Wednesday, November 19, 2008

ပုံရိပ်...

ဆန်ဟောင်းတပြည် ၇ ကျပ်
ဆန်သစ် တပြည် ၅ ကျပ်
အစိတ်တန်၊ ၃၅ကျပ်တန်၊ ၇၅ကျပ်တန်
သမ၀ါယမဆိုင်၊ ရွှေဝါဆပ်ပြာတောင့်
ဘယ်သွားသွား ကားခပြားလေးဆယ်။

ကြို့ကုန်းလက်ဖက်ရည်ဆိုင်
ဖုန်းမော်၊ စိုးနိုင်၊
စိန်လွင် ခြောက်တန်း တစောက်ကန်း
ကမ္ဘာမကြေဘူး
ဒေါ်အောင်ဆန်းစုကြည်
အိမ်ရှင်မများ သမဂ္ဂ၊ ဦးအောင်ကြီး
ကျောင်းသားသမဂ္ဂ အုတ်မြစ်ချမယ့် မိန်ခွန်း
ဒိုင်းဒိုင်း...၊ ဒက်...ဒက်...ဒက်
စက်တင်ဘာ ၁၈။

ခမောက်၊ စပါးနှံ၊ ပါတီစုံ
၅ယောက်ထက် လူပိုမစုရန်
မေလ ၂၇ ရက်နေ့၊ ၈၀.၈၂%
အကျယ်ချုပ်၊ အကျဉ်းချုပ်

ဆိုကရေးတီးပြိုင်ပွဲ၊ မြင်းခင်းသဘင်
အမျိုးသားအားကစားပွဲတော်၊
လမ်းဖောက် တံတားဆောက်၊ ဆည်ဖို့
မြ၀တီရုပ်သံ၊ ကိုးရီးယားကား
ဆိုကြမယ် ပျော်ကြမယ်
အဖေနဲ့သားများ၊ ဝေလည်းမွှေးကြွေလည်းမွှေး
၅၀၀တန်၊ ၁၀၀၀တန်၊ ကြံ့ခိုင်ဖွံ့ဖြိုး

ဦးတည်ချက် ၁၂ ရပ်၊ အချုပ်အခြာအာဏာ
ပြန်လွှတ်၊ ပြန်ဖမ်း၊ နိုင်ငံတော်ရဲ့ စေတနာ
ကြံ့ဖွတ်သင်းလုံးကျွတ် အစည်းအဝေး
ဆေးတက္ကသိုလ်ဗိုလ်လောင်း၊ အင်ဂျင်နီယာဗိုလ်လောင်း
သူနာပြုဗိုလ်လောင်း၊ ၀မ်းဆွဲဗိုလ်လောင်း (အဲလေ...)
ကျောင်းပိတ်၊ ကျောင်းဖွင့်၊ ပိတ်ဖွင့်၊ ဖွင့်ပိတ်
ဒဂုံတက္ကသိုလ်၊ သန်လျင်တက္ကသိုလ်
SPDC ဂျပန်ပြည်လုပ် စာအိတ်ဗုံး။

ဒီကေဘီအေ၊ စောသမူဟဲ
ဟောင်သရော၊ ဘုရားကုန်း
ဖဒိုအောင်ဆန်း၊ စခုန့်တိန့်ယိမ်း
ညီလာခံကိုယ်စားလှယ်၊
တပ်မတော် စည်းရုံးရေးကော်မတီ
ကလေးစစ်သား၊ ပေါ်တာ
အိုင်အယ်လ်အို၊ ယူအင်န်၊ အိုင်စီအာစီ။

စိန်စီသောည၊ နေပြည်တော်
ဆီဈေး၊ မင်းကိုနိုင်၊ ကိုကိုကြီး
ရွှေဝါရောင်၊ ငွေကြာရံ၊ မဂ္ဂင်
နာဂစ်၊ ဥပဒေမူကြမ်း၊
၂၀၁၀ ရွေးကောက်ပွဲ
အီလက်ထရောနစ် ပုဒ်မ၊
အနှစ် ၂၀၊ ၆၅ နှစ်
... ... ...
... ... ...
... ... ... ။



11 comments:

တောင်ပေါ်သား said...

ပုံရိပ်တွေ ခံစားသွားပါတယ် ကိုကြီးစေးထူးရေ

tututha said...

ဒီထဲမှာ အနှစ် ၂၀ ကိုတွေ့ပါတယ်။

ကိုပေါ said...

ကဗျာလေးက တိုတိုလေးနဲ့ သမိုင်းကြောင်းတခုလုံးကို ပြန်ပြောပြနေတယ်။ တဆက်တည်းမှာ…

စစ်တပ်ဆိုတာ မိုးပေါ်ထောင်ပစ်တာမဟုတ်ဘူး။ ပစ်ရင် မှန်အောင်ပစ်တယ် ဆိုတဲ့ ဦးနေ၀င်း။

အဓမ္မ၀ါဒီ အပမှီသူတွေ အချိန်မီ ပြေးကြပေရော့ဆိုတဲ့ ဒေါက်တာမောင်မောင်။

ကျနော်က ရာဇ၀င်မှာ တယောက်ထဲကျန်ခဲ့တဲ့ စစ်သား၊ ကျန်စစ်သား ဆိုတဲ့ ဦးစောမောင်။

ဖင်ကလေးတွန့်ပြီး လမ်းလျှောက်တတ်တဲ့ ဗိုလ်ချုပ်ခင်ညွန့် အချောစားလေး။

စတဲ့သူတွေကိုလည်း သတိရမိပါရဲ့။

Ghost said...

is this poem or prose????
hmmmm ..... i'm wondering what's a strange writing style

Andy said...

ဟုတ်ပါ့ဗျို့ ဟုတ်ပါ့...။ တကယ့် ပုံရိပ်တွေပါပဲ...။

Anonymous said...

တကယ့်ဖြစ်ရပ်မှန် မှတ်တမ်းတစ်ခုပါ...လေးစားပါတယ်

Anonymous said...

ဖြစ်ရပ်မှန် ကဗျာမှတ်တမ်းလေးအတွက် ကျေးဇူးပါ
Bravo!

Anonymous said...

ပုံရိပ် ပါဘဲ....ဒါပေမယ့် ပုံရိပ်အစစ်

မေငြိမ်း said...

ကိုစေးထူး
တကယ်သစ်တဲ့ ကဗျာပုံသဏ္ဍန်နဲ့ အမြဲသစ်နေရမယ့် သမိုင်းတွေကို ပုံရိပ်ထင်စေတာအတွက် တကယ် ချီးကျူးပါတယ်။

Anonymous said...

သမိုင်းကြောင်းတွေကို စာတစ်လုံးတိုင်း တစ်လုံးတိုင်းမှာ ထင်ဟပ်နေတယ် လေးစားတယ် ဘရားသားရေ့......။

Unknown said...

နေကေါင်းတယ်မဟုတ်လါး