ံ့ရဲတော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာပြည်ထဲမှာ ပေးဆပ်နေရသူတွေ ခံစားနေရတာက ကျနော် ပြောလိုက်တဲ့ ၀မ်းနည်းတယ်ဆိုတာထက် အများကြီး ပိုတယ်။ ဒါပေမယ့် ကျနော် အရမ်း ၀မ်းနည်းတယ်။

အာဏာပိုင်တွေကို `မကောင်းဘူး´ ဆိုတဲ့ စကားထက် သူတို့လုပ်နေတာတွေ ပိုပေါ်လွင်အောင် ဘယ်လိုပြောရမလဲ။ ကျနော် စကားလုံး ရှာမရတော့ဘူး။ သူတို့ရဲ့ ယုတ်မာမှုတွေအတွက် ပေါ်လွင်ထင်ရှားတဲ့ စကားလုံး ကျနော် ရှာမရတော့ဘူး။ စကားလုံးတွေက သူတို့ရဲ့ တကယ့်တကယ်တမ်း ယုတ်မာမှုတွေကို ဘယ်လိုမှ လိုက်လို့ မမှီနိုင်တော့ဘူး။ ဒါပေမယ့် သူတို့ အရမ်းကို ယုတ်မာလွန်းနေပြီ။

ကျနော် တကယ်ကို ဆွံ့အသွားခဲ့ပါတယ်။

တကယ်တော့…။

အဲဒီ စစ်သားက ထိုင်နေတဲ့ လူငယ်ကို `ဖြောင်း´ ခနဲ ရိုက်လိုက်တဲ့ အသံဟာ ကျနော်တို့ မျှော်လင့်ချက်တွေကို ရိုက်ချိုး ချေမွလိုက်တဲ့ အသံလို့ ကျနော် ခံစားလိုက်ရတယ်။ ဟုတ်တယ်။ ကျနော်တို့ ပြည်သူတွေရဲ့ ဆန္ဒတွေ၊ လိုလားချက်တွေကို အာဏာပိုင်တွေက `ဖြောင်း´ ခနဲ ရိုက်ချိုးပစ်လိုက်တာ…။

ကလိုစေးထူး

8 comments:

Chocolaier said...

ဟုတ်တယ် အဲဒီဖြောင်းဆိုတဲ့အသံဟာ ရင်ထဲကို စူးခနဲဝင်လာတာပဲ။ လုပ်ရက်လိုက်ကြတာ။ ဘာတွေများ ရန်ငြိုးတွေရှိနေမိလို့လဲ။ နောက်ထပ်မမြင်ရတဲ့ နှိပ်စက်မှုတွေကိုလည်း မမြင်ချင်တော့ပါဘူး။ ဒီလိုအဖြစ်မျိုးတွေကနေ မြန်မာပြည် အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ...

thamudayanwe said...

ကိုကလိုစေးထူး..ကျနော်တို့တွေကတကယ်တော့နိုငှ်ုံရေးကိုနားမလည်ပါဘူး
ဒါပေမဲ့ခုလိုအကြမ်းဖက်မှုတွေကိုကျနော်တို့ဘယ်လိုဖြေရှင်းရမှာလဲဆိုတာ
နည်းလမ်းကောင်းတွေမရှိကြတော့ဘူးလား..
ဘယ်လိုလုပ်မှ ကျနော်တို့လူမျိုးတွေ ဒီစစ်ခွေးတွေအောက်ကလွတ်မှာလဲ

Anonymous said...

မျက်ရည်တွေကျခဲ့ရတယ်
နှလုံးသွေးတွေ ဆူပွက်သွားတယ်
ရင်တစ်ခုလုံး နာကျင်သွားတယ်
ရိုက်နှက်သံတစ်ခုရဲ့အဆုံး
မျက်လုံးထဲမှာမီးဝင်းဝင်းတောက်လို့
ခွေးဘီလူးမိစ္ဆာတွေကို
ပိုပိုရွံရှာလာပြီး
မဆုံးသေးတဲ့ဒီတိုက်ပွဲအတွက်
ငါ့စိတ်ဓါတ်တွေပိုမိုခိုင်မာသွားခဲ့ပါတယ် .. ။

မေငြိမ်း said...

‘ဖြောင်း’ဆိုတဲ့ အသံဟာ မျှော်လင့်ချက်တွေ ရိုက်ချိုးလိုက်တဲ့အသံလို့ ကျမ မထင်ပါ။
မတရားမှုကို သိသိသာသာ ၀န်ခံလိုက်တဲ့အသံ။ ပြီးတော့ လူတွေရဲ့ ငြိမ်ဝပ်နေမှုကို လှုပ်နှိုး ဖော်ဆွပေးနိုင်တဲ့အသံ…။ ကျမတို့ အဲသလို တွေးကြ မြင်ကြ ရပါလိမ့်မယ်။

Thet Oo said...
This comment has been removed by the author.
Thet Oo said...

မြန်မာပြည်မှာ တိုင်းပြည်မရှိဘူး။ စစ်တပ်ပဲရှိတယ်။ တိုင်းပြည်က စစ်တပ်ရဲ့ အောက်မှာတဲ့။ သြစတေလျ နိုင်ငံခြားရေး ၀န်ကြီးက ပြောတဲ့စကားပါ။
စစ်တပ်က တိုင်းပြည်ကို သူ့အောက်မှာထားမယ်။ မခံနိုင်တဲ့သူ ထွက်သွား၊ ဝေဖန်တဲ့သူ ထောင်ထဲဝင်၊ တိုင်းပြည်ကို ပိတ်ဆို့၊ အားလုံးကို အမှောင်ထုထဲထည့်၊ ပြီးတော့ စစ်မင်းဆက် ကို ထူထောင်၊ ညူကလီးယားလက်နက်နိုင်ငံတော်သာ ထူထောင်နိုင်ရင် ပွဲသိမ်းပြီလေ။
`အမယ်မင်း ငါ့သား၊ စစ်သားကြီးလုံးလုံး ဗိုလ်မှူးကြီး ရှုံးလောက်ကဲ့´
ကဗျာကလည်း တပုဒ်လုံးမရ၊ မသိရင် မေးဖို့ `မေဓာဝီ´ ကလည်း မရှိဆိုတော့ ကလိုစေးထူးရေ ၊ ဘာပြောရမှန်းကို မသိတော့ပါဘူးဗျာ...

Anonymous said...

I agree with sayama ''may nyane''. It didnt stop our hope for freedom. It is a prove how our innoncent ppl are supressed by brutal gov. Time to rise up!

nyeenyee2007 said...

yap me too, i also agree with sayarma may nyane, how can they treat like this to our innocent ppl, pls find it out how to revenge back to them