Monday, September 10, 2007

အဖြူ...

ဒီနေ့မှာ…
ဘာမှ မရှိတော့တဲ့ အဖြူရောင် မျက်နှာပြင်ကြီးက
ဆန္ဒတွေ၊ ယုံကြည်ချက်တွေကို
ဖဲ့ချွေခံလိုက်ရခြင်းသက်သေ အဖြစ်
ဝမ်းနည်းစွာ ဆီးကြိုနေခဲ့တယ်…။

ဒီနေ့မှာ…
ဘာမှ မရှိတော့တဲ့ အဖြူရောင် မျက်နှာပြင်ကြီးက
ဖော်ကျူးခွင့်၊ ဝေမျှခွင့်တွေကို
ချိုးဖဲ့ခံလိုက်ရခြင်း သက်သေအဖြစ်
နာကျင်စွာ မြည်တမ်းနေခဲ့တယ်…။

ဒီနေ့မှာ…
ဘာမှ မရှိတော့တဲ့ အဖြူရောင် မျက်နှာပြင်ကြီးက
ရပ်တည်ခွင့်၊ လျှောက်လှမ်းခွင့်တွေကို
ဖြတ်ရိုက်ခံလိုက်ရခြင်း သက်သေ အဖြစ်
ရင်နာစွာ တိုင်တည်နေခဲ့တယ်…။

ဒီနေ့မှာ…
ဘာမှ မရှိတော့တဲ့ အဖြူရောင် မျက်နှာပြင်ကြီးက
ဘာမှ မရှိတော့တဲ့ အဖြူရောင် မျက်နှာပြင်ကြီးက
အဖြူရောင် မျက်နှာပြင်ကြီးက…
အဖြူရောင် မျက်နှာပြင်ကြီးက..
အဖြူရောင်…

ဒီနေ့လောက်
အဖြူရောင်ကို ကြည့်ပြီး ၀မ်းနည်းရတာ မရှိဘူး…။


ကလိုစေးထူး

14 comments:

M.Y. said...

ဒီနေ့ မှာ အဲဒိ အဖြူရောင်မျက်နှာ ပြင် ကြီး ကို မမျှော်လင့် ပဲ တွေ့ လိုက်ရတော့ ခံပြင်းမိတယ်…

ဒီနေ့ မှာ အဲဒိ အဖြူရောင်မျက်နှာ ပြင်ကြီး ကလူငယ်တစ်ယောက်ရဲ့ လမ်းတွေ ကို ပိတ်ဆို့ ထားခြင်းရဲ့  သက်သေပဲဖြစ်တယ်…

အဲဒိ အဖြူရောင်မျက်နှာ ပြင်ကြီး က ဆင်ဖြူ ရဲ့ မျက်နှာ ကို ဆင်မည်း ကမကြည့်ဝံ့တဲ့ ရလာဒ်ပဲဖြစ်တယ်..

အဲဒိ အဖြူရောင်မျက်နှာပြင်ကြီး ကို တိမ်ရောင်စုံ တောက်ပလာအောင် အားလုံး ၀ိုင်းဝန်း ကြရမယ်..

အိပ်မက်တွေမဟုတ်စေရဘူး..ဖြစ်ကိုဖြစ်ရအောင် ၀ိုင်းဝန်း ကြမယ်..ဒါဟာမျိုးဆက်တိုင်း အတွက်..ဖြစ်တယ်….

pandora said...

အဖြူရောင် အဖြူရောင် ၀မ်းနည်းတယ် ကိုစေးထူးရယ် ..
မျက်နှာပြင်ကြီး ကျယ်ကျယ်မလာပါစေနဲ့...

nu-san said...

အဖြူရောင် screen ကိုမုန်းတယ်။ မမြင်ချင်ဘူး။ အရင်အတိုင်း အနက်ရောင်ပဲ ပြန်မြင်ချင်တယ်။

တကယ် ၀မ်းနည်းဖို့ကောင်းတယ်။

Anonymous said...

what happened?
I have been busy with Uni activities these days.
When I got back online, eek..
what is happening? I con't understand at all.
When I read this poem, I feel the same as you do.
huu..
what is life? how is life?

Anonymous said...

:(
;(
:'(

ခင်မင်းဇော် said...

အဖြူရောင် ကို မြင်လိုက်ရတဲ့ခဏ ဆွံ့ အမိတယ်။
မဟုတ်ပါစေနဲ့ လို့ ဆုတောင်းပေမယ့် အစစ်အမှန်ဆိုတာ ငြင်းမရဘူး၊ မိုးကုတ်မီဒီယာက ကိုသားဖြူကိုလည်း ဖမ်းသွားတယ်တဲ့။
အမှန်တရား ကို မှားနေတဲ့သူတွေက ကြောက်ကြတာကိုး။
ဘယ်မှာလည်း လွတ်လပ်ခြင်းတွေ....
ဘယ်မှာလည်း တရားမျှတခြင်းတွေ....
ကျမတို့ ဟစ်ကြွေးခဲ့ကြတဲ့.....
တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ တို့ပြည် တို့မြေ....တဲ့
အင်း.....
နိုင်ငံတော်သီချင်းကို တကယ်နှစ်နှစ်ကာကာ ယုံကြည်စွာနဲ့ ကျူးရင့်ခွင့် ရပါရစေ.....

မြရွက်ဝေ said...

နေ့တိုင်းဖတ်ဖြစ်တဲ့စာမျက်နှာ ဘယ်ရောက်သွားတာလဲ။ စိတ်မကောင်းဘူး။ ကိုယ့်ကွန်နက်ရှင်ကြောင့်လားလို့ မနက်ကနေ ညနေအထိ ခဏခဏဖွင့်နေမိတယ်။

Naung Lay said...

Very sad .....


And we must do something.....

Anonymous said...

Hello

I am very concerned about Maydawii?
Does Junta block the blog only or do they do something to her?
Is she in her house?
If you know share the hints.

Khin Myanmar

PS: I am waiting for the Philter' turn.He will get the result what he's done.

Thet Oo said...

နည်းပညာဆိုတာ အပိတ်ရှိရင် အဖွင့် ရှိပါတယ်။ ဘာမှ အားမငယ်ကြပါနဲ့။

Anonymous said...

ဘာတွေဖြစ်ကုန်တာလဲပြောပြကြပါအုံး၊ ကိုစေးထူးရေ အဖြူရောင်ကိုပြန်အသက်သွင်းမဲ့လူကိုရှာကြပါအုံး၊

Anonymous said...

အမဲရောင်ကနေအဖြူရောင်ပြောင်းသွားတာဆိုတော့
ကြည့်ရတာမမေကငြိမ်းချမ်းရေးလုပ်လိုက်ပြီထင်တယ်နော်။
အလံဖြူများပြသွားပြီလားမသိဘူး ။

Hteink Min said...

အရမ်းဝမ်းနည်းတယ်။ ကိုယ့်ဘာမှ မလုပ်နိုင်တဲ့ အချိန်မှာ ဒီလိုဖြစ်သွားတာကို အရမ်းဝမ်းနည်းမိတယ်ဗျာ.. ကျွန်တော်တို့ပဲ ကျန်တယ်.. ကမ္ဘာကြီးကို မြန်မာပြည်မှာ ဒါမျိုးတွေဖြစ်နေတယ် ဆိုတာ သိအောင်လုပ်ရမှာ ကျွန်တော်တို့ရဲ့ တာဝန်ဆိုတာ အခုပြသလိုက်တာပါပဲ။

Anonymous said...

မမေကိုလူချင်းရင်းနှီးတဲသူ ရှိရင်ပြောကြပြကြပါ၊ မေးမြန်း
ကြပါအုန်း၊တခုခုဖြစ်နေရင်စိုးရိမ်စရာ ဒီဘလော့ကဘယ်အချိန်မဆိုသူပြန်ဖန်တီးနိုင်တယ်၊ လူကသာအရေးကြီးတာပါဗျာ၊၊လုပ်ကြအုံးလေ ဘယ်လိုဖြစ်
ပြီးဒီလောက်ထိများဆိုးရွားသွားတာပါလိမ့် 