ဒီနေ့တော့ ကျနော်ရဲ့ အလုပ်ကအပြန် တညနေတာကို ဓာတ်ပုံလေးတွေနဲ့ ပုံဖော်ကြည့်မိပါတယ်။
အဲဒါကတော့ ကျနော့်ရဲ့ အလုပ်ရုံလေးပါ။ အပြင်ကကြည့်တော့ သူမဟုတ်သလို တည်တည်ငြိမ်ငြိမ် ရှိသလောက် အထဲမှာတော့ ဆူညံနေတတ်ပါတယ်။
လမ်းကလေးရဲ့ အစိတ်အပိုင်း တခုဖြစ်တဲ့ မြစ်ကူးတံတားငယ်လေးပါ။ ရပ်ထားတာက ကျနော့်ရဲ့ စီးတော်ယာဉ်လေးပေါ့။
တံတားပေါ်ကနေ မြစ်ထဲကို လှမ်းကြည့်တော့ အေးမြတဲ့ မြစ်ရေထဲမှာ ဘဲငန်းလေးတွေ အပူအပင် ကင်းမဲ့စွာ ကူးခတ်နေကြတယ်။
တံတားအလွန်မှာတော့ ကျနော့်ရဲ့ လမ်းကလေးကို ဆူညံတဲ့ အသံတွေနဲ့ မကြာခဏ ငေါက်ငန်းလေ့ရှိတဲ့ ရထားကြီးလာတတ်တဲ့ လမ်း။
ဒါဟာ ကျနော့်ရဲ့ လမ်းကလေး ပါပဲ။
နွေတုန်းတော့ ဒီနေရာလေးမှာ အိမ်ခြေမဲ့ တယောက် ခိုအောင်းလေ့ရှိပါတယ်။ အခု သူဘယ်ကိုရောက်နေလဲ ကျနော် မသိပါ။
ဒီလိုနဲ့ အိမ်ပြန်ရောက်တော့ ရေကို ကမန်းကတန်းချိုး။ ဘဏ်ကိုသွားဖို့ ပြင်ဆင်ရပြန်ပါတယ်။ ဘဏ်ကို အသွားခရီးကိုလဲ ဓာတ်ပုံလေးတွေနဲ့ ပုံဖော်မိပြန်ပါတယ်။
ဘဏ်ကို အသွား၊ ပျင်းစရာကောင်းတဲ့ ဘတ်စ်ကားပေါ်မှာ…။
ဒီကရင်အကိုကြီးလဲ ခပ်ငေါင်ငေါင်နဲ့ပေါ့..။
ဘဏ်မှာ လုပ်စရာရှိတာတွေ ကမန်းကတန်းလုပ်ပြီးတော့ ဒီညမှာ အပီကဲဖို့ ဟောဒီနေရာကို လာရပြန်တယ် :D။
တွေ့ပြီ၊ တွေ့ပြီ၊ သူပဲ သူပဲ :D။
ဘီယာဝယ်ပြီးတော့ ဘတ်စ်ကားကို တခါပြန်စောင့်ရပြန်တယ်။ ဟော လာပါပြီ…။
အပြန်ခရီးမှာတော့ ပျင်းစရာမကောင်းတော့ဘူး။ စကားများတဲ့ ခရီးသည်တချို့ ပါလာကြတယ်။
ဘတ်စ်ကားပေါ်က အဆင်းမှာတော့ ကျနော့်အိမ်ကလေးက မှောင်ရီဝိုးတ၀ါး အလင်းရောင်အောက်မှာ ကျနော့်ကို မှုန်ကုပ်ကုပ်နဲ့ ကြည့်နေလေရဲ့။
ကလိုစေးထူး
Friday, January 19, 2007
Subscribe to:
Post Comments (Atom)
1 comment:
ခုလို ဓာတ်ပုံလေးတွေနဲ့ ကြည့်လိုက်ရတော့ … ကိုသံလွင်ရဲ့လမ်းကလေးကို ပိုပြီး ခံစားလို့ရသွားတယ်။ အစကတော့ စိတ်ကူးနဲ့ပဲ ပုံဖော်ကြည့်ခဲ့ရတာလေ။
ကိုသံလွင်တို့ဆီက ဘတ်စ်ကားကြီးကလဲ ချောင်လိုက်တာနော်၊ ဒီလောက်ချောင်နေတော့ တခေါက်တခေါက် ဆွဲရတာ ကိုက်ပါ့မလားလို့ တွေးပူမိလို့ပါ။ ရန်ကုန်မှာလာ မောင်းစေချင် စမ်းပါဘိ၊
အင်း ကိုသံလွင်တယောက် လစ်ကာဟောက်စ်မှာ ဘီယာတွေဝယ်ပြီး သကာလ .. ဒီညတော့ အတော်ကဲ နေပြီထင်ပါရဲ့။
Post a Comment