အထပ်ထပ်ဖတ်၊ အကြိမ်ကြိမ်ဖတ်၊ တပြန်တလဲလဲဖတ်၊ ဖတ်လေလေ စိတ်တိုင်းမကျလေလေ၊ သဘောမတွေ့လေလေ ဖြစ်လာလို့ ဒီပို့စ်ကို ရေးဖြစ်ပါတယ်။
စနေရဲ့ `အလိုအပ်ဆုံး´ ဆိုတဲ့ ပို့စ်ဟာ ဒီဇာတ်လမ်းရဲ့ အစပါ။ အဲဒီပို့စ်ကို အခြေခံပြီး မမေဓာဝီက `မေတ္တာရှင်တို့၏ စိတ်ထားနှင့် ကျမ၏ အလိုအပ်ဆုံး´ ဆိုတဲ့ ပို့စ်တခုကို ထပ်မံ ရေးသားခဲ့ပါတယ်။ မမေဓာဝီရဲ့ ပို့စ်အောက်မှာ ကျနော်က ကျနော့်ရဲ့ အမြင်ကို မှတ်ချက် ရေးသားခဲ့ပါတယ်။ အဲဒီလိုနဲ့ပဲ စိတ်တိုင်းမကျစရာ၊ စဉ်းစားစရာတွေ ဖြစ်လာတော့ တခုခုရေးချင်စိတ် ပေါ်လာတာနဲ့ ဒီစာကို ရေးလိုက်ပါတယ်။
ပထမဆုံးအနေနဲ့ စနေရေးခဲ့တဲ့ `အလိုအပ်ဆုံး´ ဆိုတဲ့ ပို့စ်ကို အသေအချာ ပြန်ဖတ်ပါတယ်။ ဘာသာပြန်လို့ ယူဆရပါတယ်။ အဲဒီစာရဲူ့ပေးချင်တဲ့ မက်ဆေ့က ရှင်းပါတယ်။ `ဘ၀မှာ အလိုအပ်ဆုံးဟာ တသက်လုံး ကူညီဖေးမနိုင်မဲ့ ခင်ပွန်း(လက်တွဲဖော်)´ ဆိုတဲ့ မက်ဆေ့ပါ။ ဒါပေမဲ့ အဲဒါကို ရွေးချယ်ဖို့အတွက် `မိဘ´ ဆိုတာကို ဖျက်ပစ်ပြီးမှ ရွေးချယ်ခဲ့တဲ့ လုပ်ရပ်ကို သဘောမတွေ့တဲ့ မမေဓာဝီက သူ့အမြင်ကို ပြန်လည်ရေးသားခဲ့ပါတယ်။
`အဲဒီ နာမည်တွေထဲက မရှိလဲဖြစ်တယ်၊ မလိုအပ်ဘူးလို့ထင်တဲ့ နာမည်ကို ဖျက်လိုက်ပါ´ ဆိုတဲ့ စကားအရ ဒီကျောင်းသူ ဖျက်ပစ်လိုက်တဲ့ မိဘ ဆိုတဲ့ နာမည်ဟာ သူမဘ၀အတွက် မရှိလဲဖြစ်တယ်၊ မလိုအပ်ဘူးဆိုတဲ့ သဘော (လုံးဝ) သက်ရောက်သွားပါတယ်။ ကိုချမ်းစိုးဝင်း (ကျနော့်ထက် အသက်ငယ်သလား၊ ကြီးသလား မသိရသေးတာရယ်၊ တကြိမ်တခါမျှ သိကျွမ်းရင်းနှီးမှု မရှိခဲ့ဖူးတာရယ်ကြောင့် ယဉ်ကျေးသောသူများရဲ့ အမူအကျင့်ကို အတုယူပြီး နာမည်ရှေ့မှာ ကိုတပ်ခေါ်လိုက်ပါတယ်) ရဲ့ ကွန်မန့်အရ ကိုချမ်းစိုးဝင်း ပြောတဲ့ need ဆိုတဲ့ အတွေးဘက်ကပဲ စဉ်းစား စဉ်းစား၊ essential လို့ပဲ ဆိုဆို၊ သူမအတွက် မိဘဆိုတာ မလိုအပ်ဘူးလို့ ဆုံးဖြတ်ပြီး ဖျက်ပစ်ခဲ့တယ်လို့ ယူဆလို့ရပါတယ်။
ဒီကျောင်းသူဟာ ဒီအဖြေကို တုန်လှုပ်ငိုကြွေးပြီးမှ အရိုးသားဆုံး ဖြေခဲ့တာကို မမေ့သင့်ပါတဲ့။ ဟုတ်ကဲ့၊ အဲဒီလိုရေးတာကို ကြည့်ခြင်းအားဖြင့် ကိုချမ်းစိုးဝင်းဟာ စာကို သေချာစွာ မဖတ်ဘူးလို့ ကျနော်ယူဆပါတယ်။ အဲဒီကျောင်းသူဟာ သူ့မိဘနာမည်ကို ဖျက်တုန်းက မငိုသေးပါဘူး။ သားသမီးဆိုတဲ့ နာမည်ကို ဖျက်ချပြီးမှ ငိုကြွေးတာပါ။ ဒါဟာ သူ့မှာမရှိသေးတဲ့ သားသမီးအပေါ်မှာတောင် ထားနေတဲ့ သူ့ရဲ့ မေတ္တာပါ။ ဒါပေမယ့် အဲဒီကျောင်းသူဟာ သူ့အပေါ်ထားတဲ့ သူ့မိဘရဲ့ မေတ္တာကိုတော့ လစ်လျူရှုပြီး မိဘဆိုတဲ့ နာမည်ကို ဖျက်ပစ်ခဲ့ပါတယ်။
မိဘကို တသက်လုံး need ဖြစ်သင့်တယ်လို့ ထင်ပါသလားတဲ့။ ဟုတ်ကဲ့၊ လုံးဝ ထင်ပါတယ်။ ဖြစ်ခွင့်ရှိနေသမျှ ကာလပတ်လုံး မိဘဆိုတာ သားသမီးအတွက် လိုအပ်နေပါတယ်။ ဝေးကွာနေရင်လဲ မိဘရဲ့ ဆုံးမစကားတခွန်းဟာ သားသမီးအတွက် အသက်တမျှသဖွယ် လိုအပ်ပါတယ်။ မိဘဆိုတာ ကိုယ့်ကို အမြဲအဖော်လုပ် ဖြည့်ဆည်းပေးနေသူ ဖြစ်သင့်ပါသလားတဲ့။ ဟုတ်ကဲ့၊ အဲဒီကျောင်းသူဟာ အဲဒီလိုတော့ မဖြစ်သင့်ချေဘူး၊ ငါ့မိဘကို ငါညှာတာမှလို့ တွေးပြီး သူ့မိဘ နာမည်ကို စာရင်းက ပယ်ဖျက်ပစ်ခဲ့တာ မဟုတ်ပါဘူး။ သူ့ဘ၀အတွက် မလိုအပ်ဘူးလို့ ဆုံးဖြတ်ပြီး ဖျက်ပစ်ခဲ့တာပါ။ စာကို သေချာစွာ နောက်တကြိမ် ဖတ်ရှုစေချင်ပါတယ်။
တဘ၀လုံးအတွက် အဖော်ဟာ သိပ်အရေးကြီးတယ်တဲ့။ မိဘဆိုတာ ခေါင်းထဲက ထုတ်ပစ်လိုက်၊ စာရင်းထဲက ပယ်လိုက်ဆိုတာ အဓိကမဟုတ်ပါတဲ့။ မိဘ၊ သားသမီးဆိုတာ တဘ၀လုံးအတွက် အဖော်မဖြစ်နိုင်ပါ။ တသက်လုံး အပျိုကြီး၊ လူပျိုကြီးလုပ် မိဘနဲ့အတူနေပြီး မိဘထက် အရင်သေသွားခဲ့ရင်တော့ မပြောတတ်ဘူးလေတဲ့။ ဟုတ်ကဲ့၊ အဲဒီစကားအရဆိုရင် ကိုချမ်းစိုးဝင်းဟာ `သေခြင်းတရား´ ဆိုတာကိုတော့ မေ့ပုံမရပါဘူးခင်ဗျာ။ ဒီတော့ `တဘ၀လုံးအတွက်´ အဲဒီကျောင်းသူ မသေမချင်း ဒီအိမ်ထောင်ဖက်က အကောင်းဆုံး အဖော်ဖြစ်နိုင်မယ်လို့ အာမမခံနိုင်ပြန်ပါဘူး။ အဲဒီတော့ မသေခင်ကာလကလေးမှာကို ဒီတစိမ်းတရံက မိဘထက် သာလွန်ကောင်းမွန်တဲ့ အဖော်ဖြစ်မယ်လို့ ဆိုလိုချင်ပါသလား။
ကျနော်တို့တတွေ အဲဒီကျောင်းသူရဲ့ ရွေးချယ်မှုကို လက်မခံနိုင်တာဟာ မမေဓာဝီပြောသလိုပဲ တယောက်ယောက်ကများ အဲဒီအကြောင်းအရာကို ဖတ်ပြီး `ဟုတ်သားပဲ၊ လက်တွဲဖော်ကသာ အရေးအကြီးဆုံး´ ဆိုတဲ့ အတွေးဆိုးကြီးကြောင့် လိုရင်သုံး၊ မလိုရင်ဖျက်ဆိုတဲ့ အဖြစ်ကို သန်းပေါင်းများစွာသော မိဘတွေ ရောက်မခံစေချင်တာပါ။ လက်ရှိ ပစ္စုပ္ပန်အတွက်သာ စဉ်းစားကြေးဆိုပြီး လိုအပ်မှုဆိုတာ ကိုယ့်အတွက်ပါ ဆိုတဲ့ အယူအဆများ လူငယ်အားလုံး ၀င်သွားကြရင်တော့ စဉ်းစားလေလေ ရင်လေးဖွယ် ကောင်းလေလေပါပဲ။
ကျနော့်မှာ နောက်ပြီးတော့ မမေဓာဝီမှာ ငါစွဲတွေ ရှိမရှိဆိုတာကတော့ အထူးတလည် မငြင်းလိုပါဘူး။ ကျနော်တို့ရဲ့ အရေးအသားတွေ၊ ပြောဆို သုံးနှုန်းမှုတွေက ကျနော်တို့မှာ (ငါစွဲ)ရှိမရှိ ပြနေပါလိမ့်မယ်။ လူမျိုး မတူတာပဲလား၊ ယဉ်ကျေးမှုမတူတာပဲလားဆိုလို့ ရေးခဲ့ခြင်းဟာ အဲဒီကျောင်းသူရဲ့ ရွေးချယ်မှုကို နားလည်မှု ပေးခြင်းတမျိုးပါ။ ငါတို့ လူမျိုး၊ ငါတို့ဘာသာဆို ဒီလိုရွေးချယ်တယ်၊ သူက ဘာဖြစ်လို့ ဒီလိုမရွေးရတာလဲလို့ ဆိုလိုခြင်းမဟုတ်ခဲ့ပါဘူး။ တကယ်ရှောင်ကြဉ်သင့်တာက အယူအဆရေးရာ ဆွေးနွေးချက်ဆန်ဆန် မဆွေးနွေးဘဲ ရေးသူတွေကို အရင်ဆုံး မှတ်ချက်ချ၊ စွပ်စွဲ (ငါအစွဲတွေကြောင့် မရလိုက်ကြဘူးထင်ပါတယ်) တာမျိုးပါ။
စာလဲ အတော်အတန် ရှည်ပါပြီ။ အခုဒီစာကို ရေးတာဟာ `ဆွေးနွေးခြင်း´ ဖြစ်ပါတယ်။ `ငြင်းခုန်ခြင်း´ မဟုတ်ပါဘူး။ င့ါအတွက်၊ ငါ့ဘ၀အတွက် (မိဘထက်တောင်) အလိုအပ်ဆုံးက လက်တွဲဖော်ဆိုတဲ့ အမြင်မှား၊ အတွေးမှားကြီးကနေ နုနယ်ပျိုမြစ်သော လူငယ်ကလေးများ ကင်းလွတ်နိုင်စေဖို့ ရည်ရွယ်ပါတယ်။ ဒီပို့စ်နဲ့အတူ ကျနော် ရေးဖြစ်ခဲ့တဲ့ သီချင်းတပုဒ်ကိုလဲ တင်ပြချင်ပါတယ်။
သီချင်းရဲ့ နာမည်က `ဘ၀မှာ အလိုအပ်ဆုံး´ တဲ့။ နားဆင်ကြည့်ပါအုံး ခင်ဗျာ။ G-Key နဲ့ တီးခတ်ထားပါတယ်။
ဘ၀အတွက် အလိုအပ်ဆုံး
Intro; G Em C D G D
G Em
ဘယ်သူ ယှဉ်နိုင်မလဲ ဘယ်သူ သာနိုင်မလဲ
G Em C D
အဖိုးအနဂ္ဃပေါ့ မိနဲ့ဖရယ် ဘ၀အတွက် အင်အားကွယ်
G Em
အန္တရာယ် ကြုံလေတိုင်း ရန်စွယ်ကြုံလာတိုင်း
C D
ဖေးကူသူဟာ မိနဲ့ဖပါကွယ်
ကြင်ဖော်ဆိုတာကွယ် တကယ်လိုပေမဲ့လဲ
မိဘနဲ့တော့ လဲဖို့မသင့်တယ် နားလည်နိုင်မလားကွယ်
အဖေဘယ်လိုပင် ဆိုးဆိုး အမေဘယ်လိုပင်ဆိုး
ဘ၀မှာအလိုအပ်ဆုံးမို့ ဦးတင်မယ်
C Em Bm
ဒီလောကကြီးထဲဝယ် ဘယ်လူမျိုးပဲ ဖြစ်ဖြစ်ကွယ်
Am D G G7
မိဘများရဲ့ မွေးကျေးဇူးများနှယ်
C D Bm Em
ချစ်သူမှာ ရှိမလား လက်တွဲဖော်မှာရှိမလား
Am D D7
စဉ်းစားပေးပါ မေတ္တာစိတ်နဲ့ကွယ်
အမှန်ကိုမြင်ပါကွယ် မတွေဝေစေချင်တယ်
ဘ၀တခုလုံးအတွက် အရေးကြီးဆုံးက သင့်အဖေအမေပဲကွယ်
ကြင်ဖော်ကို သင်ရွေးလို့ အခြေအနေမဟန်ရင်ကွယ်
သင့်အဖေအမေသာ အပြုံးနဲ့ ဆီးကြိုမယ်
ကလိုစေးထူး
စနေရဲ့ `အလိုအပ်ဆုံး´ ဆိုတဲ့ ပို့စ်ဟာ ဒီဇာတ်လမ်းရဲ့ အစပါ။ အဲဒီပို့စ်ကို အခြေခံပြီး မမေဓာဝီက `မေတ္တာရှင်တို့၏ စိတ်ထားနှင့် ကျမ၏ အလိုအပ်ဆုံး´ ဆိုတဲ့ ပို့စ်တခုကို ထပ်မံ ရေးသားခဲ့ပါတယ်။ မမေဓာဝီရဲ့ ပို့စ်အောက်မှာ ကျနော်က ကျနော့်ရဲ့ အမြင်ကို မှတ်ချက် ရေးသားခဲ့ပါတယ်။ အဲဒီလိုနဲ့ပဲ စိတ်တိုင်းမကျစရာ၊ စဉ်းစားစရာတွေ ဖြစ်လာတော့ တခုခုရေးချင်စိတ် ပေါ်လာတာနဲ့ ဒီစာကို ရေးလိုက်ပါတယ်။
ပထမဆုံးအနေနဲ့ စနေရေးခဲ့တဲ့ `အလိုအပ်ဆုံး´ ဆိုတဲ့ ပို့စ်ကို အသေအချာ ပြန်ဖတ်ပါတယ်။ ဘာသာပြန်လို့ ယူဆရပါတယ်။ အဲဒီစာရဲူ့ပေးချင်တဲ့ မက်ဆေ့က ရှင်းပါတယ်။ `ဘ၀မှာ အလိုအပ်ဆုံးဟာ တသက်လုံး ကူညီဖေးမနိုင်မဲ့ ခင်ပွန်း(လက်တွဲဖော်)´ ဆိုတဲ့ မက်ဆေ့ပါ။ ဒါပေမဲ့ အဲဒါကို ရွေးချယ်ဖို့အတွက် `မိဘ´ ဆိုတာကို ဖျက်ပစ်ပြီးမှ ရွေးချယ်ခဲ့တဲ့ လုပ်ရပ်ကို သဘောမတွေ့တဲ့ မမေဓာဝီက သူ့အမြင်ကို ပြန်လည်ရေးသားခဲ့ပါတယ်။
`အဲဒီ နာမည်တွေထဲက မရှိလဲဖြစ်တယ်၊ မလိုအပ်ဘူးလို့ထင်တဲ့ နာမည်ကို ဖျက်လိုက်ပါ´ ဆိုတဲ့ စကားအရ ဒီကျောင်းသူ ဖျက်ပစ်လိုက်တဲ့ မိဘ ဆိုတဲ့ နာမည်ဟာ သူမဘ၀အတွက် မရှိလဲဖြစ်တယ်၊ မလိုအပ်ဘူးဆိုတဲ့ သဘော (လုံးဝ) သက်ရောက်သွားပါတယ်။ ကိုချမ်းစိုးဝင်း (ကျနော့်ထက် အသက်ငယ်သလား၊ ကြီးသလား မသိရသေးတာရယ်၊ တကြိမ်တခါမျှ သိကျွမ်းရင်းနှီးမှု မရှိခဲ့ဖူးတာရယ်ကြောင့် ယဉ်ကျေးသောသူများရဲ့ အမူအကျင့်ကို အတုယူပြီး နာမည်ရှေ့မှာ ကိုတပ်ခေါ်လိုက်ပါတယ်) ရဲ့ ကွန်မန့်အရ ကိုချမ်းစိုးဝင်း ပြောတဲ့ need ဆိုတဲ့ အတွေးဘက်ကပဲ စဉ်းစား စဉ်းစား၊ essential လို့ပဲ ဆိုဆို၊ သူမအတွက် မိဘဆိုတာ မလိုအပ်ဘူးလို့ ဆုံးဖြတ်ပြီး ဖျက်ပစ်ခဲ့တယ်လို့ ယူဆလို့ရပါတယ်။
ဒီကျောင်းသူဟာ ဒီအဖြေကို တုန်လှုပ်ငိုကြွေးပြီးမှ အရိုးသားဆုံး ဖြေခဲ့တာကို မမေ့သင့်ပါတဲ့။ ဟုတ်ကဲ့၊ အဲဒီလိုရေးတာကို ကြည့်ခြင်းအားဖြင့် ကိုချမ်းစိုးဝင်းဟာ စာကို သေချာစွာ မဖတ်ဘူးလို့ ကျနော်ယူဆပါတယ်။ အဲဒီကျောင်းသူဟာ သူ့မိဘနာမည်ကို ဖျက်တုန်းက မငိုသေးပါဘူး။ သားသမီးဆိုတဲ့ နာမည်ကို ဖျက်ချပြီးမှ ငိုကြွေးတာပါ။ ဒါဟာ သူ့မှာမရှိသေးတဲ့ သားသမီးအပေါ်မှာတောင် ထားနေတဲ့ သူ့ရဲ့ မေတ္တာပါ။ ဒါပေမယ့် အဲဒီကျောင်းသူဟာ သူ့အပေါ်ထားတဲ့ သူ့မိဘရဲ့ မေတ္တာကိုတော့ လစ်လျူရှုပြီး မိဘဆိုတဲ့ နာမည်ကို ဖျက်ပစ်ခဲ့ပါတယ်။
မိဘကို တသက်လုံး need ဖြစ်သင့်တယ်လို့ ထင်ပါသလားတဲ့။ ဟုတ်ကဲ့၊ လုံးဝ ထင်ပါတယ်။ ဖြစ်ခွင့်ရှိနေသမျှ ကာလပတ်လုံး မိဘဆိုတာ သားသမီးအတွက် လိုအပ်နေပါတယ်။ ဝေးကွာနေရင်လဲ မိဘရဲ့ ဆုံးမစကားတခွန်းဟာ သားသမီးအတွက် အသက်တမျှသဖွယ် လိုအပ်ပါတယ်။ မိဘဆိုတာ ကိုယ့်ကို အမြဲအဖော်လုပ် ဖြည့်ဆည်းပေးနေသူ ဖြစ်သင့်ပါသလားတဲ့။ ဟုတ်ကဲ့၊ အဲဒီကျောင်းသူဟာ အဲဒီလိုတော့ မဖြစ်သင့်ချေဘူး၊ ငါ့မိဘကို ငါညှာတာမှလို့ တွေးပြီး သူ့မိဘ နာမည်ကို စာရင်းက ပယ်ဖျက်ပစ်ခဲ့တာ မဟုတ်ပါဘူး။ သူ့ဘ၀အတွက် မလိုအပ်ဘူးလို့ ဆုံးဖြတ်ပြီး ဖျက်ပစ်ခဲ့တာပါ။ စာကို သေချာစွာ နောက်တကြိမ် ဖတ်ရှုစေချင်ပါတယ်။
တဘ၀လုံးအတွက် အဖော်ဟာ သိပ်အရေးကြီးတယ်တဲ့။ မိဘဆိုတာ ခေါင်းထဲက ထုတ်ပစ်လိုက်၊ စာရင်းထဲက ပယ်လိုက်ဆိုတာ အဓိကမဟုတ်ပါတဲ့။ မိဘ၊ သားသမီးဆိုတာ တဘ၀လုံးအတွက် အဖော်မဖြစ်နိုင်ပါ။ တသက်လုံး အပျိုကြီး၊ လူပျိုကြီးလုပ် မိဘနဲ့အတူနေပြီး မိဘထက် အရင်သေသွားခဲ့ရင်တော့ မပြောတတ်ဘူးလေတဲ့။ ဟုတ်ကဲ့၊ အဲဒီစကားအရဆိုရင် ကိုချမ်းစိုးဝင်းဟာ `သေခြင်းတရား´ ဆိုတာကိုတော့ မေ့ပုံမရပါဘူးခင်ဗျာ။ ဒီတော့ `တဘ၀လုံးအတွက်´ အဲဒီကျောင်းသူ မသေမချင်း ဒီအိမ်ထောင်ဖက်က အကောင်းဆုံး အဖော်ဖြစ်နိုင်မယ်လို့ အာမမခံနိုင်ပြန်ပါဘူး။ အဲဒီတော့ မသေခင်ကာလကလေးမှာကို ဒီတစိမ်းတရံက မိဘထက် သာလွန်ကောင်းမွန်တဲ့ အဖော်ဖြစ်မယ်လို့ ဆိုလိုချင်ပါသလား။
ကျနော်တို့တတွေ အဲဒီကျောင်းသူရဲ့ ရွေးချယ်မှုကို လက်မခံနိုင်တာဟာ မမေဓာဝီပြောသလိုပဲ တယောက်ယောက်ကများ အဲဒီအကြောင်းအရာကို ဖတ်ပြီး `ဟုတ်သားပဲ၊ လက်တွဲဖော်ကသာ အရေးအကြီးဆုံး´ ဆိုတဲ့ အတွေးဆိုးကြီးကြောင့် လိုရင်သုံး၊ မလိုရင်ဖျက်ဆိုတဲ့ အဖြစ်ကို သန်းပေါင်းများစွာသော မိဘတွေ ရောက်မခံစေချင်တာပါ။ လက်ရှိ ပစ္စုပ္ပန်အတွက်သာ စဉ်းစားကြေးဆိုပြီး လိုအပ်မှုဆိုတာ ကိုယ့်အတွက်ပါ ဆိုတဲ့ အယူအဆများ လူငယ်အားလုံး ၀င်သွားကြရင်တော့ စဉ်းစားလေလေ ရင်လေးဖွယ် ကောင်းလေလေပါပဲ။
ကျနော့်မှာ နောက်ပြီးတော့ မမေဓာဝီမှာ ငါစွဲတွေ ရှိမရှိဆိုတာကတော့ အထူးတလည် မငြင်းလိုပါဘူး။ ကျနော်တို့ရဲ့ အရေးအသားတွေ၊ ပြောဆို သုံးနှုန်းမှုတွေက ကျနော်တို့မှာ (ငါစွဲ)ရှိမရှိ ပြနေပါလိမ့်မယ်။ လူမျိုး မတူတာပဲလား၊ ယဉ်ကျေးမှုမတူတာပဲလားဆိုလို့ ရေးခဲ့ခြင်းဟာ အဲဒီကျောင်းသူရဲ့ ရွေးချယ်မှုကို နားလည်မှု ပေးခြင်းတမျိုးပါ။ ငါတို့ လူမျိုး၊ ငါတို့ဘာသာဆို ဒီလိုရွေးချယ်တယ်၊ သူက ဘာဖြစ်လို့ ဒီလိုမရွေးရတာလဲလို့ ဆိုလိုခြင်းမဟုတ်ခဲ့ပါဘူး။ တကယ်ရှောင်ကြဉ်သင့်တာက အယူအဆရေးရာ ဆွေးနွေးချက်ဆန်ဆန် မဆွေးနွေးဘဲ ရေးသူတွေကို အရင်ဆုံး မှတ်ချက်ချ၊ စွပ်စွဲ (ငါအစွဲတွေကြောင့် မရလိုက်ကြဘူးထင်ပါတယ်) တာမျိုးပါ။
စာလဲ အတော်အတန် ရှည်ပါပြီ။ အခုဒီစာကို ရေးတာဟာ `ဆွေးနွေးခြင်း´ ဖြစ်ပါတယ်။ `ငြင်းခုန်ခြင်း´ မဟုတ်ပါဘူး။ င့ါအတွက်၊ ငါ့ဘ၀အတွက် (မိဘထက်တောင်) အလိုအပ်ဆုံးက လက်တွဲဖော်ဆိုတဲ့ အမြင်မှား၊ အတွေးမှားကြီးကနေ နုနယ်ပျိုမြစ်သော လူငယ်ကလေးများ ကင်းလွတ်နိုင်စေဖို့ ရည်ရွယ်ပါတယ်။ ဒီပို့စ်နဲ့အတူ ကျနော် ရေးဖြစ်ခဲ့တဲ့ သီချင်းတပုဒ်ကိုလဲ တင်ပြချင်ပါတယ်။
သီချင်းရဲ့ နာမည်က `ဘ၀မှာ အလိုအပ်ဆုံး´ တဲ့။ နားဆင်ကြည့်ပါအုံး ခင်ဗျာ။ G-Key နဲ့ တီးခတ်ထားပါတယ်။
ဘ၀အတွက် အလိုအပ်ဆုံး
Intro; G Em C D G D
G Em
ဘယ်သူ ယှဉ်နိုင်မလဲ ဘယ်သူ သာနိုင်မလဲ
G Em C D
အဖိုးအနဂ္ဃပေါ့ မိနဲ့ဖရယ် ဘ၀အတွက် အင်အားကွယ်
G Em
အန္တရာယ် ကြုံလေတိုင်း ရန်စွယ်ကြုံလာတိုင်း
C D
ဖေးကူသူဟာ မိနဲ့ဖပါကွယ်
ကြင်ဖော်ဆိုတာကွယ် တကယ်လိုပေမဲ့လဲ
မိဘနဲ့တော့ လဲဖို့မသင့်တယ် နားလည်နိုင်မလားကွယ်
အဖေဘယ်လိုပင် ဆိုးဆိုး အမေဘယ်လိုပင်ဆိုး
ဘ၀မှာအလိုအပ်ဆုံးမို့ ဦးတင်မယ်
C Em Bm
ဒီလောကကြီးထဲဝယ် ဘယ်လူမျိုးပဲ ဖြစ်ဖြစ်ကွယ်
Am D G G7
မိဘများရဲ့ မွေးကျေးဇူးများနှယ်
C D Bm Em
ချစ်သူမှာ ရှိမလား လက်တွဲဖော်မှာရှိမလား
Am D D7
စဉ်းစားပေးပါ မေတ္တာစိတ်နဲ့ကွယ်
အမှန်ကိုမြင်ပါကွယ် မတွေဝေစေချင်တယ်
ဘ၀တခုလုံးအတွက် အရေးကြီးဆုံးက သင့်အဖေအမေပဲကွယ်
ကြင်ဖော်ကို သင်ရွေးလို့ အခြေအနေမဟန်ရင်ကွယ်
သင့်အဖေအမေသာ အပြုံးနဲ့ ဆီးကြိုမယ်
ကလိုစေးထူး
52 comments:
အဲဂလောက်ကြီးတွေးရလား......
စနေ ဘာသာပြန်ညံ့လို့ အတွေးတွေ ချဲ့ကုန်တဲ့ အတွက် တောင်းပန်ပါတယ်။
မှုရင်းက တရုတ်လို ဖြစ်နေလို့ပါ။ နို့မဟုတ်ရင် မှုရင်းပါ တင်လိုက်ပါတယ်။
တကယ်ဆို ခင်ပွန်းဆိုတာကို သူ့အတွက် အလိုအပ်ဆုံးလို့ ပြချင်ပုံမရပါဘူး...
စနေပို့စ်အောက်မှာလဲ စနေရေးထားပါတယ်။
ကြီးလာရင် ခွဲသွားကြမဲ့ သားသမီးကို ရွေးတဲ့ မိခင်ရဲ့ မေတ္တာကြီးမားပုံ...(ကော့်မန့်မှာ
လူတယောက်က ရေးထားပါတယ်။ သားသမီးကိုပဲ ရွေးတဲ့ အမေကို သူတွေ့ဖူးပါတယ်တဲ့)
အသက်ကြီးလာတော့ သားသမီးတွေ ခွဲသွားကြလို့ ခင်ပွန်းသည်ကိုပဲ အဖော်ပြုနေ
ရတဲ့ မိခင်ရဲ့ အထီးကျန်ပုံ...စနေ ကတော့ အဲလိုပဲ အတွေးကောက်ပါတယ်။
“လူမျိုး” မတူလို့ အမြင်မတူဘူး ဆိုတာထက် အခုပလော့ခ်ဖတ်နေတဲ့ “လူနည်းစု”ကတောင်
အမြင်မတူကြတာ...တွေးလေ ဝေးလေ နက်လေ ပါပဲ..ဘာဘဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။
နောက် (၅)နှစ်မှ နေပြီး ဒီစာကို ပြန်လာဖတ်ရင် အတွေးတမျိုးဖြစ်သွားနိုင်ပါတယ်။
စနေရှင်းထားပြီးပြီမို့ ကျနော်တို့ ဘုံနားလည်မှုရကြပြီလို့ ထင်ပါတယ်။
ငါစွဲ ဆိုတဲ့ စကားက အတော်ရင့်သီးသွားခဲ့ရင် တောင်းပန်ပါတယ်။ ငါစွဲ ဆိုတာ အတ္တကြီးတာကို ဆိုလိုတာမဟုတ်ဘဲ ငါယုံကြည်ထားသော အစွဲ လို့ ယူစေချင်ပါတယ်။ မိဘဆိုတာ မပယ်ကောင်းဘူးဆိုတာကြီး ခံနေတော့ ဘ၀လက်တွဲဖေါ်ဆိုတာ သိပ်ကို လိုအပ်တယ် အရေးကြီးတယ်ဆိုတာ မရလိုက်ဘူးလို့ဆိုလိုပါတယ်။ ဒီလိုဆိုခြင်းအားဖြင့် မိဘကို ပယ်ကောင်းတယ်လို့ မဆိုလိုပါ။ စာရှေ့ မရောက်တော့ဘူးလို့ဆိုလိုတာပါ။ ဒီနေရာမှာ ဘ၀လက်တွဲဖေါ် ဆိုတာ ခင်ပွန်းဇနီးတိုင်းကို မဆိုလိုပါ။ အဖေါ်ကောင်းကို သာဆိုလိုပါတယ်။ ခင်ပွန်းဇနီးတိုင်း အဖေါ်မဖြစ်နိုင်ပါ။ ငြင်းနေရတာနဲ့ ဒါလေးတောင် မပြောအားဘူး။ ကျန်သွားတယ်။
တခါတုန်းက The Thinker ဆိုတဲ့ရုပ်ထုကြီးကို လူတစ်ယောက်က ကြည့်ပြီး ပန်းပုဆရာကို ခင်ဗျားဟာကြီးက ဝတ်လစ်စလစ် ရှက်စရာကြီးလို့ ပြောတော့ ပန်းပုဆရာက ခင်ဗျားက ရှက်စရာ ကို ပဲသွားကြည့်တာကို လို့ ပြန်ပြောသတဲ့။ တကယ်တော့ ပန်းပုဆရာက လူသားအားလုံး ကို ကိုယ်စားပြုတဲ့ အနေနဲ့ အဝတ်မဝတ်ပေးထားခဲ့တာပါ။
ကျနော် စနေ့စာကို ဖတ်စဉ်ကလည်း အော် လက်တွဲဖေါ်က သိပ် အရေးကြီး ပါလားဆိုတာပဲရလိုက်ပြီး မိဘကို ပစ်ပယ်လိုက်တယ် ဟုတ်လားဆိုတာ မရလိုက်တဲ့ အတွက် အတွေးတိမ်တယ် မိုက်မဲတယ် လို့ ပြောရင်လည်းခံယုံပါပဲ။
`ဟုတ်သားပဲ၊ လက်တွဲဖော်ကသာ အရေးအကြီးဆုံး´ ဆိုတဲ့ အတွေးဆိုးကြီးကြောင့် လိုရင်သုံး၊ မလိုရင်ဖျက်ဆိုတဲ့ အဖြစ်ကို သန်းပေါင်းများစွာသော မိဘတွေ ရောက်သွားခဲ့ရင်တော့ ကမ္ဘာပေါ်မှာ သားသမီး ငတုံးပေါင်း သန်းပေါင်းများစွာ ရှိတယ်လို့ ဝီကီပီဒီယမှာ မှတ်တမ်းတင်လိုက်ကြပါစို့ရဲ့။
သိပ်လည်းမစိုးရိမ်ကြပါနဲ့။ ကလိုစေထူးတို့၊ မေဓါဝီတို့ လို မတော်ကြရင်တောင် မြန်မာလူငယ်တွေ အဲဒီလောက်တော့ ဖျင်းကြမယ်မထင်ပါဘူး။
စကား မစပ် … ကျနော် သေခြင်းတရားကို နားမလည်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် မသေသေးဘဲ ရှင်နေသေးလို့ပါ။ ရှင်ခြင်းတရားကိုတော့ နားလည်အောင်လုပ်ရင်းနဲ့ လုံးပါးပါးလျက်ပါ။
ဒါနဲ့ ခင်ဗျားတို့ နဲ့ ငြင်းခုန်ရတာ သိပ်ပျော်ဖို့ကောင်းတယ်။ အတွေးတွေ အများကြီးရလို့ ကျေးဇူးလည်းတင်ပါတယ်။ နည်းနည်းတော့ မောပြီဗျာ။
အော် တခုပြောဖို့ မေ့သွားခဲ့တယ်..
ကျွန်မရဲ့ ပို့စ်အောက်မှာ မမြင်ကြမှာစိုးလို့ အစိမ်းရောင် တောက်တောက်ကြီးနဲ့
ဒီလိုရေးထားပါသေးတယ်။
“အခုတော့ အဖေ့ဘေးမှာ အမေပဲကျန်ပြီး အမေ့ဘေးမှာ အဖေပဲကျန်နေခဲ့တဲ့
လူတွေကိုမေးရင် ဘာများပြန်ဖြေလိမ့်မလဲ......?”
စာဖတ်သူတွေရဲ့ ခေါင်းထဲ အတွေးဆိုးကြီးတွေ ၀င်အောင် ကျွန်မအတတ်နိုင်ဆုံး
ကြိုးစားပြီး ရှောင်ပါတယ်လို့ ပြောပါရစေ။ ကျွန်မဟာ ၀ါရင့်စာရေးဆရာလဲ မဟုတ်
ပါဘူး။ တခြားဘာသာစကားကိုလဲ ကျွမ်းကျင်အောင် တတ်တဲ့လူ မဟုတ်ပါဘူး။
မြန်မာစာ ၀ါကျအထားအသိုနဲ့ အသုံးအနူန်းကိုလဲ ကျယ်ကျယ်ဝန်းဝန်း မသုံးတတ်ပါဘူး။
ရှင်းရှင်းပြောရရင် စကားပြောရင်တောင် မပီသပါဘူး။ ဒါပေမယ့် ဘယ်ဟာက အကောင်း
ဘယ်ဟာက အဆိုးဆိုတာကိုတော့ အနည်းငယ် ခွဲခြားတတ်တယ်လို့ ကိုယ့်ကို ယုံကြည်
ပါတယ်။ ကျေးဇူး...
အခု မဆွေးနွေးမီမှာ ကျနော် တခုတွေးမိတာကို အရင်ပြောချင်ပါတယ်။ အခု ဆွေးနွေးပွဲက ဘာနဲ့တူသလဲ ဆိုတော့ တခါတုန်းက လူတယောက်ဟာ လက်ထဲမှာ ဆီတွေထည့်ထားတဲ့ ဆီပုံးအပေါက်ကြီးကို ကိုင်ပြီးလမ်းသွားနေတော့ သူသွားရာ လမ်းတလျှောက်မှာ အဲဒီ ဆီပုံးအပေါက်က ဆီတွေက ယိုကျလို့ပေါ့၊ သူက အရှေ့ကိုသာ အာရုံစိုက်နေတော့ အနောက်က သူ့ဆီပုံးမှာ ဆီတွေ ယိုကျနေတာလဲ မတွေ့ဘူး။ ခက်တာက `ဆီတွေ ယိုနေပါတယ်ဗျို့´ လို့ အနောက်ကနေ လှမ်းအော် သတိပေးတာကိုလဲ မကြားတာပဲ။ အခုက အဲဒီလို ဖြစ်နေသလို ထင်မိတယ်။
ကျနော့်အတွက်ကတော့ နောက် ငါးနှစ်မှ မဟုတ်ပါဘူး၊ နှစ်ပေါင်းများစွာ တိုင်အောင်လဲ (မိဘသည်သာ အလိုအပ်ဆုံးဆိုတဲ့) ဒီအယူအဆက ပြောင်းလဲ သွားစရာမရှိပါဘူး။ ချစ်သူ၊ ဇနီး၊ လက်တွဲဖော် ဘယ်လိုပဲ ခေါင်းစဉ်တပ်ပါစေ၊ အဲဒီ အဖော်ဆိုတာကြီးကတော့ ကျနော့်မိဘများထက် သာလွန်တဲ့ မေတ္တာ၊ သာလွန်တဲ့ နားလည်ပေးနိုင်စွမ်းမှုတွေ ရှိလာမယ်လို့ မယုံကြည်ပါဘူး။
အဲဒီ အစိမ်းရောင် တောက်တောက်နဲ့ စာတန်းကြီးကိုလဲ မြင်ပါတယ်။ အမေ့ဘေးမှာ အဖေပဲကျန်ပြီး အဖေ့ဘေးမှာ အမေပဲကျန်တဲ့ လူတွေကိုယ်တိုင်ကရော `ငါ့ဘ၀ရဲ့ အလိုအပ်ဆုံးဟာ လက်တွဲဖော်ပါလား´ဆိုတဲ့ အတွေး ၀င်ပါတယ်လို့ စနေထင်ပါသလား။ သူတို့ချစ်ကြ ပါလိမ့်မယ်။ နားလည်မှုတွေ အပြန်အလှန်လဲ ရှိကြပါလိမ့်မယ်။ ဒါပေမယ့် စနေ့စာထဲက ကျောင်းသူလိုမျိုး မိဘနဲ့ လက်တွဲဖော်ကို ယှဉ်တွဲရွေးချယ်ရာမှာ မိဘကို ဖျက်ပစ်ပြီးမှ သူတို့လက်တွဲဖော်ကို ရွေးခဲ့တာဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ ဆိုလိုတာက သူတို့ အနားမှာ လက်တွဲဖော် စရကတည်းက သူတို့ဟာ မိဘကို ပစ်ပယ်ပြီး `ဒါကမှ ငါ့ရဲ့အလိုအပ်ဆုံး´လို့ သတ်မှတ်ပစ်လိုက်တာမျိုးလို့ ယုံကြည်ပါသလား။ အဖြစ်နိုင်ဆုံး အနေနဲ့ နားလည်ပေးလို့ရတာကတော့ အမေ့ဘေးမှာ အဖေပဲ ကျန်ပြီး အဖေ့ဘေးမှာ အမေပဲ ကျန်ခဲ့တဲ့လူတွေဟာ အဲဒီအချိန်မှာ သူတို့မိဘတွေ ဆုံးပါးသွားတဲ့ အချိန်ဖြစ်လို့ပါပဲ။
ဝါရင့်စာရေးဆရာ ဟုတ်ခြင်း၊ မဟုတ်ခြင်း၊ မြန်မာဘာသာစကားကို ကျွမ်းကျင်စွာ သုံးစွဲတတ်ခြင်း မတတ်ခြင်းက တကယ်တော့ အဓိကမကျပါ။ တခုတော့ ရှိပါတယ်။ စာရေးတော့မယ်လို့ စဉ်းစားရင် ကိုယ့်စာကို ဖတ်တဲ့၊ ဖတ်မယ့် စာဖတ်သူကို ဘာပေးမလဲဆိုတာတော့ ရှိပါတယ်။ တကယ်တော့ စာရေးတဲ့လူတွေဟာ ဟင်းချက်သမားတွေ လိုပါပဲ။ သူတို့ချက်လိုက်တဲ့ ဟင်းကအစပ် အဟပ်တည့်ရင် စားတဲ့လူမှာ အရသာကောင်းတွေ့ပါတယ်။ အာဟာရ ကောင်းကောင်းရပါတယ်။ အဆိပ်ဖြစ်စေမယ့် အစာကို ဟင်းထဲမှာ ရောမွှေချက်မိရင် စားရတဲ့ လူတွေကို ဥပါဒ်ရောက်စေတတ်ပါတယ်။
စာဖတ်သူတွေရဲ့ ခေါင်းထဲ အတွေးဆိုးကြီး မရောက်အောင် ရှောင်ကြဉ်တဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ ဒါပေမယ့် ကျနော့်အနေနဲ့ကလဲ ဘ၀အတွက် (မိဘထက်တောင်) အလိုအပ်ဆုံးဟာ လက်တွဲဖော်ဆိုတဲ့ အတွေးမျိုးကို အဲဒီစာကနေတဆင့် မရစေလိုပါဘူး။ `အလိုအပ်ဆုံး´ ဆိုတဲ့ပို့စ်ကို သာမန်အားဖြင့် ဖတ်ကြည့်လိုက်ရင် `ဒါ၊ ဟုတ်ပေသားပဲ၊ တကယ်တမ်း ငါ့အနားမှာ အလိုအပ်ဆုံးက လက်တွဲဖော်´ ဆိုတဲ့ အတွေးဝင်သွားစရာ ရှိနေပါတယ်။ အထူးသဖြင့် အဲဒီ အစိမ်းရောင် တောက်တောက်စာကြီးက အပေါ်က အတွေးကို ပိုမိုခိုင်ခံ့အောင် ထပ်မံ အထူးပြုနေပါတယ်။
ကိုချမ်းစိုးဝင်းပြောသလို လက်တွဲဖော်ဆိုတာ သိပ်အရေးကြီးတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အဲဒီလက်တွဲဖော်က ဘယ်သူပါလဲ။ အဓိပ္ပာယ်များစွာ ကောက်ယူလို့ ရတဲ့ `လက်တွဲဖော်´ဆိုတဲ့ စကားလုံးမှာ အဲဒီကျောင်းသူ ရွေးချယ်လိုက်တာကတော့ သူ့ခင်ပွန်းပါ။ မိဘမဟုတ်ခဲ့ပါဘူး။ မိဘကိုပယ်ဖျက်လိုက်ပြီးမှ လက်တွဲဖော်ကို ရွေးတယ်ဆိုတဲ့ မက်ဆေ့ကို မရဘူးဆိုရင် အဲဒီကျောင်းသူ မိဘဆိုတဲ့ နာမည်ကို (မတုန်လှုပ် မငိုကြွေးခင်) ဖျက်ပစ်လိုက်တဲ့ စာကြောင်းကို ကျော်များ ဖတ်လိုက်လေသလား တွေးစရာပါပဲ။ ကိုချမ်းမြစိုးပြောတဲ့ ၀ီကီပီဒီယ ( Wicked Period လို့ ဆိုလိုချင်ပုံရပါတယ် ) ကို စာရင်းဝင်နေတဲ့ `ဘ၀မှာ (မိဘထက်တောင်) အလိုအပ်ဆုံးက လက်တွဲဖော်´ လို့ခံယူထားတဲ့ သားသမီးတွေ သန်းပေါင်းများစွာ ရှိနေပြီဆိုရင်တောင် နောက်ထပ် စာရင်းမတိုးစေချင်တော့ပါ။
ကျနော် လူတော်မဟုတ်ပါ။ အဲဒီလိုပဲ မြန်မာလူငယ်တွေလဲ လူဖျင်းမဟုတ်တာကို နားလည်ပါတယ်။ ဒါပေမယ့် ဖတ်လိုက်ရတဲ့ စာတကြောင်း၊ တွေးမိလိုက်တဲ့ အတွေးတချက်ကနေ အဆိပ်မသင့်စေချင်ပါ။ အဲဒီရည်ရွယ်ချက် တခုတည်းအတွက်နဲ့ အခုလို ဆွေးနွေးနေခြင်း ဖြစ်ပါတယ်။ (ငြင်းခုံခြင်း မဟုတ်ပါ)။ ကိုချမ်းစိုးဝင်းဟာ သေခြင်းတရားကို နားလည်နေပါတယ်လို့လဲ ကျနော်မရေးခဲ့ပါဘူး။ စာကို သေချာစွာ ဖတ်ပါအုံးလို့ မေတ္တာရပ်ခံပါတယ်။ မေ့ပုံမရပါဘူး လို့ပဲ ရေးခဲ့တာပါ။ တသက်လုံး အပျိုကြီး၊ လူပျိုကြီးလုပ် မိဘနဲ့အတူနေပြီး မိဘထက် အရင်သေသွားခဲ့ရင်တော့ မပြောတတ်ဘူးလေလို့ ကိုချမ်းစိုးဝင်း ပြောခဲ့တဲ့ စကားအရ လူတယောက်ဟာ အချိန်မရွေး၊ အသက်အရွယ်မရွေး၊ နေရာမရွေး သေသွားနိုင်တယ်ဆိုတာကို မေ့ပုံမရဘူးလို့ ရည်ရွယ် ရေးခဲ့တာပါ။
စာလဲ အတော်ကို ရှည်ပါပြီ။ ဆွေးနွေးခြင်းဟာ ဆွေးနွေးသူတွေရော၊ လေ့လာသူတွေကိုပါ အသိဉာဏ်တိုးစေ ပါလိမ့်မယ်။ `ငြင်းခုန်ခြင်း´ ကတော့ တဖက်နဲ့ တဖက် ရန်လိုခြင်း၊ အမျက်ပွားခြင်း၊ မုန်းတီးခြင်းတွေသာ ဖြစ်လာပါလိမ့်မယ်လို့ ပြောရင်း ခဏ နားပါရစေ။ ဆွေးနွေးကြပါစို့။
ကလိုစေးထူး
ကျွန်မချစ်သောစာပေမိတ်ဆွေများရှင့်
အားလုံးဆွေးနွေးတာကို ဖတ်ရလေ ဗဟုသုတရလေပါပဲ၊၊
မှန်ပါတယ်၊ တွေးလေ၊ဝေးလေ၊နက်လေဆိုသလိုပါပဲ၊၊
လူတစ်ယောက်နှင့် တစ်ယောက်အမြင်မှ မတူနိုင်တာပဲလေ၊၊
ကျွန်မလည်း စိတ်ဝင်စားလွန်းလို့ ကျွန်မဆရာကို မေးမိပါတယ်၊
“ဆရာ၊ ဘ၀မှာအလိုအပ်ဆုံးကဘာလဲ”လို့မေးမိပါတယ်၊၊
ဆရာက “ဘ၀မှာအလိုအပ်ဆုံးက သတိပေါ့”လို့ဖြေပါတယ်၊၊ ဒါကဆရာအမြင်ပါ၊
ကျွန်မလိုချင်တဲ့အဖြေမပါလို့ကျွန်မထပ်မေးမိပါတယ်၊၊
“သမီးသိချင်တာ၊ဆရာ မိဘ၊သားသမီး၊အိမ်ထောင်ဖက်၊အဲဒီသုံးဦးမှာ
အလိုအပ်ဆုံးက ဘာလဲ ” လို့မေးမိပါတယ်၊၊
ဆရာက တစ်ယောက်နှင့်တစ်ယောက် အမြင်မတူနိုင်ဖူးလို့ပြောပါတယ်၊။
အသက်အရွယ်နှင့်လည်းဆိုင်တယ်၊၊ ကြီးပြင်းလာတဲ့ ဘ၀မှာ ရခဲ့တဲ့ အသိတွေနှင့်လည်းဆိုင်ပါတယ်၊၊ငယ်ရွယ်တဲ့အချိန်မှာတော့မိဘကိုအလိုအပ်ဆုံးပေါ့၊
တချို့ဆို မိဘကိုပစ်ပီး အိမ်ထောင်ဖက်နောက်လိုက်သွားတာမျိုးတွေလည်းရှိပါတယ်၊၊ အရွယ်ရောက်လာချိန်မှာတော့ မိဘထက် အိမ်ထောင်ဖက်ကို အာကိုးမိတတ်ကြတယ်၊အသက်ကြီးလာရင်တော့ သားသမီးကို ပိုပြီးလိုအပ်လာကြတယ်တဲ့၊၊ တကယ်တော့ မိဘဆိုတာ အမြဲ သားသမီးအပေါ် ကြင်နာမှုတွေ၊မေတ္တာတွေ အမြဲပေးနေကြသူများဖြစ်ပါတယ်၊၊လိုအပ်တဲ့အချိန်တိုင်းမှာပေါ့၊၊
ကဲ၊ ကိုယ်အတွေးနှင့်ကိုယ်ဆက်ဆွေးနွေးကြပါစို့၊၊
တကယ်တော့ စနေ ဘာသာပြန်ညံ့လို့ မဟုတ်ပါဘူး။ စနေ ဘာသာပြန်တာ အဆင်ပြေပါတယ်။ ဆိုလိုချင်တဲ့အဓိပ္ပါယ်လည်း ပေါ်လွင်ထင်ရှားပါတယ်။
လူမျိုးမတူလို့ အမြင်မတူဘူးဆိုတာ ယေဘုယျ ပြောလိုက်တာပါ။ တကယ်တမ်းက လူတယောက် နဲ့ တယောက်ရဲ့ အမြင်ချင်းမတူဘူးဆိုတာဟာ သူ မွေးဖွားကြီးပြင်းရာ ပတ်ဝန်းကျင်၊ သူ ကျင်လည်ရာ အသိုင်းအ၀ိုင်း၊ သူ့အပေါ်လူတွေရဲ့ သဘောထားနဲ့ ဆက်ဆံမှု သူဖတ်တဲ့စာပေပညာရပ် ဒါတွေပေါ်မှာ မူတည်ပါတယ်။ ဒီတော့ တယောက်နဲ့ တယောက် တွေးခေါ် မြော်မြင်မှုချင်းဟာ တထပ်တည်း ကျချင်မှ ကျပါလိမ့်မယ်။ ဒါဟာ အငြင်းပွားစရာ ကိစ္စရပ်မဟုတ်ပါဘူး။
အခု .. ဒီကိစ္စမှာ ဘလော့ဖတ်သူ လူနည်းစုကတောင် အမြင်မတူကြဘူး ခံယူချက်မတူကြဘူး ဆိုတာတော့ သေချာနေပါပြီ။ ဒီတော့ စာဖတ်သူ အမျိုးမျိုးထဲမှာ ဒီိလို ရွေးချယ်မှုကို အားကျ အတုယူသူတွေ … အမြင်တမျိုးနဲ့ မြင်သူတွေ တဦးတလေ ပါကောင်း ပါနိုင်ပြီပေါ့။
မိဘဟာ လက်တွဲဖော်လောက် လိုအပ်တဲ့သူမဟုတ် … ဖျက်ထုတ်လိုက်လို့ရတယ် ဆိုတဲ့ အတွေးမျိုး တယောက်တလေများ တွေးမိလေကြမလားလို့ … ကိုချမ်းစိုးဝင်းက မစိုးရိမ်ပါနဲ့ လို့ ပြောပေမဲ့ ကျမတော့ စိုးရိမ်မိပါတယ်။ ဒါဟာ လူငယ်တွေကို အထင်သေးလို့မဟုတ်ပါ။ အမြင် ဆိုတာ အမျိုးမျိုးရှိတယ် ဆိုတာ သိထားတဲ့အတွက် စိုးရိမ်မိခြင်းဖြစ်ပါတယ်။
တခါတရံ စာရေးသူက ဘာရယ်လို့မဟုတ်ဘဲ ရေးလိုက်မိတဲ့ အကြောင်းအရာတခုကို စာဖတ်သူက ခံယူချက်တမျိုးနဲ့ မြင်လိုက်မိလို့ ဒုက္ခ ရောက်ခဲ့ရတာမျိုးတွေလည်း အများကြီးပါ။ စာရေးသူတဦးဟာ မိမိ ရေးလိုက်တဲ့ စာပေါ်မှာ တာဝန်ယူနိုင်ရမယ်၊ တာဝန်လည်း ယူရဲရပါမယ်။ နှုတ်တရာ စာတလုံးဆိုသလို စာပေရဲ့ အင်အားက အလွန်ကြီးမားပါတယ်။ ဓားသွားထက် ကလောင်သွားထက်တယ်လို့ ဆိုကြတယ်မဟုတ်ပါလား။
သို့ပေမဲ့လည်း ကလောင်သွားတွေနဲ့ စစ်တိုက်ဖို့ရယ်တော့ စိတ်ကူးမရှိပါဘူးရှင် … ကျမက ငြိမ်းချမ်းမှုကို မြတ်နိုးသူပါ …။ ငြင်းခုန်ခြင်းကိုလည်း ရှောင်ကြဉ်လေ့ရှိပါတယ်။ တခါတရံ ဝေဖန်ရေးစာပေတွေ ရေးလေ့ရှိပေမဲ့ အပြုသဘောနဲ့ ပြောပြလိုတဲ့ စေတနာအရင်းခံပဲရှိပါတယ်။ ဒီစာကိုဖတ်ရင် တချို့သောသူတွေ ဒီလို မြင်နိုင်တယ် ဆိုတာမျိုး ထောက်ပြပြီး ကိုယ့်အမြင်ကို ဆွေးနွေးခြင်း ပြောပြခြင်း သက်သက်မျှသာပါ။
နိဂုံးချုပ်ရရင်တော့ အားလုံးဟာ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိတဲ့အတွက် လက်ခံခြင်း လက်မခံခြင်းဆိုတာ မိမိရဲ့ ခံယူချက်ပေါ်မှာသာ မူတည်ပါတယ်လို့ ပြောပါရစေ … ။
ကိုသံလွင်ရေ … လေကြောနည်းနည်းရှည်မိတာ ခွင့်လွှတ်ပါရှင်။
စနေ့ပို့စ်ဖတ်ပြီးကတည်းက
ရေးမယ်လုပ်ပြီးမရေးဖြစ်ခဲ့တာ၊
ကျွန်မအနေနဲ့ကတော့ဖတ်ပြီးတုန်း
ကတည်းကဘဝမှာလက်တွဲဖော်ဟာ
အလိုအပ်ဆုံးပါလားဆိုတဲ့အတွေးလုံးဝ(လုံးဝ)
မဝင်ခဲ့ပါဘူးရှင်။
ကျွန်မကမွေးကတည်းက
အခုချိန်ထိမိဘမှမိဘပါပဲ။စနေတနေရာမှာပြောသလို
သူငယ်ချင်း၊အဖော်၊ဆွေမျိုးသားချင်းများဟာလည်း
ပယ်ဖျက်လို့မရအောင်အရေးပါဆဲပါပဲ။
လက်တွဲဖော်ဟာဘဝမှာအလိုအပ်ဆုံးလို့
ကျွန်မသူငယ်ချင်းဗုဒ္ဓ္ဓ္ဓဘာသာဗမာစစ်စစ်က
ပြောတာကြားခဲ့ဘူးပါတယ်။
အထက်ကရေးထား
သောညီမလေးရဲ့ဆရာပြောသလိုပါပဲ၊ကျွန်မလဲ
ထင်မြင်မိပါတယ်၊
(Sorry, I'd like to finish this up in English.)
I think, most of Sanay's posts give me different thoughts everytime.
Wishing you all in happy blogging!!
ကလိုစေးထူးရေ၊ ကျွန်တော်တွေ့ဖူးသမျှကတော့ နိုင်းနိုင်းစနေဟာ စာတွေတော်တော်ရေးဖူးတယ်။ သူရေးတဲ့ စာတိုင်းလိုလိုလဲ ကောင်းတာများတယ်။ သူများကို ဝေဖန်ရင် ကိုယ်တိုင်က သူ့လောက်မလုပ်နိုင်သေးပဲ မဝေဖန်သင့်ဘူးလို့ ထင်တယ်ဗျာ။ ဘလော့မှာလောက်တင် မကျေနပ်ပါနဲ့၊ သူ့လို လိုက်ရေးပြီးမှ ဝေဖန်ပါလား။
ဒီကွန်မန့် ဖတ်ရတာ … ရယ်တော့ရယ်ရသား၊ ရေးတဲ့သူက အမည်တပ်မထားတော့ ဘယ်သူမှန်းတော့ မသိပါဘူး။ ဒါပေမဲ့ စာပေမှာ နှံ့စပ်မှုမရှိတာတော့ သေချာသလောက်ပါပဲ။ ပြောရမယ်ဆိုရင် အင်တာနက် ၀က်ဘ်ဆိုက်အနည်းငယ် ခြေရာခွက်လေးတွေထဲမှာလောက်သာ ကျင်လည်ကျက်စားနေတဲ့ မျက်စိကြောင်ကြောင် ဖားပေါင်ကျိုးလေးနဲ့တူပါရဲ့။
ကလိုစေးထူးက ဘာတွေရေးခဲ့သလဲ … နိုင်းနိုင်းစနေက ဘာတွေရေးခဲ့သလဲ … ယှဉ်စရာကို မလိုအောင် ကွာခြားလွန်းပါတယ်။
နိုင်းနိုင်းစနေ ရေးတဲ့စာတွေ ကောင်းပါတယ်။ မှန်ပါတယ်။ သူ့ကိုလည်း ကျမတို့ အားပေးပါတယ်။
ဒါပေမဲ့ ကလိုစေးထူးဟာ သူ့လောက်မလုပ်နိုင်ဘူးလို့ ဘာကိုကြည့်ပြီးပြောရတာလဲ။ ကလိုစေးထူးဟာ နိုင်ငံတကာ အသိအမှတ်ပြု စာနယ်ဇင်းတွေမှာပါ ရေးတဲ့ ဆောင်းပါးရှင်တဦးဆိုတာ မသိလို့ထင်ပါရဲ့။
ဒါကိုသိမယ်ဆိုရင်တော့ ကလိုစေးထူးဟာ ဘလော့လောက်မှာတင်ကျေနပ်နေတယ်လို့ ပြောအုံးမလား …။
လူတယောက်ကို ဝေဖန်မယ်ဆိုရင် အဲဒီလူအကြောင်း နှံ့နှံ့စပ်စပ် သိဖို့ လိုတယ်။ ကလိုစေးထူးဟာ နိုင်းနိုင်းစနေ ကို ပုဂ္ဂိုလ်ရေးဝေဖန်တိုက်ခိုက်နေတာ မဟုတ်ပါဘူး။ သူ့ရဲ့ စာကို ဝေဖန်တာပါ။ စာဖတ်တတ်သူများ ကလိုစေးထူးရေးသားချက်ကို ကြည့်မယ်ဆိုရင် တိုက်ခိုက်တာလား အပြုသဘောနဲ့ပြောတာလား သိနိုင်ပါတယ်။
ဘယ်နေရာမှာ မဆို ဝေဖန်မှုရှိမှ တိုးတက်ပါမယ်။ အပြုသဘောနဲ့ဝေဖန်တာကို လက်ခံရပါမယ်။ ဒါမှလည်း ပြုပြင်နိုင်မယ် မဟုတ်လား။ ဝေဖန်တာကို ခံနိုင်ရည်မရှိရင် ဘာမှလုပ်မနေနဲ့ ငုတ်တုတ်ထိုင်နေရုံပါပဲ။
အမည်မဲ့သူဟာ ဝေဖန်ရေးအကြောင်းကိုလည်း နားလည်ဟန်မတူပါဘူး။
အကယ်၍ ကလိုစေးထူးဟာ နိုင်းနိုင်းစနေလို စာကောင်းပေကောင်းတွေ ရေးခဲ့သူမဟုတ်ဖူးဆိုပါစို့။
မရေးခဲ့တာနဲ့ပဲ မဝေဖန်ရတော့ဘူးလား …။ အကောင်းအဆိုး အကြောင်းအကျိုး ထောက်မပြရတော့ဘူးလား။
ဒီလိုဆိုရင်ဖြင့် သဘောထား သေးသိမ်လွန်းရာ ကျနေပါပြီ။
ကျမတို့ဟာ ‘စာ’ ကို ဖတ်နေကြတာပါ။ ‘လူ’ ကိုဖတ်နေကြတာမဟုတ်ပါဘူး။ ထိုနည်းတူစွာ ‘စာ’ ကို ပဲ ဝေဖန်တာပါ ..။ ‘လူ’ ကို ဝေဖန်တာမဟုတ်ပါဘူး။ ဒီတော့ကာ … စာတပုဒ်ဟာ ကောင်းရင် ဘာကြောင့် ကောင်းတယ်၊ ဆိုးရင် ဘာကြောင့် ဆိုးတယ်၊ လက်ခံနိုင်ရင် ဘာကြောင့်လက်ခံနိုင်တယ် … လက်မခံနိုင်ရင် ဘာကြောင့်လက်မခံနိုင်ဘူး … ဆိုတာ လွတ်လပ်စွာ ပြောခွင့်ရှိပါတယ်။ သူ့လို ရေးနိုင်မှ သူ့ကို ဝေဖန်ခွင့်ရှိမယ် ဆိုရင်တော့…. အင်း … ရုပ်ရှင်တကားမှ မရိုက်ဖူးဘဲ ရုပ်ရှင် ဝေဖန်ရေး ကို ထိထိမိမိရေးနိုင်လို့ ရုပ်ရှင်လောကသားတွေတွင်မက အားလုံးကလေးစားရတဲ့ ဆရာကြီးစိန်ခင်မောင်ရီ သာ သက်ရှိထင်ရှားရှိနေရင် ထိုင်ငိုနေမလားပဲ …။
ဒီတော့ ကျမ အကြံပေးချင်တာက ခြေရာခွက်လေးထဲမှာပဲ ကျေနပ်မနေပါနဲ့။ မျက်မွှေးတဆုံးပဲ မကြည့်ပါနဲ့။ လေ့လာပါ .. ဖြန့်ကျက်တွေးပါ။ မျက်စိတဆုံးကြည့်ပါ။ ဥာဏ်အမြော်အမြင်ရှိပါစေ။
မေတ္တာဖြင့်
မေဓာဝီ
"အလိုအပ်ဆုံး" ဆိုတဲ့ ပို့စ်အတွက် စဉ်းစားဖြစ်သွားတာတွေ အများကြီးပဲ...
ကျမဆိုရင်တော့ "မိဘ"ဆိုတဲ့ ကျမရဲ့ မွေးကျေးဇူးရှင်၊ ကျွေးကျေးဇူးရှင်တွေကို ကျမရဲ့ ဘ၀ထဲကနေ မလိုအပ်ဘူးဆိုပြီး ဖျက်ပစ်ရဲတဲ့သတ္တိမပြောနဲ့ စဉ်းတောင်မစဉ်းစားမိပါဘူး၊ လက်ဦးဆရာများဖြစ်ခဲ့တဲ့ ကျမရဲ့"မိဘ"နှစ်ပါးကတော့ ဘယ်အသက်အရွယ်၊ ဘယ်အချိန်ရောက်ရောက် ကျမအတွက်တော့ အလိုအပ်ဆုံးပါပဲ။ သူတို့ရဲ့ကျေးဇူးတွေကိုလဲ သူတို့မရှိကြတော့ဘူးဆိုရင်တောင်မှ တမ်းတရင်း၊ အစဉ်အမြဲအောက်မေ့ သတိရနေမှာပါ။ မိဘတွေက မကောင်းခဲ့ဘူးဆိုရင်တောင်မှ ကျမတို့ဟာ ရွေးချယ်ပိုင်ခွင့်မရှိခဲ့ကြပါဘူး၊ သူတို့မွေးမှ လူဖြစ်လာရတာပါ။ သူတို့ကို ဘယ်လိုနည်းနဲ့မှ ကျမဘ၀ထဲက ဖျက်ထုတ်မပစ်နိုင်ပါဘူး။ အသက်အပိုင်းအခြားအတွေ့အကြုံတွေ ပြောင်းလဲရင့်ကျက်လာခဲ့ရင်လဲ လိုအပ်မှုတွေ ပြောင်းလဲသွားမှာ ဖြစ်ပေမယ့် ကျမရဲ့ "မိဘ" တွေကတော့ ကျမဘ၀ရဲ့ အဖိုးမဖြတ်နိုင်တဲ့ သူတွေပါပဲ။ ပြီးတော့ အပေးသာရှိပြီး အယူမရှိတဲ့ "မိဘမေတ္တာ"ကို အမြဲတန်ဖိုးထားနေမှာပါ။
ပထမဆုံး မစနေပို့စ်မှာ "ကျောင်းသူလေးက ဘာဖြစ်လို့များ မိဘရင်ခွင်ကမလွတ်သေးပဲနဲ့တောင် ခုလက်ရှိရှိနေတဲ့ မိဘတွေကိုမရွေးပဲနဲ့ မရသေးတဲ့ ကိုယ့်အပေါ်ကို ကောင်းမယ်မကောင်းဘူး ကြိုမသိနိုင်တဲ့သူ(ဘ၀ဖော်ဆိုတာ)ကို ရွေးခဲ့တာလဲ? ဒါကို ကျမ ဘ၀င်မကျပါဘူး။ ပြီးတော့ မိဘ ဆိုတဲ့ နံမယ်ကိုမဖျက်ခင် မတုန်လှုပ်သေးပဲနဲ့ ဘာဖြစ်လို့ ဘ၀ဖော်နဲ့ သားသမီး ကိုရွေးရတော့မှ သားသမီးကိုဖျက်ပြီးမှ တုန်လှုပ်စွာငိုကြွေးတာလဲ၊ သူက မိဘနေရာမရောက်သေးပဲနဲ့တောင် မိဘစိတ်ရှိနေတယ်လို့ ထင်ပါတယ်။ ဒီမှာပဲ မိဘဆိုတာ ဖြစ်မလာ၊ မွေးမလာသေးတဲ့ သားသမီးအပေါ်မှာတောင် ကောင်းနိုင်ပါလားဆိုတဲ့ အသိတစ်ခု ထပ်ရပါတယ်။
ပြီးတော့ အရွယ်ရောက်လာလို့ မိဘထက် ကိုယ့်အပေါ်ကောင်းမယ့်သူလို့ ယုံကြည်မိပြီးရွေးတယ်ဆို တစ်မျိုးပါ။ ဒါကလဲ ကံစမ်းမဲပါပဲ သူကောင်းသလားမကောင်းလား လုံးဝသေချာသိမနေနိုင်တဲ့ အနေအထားမှာရှိပါတယ်။ ကောင်းခဲ့မယ်ဆိုရင်တောင်မှပဲ မိဘဆိုတာကို ကိုယ့်ဘ၀ရဲ့ အလိုအပ်ဆုံးဆိုတဲ့နေရာက ဖယ်ရှားရဲတဲ့ သတ္တိကိုတော့ ချီးကျူးပါတယ်။ သူသာ သူ့ဘ၀မှာ ဘယ်သူဘယ်ဝါဟာဖြင့် ဘယ်အသက်ပိုင်းတွင်း ဘယ်လိုနေရာကနေ အလိုအပ်ဆုံးဖြစ်ခဲ့တယ်လို့ ဆရာကို သုံးဦးလုံးဖျက်မပစ်ပဲ ပြန်ငြင်းရဲရင် ဆရာလဲ ကျေနပ်လောက်စရာ အဖြေအတွက် ဆက်ဖျက်ခိုင်းမယ်မထင်တော့ပါဘူး၊ သူလဲ ဒီနေရာတွေ၊ ဒီလိုခံစားမှုတွေကို ဖြတ်သန်းခဲ့ဖူးတာပဲ။
ဒီနေရာမှာပဲ ဘာသာ၊ လူမျိုး၊ ငါစွဲတွေနဲ့ မဆိုင်တော့ပါဘူး၊ ကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့ ခံယူချက်နဲ့သာ သက်ဆိုင်သွားတယ်။ ပြီးတော့ လူငယ်တွေဝင်ဖတ်မိခဲ့ရင် ငါတို့ဘ၀ရဲ့ အလိုအပ်ဆုံးဟာ ဘ၀ဖော်ဆိုတဲ့ အတွေးနဲ့ မိဘတွေကို မကောင်းမြင်ကြမှာလဲ မလိုလားပါဘူး။ ပြီးတော့လဲ မိဘနှစ်ပါးဟာဖြင့် ဘ၀မှာ လိုမှသုံးပြီး မလိုအပ်ရင် ဖျက်ပစ်လို့ရတယ်ဆိုတဲ့ အတွေးလဲ မ၀င်ကြစေချင်ပါဘူး။
နောက်တစ်ခါ မမေရဲ့ပို့စ်မှာတော့ သူ့ရဲ့ အလိုအပ်ဆုံးဆိုတာကို သူတစ်ဦးတည်းရဲ့ ခံစားမှုနဲ့ဖော်ပြသွားတာပါ။ ဒီမှာပဲ "မေတ္တာရှင်တို့ရဲ့စိတ်ထား" ဆိုတာပါလာတဲ့အတွက် မေတ္တာရှင်နေရာမှာ ကိုယ့်မိဘဆိုရင် သားသမီး ဒုက္ခရောက်မှာမျိုးလိုလားပါ့မလား၊ သူသာအသေခံသွားမယ် သားသမီးတော့ မှည့်တစ်ပေါက်မစွန်းစေရဘူးဆိုတဲ့ မိဘမေတ္တာကို ပြမှာပါ၊ ပြီးတော့ တကယ့်မေတ္တာရှင်အစစ်ဆိုရင်လဲ ရန်သူ၊ ချစ်သူ၊ မုန်းသူ ခွဲခြားမနေပါဘူး၊ သူပဲ အသေခံမှာပါ။ ဒီနေရာမှာ ကိုယ့်ဘ၀ဖော်ဆိုတာကို ထည့်တွေးကြည့်ပါဦး၊ သူက တကယ်ကိုမေတ္တာရှိပြီး ကိုယ့်အတွက် အသက်အသေခံပါ့မလား၊ ဘာ့ကြောင့်အသက်အသေခံမှာလဲ အသေမခံခင်မှာ သူဘာတွေစဉ်းစားမလဲ၊ သူ့အပေါ်ဘယ်လောက်ကောင်းခဲ့သလဲဆိုတာတော့ စဉ်းစားနေမှာသေချာပါတယ်။ ကျမကိုသာရွေးခိုင်းရင် မေတ္တာရှင်လောက်လဲ ပါရမီမရင့်သန်သေးတော့ သူတစ်ပါးအတွက် ကိုယ်တိုင်သေဖို့လဲ မရဲဘူး။ ကိုယ့်ကြောင့်လဲ သူတစ်ပါး ဒုက္ခရောက်မှာ မကြည့်ရက်ပါဘူး၊ ဒါနဲ့ပဲ မူးပြီးလဲသွားမယ်ထင်တယ်၊ တကယ်ပါ။
ကိုဆေးထူးရဲ့ပို့စ်ကတော့ သူ့ဘ၀ရဲ့ အလိုအပ်ဆုံးနဲ့ သူများတွေကို အတွေးမမှားစေဖို့ထောက်ပြတာပါပဲ။ သူ့ကော်မက်အောက်ဆုံးက "ကိုရင်" ပြောခဲ့တာကတော့ မိဘတွေ မရှိလို့ မောင်ကိုရွေးတယ်၊ အဲ့ဒီမှာပဲ ဘ၀ဖော်ကိုရွေးပါတော့လား၊ ဘာဖြစ်လို့မောင်ကိုရွေးလဲ? မိဘတွေကိုယ်စား ဘ၀မှာ အစားထိုးမရနိုင်တော့လို့ ရွေးချယ်ခဲ့တာ၊ ဘ၀ဖော်နဲ့ သားသမီးကတော့ ပြန်အစားထိုးလို့ရတယ်လေ၊ ဒါ့ကြောင့် ပညာရှိလို့ ဘုရင်က သတ်မှတ်ခဲ့တာ။
ဘ၀ဖော်ဆိုတာ သူ့ကိုလိုချင်မိလို့ သူနဲ့နေရင် အဆင်ပြေနိုင်မယ်၊ ကိုယ့်အပေါ်ကောင်းနိုင်မယ်ထင်မိလို့ လက်တွဲကြတာ၊ တကယ်လို့များ သူနဲ့ကိုယ် အပေးအယူမမျှတော့တဲ့တစ်နေ့၊ နားလည်မှုတွေ လွဲသွားတဲ့တစ်နေ့မှာ ကွဲသွားကြတာတွေ အများကြီးပါ။ ဘ၀ဖော်ဆိုတာ လိုချင်မိလို့ ရှိလာတာ၊ မလိုချင်ရင် ရှိလာစရာအကြောင်းမရှိဘူး။
ဒါပေမယ့် "မိဘ"နှစ်ပါးကတော့ ကိုယ့်အတွက်လိုအပ်နေလို့ကို ရှိနေတာ။ ဒီနေရာမှာ လိုချင်မှုနဲ့ လိုအပ်နေမှုကွာခြားသွားတယ်လို့ ကျမထင်တယ်။
ကျမရဲ့ဘ၀မှာ ကျမရဲ့အသက်အပိုင်းအခြားအလိုက် လိုချင်မှုတွေဖြစ်တည်လာနေသမျှ ကျန်သူတွေကို အလိုရှိနေဦးမှာဖြစ်ပေမယ့် "မိဘ" နှစ်ပါးကတော့ သက်ရှိထင်ရှား ရှိရှိ မရှိရှိ ကျမဘ၀ရဲ့ အလိုအပ်ဆုံးသော သူတွေပါပဲ....
မမေဒါဝီပြောတဲ့ ဝေဖန်ရေးဆိုတာကို လက်ခံပါတယ်။ ဝေဖန်ခြင်ရင်လဲ ကိုယ်တိုင်က တစ်ခုခုတော့ လုပ်နိုင်စွမ်းရှိရမယ်လို့ ပြောတာပါ။ ဒါနဲ့ ကျွန်တော်ပြောနေတာ ကလိုဆေးထူးကိုပါ။ မမေဒါဝီကို မဟုတ်ပါဘူးနော။
ကျမကို တိုက်ရိုက်မပြောသော်လည်း ဒီဇာတ်လမ်းရဲ့ အစက ကျမမို့ မနေနိုင်မထိုင်နိုင် ၀င်ပါရတာပါ။ နိုင်းနိုင်းစနေရဲ့ ပို့စ်ကို ကျမကဖတ်ပြီး ကျမခံစားမိတဲ့ဘက်က ရေးတယ်။ ကျမ ရေးတဲ့စာကို ဖတ်ကြည့်ပါ။ နိုင်းနိုင်းစနေကို တိုက်ခိုက်တာ ဝေဖန်တာ တခုမှမပါပါဘူး။ ဘာကြောင့်တုန်းဆိုတာ့ နိုင်းနိုင်းစနေရဲ့ စာဟာ သူ့အတွေးအခေါ် မဟုတ်လို့ပါပဲ။ ဘာသာပြန်ဆိုတာ အားလုံးသိပါတယ်။ ဒါကြောင့်ကျမက သူ့ကို ဝေဖန်တာမဟုတ်ဘဲ သူ့စာထဲက ကျောင်းသူရဲ့လုပ်ရပ်ကို ဝေဖန်ခဲ့တာပါ။
ဒါကို အမြင်တူသူ မတူသူတွေက ကွန်မန့်တွေပြန်ရေးတယ်။ ဒီနေရာမှာ ကိုသံလွင် (ကလိုစေးထူး) က သူ့အမြင်ကို သူ့ဘလော့မှာ ပြန်ရေးတယ်။ သူရေးတဲ့စာကို ဖတ်ကြည့်ရင်လဲ ရှင်းပါတယ်။ လူကို ဝေဖန်တိုက်ခိုက်နေတာများ ပါလို့လား။ ငြင်းခုန်တာမဟုတ် ဆွေးနွေးခြင်းသာဖြစ်တယ်လို့ အတိအလင်း ရေးထားပါတယ်။
ကဲ … ဟုတ်ပြီ။
အသင်ပုဂ္ဂိုလ်ရေးတဲ့ ကွန်မန့်ကို ပြန်ဖတ်ကြည့်လိုက်ပါအုံး … ။
“ကလိုစေးထူးရေ၊ ကျွန်တော်တွေ့ဖူးသမျှကတော့ နိုင်းနိုင်းစနေဟာ စာတွေတော်တော်ရေးဖူးတယ်။ သူရေးတဲ့ စာတိုင်းလိုလိုလဲ ကောင်းတာများတယ်။ သူများကို ဝေဖန်ရင် ကိုယ်တိုင်က သူ့လောက်မလုပ်နိုင်သေးပဲ မဝေဖန်သင့်ဘူးလို့ ထင်တယ်ဗျာ။ ဘလော့မှာလောက်တင် မကျေနပ်ပါနဲ့၊ သူ့လို လိုက်ရေးပြီးမှ ဝေဖန်ပါလား။” တဲ့
ပုဂ္ဂိုလ်စွဲလည်း ကြီးပါပေ့။ ပြီးတော့ လူတယောက်အကြောင်းကို သေချာ ဂဃဏန မသိဘဲနဲ့ အခုလို နှိမ်နှိမ်ချိုးချိုး ပြောတာကို ကာယကံရှင်က ငြိမ်နေသော်လည်း ကျမက ငြိမ်မနေနိုင်ဘူးရှင့်။ လူတယောက်ကို အထင်တွေစွတ်ကြီးပြီး ကျန်တယောက်ကို နှိမ့်ချမြင်တဲ့ ကျဉ်းမြောင်းတဲ့ အမြင်မျိုးကို မည်သူမဆို စွန့်လွှတ်သင့်ပါတယ်။
အသင်ပုဂ္ဂိုလ်အခုလို ပြောတာကမှ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု တခု ဖြစ်တယ်ဆိုတာရော နားလည် သဘောပေါက် ပါရဲ့လားရှင်။
ကျမဟာ အမှန်တရားဘက်မှာ အမြဲရပ်တည်တယ်။ မှန်တဲ့ဘက်မှာ ဘယ်သူမှမရှိလဲ ကျမတယောက်ထဲ ရပ်နေအုံးမှာပဲ။ အမှန်တရားနဲ့ပတ်သက်လာရင် ဘယ်သူ့ကိုပြောပြော ကျမမှာ ၀င်ပြောပိုင်ခွင့်ရှိတယ်လို့ ယုံကြည် ယူဆထားပါတယ်။
ကျွန်မက မြန်မာဘလော့ဂ်တွေကိုနှံ့နှံ့စပ်စပ်ဖတ်သူမဟုတ်ပါဘူး။ ကျွန်မရဲ့ကွန်ပျူတာမှာ ဇော်ဂျီဖောင့်တင်မထားတာကြောင့် ၀င်းဖောင့်ကိုသာသုံးတဲ့အတွက် မြန်မာဘလော့ဂ်တွေကိုဖတ်လေ့သိပ်မရှိပေမယ့် မမေဓာဝီ၊ မေ၁၁ ၊ ကလိုဆေးထူး ၊ ညီလင်းဆက် တို့ရဲ့ဘလော့ဂ်တွေတော့ ၃ ရက်ခြားဆိုသလိုလောက် ဖတ်ဖြစ်ပါတယ်။
အခုပြောဆိုနေကြတဲ့ ဘ၀အတွက် ဘယ်သူအလိုအပ်ဆုံးဆိုတဲ့ မူလအစကိုလည်းမသိပါဘူး။ ဒါပေမယ့်ဖတ်ရင်းနဲ့ နည်းနည်းသဘောပေါက်လာပါတယ်။
ကျွန်မအမြင်ကတော့စာရေးသူဆိုတာ ကိုယ်ရေးချင်ရာ ကိုယ့်အတွေးကို ချရေးပြလိုက်ပေမယ့် ကိုယ်ရေးလိုက်တဲ့စာဟာ စာဖတ်သူကို ဘယ်လောက်အဆိပ်ဖြစ်သွားမှာလဲ ဆိုတာ ချင့်ချိန်ရပါတယ်။
ဘာသာပြန်ဆိုတာပဲဖြစ်ဖြစ် ၊ ကိုယ့်အတွေးအစစ်နဲ့ရေးတာပဲဖြစ်ဖြစ် ကိုယ်စာတစ်လုံးချရေးတော့မယ်ဆိုရင် စာဖတ်သူအပေါ် ဘယ်လောက်လွှမ်းမိုးမလဲ၊ ဘယ်လောက်အဆိပ်ဖြစ်မလဲ ၊ ဘယ်လို မက်ဆေ့ခ်ျမျိုးကို ရသွားမလဲ ဆိုတာကို စဉ်းစားချင့်ချိန်ရပါတယ်။
ကိုယ်ရေးတာတော့ ရေးလိုက်တာပဲ။ ယူချင်တာယူ မယူချင်တာပယ် လို့ပြောလို့မရပါဘူး။ ဘာလို့လဲဆိုတော့ စာဖတ်သူအပေါ်မှာ စာရေးသူရဲ့အတွေးတွေက အတိုင်းအတာတစ်ခုထိလွှမ်းမိုးလို့ပါပဲ။ ဒါကို စာတကယ်ဖတ်တဲ့သူမှ နားလည်ပါလိမ့်မယ်။ အဲလိုသာစာဖတ်သူတွေဘာမှဖြစ်မသွားဘူး ရေးချင်ရာရေးလို့ရတယ်ဆိုရင် အလုပ်ရှုပ်ခံပြီး စာပေစိစစ်ရေးဆိုပြီး သတင်းနဲ့စာနယ်ဇင်း လက်အောက်မှာထားစရာတောင်မလိုတော့ပါဘူး။
ဘာသာပြန်စာရေးဆရာတွေကလည်း ဘာသာပြန်တယ်ဆိုပေမယ့် မြန်မာမှုနဲ့ကိုက်ညီတဲ့ အတွေးအရေး ဇာတ်လမ်းမျိုးကိုသာမြန်မာစာဖတ်ပရိသတ်အတွက် ရေးကြပါတယ်။ ဒါကိုငြင်းချင်တယ်ဆိုရင် ဘာသာပြန်စာရေးဆရာကြီးတွေနဲ့ ပြောချင်တယ်ဆိုရင် ကျွန်မစီစဉ်ပေးပါမယ်။
အမည်မသိ ကွန်မန့်ရေးသူတစ်ယောက်အဆိုအရ နာမည်ကြီးစာရေးဆရာမကြီးကို ကလိုဆေးထူးကမဝေဖန်ရဘူးဆိုရင် ကျွန်မကပြန်လည်လို့မေးပါရစေရှင်။ ကလိုဆေးထူးကသူ့ကိုယ်ပိုင်အတွေးတွေနဲ့ သူယုံကြည်ရာကို ရဲရဲဝံ့ဝံ့ရေးနေတာပါ။
သူ့စာမူများပါဝင်ဖော်ပြတဲ့ ဂျာနယ်များ ၊ မဂ်ဂဇင်းများဟာ ကျွန်မတို့မဖတ်ဖြစ်ကြတဲ့ ဂျာနယ် မဂ္ဂဇင်းများဖြစ်နေလို့ပါပဲ။ နောက်တစ်ခုက ကလိုဆေးထူးက သူရေးတဲ့စာတွေကို သူမကြော်ငြာသလို သူ့ကိုယ်သူလည်းကြော်ငြာသူမဟုတ်ပါဘူး။ သူ့ဘာသာအေးဆေးစွာနေတဲ့အတွက် သူ့ကိုစာရေးဆရာတစ်ယောက်မှန်းတောင် သူနဲ့ ခင်ပြီးအတော်ကြီးကြာမှ ကျွန်မသိခဲ့ရတာပါ။
ကလိုဆေးထူးက ဝေဖန်တယ်ဆိုတာမျိုးမဟုတ်ဘဲ ကျွန်မ ဖတ်မိသလောက် စာဖတ်သူကို အဆိပ်သင့်သွားမှာစိုးတယ်လို့ ကျွန်မထင်ပါတယ်။
ကလိုဆေးထူးကသူ့အကြောင်းနဲ့သူကြောင့် စာပေစီစစ်ရေးက ခွင့်ပြုချက်ကျပြီး စာနယ်ဇင်းများမှာရေးခွင့်မရှိလို့ ကျွန်မတို့မဖတ်ဖြစ်တဲ့ ဖတ်ရင်ပဲ အပြစ်ကြီးတစ်စုံတစ်ရာ ကျုးလွန်သလိုဖြစ်တော့မယ့် စာနယ်ဇင်းတွေမှာသာ သူ့အတွေးတွေကိုရဲရဲကြီး ကိုယ်ပိုင်ဖန်တီးတာကို ဘာလို့များ အဲလိုပြောချင်ရတာလဲရှင်။ အမည်မသိကွန်မန့်ရေးသူ ညွှန်းထားတဲ့ စာရေးဆရာမကြီးရဲ့ ကောင်းလှပါသောစာမူများဟာ မူရင်းကိုယ်ပိုင်အတွေးများမဟုတ်ဘဲ ဘာသာပြန်များသာဖြစ်ကြောင်း၊ ထိုသို့ဘာသာပြန်သည်ကို စာရေးဆရာမကြီးက စာမူအောက်ဆုံးမှာဘယ်သောအခါမှာ ၀န်ခံထားခြင်းမရှိတာကြောင့် စာများများမဖတ်သူ စာဖတ်ပရိသတ်များက ထိုစာရေးဆရာမကြီးရဲ့ကိုယ်ပိုင်ဖန်တီးမှုလို့ယူဆကြဟန်ဖြစ်ပုံတူပါတယ်။ ၂၀၀၆ ဖေဖော်ဝါရီလထုတ် ဖက်ရှင်အင့်မေ့ခ်ျမဂ္ဂဇင်း မှာစာရေးဆရာမကြီးရဲ့ ပထမဦးဆုံးနဲ့ နောက်ဆုံးဖော်ပြခံရသော စာမူကြောင့် အယ်ဒီတာအဖွဲ့ဝင်များ အတော်လေး ပြဿနာတက်သွားခဲ့ရသည်ကို အမည်မသိကွန်မန့်ရေးသူ သိပါသလားရှင်။ ထို၂၀၀၆ ဖေဖော်ဝါရီလမှာတင်ပဲ အခြားမဂ္ဂဇင်းတစ်ခုမှာ အလားတူစာမူမျိုး အခြားစာရေးဆရာတစ်ယောက်က သူ ဘာသာပြန်ဆိုပါသည်ဟုဝန်ခံပြီး ဖော်ပြခဲ့ပါတယ်။ တစ်လထဲမှာပဲ မဂ္ဂဇင်း ၂အုပ်မှာ စာမူ အတူတူ ၊ စာရေးသူကွဲပြီး တစ်အုပ်ကဘာသာပြန်ပါဟု ၀န်ခံဖော်ပြထားတဲ့အတွက် စာရေးဆရာမကြီးရဲ့ စာမူကိုသုံးမိသော ဖက်ရှင်အင်းမေ့ခ်ျမဂ္ဂဇင်းမှာ စာပေလောကတွင် များစွာအရှက်ရခဲ့ရပြီး နောက်နောင်တွင် ဘယ်သောအခါမှ ထိုစာရေးဆရာမကြီးရဲ့စာမူများကို မသုံးရတော့ပါဟု အယ်ဒီတာကို ညွှန်ကြားခြင်းခံခဲ့ရပါတယ်။
ကျွန်မဒီအကြောင်းတွေကို ဘယ်တော့မှ ပြောပြဖို့မရှိသော်လည်း အခုလို ကလိုဆေးထူး ကို ထိုစာရေးဆရာမကြီးရေးသော ဘာသာပြန်စာမူအား ဝေဖန်ခြင်းမပြုသင့်ဟု ရေးသားသည်ကိုဖတ်မိရပြီး ကျွန်မနှင့်မဆိုင်သော်လည်း ကျွန်မက မြန်မာစာပေကိုမြတ်နိုးသူပီပီ၊ စာဖတ်ပရိသတ်ကိုအဆိပ်သင့်စေသော စာပေမျိုးကိုမနှစ်သက်သူပီပီ ၀င်ရောက်ရေးမိခြင်းဖြစ်ပါတယ်။
အခုကျွန်မပြောတာတွေကို ပြန်လည်ဆွေးနွေးလိုတယ်ဆိုပါက ကျွန်မက ဘလော့ဂ်များကို မှန်မှန်ဝင်ဖတ်သူမဟုတ်တဲ့အတွက် ဒီဘလော့ဂ်မှာရေးတဲ့ကွန်မန့်ကို နောက်ဝင်ဖတ်ဖြစ်ချင်မှ ၀င်ဖတ်ဖြစ်ပါမယ်။ အားတဲ့အခါမှ ၀င်ဖတ်ဖြစ်ပါမယ်။ အဲဒီအတွက် ကျွန်မပြောတာများနဲ့ ပတ်သက်လို့ဆွေးနွေးလိုတယ်ဆိုရင် ကျွန်မရဲ့ အီးမေးလ်ကို ပို့လို့ရပါတယ်။ ကျွန်မရဲ့ အီးမေးလ်လိပ်စာမှာ san.hana@gmail.com ဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်ရှင်။
ဟနစံ
ahaa..it s gettin kinda rude.
cool down man..
PEACE!!
ဒါကြောင့် ဗိုလ်ချုပ်ကပြောခဲ့တာ… ” မြန်မာတွေမဟုတ်တဲ့နေရာမှာပဲ တော်နေတာ.. နိုင်ငံပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ မလုပ်ချင်ဘူး၊ နိုင်ငံတိုးတက်ဖို့လည်းမလုပ်ချင်ဘူး..
မြန်မာမြန်မာ အချင်းချင်းချဖို့ ပဲလုပ်နေတယ်.. ဒီလိုဆို ဒီတိုင်းပြည်ဟာ ဘယ်တော့မှ မလွတ်မြောက်နိုင်ဘူး.. ဘယ်အစိုးရတက် တက် ဘယ်သူအုပ်ချုပ်ချုပ်.. ဖာသည်တိုင်းပြည်ဖြစ်နေမှာပဲ ”
Online မှာရှိတဲ့ မြန်မာအရေအတွက်ဟာ တကယ့်တော့ နည်းနည်းလေးပါ.. ဒီလောက်နည်းနည်းလေးကို ညီညီညွတ်ညွတ်မနေနိုင်ကြဘူး…အကြောင်းအရာတစ်စုံတစ်ခုကို ဆွေးနွေးကြတယ်။ လေးလေးစားစား ညှိညှိနှိုင်းနှိုင်းပေါ့… အမြင်မတူရင်လည်း လွတ်လပ်စွာ သဘော ကွဲလွဲကြပေါ့.. ခုတော့မဟုတ်ပေါင်..အမြင်မတူရင်ကိုပဲ ချဖို့ရာ စိုင်ပြင်နေပြီ..နောက်တော့ကိုယ်ရေးကိုယ်တာတွေပါ ပါလာရော..ချကြရော… ငယ်ကျိုးငယ်နာတွေ ဖော်.. ဘယ်သူက ဘယ်လိုစာမျိုးတွေ ရေးတာ.. ဘယ်လိုစာနယ်ဇင်းတွေမှာပါဘူးသားဆိုပြီး အသားယူ ဂုဏ်ဖော်..သြော်.. ကျုပ်ကတော့ဗျာ…
တောက်… တို့လူမျိုးတွေမှာ ဒီလို သောာက်ကျင့်မျိုးတွေ ရှိလို့ ဒီလိုအခြေနေမျိုးရောက်နေတာပဲလို့
မှန်လိုက်လေ တို့ဗမာရယ်။ ကိုယ့်ဂုဏ်ကိုယ်ဖော်နေကြတဲ့ မသူတော်တွေကို ဒီထက်ပိုပြောသင့်တယ်
အရင်းစစ်တော့ အမြစ်မြေကတဲ့
ဘယ်သူကစပြီး ရိုင်းစိုင်းစော်ကားကြတာပါလဲ
တို့ဗမာဆိုတဲ့လူကလဲ ဆရာကြီးလေသံနဲ့ပါလား …
ဗိုလ်ချုပ်စကားကိုးကားပြီး ပြောဖို့တန်ရဲ့လား ကိုယ့်ကိုယ်ကိုပြန်မေးကြည့်အုံး
လေးလေးစားစားညှိညှိနှိုင်းနှိုင်းပေါ့တဲ့ … ရယ်ရတယ် ..
ဘယ်သူက မလေးစားတာလဲ .. ဘယ်သူကမညှိနှိုင်းတာလဲ
ကိုယ့်လူထိတော့ နာတတ်လိုက်ကြတာ …
ဂုဏ်ဆိုတာ ဖော်သင့်ရင် ဖော်ရတယ် …
ပြောမှသိ - ထိမှနာ - သာမှနေ -သေမှခင် တတ်တဲ့ သူတွေအတွက် ပြောမှ သိမှာမို့ ပြောတာနေမှာပေါ့ … ပြောပါစေလေ .. မှန်တာပြောတာပဲဟာ …
အမှန်ပြောရင် လူတွေက လက်မခံတတ်ကြဘူးပဲ … နော် …
အခု အကြောင်းသိပြီဆိုတော့ မနာလိုဝန်တိုစိတ်တွေနဲ့ အူပွနေပြီလား .. ဟားဟား ..
စိတ်ထိမ်းကြပါနော် … မနာလိုဖြစ်တယ်ဆိုတာ ကိုယ်ကတပြားတချပ်ရတာမဟုတ်ဘဲနဲ့ အလကား အကုသိုလ်များပါတယ် ….အေးဆေးနေကြပါတော့။
ဆောရီးပါ ကမ္ဘာသားရယ်.. ကျွန်တော့်လေသံက ဆရာကြီးလေသံပေါက်သွားတယ်ဆိုရင် တောင်းပန်ပါတယ်။ ကျွန်တော်က ဘယ်သူ့ဘက်ကမှ မပါတဲ့ ပွဲကြည့် ပရိတ်သတ်တစ်ယောက်ပါ.. ဘယ်သူမှားတယ်မှန်တယ်ဆိုတာ မဆုံးဖြတ်နိုင်ပါဘူး..ဒါပေမယ့် ပြတင်းပေါက်ကနေ အပြင်ဘက်ကို ကြည့်တဲ့သူက အကြောင်းအရာတွေကို ကာယကံရှင်တွေထက်ပို မြင်ပါတယ်။ဘာလို့လဲဆိုတော့ တချို့အကြောင်းအရာတွေကို ကာယကံရှင်က ခံစားချက်နဲ့ ဖုံးလွမ်းနေလို့ မမြင်နိုင်ပါဘူး။ ဒါကြောင့် ဆွေးနွေးတဲ့ အကြောင်းအရာက ဘေးချော်နေတာကိုတော့ မြင်နေရပါတယ်...ဒါလောက်ပါဘဲ..
အဲဒီလို ပုံပြင်လေးတစ်ပုဒ် ကျွန်တော် ငယ်ငယ်ကကြားဖူးတာလည်းရှိပါတယ်။ ပုံတော့ကွဲပါတယ်။
တခါတုန်းက အိမ်တစ်အိမ်မှာ သားအမိသားအဖသုံးယောက်ရှိတဲ့ မိသားစုတစ်စုနဲ့ မိန်းမဖြစ်သူရဲ့ မောင်လေး အားလုံးလေးယောက်နေကြသတဲ့.. တနေ့မှာ သတင်းရ မှားယွင်းပြီး မင်းချင်းတွေဟာ ယောင်္ကျားသားသုံးယောက်ကို ဖမ်းသွားသတဲ့.. အဲဒီမှာ မိန်းမဖြစ်သူက ဘုရင်ထံမှောက်ကို ရင်ဘတ်စည်တီးငိုကြွေးပြီး ရောက်ရှိလာသတဲ့။ ဘုရင်က "ဟဲ့ ဘာအကြောင်းကြောင့်လဲ သံတော်ဦးတင်စမ်း မိန်းမငယ်" လို့ဆိုတဲ့အခါမှာ မိန်းမက "ဘုရားကျွန်တော်မျိုးမ နေသည့် အိမ်သည် ခေါင်မိုးမလုံ အကာမရှိ ပျော်ရွှင်ခြင်းကင်းမဲ့၍နေပါသည်ဘုရား အရှင်ဘုရားသာလျှင် ကယ်တင်နိုင်သူဖြစ်ပါသည်ဘုရား" လို့ လျှောက်တင်သတဲ့..။ ဘုရင်ကြီးက သနားတော်မူတာကြောင့် အိမ်ပြင်ဆောက်ဖို့ ငွေအသပြာတွေကို ပေးသနားတော်မူသတဲ့။ အဲဒီတော့မှ မိန်းမက သူဟာ မင်းချင်းများဖမ်းဆီးထားတဲ့ ယောင်္ကျားသားသုံးယောက်နဲ့ပတ်သတ်နေကြောင်း၊ လင်ယောင်္ကျားမရှိသော မိန်းမသည် အခေါင်အမိုးမပါသော အိမ်ကဲ့သို့ဖြစ်ကြောင်း၊ မောင်ဘွားမရှိသည့် နှမသည် အကာမရှိသည့် အိမ်ကဲ့သို့ ဖြစ်ကြောင်း၊ သားငယ်မရှိသည့် မိခင်သည် ပျော်ရွှင်ခြင်းကင်းမဲ့ကြောင်းကို လျှောက်ထားသတဲ့..။ အဲလိုတင်လျှောက်တာကို ဘုရင်ကြီး ကြားတော့ အင်း ဒီမိန်းမ ပညာရှိပေပဲ.. ထက်ပြီးပညာစမ်းအုံးမှလို့ စိတ်ထဲမှာပေါ်လာတာနဲ့ " သင်က ပညာဥာဏ်နဲ့ ပြည့်စုံပါပေတယ်။ သင့်ကို ချီးမြှောက်တဲ့အနေနဲ့ ထိုယောင်္ကျားသားသုံယောက်ထဲမှ သင်အတွက် အလိုအပ်ဆုံးတစ်ယောက်ကို ပြန်လွတ်ပေးမယ် ဘယ်သူ့ကို လွှတ်ရမလဲလို့ လျှောက်တင်စမ်း"
ဒီနေရာပါပဲ ဇာတ်လမ်းရဲ့အဓိကနေရာ.. ဘယ်သူကိုရွေးမှာလဲ.. ကြင်သူသက်ထားကို ရွေးရမလား၊ သားလှရွှေစင်ကို ရွေးရမလား၊ မောင်ဘွားကိုရွေးရမလား...
အဲဒီမိန်းမက "ကျွန်တော်မျိုးမရဲ့မောင် ဖြစ်သူကို ရွေးပါတယ်လို့ လျှောက်တင်လိုက်တော့ တခန်းဆောင်လုံး ဟာခနဲပေါ့.." ဘုရင်က ဘာကြောင့်လင်နဲ့သားနဲ့ကိုမရွေးဘဲ မောင်ကိုရွေးရတာလဲ လို့ မေးတဲ့အခါမှာ အမျိုးသမီးလျှောက်တင်တာကတော့ " ကျွန်တော်မျိုးမသည် အရွယ်ရှိ သော မိန်းမဖြစ်တာကြောင့် လင်တစ်ယောက်ကို အစားထိုးယူ၍ရပါတယ်။ လင်ရရင် သားမွေးလို့ရပါတယ်။ သို့ပေမယ့် ကျွန်တော်မျိုးမ၏ မိဘများမှာဆုံးပါးသွာပြီဖြစ်သောကြောင့် မောင်ကိုတော့ အစားပြန်မရနိုင်ပါဘုရား" လို့ လျှောက်တင်လိုက်ပါတယ်။ အဲဒီမှာ ဘုရင်ကြီးက သဘောကျတော်မူပြီး ယောင်္ကျားသားသုံးယောက်လုံးကို လွှတ်စေလို့ အမိန့်တော်ချပြီး ဆုတော်များလည်းချသတဲ့လေ..ထိုမိန်းမဟာ သံသရာမှာ ကျင်လည်ပြီး နောက်ဆုံးဘ၀မှာ ဂေါတမ ဘုရားရဲ့ ခြေတော်ရင်းမှာ ဥာဏ်ပညာမှာ ဧတဒဂ်ရတဲ့ ရဟန္တာမဖြစ်တော်မူသတဲ့..
ပုံပြင်လေးကတော့ ဒါပါပဲ.. ရွေးချယ်မှုဟာ စိတ်ကူးယဉ်မှုမဟုတ်ပါဘူး.. စိတ်ကူးနဲ့တွေးလို့မရတဲ့ အခြေအနေတစ်ခုကို မေးခွန်းထုတ်လိုက်တဲ့ ဆရာကြောင့် တပည့်မလေးစိတ်ဆင်းရဲတကြီးငိုရတာပါ.. ကျွန်တော့်ကို ကျွန်တော့်ကောင်မလေးက ဒီလိုမေးခွန်း မေးရင်တော့ ကျွန်တော်က ရယ်နေမှာပါ.. အတင်းမေးလာရင်တော့ မျက်နှာထားကို ပြန်တည်ပြီး ဘာတွေလာမေးနေတာလဲကွာ မတူတဲ့အခြေအနေ မရောက်သေးတဲ့အခြေနေကို ဘယ်လိုလုပ်ကိုယ်ပြောနိုင်မှာလဲ.. လို့ ခပ်မာမာလေးပြောမိမှာပါ..ဒါပါပဲ
ကျွန်တော်ဗိုလ်ချုပ်ရဲ့စကားကို အရမ်းကာရောသုံးလိုက်တဲ့အတွက် ထပ်ပြီးတောင်းပန်ပါတယ်.. ကို ကမ္ဘာသားရေ..
ကျေးဇူးတင်ပါတယ်..
ဂွတ်တယ် ဒို့ဗမာ … ဒီပုံပြင်ကို ကိုးကားလာတာ သဘောကျတယ်။
ဒီပုံပြင်ထဲမှာ မိဘ ဆိုတာ ပါလာရင် သူက ဘယ်လိုရွေးမှာလဲဆိုတာ စဉ်းစားကြည့်ပါအုံးလေ။
မောင်ကိုရွေးတယ်ဆိုကတည်းက မောင်ဟာ (မိဘများ ဆုံးပါးသွားတဲ့အတွက်) အစားထိုးမရလို့ ရွေးချယ်လိုက်တာပါ။
မိဘ၊ ယောက်ျား၊ မောင်၊ သား ဒီ လေးဦးထဲက ရွေးရတော့မယ် ဆိုပါတော့ … ဒါဆို ဒီအမျိုးသမီးဟာ မိဘကိုကျော်ပြီး မောင်ကို ရွေးဦးမှာလား။ ဒီမှာတင် အဖြေကရှင်းနေပါတယ်။ ဘယ်ရွေးချယ်မှုက မှန်ကန်တယ်ဆိုတာ သိသာပါတယ်။ ဒါကိုနားလည်တယ်ဆိုရင် ဆွေးနွေးပွဲ ဒီမှာတင် ရပ်သင့်ပါပြီ။
ပိတ်ရက်မှာ တခြားကိစ္စတွေက များနေတော့.. ဘလော့ကို တခဏတာလေး မစစ်နိုင်ခဲ့ဘူး..
ကျနော့်ကို ပုဂ္ဂိုလ်ရေးရာအရ ပြောလာတဲ့ အမည်မသိ ပုဂ္ဂိုလ်ကိုတော့ ဘာမှ မတုံ့ပြန်လိုပေမယ့်။ တို့ဗမာဆိုတဲ့ မိတ်ဆွေရဲ့ စကားတခွန်းကိုတော့ ကျနော် မေးခွန်းထုတ်ချင်ပါတယ်။ ကျနော် အထက်က ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေထဲမှာ လူကို ထိပါးပုတ်ခတ်တာ၊ ဒါမှမဟုတ် မိတ်ဆွေပြောသလို ဂုဏ်ဖော်တာ ဒါမှမဟုတ် ကျနော့်ဆွေးနွေးချက်ထဲက ဘေးချော်နေပါတယ်ဆိုတဲ့ အရာတွေကို အေးဆေးစွာ ပြန်ဆွေးနွေးပေးပါ။ နေရင်းထိုင်ရင်းနဲ့ အစထောင်ပြီး လာပုတ်ခတ်တဲ့လူက ပုတ်ခတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းစကားနဲ့ ကိုင်ပေါက်ပြောဆိုတာကတော့ မိတ်ဆွေအနေနဲ့ ပြန်စဉ်းစားသင့်လှပါတယ်။ မမေဓာဝီပြောသလိုပါပဲ၊ ကျနော်က လူကို ဖတ်ခဲ့တာမဟုတ်ပါဘူး။ စာကို ခံစားခဲ့တာပါ။ သူက အလေးအနက်မတွေးပါနဲ့လို့ ပြောပြီး ဘယ်စာကိုရေးရေး ကျနော်တို့ စာဖတ်သူတွေမှာ `တွေးပိုင်ခွင့်´ ခံစားပိုင်ခွင့် ရှိပါတယ်။ အရေးကြီးတာက ကိုယ့်စာကို ကိုယ်တာဝန်ယူရဲဖို့၊ ယူဝံ့ဖို့ပါ။ ငါပေးတာက ဒီလိုမက်ဆေ့၊ ဟိုလိုမက်ဆေ့ကို မတွေးရဆိုတာတော့ မရှိပါ။
နောက်ထပ်တခု လေးလေးစားစားနဲ့ မေတ္တာရပ်ခံချင်တာက ကျနော်ဟာ ဒီဘလော့ကို စရေးကတည်းက အခုအချိန်ထိ မည်သူ့ကိုမှ ပုဂ္ဂိုလ်ရေးအရ ဝေဖန်ပုတ်ခတ်ခြင်း၊ (ခေါင်းဆောင်ကြီးများရဲ့ စကားကို လိုသလိုအသုံးချပြီး) အပေါ်စီးဆန်ဆန် ရေးသားပြောဆို ခြင်းမျိုး မလုပ်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ အများမြင်သာနိုင်တဲ့ လူမြင်ကွင်းပါ။ ကျနော့်ရဲ့စာကို ခံစားပြီးဖတ်ဖို့ လာတဲ့ ဘလော့ဖတ်ပရိသတ်ကို လေးစားလို့ပါ။ အဲဒီတော့ ကျနော့်အပေါ်မှာ ပုဂ္ဂိုလ်ရေးအရ ဝေဖန်လိုတာဖြစ်စေ၊ အကြံပေးလိုတာဖြစ်စေ၊ ဆုံးမလိုတာဖြစ်စေ thu7rein@gmail.com ကို (မည်သူမဆို) ပြောနိုင်ပါတယ်။
ကလိုစေးထူး
haha...losers!!
BITE BITE BITE!...
ကိုကလိုစေးထူးရေ..
ကျွန်တော့်ရဲ့ ဒုတိယ ပိုစ့်မှာ တောင်းပန်ထားပါတယ်။ ကိုကလိုစေးထူး၊မမေဓါဝီ နဲ့ ကိုချမ်းစိုးဝင်းရဲ့ ဆွေးနွေးချက်တွေထိလက်ခံပါတယ်၊ အဲ အမည်မသိတစ်ယောက်ဆိုတဲ့ပိုစ့်က ဒီဆွေးနွေးချက်တွေကို လှန့်လိုက်တဲ့ ပစ်စာ.. နောက် မမေဓါဝီရဲ့ဖြေရှင်းချက်.. နောက်တော့ မဟနစံရဲ့ စာရောက်တော့ မူရင်းဆွေးနွေးချက်ကနေ တော်တော်ကြီး သွေဖယ်သွားပြီ.. ဖတ်ကြည့်ရင်သိသာပါတယ်.. အမည်မသိဆိုတာက လူအမျိုးမျိုးဖြစ်နိုင်တယ်.. တကယ့် နိုင်းနိုင်းစနေကို ကြိုက်လို့ပြောတဲသူ၊ မုန်းလို့ ဒီပွဲလေးကိုဖန်တီးချင်တဲ့သူ၊ သက်သက် မြန်မာ ဘလောက်ဂါတွေကြားမှာ ပင့်ရိုက်လုပ်နေတဲ့သူလည်းဖြစ်နိုင်ပါတယ်။ ပွဲဆူအောင် ကြားထိုးချင်တဲ့သဘောကို ပိုတွေ့ရပါတယ်.. သူဆင်တဲ့အကွက်ထဲကို ၀င်သွားကြတဲ့ သူတွေကို ကျွန်တော်က သတိပေးချင်တာနဲ့ ဗိုလ်ချုပ်စကားကိုသုံးလိုက်တာပါပဲ..ကောင်းပါတယ်။ ဆက်လက်ဆွေးနွေးကြပါ။ ကျွန်တော့်ဆွေးနွေးချက်ကိုလည်း ဒုတိယပိုစ့်မှာတင်ထားပြီးသားပါ။
ကျေးဇူးပါ။
သယ် တော်တန်တိတ် အကြော်ပုဂံဖိတ် ကြည့်မရတော့ဘူး လက်နက်ကြီးနဲ့ဆော်လိုက်အုန်းမှ (( ဘူဘွမ်ဘူဘွမ်)) ဟီးဝင်နှောင့်ယှက်တာ
ကျွန်တော်အမြင်လေး ၀င်ရောက်ပြောကြည့်ပါရစေ။ စာပေဝေဖန်ရေး လုပ်တယ်ဆိုတာကိုတော့ ကြိုဆိုပါတယ်။ ဒါပေမယ့် စာပေပုတ်ခတ်ရေးတော့ အသွင်မပြောင်းသင့်ဘူးလို့ထင်ပါတယ်။ နောက်တစ်ချက်က စာပေကိုဝေဖန်ရေးလုပ်တော့မယ်ဆိုရင် ကိုယ်က သက်လုံကောင်းဖို့ လိုပါတယ်။ ဘယ်ရှု့ထောင့်ကဝေဖန်မလဲ။ ကိုယ့်သီအိုရီက ဘယ်ဟာလဲ။ ဘယ်ဟာနဲ့ကိုးကား ပြောဆိုမလဲ။ ဘယ်ဟာကိုထောက်မလဲဆိုတာကိုတော့ ခိုင်လုံဖို့လိုပါတယ်။ (ဆရာကြီး ၀င်လုပ်ခြင်းမဟုတ်ပါ။ ကျွန်တော် ကိုယ့်နဲ့မဆိုင် ၀င်ရောက်စိုးရိမ်စွက်ဖက်မိခြင်းမျှသာ ဖြစ်ပါ တယ်။) တစ်ခုတော့ဖတ်ဖူးတယ်ဗျာ။ စာပေဝေဖန်ရေး ၂မျိုးရှိတယ်လို့ကြားဖူးပါတယ်။
၁။စာအတွင်းသားကိုဝေဖန်ရေးဖြစ်ပါတယ်။(ဥပမာ-ဒီစာတစ်ပုဒ်က ကောင်းတယ်၊ ဆိုးတယ်၊ ဘာကြောင့်ကောင်းတယ်၊ ဘာကြောင့်မကောင်းဘူးကို အကိုးအကားနဲ့ ပြောဆိုပါတယ်။ စာ အပေါ်မှာပဲ ဝေဖန်သုံးသပ်တဲ့ ဝေဖန်ရေးပါ)
၂။စာအတွင်းသားကို ဝေဖန်ဖို့ ချဉ်းကပ်တဲ့အခါမှာ ပြင်ပသဘောနဲ့ဝေဖန် ချဉ်းကပ်ခြင်း ဖြစ်ပါတယ်။(ဥပမာ-အယူအဆရေးရာ(သို့မဟုတ်) စာရေးဆရာရဲ့ ပုဂ္ဂိုလ်ရေးတွေပါ ထည့်သွင်းစဉ်းစားသုံးသပ်ခြင်းပါ။ အဓိကကတော့ ဝေဖန်ရေးရဲ့ အဆုံးသတ်က စာပေကို ကောင်းတယ် မကောင်းတယ်ဆိုတာနဲ့ အဆုံးသတ်ကြပါတယ်။ မြန်မာပြည်မှာတော့ ထိုကဲ့သို့ ဝေဖန်မှုမျိုးတွေများပါတယ်။ ဝေဖန်ရေးကနေ ပုတ်ခတ်ရေး အသွင်ကို အများဆုံးပြောင်းတာလဲ ထိုဝေဖန်ရေးအမျိုးအစားပဲဖြစ်တယ်လို့ ကျွန်တော် တစ်ဦးတည်းအမြင်နဲ့ပြောပါရစေ။)
နောက်ထပ်လောင်းပြောချင်တာကတော့ အမှန်တရားဆိုတဲ့ အသုံးအနှုန်းပါ။ အမှန် တရားဆိုတာကို ဒီမှာ မှတ်ချက်တွေပေးနေတဲ့ စာရေးဆရာ၊ဆရာမတွေတော့ ဘယ်လို မြင်တယ် ကျွန်တော်မသိပါ။ ကျွန်တော့်အမြင်လေးပြောပါရစေ။ အမှန်တရားဆိုတာ လူတစ်ဦး စီရဲ့ အမြင်ပေါ်မူတည်ပြီးတော့ ပြောင်းလဲသတ်မှတ်နိုင်လိမ့်မယ်လို့မြင်ပါတယ်။ ဘာလို့လဲဆို တော့ အခြေအနေအကြောင်းကြောင်း အပေါ်ကို မူတည်ပါတယ်။ သူ့ဘက်ကကြည့်ရင် သူမှန်မှာ ဖြစ်သလို၊ တပါးသူဘက်က ကြည့်ရင်လည်း ထိုတပါးသူဘက်မှလည်း မှန်မှာဖြစ်ပါတယ်။ (Universal Truth)ဆိုတဲ့ အမှန်တရားတောင် မတွေ့ရှိသေးတာပဲဖြစ်ပါလိမ့်မယ်။ (သာဓကအားဖြင့်- ကျွန်တော်တို့ ငယ်ငယ်က သင်ခဲ့ရတဲ့ ဂြိုဟ်ကြီးကိုးလုံးရှိတယ်ဆိုတာဟာ အခုအချိန်မှာ ပလူတိုဂြိုဟ်ကို ဂြိုဟ်စာရင်းကပယ်လိုက်ပြီလို့တောင်ပြောနေကြပါတယ်။) ဒါကြောင့်ကျွန်တော်တို့ လက်ခံထားတယ်ဆိုတဲ့ အမှန်တရားက ဘယ်လောက်အာမခံနိုင်ပါသလဲဆိုတာ သုံးသပ်ကြည့်နိုင်ပါတယ်။ နောက်ပြီးတော့ ကြီးကြီးကျယ်ကျယ် လူတွင်ကျယ်လုပ်တယ်လို့ ထင်ချင်လည်းထင်နိုင်ပါတယ်။ သို့သော် ထိုထိုစိတ်မျိုးနဲ့ ယခုလို ဒီနေရာတွင် လာရေးခြင်းမဟုတ်ပါကြောင်း ၀န်ခံပါရစေ။ ဗုဒ္ဓဟောထားခဲ့ပါတယ်။ မဇ္ဈိမ ပဋိပဒါ သည် အကောင်းဆုံးဖြစ်ပါတယ်။ “အစွန်းတဖက်၏ အစွန်းတဖက်သည် အစွန်းတဖက်ပဲ ဖြစ်တယ်” လို့ ကျွန်တော်မြင်ပါတယ်။
နောက်ဆုံးတစ်ချက်အနေနဲ့ လောကမှာ မလိုအပ်ဘူးဆိုတာ ဘာမှမရှိပါဘူး။ အားလုံးလိုအပ်တယ်ဆိုတာကို ဖတ်ဖူးတဲ့ကဗျာလေးတစ်ပုဒ်နဲ့ အဆင်ပြေရင် တင်ပြချင်ပါတယ်။ ဗုဒ္ဓက အဆွေခင်ပွန်းကောင်းလိုတယ်ဆိုတဲ့ တရားတွေဟောခဲ့ပါတယ်။ မိဘသည်လည်း ကျေးဇူးရှိလို့ အနန္တော အနန္တဂိုဏ်းဝင်လို့တောင်သတ်မှတ်ခဲ့ပါတယ်။ ထိုအပြင် နောက်ထပ် ဟောထားတာကတော့ အတ္တာဟိ အတ္တာနော နာထော ဖြစ်ပါတယ်။ “မိမိကိုယ်သာ ကိုးကွယ်ရာ” လို့ဆိုထားပါတယ်။ ဒါကြောင့် ကျွန်တော့် အမြင်နဲ့ ပြောရမယ်ဆိုရင် “အလိုအပ်ဆုံး” ထဲမှ ကျောင်းသူလေးသာ ကျွန်တော်ဖြစ်ခဲ့မယ်ဆိုရင် ကျောက်သင်ပုန်းမှာ ရေးတဲ့ နာမည်မှာ ကျွန်တော့်နာမည်ကိုပါထည့်သွင်းပြီးတော့ နောက်ဆုံးကျန်မည့် နာမည်ကလည်း ကျွန်တော်နာမည်ပဲ ဖြစ်ပါမယ်ဆိုတာကို တင်ပြလိုက်ရပါတယ်။
ချစ်ခင်လေးစားစွာဖြင့်
မနေတတ် မထိုင်တတ်
အကြောင်းအရာ တစ်ခုပေါ်မှာ လွတ်လပ်စွာ သဘောကွဲလွဲကြ၊ ကိုယ့်အမြင်တွေကို ပြောကြတာ ကောင်းတဲ့ အလေ့အကျင့်တစ်ခုပါ။ ဒါပေမယ့် ပုဂ္ဂိုလ်ရေးတွေ ပါလွန်းတယ်ဗျာ။
တကယ်တော့ တရုတ်လို ရေးထားတဲ့ အက်ဆေးလေးဟာ၊ မိဘကို ပြစ်ပယ်ချင်တာ မဟုတ်ပါဘူး။ ဘ၀ရဲ့ သက်တန်းကို နာရီနဲ့  တွက်ရင် လက်တွဲဖော်နဲ့ နေရတဲ့ အချိန်က ပိုများတာကို သတိပြုမိအောင်၊ အချိန်ကာလ ကိုအခြေခံပြီး ဖောက်ထွက်တွေးတဲ့ အမြင်လေးကို ချရေးထားခြင်းသာ ဖြစ်ပါတယ်။ ဗမာတွေမှ မဟုတ်ပါဘူး၊ တကမ္ဘာလုံးကလူတွေဟာ မိဘတွေရဲ့ တန်ဖိုးကို သိကြပါတယ်။
ကျွန်တော်ကိုတိုင်လည်း မိဘဟာ လက်တွဲဖော်ထက် အရေးကြီးတယ်ဆိုတာကို လက်ခံပါတယ်။ ဒါပေမယ့် ဒီအက်ဆေးလေးကြောင့် ကိုယ့်ဘ၀မှာ အချိန်အများစုကို အတူဖြတ်သန်းရတဲ့ လက်တွဲဖော်ရဲ့ အရေးပါမှု့ ကို သတိထားမိသွားပါတယ်။
ကမ္ဘာကြီးပေါ်မှာ အကြောင်းအရာ၊ အမြင်တွေနဲ့  ပတ်သက်ပြီး ရှု့ ထောင့် အမျိုးမျိုးကနေ သုံးသပ်ရှု့ မြင်ကြပါတယ်။ ပြီးမှ အများလက်ခံတဲ့ အကောင်းဆုံးဖြစ်တဲ့ အမြင်မျိုးတွေကို ရွေးချယ်ကြပါတယ်။ ဒီအက်ဆေးလေးဟာ ဖောက်ထွက် ရှု့ မြင်တဲ့ အတွေးလေးတစ်ခုပါ။ Literal Thinking တစ်ခုပါ။
အခုနောက်ပိုင်းလူတွေ ဟာသလုပ်ပြောကြတာက လက်တွဲဖော်ထက် အလုပ်ရှင်နဲ့  အလုပ်လုပ်ဖော် ကိုင်ဖက်တွေက ပိုပြီး အရေးကြီးတယ်လို့ ဆိုကြပါတယ်။ ဘာလို့ လည်းဆိုတော့ အလုပ်မှာ ရှိတဲ့ အချိန်က ပိုများပြီး၊ သူတို့ နဲ့ တွေရတဲ့ အချိန်က လက်တွဲဖော်နဲ့ တွေရတဲ့ အချိန်ထက် ပိုများနေလို့ ပါပဲ။
ဒီလိုပြောရင် ကျွန်တော့်ကို ရန်တွေ့ ကြဦးမှာလား။
လူတွေကို လျှော့ မတွက်ကြပါနဲ့ ။ Blogs ဖတ်ကြ၊ ရေးကြတဲ့လူ အများစုဟာ ပညာတတ်တွေပါ။ ဒီလောက်ပဲ ပြောပါရစေ။
ဒီအက်ဆေးဟာ အဆိပ်သင့်တဲ့ စာပေလို့ စွဲချက်ကြီးကြီးနဲ့  သတ်မှတ်သင့်မသင့်ကို သေသေချာချာ မပြောနိုင်ပေမယ့် စာပေစီစစ်ရေးဆိုပြီး သတင်းနဲ့  စာနယ်ဇင်း လက်အောက်မှာ ထားသင့်တယ်ဆိုတဲ့ အယူအဆမျိုးကို ရေးတာတော့ လုံးလုံး လက်မခံနိုင်ပါဘူး။ နောက်ပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု့ တွေလည်း ပါနေ ပါပြီ။ နောက်ပြီး do bamar ပြောသလို comments တွေဟာ မူရင်း ဆွေးနွေးချက်ကနေပြီး တော်တော်ကြီး သွေဖယ်သွားပြီးလို့  မြင်မိတဲ့ အကြောင်း
နောက်ဆုံး စဉ်းစားမိတာကတော့ particularism နဲ့ အသားကျနေတဲ့ မြန်မာ့ယဉ်ကျေးမှု့ မှာ ဗဟုဝါဒ (pluralism) ထွန်းကားဖို့  အရေးတကြီး လိုအပ်နေပြီ ဖြစ်ကြောင်း တွေးမိပါတယ်.
လေးစားစွာဖြင့်
ချီးကျူးတာပဲ ခံလိုသော ဤကို ကျွဲဟုဖတ်သည့်
မျိုးစေ့မမှန်၍ မသန်သော အပင်လေးတစ်ပင်..
အခုဒီမှာဆွေးနွေးကြတဲ့လူတွေတော်တယ်ဗျာ၊ ချီးကျူးတယ်။ လူကြီးလူကောင်းပီသကြတယ်။ ဒါမျိုးလေးတွေဖတ်ရတာ အတွေးသစ်၊ အမြင်သစ်တွေသိပ်ရတာပဲ။ ကျွန်တော်အမြင်ကိုပြောရရင်တော့ မနိုင်းနိုင်းရဲ့ commentမှာ တစ်ယောက်တင်ထားသလိုပဲ စိတ်ရှုပ်စရာတွေလုပ်တဲ့အဲဒီဆရာကို သတ်ပစ်လိုက်မယ်။ ဟီးဟီး
ဟုတ်ကဲ့ခင်ဗျာ..
မနေတတ် မထိုင်တတ်ဆိုသူ မိတ်ဆွေပြောသွားတာ တော်တော်ကောင်းပါတယ်။
အခုကိစ္စမှာ တကယ်တမ်း ပြန်ကြည့်ရင် (အစကနေ ပြန်ကောက်ကြရင်) ကျနော် စတင်ဆွေးနွေးခဲ့တာဟာ လူဆိုတာ မိမိကိုယ်ကို အချစ်ဆုံးလို့ ဆွေးနွေးခဲ့ပါတယ်။ ဘာသာနဲ့ ယဉ်ကျေးမှု မတူညီမှုရဲ့ စဉ်းစားပုံကွားခြားကြခြင်းအပေါ်မှာ တချို့သောလူတွေကို (နားလည်ပေးစွာဖြင့်) သူတို့ရဲ့ ရွေးချယ်မှုမှာ မိဘဟာ တတိယနေရာကို ရောက်နေတတ်တယ်လို့ မမေဓာဝီရဲ့ ဘလော့မှာ ယေဘုယျကျကျ ဆွေးနွေးခဲ့ပါတယ်။
ကျနော် စာပေဝေဖန်ရေး လုပ်နေခြင်းမဟုတ်ပါခင်ဗျာ။ စာတပုဒ်ကို ခံစားဆွေးနွေးနေခြင်းသာ ဖြစ်ပါတယ်။ စာတပုဒ်ကို ဝေဖန်တယ်ဆိုရာမှာ အဲဒီစာနဲ့ ပတ်သက်တဲ့ အကိုးအကား၊ အချက်အလက်၊ အဲဒီစာရဲ့ အားနည်းမှု၊ အားသာမှုတွေကို စိစိစစ်စစ် ကောက်နှုတ်ရှာဖွေ မှသာလျှင် ဝေဖန်ရေး စာပေကောင်း တပုဒ်ဖြစ်လာတာမို့ တာဝန်ကြီးလှပါတယ်။ မဝေဖန်တတ်ရင် မိတ်ဆွေ ပြောသလိုပဲ မလိုလားအပ်တဲ့ (စာရေးသူကို ထိခိုက်စေသော) ပြင်ပသဘောတွေ ပါလာတာမို့လို့ ကျနော် ဒီစာတပုဒ်ကို ကောင်းတယ်၊ မကောင်းဘူး မဝေဖန်ပါဘူး။ ဒါပေမယ့် တွေးစရာရစေတဲ့ စာမျိုးဆိုရင် ဘက်ပေါင်းစုံကနေ ခံစားပါတယ်။ တွေးပါတယ်။ ဒီစာတပုဒ်ကနေ ဘာတွေပေးနေသလဲ၊ ဘာတွေဖြစ်လာနိုင်သလဲ၊ တခြားလူတွေကိုရော ဘယ်လိုအတွေးမျိုးတွေ ၀င်သွားစေနိုင်မလဲဆိုတာ ကျနော်ခံစားပါတယ်။ အဲဒီလို ခံစားတဲ့အတိုင်း အပေါ်မှာ ကျနော်ဆွေးနွေးခဲ့ပါတယ်။ ဆိုလိုတာက အခု ကျနော်ဆွေးနွေးခဲ့ခြင်းဟာ ကျနော်မြင်တာကမှ အမှန်၊ တခြားလူတွေ မြင်နေတာ မှားတယ်လို့ သက်ရောက်စေလိုတဲ့ သဘောနဲ့ ဆွေးနွေးခဲ့ခြင်းမဟုတ်ပါဘူး။ ဒီစာတပုဒ်ဟာ `မိဘထက်တောင် လက်တွဲဖော်က အရေးကြီးတယ်´ ဆိုတဲ့ မက်ဆေ့ကိုလဲ ပေးနေတယ်ဆိုတာကို ထောက်ပြဆွေးနွေးခဲ့ခြင်းသာ ဖြစ်ပါတယ်။
ပုဂ္ဂိုလ်ရေးတွေ ပါလွန်းတယ်လို့ မှတ်ချက်ချတဲ့ မိတ်ဆွေကိုတော့ ကျနော့်အနေနဲ့ ဘာမှ ဖြေရှင်းလိုခြင်း မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပုဂ္ဂိုလ်ရေး ထိပါးနေတာက ကျနော်မဟုတ်ပဲ ကျနော့်ကိုသာ ထိပါးနေခြင်းဖြစ်လို့ပါပဲ။ အခုအချိန်ထိလဲ ပုဂ္ဂိုလ်ရေးဆန်တဲ့ (တပါးသူကို ပုတ်ခတ်နှိမ့်ချခြင်း၊ မိမိကိုယ်ကို ချီးမွမ်းဂုဏ်ယူခြင်း) စာ တလုံးတလေမှ မပါအောင် ကျနော်ရေးပါတယ်။ နောင်လဲ အဲဒီလိုပဲ ရေးမှာပါ။ ကျနော်က စာတပုဒ်ကို ဒီလိုခံစားတယ်၊ ဒီလိုမြင်တယ်၊ ဒါကြောင့် ဒီလိုဆွေးနွေးတယ် ဆိုရင် တခြားသော မိတ်ဆွေတယောက်ယောက် (မည်သူမဆို) တခြားသော ရှုထောင့်ပေါင်းစုံကနေ မိမိနှစ်သက်သလို ခံစားပိုင်ခွင့်ရှိပါတယ်။ အဲဒီအတွက် ကျနော်တို့ ဆွေးနွေးကြပါမယ်။ ဆွေးလဲဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုဖြစ်လာနိုင်တယ်ဆိုတာ ကြိုမြင်နေလို့ ကျနော်ဟာ ဆွေးနွေးနေတာပါလို့ ပြောခဲ့ပေမယ့် အသိဥာဏ်မရင့်ကျက်သေးသူ တယောက်ရဲ့ မဆင်မခြင်နဲ့ ၀င်နှောက်တဲ့ စကားတခွန်းကြောင့် ကျနော်တို့ အလေးထားဆွေးနွေးခဲ့တဲ့ ဒီဆွေးနွေးပွဲလေးက အရောင်တခုခုတော့ စွန်းထင်းသွားခဲ့ပါပြီ။
လူဆိုတာ မိမိမြင်သလို မှန်တယ်လို့ ထင်ကြပါတယ်။ ဒီ့အတွက်တော့ ဘာကိုမှ မသုံးသပ်လိုပါဘူး။ အမြင်မတူကြလို့သာလျှင် ကမ္ဘာ့မြေပုံပေါ်မှာ နိုင်ငံပေါင်း နှစ်ရာနီးပါး နေရာယူထားတာပါ။ အားလုံးသာ အမြင်တူနေရင် ကမ္ဘာနိုင်ငံ ဆိုပြီး တကမ္ဘာလုံးမှာ တနိုင်ငံတည်းသာ ဖြစ်နေမှာပါလို့ ပြောရင်း ခဏ နားပါရစေ။
ကလိုစေးထူး
တကယ်တော့ ရပ်ချင်ပါပြီ။ ရပ်သင့်ပြီလို့လဲ ထင်ပါတယ်။ ဒါပေမဲ့ … အမှန်တရားအတွက် ကျမ ဆက်ရေးပါဦးမယ်။
မူလ ဆွေးနွေးချက်က သွေဖည်မှုများအတွက်လည်း လာရောက်ဖတ်ရှုသူ အပေါင်းကို အနူးအညွတ် တောင်းပန်ပါတယ်။
မနေတတ် မထိုင်တတ် သူရဲ့ ကွန်မန့်ကို အရင်ရှင်းပါမယ်။
(၁) ကျမ ဝေဖန်ရေးလုပ်တယ်ပဲ ဆိုကြပါစို့။ ကျမရဲ့ ရှုထောင့်ကို ကျမ ဘလော့က (မေတ္တာရှင် .. ပို့စ်) မှာ အတိအလင်းပြောပြီးပါပြီ။ ကျမ သီအိုရီလည်း ထိုနည်းလည်းကောင်းပါပဲ။ ကျမ ကိုးကားချက်ကိုလည်း အဲဒီပို့စ် ဖတ်ရင် တွေ့မှာပါ။ ဘယ်အချက်ကို ထောက်ပြတယ်ဆိုတာလည်း အရှင်းကြီးပါပဲ။
(၂) ကျမ “စာ” ကိုဖတ်တာလို့ ပြောခဲ့ပါတယ်။ စာအပေါ်မှာ သုံးသပ်ပြီး “ဘာကြောင့်” ဆိုတာလဲ ရှင်းပြခဲ့ပါတယ်။
တခုတော့ ရှိပါတယ်။ အယူအဆ ရေးရာဆိုတာ စာ ထဲမှာ ပါတာပဲမဟုတ်လား။ စာရေးသူ ဖြူဖြူမဲမဲ … ကျမ စိတ်မ၀င်စားပါဘူး။ စာ ထဲမှာပါတဲ့ အယူအဆကိုသာ ကနဦး ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
[ဒီတော့ကာ ကျမ ရေးတဲ့စာတွေ ကွန်မန့်တွေထဲမှာ မဟုတ်မဟတ် လုပ်ဇာတ်ခင်းပြီး တစုံတယောက်ကို ပုတ်ခတ်စော်ကားတာများ ပါခဲ့ပါသလား လို့ မနေတတ် မထိုင်တတ်သူကို ပြန်မေးပါရစေရှင်။]
(၃) အမှန်တရားနဲ့ပတ်သက်ပြီး ပြောပါမယ်။ အမှန်တရား ဆိုတာဟာ သူ့ဘက်ကမြင်တော့ သူမှန်တယ်၊ ကိုယ့်ဘက်ကမြင်တော့ ကိုယ်မှန်တယ် လို့ ဗလောင်းဗလဲ လုပ်လို့ရတဲ့အရာမဟုတ်ပါ။ အဲလို လုပ်လို့ရရင်လည်း အမှန်တရား စစ်စစ် မဟုတ်ပါ။ တကယ့်အမှန်တရား Universal Truth ဆိုတာ ရှိကိုရှိပါတယ်။ အရှင်းဆုံးဥပမာပေးရရင် သစ္စာလေးပါး ဆိုတာ Universal Truth စစ်စစ်ကြီးပါပဲ။ ဘယ်ဘက်ကကြည့်ကြည့် မှန်ကိုမှန်နေပါတယ်။ ဘယ်နေရာရောက်ရောက်လဲ မှန်ပါတယ်။ ဘယ်ဘာသာဝင်တိုင်းအတွက် ဖြစ်ဖြစ်လည်း မှန်ပါတယ်။
(၄) ဒါနဲ့ပတ်သက်ပြီး ကျမဘလော့မှာ ရေးထားပါတယ်။ ကျမသတ်မှတ်တဲ့ စံဟာ ဗုဒ္ဓရဲ့တရားတော်ပါ။ ဗုဒ္ဓရဲ့ တရားတော်ဟာ Universal Truth ပါ။ ဘယ်မှတ်ကျောက်နဲ့မဆို အစစ်ခံရဲပါတယ်။ မနေတတ်မထိုင်တတ်သူက ဗုဒ္ဓဘာသာ စစ်စစ်ဖြစ်ပါရက်နဲ့ အမှန်တရားကို မတွေ့ရှိတာဟာ အ၀ိဇ္ဖာ မောဟတွေ ပိတ်ဖုံးနေလို့များလား၊ ဘာသာရေးနဲ့ ဝေးနေလို့များလား။
(၅) အတ္တာဟိ အတ္တနော နာထော ဆိုသည်ရဲ့ အဓိပ္ပါယ်ကို သေချာသိပါရဲ့လားရှင်။ မိမိကိုယ်သာ ကိုးကွယ်ရာ ဆိုတာဟာ ကိုယ့်ကိုယ်ကို ထိုင်ကိုးကွယ်နေဖို့မှ မဟုတ်တာဘဲ။ ဘယ်အရာကို မဆို မိမိကိုယ်တိုင်ကိုယ်ကျ လုပ်မှ ဖြစ်မယ်ဆိုတဲ့ ကိုယ်တိုင် အားထုတ်မှ ရမယ် ဆိုတဲ့ အဓိပ္ပါယ်ပါ။
လူဆိုတာ အပေါင်းအဖော်နဲ့ နေတဲ့ သတ္တ၀ါဖြစ်တာကြောင့် မိဘ၊ ဆွေမျိုး၊ မိတ်ဆွေ၊ သားသမီး၊ ဇနီးခင်ပွန်း ဒါတွေအကုန်လိုအပ်တယ်ဆိုတာ ကျမလက်ခံပါတယ်။ ဒီနေရာမှာ ကျမသာဆိုရင် …. မိဘ ကိုရွေးမိမှာပါလို့ ပြောခဲ့တာပါ။ ဘာကြောင့်ဆိုတာလဲ ရှင်းပြခဲ့ပါတယ်။
ထပ်ရှင်းပါအုံးမယ်။ နောက်ထပ် ကွန်မန့်တခုရေးသူက .. အမည်မဲ့ပါ။ ဘ၀ရဲ့ သက်တမ်းကို နာရီနဲ့တွက်ပြီး လက်တွဲဖော်နဲ့ အချိန်ကြာကြာ နေရခြင်း ကို သတိပြုမိအောင် ဖောက်ထွက်တွေးပြီးရေးတယ် လို့ဆိုထားပါတယ်။ အချိန်သတ်မှတ်ချက် ပါလာပြီပေါ့။ ဟိုတလောက ကိုချမ်းစိုးဝင်းကလည်း လက်တွဲဖော်တိုင်း မကောင်းသလို မိဘတိုင်းရော ကောင်းလို့လားလို့ ကွန်မန့်ထဲမှာ မေးထားပါသေးတယ်။
ကျမရဲ့ ရှုထောင့်က ဒီလိုပါ။ လိုအပ်ချက် ဆိုတာကို ကျမက ဒီလိုမြင်ပါတယ်။
(၁) အချိန်အတိုင်းအတာနဲ့ မဆိုင်။
(၂) မိဘရဲ့ ကောင်းခြင်း ဆိုးခြင်းနဲ့မဆိုင်။
(၃) အသက်ရှိခြင်း မရှိခြင်းနဲ့ မဆိုင်။
(A) အရေးကြီးတဲ့ လိုအပ်ချက်ဆိုတာ ကျမတို့အသက်ရှင်လာအောင် မွေးထုတ်ပေးတဲ့ခဲ့ မိဘ ဟာ ကျမတို့အတွက် အရေးပါဆုံး အလိုအပ်ဆုံး လူသား နှစ်ဦးဖြစ်ပါတယ်။
(B) မိဘက ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ဒီမိဘကမှ ကိုယ့်ကို လက်မခံလိုက်ရင် ကိုယ်ဟာ ဒီထက်နိမ့်ကျတဲ့ ဘ၀တွေကို ရောက်မှာမလွဲပါဘူး။ (ဒါကတော့ အဘိဓမ္မာ သင်ဖူးရင် ပိုနားလည်ပါလိမ့်မယ်) ဒါကြောင့်မို့ မိဘကမွေးပြီးပြီးချင်း စွန့်ပစ်လိုက်ရင်တောင် ကျေးဇူးရှိတယ်ဆိုတာ သိထားသင့်ပါတယ်။ ဒါဟာလဲ Universal truth ပါပဲ။
(C) လိုအပ်ချက် ဆိုတာဟာ မိမိအတွက်လား၊ သူတပါးအတွက်လား ဆိုတာနဲ့ပတ်သက်လို့ … မိမိအတွက် လိုအပ်တယ်ပဲ ဆိုပါတော့။ မိဘဟာ ငယ်ငယ်လေးထဲက ကိုယ့်ကိုပြုစုစောင့်ရှောက် ခဲ့တယ်။ အရွယ်ရောက်လာတော့ သွန်သင်ဆုံးမခဲ့တယ်။ မိဘတွေ ကိုယ့်ကိုမလုပ်ပေးနိုင်တော့ဘူး အသက်ကြီးသွားပြီ ဆိုရင်ရော ကိုယ့်အတွက် မလိုအပ်တော့ဘူးလား … ။ မိဘကို ကိုယ်က တလှည့်ပြန်လုပ်ကျွေးခြင်းဖြင့် ကိုယ်ဟာ ကုသိုလ်တွေ ရနေမယ်။ ဒါဟာ ကိုယ့်အတွက် မိဘ က လိုအပ်နေတာပဲမဟုတ်လား။
(D) မိဘမရှိတော့ဘူး .. ကွယ်လွန်သွားပြီဆိုပါတော့။ ကွယ်လွန်သွားတဲ့မိဘကို ရည်စူးပြီး ဒါနလုပ်မယ်။ (ဒါနလုပ်တာလဲ ကိုယ်ကုသိုလ်ရဖို့ပဲ) မိဘဆုံးမစကားတွေကို အလေးအနက်ထားပြီးနားထောင်မယ် .. ဆိုရင် မိဘ အနားမှာမရှိသော်လည်း ကိုယ့်အတွက် အရေးပါနေဆဲ လိုအပ်နေဆဲပဲ မဟုတ်လား။
(E) အထက်ပါရှုထောင့်တွေက ကြည့်ပြီး ကျမဟာ မိဘသည် အရေးပါတယ်လို့ တိတိကျကျ ပြောခဲ့တာ ဖြစ်ပါတယ်။ ကျမအနေနဲ့ ဘယ်သူ့ကိုမှ လျှော့မတွက်ရဲပါဘူးရှင်။ တခုသိထားဖို့ကတော့ ပညာတတ်တွေမှားရင် ပိုကြောက်ဖို့ ကောင်းပါတယ်။ မသိသေး မတတ်သေးသူကို ရှင်းပြဖို့ရာ အလွန်လွယ်ပါတယ်။ ပညာ ဆိုတဲ့ မာန် ခံနေတော့ကာ အမှန်ကိုသိသော်လည်း လက်မခံနိုင်တာ မျိုး ဖြစ်တတ်ပါတယ်။
ကျမ အနေနဲ့ ဘာလစ်ဇင် ညာလစ်ဇင် တွေ သိပ်နားမလည်ပါဘူး။ ကျမက သစ္စာဝါဒီသာလျှင် ဖြစ်ပါကြောင်း။
မျိုးစေ့တိုင်း သန်မာသော အပင်ပေါက်ပါစေ … ။
မေတ္တာဖြင့်
မေဓာဝီ
ဆိုလိုချင်တာ မဟုတ်ပါဘူး ။ ကော်မန့်တွေဟာ Anonymous တွေဝင် နှောက်ယှက်အပြီးမှာ မူရင်းဆွေးနွေးပွဲ ကနေ လမ်းကြောင်း သွေဖယ်ပြီး ပုဂ္ဂိုလ်ရေး ထိကိုက်မှု တွေအထိ ဖြစ်လာပါတယ်။
အသိဥာဏ်မရင့်ကျက်သေးသူ တယောက်ရဲ့ မဆင်မခြင်နဲ့ ၀င်နှောက်ယုက်တဲ့ကိစ္စကို အသိဥာဏ်ရှိသော ပါဝင် ဆွေးနွေးသူတွေက ပုဂ္ဂိုလ်ရေးထိ ခိုက်မှုတွေအထိ ဖြစ်အောင် reply မပြန်သင့် ပါဘူး။ ခင်ဗျား ပုဂ္ဂိုလ်ရေးကို ထိခိုက်တာဘဲ ဖြစ်ဖြစ်၊ နိုင်းနိုင်းစနေ ပုဂ္ဂိုလ်ရေးကို ထိခိုက်တာဘဲ ဖြစ်ဖြစ်၊ ဘယ်ဟာမှ မကောင်းပါဘူး။
လေးစားစွာဖြင့်
ချီးကျူးတာပဲ ခံလိုသော ဤကို ကျွဲဟုဖတ်သည့်
မျိုးစေ့မမှန်၍ မသန်သော အပင်လေးတစ်ပင်..
ခင်းဗျားရဲ့ Post ကို ပုဂ္ဂိုလ်ရေးတွေ ပါလွန်းတယ်လို့ ဆိုလိုချင်တာ မဟုတ်ပါဘူး ။ ကော်မန့်တွေဟာ Anonymous တွေဝင် နှောက်ယှက်အပြီးမှာ မူရင်းဆွေးနွေးပွဲ ကနေ လမ်းကြောင်း သွေဖယ်ပြီး ပုဂ္ဂိုလ်ရေး ထိကိုက်မှု တွေအထိ ဖြစ်လာပါတယ်။
အသိဥာဏ်မရင့်ကျက်သေးသူ တယောက်ရဲ့ မဆင်မခြင်နဲ့ ၀င်နှောက်ယုက်တဲ့ကိစ္စကို အသိဥာဏ်ရှိသော ပါဝင် ဆွေးနွေးသူတွေက ပုဂ္ဂိုလ်ရေးထိ ခိုက်မှုတွေအထိ ဖြစ်အောင် reply မပြန်သင့် ပါဘူး။ ခင်ဗျား ပုဂ္ဂိုလ်ရေးကို ထိခိုက်တာဘဲ ဖြစ်ဖြစ်၊ နိုင်းနိုင်းစနေ ပုဂ္ဂိုလ်ရေးကို ထိခိုက်တာဘဲ ဖြစ်ဖြစ်၊ ဘယ်ဟာမှ မကောင်းပါဘူး။
လေးစားစွာဖြင့်
ချီးကျူးတာပဲ ခံလိုသော ဤကို ကျွဲဟုဖတ်သည့်
မျိုးစေ့မမှန်၍ မသန်သော အပင်လေးတစ်ပင်..
ဆွေးနွေးရ၊ ပြောဆိုရတာလဲ တော်တော်မောလှပါပြီ။
ဒီဆွေးနွေးပွဲကနေ သင်ခန်းစာလဲ အတော်ရလိုက်ပါရဲ့။ စာတလုံး စကားတခွန်းကနေ ကိုယ်စားပြုနေတဲ့ (အမည်မဖော်လိုသူ) မိတ်ဆွေများရဲ့ စိတ်တံခါးကိုတွေလဲ မြင်ယောင်မိပါရဲ့။
ကျနော်တို့ ဆွေးနွေးခဲ့တာတွေဟာ ဘလော့ဖတ်သူ၊ ရေးသူတွေကို လျှော့တွက်နေပါတယ်လို့ ပြောလောက်စရာ အချက်ကို ဘယ်စာကြောင်း ဘယ်စကားက ထင်စေနေပါသလဲ။
ဆွေးနွေးနေပါတယ်လို့လဲ အတိအလင်းပြောခဲ့ပြီးပါပြီ။
လူကို ဖတ်နေတာ မဟုတ်ပါဘူးလို့လဲ အကြိမ်ကြိမ် အသေအချာ ရှင်းပြခဲ့ပြီးပါပြီ။
ဒီစာတပုဒ်ဟာ `ဟောဒီမက်ဆေ့ကိုလဲ ပေးနေလို့၊ ဟောသလို မြင်သွားကြရင်တော့ဖြင့် ရင်လေးဖွယ်ဖြစ်နေလို့´ ဆိုတဲ့ အဓိက အချက်ကိုလဲ ထပ်ခါတလဲလဲ ပြောပြခဲ့ပြီးပါပြီ။
အဓိကက မိမိတင်ပြလိုက်တဲ့ စာတပုဒ်ရဲ့ အကျိုးသက်ရောက်မှုကို တာဝန်ယူရဲဖို့ပါ။ ဘယ်နိုင်ငံက ရေးတဲ့စာကိုပဲ ဖော်ပြဖော်ပြ ဒီစာဟာ ဒီလိုလဲ အဓိပ္ပာယ်သက်ရောက်နေတယ်ဆိုတဲ့ တာဝန်ရှိမှုကို တာဝန်ယူစေချင်နေတာ။ အဲဒီအချက်ကို မမြင်မချင်း ထောက်ပြနေရတာ မောလှပါပြီ။
bar mha ma hote tar lay ko wine pii yay nay kya par lar ? #-o sar yay sa yar tway pae :-< & cat ko yay choe pay kya tar pae
ဘာမှပြောမနေကြနဲ့တော့ အဓိကအချက် အဲဒီသံလွင်ဆိုတဲ့ နေရာတိုင်းမှာ ပြသနာများတဲ့ကောင်ကြောင့်ဖြစ်နေတာ။ သံလွင်။ မင်းကိုမင်း ဆင်ခြင်သင့်ပီလို့ ငါထင်တယ်။ မြန်မာချက်မှာလဲ မြန်မာချက်။ အခုဘလော့မှာလဲ ဘလော့။ မင်းရှိတဲ့နေရာတိုင်း ပြသနာတက်နေရတယ်။ ကိုယ်ဘာလဲ ကိုယ့်ဘာသာပြန်သိသင့်နေပီ။
ဝမရှိပဲဝိလုပ်ရင် ဒီလိုပဲဖြစ်တတ်တယ်ဆိုတာ ကလိုဆေးထူးသိလောက်ပီလို့ထင်ပါတယ်။ နောက်နောင်ဆို၇င်တော့ ကိုယ်က အရည်အချင်းမရှိပဲနဲ့ တခြားလူကို ထောက်ပြသလိုလိုဝေဖန်သလိုလိုဆရာကြီးလုပ်တာမျိုးမလုပ်သင့်ဘူးလို့ထင်တယ်။ ငခုံးမတကောင်ကြောင့် တစ်လှေလုံးပုတ်ဆိုတာမျိုးကတော့ မကောင်းဖူးလေ။
မမေဓာဝီ ခင်ဗျာ..
ကျွန်တော်လည်း ဗုဒ္ဓဘာသာဝင် တစ်ယောက်ပါ။ အဘိဓမ္မာကိုလည်း လေ့လာဖူးပါတယ်။ ဒါပေမယ့် ကြည့်တဲ့သူရဲ့ ရှု့ထောင့်အမျိုးမျိုးအပေါ် အခြေခံပြီး၊ အမှန်တရားကို ယုံကြည်ကြတဲ့ ပုံစံအမျိုးမျိုး ပြောင်းလည်းသွားတယ်လို့  ဆိုတဲ့ အယူအဆဟာလည်း ကမ္ဘာကြီးပေါ်မှာ ထွန်းကားနေပါတယ်။ ကျွန်တော်တို့  ဗုဒ္ဓဘာသာဝင်တွေရဲ့ စံနဲ့  နေရာတကာကို လိုက်တိုင်းတာလို့ မရပါဘူး။ ကမ္ဘာပေါ်မှာ ဘာသာရေး ယုံကြည်မှု့ စံတွေ နဲ့  ပတ်သက်ပြီး စစ်ပွဲတွေ ဖြစ်နေတာ ခင်ဗျားလည်း ကြားဖူးမှာပါ။ ခင်ဗျား ကာလမသုတ် ဖတ်ဖူးမှာပါ။ အစွန်းမရောက်တဲ့ ဗုဒ္ဓဘာသာကို ခင်ဗျားရဲ့ အစွန်းရောက်တဲ့ အယူအဆတွေနဲ့  မရောထွေးပါစေနဲ့ ။ ကျွန်တော်ဟာလည်း မိဘကျေးဇူးကို နားလည်ပါတယ် ခင်ဗျာ။ ဒါပေမယ့် ကိုယ့်တာဝန်ကိုယ်ကျေပြွန်ကြတဲ့ မိဘနဲ့  သားသမီးတွေရဲ့ relationship မှာ၊ မိဘမှ မိဘ၊ ဒါမှမဟုတ် သားသမီးတွေကလည်း ငါတို့ ဟာငါတို့  လုပ်ချင်တာ လုပ်မယ်၊ မိဘကို လုံးဝ ဂရုမစိုက်စရာမလိုဘူး ဆိုတဲ့ အစွန်းရောက်မှု့ တွေ တွေ့ ရခဲ ပါတယ်။
မမေဓာဝီ ခင်ဗျာ..
ခင်ဗျားရဲ့ ပိုစ့်မှာ ခင်ဗျား ရေးနေတာတွေလွဲနေရင် ထောက်ပြလို့ ဆိုထားလို့  ထောက်ပြပါစေခင်ဗျာ။ ခင်ဗျားရဲ့ ပိုစ့်မှာ တင်ထားတဲ့ " --- အများညီရင် ဤကို ကျွဲဖတ် တယ်ဆိုတဲ့ စကားပုံလိုပါပဲ။ ဤကို ကျွဲပဲဖတ်ဖတ် နွားပဲဖတ်ဖတ် ဖတ်ချင်သလိုသာ ဖတ်ကြပါတော့။ မှားချင်လည်း မှားကြပါစေတော့။ မျိုးစေ့မမှန်လို့ အပင်မသန်ဘူးလို့သာ မှတ်ယူလိုက်ပါတော့မယ်။ ---- " ဆိုတဲ့ အရေးအသားဟာ ဒီပိုစ့်ကို ဖတ်ပြီး ခင်ဗျားနဲ့  အယူအဆခြင်းမတူတဲ့ ကျွန်တော်တို့  Blogs ဖတ် ပရိသတ်တွေကို စော်ကားရာ ရောက်တယ်လို့  မထင်မိဘူးလားခင်ဗျာ။
ညီလင်းဆက်က စလိုက်တဲ့ "---လူတွေဟာ ချီးကျူးတာကို ခံနိုင်ကြတယ်၊ ဝေဖန်တာကို မခံနိုင်ကြဘူးဆိုတာ သေသေချာချာ သိလိုက်ရပါတယ်။ " ဆိုတဲ့ စကားဟာလည်း ခင်ဗျားတို့  ဝေဖန်တဲ့ အယူအဆကို လက်သင့်မခံတဲ့ လူတွေအားလုံးကို စော်ကားသလို ဖြစ်နေပါတယ်ခင်ဗျာ။ ခင်ဗျားတို့  အပြစ်တင်မခံရအောင်လို့ ပဲ ကျွန်တော်တို့  Blogs ဖတ် ပရိသတ်တွေအားလုံး နဲ့  ရေးသူတွေ အားလုံးက ခင်ဗျားတို့ ဝေဖန်သမျှကိုပဲ လိုက်ပြီး လက်ခံနေရတော့ မလိုလို........။
Particularism နဲ့  Pluralism ကွာခြားချက် အယူအဆတွေကိုမသိဘူးဆိုရင်တော့ သိအောင်လုပ်ပါလို့  တိုက်တွန်းပါရစေ။ မြန်မာပြည်က လူအများ လေးစားရတဲ့ ပညာရှင်ကြီးတွေရေးတဲ့ အထူးသဖြင့် "အတွေးအမြင်" လို မဂ္ဂဇင်းမျိုးမှာ ဒီအကြောင်းရေးနေတာ ကြာလှပါပြီ။ ကျွန်တော်တို့  ဗမာပြည်မှာကလည်း Social Science ဘာသာရပ်ကို 1962 က စပြီး၊ သင်ကြားခွင့်မရတော့တဲ့ အတွက် လူ့ အဖွဲ့ အစည်း အတွက် အရေးကြီးတဲ့ အတွေးခေါ် အယူအဆတွေက အားနည်းပြီး၊ အယူသည်းမှု့ တွေ အားကောင်းလာတယ်လို့  ထင်မိပါတယ်။ တော်သေးတာပေါ့၊ Middle East နိုင်ငံတွေလိုပဲ ဖြစ်မသွားတာ။
အခုလို ဆွေးနွေးပွဲတွေနဲ့  ပတ်သက်ပြီး စိတ်ပျက်တယ် ဆိုတဲ့ စကားကို ကျွန်တော် ကန့် ကွက်ချင်ပါတယ်။ အခြေအတင်၊ အငြင်းအခုန်တွေဟာ Debate တွေမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ကိစ္စတွေပါ။ တချိန်ကလည်း ကိုအောင်ဆန်းတို့ ၊ ကိုနုတို့ ၊ ကိုသိန်းဖေတို့ ၊ ကိုကျော်ငြိမ်းတို့  ဟာ သမဂ္ဂမှာ ဒီထက်မလျှော့ပဲ အခြေအတင် ငြင်းခုန်ဆွေးနွေးခဲ့ကြဖူးပါတယ်။ ကျွန်တော်တို့ တတွေဟာ အဖွဲ့ အစည်း ဖွဲ့ စည်းခွင့်၊ လွတ်လွတ်လပ်လပ် ဆွေးနွေးပွဲတွေ လုပ်ခွင့် တွေကို 1962 ကစပြီး ပိတ်ပင်ခံခဲ့ရပါတယ် ခင်ဗျာ။ ဒီတော့ကား ဒီဘက်ခေတ်မှာ လူငယ်၊လူကြီး မကျန် Team Work ကိစ္စတွေ၊ အများနဲ့  ဆွေးနွေးရတဲ့ ကိစ္စတွေမှာ အနည်းနဲ့ အများ ဆိုသလို၊ အားနည်းချက်တွေ၊ လိုအပ်ချက်တွေ ရှိကြပါတယ်ခင်ဗျာ။ ဒါဟာ စိတ်ပျက်လက်လျှော့စရာ မဟုတ်ပါဘူး။ အကြောင်းအရာ မျိုးစုံပေါ်မှာ ဆက်လက်ဆွေးနွေး၊ ဝေဖန်ကြရင်းနဲ့  နောက်တော့ ကျွန်တော်တို့  ရင့်ကျက်လာပါလိမ့်မယ် ခင်ဗျာ။ ဒီလိုပဲ ကျင့်ယူကြရပါတယ် ခင်ဗျာ။ တချိန်က ကျွန်တော်တို့  နောင်တော်တွေကတော့ သမဂ္ဂမှာ ဒါမျိုးတွေကို လေ့ကျင့်ယူခဲ့ ကြပါတယ်ခင်ဗျာ။ ကျွန်တော်တို့  ခေတ်ကြတော့ ဖိုရမ်တို့  Blogs တို့ အပေါ်မှာ ကျင့်ကြတာပေါ့။ အခုလောလောဆယ်တော့လည်း ပျော်ပျော်ပါးပါးပေါ့ :P
Blogs ရေးတဲ့ ဖတ်တဲ့ လူတွေကို လျှော့မတွက်ပါနဲ့  ဆိုတဲ့ စကားဟာ၊ မြန်မာလူငယ်တွေ မဖျင်းကြ ပါဘူးလို့  ဆိုလိုချင်ပါတယ်။ Blogs ဖတ်ကြ၊ ရေးကြတဲ့လူ အများစုဟာ ပညာတတ်တွေပါ။ ကိုချမ်းစိုးဝင်း စကားကို ယူပြောရရင်၊ မြန်မာလူငယ်တွေလည်း အဲ့ဒီလောက်ဖျင်းလို့  မြန်မာမိဘတွေ ဒုက္ခရောက်ကုန် ကြတယ်ဆိုရင်တော့ မြန်မာပြည်က သားသမီး ငတုံးပေါင်းများစွာရဲ့ အကြောင်းကို Wikipedia မှာ မှတ်တမ်း တင်လိုက်ကြပါစို့ လား။
လေးစားစွာဖြင့်
ချီးကျူးတာပဲ ခံလိုသော ဤကို ကျွဲဟုဖတ်သည့်
မျိုးစေ့မမှန်၍ မသန်သော အပင်လေးတစ်ပင်..
P.S မျိုးစေ့တိုင်း သန်မာသော အပင်ပေါက်ပါစေဟု ဆုတောင်းပေးသော၊ သန်မာသောအပင်ပေါက်ကြီး မမေဓာဝီကို ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ ( စိတ်မဆိုးပါနဲ့ ခင်ဗျာ၊ ကျွန်တော် စချင်လာလို့ ပါ :P )
Why are burmese people fighting over nothing? It's not a big deal. It's not a life or death situation. Or is it?
အခုနောက်ဆုံး ဖော်ပြထားတဲ့ အမည်မသိသော၊ ဒါမှမဟုတ် မိမိအမည်ကိုတောင် ထုတ်ဖော်မပြောဝံ့သော မိတ်ဆွေကြီးခင်ဗျာ။
ပထမဦးဆုံး မေတ္တာရပ်ခံချင်တာက စာကို သေချာစွာဖတ်ပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ မမေဓာဝီက အစွန်းရောက်တဲ့ အယူအဆတွေနဲ့ ပြောသွားတာ ဟုတ်ပါရဲ့လားဆိုတာ စာကို သေချာစွာဖတ်ပါအုံး။ သစ္စာလေးပါးဆိုတာဟာ ဘယ်ဘက်ကကြည့်ကြည့် မှန်နေတယ်ဆိုတာကို သူပြောတာပါ။ သူပြောချင်တဲ့ အဲဒီအချက်ကိုရော ရလိုက်ပါရဲ့လား။ သူက `တို့ ဗုဒ္ဓဘာသာတွေရဲ့ စံက ဒီလိုရှိတယ်´ လို့ အတင်းသွတ်သွင်းပြောနေတာလား၊ ဒါမှမဟုတ် ဘယ်သူမှငြင်းလို့ မရတဲ့၊ အမှန်တရားဖြစ်တဲ့ သစ္စာလေးပါးကို ချပြနေတာလားဆိုတာ စာကို သေချာစွာ ပြန်ဖတ်ပါအုံး။ ` ခင်ဗျား ကာလမသုတ် ဖတ်ဖူးမှာပါ။ အစွန်းမရောက်တဲ့ ဗုဒ္ဓဘာသာကို ခင်ဗျားရဲ့ အစွန်းရောက်တဲ့ အယူအဆတွေနဲ့  မရောထွေးပါစေနဲ့ ။´ လို့ မိတ်ဆွေ ရေးသားလိုက်တာဟာကရော သူ့ကို ပုဂ္ဂိုလ်ရေးရာအရ ထိပါးသွားစေမယ်လို့ မထင်မိဘူးလား။ တဖက်သားကို အပေါ်စီးဆန်ဆန် ပြောလိုက်မိပါလားလို့ရော မတွေးမိလိုက်တာလားခင်ဗျာ။
အခု ပို့စ်တခုအတွက်နဲ့ ကျနော်တို့ ဆွေးနွေးကြတယ်။ (ဆွေးနွေးနေရင်းနဲ့လဲ တချို့က လူကို ထိပါးကြတယ်)။ ကဲ၊ ကျနော်က မေးပါရစေအုံး။ ဒီစာဟာ ဒီမက်ဆေ့ကိုပေးနေတယ်။ ဒါပေမယ့် ဟောသလို အဓိပ္ပာယ်ကိုလဲ ထွက်နေပါတယ်ဆိုတဲ့ တာဝန်ယူမှုမျိုးကို အခုထိ ကျနော်တို့ တွေ့သေးရဲ့လား။ ဒီလိုတွေ မြင်ကုန်ကြရင်ဖြင့် အန္တရာယ်ကြီးပါတယ်ဆိုတာကို သိမ်သိမ်မွေ့မွေ့နဲ့ ရှင်းပြခဲ့ပြီးပါပြီ။ လူတွေဟာ ချီးကျူးတာကိုပဲ ခံနိုင်တယ် ဝေဖန်တာကို မခံနိုင်ဘူးဆိုတဲ့ စကားက မှန်သလားမမှန်သလားဆိုတာကတော့ အဲဒီစာကို ထောက်ပြဆွေးနွေးမိတဲ့ ကျနော်တို့တတွေ ပုံစံမျိုးစုံနဲ့ တုံ့ပြန်ခံနေရတာက သက်သေပြနေပါတယ်။ တကယ်လို့များ အဲဒီစာရဲ့အောက်နေ၊ `သိပ်ကောင်းတဲ့ စာပဲ၊ နောက်လဲ ဒါမျိုးများများရေးပါနော်´ လို့ ခပ်တိုတိုလေး ချီးကျူးခဲ့မိရင် ကိစ္စက ပြတ်ပါတယ်။ နောက်ပြီးတော့ ကျနော်တို့တတွေကလဲ ကျနော်တို့ ဝေဖန်သမျှကို လက်ခံပါစေတော့ဆိုတဲ့ အရေးအသား၊ အပြောအဆိုတခုမှ မသုံးနှုံးခဲ့တာ သေချာခဲ့ပါတယ်။ ဒီစာဟာ ဒီလိုမက်ဆေ့တွေကိုလဲ ပေးနေပါတယ်ဆိုတာကို မြင်သာအောင်ပြခဲ့ခြင်းသာဖြစ်ပါတယ်။
တကယ်တော့ ဟိုလစ်ဇင်၊ ဒီလစ်ဇင်တွေ သိနေဖို့မလိုပါဘူး။ အဲဒါတွေသိပြီး ငါမှငါ ဆိုတဲ့ အတွေးမ၀င်ဖို့ဘဲ လိုပါတယ်။ ကိုယ့်ကိုယ်ကိုသာ အယူသည်းမှု အားမကောင်းအောင် တဦးချင်း အသိစိတ်နဲ့ ထိန်းသိမ်းလိုက်ပါအုံး။
ဆွေးနွေးပွဲတွေကို စိတ်မပျက်ပါဘူး။ ဆွေးနွေးကြပါစို့လို့ ဖိတ်ခေါ်ခဲ့ပြီးသားပါ။ ဘလော့ဖတ်ပရိသတ်တွေကို လေးစားလွန်းလို့ ရေးတဲ့ ဖတ်တဲ့လူတွေကိုလဲ အထင်ကြီးလွန်းလို့သာလျှင် တလေးတစားနဲ့ ချပြဆွေးနွေးနေတာပါ။ ကျနော်တို့ ရေးခဲ့သမျှတွေမှာ တစုံတယောက်ကို လျှော့တွက်သော၊ အထင်သေးသော အသုံးအနှုံး တခုမှ မပါခဲ့ဘူးလို့ ရဲရဲကြီး အာမခံဝံ့ပါတယ်။ ကျနော်တို့ကိုသာလျှင် ခပ်နှိမ်နှိမ်ပြောဆိုတာကို ခံခဲ့ရ၊ ခံနေရဆဲပါ။ နောက်လဲ ခံနေရအုံးမလားဆိုတာတော့ မသိပါ။
နောက်ဆုံး ပြောချင်တာကတော့ ဆွေးနွေးပွဲကနေ သွေဖယ်နေတယ်လို့ မိတ်ဆွေတို့က ပြောခဲ့ပါတယ်။ မိတ်ဆွေတို့ ပြောခဲ့သမျှတွေကို ပြန်ဖတ်ပေးပါအုံး။ ဆွေးနွေးပွဲအသွင်သဏ္ဍာန်ဆောင်နေဆဲလား၊ ဒါမှမဟုတ် ရိနေသလို ဖြစ်သွားပြီလားဆိုတာ ပြန်သုံးသပ်စေချင်ပါတယ်။ နောက်တခုက ကိုယ့်နာမည်နဲ့တကွ ရဲရဲကြီးဆွေးနွေးရဲအောင် အရင်ဆုံး သတ္တိမွေးစေချင်ပါတယ်။ ဒါကလဲ တာဝန်ယူဝံ့ခြင်း တမျိုးပဲ မဟုတ်ပါလားခင်ဗျာ။
အချီးကျူးခံနိုင်သလို အဝေဖန်လဲ ခံနိုင်သော
ဤမှန်းသိလျက်နှင့် ကျွဲဟု မဖတ်လိုသော
သံလွင် (ကလိုစေးထူး)
ဟုတ်ကဲ့ မသန်မစွမ်းအပင်ကလေးရှင့် …
ချီးကျူးတာပဲ ခံချင်တယ် ဆိုတဲ့ အရေးအသားကိုကြည့်ကတည်းက ရှင့်စိတ်ကို ကျမမြင်မိပါတယ်။ ကျမတို့ဟာ ချီးကျူးတာရော ကဲ့ရဲ့တာရော ခံရမှာပါပဲ။ ဒါဟာ လောကဓံပါပဲ။
(၁) ကျမရဲ့ အစွန်းရောက်အယူအဆဆိုတာ ဘာကိုဆိုလိုပါသလဲ။ ကျမတိုင်းတာတဲ့ စံ၊ ကျမသတ်မှတ်တဲ့ အမှန်တရားဟာ မှားယွင်းမှု တစုံတရာ ရှိနေပါသလား။ နေရာတကာကို ဗုဒ္ဓရဲ့ စံနဲ့ တိုင်းတာတာဟာ မှားယွင်းနေပါသလား။ ဗုဒ္ဓတရားထဲက မှားယွင်းချက်၊ ချို့ယွင်းချက်များ တွေ့ရင် ကျမကို ပြောပြစေချင်ပါတယ်။ ကျမတို့ မိဘ၊ ဆရာသမား၊ အားလုံးကတော့ ဒီလိုပဲသင်ပေးထားပါတယ်။ ဗုဒ္ဓရဲ့ အဆုံးအမအောက်မှာ နေတဲ့သူအတွက် အမှားအယွင်း ဆိုတာ ကင်းမယ်လို့ ကျမ ယုံကြည်ယူဆထားပါတယ်။
(၂) အများညီရင် ဤကိုကျွဲဖတ်တယ် လို့ ပြောခဲ့တာ မျိုးစေ့မမှန်လို့ အပင်မသန်ဘူးလို့ ပြောတာဟာ ကျမ ဘလော့ဖတ်သူများကို စော်ကားတာမဟုတ်ပါဘူး။ ကျမရှင်းပြပါမယ်။
ကျမရဲ့ ပထမဆုံးပို့စ်မှာ စနေ ဘာသာပြန်တဲ့စာထဲက ကျောင်းသူရဲ့လုပ်ရပ်ကို သဘောမကျတဲ့အတွက် ထောက်ပြခဲ့ပါတယ်၊ ဒီကျောင်းသူ ဒီလိုတွေးပြီး ရွေးချယ်လိုက်ခြင်းကို မှားတယ်လို့ ကျမကမြင်ပါတယ်။ ကျမရဲ့ ပုဂ္ဂလိကအမြင်လို့လည်း ပြောခဲ့ပါတယ်။ ပို့စ်ရဲ့ ခေါင်းစဉ်ကိုက မေတ္တာရှင်တို့၏စိတ်ထားနဲ့ ကျမ၏ အလိုအပ်ဆုံး လို့ တပ်ခဲ့တာပါ။ ကျမ၏ လို့သုံးခဲ့ကတည်းက ကျမ တယောက်ထဲအတွက်လို့ သိနိုင်ပါတယ်။ ဘာဖြစ်လို့ ဒီလိုရေးခဲ့တာလဲ ဆိုတော့ အမြင်အမျိုးမျိုး ရှိနိုင်တယ်ဆိုတာ ကျမ နားလည်နေလို့ပါပဲ။ ဒီကျောင်းသူနှင့်တကွ သူ့ရဲ့ ရွေးချယ်မှုကို လက်ခံကြတဲ့ သူတွေဟာ ဘာကြောင့်များပါလဲ …. သူတို့ ကျင်လည်ရာ ပတ်ဝန်းကျင်၊ သူတို့လေ့လာခဲ့တဲ့ ပညာရပ် ပေါ်မှာ သူတို့အတွေးအခေါ်ဟာ မူတည်နေပါတယ်။ ဒါကြောင့် မျိုးစေ့မမှန်လို့ အပင်မသန်တာ ဆိုတဲ့ ဥပမာ သုံးနှုန်းလိုက်တာပါ။ မိဘကို ပစ်ပယ်ပြီး လက်တွဲဖော်ကို အလိုအပ်ဆုံး ဆိုတာ ရွေးချယ်မှုဟာ မှန်ကန်တယ်လို့ ထင်နေတဲ့ အများစုဟာ ဤကို ကျွဲဖတ်နေတာနဲ့ မတူဘူးလား။ ဒါဟာ စော်ကားမှုတစုံတရာများ ပါပါသလားရှင်။ တကယ်တော့ ကျမရဲ့ ဆန္ဒက မည်သူတဦးတယောက်မှ မိဘကို မပစ်ပယ်စေချင်တဲ့ စေတနာကြောင့်ပါ။
(၃) ချီးကျူးတာခံနိုင်တယ် ဝေဖန်တာ မခံနိုင်ဘူးဆိုတဲ့စကားဟာ မှားများ မှားနေမိပါသလား။ ကျမတို့နဲ့ အမြင်တူတူ အမြင်လွဲလွဲ လူ့သဘာဝ ဒီလိုရှိတယ်ဆိုတာ သိလိုက်ရလို့ ရေးမိတာပါ။ ကျမတို့ ဝေဖန်တာကို လက်ခံဖို့ မလိုပါဘူး။ အမှန်မြင်တတ်ဖို့ပဲ လိုပါတယ်။ ဒါဟာလဲ စော်ကားသော ရေးသားချက်မဟုတ်ပါဘူး။
(၄) ကျမဟာ အယူသည်းသူတယောက် မဟုတ်ပါ။ ဒီ အစ်ဇင်တွေကို လေ့လာမှ ကျမဘ၀ အတွက် အကျိုးရှိမယ် ဆိုရင်လည်း ကျမ လေ့လာရမှာပေါ့။ ဒါပေမဲ့ အတွေးအခေါ် အယူအဆ နဲ့ပတ်သက်ရင် ဗုဒ္ဓအဘိဓမ္မာ လောက် ကျယ်ပြန့်ပြီး မှန်ကန်ထိရောက် တဲ့ အတွေးအခေါ် မရှိဘူးလို့ ကျမကတော့ ယုံကြည်ပါတယ်။ ဗုဒ္ဓအဘိဓမ္မာ ဆိုတာ ဘာသာရေး အဘိဓမ္မာမဟုတ်ပါ။ ဘာသာရပ်အဘိဓမ္မာသာလျှင် ဖြစ်ပါတယ်။ မည်သည့်ဘာသာဝင် မဆို လေ့လာ နိုင်တဲ့ အတွေးအခေါ်ပါ။ ဗုဒ္ဓအဘိဓမ္မာကို သေချာစွာ လေ့လာဖူးတဲ့သူ ဆိုရင် တခြား တခြားသော် အတွေးအခေါ်တွေနဲ့ ယှဉ်ကြည့်ပါ။
အားနည်းသော အတွေးအခေါ် မှားယွင်းနိုင်တဲ့ အတွေးအခေါ် အယူသည်းသော အတွေးအခေါ် ဆိုတာ ဗုဒ္ဓအဘိဓမ္မာထဲမှာ ပါရင် ထောက်ပြပေးပါ။
ဗုဒ္ဓတရားကို စံထားမိတဲ့အတွက် အယူသည်းတယ် အစွန်းရောက်တယ် လို့ ပြောခံရတာတော့ အင်မတန် ၀မ်းနည်းမိပါတယ်။ ကျမတို့ ဗုဒ္ဓ မှားနေပါသလား …. ။
(၅)ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး စိတ်ပျက်တာမဟုတ်ပါ။ အကယ်၍ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး စိတ်ပျက်တာဆိုရင်လည်း ကျမစိတ်နဲ့ ကျမ ဖြစ်တာ ပျက်တာမို့ ကန့်ကွက်စရာအကြောင်းမရှိပါဘူး။
ကျမစိတ်ပျက်ခြင်းက ဆွေးနွေးပွဲကနေ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ပွဲအသွင် ပြောင်းသွား တာကို စိတ်ပျက်တာပါ။
ပြီးတော့ ပုဂ္ဂိုလ်စွဲကြီးကြီးနဲ့ စာကို မကြည့်ဘဲ လူကိုကြည့်ကြတာတွေအတွက် စိတ်ပျက်တာပါ။ ကျမဟာ အေးအေးဆေးဆေးနေလိုတယ်၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စာရေးလိုတယ်။ ဒါပေမဲ့ ကျမစာတပုဒ်ကို အကြောင်းပြုလို့ ဒီလို တိုက်ခိုက်မှုတွေ ဖြစ်လာတဲ့အတွက် ကျမ စိတ်မကောင်းဖြစ်မိတယ်၊ စိတ်ပျက်မိတယ်။ ရင့်ကျက်မှု မရှိဘူးပဲဆိုဆို ကျမကတော့ ဒါမျိုး မဖြစ်စေချင်ပါဘူး။ ဒါဟာ ကျမ မှားနေပါသလား။
(၆)မြန်မာလူငယ်တွေကို ဖျင်းတယ်လို့ ကျမ မပြောခဲ့ပါဘူး။ သားသမီး ငတုံးတွေကြောင့် မိဘတွေ ဒုက္ခ ရောက်နိုင်တယ်လို့လည်း ကျမ မဆိုလိုပါဘူး။ ကျမရဲ့ ဆိုလိုချက်ကို ခုထိ မသိကြသေးတာလည်း ၀မ်းနည်းစရာပါပဲ။
ရွေးချယ်မှုမှားယွင်းတဲ့အတွက် မိမိကိုယ်တိုင်သာ ဒုက္ခရောက်နိုင်တာပါ။ မိဘကတော့ သားသမီး ဘာရွေးရွေး အပြစ်မြင်ချင်မှ မြင်မှာပါပဲ။
ဘလော့ဖတ်သူ အများစုဟာ ပညာတတ်ဆိုတဲ့စကားလည်း ခဏခဏ ပြောနေတော့တာပဲ။ ပညာသိလား သညာသိသား …. သေချာစဉ်းစားပါအုံး။ ကျမကတော့ ပညာတတ်အောင် သင်ယူနေဆဲ ပညာသင်တယောက်ပါပဲ။ သန်မာတဲ့အပင်ဖြစ်အောင်လည်း ကျမကြိုးစားနေပါတယ် … အမည်မဖော်လိုသူ မသန်စွမ်းသော အပင်ကလေးရှင့်။
ကျွန်တော်တို့ သူငယ်ချင်းများ ကြုံလာတဲ့အခါ နောက်တဲ့စကားတစ်ခုရှိပါတယ် ``ကောင်းတယ်။ မနေတတ်မထိုင်တတ်နဲ့ အခုတော့ အပြောခံရပြီ၊ မဟုတ်လား´´ ဆိုတာကို သွားသတိရမိပါတယ်။ ဟုတ်ကဲ့ မနေတတ်မထိုင်တတ်သူဆိုပြီးတော့ နာမည်တပ်လာတဲ့ အတွက် ထပ်မံပြီး မနေတတ် မထိုင်တတ်ဖြစ်ပါရစေ။ ကျွန်တော် ဆိုပြီးတော့ နာမည်တပ်ပြော ခဲ့သော ဤစာပိုဒ်များ အားပြောကြည့်ပါမည်။
((၁) ကျမ ဝေဖန်ရေးလုပ်တယ်ပဲ ဆိုကြပါစို့။ ကျမရဲ့ ရှုထောင့်ကို ကျမ ဘလော့က (မေတ္တာရှင် .. ပို့စ်) မှာ အတိအလင်းပြောပြီးပါပြီ။ ကျမ သီအိုရီလည်း ထိုနည်းလည်းကောင်းပါပဲ။ ကျမ ကိုးကားချက်ကိုလည်း အဲဒီပို့စ် ဖတ်ရင် တွေ့မှာပါ။ ဘယ်အချက်ကို ထောက်ပြတယ်ဆိုတာလည်း အရှင်းကြီးပါပဲ။
(၂) ကျမ “စာ” ကိုဖတ်တာလို့ ပြောခဲ့ပါတယ်။ စာအပေါ်မှာ သုံးသပ်ပြီး “ဘာကြောင့်” ဆိုတာလဲ ရှင်းပြခဲ့ပါတယ်။ တခုတော့ ရှိပါတယ်။ အယူအဆ ရေးရာဆိုတာ စာ ထဲမှာ ပါတာပဲမဟုတ်လား။ စာရေးသူ ဖြူဖြူမဲမဲ … ကျမ စိတ်မ၀င်စားပါဘူး။ စာ ထဲမှာပါတဲ့ အယူအဆကိုသာ ကနဦး ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
[ဒီတော့ကာ ကျမ ရေးတဲ့စာတွေ ကွန်မန့်တွေထဲမှာ မဟုတ်မဟတ် လုပ်ဇာတ်ခင်းပြီး တစုံတယောက်ကို ပုတ်ခတ်စော်ကားတာများ ပါခဲ့ပါသလား လို့ မနေတတ် မထိုင်တတ်သူကို ပြန်မေးပါရစေရှင်။]
(၃) အမှန်တရားနဲ့ပတ်သက်ပြီး ပြောပါမယ်။ အမှန်တရား ဆိုတာဟာ သူ့ဘက်ကမြင်တော့ သူမှန်တယ်၊ ကိုယ့်ဘက်ကမြင်တော့ ကိုယ်မှန်တယ် လို့ ဗလောင်းဗလဲ လုပ်လို့ရတဲ့အရာမဟုတ်ပါ။ အဲလို လုပ်လို့ရရင်လည်း အမှန်တရား စစ်စစ် မဟုတ်ပါ။ တကယ့်အမှန်တရား Universal Truth ဆိုတာ ရှိကိုရှိပါတယ်။ အရှင်းဆုံးဥပမာပေးရရင် သစ္စာလေးပါး ဆိုတာ Universal Truth စစ်စစ်ကြီးပါပဲ။ ဘယ်ဘက်ကကြည့်ကြည့် မှန်ကိုမှန်နေပါတယ်။ ဘယ်နေရာရောက်ရောက်လဲ မှန်ပါတယ်။ ဘယ်ဘာသာဝင်တိုင်းအတွက် ဖြစ်ဖြစ်လည်း မှန်ပါတယ်။
(၄) ဒါနဲ့ပတ်သက်ပြီး ကျမဘလော့မှာ ရေးထားပါတယ်။ ကျမသတ်မှတ်တဲ့ စံဟာ ဗုဒ္ဓရဲ့တရားတော်ပါ။ ဗုဒ္ဓရဲ့ တရားတော်ဟာ Universal Truth ပါ။ ဘယ်မှတ်ကျောက်နဲ့မဆို အစစ်ခံရဲပါတယ်။ မနေတတ်မထိုင်တတ်သူက ဗုဒ္ဓဘာသာ စစ်စစ်ဖြစ်ပါရက်နဲ့ အမှန်တရားကို မတွေ့ရှိတာဟာ အ၀ိဇ္ဖာ မောဟတွေ ပိတ်ဖုံးနေလို့များလား၊ ဘာသာရေးနဲ့ ဝေးနေလို့များလား။
(၅) အတ္တာဟိ အတ္တနော နာထော ဆိုသည်ရဲ့ အဓိပ္ပါယ်ကို သေချာသိပါရဲ့လားရှင်။ မိမိကိုယ်သာ ကိုးကွယ်ရာ ဆိုတာဟာ ကိုယ့်ကိုယ်ကို ထိုင်ကိုးကွယ်နေဖို့မှ မဟုတ်တာဘဲ။ ဘယ်အရာကို မဆို မိမိကိုယ်တိုင်ကိုယ်ကျ လုပ်မှ ဖြစ်မယ်ဆိုတဲ့ ကိုယ်တိုင် အားထုတ်မှ ရမယ် ဆိုတဲ့အဓိပ္ပါယ်ပါ။ လူဆိုတာ အပေါင်းအဖော်နဲ့ နေတဲ့ သတ္တ၀ါဖြစ်တာကြောင့် မိဘ၊ ဆွေမျိုး၊ မိတ်ဆွေ၊ သားသမီး၊ ဇနီးခင်ပွန်း ဒါတွေအကုန်လိုအပ်တယ်ဆိုတာ ကျမလက်ခံပါတယ်။ ဒီနေရာမှာ ကျမသာဆိုရင် …. မိဘ ကိုရွေးမိမှာပါလို့ ပြောခဲ့တာပါ။ ဘာကြောင့်ဆိုတာလဲ ရှင်းပြခဲ့ပါတယ်။)
မမေဓာဝီ၏ ``ကျမ ဝေဖန်ရေးလုပ်တယ်ပဲ ဆိုကြပါစို့။´´ ဆိုတဲ့ စကား အရ ကျွန်တော် မမေဓာဝီ၏ နံပါတ်(၁) အချက်အား စတင်ပြောဆိုကြည့်ပါမည်။ ရှု့ထောင့်ဆိုသော အချက်တွင် မမေဓာဝီ၏ရူထောင့်မှ ကြည့်ရှုပြောဆိုသွားခဲ့ကြောင်းတွေ့ရှိရပါသည်။ ကိုးကားချက်မှာ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တစ်ယောက်၏ ကိုယ်ပိုင်ခံယူချက်ဟု ယူဆရသော ခံယူချက်များကို ကိုးကားသွားခဲ့ပါသည်။ ချဉ်းကပ်ပုံမှာ ဗုဒ္ဓ၀ါဒဖြင့်ချဉ်းကပ်ခဲ့သည်ဟု ယူဆရပါသည်။ ယူဆရ ဟု သုံးနှုန်းထားပါသည်။ အဘယ်ကြောင့်ဆိုသော် (မေတ္တာရှင် .. ပို့စ်) တွင် ဗုဒ္ဓ၀ါဒဆိုသော ကိုးကားချက်မတွေ့ရှိရပါ။ မိရိုးဖလာဗုဒ္ဓဘာသာတစ်ယောက်၏ ကိုယ်ပိုင်ခံယူချက်များဖြင့် ရေးသားထားသည်ကိုတွေ့ရပါသည်။ ကိုယ်ပိုင်အမြင်အား ဖော်ထုတ်ခဲ့ပါသည်။ အမြင်တစ်ခုအား ဖော်ပြခြင်းသည် လွတ်လပ်စွာဖော်ပြနိုင်ပေသည်။ ပြဿနာမဟုတ်ပါ။ ပြဿနာဟုလည်း မဆိုခဲ့ပါ။ ကျွန်တော်ဝေဖန်ရေး၏ သဘောတရားကို ကျွန်တော်သိသလောက် ဆွေးနွေးခြင်းသာဖြစ်ပါသည်။ ဝေဖန်မှုကို ကျွန်တော် ကိုယ်တိုင်လည်း လက်ခံကြိုဆိုပါသည်။
(၂) အချက်အား ဆက်လက်ပြောဆိုပါမည်။ ဝေဖန်ရေးတွင် အယူအဆရေးရာ သဘောတရားများ ပြောနေရင်းမှ ပုဂ္ဂိုလ်ရေးစွက်ဖက်မှုများ ရှိလာနိုင်သည်ဟု ပြောခြင်းဖြစ်ပါသည်။ မြန်မာပြည်၏ ဝေဖန်ရေး အများစုသည် ထိုကဲ့သို့ပြောင်းလဲသွားတတ်ကြ ပါသည်။ ထိုသို့ပြောင်းလဲသွားပါက ဝေဖန်ရေးစာအား ဗဟုသုတ အနေဖြင့် ဖတ်ရူနေသော စာဖတ်ပရိသတ်သည် အလွန်စိတ်ပျက်မိပါသည်။ ကျွန်တော်အပါအ၀င်ဖြစ်ပါသည်။ ထို့ကြောင့် ထိုထို ဖြစ်ရပ်များရှိကြောင်း ဥပမာဖြင့်ပြောခြင်းဖြစ်ပါသည်။ မမေဓာဝီအား ပုတ်ခတ်ရေးသား သည် ၊ ဘယ်သူသည် ရေးသားသည် ဟု ကျွန်တော် မရေးခဲ့ပါ။ မပြောခဲ့ပါ။ သဘောတရားကို သာကျွန်တော်ပြောခဲ့ပါသည်။ ကျွန်တော် တင်ပြခဲ့မှုအား ပြန်လည် ဖတ်ရှုလျှင်သိနိုင်ပါလိမ့် မည်။ ထိုကြောင့် ကျွန်တော် အနေနှင့် မေးလျှင် ဖြေစရာ အကြောင်းမရှိပါ။
(၃) အချက်အားထပ်မံပြောပါမည်။ ကျွန်တော်၏ အမြင်အား တင်ပြခြင်းမျှသာ ဖြစ်ပါသည်။ ထို့ကြောင့် ခင်ဗျား၏ အမြင်အားလည်း ကျွန်တော်လက်ခံပါသည်။ မကြိုက်လျှင် နှုတ်ဆိတ်နေယုံသာဖြစ်ပါသည်။ ကျွန်တော်၏ အမြင်အား ထပ်မံဖော်ပြရမည် ဆိုလျှင် အမှန်တရားသည် ရှုမြင့်သုံးသပ်မှု လူ၏ဘက်တွင် ဖြစ်ပါသည်။ စကားချပ်အနေဖြင့်- အကြောင်းကြောင့် ပြောင်းလဲနိုင်သည်။ ခင်ဗျား အမြင်အား ကျွန်တော်မကန့်ကွက်ပါ။ ကျွန်တော်လက်ခံလျှင် လိုက်ပါမည်။ လက်မခံလျှင် လက်ပိုက်ကြည့်နေမည်။ ထို့ထက်ပို၍ ပြောစရာ မရှိပါ။
(၄) အချက်အား ဆက်လက်ပြောပါမည်။ အနည်းငယ်ပြောပါရစေ။ ကျွန်တော် မမေဓာဝီအား လည်း မသိပါ။ ကျွန်တော်အားလည်း သိမည်မဟုတ်ပါ။ ဘလော့ဖတ်သူနှင့် ဘလော့ရေးသူ၊ စာရေးသူနှင့် စာဖတ်သူ သဘောမျှဖြစ်ပါလိမ့်မည်။ ခင်မင်ရင်နှီးမှုပင်မရှိဘူးပါ။ သို့သော် ကျွန်တော်အား ဗုဒ္ဓဘာသာစစ်စစ်ဖြစ်ပါရက်နဲ့ ဟု စကားသုံးနှုန်းထားပါသည်။ ဗုဒ္ဓအကြောင်း ပြော၍ ဗုဒ္ဓဘာသာဟု ကောက်ချက်မစောစေချင်ပါ။ ဆိုလိုသည်မှာ ဗုဒ္ဓဘာသာဝင်မှ ဗုဒ္ဓအကြောင်းကိုသိရမည် မဟုတ်ပါ။ ခရစ်ယာန်ဘာသာဝင်မှ သမ္မာကျမ်းစာ အားသိမည် မဟုတ်ပါ။ လေ့လာပါက သိနိုင်ပါသည်။ ကိုယ့်စိတ်၌ ထင်သည်ကို ရမ်းတုတ်သည့် သဘောသက်ရောက်ပါသည်။ (စကားအသုံးအနှုန်း ရိုင်းလျှင်ခွင့်လွှတ်ပါ။)။ နောက်တစ်ချက်အနေနှင့် (အ၀ိဇ္ဖာ မောဟတွေ ပိတ်ဖုံးနေလို့များလား၊ ဘာသာရေးနဲ့ ဝေးနေလို့များလား။) ဖြစ်ပါတယ်။ တစ်ဖက်သားအား ကရုဏာဒေါသော ဖြင့်မေးသည်ဟု ယူဆချင်လျှင်ယူဆနိုင်ပါသည်။ သို့သော် ပုဂ္ဂိုလ်ရေးဝင်ရောက်စွက်ဖက်ခြင်း မမည်သော ပုဂ္ဂိုလ်ရေး ၀င်ရောက်စွက်ဖက်မှုဖြစ်ပါသည်။ လျှော့မတွက်ဘူး ဟုသောစကား အမည်ဖြင့် လျှော့တွက်သည့် စကားသွားဖြစ်ပါသသည်။
(၅)အချက်အား ဆက်လက်ရှင်းပါမည်။(အတ္တာဟိ အတ္တနော နာထော ဆိုသည်ရဲ့ အဓိပ္ပါယ်ကို သေချာသိပါရဲ့လားရှင်။ မိမိကိုယ်သာ ကိုးကွယ်ရာ ဆိုတာဟာ ကိုယ့်ကိုယ်ကို ထိုင်ကိုးကွယ်နေဖို့မှ မဟုတ်တာဘဲ။ ဘယ်အရာကို မဆို မိမိကိုယ်တိုင်ကိုယ်ကျ လုပ်မှ ဖြစ်မယ်ဆိုတဲ့ ကိုယ်တိုင် အားထုတ်မှ ရမယ် ဆိုတဲ့ အဓိပ္ပါယ်ပါ။) လျှော့တွက်ခြင်းစကားသွား ဟု ကျွန်တော် ထပ်မံပြောဆိုစရာလိုမည် မထင်ပါ။ မင်း ငါ့လောက်မသိပါဘူးဆိုသည့် သဘောသက်စေသည်ကိုလည်း ဆင်ခြင်မိသင့်ပါသည်။ ကျွန်တော်ပြောသွားခဲ့သော အတ္တာဟိ အတ္တနော နာထော ဆိုသည်ကား မိမိကိုယ်ကိုယ် ထိုင်ကိုးကွယ်နေဖို့ မဟုတ်ပါ။ သိသာနိုင်ပါသည်။ ဓမ္မအနေဖြင့်ပြောမည်ဆိုလျှင် တရားရှာကိုယ်မှာတွေ့ပါ။ ၀ိပဿနာ တရား အားထုတ်ဖူးသူတိုင်းသိနိုင်ပါလိမ့်မည်။ ဆရာတော် သံဃာတော်များ၏ တရားတွင် ဟောကြားခဲ့သည်များ ရှိပါသည်။ တရားရှာကိုယ်မှာတွေ့ တောထွက်စရာမလိုပါဟု ဟောကြားကြပါသည်။ မိမိကိုယ် ကိုယ်တိုင် တရားရပြီဆိုမှ သူတပါးအား တရားဟောနိုင်ပေ လိမ့်မည်။ သူတပါးအား တရားဟောနိုင်ရန်အတွက် မိမိကိုယ်တိုင် ၀မ်းစာ ပြည့်ဖို့လိုပါသည်။ ထို့ကြောင့် ဗုဒ္ဓသည် ကိုယ်ကိုယ်တိုင် တရားရှာခဲ့သည်။ ထို မိမိကိုယ်ကိုယ် ကိုးကွယ်ရာဖြစ်သည် ဆိုသည်မှာ သိသာစေနိုင်ပါသည်။
တဆက်တည်း ပြောပါမည်။ ဗုဒ္ဓဘာသာ၊ ဗုဒ္ဓစံဖြင့် တိုင်းတာသည် ဟု မမေဓာဝီ ပြောဆိုပါသည်။ ကျွန်တော်လည်း ပြောဆိုကြည့်ပါမည်။ ဗုဒ္ဓဟောကြားခဲ့ပါသည် နိဗ္ဗာန်ကို ရည်မျှော်သော ဆန္ဒကလွဲ၍ ကျန်သည့်ဆန္ဒများသည် တဏှာမည်၏ ဟုဖြစ်ပါသည်။ သံဃာတော်များလည်း ဟောကြားကြပါသည်။ သားသမီးကို ချစ်တဲ့စိတ်၊ စွဲလမ်းတဲ့စိတ်တွေ ဖျောက်ကြပါ။ မိဘအပေါ် ၊ လင်ယောက်ျားအပေါ် ချစ်ခင်တဲ့စိတ်တွေ ဖျောက်ကြပါ။ တဏှာကို တတ်နိုင်သလောက်သတ်ကြပါ။ ဆိုပြီးတော့ ဟောကြားပါသည်။ ဗုဒ္ဓ၏ စံနှင့်တိုင်းတာလျှင် မိဘမှ မိဘ၊ လင်ယောက်ျားမှ လင်ယောက်ျား၊ မိန်းမ၊ သားသမီးမှ သားသမီးဖြစ်နေလျှင် အဘယ်လာ၍ ဗုဒ္ဓတရားတော် အဆုံးအမနှင့်ညီမည်နည်း။ ပစ်ပယ် စွန့်ပစ်ရမည် ဟုမဆိုလိုပါ။ ပရမတ္တ သဘောနှင်ချဉ်းကပ်ခြင်းဖြစ်ပါသည်။
ဗုဒ္ဓအား မဟာယောက်ျား၊ မဟာလူသား ဟု အဘယ်ကြောင့်ခေါ်သနည်း။ သာမန်လူသားတို့ လုပ်နိုင်ခဲသော သံယောဇဉ်တရား( မိဘ၊ မိန်းမ၊ သားသမီး၊ စည်းစိမ်) အား ဖြတ်တောက်၍ တောထွက်ခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ ပစ်ပယ်ခဲ့ခြင်းမဟုတ်ပါ။ အတ္တာဟိ အတ္တာနော နာထော ဖြစ်ပါသည်။ သတ္တ၀ါအားလုံးအတွက် တောထွက်တရားရှာခဲ့ပါသည်။ ထို့ကြောင့် မဟာကရုဏာရှင်၊ မဟာမေတ္တာရှင်ဟုလည်း ခေါ်ဆိုကြပါသည်။ နိုင်းနိုင်းစနေ၏ အလိုအပ်ဆုံးအား ဤသဘောတရားနှင့် ချဉ်းကပ်လျှင် သံသရာတွင်ကျင်လည် နေဦးမည်ဟု ပြော၍ရပါသည်။ ထပ်မံ၍ ဗုဒ္ဓကိုယ်တိုင်ပင် ငါ ဘုရား၏တရားသည် မှန်သည်ဟုလည်း မဆို၊ အခြားတရားအားလည်း မှားသည်ဟုလည်း မဆို၊ ကိုယ်တိုင်ဆန်းစစ်လုပ်ဆောင်ကြည့်ပါ။ ဟု ဟောကြားခဲ့ကြောင်း မှတ်သားဖူးပါသည်။ ထို့ကြောင့် မမေဓာဝီ အနေနှင့် (universal truth) ပါဟု ကြွေးကြော်နေမည်အစား လုပ်ဆောင်ကြည့်ခွင့်ကို ပေးသင့်ပါသည်။
နောက်တစ်ချက်အနေနှင့် ထပ်၍ပြောလျှင် ငါစွဲ မပါဘူးဆိုသော စကားဖြစ်ပါသည်။ မှန်သည် အတိုင်းပြောရလျှင် ငါစွဲ ကင်းရအောင် ကျွန်တော်တို့က အရဟတ္တမဂ်၊အရဟတ္တဖိုလ် ရနေသော ရဟန္တာများ မဟုတ်ကြပါ။ ငါစွဲမကင်းကြသေးပါ။ ငါ့ဟာ၊ ငါ့သားသမီး၊ ငါ့ခင်ပွန်းအစား ကျွန်မဟာ ၊ကျွန်မခင်ပွန်း၊ ကျွန်မသားသမီး(ကျွန်တော်ဟု ထည့်သွင်း၍ ဖတ်ရှုနိုင်ပါသည်)ဟု သုံးနှုန်းရုံနှင့် ငါစွဲမကင်းကြောင်းသတိပြုပါ။ ထိုကြောင့် ငါဆိုတဲ့ တဏှာဆိုတာဘာလဲ၊ အဲဒီငါစွဲပါရင် တဏှာ စွဲလန်းမှု၊ သံသရာမှာ ကျင်လည် နေကြရမယ်ဆိုတဲ့ အသိတရားကပ်၍ နေကြရုံမျှသာဖြစ်ပါတယ်။ သောတာပတ္တိမဂ်၊သောတာပတ္တိဖိုလ်တည်သော သောတာပန်ပင်လျှင် ဒိဌိ ပဲ ပယ်ပါသည်။ ထို့ကြောင့် ငါစွဲကင်းသည်ဆိုသည်မှာ လုံးလုံးငါစွဲကင်းခြင်းမဟုတ်ပါ။ ကျွန်တော်လည်း မကင်း ပါ။ သို့သော် ပုထုဇဉ်ပဲ ငါစွဲ မကင်းဘူး၊ ရဟန္တာမှမဟုတ်တာ ဟုဆိုကာ လုပ်ချင်ရာလုပ်မည် ဟု ကျွန်တော် မဆိုလိုပါ။ မတိုက်တွန်းပါ။ တရားကိုယ်သဘောအား ပြောကြည့်ခြင်းဖြစ်ပါ သည်။
နိဂုံးချုပ်ပြောပါရစေ။ အစွန်းရောက်ခြင်းသည် မကောင်းပါ။ မဇ္မျိမ ပဋိပဒါ ဟု ဗုဒ္ဓဟော ကြားခဲ့ပါကြောင်း . . . .
ချစ်ခင်လေးစားစွာဖြင့်
မနေတတ်မထိုင်တတ်
မှတ်ချက်။ ။ ကျွန်တော် ဘာကောင်မှမဟုတ်ပါ။ မနေတတ်မထိုင်တတ်၍ ပြောမိရာမှ ဆက်လက်၍ မနေတတ်မထိုင်တတ်ဖြစ်နေခြင်းမျှသာဖြစ်ပါတယ်။
ရင်ထဲကလာတဲ့စကားအတိုင်းပြောမယ်။ ကိုမနေတတ်မထိုင်တတ်ကို လေးစားတယ်ဗျာ
ဟေ့ မင်းတို့ တစ်တွေက အင်တာနက်ပေါ်မှာ ဟိုဟာမကောင်းဘူး ဒီဟာကောင်းတယ်။ ဟိုလိုမရေးရဘူး ဒီလိုရေးရတယ်။ အတင်းကြီးသူများရေးတာကို ၀င်စွတ်ဖက်ပြီး ဆရာကြီးလိုက်လုပ်နေကြပါလား။ သူဟာသူ လွတ်လွတ်လပ်လပ် ရေးချင်တာရေးမှာပေါ့ မင်းတို့  ဆရာကြီးလုပ်ပြီး လိုက်ဆုံးမနေစရာမလိုပါဘူး။ မင်းတို့ က ဟိုဟာကန့်သတ်ချင် ဒီဟာကန့်သတ်ချင်နဲ့ သူများရေးတဲ့ စာကို လိုက်စွတ်ဖက်နေရအောင် နေစမ်းပါဦး မင်တို့ တွေက မြန်မာပြည်က စာပေစီစစ်ရေးက ကောင်တွေလား. ဘာလဲ အင်တာနက်ပေါ်တက်ပြီး သူများရေးတဲ့ စာကို စာပေစီစစ်ရေးလုပ်ချင်နေကြတာလား။ သူများရေးတဲ့ စာကို ဟိုလိုမရေးရဘူး ဒီလိုရေးရတယ်၊ ဒီဟာ မကောင်းပါဘူး မှားပါတယ်ဆိုပြီး အတင်းဝန်ခံခိုင်းနေတဲ့ လုပ်ရပ်ဟာ သင့်တော်ရဲ့လားလို့  မင်းတို့ တွေးမိရဲ့လား။ သူ့ ဟာသူ စာလွတ်လွတ်လပ်လပ်ရေးမှာပေါ့၊ မကြိုက်ရင် မဖတ်နဲ့ ပေါ့။ နေရာတကာ ဆရာကြီး ၀င်မလုပ်ချင်ကြစမ်းပါနဲ့ ။
ဟနစံ မင်းကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ရှေ့တမ်းတင်ပြီး အင်တာနက်ပေါ်တက်ပြီး သူမျာကို လိုက်အပုတ်ချနေတာ ကောင်းတဲ့ လုပ်ရပ်အဟုတ်ဘူးကွ။ မင်းရှက်ကော ရှက်တတ်ရဲ့လား။ သူများအပုတ်ချရမယ်ဆိုရင် ထိပ်ဆုံးက ကိုယ့်သိက္ခာလေး ကိုယ်ထိန်းပြီးနေစမ်းပါဦး။ ယဉ်ကျေးသိမ့်မွေ့ လှပါတယ်ဆိုတဲ့ မြန်မာ မိန်းကလေးရယ်..
မမေဓာဝီ ခင်ဗျာ
ချီးကျူးတာပဲ ခံလိုသော ဤကို ကျွဲဟုဖတ်သည့်
မျိုးစေ့မမှန်၍ မသန်သော အပင်လေးတစ်ပင်.. ဆိုသည်မှာ ခင်ဗျားက ခင်ဗျားနဲ့ အယူအဆမတူသူ အားလုံးကို ချိုးနှိမ့်စွာ ခေါ်ဝှော်လိုက်သော အသုံးအနှုန်း ဖြစ်ပါတယ်ခင်ဗျာ။ ခင်ဗျား စကားကို ခင်ဗျား တာဝန်ယူရဲ မည်ဟု ယုံကြည်ပါသည်။
ကဲ ကဲ …
ကျမ အားလုံးကို တောင်းပန်ပါပြီ။
စိတ်လဲ ရှုပ်လှပါပြီ။ အချိန်လည်း အလွန်ကုန်ပါတယ်။ ကျမလုပ်ငန်းတာဝန်များလည်း ပျက်ကွက်ပါတယ်။
အားလုံးက ဘယ်လိုဖြစ်စေချင်တာလဲ ကျမကိုပြောပါ။ ပြောရင်တော့ ကိုယ့်နာမည်ဖော်ပြီး ပြောကြစေချင်ပါတယ်။ အမည်အမျိုးမျိုးသုံးပြီးနဲ့ စကားလုံးအမျိုးမျိုးနဲ့ ၀ိုင်းဝန်းတိုက်ခိုက်နေတာ ကျမက မှားနေလို့များလား။
မိဘကို အလိုအပ်ဆုံးလို့ ရွေးချယ်မိတဲ့ ကျမက မှားယွင်းနေပါသလား။ မိဘကို ပစ်ပယ်တာ မှန်တယ်လို့ ပြောစေချင်တာလား။
လူတွေဟာ ချီးကျူးတာခံနိုင်တယ် ဝေဖန်တာမခံနိုင်ဘူး ဆိုတဲ့စကားကရော မှားပါသလားရှင်။
မျက်စိကန်းတဲ့သူကို ဟေ့ - အကန်းကြီးလို့ ခေါ်ရင် ကြိုက်မယ်ထင်ပါသလား။
မျိုးစေ့မမှန်လို့ အပင်မသန်ဘူး ဆိုတာရော မဟုတ်လို့လား။ မျိုးစေ့မမှန်ဘဲ သန်လာတဲ့ အပင်ရှိလို့လား။
ထားပါတော့ … ဒီစကား ၂ ခုဟာ ကျမနဲ့ အယူအဆ မတူသူ ပညာရှိတို့အား စော်ကားချိုးနှိမ်သလို ဖြစ်သွားခဲ့ရင် ကျမ အနူးအညွတ် တောင်းပန်ပါတယ်ရှင်။ ကျမစကားကို ကျမ တာဝန်ယူပါတယ်။
ကျမ ဘယ်သူ့ကိုမှ မစော်ကားချင်ပါ။ စော်ကားလိုစိတ်လဲ မရှိပါ။ ဒီထက်လည်း ဘာမှ မပြောလိုတော့ပါ။
awww dokha dokha !
I like the posts of the bloggers who write in these comments. Their posts give me some kind of thoughts. Cheer!!!
But all these comments are nonsense for the readers except comments writers including me. (May be it is also nonsense for them.)
I would like to apology to all bloggers to emphaise ur workdone which are valuable for the readers.
Regards,
မနေတတ်မထိုင်တတ် ဆိုတဲ့ မိတ်ဆွေရဲ့ ဆွေးနွေးချက်လိုသာ တခြားသောသူများလဲ (လူကြီးလူကောင်းဆန်ဆန်) ဆွေးနွေးပေးခဲ့ရင် ဘယ်လောက်များကောင်းလိုက်လေမလဲဗျာ..
အခုတော့ ကျနော်တို့က
ထုတခါ၊ရိုက်တလှည်၊ ချိုတခါ၊ ချော့တလှည့်နဲ့
စစ်ကြောတဲ့ စစ်ကြောရေးစခန်းတခုထဲရောက်နေရသလိုပဲ
ဆဲတဲ့လူကဆဲ..ရိတဲ့လူရိ.. အေးဆေးဆွေးနွေးတဲ့လူက ဆွေးနွေး.. ကွန်မန့်တက်လာကြတဲ့အချိန်တွေကလဲ တထပ်တည်းကျလုနီးပါး
ထိုးနှက်ချက်တွေက ပုံစံအမျိုးမျိုးဆိုတော့ စိတ်ကို ထွေပြားသွားစေခဲ့တာတော့ အမှန်ပါပဲ။
ဆဲဆိုနေကြတဲ့ အမည်မသိပုဂ္ဂိုလ်များခင်ဗျာ..
ဘလော့ကို လာဖတ်သူ စာဖတ်ဝါသနာရှင်များကို ငဲ့ညှာသောအားဖြင့် ကျနော့်ကို ဆဲလိုက ကျနော့်မေးလ်ကိုသာ တိုက်ရိုက် အားရပါးရကြီး ဆဲဆိုနိုင်ကြောင်း မေတ္တာရပ်ခံပါတယ်..
တခုလောက် ပြောပါရစေရှင့်။ ကျွန်မ နာမည် စပယ်ဖြူပါ။ နာမည်အရင်ပြောလို့ တမျိုးတော့ မထင်လိုက်ပါနဲ့။ ကိုယ့်နာမည်တောင်ကိုယ် အကြောင်းအမျိုးမျိုးပြပြီး မပြောပြရဲပဲ အမျိုးသမီးတယောက်ကို ၀ိုင်းပြီးပြောနေကြတဲ့ ယောက်ျားရင့်မကြီးတွေနဲ့ မတူချင်လို့ပါ။
ကဲ။ ကျွန်မကို စကားအနည်းငယ်ပြောခွင့်ပေးပါ။ မမေဒါဝ
ီကို ရှင်တို့က တက်ညီလက်ညီနဲ့ သူ့မှားကွက်တွေကို ထောက်ရတာကို အားရကြပါပီလား။ လူဆိုတာ အမှားမကင်းပါဘူး။ ဒေါသထွက်ရင် အမှားဆိုတာပါမှာပါပဲ။ ဒါကို နားလည်ပေးလို့မရကြတာလား။ ဒါမှမဟုတ် ဒီလိုမျိုးပြောချင်လွန်းလို့ အကွက်ဆင်ခဲ့ကြတာလား၊ စဥ်းစားစရာတော့ ကောင်းပါတယ်။ မမေဒါဝီကို သူအမှားတွေမပြောခဲ့ဘူးလို့ မဆိုလိုဘူးနော်။ ဒါပေမယ့် သူအဲဒီလို စကားအမှားတွေ မပြောပြောအောင် နင်ပဲငဆပြောခဲ့တဲ့လူတွေကို ရှင်တို့ထည့်မတွက်ကြတာလား။ သူက စကားအမှားတွေပြောနေပီဆိုရင်တောင် အကျိုးသင့်အကြောင်းသင့် မဖျောင်းဖြပဲ ခင်ဗျားကိုယ့်စကားကိုယ်တာဝန်ယူပါဆိုတဲ့ စကားမျိုးနဲ့ ပြောဆိုပစ်လိုက်တာကရော၊ လွန်လွန်းရာမကျနေဘူးလားရှင်။ အဲဒီစကားကို သူက အသားလွတ်ကြီး စပြောခဲ့တာလား သူ့ကို မပြောပြောအောင် စကားမမှားမှားအောင် ၀ိုင်းပြီး ဖိအားပေးခဲ့ကြတာလားဆိုတာတော့ အပေါ်က ကွန်မန့်တွေက သက်သေပါပဲရှင့်။
မိဇိမပဒိပဒါ(စာလုံးအထပ်မရိုက်တတ်တာကို နားလည်ပေးပါ)နဲ့ ကိုင်ကိုင်ပေါက်နေတဲ့ အနေမတတ်အထိုင်မတတ်ဆိုသူ ယောက်ျားရင့်မကြီးကိုလဲ မေးချင်ပါတယ်ရှင့်။ မိဘကို မပစ်ပယ်ချင်လို့ သူ့ခံစားချက်ပါလို့ ပြောနေတဲ့ မိန်းမတယောက်ရဲ့ စကားအမှားကို မရရအောင်ရှာပီး မနေတတ်မထိုင်တတ် လိုက်ထောက်နေတာကရော အစွန်းမရောက်ပေဘူးလား။ ရှင်သာ တကယ်အလယ်အလတ်လမ်းစဉ်သမားဆိုရင် အဲဒီအလိုအပ်ဆုံးဆိုတဲ့ စာကို အရင်ဆုံးဖန်တီးခဲ့သူရဲ့ ဘလော့မှာ မထိတထိရိနေတဲ့ စာတွေကို အလယ်အလတ်လမ်းစဉ်ကျကျ မြင်အောင်သွားမဖတ်ဖြစ်တာလား။ ရှင်မမြင်တာဆိုရင် သွားဖတ်လိုက်ပါအုံး။ ဒါမှမဟုတ် မိဘကို မပစ်ပယ်တဲ့ မြန်မာမိန်းကလေးတယောက်က အစွန်းရောက်နေတာလား။ မိန်းမသားတယောက်ကို ယောက်ျားရင့်မကြီးတွေက ပုံစံအမျိုးမျိုးနဲ့ မှားကွက်ကို ရှာကြံထောက်ပြနေတာကတော့ လွန်လွန်းလှပါတယ်။ ရိထေ့တဲ့လူက ရိ၊ အကိုးအကားနဲ့ ရေပက်မ၀င်အောင်ပြောတဲ့လူက ပြော၊ ထောက်ခံတဲ့လူက ထောက်ခံ၊ ဆဲတဲ့လူကဆဲ အတိုင်အဖောက်ညီတဲ့ ပြဇာတ်တပုဒ်ကို ကြည့်နေရသလိုပါပဲရှင်။ တော်ကြပါပေတယ် ပညာရှိကြီးများရှင်။
ကျွန်မကတော့ ရှင်တို့တွေလို ပညာတတ်လူတော့်လူတော်ကြီးလဲ မဟုတ်ပါဘူး။ ပညာမတတ်ပေမယ့် လူတဖက်သားကိုလဲ အကွက်ကျကျ မနှိပ်ကွပ်တတ်ဘူး။ တဖက်သတ်ကြီး ဒီလိုဝိုင်းပြောနေတာကိုလဲ မလိုလားပါဘူး။ ကြိုက်ရင်ကြို့က်တယ် မကြိုက်ရင်မကြိုက်ဖူးပဲ ပြောမှာပါ။ ကျွန်မ ဒီဘလော့ကို မလာဖြစ်ရင် ရှင်တို့ ကျွန်မရဲ့ မေးလ်ကို ကြိုက်တဲ့ပုံစံနဲ့ စကားလာပြောနိုင်ပါတယ်။ မမမေဒါဝီရှင့်။ အားမငယ်ပါနဲ့ စိတ်မညစ်ပါနဲ့ ၊ မိဘကိုအလိုအပ်ဆုံးလို့ ရွေးချယ်တာဟာ မမှားယွင်းပါဘူး။ မှားတယ်လို့ သတ်မှတ်ကြရင်လဲ အဲဒီအမှားကို ညီမလေးကျေနပ်ပါတယ်။ ဒါပါပဲ။
sapalphyulay@gmail.com
ဟူး...။
တောင်ဘို့ တွေ သိပ်များတာဘဲဗျာ။ လူတွေဟာ ကိုယ်ရေးသလို၊ ကိုယ်ပြောသလို တကယ်လက်တွေ့  ကျင့်ကြံကြရင် သိပ်ကောင်းမှာဘဲ။
ဒီမိုး၊ ဒီလေ၊ ဒီလူတွေနဲ့ တော့ မိုးကြီးစုပ်စုပ်ချုပ်ရချေရဲ့ ။ (ဒီဘလောက် မှာရေးမိလို့  ဒီဘလောက်ပိုင်ရှင်ကို ရည်ရွယ်ပြောတာ မဟုတ်ပါဘူး။ အားလုံးကို ခြုံပြော ပြောတာပါ။)
ကျနော် အနူးအညွတ် တောင်းပန်ပါတယ်ခင်ဗျာ.. တော်လောက်ကြပါပြီ။
taw kya tar pae kg par tae a sin tway lal pyay kone kya par p thu to. har thu to. :D hee ko kalosayhtoo yay a thit ka lay tway tin par ohn byar ma phat ya tar kyar pop
တော်ကြပါတော့ဗျိုးးးးးးးးးးးးးးးးး
“တုနှိုင်းမမှီ”
- မိဘရဲ့မေတ္တာကို...
ကောင်းကင်ကလမင်းကြီးနဲ့ မနှိုင်းပါနဲ့
မိဘရဲ့မေတ္တာဟာ လမင်းကြီးနဲ့ မတူနိုင်ပါဘူး။
လမင်းကြီးမှာ လသာရက်၊ လမိုက်ရက် ရှိပေမယ့်
မိဘနှစ်ပါးမှာတော့....
မေတ္တာကင်းတဲ့ရက်ဆိုတာ မရှိနိုင်လို့ပါပဲ။
- မိဘရဲ့မေတ္တာကို...
တောတောင် လျှိုမြှောင်ကြားက စမ်းရေနဲ့မနှိုင်းပါနဲ့၊
မိဘရဲ့မေတ္တာဟာ စမ်းရေနဲ့မတူနိုင်ပါဘူး။
စမ်းရေဟာ တခါတရံမှာ ခမ်းခြောက်သွားတတ်ပေမယ့်
မိဘနှစ်ပါးရဲ့မေတ္တာတွေကတော့
ဘယ်တော့မှ ခမ်းခြောက်မသွားနိုင်လို့ပါပဲ။
- မိဘရဲ့မေတ္တာကို...
လှပတဲ့ပန်းပွင့်လေးတွေနဲ့ မနှိုင်းပါနဲ့၊
မိဘရဲ့မေတ္တာဟာ ပန်းပွင့်လေးတွေနဲ့လဲ မတူနိုင်ပါဘူး။
ပန်းတွေဟာ မကြာမီမှာ နွမ်းခြောက်သွားတတ်ပေမယ့်
မိဘနှစ်ပါးရဲ့ ရင်တွင်းက မေတ္တာပန်းပွင့်တွေကတော့
ဘယ်တော့မှ နွမ်းခြောက်မသွားနိုင်လို့ပါပဲ။
- မိဘရဲ့မေတ္တာကို...
သိပ်လုံခြုံတဲ့ အိမ်လေးတွေနဲ့လဲ မနှိုင်းပါနဲ့။
မိဘရဲ့မေတ္တာဟာ အိမ်လေးတွေနဲ့လဲ မတူနိုင်ပါဘူး။
အိမ်လေးတွေ အချိန်ကြာလာတာနဲ့အမျှ
အိုမင်းယိုင်နဲ့ သွားတတ်ကြပေမယ့်
မိဘနှစ်ပါးရဲ့ မေတ္တာတရားတွေကတော့
ဘယ်တော့မှ အိုမင်းယိုင်နဲ့သွားမှာ မဟုတ်လို့ပါပဲ....တဲ့။
ဒီစာသားလေးကတော့ “အရှင်အာစာရာလင်္ကာရ(ကိုးဘွဲ့ရ၊ စစ်ကိုင်း ရွှေဟင်္သာ)” ရေးထားတဲ့ “အသက်ပေးပြီးတော့ ချစ်တဲ့အမေ” ဆိုတဲ့ စာအုပ်ထဲကပါ။ (စာသားအပေါ်က ခေါင်းစဉ်ကတော့ ကိုယ့်ဖာသာတပ်လိုက်တာပါ) စာအုပ်ကို ဖတ်ပြီးသွားကြရင် မိဘတွေရဲ့မေတ္တာကို ပိုမိုနားလည်နိုင်ကြမှာပါ။ ဒီစာသားလေးလိုပဲ မိဘတွေရဲ့မေတ္တာကို ဘယ်အရာနဲ့မှ ခိုင်းနှိုင်းလို့မရသလို ဘယ်သူနဲ့မှလဲ ယှဉ်ပြိုင်နေစရာမလိုပါဘူး.....
ဒါ့ကြောင့် မိဘကိုရွေးမိတဲ့သူမှာ မှားနေတယ်ဆိုရင်လဲ မိဘမေတ္တာကို ဖော်ကျူးတဲ့ စာအုပ်တွေ၊ ကဗျာတွေ နဲ့ ရုပ်ရှင်တွေ ပေါ်ထွက်လာမှာ မဟုတ်တော့ပါဘူး။
ဘယ်သူတွေကများ မိဘနဲ့ယှဉ်ပြိုင်ပြီး အရွေးချယ်ခံချင်ပါသေးလဲ.........
မတော်ကြသေးဘူးလား။ တော်ကြတော့လေ။ သူများကိုတော်ခိုင်းပြီး ကိုယ်ကျတော့ ဘာလို့  မတော်တာလဲ။ တော်သင့်နေပါပြီ။ ဒီလိုဘဲ လူတွေဟာ ခက်တယ်။ :)
Post a Comment