`ဒီနေ့မှာ ကျနော်တို့ ရှုံးသွားလို့ စိတ်ပျက်နိုင်တယ်။ ဒါပေမယ့် မနက်ဖြန်ကျရင်တော့ ကျနော်တို့ နိုင်ငံကောင်းဖို့အတွက် ပူးပေါင်းဆောင်ရွက်ရမယ်´
အရှုံးသမား ရွိုင်မက်ကိန်းက အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့မှာ အထက်ပါ မိန့်ခွန်းကို ပြောနေချိန်မှာပဲ ချီကာဂိုမြို့မှာတော့ ဘားရက်အိုဘားမားရဲ့ အနိုင်ရလဒ်အတွက် ထောင်ပေါင်းများစွာသော အမေရိကန်ပြည်သူတွေ အောင်ပွဲခံအော်ဟစ်လို့ နေပါပြီ။
`အိုဘားမားကို ကျနော့်အနေနဲ့ ဂုဏ်ယူပါတယ်လို့ ပြောချင်ပါတယ်´
ဘာမှမဖြစ်သလို အားတင်းထားတဲ့ မျက်နှာထားနဲ့ ရွိုင်မက်ကိန်းရဲ့ တချက်တချက်မှာ တိမ်ဝင်သွားတဲ့ အသံက အရှုံးသမားတယောက်ရဲ့ ခံစားချက်ကို အထင်းသား ပေါ်လွင်လို့ နေလေရဲ့...။
***
အခု ကျနော် ဒီစာကို ရေးနေတဲ့ အချိန်မှာ ၂၀၀၈ ခုနှစ်ရဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲ ရလဒ်မှာ အိုဘားမားက ၃၃၈၊ မက်ကိန်းက ၁၅၅ ဖြစ်နေပါပြီ။ အနိုင်ရဖို့အတွက် လိုအပ်တဲ့ အရေအတွက်က ၂၇၀ နေရာမို့ အိုဘားမားက မဲရေတွက်ဖို့ တချို့ပြည်နယ်တွေ ကျန်နေသည့် တိုင်အောင် မက်ကိန်းကို ပြတ်ပြတ်သားသား အနိုင်ယူလိုက်တာ ဖြစ်ပါတယ်။ တက်ဂ်ဆက် ပြည်နယ်မှာ မက်ကိန်းက အနိုင်ရပြီးတော့ သူ့အတွက် မျှော်လင့်ချက် အနည်းငယ် ရှိနေခဲ့သေးပေမယ့် ဖလော်ရီဒါနဲ့ ကယ်လီဖိုးနီးယားပြည်နယ်တွေမှာ အိုဘားမား အနိုင်ရသွားတဲ့အခါမှာတော့ ဒီမိုကရက်တွေ အောင်ပွဲခံနိုင်ခဲ့ကြပါပြီ။
ဒီနိုင်ငံကို ရောက်တဲ့အချိန်မှာ အခုလို သမ္မတရွေးကောက်ပွဲနဲ့ ကြုံကြိုက်ရတာဟာ ထူးတဲ့ကံတမျိုးလို့ပဲ ပြောရမလား...။ သူတို့နိုင်ငံသားတွေရဲ့ ကိုယ့်နိုင်ငံကို ခေါင်းဆောင်မယ့် လူအပေါ် လွတ်လပ်စွာ၊ အနှောင်အတည်းကင်းစွာ၊ အခြိမ်းခြောက်ခံရမှု ကင်းစွာ၊ အကျပ်ကိုင်ခံရမှု ကင်းစွာ၊ ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား မဲပေးနိုင်ကြတာတွေ၊ ဝေဖန်ပြောဆိုနိုင်ကြတာတွေကို တွေ့ရ၊ကြားရတာ အတော်ကြီးကို အားကျစရာ ကောင်းလှတယ်။
လူတယောက်က သူ့ဘာသာသူ ဘယ်အကြောင်းနဲ့ပဲ ကြိုက်ကြိုက် သူနှစ်သက်ရာ သမ္မတလောင်းကို ဘယ်သူတဦးတယောက်ရဲ့ အနှောက်အယှက် မရှိပါဘဲ လွတ်လပ်စွာ မဲပေးနိုင်တယ်။ ဘယ်လောက်များ နှစ်သက်စရာ ကောင်းလိုက်ပါသလဲ။ မနက်ကဆို ကျနော့် အလုပ်ရှင်နဲ့ ကျနော် အလုပ်အတူတူ တွဲလုပ်ဖြစ်တော့ သူ့ကို မေးမိတယ်၊ `ခင်ဗျား ဘယ်သူ့ကို မဲပေးမလဲ´ ဆိုတော့ သူက `မက်ကိန်းပဲပေါ့ကွ´ တဲ့...။ သူ မဲပေးရမယ့် အကြောင်းပြချက်က မက်ကိန်းနိုင်ရင် သူ အခွန်ပေးရ သက်သာမှာမို့လို့တဲ့...။ ဘာပဲဖြစ်ဖြစ် သူကြိုက်တဲ့ မက်ကိန်းကို သူလွတ်လွတ်လပ်လပ်တော့ မဲပေးလိုက်ရတာပဲ။ နိုင်တာ မနိုင်တာကတော့ အများရဲ့ ဆန္ဒအပေါ် မူတည်တာပေါ့။
***
ရွှေပြည်ကြီးမှာ နေခဲ့ရစဉ် ကျနော် အသက် ၁၅ နှစ်သားလောက်တုန်းကလဲ ရွေးကောက်ပွဲ ဆိုတာကို ကြုံရဖူးတယ်။ အသက် ၁၅ နှစ်ဆိုတော့ မဲပေးလို့တော့ မရဘူးပေါ့။ ဒါပေမယ့် မဲဆွယ်ကြ၊ စည်းရုံးကြတာတွေကိုတော့ တွေ့ခဲ့၊ မြင်ခဲ့ရတယ်။ `ခမောက်မှ ခမောက်ပဲဟေ့´ ဆိုတဲ့ အားတက်သရောနဲ့ အားပေးကြတဲ့ ကျနော့် အမေအဖေအရွယ်၊ ဦးလေးအရွယ်တွေရဲ့ အဲဒီတုန်းက အားတက်သရောဟန်တွေကို မြင်ခဲ့ရတယ်။
ရွေးကောက်ပွဲ လုပ်တဲ့နေ့မှာ `စပါးနှံ ပါတီက လူကြီးက သူ့အိမ်မှာ ထမင်းကျွေးတယ်ဟေ့´ ဆိုလို့ ကျနော်တို့ ကလေးတွေ သွားစားသေးတယ်။ ဟိုရောက်တော့ ကလေးမို့ မကျွေးဘူး...တဲ့။ ပြန်လှည့်လာရတယ်။ သွားစားတဲ့ လူကြီးတွေကတော့ `ငါတော့ သူဖိတ်ကျွေးတာ စားတာစားတာပဲ၊ ဒါပေမယ့် မဲကတော့ ခမောက်ကိုပဲ ထည့်ခဲ့တယ်´ ...တဲ့။ ရွေးကောက်ပွဲ လုပ်တဲ့နေ့ကြမှပဲ ကွက်ကျားမိုး သဒ္ဓါပေါက်တဲ့ ဟိုစပါးနှံလူကြီးကြားရင်တော့ တော်တော်ရင်ထုမနာ ဖြစ်ရှာမှာပဲ။
`ခမောက်တွေ နိုင်တယ်ကွ´ ဆိုပြီး လူကြီးတွေ ပျော်ကြတော့ ကျနော်တို့ ကလေးတွေလဲ လိုက်ပျော်ခဲ့ကြတာပဲ။
***
အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲနေ့ နိုဝင်ဘာ ၄ ရက်နေ့မှာတော့ အပြောင်းအလဲကို လိုလားတဲ့ အသက် ၄၇နှစ် အရွယ်၊ လူငယ်သမ္မတလောင်း တယောက်က အောင်ပွဲခံနိုင်ခဲ့ပါပြီ။ သိပ်မကြာခင်မှာပဲ သူ သူ့နိုင်ငံနဲ့တကွ ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံကို ထက်မြက်တဲ့ အတွေးတွေနဲ့အတူ ခေါင်းဆောင် စီမံတော့မယ်။ လွတ်လပ်စွာ မဲဆွယ်လို့ လွတ်လပ်စွာ မဲပေးမှုတွေနဲ့အတူ အောင်ပွဲရခဲ့ပြီ။
ကျနော်တို့ ရွှေပြည်ကြီးရဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းကလဲ အသက် ၄၅နှစ်အရွယ် ထက်မြက်တဲ့ ခေါင်းဆောင် ဦးဆောင်တဲ့ ပါတီကို လူထုက ပြတ်ပြတ်သားသား ထောက်ခံမဲ ပေးခဲ့ကြတယ်။ လွတ်လပ်စွာ မဲဆွယ်ခွင့်မရခဲ့သလို ညစ်ပတ်မှုတွေကြားက နိုင်ခဲ့ရတာ...။
ဒါပေမယ့်...။
အဲဒီ ခေါင်းဆောင်ကတော့ အခုအချိန်ထိ ... ... ...။
ကလိုစေးထူး
အရှုံးသမား ရွိုင်မက်ကိန်းက အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့မှာ အထက်ပါ မိန့်ခွန်းကို ပြောနေချိန်မှာပဲ ချီကာဂိုမြို့မှာတော့ ဘားရက်အိုဘားမားရဲ့ အနိုင်ရလဒ်အတွက် ထောင်ပေါင်းများစွာသော အမေရိကန်ပြည်သူတွေ အောင်ပွဲခံအော်ဟစ်လို့ နေပါပြီ။
`အိုဘားမားကို ကျနော့်အနေနဲ့ ဂုဏ်ယူပါတယ်လို့ ပြောချင်ပါတယ်´
ဘာမှမဖြစ်သလို အားတင်းထားတဲ့ မျက်နှာထားနဲ့ ရွိုင်မက်ကိန်းရဲ့ တချက်တချက်မှာ တိမ်ဝင်သွားတဲ့ အသံက အရှုံးသမားတယောက်ရဲ့ ခံစားချက်ကို အထင်းသား ပေါ်လွင်လို့ နေလေရဲ့...။
***
အခု ကျနော် ဒီစာကို ရေးနေတဲ့ အချိန်မှာ ၂၀၀၈ ခုနှစ်ရဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲ ရလဒ်မှာ အိုဘားမားက ၃၃၈၊ မက်ကိန်းက ၁၅၅ ဖြစ်နေပါပြီ။ အနိုင်ရဖို့အတွက် လိုအပ်တဲ့ အရေအတွက်က ၂၇၀ နေရာမို့ အိုဘားမားက မဲရေတွက်ဖို့ တချို့ပြည်နယ်တွေ ကျန်နေသည့် တိုင်အောင် မက်ကိန်းကို ပြတ်ပြတ်သားသား အနိုင်ယူလိုက်တာ ဖြစ်ပါတယ်။ တက်ဂ်ဆက် ပြည်နယ်မှာ မက်ကိန်းက အနိုင်ရပြီးတော့ သူ့အတွက် မျှော်လင့်ချက် အနည်းငယ် ရှိနေခဲ့သေးပေမယ့် ဖလော်ရီဒါနဲ့ ကယ်လီဖိုးနီးယားပြည်နယ်တွေမှာ အိုဘားမား အနိုင်ရသွားတဲ့အခါမှာတော့ ဒီမိုကရက်တွေ အောင်ပွဲခံနိုင်ခဲ့ကြပါပြီ။
ဒီနိုင်ငံကို ရောက်တဲ့အချိန်မှာ အခုလို သမ္မတရွေးကောက်ပွဲနဲ့ ကြုံကြိုက်ရတာဟာ ထူးတဲ့ကံတမျိုးလို့ပဲ ပြောရမလား...။ သူတို့နိုင်ငံသားတွေရဲ့ ကိုယ့်နိုင်ငံကို ခေါင်းဆောင်မယ့် လူအပေါ် လွတ်လပ်စွာ၊ အနှောင်အတည်းကင်းစွာ၊ အခြိမ်းခြောက်ခံရမှု ကင်းစွာ၊ အကျပ်ကိုင်ခံရမှု ကင်းစွာ၊ ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား မဲပေးနိုင်ကြတာတွေ၊ ဝေဖန်ပြောဆိုနိုင်ကြတာတွေကို တွေ့ရ၊ကြားရတာ အတော်ကြီးကို အားကျစရာ ကောင်းလှတယ်။
လူတယောက်က သူ့ဘာသာသူ ဘယ်အကြောင်းနဲ့ပဲ ကြိုက်ကြိုက် သူနှစ်သက်ရာ သမ္မတလောင်းကို ဘယ်သူတဦးတယောက်ရဲ့ အနှောက်အယှက် မရှိပါဘဲ လွတ်လပ်စွာ မဲပေးနိုင်တယ်။ ဘယ်လောက်များ နှစ်သက်စရာ ကောင်းလိုက်ပါသလဲ။ မနက်ကဆို ကျနော့် အလုပ်ရှင်နဲ့ ကျနော် အလုပ်အတူတူ တွဲလုပ်ဖြစ်တော့ သူ့ကို မေးမိတယ်၊ `ခင်ဗျား ဘယ်သူ့ကို မဲပေးမလဲ´ ဆိုတော့ သူက `မက်ကိန်းပဲပေါ့ကွ´ တဲ့...။ သူ မဲပေးရမယ့် အကြောင်းပြချက်က မက်ကိန်းနိုင်ရင် သူ အခွန်ပေးရ သက်သာမှာမို့လို့တဲ့...။ ဘာပဲဖြစ်ဖြစ် သူကြိုက်တဲ့ မက်ကိန်းကို သူလွတ်လွတ်လပ်လပ်တော့ မဲပေးလိုက်ရတာပဲ။ နိုင်တာ မနိုင်တာကတော့ အများရဲ့ ဆန္ဒအပေါ် မူတည်တာပေါ့။
***
ရွှေပြည်ကြီးမှာ နေခဲ့ရစဉ် ကျနော် အသက် ၁၅ နှစ်သားလောက်တုန်းကလဲ ရွေးကောက်ပွဲ ဆိုတာကို ကြုံရဖူးတယ်။ အသက် ၁၅ နှစ်ဆိုတော့ မဲပေးလို့တော့ မရဘူးပေါ့။ ဒါပေမယ့် မဲဆွယ်ကြ၊ စည်းရုံးကြတာတွေကိုတော့ တွေ့ခဲ့၊ မြင်ခဲ့ရတယ်။ `ခမောက်မှ ခမောက်ပဲဟေ့´ ဆိုတဲ့ အားတက်သရောနဲ့ အားပေးကြတဲ့ ကျနော့် အမေအဖေအရွယ်၊ ဦးလေးအရွယ်တွေရဲ့ အဲဒီတုန်းက အားတက်သရောဟန်တွေကို မြင်ခဲ့ရတယ်။
ရွေးကောက်ပွဲ လုပ်တဲ့နေ့မှာ `စပါးနှံ ပါတီက လူကြီးက သူ့အိမ်မှာ ထမင်းကျွေးတယ်ဟေ့´ ဆိုလို့ ကျနော်တို့ ကလေးတွေ သွားစားသေးတယ်။ ဟိုရောက်တော့ ကလေးမို့ မကျွေးဘူး...တဲ့။ ပြန်လှည့်လာရတယ်။ သွားစားတဲ့ လူကြီးတွေကတော့ `ငါတော့ သူဖိတ်ကျွေးတာ စားတာစားတာပဲ၊ ဒါပေမယ့် မဲကတော့ ခမောက်ကိုပဲ ထည့်ခဲ့တယ်´ ...တဲ့။ ရွေးကောက်ပွဲ လုပ်တဲ့နေ့ကြမှပဲ ကွက်ကျားမိုး သဒ္ဓါပေါက်တဲ့ ဟိုစပါးနှံလူကြီးကြားရင်တော့ တော်တော်ရင်ထုမနာ ဖြစ်ရှာမှာပဲ။
`ခမောက်တွေ နိုင်တယ်ကွ´ ဆိုပြီး လူကြီးတွေ ပျော်ကြတော့ ကျနော်တို့ ကလေးတွေလဲ လိုက်ပျော်ခဲ့ကြတာပဲ။
***
အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲနေ့ နိုဝင်ဘာ ၄ ရက်နေ့မှာတော့ အပြောင်းအလဲကို လိုလားတဲ့ အသက် ၄၇နှစ် အရွယ်၊ လူငယ်သမ္မတလောင်း တယောက်က အောင်ပွဲခံနိုင်ခဲ့ပါပြီ။ သိပ်မကြာခင်မှာပဲ သူ သူ့နိုင်ငံနဲ့တကွ ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံကို ထက်မြက်တဲ့ အတွေးတွေနဲ့အတူ ခေါင်းဆောင် စီမံတော့မယ်။ လွတ်လပ်စွာ မဲဆွယ်လို့ လွတ်လပ်စွာ မဲပေးမှုတွေနဲ့အတူ အောင်ပွဲရခဲ့ပြီ။
ကျနော်တို့ ရွှေပြည်ကြီးရဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းကလဲ အသက် ၄၅နှစ်အရွယ် ထက်မြက်တဲ့ ခေါင်းဆောင် ဦးဆောင်တဲ့ ပါတီကို လူထုက ပြတ်ပြတ်သားသား ထောက်ခံမဲ ပေးခဲ့ကြတယ်။ လွတ်လပ်စွာ မဲဆွယ်ခွင့်မရခဲ့သလို ညစ်ပတ်မှုတွေကြားက နိုင်ခဲ့ရတာ...။
ဒါပေမယ့်...။
အဲဒီ ခေါင်းဆောင်ကတော့ အခုအချိန်ထိ ... ... ...။
ကလိုစေးထူး
24 comments:
ရွှေပြည်ကြီးရဲ့ အနှစ် ၂၀ တုန်းက ကျမတော့ မဲပေးခဲ့ဖူးတယ်။
ခမောက်မှ ခမောက် ပြတ်ပြတ်သားသား ထောက်ခံလို့ပေါ့။
အဲဒီတုန်းက ပင်နီအင်္ကျီ ယောလုံချည်တွေဆင်တူဝတ်ကြပြီး မဲသွားပေးခဲ့ကြတာ ပျော်စရာ တော်တော်ကောင်းတယ်။
မဲစာရင်းရလဒ် ကြေညာတော့လည်း အဖွဲ့ချုပ်ရှေ့ လမ်းတဘက်က သံတိုင်တွေပေါ်ကနေ ထိုင်နားထောင်ပြီး လက်ခုပ်လက်ဝါးတီး အားပေးခဲ့ကြရတာ။
ဒီပို့စ်ဖတ်ပြီးတော့ … တကမ္ဘာလုံးက စိတ်ဝင်စားတဲ့ ဒီရွေးကောက်ပွဲညမှာ … အတိတ်မှာ ကျန်ခဲ့တဲ့ ရွေးကောက်ပွဲတခုကို ပြန်သတိရနေမိတယ်။
ကျနော်လည်း အငယ်ထဲက ခဏခဏကြားဖူးတယ် အမေ ပြောတာ ခမောက် ခမောက်ဆိုတဲ့ အသုံးကိုပေါ့ ခုချိန်ထိလည်း ခမောက်စောင်းထားတဲ့ ခေါင်းဆောင်က ဦးမော့နေတုန်းလို့ ထင်ပါတယ်။ ရင်ဘတ်ထဲက ငြိမ်းချမ်းရေးနတ်သမီး ပေါ့ ။ ခုတော့ သူရဲ ဘီလူးတွေက အမဲရိုးစားရသလို မြိုဆို့နေလိုက်တာ နင်ပြီးမသေနိုင်ဖြစ်နေတယ်း) အိုဗားမား အနိုင်ရတာ ဘာမှန်းမသိပေမယ့် ပျော်သလိုလို ။ လွတ်၂လပ်၂ မဲပေးခွင့်ရှိတဲ့ သူတို့ နိုင်ငံသားတွေကို အားကျတယ် ။
ဝေးးးးးးခဲ့ပြီ ပန်းခရမ်းပြာရေ တခါတရံမှာ အိပ်မက်လို.... ဘာရယ်မဟုတ် ကိုစေးထူးရေ စာဖတ်ပြီး ဒီစာသားလေးကို ဆိုချင်စိတ်ပေါ်လာလို့ပါဗျာ...
အမလဲ အိုဘားမား နိုင်နိုင်ချင်း ဒီနေ့သတင်းစကားမှာ အိုဘားမား နိုင်ပြီ။ တို့ ဘားမား ရော ဘယ်လိုလဲ လို့ တင်လိုက်တယ်။
ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ ရွေးကောက်ပွဲတွေ ကြည့်ကြည့်ပြီး သူတို့ရဲ့ ပိုင်ပိုင်နိုင်နိုင် လွတ်လွတ်လပ်လပ် ရွေးချယ်မှုကို သဘောကျတာနဲ့ အမျှ ကိုယ်တို့ရဲ့ ရွှေပြည်တော် မျှော်တိုင်းဝေး၊ ပိန်းပိတ်နေတဲ့ တိုင်းပြည် ကံကြမ္မာကို ခံစားရလွန်းလို့ပါ။
သူတို့ရဲ့ ခြေဖျားလောက် မညစ်ပတ်ဘဲ နိုင်ငံကြီးသား စိတ်ဓာတ်ရှိစေချင်စမ်းပါဘိလို့ ရွှေဖျင်းကြီးတို့ ရွှေဖျင်းလေးတို့ကို ပြောချင်ပါရဲ့။
ရွှေပြည်ကြီးရဲ့ရွေးကောက်ပွဲကတော့ 2010 တဲ့..
အခြေခံဥပဒေအတည်ပြုတုန်းကတောင် No ထည့်မှာသေခြာနေတဲ့လူတွေကိုအ၀င်မခံတာ ပြဿနာတွေဖြစ်ကြတာ Singapore ကအဝေးရောက်မြန်မာအခွန်တော်စည်းကြပ်ရေးရုံးမှာအကြီးအကျယ်ပေါ့..
ဘာပဲဖြစ်ဖြစ်သူများနိုင်ငံသားတွေလွပ်လွပ်လပ်လပ်မဲပေးခွင့်ရတာဝမ်းသာပါတယ်....
ရွှေပြည်တော်ကတော့မျှော်တိုင်းဝေးနေပါ့.......
ခမောက်ကို မဲပေးခဲ့ဖူးတဲ့ အတွက် ဂုဏ်ယူရမှာလား ဝမ်းနည်းရမှာလား မသိတော့ပါဘူး။
ဂျွန်မက်ကိန်းရဲ့စိတ်ဓါတ်ကိုသဘောကျလိုက်တာ..
ဒေါ်စုရဲ့ နုပျိုမှုတွေ၊ ထက်မြက်မှုတွေအားလုံးကို မြန်မာပြည်က အလဟဿ ဆုံးရှုံးလိုက်ရတဲ့ ကိစ္စမှာ ကျနော်တို့ မြန်မာလူမျိုးတိုင်းမှာ တာဝန်မကင်းဘူးလို့ဘဲဆိုချင်ပါတယ်။
မြန်မာတွေ နိုင်ငံရေးမှာ အမျိုးသားရေးတာဝန်တရပ်အနေနဲ့ မပါဝင်ကြသေးသရွေ့ ကျနော်တို့ဟာ သည်လိုဘဲ လူကောင်းသူကောင်းတွေ၊ အရည်အချင်းကောင်းတဲ့ လူတွေကို လက်လွတ်ဆုံးရှုံးနေကြရဦးမှာပါဘဲ။
စစ်အစိုးရ သက်တမ်း တစက္ကန့် ပိုရှည်လာလေ အဲဒီတစက္ကန့်တိုင်းဟာ နိုင်ငံရေးနဲ့ မပတ်သက်ဘဲ ဘာသိဘာသာ နေလိုကြတဲ့ မြန်မာတွေရဲ့ တာဝန်မကျေမှုကြောင့်လို့ဘဲ ယူမှတ်စရာရှိပါတယ်။
ဝမ်းနည်းလိုက်တာဟယ်။ ဒီပို့စ်ကို ဖတ်ရတာ။
အမကလဲ ဂျွန်မက်ကိန်းကို သဘောကျနေတာ။
အမ ခင်မင်းဇော်
ကိုပေါဆိုသူ၇ဲ့ စာကို လက်မခံနိုင်လို့ပါ။
မြန်မာပြည်သူ ပြည်သားတွေကြောင့်ေ၇ွးကောက်ပွဲမှာ ဒေါ်စု အနိုင်၇ခဲ့တာ မဟုတ်ဘူးလား ကိုပေါ။ ဒေါ်စု အခုလို ဖြစ်တာကို ဘာကြောင့် မြန်မာပြည်သူ ပြည်သားတွေကို အပြစ်တင်၇တာလဲ။
တဗိုလ်ကျ တဗိုလ်တက် ဆိုတဲ့ စကား၇ှိပါတယ်။ ခေါင်းဆောင်ကောင်းရှိရင် နောက်လိုက်ကောင်းတွေ ပေါ်လာမှာပါ။ ဒေါ်စု အထိန်းသိမ်းခံ၇ပြီး ကျန်တဲ့ခေါင်းဆောင်တွေ ... တဗိုလ်ကျ တဗိုလ်တက် စနစ်ကို ဘာလို့ မကျင့်သုံးလဲ။ ဘယ်သူက ဒေါ်စုလို ဦးဆောင်နိုင်ကြလဲ။ ခေါင်းဆောင် တဖြစ်လဲ ပြည်ပရောက်နေသူတွေ ဘာလုပ်နေကြလဲ။
၇လာတဲ့ ထောက်ပံ့ကြေးလေးတွေကို နှစ်ပေါင်းများစွာ မြိန်မြိန်ကြီး ထိုင်စားနေပေမဲ့ သူတို့ကြောင့် ဗမာပြည် နိုင်ငံေ၇း ဘာများ ထူးခြား ပြောင်းလဲ လာပါသလဲ။
"စစ်အစိုးရ သက်တမ်း တစက္ကန့် ပိုရှည်လာလေ အဲဒီတစက္ကန့်တိုင်းဟာ နိုင်ငံရေးနဲ့ မပတ်သက်ဘဲ ဘာသိဘာသာ နေလိုကြတဲ့ မြန်မာတွေရဲ့ တာဝန်မကျေမှုကြောင့်လို့ဘဲ ယူမှတ်စရာရှိပါတယ်။"
ဒီစကားကို ပြည်ပရောက် နိုင်ငံရေးသမားတွေကို အရင်သွားပြောလိုက်ပါအုန်း။ ဘာကြောင့်လဲဆိုတော့ အဓိက သူတို့က ဒီနိုင်ငံေ၇း အကြောင်းပြပြီး စားသောက် နေထိုင် နေတာဆိုတော့ သူတို့တာဝန်ကျေဖို့ အ၇င်လိုအပ်တယ် မှတ်လား။ သူတို့ထဲက တယောက်ယောက် ဦးဆောင်လိုက်လေ။ ဘာသာဘာသာ နေလိုကြတဲ့ မြန်မာတွေကို ပါဝင်လာအောင် ဆွဲဆောင်စည်း၇ုံးဖို့က ခေါင်းဆောင် တွေ၇ဲ့ တာဝန်ပဲ။ လူတိုင်းမှာ knowledge မ၇ှိပါဘူး။ အထူးသဖြင့် ၇ိုးသားစွာ နားမလည်တဲ့ တောသူတောင်သားတွေ သူတို့ကို မျက်စိဖွင့်ပေးဖို့ စွမ်းဆောင်နိုင်မဲ့ ခေါင်းဆောင် ကောင်း လိုအပ်ပါတယ်။ ဒေါ်စုေ၇ွးကောက်ပွဲါ မတိုင်ခင် စည်း၇ုံးရေးဆင်းခဲ့တာ ကို ကြည့်ပါ။
ကိုပေါဆိုသူ ပြောတာ တဘက်သက်ဆံလွန်းလို့ ပြော၇ခြင်းပါ။
မနက်ဖြန်ကျန်ပါသေးတယ် အစ်ကို :)
အားကျလိုက်တာဗျာ....
ဘယ်တော့မှလွတ်လပ်မှာလဲ သိပါဘူးဗျာ....
:(
နီကိုလက်စ်
ကျနော့်ကို ရည်ညွှန်းရေးသားသွားသော အမည်မသိသို့....
ကျနော်ပြောတဲ့ မြန်မာနိုင်ငံသားတွေဆိုတာ ပြည်တွင်းရော ပြည်ပမှာရော ရောက်နေတဲ့ မြန်မာတွေအားလုံးပါဝင်ပါတယ်။ အဲသည်အထဲမှာမှ ဘာမှမလုပ်ဘဲ ထိုင်နေတဲ့ လူတွေကို တာဝန်မကျေဘူးလို့ ပြောချင်တာပါ။
မဲထည့်ပေးလိုက်ရုံနဲ့ နိုင်ငံသားတာဝန်မကျေပွန်သေးပါဘူး။ ဒီမိုကရေစီဆိုတဲ့ကလေးငယ်ကို မွေးဖွားပြီးတဲ့အခါကျမှ ဆက်လက်ရှင်သန်လာအောင် ပြုစုပျိုးထောင်မပေးဘဲ.... “ငါတို့တော့ မဲထည့်ပေးပြီးပြီ။ ငါတို့တာဝန်ကျေပြီ။ မင်းတို့ အမတ်တွေ ဆက်လုပ်ကြ” လို့ မျက်နှာလွှဲခဲပစ်လုပ်တာမျိုးက ကလေးကို မွေးတုန်းကမွေးပြီးတော့ လမ်းဘေးမှာ စွန့်ပစ်ခဲ့တဲ့ မိဘတွေရဲ့ လုပ်ရပ်လိုဘဲ တာဝန်မဲ့လွန်းလှပါတယ်။ အဲသည်အကျိုးဆက်အတွက် ဘယ်သူတွေဘဲ ခံရသလဲဆိုတော့ မြန်မာနိုင်ငံသားတွေ၊ မျိုးဆက်သစ်တွေဘဲ ကျောကော့အောင် ခံရတာဘဲ မဟုတ်လား။
အဲသည်လို မဲထည့်ရုံနဲ့ တာဝန်ကျေပြီဆိုတဲ့အခြေအနေမျိုးဟာ ဒီမိုကရေစီ ရင့်သန်ခိုင်မာလာတဲ့ အဆင့်မှသာ ဖြစ်နိုင်မယ်။ အခုလို မလွတ်လပ်တဲ့ စနစ်အောက်က ရုန်းထွက်ဘို့ဆိုတာကတော့ နိုင်ငံသားတိုင်းရဲ့ တာဝန်ဘဲ။
ဒီးဒုတ်ဦးဘချိုပြောခဲ့တာရှိပါတယ်။
“နိုင်ငံရေးဆိုတာ နိုင်ငံသားအားလုံးရဲ့ တာဝန်ဖြစ်တယ်။ နိုင်ငံရေးကို စွမ်းစွမ်းတမံလုပ်နေသူများသည် သူတာဝန်သူကျေပွန်စွာလုပ်နေရုံဖြစ်၍ အထူးတလည် ကျေးဇူးတင်စရာမလို။ နိုင်ငံရေးကို မလုပ်သူများကား ပြည်လှေးပြည်မွှားများနှင့်တူပေသည်။ နိုင်ငံရေးကို ကိုယ်တိုင်မလုပ်ရုံမျှမက လုပ်နေသူများကိုပါ ကဖျက်ယဖျက် လိုက်ပြောသူများကား တိုင်းပြည်ရန်သူနံပါတ်(၁) မည်ပေ၏” လို့ ရေးထားတာကို ဖတ်ဘူးပါတယ်။ ရန်ကုန်တက္ကသိုလ် နှစ်ငါးဆယ် မဂ္ဂဇင်းအထူးထုတ်မှာ အဲသည်ဆောင်းပါးကို ပြန်လည်ဖော်ပြထားတာ ရှာဖတ်နိုင်ပါတယ်။
လေပေါ
နေတာထက်အလုပ်လုပ်တာ ပိုအဆင်ပြေလိမ့်မယ် ကိုလေပေါရေ
အပြောမပါ လက်တွေ့လေးနဲ့လုပ်တာ မြင်ပါရစေဗျ
ကိုပေါက စာအုပ်ကြိး သမားပီပီ ဟိုစကား ဒီစကား ကိုးကားပြီး ပြောတော့ဒါပဲကိုး။
ဆိုလိုတာက ရှင်းရှင်းလေး။
မသိလို့ မလုပ်တဲ့သူတွေ (ဘာသိဘာသာနေတဲ့သူတွေ) ကို သိလာအောင် လုပ်ချင်လာအောင်လို့ ဆွဲဆောင် သိမ်းသွင်းနိုင်သူ (အ၇ည်အချင်းရှိသူ) ခေါင်းဆောင်ကောင်း လိုတယ်လို့ ပြောချင်တာ။
နိုင်ငံေ၇းလုပ်တယ် အမည်ခံ
ထောက်ပံ့ကြေးယူပြီး နှစ်ပေါင်းမျးစွာ အဆီယစ် ထိုင်စား။ မီဒီယာတွေနဲ့ ဗျူးလိုက်။ လူကြားကောင်းအောင် အထိမ်းအမှတ်နေ့တွေမှာ အခန်းအနားလေး ထလုပ်လိုက်၊ အပြင်းပြေ ကြေငြာစာတမ်းလေး ထုတ်လိုက်။ ကဲ သူတို့ အဲဒီလိုလုပ် နေပြီး ခုထိဘာများ ထိေ၇ာက်မှုရှိလာသလဲ။
သူတို့က တာဝန်ကျေတဲ့ သူတွေလား။ နိုင်ငံေ၇း ဆိုတာ အဲဒီလိုလုပ်၇တာလား။
ကိုပေါစဉ်းစားကြည့်စေချင်ပါတယ်။
ဟို မသိနားမလည်လို့ ငုတ်တုတ် ထိုင်နေသူတွေကို တာဝန်မကျေဘူး လို့ အပြစ်တင်တာထက် သူတို့ကို အပြစ်မတင် သင့်ဘူးလား။ သူ့တို့မှာ တာဝန်ပိုမရှိဘူးလား။
ကဲဟုတ်ပါပြီ။ ဒါဆို ဘာလုပ်ကြရမတုံး။ အားလုံးက နိုင်ငံေ၇းလုပ်ပါမယ်တဲ့ ။ ဘယ်က စလုပ်၇မလဲ ဆိုဒါ ကိုပေါပဲ ပြောကြည့်ပါအုံး။
အမည်မသိသူသို့….
ပြည်ပရောက်အတိုက်အခံခေါင်းဆောင်တွေကို မပြစ်မတင်မီ သူတို့ဘာလုပ်ခဲ့သလဲ၊ ကိုယ်ကိုယ်တိုင်ရော ဘာလုပ်ခဲ့သလဲဆိုတာ အရင် ချိန်ထိုးကြည့်စေချင်ပါတယ်။
အဲသည်အတိုက်အခံခေါင်းဆောင်အတော်များများဟာ ပြည်တွင်းမှာရှိစဉ်က သူတို့ရဲ့ တက်ကြွစွာလှုပ်ရှားမှုကြောင့် နှစ်ရှည်လများ ထောင်ဒဏ်ကျခံခဲ့ရတယ်။ နောက်ပိုင်းမှာ ပြည်တွင်းမှာ ဆက်နေလို့မဖြစ်နိုင်လောက်အောင် ဖိနှိပ်လာတဲ့အတွက် ပြည်ပမှာ ဆက်လက်လှုပ်ရှားဘို့ ထွက်လာကြတယ်။ ဒီကနေ့အထိ သူတို့ရဲ့ ကြိုးပမ်းမှုကြောင့် ဖြစ်လာခဲ့တဲ့အရာတွေလည်း အများကြီးပါ။ မေ့ချင်ယောင်ဆောင်ထားလို့မရပါဘူး။ ဥပမာ….မြန်မာပြည်သူတွေကို သတင်းမှန်တွေဖြန့်ဖြူးပေးနေရာ ဒီဗီဘီအသံလွှင့်ဌာန။ အလားတူ ကုလသမဂ္ဂမှာ မြန်မာပြည်နဲ့ပတ်သက်ပြီး အရေးယူမှုတစုံတရာရှိလာအောင် စဉ်ဆက်မပြတ် လုပ်ဆော်နေတာလည်း သူတို့ပါဘဲ။
နိုင်ငံခြားမှာနေပြီး အချိန်ပြည့်နိုင်ငံရေးလုပ်မယ်ဆိုရင် ဘ၀ရပ်တည်ရေးအတွက် ထောက်ပံ့ကြေးကို ယူကြရတာလည်း ကျနော်တို့အနေနဲ့ နားလည်ပေးရမှာပါ။ အလားတူဘဲ တချို့ ကိုယ့်ဝမ်းကိုကျောင်းပြီး တဖက်တလမ်းကနေ မြန်မာပြည်လွတ်လပ်ရေးနဲ့ ဒီမိုကရေစီစနစ်ထူထောင်ရေးမှာ တတပ်တအားပါဝင်နေကြသူတွေလည်း ဒုနဲ့ဒေးပါ။
သူတို့လုပ်လို့ ဘာပြောင်းမှုရှိသလဲဆိုတဲ့ မေးခွန်းကိုတော့ ကျနော်တို့ သွားနေတာဟာ ဒီမိုကရေစီစနစ်ဆိုတာ မမေ့ဘို့ လိုအပ်တယ်။ တချို့သော လုပ်ရပ်တွေရဲ့ အကျိုးရလဒ်ဟာ အခုရေတွင်းတူး အခုရေကြည်သောက်ဆိုတာလို နေ့ချင်းညချင်း မြင်ချင်လို့မရဘူး။
နောက်တချက်က ခေါင်းဆောင်ဘယ်လောက်ကောင်းနေနေ ကျောထောက်နောက်ခံ လူထုကလည်း အားတောင့်ဘို့လိုပါတယ်။ ဥပမာပေးရရင် စစ်သူကြီးဘယ်လောက်ကောင်းနေနေ…တပ်သားတွေနောက်မှာမရှိဘူးဆိုရင် တိုက်ပွဲနိုင်ဘို့မလွယ်ပါဘူး။
ပြည်သူတွေမှာ ဗဟုသုတချို့တဲ့တာကတော့ မှန်ပါတယ်။ ဒါပေမယ့် လူတိုင်းမှာ နအဖ အစိုးရလို စစ်အစိုးရမျိုးဟာ ကောင်းတယ်မကောင်းဘူးဆိုတာကို ခွဲခြားနိုင်လောက်တဲ့ အသိဉာဏ်ရှိကြပါတယ်။ အဲသည်လို ခွဲခြားသိဘို့ ပီအိတ်ခ်ျဒီ ဒေါက်တာတွေဖြစ်နေဘို့မလိုပါဘူး။ အဓိကကတော့ အဲသည်အစိုးရရှိနေခြင်းဟာ မိမိရဲ့ နေစဉ်ဘ၀ကို ထိခိုက်နေကြောင်းကို ပေါ်လွင်အောင် ဆက်စပ်ပြဘို့လိုတာပါ။
သည်တော့ အခုခံစားနေရာတာ ဘယ်သူတွေလဲ။ ပြည်သူတွေဘဲ မဟုတ်လား။ ကိုယ်ခံနေရတာကို ကိုယ်တိုင်ပြောင်းလဲပစ်ချင်မှဘဲ ဖြစ်ပေမပေါ့။ ကိုယ့်ကိစ္စဟာ ကိုယ့်မှာ တာဝန်အရှိဆုံးပေါ့။
ဒါပေမယ့် လူတွေဟာ တဦးတယောက်ချင်းအနေနဲ့ဆိုရင် အင်အားမရှိကြဘူး။ စုဝေးကြမှ ပေါင်းစည်းကြမှ ဖွဲ့စည်းကြမှ ကြီးမားတဲ့အင်အားကို တည်ဆောက်နိုင်တယ်။ ဒီတော့ စည်းရုံးရေးလိုတယ်ဆိုတာက အမှန်ပါဘဲ။ လူထုကို စည်းရုံးရမယ်။
ဘယ်ကနေ စလုပ်ရမလဲဆိုတဲ့မေးခွန်းနဲ့ ပတ်သက်လို့တော့ ကျနော့် တယောက်တည်းအမြင်ကိုပြောရရင်…
(၁) လူတွေရဲ့ နိုင်ငံရေးရေချိန်က မတူညီတဲ့အတွက် မြို့ရွာတွေမှာ တက်ကြွတဲ့လူငယ်တွေနဲ့ စတင်ချိတ်ဆက်ပြီး အစုအဖွဲ့ငယ်လေးတွေ နေရာအနှံ့ ဖွဲ့ဘို့လိုပါတယ်။ ပြည်တွင်းမှာ အဲသည်ကိစ္စကို လုပ်နေကြတဲ့ အဖွဲ့တွေ ရှိပါတယ်။ အရေအတွက်နဲ့ ကျောထောက်နောက်ခံ ရန်ပုံငွေအင်အားသိပ်မတောင့်တင်းတာကတကြောင်း၊ လျို့လျို့ဝှက်ဝှက်လုပ်ဆောင်ရတာကတကြောင်းတို့ကြောင့် ထင်သာမြင်သာမရှိတာပါ။
(၂) ပြည်သူအများဟာ မိမိတို့ ကိုယ်တိုင် တက်ကြွစွာ မပါဝင်နိုင်ရင်တောင်မှ အဲသည်လို တက်ကြွတဲ့ အဖွဲ့ငယ်လေးတွေကို အားပေးရမယ်။ ထောက်ကူရမယ်။ နိုင်ငံရေးလုပ်နေသူတွေကို မကြဉ်ဘဲ အကူအညီပေးရမယ်။
(၃) သည်လိုနဲ့ အဖွဲ့ငယ်လေးတွေ အင်အားတောင့်လာရင် ပြည်သူတွေပါဝန်းရံပြီး အာဏာပိုင်တွေရဲ့ မတရားတဲ့လုပ်ရပ်တွေကို ညီညီညွတ်ညွတ်ဆန့်ကျင်ရမယ်။ ဥပမာ…. လုပ်အားပေးမလုပ်မနေရ လာခေါ်ရင် ဘယ်သူမှ မလိုက်ကြဘဲနေခြင်းမျိုးနဲ့ သပိတ်မှောက်ရမယ်။ လူအများက ဆန့်ကျင်တာဖြစ်တဲ့အတွက် အာဏာပိုင်တွေအနေနဲ့ အားလုံးကို အရေးယူလို့ မဖြစ်နိုင်ဘူး။
(၄) အဲသည်အခါမှာ အဖွဲ့ငယ်တွေက တက်ကြွတဲ့ ခေါင်းဆောင်တွေကို ဖမ်းလိမ့်မယ်။ အဲသည်အခါမှာ လူထုက ခုနက အမည်မသိပြောတဲ့ တဗိုလ်တက် တဗိုလ်ဆင်းနဲ့ နေရာဆက်ယူရမယ်။ လူထုကလည်း ဆက်လက်ပါဝင်လှုပ်ရှားရမယ်။ စုဝေးလုပ်ဆောင်ကြပြီဆိုရင် အရည်အချင်းရှိတဲ့ခေါင်းဆောင်ဟာ လူထုကြားက အလိုလိုထွက်လာမှာဘဲ။
(၅) အဲသည်လို လုပ်ပါများလာရင် ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ သြဇာဟာ တဖြည်းဖြည်းနဲ့ ကျလာလိမ့်မယ်။ စစ်အစိုးရဟာ အဲသည် ဒေသဆိုင်ရာအာဏာပိုင်ဆိုတဲ့ လက်တံတွေကတဆင့် တပြည်လုံးကို ထိန်းချုပ်ထားတာ။ အဲသည်လက်တံတွေ အားချည့်နဲ့လာရင် ပြည်သူ့အင်အားက ကြီးထွားလာတာနဲ့အတူတူဘဲ။
(၆) အဲသည်မှာ တဆင့်တက်ပြီး လူထုအနေနဲ့ အဖွဲ့အစည်းတွေ၊ အသင်းအပင်းတွေ ပေါ်ပေါ်ထင်ထင်ဖွဲ့စည်းမယ်။ လိုအပ်ရင် တပြည်လုံး သပိတ်မှောက်တာမျိုး (အလုပ်မဆင်းတာမျိုး) လုပ်ပြီး အစိုးရယန္တရားကြီး တရပ်လုံး ရပ်ဆိုင်းသွားအောင်ထိ တတ်နိုင်ပါတယ်။
(ရ) အခု အဲသည်ကိစ္စကို အကောင်အထည်ဖော်တဲ့နေရာမှာ မိမိက ပြည်တွင်းကဆိုရင် ပြည်တွင်းမှာရှိတဲ့ လက်ရှိလှုပ်ရှားနေသူတွေကို ချဉ်းကပ်ပြီး ကိုယ်ဘာလုပ်ပေးရမလဲ။ ဘာကူညီနိုင်မလဲ စုံစမ်းပြီး ပါဝင်ပူးပေါင်းပါ။
(၈) မိမိက ပြည်ပရောက်နေတယ်ဆိုရင် အဲဒီအဖွဲ့တွေကို ငွေကြေးနဲ့ လိုအပ်တဲ့ ပစ္စည်းပစ္စယတွေ မိမိ ချွေးနည်းစာထဲက ခွဲပြီး လစဉ်ထည့်ဝင်ခြင်းဖြင့် ထောက်ပံ့နိုင်ပါတယ်။ ဒီလောက် လွယ်ကူပြီး အန္တရယ်နည်းပါးတဲ့ ကိစ္စလေးကိုတောင် မိမိ ပါဝင်ဘူးရဲ့လား သုံးသပ်ကြည့်သင့်ပါတယ်။
အဲသည်လိုမျိုး နှစ်ကာလ ရှည်ကြာစွာ စွဲစွဲမြဲမြဲလုပ်ဆောင်ခဲ့ရင် တချိန်မှာ စစ်အစိုးရ ပြုတ်ကျရုံသာမက၊ ပြည်သူလူထုဟာလည်း ဒီမိုကရေစီစနစ်အတွက် ပိုမိုအဆင်သင့်ဖြစ်လာမယ်ဆိုတဲ့အကြောင်း ကျနော်တွေးမိသလို ဆွေးနွေးလိုက်ပါတယ်။
(ဒါထက် စကားစပ်မိလို့ပြောရရင် စာအုပ်စာတမ်းတွေကို ကိုးကားတာနဲ့ စာအုပ်ကြီးသမားလို့ ပြောတာဟာ အသုံးအနှုန်းလွဲနေပါတယ်။ စာအုပ်ကြီးသမားဆိုတာက သမားရိုးကျအတိုင်း၊ ပြဋ္ဌာန်းထားတဲ့အတိုင်းကနေ ဆံတချည်မျှ အလျှော့မပေးဘဲ တသွေမတိမ်းလုပ်သူကိုခေါ်တာပါ။ စာအုပ်စာတမ်းတွေကို ကိုးကားပြီးပြောတာဟာ စကားပြောရာမှာ အင်မတန်လိုအပ်တဲ့ ကိစ္စဘဲ။ ကိုယ်ပြောချင်တာကို ထိရောက်စေချင်တဲ့အခါမျိုးမှာပေါ့။ ကျနော့်အနေနဲ့ တတ်နိုင်ရင် အခုထက်တောင် ပိုပြီး ကိုးကားတတ်ချင်ပါသေးတယ်။ ဗုဒ္ဓတောင် တရားဟောရင် ဇာတ်တွေနိပါတ်တွေ ဥပမာပုံဝတ္ထုတွေကို အလျဉ်းသင့်သလို ထုတ်နှုတ်ပြတတ်တယ်မဟုတ်ပါလား။ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဒေါ်အောင်ဆန်းစုကြည်လည်း စာအုပ်စာတမ်းကို ကိုးကားတာပါဘဲဗျာ။ စာအုပ်ကြီးသမား မဟုတ်ရပါဘူး။)
ကိုလေပေါရေ..
လေတွေဖောနေပုံရ၏
Ko Paw is not just a talker. He is one of the Myanmar activists in Singapore. He took part in many Myanmar-related political activities in Singapore. I respect him - even though I do not agree with some of his political views. (By the way, Myanmar political activists in Singapore do not get any financial support from any organization. They just do it "ko-hta-min-ko-sar". Also, they also have to face a lot of restrictions and intimidations by the Singapore government which is not too democratic.)
ခုလိုသေချာရှင်းပြပေးတာ ကျေးဇူးတင်ပါတယ် ကိုပေါ။ သူတို့ကို အပြစ်မတင်မီ ကိုယ်က ဘာလုပ်ခဲ့သလဲ။ ဟုတ်ကဲ့။ ကိုယ်လုပ်ခဲ့တာ ကိုယ်တိုင်အသိဆုံးမို့ လူသိရှင်ကြား မကြေညာလိုပါဘူး။ ဒါပေမဲ့ တခုတော့ ပြောချင်တယ်ကိုပေါ။ ကိုပေါ ပြောတာ မထောက်ခံတာနဲ့ နိုင်ငံေ၇းကို မလုပ်ဖူးတဲ့လူ။ ဘာသိဘာသာ နေတဲ့လူ။ သူများလုပ်တာကို ကဖျက်ယဖျက် လုပ်တဲ့လူ လို့တော့ ကောက်ချက်ဆွဲမချစေချင်ဘူး။ ထားတော့ …။
ဟုတ်ပြီ။ အခုေ၇တွင်းတူးအခုေ၇ ကြည်သောက်လို့ မရမှန်း သိပေမယ့်ေ၇တွင်းတူးတာက တဆိတ် မကြာလွန်းဘူးလား။ေ၇တွင်းတူးဖို့ ပေးတဲ့ပိုက်ဆံတွေကို အိတ်ထဲ ထည့်နေကြတာေ၇ာ။ တကယ်တူး၇တဲ့ လူတွေက ကိုပေါပြောသလို အထဲမှာ လက်တွေ့ ဒုတ်ခခံ လုပ်နေတဲ့သူတွေ မဟုတ်လား။ သူတို့က တူးပါဟ ဆွပါဟ ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား ဆိုပြီး အဝေးကနေ ညာသံပေးနေတဲ့ လူစားမျိုးလို ဖြစ်နေတယ်။ သူတို့ကို နားလည်ပေးခဲ့ စိတ်ရှည်ပေးခဲ့ တာကြာပါပြီ။ ဘာများထူးခြားလာလို့လဲ။ ဆက်ပြီးတော့ေ၇ာ ထူးခြားအုံးမှာလား။ မထူးခြား၇ခြင်းက ဘာလဲ ။ အားနည်းချက် ကဘာလဲ။ စဉ်းစားကြစေချင်တယ်။
ပြည်တွင်းမှာလျို့ဝှက်စွာလုပ်နေတဲ့ အဖွဲ့လေးတွေ ရှိတယ်။ အေ၇အတွက်နည်းတယ်။ ကျောထောက်နောက်ခံ ၇ံပုံငွေနည်းတယ်။ ဒါ့အပြင် ဖြည့်စွက်ချင်တယ်။ လုပ်သမျှ အောင်မြင်မှု့နည်းတယ်။ ဘာကြောင့်လဲ။ (၁) ပေးတဲ့၇ံပုံငွေကို အလွဲသုံးစားလုပ်ခြင်း။ (၂) လုပ်နည်းလုပ်ဟန် မမှန်ကန်ခြင်း (၃) နည်းစနစ်မရှိ (စည်းကမ်းမရှိ) ခြင်း (၄) ရိုးသားဖြောင့်မတ်မှု မရှိခြင်း တို့ကြောင်းပါပဲ။ အကြောင်းသိမို့ ပြောတယ်မှတ်ပါ။ ဟုတ်တယ် ကိုပေါပြောသလို အမှန်ဆို ဒီလိုအဖွဲ့လေးတွေ ၅ ယောက် ရှိ၇ာက ၁၀ ယောက်။ ၁၀ ယောက်ကနေ ၂၀ - ၃၀ - ၅၀ - ၁၀၀ စသဖြင့် ပွားများလာသင့်တယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆို၇င်တကယ် လုပ်နေတဲ့သူတွေက အင်မတန်နဲပြီး စနစ်မကျတာတွေ အတ္တသမား (ငို့ဘ သမား)တွေက များနေပါတယ်။ (အားလုံးကို မပြောပါ)
ကျန်တဲ့ ကိုပေါပြောတဲ့ အချက်တွေကတော့ ကောင်းပါတယ်။ ( စိတ်ကူးယဉ်လို့။ ) လက်တွေ့မှာတော့ ဖြစ်မဖြစ် မပြောတတ်ဘူး။ ဒါနဲ့ ပြည်တွင်းမှာ လက်ရှိလှုပ်ရှားနေတဲ့လူတွေကို ဘယ်လို ချဉ်းကပ် ဆက်သွယ်၇မလဲ။ လိပ်စာလေး ဖုန်းနံပတ်လေး ရှိရင် ပြောပါအုံး။
ကိုပေါပြောသလို လွယ်ကူပြီး အန်တရယ်နည်းပါးတဲ့ ကိတ်စလောက်တော့ တခါမှ မပါဖူးဘူး ဆိုတာ ၀န်ခံပါတယ်။ ။
ကိုပေါတို့လို တတ်သိ ပညာရှင်တွေ စုပေါင်းပြီး မြန်မာပြည်ဒီမိုကေ၇စီ ၇ရှိရန် ဆိုတဲ့ စီမံကိန်းတခု ဆွဲလိုက်ပါလား။ ဘယ်သူက ဘာလုပ် ဘယ်သူက ဘာလုပ်ဆိုပြီး လုပ်ငန်းခွဲတမ်းတွေချ။ လိုအပ်၇င် လက်နက်ကိုင်သင့် ကိုင်၇မှာ ကျောင်းသားတပ်မတော်ကလဲ ယိုင်နဲ့နဲ့။ နာဂစ်တုန်းက အလှုငွေကောက်ခံသလို အဲဒီ စီမံကိန်းအတွက် စေတနာရှင်တွေကို အလှုခံ။ အတွင်းနဲ့ အပြင် ချိတ်ဆက်ပြီး တခုခု ထူးခြားအောင် လုပ်ကြပါလား။ ထူးမခြားနား ပတ်ပျိုးကို ဆိုပြီးေေ၇ွှပြည်တော် မျှော်တိုင်းဝေး ဇာတ်ကားရိုက်နေတာ ကြာပီမို့ စိတ်မရှည်လွန်းလို့ ပြောမိတဲ့ စကားတွေပါ။ တကယ်တော့ ၂၁ ၇ာစု ခေတ်ကြီးမှာေ၇သောက်ချင်လို့ေ၇တွင်းတူးနေ၇တာမျိုး မဖြစ်သင့်တော့ ပါဘူး။
မူလလက်ဟောင်း အမည်မဲ့
(စာကြွင်း ။ စာအုပ်ကြီးသမားလို့ သမုတ်မိတာ ခွင့်လွှတ်ပါ။ မဟုတ်ဘူးဆိုတော့လဲ မဟုတ်ဘူးပေါ့။)
မူလလက်ဟောင်း အမည်မဲ့သို့…
မိတ်ဆွေရဲ့ အားမလိုအားမရဖြစ်မှုကိုရော၊ တိုင်းပြည်အတွက် ကောင်းစေလိုတဲ့ ခံစားချက်ကိုရော ကျနော်နားလည် ခံစားပေးလို့ရပါတယ်။
ရေတွင်းတူးတာက တဆိတ်မကြာလွန်းဘူးလားဆိုတော့ အဲသည်လို ကြာတဲ့ကိစ္စကို ကျနော်တို့က ဘယ်သူ့ကို လက်ညှိုးထိုး အပြစ်ပုံရမလဲဗျာ။ မဟတ္တမဂန္ဒီကတော့ ပြောဘူးတာဘဲ…. “You must be the change you want to see in the world”…တဲ့။
ဆိုလိုတာက အပြောင်းအလဲကို မြင်ချင်ရင် ကိုယ်ကိုယ်တိုင်က ပြောင်းအောင်ကြိုးစားရမယ်ဆိုတာလေ။ စကားနိုင်လုပြောတာမဟုတ်ပါဘူး။ အဲသည် စကားက တကယ်မှန်လို့ပါ။ ကျနော်တို့အနေနဲ့ ဘောလုံးပွဲတပွဲကို ကြည့်ပြီဆိုရင် “ရှေ့တန်းလူကန်တာ မကောင်းဘူး။ တောင်ပံကကောင် ကန်တာ အချိတ်အဆက်မမိဘူး” စသဖြင့် ဝေဖန်သလိုပါဘဲ။ ကိုယ်ကတော့ ဘောလုံးကို တသက်လုံး ခြေထောက်နဲ့ ထိဘူးချင်မှတောင် ထိဘူးမှာ။ သို့သော် ပွဲကြည့်စင်မှာ ထိုင်ပြီး ဝေဖန်ရတာတော့ အင်မတန်လွယ်တယ်လေ။ အဆဲဝါသနာပါရင် ဟိုခွေးမသား အသုံးမကျဘူး…မအေ….ဘာညာ အော်ဆဲလို့ရသေးတယ်။ ဒါပေမယ့် ကိုယ်တိုင်ကွင်းထဲ တကယ်ဆင်းကန်ကြည့်ရင်တော့မှ ဘယ်လောက် ခက်ခဲပင်ပန်းသလဲဆိုတာ (ထင်သလောက် မလွယ်ဘူးဆိုတာ) နားလည်နိုင်ပေမပေါ့။
မိတ်ဆွေပြောသလိုမျိုးဘဲ….. ပြည်ပမှာ အဲသည်လို ထောက်ပံ့ငွေကို ထိုင်စားပြီးဖြစ်ဖြစ်မြောက်မြောက် မလုပ်တဲ့သူတွေ မရှိမဟုတ်။ ရှိမှာပါ။ ဒါပေမယ့် လက်တဆုပ်စာဘဲ ရှိတာပါ။ လူတိုင်းဟာ သည်လို လုပ်မနေကြပါဘူး။ ကျနော်သိသလောက် ပြည်တွင်းကို ငွေပို့နေတဲ့ အထင်ကရ ပုဂ္ဂိုလ်တွေ၊ အဖွဲ့တွေလည်း ရှိနေကြပါတယ်။
မလုပ်တဲ့လူတွေကို မလုပ်ရကောင်းလားဆိုပြီး ထိုင်အပြစ်တင်နေရင်တော့ မောတာဘဲအဖတ်တင်မယ်။ မလုပ်တဲ့လူတွေနေရာမှာ လုပ်နိုင်သူတွေနဲ့ အစားထိုးနိုင်ဘို့ ကြိုးစားကြရမှာပေါ့။
(၁) ရံပုံငွေ အလွဲသုံးစား လုပ်တယ်ဆိုတဲ့ စကားကို ပြည်တွင်းကလူတွေကို ရည်ညွှန်းချင်တာဆိုရင် ကျနော် ကန့်ကွက်ပါတယ်။ အဲသည်မှာ လုပ်နေတဲ့လူတွေမှာ အလွဲသုံးစား လုပ်တယ်ဆိုရအောင် ပြောင်ပြောင်ရောင်ရောင် ရှိတဲ့လူမရှိပါဘူး။ (နအဖနဲ့ ပူးပေါင်းတဲ့ တချို့ပုဂ္ဂိုလ်များက လွဲလို့ပေါ့၊) အများစုကတော့ ငတ်ငတ်ပြတ်ပြတ်နဲ့ဘဲ လုပ်နေရတာဘဲ။ သိတဲ့အတိုင်း နအဖကလည်း ဖြတ်လေးဖြတ်နဲ့ ငတ်အောင်လုပ်နေတာဆိုတော့။
(၂) လုပ်နည်းလုပ်ဟန် မမှန်ကန်ခြင်း။
ဘယ်လိုဘယ်ပုံ မမှန်တာလဲ နည်းနည်းလောက် အကျယ်ချဲ့ ရှင်းပြစေလိုပါတယ်။ တချို့ကိစ္စတွေမှာ လုပ်နည်းလုပ်ဟန် မမှန်တာတွေ ရှိကောင်းရှိနိုင်ပါတယ်။ အဲဒါကို သူတို့ထက် တော်တဲ့ ထက်တဲ့ ပိုပြီး တတ်သိနားလည်တဲ့လူတွေက ဘာကြောင့် ထွက်လာပြီး မပူးပေါင်းတာလဲဆိုတာကတော့ မေးခွန်းထုတ်ချင်စရာပါ။
(၃) နည်းစနစ်မရှိ (စည်းကမ်းမရှိ) ခြင်း။
ဘာကိုဆိုလိုသလဲ သဘောမပေါက်ပါ။ ဥပမာ… ဥပမေးယျနှင့် ပြနိုင်လျှင်ကောင်းမယ်။ နည်းဗျူဟာကို ပြောလိုခြင်းလား။ သူတို့မှာ ဗျူဟာကတော့ ရှိပါတယ်။ လုပ်နည်းလုပ်ဟန်ကတော့ စာအုပ်ကြီးအတိုင်း တသွေမတိမ်းသွားလို့မရ။ နအဖက အဖက်ဖက်က ဖိထားတဲ့အတွက် တချို့နေရာတွေမှာ ပြည်ပမှာလို စနစ်တကျ လုပ်လို့မရတာတွေရှိပါတယ်။ ဥပမာ…. Transparency ထားလို့မရပါဘူး။ ငွေကို ဘယ်နေရာမှာ ဘယ်လိုသုံးတယ်၊ ဘယ်သူ့ကို ဘယ်နေ့က ဘယ်လောက်ပေးလိုက်တယ် စသဖြင့် စာရင်းဇယားနဲ့ လုပ်နေရင် အဲဒီ စာရင်းဇယားမိသွားတဲ့အချိန်ကျရင် တပြုံလုံးကွိသွားမှာပေါ့။
(၄) ရိုးသားဖြောင့်မတ်မှုမရှိခြင်း
ကျနော်နဲ့ဆက်ဆံဘူးတဲ့ ပြည်တွင်းနိုင်ငံရေးသမားတွေမှာ တခြားအရာသာ အပြစ်ပြောလို့ရကောင်းရမယ်။ ရိုးသားတဲ့နေရာမှာတော့ အားလုံးက စံတင်လို့ ရနိုင်တာချည်းပါဘဲ။ ရိုးသားလို့လည်း ဒီလောက် ဒုက္ခများတဲ့အလုပ်ကို ထောင်တန်းအကျခံပြီး လုပ်နေတာပေါ့ဗျာ။ မရိုးမသားကြီးပွားချင်ရင် ဒီခေတ်မှာ ဒီထက်လုပ်လို့ကောင်းတဲ့ နယ်ပယ်တွေ အပုံကြီးပါ။ အနည်းဆုံး ကြံ့ဖွံ့မှာ အကောင်ဝင်လုပ်လို့ရတယ်။
ကျနော်ပြောတဲ့အချက်တွေက ကောင်းတယ်ဆိုတော့ မူအားဖြင့် လက်ခံတယ်လို့ ယူဆရမှာပေါ့။ ကျနော်ကလည်း လွယ်ကူမယ်လို့ မပြောခဲ့ပါဘူး။ ရိုးစင်းသလောက် အင်မတန် ခက်ခဲပါတယ်။ အနည်းဆုံး ခင်ဗျား လှုပ်ရှားရင်းနဲ့ နအဖ ဖမ်းပြီး နှစ်ရှည်ထောင်ချတာ ခံရမယ်။ ကြံဖွံ့ဝိုင်းရိုက်တာလည်း ခံရနိုင်တယ်။ တချို့လည်း တကယ်ကို အဖမ်းခံပြီး ထောင်ထဲရောက်နေတဲ့သူတွေ ရှိပါတယ်။ ခက်သော်လည်း လုပ်သင့်လုပ်ထိုက်တာဖြစ်တဲ့အတွက် ခံယူချက်ရှိသူ၊ ယုံကြည်ချက်ခိုင်မာသူတွေအဖို့ ရှေ့သို့ခရီးဆက်ဆဲပါ။
ပြည်တွင်းမှာ လက်ရှိလှုပ်ရှားနေသူတွေကို ချဉ်းကပ်ဘို့ဆိုတာ လိပ်စာလည်း မလိုဘူး။ ဖုန်းနံပါတ်လည်းမလိုဘူး။ (ပေးလို့လည်း မဖြစ်ဘူး) နိုင်ငံရေးကို တကယ်စိတ်ဝင်စားပြီး လုပ်တဲ့လူတွေဟာ အချင်းချင်း သူ့ဟာသူ ချိတ်ဆက်မိကြတာချည်းဘဲဗျ။ ဖြစ်နိုင်ချေအများဆုံးကတော့ ခင်ဗျားဟာ တက်ကြွလှုပ်ရှားသူတဦးဆိုရင် အဲသည်အဖွဲ့ကလေးတွေက ခင်ဗျားကို ဆက်သွယ်လာလိမ့်မယ်။
မိတ်ဆွေ ၀န်ခံသလိုဘဲ…အန္တရာယ်နည်းပါးတဲ့ ကိစ္စတွေမှာတောင် လူတွေ မပါဝင်လို့ ကျနော်ပြောနေတာပေါ့ဗျာ။
နာဂစ်မှာ၊ ရွှေဝါရောင်တော်လှန်ရေးကာလမှာ စင်္ကာပူမှာ အလှူငွေတွေ သောင်းနဲ့ သိန်းနဲ့ ချီကောက်လို့ ရခဲ့တာမှန်ပါတယ်။ အဲဒီအချိန်က လူတွေရဲ့ နိုင်ငံရေးရေချိန်ကလည်း အမြင့်ဆုံးကို ရောက်နေတဲ့အချိန်။ ငါးဆယ်မျိုး တရာမျိုး၊ နှစ်ရာမျိုး မနှမြောဘဲ ပစ်ပြီး လှူကြတာ။ ဒါပေမယ့် အခုလိုအချိန်မျိုးမှာ တကျပ်တပြားတောင် ထည့်ဘို့ ၀န်လေးကြတယ်။
အဲဒါဟာ ဘာကိုပြနေလဲဆိုတော့ ကျနော်တို့လူမျိုးတွေက အခုချက်ချင်း အကျိုးရလဒ်ကို မျက်ဝါးထင်ထင် မြင်ရမှ လုပ်ချင်ပါဝင်ချင်ကြတယ်။ ရှေရှည်ကို ကြိတ်ပြီး လုပ်ရမယ့်ကိစ္စမျိုးကို အယုံအကြည်မရှိဘူး။ အကျိုးရလဒ် ချက်ချင်းမမြင်ရပေမယ့် လုပ်သင့်လုပ်ထိုက်တာမို့ လုပ်ကြရမယ်ဆိုတဲ့ ယုံကြည်မှုမျိုး မရှိကြဘူး။ ကျနော်တို့ အခုလုပ်ရမှာက လူတွေကို အကျိုးရလဒ် ချက်ချင်းမမြင်ရသော်လည်း လုပ်သင့်လုပ်ထိုက်တဲ့ တာဝန်တရပ်အနေနဲ့ လုပ်ကြဘို့ကို စည်းရုံးလှုံ့ဆော်ရမှာ။
နောက်ပြီး စကားလက်စနဲ့ ပြောရဦးမယ်။ ပြည်ပက အတိုက်အခံတွေ (ထောက်ပံ့ကြေးရတဲ့သူတွေ) ရတဲ့ ငွေဟာ တနှစ်တနှစ်မှာ သိန်းဂဏန်းဘဲ ရှိတယ်။ နာဂစ်လို ကာလမျိုးမှာ ကောက်လို့ရတဲ့ငွေဟာလည်း သိန်းဂဏန်းဘဲ ရှိတယ်။
နအဖ စစ်အစိုးရဟာ တိုင်းပြည်ကရတဲ့ အခွန်အတုပ်၊ ဂက်စ်၊ ရေနံ နဲ့ အခြားသယံဇာတတွေ ရောင်းလို့ရတဲ့ ငွေဟာ ဒေါ်လာဘီလီယံနဲ့ ချီရှိတယ်။ နောက်ပြီး သူ့မှာ စစ်တပ်၊ လက်နက်ခဲယမ်း၊ မီဒီယာအထောက်အကူ အစစ အင်အားတောင့်တင်းတယ်။
ဒီတော့ ဒီလို အင်အားတောင့်တင်းတဲ့ အစိုးရတရပ်ကို ဆန့်ကျင်ရင်ဆိုင်ရတဲ့အခါမှာ မိတ်ဆွေပြောတဲ့ “ရွှေပြည်တော် မျှော်တိုင်းဝေး” ဇာတ်ကားရိုက်တာ ကြာနေပြီဆိုတာ ဘာအံ့သြစရာရှိလို့လဲ။
နအဖဟာ စစ်အာဏာရှင်အစိုးရမို့ လူထုမှာ အကြပ်အတည်းဆိုက်ပြီး တချိန်ချိန်မှာ လူထုအုံကြွပေါက်ကွဲမှုကြောင့်သော်လည်းကောင်း၊ တပ်တွင်းကွဲပြဲမှုကြောင့်သော်လည်းကောင်း တနည်းနည်းနဲ့ တချိန်မှာ မလွဲမသွေ ပြုတ်ကျမှဘဲ။
ဒါပေမယ့် ကျနော်တို့က အဲသည်အချိန်အထိ ထိုင်မစောင့်နိုင်ဘူးလေ။ တိုင်းပြည်နစ်နာတယ်။ ပြည်သူလူထု အများစုပါဝင်လာရင် မြန်မြန်ပြောင်းလဲနိုင်မယ်။ ဒါကြောင့် လူအများစုကို ထိုင်မနေဘို့ ပူးပေါင်းပါဝင်ကြဘို့ တိုက်တွန်းနေတာ။
ကျနော်ပြောမယ်…. စင်္ကာပူမှာရှိတဲ့ မြန်မာတွေ သံရုံးကိုတော့ မဖြစ်မနေ အခွန်မှန်မှန်သွားဆောင်နေကြတယ်မို့လား။ ကိုယ့်အနာဂတ်ကောင်းကျိုးအတွက် ရွတ်ရွတ်ချွံချွံ ပြည်တွင်းမှာ စွမ်းဆောင်နေတဲ့ အတိုက်အခံတွေကိုသာ တလကို ငါးဒေါ်လာ ပုံမှန်ထည့်ရင် တလကို လူတသောင်းဆိုရင် ဒေါ်လာ ငါးသောင်း ထောက်ပံ့နိုင်တယ်။ အဲဒီ ဒေါ်လာငါးသောင်းဟာ ပြည်တွင်းက အတိုက်အခံတွေကို အခုလုပ်နိုင်တာထက် အဆပေါင်းများစွာ ပိုမို အားရှိစေမှာ၊ ပန်းတိုင်ကို အဆပေါင်းများစွာ ပိုပြီး မြန်မြန်သွားနိုင်စေမှာ ဖြစ်ပါတယ်။
ပြည်ပနိုင်ငံတိုင်းမှာသာ အဲသည်လို လုပ်နိုင်ကြရင် မြန်မာပြည်အမြန်လွတ်လပ်မှာဘဲ။ ဂျူးတွေကို အတုယူသင့်ပါတယ်။
ရှေရှေ ဝေးဝေး ထပ်ေ၇းတာ ကျေးဇူးပဲ ကိုပေါ။ ကိုပေါပြောစကားတွေကို ပြန်ကိုးကားပြီး ပြော၇၇င် -
ကိုပေါ၇ဲ့ စာတွေထဲမှာ ပါတဲ့ အောက်ပါစကားတွေက-
“ပြည်ပရောက်အတိုက်အခံခေါင်းဆောင်တွေကို မပြစ်မတင်မီ သူတို့ဘာလုပ်ခဲ့သလဲ၊ ကိုယ်ကိုယ်တိုင်ရော ဘာလုပ်ခဲ့သလဲဆိုတာ အရင် ချိန်ထိုးကြည့်စေချင်ပါတယ်။”
“ဒီလောက် လွယ်ကူပြီး အန္တရယ်နည်းပါးတဲ့ ကိစ္စလေးကိုတောင် မိမိ ပါဝင်ဘူးရဲ့လား သုံးသပ်ကြည့်သင့်ပါတယ်။”
“အပြောင်းအလဲကို မြင်ချင်ရင် ကိုယ်ကိုယ်တိုင်က ပြောင်းအောင်ကြိုးစားရမယ်ဆိုတာလေ။”
“ကိုယ်ကတော့ ဘောလုံးကို တသက်လုံး ခြေထောက်နဲ့ ထိဘူးချင်မှတောင် ထိဘူးမှာ။”
တဘက်လူကို ဘာမှန်းညာမှန်း မသိပဲ အထင်သေး၇ာေ၇ာက်စေတဲ့ စကားတွေ ဖြစ်နေသလိုပဲ။ ထားပါတော့ …
နောက်တခု
“မလုပ်တဲ့လူတွေကို မလုပ်ရကောင်းလားဆိုပြီး ထိုင်အပြစ်တင်နေရင်တော့ မောတာဘဲအဖတ်တင်မယ်။ မလုပ်တဲ့လူတွေနေရာမှာ လုပ်နိုင်သူတွေနဲ့ အစားထိုးနိုင်ဘို့ ကြိုးစားကြရမှာပေါ့။”
ဒီလို ဆိုရင် … အထက်မှာ ခင်ဗျားေ၇းခဲ့တာကိုကြည့်။
“ကျနော်ပြောတဲ့ မြန်မာနိုင်ငံသားတွေဆိုတာ ပြည်တွင်းရော ပြည်ပမှာရော ရောက်နေတဲ့ မြန်မာတွေအားလုံးပါဝင်ပါတယ်။ အဲသည်အထဲမှာမှ ဘာမှမလုပ်ဘဲ ထိုင်နေတဲ့ လူတွေကို တာဝန်မကျေဘူးလို့ ပြောချင်တာပါ။”
ဒီစကား၂ ခုတင် သဘောထား ကွဲလွဲနေပြီ။
နောက်တခု
“ကျနော်တို့ အခုလုပ်ရမှာက လူတွေကို အကျိုးရလဒ် ချက်ချင်းမမြင်ရသော်လည်း လုပ်သင့်လုပ်ထိုက်တဲ့ တာဝန်တရပ်အနေနဲ့ လုပ်ကြဘို့ကို စည်းရုံးလှုံ့ဆော်ရမှာ။”
အဲဒါပဲလေ။ ကျနော် ဟိုးကနဦးကတဲက ဆိုလို၇င်းက ဒီလိုထိုင်နေသူတွေကို မထိုင်အောင် လုပ်ဖို့ ဆွဲဆောင်စည်းရုံးဖို့က တကယ်နိုင်ငံေ၇းကို နားလည်တဲ့ ဦးဆောင်နိုင်တဲ့လူတွေမှာ တာဝန်ရှိတယ်လို့ ပြောချင်တာ။ လူတိုင်းက ခင်ဗျားပြောသလို ပိအိတ်ခ်ျဒီ ဖြစ်စ၇ာမလိုဘူး။ ဟုတ်တယ်။ ဒါပေမဲ့ လူတိုင်းမှာ နဲပါးတဲ့ နိုင်ငံေ၇း ဗဟုသုတကို ဖြန့်ဝေနိုင်ဖို့ရာ ဦးဆောင်နိုင်သူ။ စည်းရုံးေ၇း စွမ်း၇ည်ရှိသူတွေ လိုအပ်တယ်။ လူတွေ နိုင်ငံေ၇းမှာ စိတ်မ၀င်စားတာ။ ဘာကြောင့်လဲ။ ယုံကြည်မှုနဲလာတာ။ ဘာကြောင့်လဲ။ အဲဒိအဖြေကို ရှာပြီး ဖြေရှင်းသင့်တယ်။
ကျနော်တို့ တိုင်းပြည်၇ဲ့ ဝေးလံသီခေါင်တဲ့ တောအ၇ပ်ဒေသကို မပြောနဲ့ ၇န်ကုန်မြို့။ မန်းလေးမြို့တို့နဲ့ အနီးတ၀ိုက်ဒေသတွေမှာတောင် ပညာမဲ့သူ အခြေခံ ဗဟုသုတ မရှိသူတွေ တပုံကြီး။ သူတို့က အုပ်ချုပ်သူ မကောင်းတာ သိ၇င်သိမယ်။ သိချင်မှလဲ သိမယ်။ ကောင်းတာ မကောင်းတာ သူတို့ဂရုမစိုက်နိုင်ဘူး။ ဘာကြောင့်ဆိုတော့ သူတို့အတွက် အသက်ရှင်သန်ဖို့ တနေ့စာတနေ့ စား၇ဖို့က အေ၇းကြီးနေတယ်။ သူတို့ခုလို ဖြစ်၇ခြင်း၇ဲ့ အဓိက တ၇ားခံက ဘာလဲ ဘယ်သူလဲ ဆိုတာ သူတို့စဉ်းစားဖို့ ဥာဏ်လဲမရှိဘူး။ အချိန်လဲမရှိဘူး။ အခြေအနေလဲ မပေးဘူး။ အဲလိုလူတွေအများကြီးပါ ကိုပေါ။ ဒါကြောင့်လဲ တချို့က နအဖ၇ဲ့ အသုံးချခံတွေ ဖြစ်ကုန်ကျတာပေါ့။ တကယ်တမ်း သူတို့ကို သိလာအောင် နားလည်လာအောင် ပြောနိုင်တဲ့သူ အ၇ည်အချင်းရှိသူတွေ လိုတယ်။ ဒါက ပြည်တွင်းကိတ်စ။
ပြည်ပ ကိတ်စမှာ ခင်ဗျားနောက်ဆုံးပြောတဲ့ တယောက် ငါးဒေါ်လာ ကိတ်စလိုမျိုးလုပ်စေချင်တာပဲ။ အထက်က ကွန်မန်ံထဲ ပြောခဲ့သလို စနစ်တကျ အဖွဲ့တခုဖွဲ့ပြီး စီမံကိန်းတခု ဆွဲပြီး လုပ်သင့်တာ။ အဲဒိလို တလ ငါးဒေါ်လာမျိုး ထည့်ချင်အောင်ကလဲ စည်းရုံး၇မှာပဲ။ စည်းရုံးဖို့ တာဝန်အများဆုံးက ပြည်ပေ၇ာက် အတိုက်အခံ ခေါင်းဆောင်တွေမှာလဲ ရှိတယ်။ သူတို့လဲ ဒီထက်ပို လုပ်သင့်တယ်။ လူတွေ ယုံကြည်မှုရှိအောင် စံပြဖြစ်အောင် နေထိုင်ကျင့်ကြံ၇မယ်။ ဟိုလူ ဒီလူ တခြားနိုင်ငံတွေကို အားကိုးတာထက် ကိုယ့်အားကိုယ်ကိုးပြီး ထိထိေ၇ာက်ေ၇ာက် လုပ်၇မှာ။ တကယ့်အေ၇း တကယ့်ဘေးမှာ သမတ ဘုရှ်လဲ မကယ်နိုင် ဂေါ်ဒန်ဘေ၇ာင်းလဲ မကယ်နိုင်ဘူး။
ခင်ဗျားပြန်မေးထားတဲ့ ၇ံပုံငွေ အလွဲသုံးစားကိတ်စမှာ ပြည်ပကလဲ လုပ်သလို ပြည်တွင်းကလူ တချို့လဲ လုပ်တယ်။ (အားလုံးကို မဆိုလို လို့ ပြောထားးပြီးပြီ။) သက်ဆိုင်၇ာက ချပေးတဲ့ ဘတ်ဂျတ်ကို ပြန်လွှဲပေးတဲ့ နေ၇ာမှာ အထဲကို အပြည့်အ၀ မေ၇ာက်တာမျိုး ရှိသလို ။ အထဲကိုေ၇ာက်တဲ့ ငွေကလည်း အေ၇ပျော်သွားတာ အငွေ့ပျံသွားတာမျိုးတွေ ခနခန ဖြစ်တယ်။ ဒါဟာ နံပါတ် ၄ အချက်နဲ့လဲ ဆက်စပ်နေတယ်။ ရိုးသားဖြောင့်မတ်မှု မရှိလို့ ခုလို စြဖ်တာပဲ။ ခင်ဗျားတွေ့ဖူးတဲ့လူ တွေ ကောင်းချင်ကောင်းမယ်။ ကျနော်ကတော့ လက်တွေ့ပဲ။
နောက်တခု သူတို့မှာရှိတဲ့ဗျူဟာက နဲနဲဒိတ်အောက်နေပြီ။ ပြန်ပြီး မော်ဒီဖိုင်း လုပ်သင့်တယ်။ ဒီဗျူဟာကို နအဖကလည်း သိနေပြီးသား။ ထိထိေ၇ာက်ေ၇ာက် မလုပ်နိုင်တာဟာ ဗျူဟာ၇ဲ့အားနည်းချက်လဲ တခုအပါအ၀င်ပဲ။ အသေးစိတ်တော့ ဒိထဲ မပြောတော့ဘူး။ နောက်ပြီး စာ၇င်းဇယားကို ခင်ဗျားပြောသလို မိသွား၇င် ကွိသွားအောင် မှတ်ဖို့မလိုပါဘူး။ ကိုယ့်သင်္ကေတနဲ့ကိုယ် မှတ်နိုင်တယ်။ အဲဒီအတွက် သူတို့ စနစ်တကျ ဖြစ်ဖို့က သေချာ ထ၇ိန်နင်ပေး၇မယ်။ တော်သလို ကြည့်လုပ်နေကြတယ် ဆိုပေမဲ့ စည်း ဘောင်တခုတော့ ထား၇မယ်။ အထဲကလူတွေအားလုံးကို အပြစ်တင်နေတာမဟုတ်ဘူး။ သူတို့ အန်တရယ် ကြားးက တတ်နိုင်သလောက် လုပ်နေတာ ဟုတ်တန်သလောက် ဟုတ်ပေမဲ့ အကျင့်စာ၇ိတ်တ ခြစားသူ တချို့ပါတယ်။ တချို့ကတော့ စိတ်ဓာတ်ရှိလို့ထက် ငွေလိုချင်လို့။ ပြီးတော့ ပြည်ပထွက်ချင်လို့ လုပ်နေတာတွေလဲ တွေ့ဖူးတယ်။ အဲလိုလူတွေကျတော့ အေ၇းအကြောင်းဆို ဖော်ကောင်လုပ်ဖို့ ၀န်မလေးဘူး။ ဒါကြောင့် လူလဲ စိစစ်ပြီးမှ လက်ခံသင့်တယ်။
ဖုန်းနံပါတ် လိပ်စာဆိုတာကတော့ ခင်ဗျားကို နောက်တာပါဗျာ။း) ကျနော် ခုလောက်ပြောတယ်ဆိုကတည်းက ခင်ဗျား သဘောပေါက်တော့။
တော်ပြီဗျာ။ မောတယ်။ အားလဲ မအားဘူး။ စာရိုက်၇တာလဲ သိပ်အဆင်မပြေဘူး။ ဒီလောက်ပဲ။
မူလလက်ဟောင်းအမည်မသိသို့…..
ဆောရီးဗျာ။ တဘက်လူကို ဘာမှန်းညာမှန်းမသိပဲ အထင်သေးရာရောက်တယ်လို့ ခံစားရရင် တောင်းပန်ပါတယ်။ တကယ်တော့လည်း များသောအားဖြင့် “အမည်မသိ” အမည်ခံပြီး အသားလွတ်ပုတ်ခတ်တာတွေကို ကြုံခဲ့ရတာလွန်းလို့ ဓါတ်ခံက ဆူးပေါက်ပြီး နည်းနည်းချဉ်တူးနေတာလည်း ပါပါလိမ့်မယ်။း-)
မိတ်ဆွေက တက်ကြွစွာ ပါဝင်လှုပ်ရှားနေသူဆိုရင်တော့ ဒီစကားတွေက မိတ်ဆွေကို ရည်ညွှန်းရာမရောက်ပါဘူး။ ဖြစ်တတ်တဲ့သဘောကို ခြုံပြောတဲ့သဘောပါ။
မှန်ပါတယ်။ ကျနော်ပြောခဲ့တဲ့ စကားနှစ်ခုကို အခုလို တခုနဲ့ တခု ယှဉ်ကြည့်ရင် ရှေ့နောက်မညီဘူးလို့ မြင်စရာပါ။ ကျနော်ကွန်မင့်တင်ပြီးပြီးချင်းမှာလည်း သတိထားမိပါတယ်။ ဒါပေမယ့် အင်္ဂလိပ်လို စကားရှိတယ်။ (Out of Context) ဆိုတဲ့ အသုံးအနှုန်း။ ဘယ်သဘောနဲ့ ဘယ်လိုနောက်ခံနဲ့ ပြောတာလည်း ကြည့်ရမယ်လေ။
ပထမပြောခဲ့စဉ်က ဟုတ်တယ်။ ပြည်တွင်းပြည်ပမှာ ဘာမှ မလုပ်ဘဲ ထိုင်နေသူတွေ တာဝန်မကျေဘူး…လို့ ကျနော်ပြောခဲ့တယ်။ အဲဒါ မြန်မာအားလုံးကို ခြုံပြောလိုက်တာဘဲ။ မလုပ်ဘဲ ထိုင်နေသူအရေအတွက် အရမ်းများတယ်။ အဲသည် အင်အားကို ရည်ညွှန်းချင်တာ။
မိတ်ဆွေက အဲသည်စကားကို ကြားတော့ ပြည်ပမှာ ထောက်ပံ့ကြေးထိုင်စားပြီး မလုပ်ဘဲ ထိုင်နေသူတွေကို အရင်သွားပြောလိုက်ဦးလို့ ပြောတယ်။
အဲသည်မှာ ကျနော်က ပြည်ပက နိုင်ငံရေးသမားအများစုဟာ အဲသည်လိုမဟုတ်။ ထိုင်စားနေတဲ့သူ လက်တဆုပ်စာ ရှိကောင်းရှိမယ်။ ဒါပေမယ့် အဲသည်လူတွေ မလုပ်ရကောင်းလားလို့ အပြစ်တင်နေမယ့်အစား ကိုယ်တိုင်ဝိုင်းဝန်းလုပ်ပါလို့ ကျနော်တိုက်တွန်းခဲ့တယ်။
အဲသည် ထိုင်စားနေတဲ့လူတွေရှိရင် အဲသည်လူတွေလည်း ကျနော်ပြောတဲ့ တာဝန်မကျေတဲ့လူထဲပါတာဘဲ။ မပါဘူးလို့ ကျနော်မပြောခဲ့ပါဘူး။ အဓိကက နိုင်ငံရေးလှုပ်ရှားမှုမှာ လူများများ ပါဝင်လာဘို့ကို ဦးတည်ရေးခဲ့တာဘဲ။
နိုင်ငံရေးမှာ စည်းရုံးဘို့လိုတယ်ဆိုတဲ့ကိစ္စတော့ ကျနော်အစဉ်တစိုက် ထောက်ခံတဲ့ အမြင်ပါ။ ကွဲလွဲစရာမရှိပါဘူး။
ဒါပေမယ့် စည်းရုံးနိုင်တဲ့ခေါင်းဆောင်တွေလိုတယ်လို့ ပြောတယ်။ ဒါကိုလည်း မငြင်းဘူး။ ကဲ…မိတ်ဆွေကိုဘဲ ပြန်မေးခွန်းထုတ်ရမယ်။
(၁)စည်းရုံးနိုင်တဲ့ခေါင်းဆောင်တွေကို ဘယ်လိုမွေးထုတ်မလဲ။
(၂) နိုင်ငံခြားမှာ ရှိနေတဲ့ အတိုက်အခံခေါင်းဆောင်တွေက ငါးဒေါ်လာ ကမ်ပိန်းမျိုးရအောင် စည်းရုံးလှုပ်ရှားရမယ်ပြောတယ်။ တကယ်လို့ အဲသည်အတိုက်အခံခေါင်းဆောင်တွေက အဲသည်အလုပ်ကို မလုပ်ဘူးဆိုရင် မိတ်ဆွေအနေနဲ့ ဘာဆက်လုပ်မလဲ။
အချိန်ရရင်(လက်မညောင်းရင်)ဖြေပေးပါ။
ပြည်တွင်းက သူတွေအနေနဲ့ ကျနော်တို့ကို အသေးစိတ်သာ ရေးသားမထုတ်ပြန်တာပါ။ ဘယ်နေရာမှာ သုံးသလဲဆိုတာတော့ သူတို့နည်း သူတို့နည်းသူတို့ဟန်နဲ့ မှတ်ပါတယ်။ အဲဒါတော့ စိတ်မပူပါနဲ့။ မေးကြည့်လို့လည်း ရတယ်။ အဲသည်လိုကြီး ခင်ဗျားပြောသလောက် လက်လွတ်စပယ် လုပ်နေတာမျိုး ကျနော်သိတဲ့အထဲမှာတော့ မရှိပါဘူး။
အရေးအကြောင်းဆို ဖော်ကောင်လုပ်ဘို့ ၀န်မလေးဘူးဆိုတာနဲ့ ပတ်သက်လို့….လူတယောက်ဟာ စစ်ကြောရေးမှာ ရိုက်နှက်စစ်ဆေးနေပြီဆိုရင် သူမခံနိုင်တဲ့အခါ ပေါက်သွားတာတွေလည်း ရှိမှာပေါ့။ ဒါကတော့ နားလည်ပေးလို့ ရနိုင်ပါသေးတယ်။ အလကားနေရင် နအဖကို မျက်နှာလိုအားရ ဖော်ကောင်သတင်းပေး လုပ်နေတာမျိုးတော့ ရှိတယ်လို့ မယူဆပါဘူး။ ကျနော်ဆိုလိုချင်တာက မတထောင်သားတွေဆိုတော့ လူတိုင်းကို Perfect စင်းလုံးချောတော့ မျှော်လင့်လို့ မရဘူးလေဗျာ။ အနည်းစုအတွက်နဲ့ အများစုကို သိမ်းကြုံးပြောတာမျိုးဖြစ်သွားရင်ကျတော့ ကိုယ့်တပ်ကိုယ် ပြန်နင်းတဲ့သဘောဖြစ်သွားမှာ စိုးရိမ်လို့ပါ။ အစကမှ လူတွေက နိုင်ငံရေး ရှုပ်တယ်ကွာ၊ မပတ်သက်ချင်ဘူးလုပ်နေတာ မဟုတ်လား။
I agree with you Ko Paw!
I agree with Ko Paw
Post a Comment