Thursday, January 04, 2007

ငါ..များနှင့် စကားပြောခြင်း...

ငါ..များနှင့် စကားပြောခြင်း…

ငါ…
ကဗျာရေးသလိုလို… ငါ။
စာရေး သလိုလို … ငါ။
တေးရေးသလိုလို… ငါ။
ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့… ငါ။
ဒါပေမယ့်
ဘာကောင်မှ မဟုတ်တာလဲ ငါ။

ငါ…
ခက်ထန်မှုတွေနဲ့.. ငါ။
ဒေါမာန်တွေနဲ့ .. ငါ။
ဒါပေမယ့်
ထိခိုက်ခံစားရတာလဲ ငါ။

ငါ့ကို…တချို့တွေ ချစ်တယ်…
တချို့တွေ မုန်းတယ်…
တချို့တွေ… နွေးထွေး
တချို့တွေ… အေးစက်
ရက်တွေပြောင်းသွား…
လတွေ ဟောင်းသွား…
ထားရစ်သူတွေ ထားရစ်…
စွန့်ပစ်သူတွေ စွန့်ပစ်
ဘယ်လိုပဲဖြစ်ဖြစ် …
ငါကတော့…
ငါကတော့…
ငါပါပဲ…။

ငါ့ အဇ္ဈတ္တမှာ …
ငါ ဆိုတဲ့ အတ္တတွေနဲ့...
ပူလောင်နေရတဲ့… ငါ။

ငါ.. ဘာလဲ
ငါ… ဘယ်သူလဲ
ငါ… ဘယ်လမ်းကို လျှောက်သလဲ
ငါ့ကိုယ်ငါ မေးနေဆဲ…
ငါ…
ငါ…
ငါ…
…………..။

ကလိုစေးထူး
၂၀၀၇ ခုနှစ်၊ ဇန်န၀ါရီလ လေးရက်နေ့
ည ကိုးနာရီ၊ လေးဆယ်မိနစ်။

1 comment:

Maydarwii said...

အတ္တနည်းနိုင်သမျှ နည်းအောင်လုပ်၊
ငါစွဲကိုဖြုတ်။
သူ မဟုတ် - ငါ မဟုတ်
ရှိတာ နာမ် နဲ့ ရုပ်။
***
ကိုသံလွင်ရဲ့ ကဗျာအတွက် ဘယ်လို ကွန်မန့်ပေးရမှန်းမသိလို့ စိတ်ထဲပေါ်လာတာလေး ချရေးလိုက်တာပါ။ :P