Tuesday, December 12, 2006

အလင်းအားမာန်..

ဒီသီချင်းကို ရေးဖို့ စိတ်ကူးကိုတော့ မမေဓာဝီရဲ့ ဘလော့က အမှောင်ကွယ်ပျောက် အလင်းရောက်လျှင် ဆိုတဲ့ ပို့စ် ဖတ်ပြီးတော့ ရပါတယ်။ အဲဒီပို့စ်ကို ဖတ်ပြီးကတည်းက ကျနော့်ကိုယ် ကျနော် မေးခွန်းတွေ ထုတ်မိပါတယ်။ အမှောင်တွေကလွတ်အောင် အားစိုက်သူထဲမှာ ကျနော်ပါရဲ့လား၊ ဒါမှမဟုတ် ချောင်ကွယ်လေးမှာ မျက်စိမှိတ်ပြီး မသိသလို ကြိတ်မှိတ်နေမိသေးလား။

တကယ်တော့လဲ ကျနော်တို့တတွေ အမှောင်နဲ့ အသားကျနေတာ တော်တော်ကြီး ကြာခဲ့ပါပြီ။ တချို့များတော့ အလင်းကို တွေ့ရမှာကိုတောင် ကြောက်ရလောက်အောင် အမှောင်တွေက ပိန်းပိတ် နေပါပြီ။ တချို့ကျတော့လဲ အလင်းကို ရဖို့အတွက် အသက်တွေ၊ ဘ၀တွေ ပေးဆပ်လို့ပေါ့။

အဲဒီလိုနဲ့ပဲ ဒီသီချင်းကို ရေးမိပါတယ်။ ဂီတ၀ါသနာနဲ့ စိတ်ခံစားချက်ကိုသာ ပေါင်းစပ်ပြီး ရေးဖွဲ့ထားတာမို့ တီးလုံးဖော်စပ်မှုနဲ့ ဂစ်တာတီးခတ်မှုမှာ အားတော်တော် နည်းနေတာ ကိုယ့်ကိုယ်ကို သတိထားမိပါတယ်။ ကျနော့်ထက် သာလွန်စွာ တီးခတ်နိုင်မယ့် သူငယ်ချင်း တယောက်ယောက်က ဒီသီချင်းကို မွမ်းမံပေးရင်တော့ အတိုင်းအထက်အလွန် ၀မ်းသာမိမှာပါ။ C-Key နဲ့ တီးထားတာပါ။ ဒီနေရာ မှာ နားထောင်ပါခင်ဗျာ။ ဒေါင်းလော့ လုပ်လိုရင်တော့ ဒီမှာ ယူပါ။

အလင်းအားမာန်
Intro; C G Am Em F G C G

C G Am Em
မျှော်လင့်ခြင်းရဲ့ အခန်းငယ်လေး.. အမှောင်တွေက ပိတ်ဖုံးလို့နေ
F G C G
ငိုကြွေး မှိုင်တွေး ပူဆွေးမှုနဲ့ အထီးကျန်နေ
C G Am Em
အမှန်တရားတံခါး ပိတ်ကာနေ.. အလိမ်အညာတွေသာ ဖုံးလွှမ်းလို့နေ
F G C G
အကြောက်တရားများ စိုးမိုးလို့ မည်းမှောင်နေ


လူတွေ အားလုံး ငေးမှိုင်နေ.. ပျော်စရာဆိုတာ ဆိတ်သုန်းလို့နေ..
မုသားတွေနဲ့ ယဉ်ပါးခဲ့ရ နှစ်ကြာရှည်
လူမဆန်ရက်စက်တဲ့သူတွေ အနိုင်ယူနေပေ ဒီအခန်းမလေ
ချစ်ခြင်းတွေ ကင်းမဲ့ ရက်စက်မင်းမူနေ
Am G Em Am

Cho;တွေဝေပြီးတော့ ငေးနေမလား..
Em Am
ချောင်ကွယ်မှာ ကြိတ်မှိတ် ငုံ့ခံမလား
F G C C7
သာယာမိန်းမောမှုနဲ့ အတ္တတို့ ကြီးနေမလား..
Am G Em Am
အမှောင်ကို ကြိုးစားခွင်းစို့လား..
Em Am
လာလေ ရှေ့ဆက် တို့အတူသွား..
F G (F Em Dm C)
အလင်းများ ရဖို့အတွက်.. အားမာန်များ..
Intro V1 V2 Cho;



2 comments:

Anonymous said...

အချိန်တိုတိုအတွင်း သီချင်းတပုဒ်ဖြစ်အောင် ရေးနိုင်တာကို ချီးကျူးတယ်
နားထောင်လို့လဲ ကောင်းတယ်...အသံလဲ ကောင်းတယ်...တော်ပါပေတယ်

မေဓာဝီ said...

ကျမဘလော့ကို ဖတ်ပြီး ခုလို သီချင်းတပုဒ်ဖန်တီးဖြစ်တယ်ဆိုတာကြောင့် ၀မ်းသာမိပါတယ် ကိုသံလွင်။
((တွေဝေပြီးတော့ ငေးနေမလား..
ချောင်ကွယ်မှာ ကြိတ်မှိတ် ငုံ့ခံမလား
သာယာမိန်းမောမှုနဲ့ အတ္တတို့ ကြီးနေမလား..
အမှောင်ကို ကြိုးစားခွင်းစို့လား..
လာလေ ရှေ့ဆက် တို့အတူသွား..
အလင်းများ ရဖို့အတွက်.. အားမာန်များ..))
အဲဒီ Chorus အပိုဒ်ကလေး နားထောင်ပြီးတော့ အားလဲတက်မိပါရဲ့။
အလင်းရောင်ရဖို့ ဘ၀တွေ အသက်တွေပေးခဲ့သူတွေကို အားနာတတ်မယ်ဆိုရင် … ကျမတို့တွေ အမှောင်ထဲမှာ တွေဝေငေးရင်း...ကြိတ်မှိတ်ငုံ့ခံရင်း… သာယာမိန်းမောရင်း ထိုင်မနေသင့်ကြတော့ဘူး လို့လဲတွေးမိပါတယ်။