Tuesday, September 11, 2007

ဖြေရှင်းချက်...

မမေဓာဝီ ကိုယ်စား ဖြေရှင်းချက် တင်ပေးသင့်ပြီလို့ ယူဆလို့ တင်ပြအပ်ပါတယ်။ မမေဓာဝီအနေနဲ့ သူ့ဘလော့ဂ်ကို သူ့ဆန္ဒအရ ပိတ်သိမ်းထားခြင်းဖြစ်ပါတယ်။ သူ့ဘလော့မှာ မောင်နဲ့နှမ၊ သားနဲ့အမိ မြင်လို့မှမတော် ဆဲဆိုကြတာတွေ၊ ခြိမ်းခြောက်ကြတာတွေကြောင့် ပိတ်သိမ်းထားတာဖြစ်ပါတယ်။ အပြင်မှာ ပွထနေတဲ့ သတင်းတချို့ မမှန်ပါဘူး။

သူ့ကိုယ်စား စိတ်ပူနေကြသူတွေ အားလုံးအတွက် မမေတယောက် ဘေးရန်ကင်းနေဆဲ ဖြစ်ပါတယ်လို့ သတင်းပါးချင်ပါတယ်။ မမေကို အပျင်းပြေဖြစ်ဖြစ်၊ စိတ်လိုလက်ရဖြစ်ဖြစ် နှောက်ယှက်ခြိမ်းခြောက်သူများလည်း တော်သင့်ပြီလို့ မေတ္တာရပ်ခံပါတယ်။ မလိုလားအပ်တဲ့ ကောလဟဠတွေကြောင့် မမေတယောက် ပိုပြီး အနေရကျပ်မှာကို ထည့်သွင်းစဉ်းစားကြဖို့ အားလုံးကို တောင်းဆိုပါတယ်။


ကလိုစေးထူး

16 comments:

Anonymous said...

ဒီနေ့ အဖို့ တော့အတော်ကို စိတ်ချမ်းသာ သွားပြီကိုစေထုးရေ ၊ မမေဘာမှမဖြစ်ဘူးဆိုရင်တော်ပါပြီ

Anonymous said...

it's a relief...thanks for ur information...ryan

Anonymous said...

အဲဒါပြောတာ သတင်းမှားတွေကို အဟုတ်ထင် ချဲ့ ကား
ပြောနေတဲ့ခင်များတို့ ရဲ့ မီဒီယာတွေရာခိုင်နှုန်းဘယ်
လောက်ဘဲမှန်တယ်ဆိုတာ ဒီအဖြစ်အပျက်ကိုဘဲကြည် ။
သူ ဟာသူ ကြောက်ပြီးပိတ်ထားတာကိုတောင်အာဏာရှင်များကလုပ်သလေး
ဘာလေးနဲ့ နော်။သိဘို့ ကောင်းပြီ... အထူးသဖြင့်ဟစ်တိုင်

Anonymous said...

good! very good to know that Ma May is safe. I called u (at 10:55 pm, Tuesday) to ask about Ma May's blog. U didn't answer. I thought that u r sleeping. :)
thanks again,
PPT sympathizer.

Anonymous said...

ပြောရရင်လဲ ဒေါပွကြအုံးမယ်…
လာကလိနေတာက အသဲယားလာတယ်….
အင်းးးးး…ကာယကံရှင်ကိုငဲ့ညှာလို့မပြောတော့ပါဘူး…
မင်းတို့ပထွေးတွေက အာဏာအားကိုးနဲ့ ချုပ်ချယ်ချင်တိုင်း
လုပ်နေကြတာ… မင်းတို့မျက်ကန်း နောက်မြီးဆွဲသမားတွေ
ဘယ်မြင်မလဲ… မိုးကောင်းတုန်းရွာထားကြအုံးပေါ့…
ငါတို့မိုးကောင်းတဲ့အခါ မင်းတို့ကိုမိုးကြိုးပါပစ်မယ်…

Anonymous said...

ဒီသတင်းမမှန်ဘူးဆိုတဲ့အတွက်ဝမ်းသာမိတယ်၊ဒါပေမယ့်
တဆက်တည်းမှာမမေအတွက်စိတ်ပူမိနေသေးတယ်၊ ဟစ်တိုင်က မမေရဲ့ ကြားသမျှမြင်သမျှကို သူတို့ ဖော်ပြ
မိလို့ ပါဆိုပြီးတော့သူတို့ နဲ့ သာသက်ဆိုင်ပါကြောင်းဆိုပြီး
ထောက်လှမ်းရေးကိုလှမ်းပြီးရေးထားသေးတယ်၊ တော်ကြာနေမှဒါကတခါသွားစသလိုဖြစ်နေမှာစိုးတယ်။

Hteink Min said...

လုံးဝမယုံဘူး။။ သတင်းတွေ ဖုံးကွယ်ထားတယ်ဆိုတာ သိသာပါတယ်။

Anonymous said...

မင်းမင်းကဘာဆိုလိုတာလဲ ။မယုံဘူးဆိုတာ မမေဘာမှ
မဖြစ်ဘူးဆိုတာကို ဖြစ်တယ်လို့ ပြောချင်တာလား။သတင်းဖုံးကွယ်တယ်ဆိုတာကဘာကိုပြော
ချင်တာလဲ။ သားဖြူကလည်းသူ့ ကွန်ပျုတာဆိုင် လိုင်စင်မရှိလို့ သတိပေးခံ၇တာဆို ။ ဘာတွေလဲ ရှင်းရှင်းလင်းလင်းလုပ်ကြပါ။

Anonymous said...

well...leave her alone for some time. dont make it big.
if she is safe n fine, that's okay.

ကလိုစေးထူး said...

ကျနော် ဒီဖြေရှင်းချက်ပို့စ်ကို တင်ရတဲ့ အကြောင်း နှစ်ချက် ရှိပါတယ်။
(၁) မမေအတွက် စိတ်ပူပန်နေကြတဲ့ ပရိသတ်များ စိတ်အေးဖို့…။
(၂) မလိုအပ်ဘဲ ပွ နေတဲ့ သတင်းတွေကြောင့် ကာယကံရှင် မမေမှာ ပိုပြီး အနေရကျပ်မှာကို သက်သာဖို့…။

အဲဒီနှစ်ချက်ကြောင့် ဒီဖြေရှင်းချက်ကို တင်ပါတယ်။ ကျနော် ရေးတင်ခဲ့တဲ့ သတင်းအတွက် ၁၀၀% မှန်ဖို့ ကျနော် တာဝန်ယူပါတယ်။ ဒါကြောင့် မမေအတွက် စိတ်ပူပြီး အခု တင်ထားတဲ့ သတင်းကရော အမှန်မှဟုတ်ရဲ့လားလို့ ဘာမှ ယုံမှား သံသယ မဖြစ်ဖို့ ပြောလိုပါတယ်။

နောက်တခု…၊ သူ့ဘာသာသူ ကြောက်လို့ ပိတ်ထားတယ်လို့ ပြောသွားတဲ့ အမည်မဲ့ရဲ့ စကားကို ကျနော် မနှစ်မြို့ပါဘူး။ လက်ရှိ မြန်မာပြည် အနေအထားကို တကယ်တမ်း သိတဲ့လူ၊ တနည်းအားဖြင့် လူသားချင်း စာနာစိတ် ရှိတဲ့လူဆိုရင် ဘလော့ဂ် ပိတ်ရတဲ့ အချက်ကို နားလည်မှာပါ။ တကယ်တမ်း ကြောက်နေတာက ဘယ်သူလဲဆိုတာ ကိုယ့်နာမည်တောင် ကိုယ်မဖော်ရဲဘဲ လိုက်လံနှောက်ယှက်နေတဲ့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ မမေ ဘလော့ဂ် ပိတ်သိမ်းထားရတာကို ၀မ်းမနည်းချင်နေပါ။ သူ့ပရိသတ်တွေ စိတ်မကောင်းဖြစ်နေ ပူပင်နေကြတာကိုတော့ မနှောက်ယှက်ဖို့ ထပ်မံမေတ္တာရပ်ခံပါတယ်။ ကျနော်တို့ မြန်မာတွေ ဒီလောက် မရိုင်းဘူးလို့ ကျနော် ယုံကြည်ပါတယ်။ ကိုယ့်အယူအဆမှန်တယ်ထင်ရင် ကြိုက်တဲ့နေရာမှာ မှတ်ကျောက်အတင်ခံကြည့်ပါ။ ပြည်သူက အဆုံးအဖြတ်ပေးပါလိမ့်မယ်။

Anonymous said...

If she upset about foul comments, she could clear those or disable cbox rather than shutting down blog. I'm quite skeptical about ur reason but even so if that were the true reason, i would like to request her to rerun the blog. It doesnt make any sense to react that way just bcoz of handful of brainless scums messing the board.

Anonymous said...

ကြောက်တာမကြောက်တာထက်ခုဝင်ရေးနေကြတဲ့နာမည်တွေ
ကရောတကယ့်အစစ်အမှန်လို့ သေချာချာပြောနိုင်လို့ လား။
တွေ့ ကရာနာမည်နဲ့ ဝင်ရေးသွားတာထက်စာရင် နာမည်ရေးမသွားတာကပိုပြီးရိုးသားတယ်လို့ ထင်တာဘဲ။
နာမည်အမှန်ကိုမပြောချင်ဘူး အတုလည်းပေးမသွားဘူးလေ

Anonymous said...

ကဲနာမည်ရေးမှရဲရင့်တယ်လို့ ထင်နေသူကိုေ၇ွဖားစည်အတွက်။ ကဲဘယ်လိုလဲကျေနပ်လား။နာမည်ပြောပြီးပြီဆိုတော့
ွှအီးမေးရောလိုသေးလား။ပြီးရင်တော့ရေးခွင့်ရှိပြီနော်ီ

ကလိုစေးထူး said...

ကလေးဆန်လွန်းပါတယ်။ စိတ်ကို အေးအေးထားလိုက်ပါအုံး။ :)

philtre said...

နအဖ မယားပါသား…
စကားအလာသွားက အချိုးမပြေ…
ရဲရင့်ပေမဲ့ အမည်မပါပေ…
ဒီမသာတွေက တခါဆွ…
နင့်နှမ အမျိုးပါအောင်
အရိုးမပါ အတံမျိုးနဲ့
ထိုးလိုက်ချင်လှ…..

မေဓာဝီ said...

ကိုစေးထူးရှင့် …
ကျမ ကိုယ်စားဖြေရှင်းချက် တင်ပေးတာ ကျေးဇူးတင်ပါတယ်။
ကျမကို စိတ်ပူနေကြတဲ့ စာဖတ်သူများနှင့် မိတ်ဆွေများကို … ကျမကိုယ်တိုင် ဒီကွန်မန့်ထဲမှာပဲ ပြောခဲ့ပါရစေရှင်။
ကျမနဲ့ ပတ်သက်ပြီး အမျိုးမျိုးထွက်ပေါ်နေတဲ့ သတင်းတွေအတွက် ကျမ ကိုယ်တိုင်ရဲ့ ဖြေရှင်းချက်ပဲဆိုပါတော့။

ပထမဆုံးပြောချင်တာကတော့ ကျမဘလော့ကို ပိတ်ထားတဲ့ကိစ္စပါ။
တော်တော်များများ သိပြီးဖြစ်တဲ့အတိုင်းပါပဲ … ကျမဘလော့ မပိတ်ခင် ရက်ပိုင်းက ကွန်မန့်တွေထဲမှာ ကျမကို ခြိမ်းခြောက်၊ စော်ကားတဲ့အပြင် ကျမအဖေကိုပါ စော်ကားထားတာတွေ ရေးထားပါတယ်။ ကျမကို ခြိမ်းခြောက်မှုအတွက် ခံနိုင်ပေမယ့် ကျမအဖေကိုပါ ထိခိုက်လာတဲ့အတွက် ကျမစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ကျမရဲ့ မလိမ္မာမှုအတွက်လည်း နောင်တရခဲ့မိပါတယ်။ ဒါပေမဲ့ အဲဒီအချိန်ထိ ဘလော့ကိုပိတ်ဖို့ စိတ်မကူးခဲ့မိ သေးပါဘူး။

တနေ့တော့ အကြောင်းကြောင်းကြောင့် ကျမဘလော့မှာ ဖြစ်ပျက်နေတာကို အဖေနဲ့ အမေ အပါအ၀င် အိမ်သားတွေ သိသွားခဲ့ပါတယ်။ ရုန့်ရင်းကြမ်းတမ်းတဲ့ ဆဲဆိုမှုတွေ၊ ခြိမ်းခြောက်မှုတွေရေးထားတဲ့ စာတွေကို ဖတ်ရတော့ ကျမကို ဘလော့ဆက်မရေးဖို့ အားလုံးက တားမြစ်ခဲ့ပါတယ်။ ဘလော့ကိုပါ ဖျက်လိုက်ဖို့လည်း အဖေရော အမေပါ တိုက်တွန်းခဲ့ကြပါတယ်။ ကျမ ကြောက်လို့ ရပ်လိုက်တယ်လို့ ထင်နေကြသူများအတွက် … ဟုတ်ကဲ့ … ကျမ ကြောက်တယ်လို့ပဲ ပြောပါရစေတော့ … ။ ကျမ ပယောဂကြောင့် ကျမ ချစ်တဲ့ မိဘနှစ်ပါး စိတ်မချမ်းမသာဖြစ်မှာ အလွန်ကြောက်ပါတယ်။ ဒါကြောင့် ကျမ သိပ်မြတ်နိုးတဲ့ ဘလော့ကို ကျမ ကိုယ်တိုင် အဖေနဲ့ အမေ ရှေ့မှာပဲ အဲဒီညက ပိတ်ခဲ့လိုက်ပါတယ်။ (ပိတ်ပြီးတဲ့အချိန်မှာ ဂျီတော့ခ်မှာ ရှိနေတဲ့ ညီမလေး တယောက်ကို ပိတ်လိုက်ကြောင်း ပြောပြခဲ့ပါသေးတယ်။)

နောက်တခုက … ကျမရဲ့ အင်တာနက်သုံးစွဲခွင့်ကို အိမ်က ကန့်သတ်လိုက်ပါတယ်။ အွန်လိုင်းပေါ်မှာနေနေရင် ဘလော့တွေဖတ်မိမယ်၊ ပြန်ရေးချင်မယ်၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ဆယ်သွယ်မိနေမယ်၊ ကိုယ်တိုင် ဘလော့မရေးတောင် သူများဘလော့မှာ ကွန်မန့်တွေ ရေးနေလိမ့်ဦးမယ်ဆိုပြီး အင်တာနက်ပေးမသုံးတော့ပါဘူး။ ကျမဟာ ခုချိန်ထိ မိဘအုပ်ထိန်းမှုအောက်မှာ နေနေရတဲ့အတွက် မိဘစီမံသမျှ နာခံရပါတယ်။ ကျမ မိဘတွေကလည်း အကြောင်းတစုံတရာမရှိဘဲ ဇွတ်အတင်း အမိန့်ပေး စေခိုင်းလေ့မရှိပါဘူး။ ဒါကြောင့် ကျမလည်း ကျမရဲ့ စိတ်ခံစားချက် ဘယ်လိုရှိနေရှိနေ အဖေနဲ့ အမေ ကျေနပ်အောင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

တနေ့ကတော့ ဘီဘီစီသတင်းထဲပါတဲ့ကိစ္စနဲ့ပတ်သက်ပြီး မိတ်ဆွေတွေက ကျမကို မေးမြန်းလာကြပါတယ်။ ကျမလည်း ဘာမှန်းညာမှန်း သေသေချာချာမသိလို့ ဖြေရှင်းတာတွေ လုပ်မနေခဲ့ပါဘူး။ ကြာရင် ပြီးသွားမှာပဲလို့ ထင်နေခဲ့မိပါတယ်။ ဒါပေမဲ့ ခုထက်ထိ ကျမနဲ့ပတ်သက်ပြီး အမျိုးမျိုးပြောကြဆိုကြ ထင်မြင်နေကြတာတွေ မပြီးသေးဘူးဆိုတာသိရလို့ ဒီစာကိုရေးလိုက်ရခြင်းပါပဲ။ ကျမရဲ့ လုပ်ရပ်ဟာ အားလုံးကို စိတ်ပူအောင် လုပ်မိသလိုဖြစ်သွားခဲ့ရင် ဒီစာနဲ့ အနူးအညွတ် တောင်းပန်ပါရစေ … ။

ကျမအိမ်မှာပဲနေနေပေမဲ့ အားလုံးနဲ့ အဝေးကြီးရောက်နေသလို ခံစားရပါတယ်။ တပြိုင်တည်းမှာပဲ … အားလုံးနဲ့ သိပ်နွေးထွေးသလိုလည်း ခံစားနေရပါတယ်။ လောလောဆယ်တော့ ဒွိဟခံစားချက်တွေကို တချိန်တည်း ခံစားနေရင်း … ကျမရဲ့ အဖြူရောင်မျက်နှာပြင်အတွက်မဟုတ်တဲ့ စာတွေကို စိတ်ကူးထဲမှာပဲ ပုံဖော်ရေးသား နေမိပါတယ်။

ကျမဘလော့ကို အရေးတယူဖတ်ရှုခဲ့ကြသူများ၊ အစဉ်တစိုက် ရေးဖြစ်အောင် အားပေးကြသူများ၊ ဘလော့ရေးဖော် မောင်နှမများ၊ မိတ်ဆွေ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်စွာ အမြဲသတိရနေမှာပါ။
တချိန်ချိန်တော့ ကျမတို့ ပြန်ဆုံကြကောင်းပါရဲ့ … ။

မေဓာဝီ
14th Sept, 2007
9:15 am