Tuesday, December 11, 2007

နိုင်ငံခြား သွားမယ်ဆိုရင်…

မနေ့က ဖြစ်ပါတယ်။

ကျနော့် အီးမေးလ်တွေ စစ်လိုက်တော့ မြန်မာပြည်ထဲက ပို့လိုက်တဲ့ စာတစောင် ရောက်နေပါတယ်။ ဒါနဲ့ ဖွင့်ဖတ်ကြည့်လိုက်တော့ ကျနော့်ရဲ့ ဘလော့ဂ်ကို မကြာခဏ လာဖတ်လေ့ရှိတဲ့ စာဖတ်သူ တယောက်က ပို့လိုက်တဲ့ စာဖြစ်နေပါတယ်။ သူ ရေးပို့ပေးတဲ့ စာထဲမှာ ပါတဲ့ အချက်အလက်တွေက ကျနော် တဦးတည်းသာတင်မက အားလုံးကပါ ၀ိုင်းဝန်း ဖြေကြားပေးကြရင် ပိုကောင်းမယ်လို့ ယူဆလို့ အဲဒီ မိတ်ဆွေရဲ့ ခွင့်ပြုချက်ကို တောင်းခံပြီးတော့ ကျနော့် ဘလော့ဂ်မှာ တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အခြေအနေအရ အဲဒီ မိတ်ဆွေရဲ့ နာမည်နဲ့ အချက်အလက်တချို့ကိုတော့ ထိန်ချန်ခွင့်ပြုပါ။

ကျနော့်အနေနဲ့ အခု ပို့စ်ကို လာဖတ်မိသူ အားလုံးကို မေတ္တာရပ်ခံချင်တာကတော့ မိမိရောက်နေတဲ့ နိုင်ငံအလိုက်၊ တွေ့ကြုံရတဲ့ အတွေ့အကြုံတွေနဲ့ အခက်အခဲတွေ၊ အကြံပြုချင်တာတွေကို ဝေမျှပေးစေချင်ပါတယ်။ မိမိအတွေ့အကြုံနဲ့ ထင်မြင်ချက်ကို လွတ်လပ်စွာနဲ့ ကြိုက်သလို ရေးနိုင်ပါတယ်။ မြန်မာပြည်ကနေ နိုင်ငံရပ်ခြားကို သွားရောက်ဖို့ စဉ်းစားနေသူတွေအတွက် အခု ကျနော်တို့ ရေးလိုက်တဲ့ အတွေ့အကြုံတွေ၊ အကြံဉာဏ်တွေကနေ တဆင့် အကောင်းဆုံး ရွေးချယ်စရာ လမ်းတခုခု ရသွားတယ် ဆိုရင်တောင် ကျေနပ်စရာကောင်းမှာပါပဲ။

ကျနော့်ဆီကို ရောက်တာတဲ့ စာ မူရင်းကတော့ အောက်ပါအတိုင်းပါပဲ…

ကို ကလိုဆေးရေ...

အစ်ကိုက ကျနော်ကိုမသိပေမယ့် ကျတော်ကတော့ မကြာမကြာ အစ်ကို့ရဲ Blog ကိုရောက်ဖြစ်ပါတယ်။
ကျတော်နာမည်က … … … … … … … … … … … … … …
… … … … … … … … … … … … … …… … … …
… … … … … … … … … …… … … … … … … …
… … … … … …… … … … … … … … … … … …

ကျနော့်အနေနဲ့ ပြောစရာတွေရှိပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့တွေဟာ လုပ်ရင်းနဲ့သင်ယူနေရတာကြောင့်
ဝေဖန်မှုတွေကတစ်ဆင့် သင်ကြားနေရတယ် ဆိုတာကတော့ အမှန်ပါပဲ။ နောင်ကိုလည်း ဘယ်အရာကိုဆို ဝေဖန်နိုင်ပါတယ်လို့လည်း ပြောချင်ပါတယ်။ မေးလ်လိပ်စာ လှမ်းတောင်းလိုက်ရတဲ့ အကြောင်းကတော့ အစ်ကို့ကို မေးစရာလေးရှိလို့ပါ။


အင်တာဗျူးပေါ့ဗျာ။ ပြည်ပမှာရောက်နေတဲ့ လူတွေဖြေပေးနိုင်ရင် ကောင်းမယ့် အကြောင်းလေးတွေပါ။
ကျနော်တို့ဆီမှာ ခုလူငယ်တွေရော၊ လူကြီးတွေပါ စဉ်းစားနေကြတာက နိုင်ငံခြားသွားမယ် ဆိုတဲ့အကြောင်းပါ။
ပိုက်ဆံရှိတဲ့လူတွေပါသလို၊ ပိုက်ဆံမရှိတဲ့လူတွေလည်း ပါပါတယ်။ အများစုကတော့ ရောက်သွားဖို့သက်သက်ကို အရင် စဉ်းစားပါတယ်။ နောက်မှမီးစင်ကြည့် ကမယ်ဆိုတာတွေလည်းပါပါတယ်။
အဆင်ပြေသွားတဲ့ လူတွေရှိသလို အဆင်မပြေဘဲ ပြန်လာရတဲ့လူတွေလည်း ရှိနေရတယ်လို့
ကြားနေရပါတယ်။ အေးဂျင့်တွေ မသမာမှုလုပ်တယ် ဆိုတာတွေလည်း နောက်ပိုင်းတော်များများ တွေ့လာရပါတယ်။ အများစုကလည်း ကိုယ့်အားကိုယ်ကိုးချင်တဲ့ ပုံစံတွေတွေ့နေရပါတယ်။
လတ်တလော ဒီမှာယေဘုယျအားဖြင့်…

နိုင်ငံခြားမှာ သွားရောက်ဖို့ စဉ်းစားကြတယ်ဆိုတဲ့ နေရာမှာ ပုံစံအမျိုးမျိုး ရှိတဲ့အထဲက
အပြော များနေတာကတော့ ကျောင်းသွားတက်ရင်းနဲ့ ပညာရှာ အချိန်တန်ရင် အလုပ်ပါရနိုင်တယ် ဆိုတဲ့လမ်းကြောင်း။

နောက်တစ်ခုက တရားဝင်သည်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ၊ အရင်ဆုံး ရရာအလုပ်လုပ်ပြီး နောက်မှ အခြေအနေကြည့် ဆက်လုပ်မယ် ဆိုပြီး စဉ်းစားတဲ့လမ်းကြောင်း။

တစ်ချို့ကတော့
မိဘကလည်း ပိုက်ဆံရှိတယ်၊ နိုင်ငံခြားသွားလို့ ပိုအဆင်ပြေဖို့ပဲ ရှိတယ်ဆိုတဲ့ လမ်းကြောင်း၊

ဒီတစ်မျိုးကတော့ ရှားပါသေးတယ်။
ဒီမှာတတ်တဲ့ပညာနဲ့ နိုင်ငံခြားမှာ အဆင်မြင့် အလုပ်အကိုင်တစ်ခုကို လုပ်ကိုင်ဖို့သက်သက်နဲ့ ထွက်ဖို့ ရည်ရွယ်တဲ့သူတွေပါ။ ဘယ်လိုပဲဖြစ်ဖြစ် အားလုံးမှာ သွားမယ်ဆိုတဲ့အတွေးတွေရှိနေပါတယ်။


အားလုံးကလည်းသွားဖို့နဲ့ အတူ အဆင်ပြေမှာပါဆိုတဲ့ အိပ်မက်တွေလည်းပါနေကြပါတယ်။ သွားပြီးမှ အဆင်မပြေ ဖြစ်တာကိုတော့ဘယ်သူမှမလိုချင်ကြပါဘူး။ အများစုက အခြေကျနေထိုင်ဖို့အထိ
စဉ်းစားလာကြတော့ နိုင်ငံခြားမှာလက်တွေ့နေထိုင်နေတဲ့ လူတွေအနေနဲ့ နိုင်ငံခြားသွားဖို့ပြင်နေကြတဲ့လူတွေကို
ဘယ်လိုအကြံတွေများ ပေးနိုင်ကြမလဲ။

သူတို့ကိုယ်စား မေးခွန်းတစ်ချို့မေးလိုပါတယ်။ သီးခြားလွတ်လပ်သောအမြင်တွေပေးနိုင်ရင်
ပိုကောင်းပါတယ်။ ကျနော်မေးလိုတဲ့မေးခွန်းတချို့ကတော့ … …


၁။ နိုင်ငံခြားသွားတဲ့လူတိုင်း အဆင်ပြေဖို့ဆိုတာ မျှော်လင့်ချက်အားဖြင့် ဘယ်နှစ်ရာခိုင်နှုန်းလောက်ရှိနိုင်ပါသလဲ။ (ဒီမေးခွန်းအတွက်ဖြေဆိုပေးတဲ့နေရာမှာ အစမှာပြောခဲ့တဲ့ စဉ်းစားပုံ လမ်းကြောင်းပေါ်ကို အခြေခံစေလိုပါတယ်။
ယေဘုယျအားဖြင့်လည်းဆွေနွေးနိုင်ပါတယ်။)

၂။ ပထမဆုံးကျောင်းသွားတက်မယ်...။ ကျောင်းတက်ရင်းအလုပ်လုပ်တာလည်း ဖြစ်ချင်ဖြစ်မယ်။ ကျောင်းပြီးမှ အလုပ်ရှာလုပ်မယ် ဆိုတာလည်းရှိမယ်။ အလုပ်အတွက် သီးသန့်သွားတာ မဟုတ်ဘဲ ကျောင်းသွားတက်ရင်း အလုပ်ရှာ၊ နောက်… အခြေကျနေထိုင်ဖို့ စဉ်းစားတဲ့လူတွေ အတွက် ဘယ်လိုအခက်အခဲမျိုးတွေ ရှိနိုင်မလဲ။

၃။ တချို့ကလည်းရှိပါတယ်။ သားသမီးတွေ နိုင်ငံခြားသွားနိုင်ဖို့ ရှိသမျှအရင်းအနှီး၊ အိမ်ရာ အစရှိသဖြင့်ထုခွဲပြီး စွန့်စားလိုက်ကာမှ အဆုံးမှာ အခက်တွေ့နေရတဲ့ လူတွေပါ။ ဒီလိုစွန့်စားတာမျိုးကောလုပ်သင့်ပါသလား။

၎။ နိုင်ငံခြားထွက်တယ်ဆိုတာ အရည်အချင်းရှိသူတွေရဲ့ ထွက်ပေါက် ဖြစ်တယ်။ နိုင်ငံခြားမှာကြုံရမယ့် စိန်ခေါ်မှုတွေကို ခံနိုင်ရည်ရှိမယ့် အရည်အချင်းမျိုး မရှိရင် မလွယ်လှဘူး ဆိုတာတွေ ပြောနေကြတာရှိပါတယ်။ ဒါကကော ဘယ်လောက်အထိမှန်နိုင်မလဲ။ နောက် နိုင်ငံခြားမှာ
င်္ကြုရနိုင်တဲ့ စိန်ခေါ်မှုတွေကရောဘာတွေများဖြစ်နိုင်မလဲ။

၅။ ကျနော်တို့မြန်မာတွေအတွက်ရော နိုင်ငံခြားကအလုပ်အကိုင်အခွင့်အလမ်းဆိုတာ ဘယ်လောက်ရှိနိုင်ပါသလဲ။

၆။ နောက်ပြောကြတာတွေလည်းရှိပါတယ်။ နိုင်ငံခြာသွားတယ်ဆိုတာ ထီထိုးတာမဟုတ်ဘူး။ ဖြစ်နေတာက
စွန့်စားပြီး သွားရတာတွေ ဖြစ်နေတယ်။ သက်သက်သာသာမဟုတ်ပဲ ပြန်မရတဲ့လူတွေက များနေတယ်။
အလုပ်ကြမ်းသမားမဟုတ်တော့ အခက်င်္ကြုတဲ့အခါ ဖြေရှင်းဖို့ခက်ပြီး မအပ်စပ်တာတွေ၊ မမျှော်လင့်တာတွေ
ဖြစ်လာရတယ်။ မိန်ခလေးတွေ ဆိုရင် ယဉ်ကျေးမှုအရ မတူညီတာတွေ အများကြီးရှိနေတော့ လိုက်လျောညီထွေ
ဖြစ်ဖို့၊ အခက်အခဲရှိလာတဲ့အခါ အလွယ်တကူဖြေရှင်းနိုင်ဖို့ ဆိုတာတွေမှာ လက်တွေ့အနေအထားအရ ရုန်းကန်
နေရတဲ့ အခြေအနေတွရှိနိုင်တယ်ဆိုတာတွေလည်းကြားနေရပါတယ်။ ဒါတွေကရော ဘယ်လောက်အထိ မှန်ကန်မှုတွေ ရှိနိုင်ပါသလဲ။

၇။ နိုင်ငံခြားမှာနေထိုင်ဖို့ ကုန်ကျစရိတ်အသေးအဖွဲက စလို့ ကုန်ကျစရိတ်တွေ ဘယ်လောက်ရှိနိုင်ပါသလဲ နဲ့
အစ်ကိုတို့ဆီမှာရော သာမန်လူတစ်ယောက်ရတဲ့ ၀င်ငွေနဲ့ ထွက်ငွေ ကွာဟမှုက ဘယ်လောက်ရှိနိုင်ပါသလဲ။

၈။ နောက်ဆုံးအနေနဲ့ နိုင်ငံခြားသွားမယ့်လူတစ်ယောက်ဟာ သေချာပြင်ဆင်ပြီမှ သွားသင့်ဆိုတာကို လက်ခံပါသလား ဆိုတာနဲ့ ရင်းနှီးမြှုပ်နှံမှု အသွင်ဆောင်လာတဲ့ နိုင်ငံခြားသို့သွားရောက်မှုတွေ အတွက် ထွက်ခွာသူတွေဟာ ဘယ်လိုပြင်ဆင်မှုတွေ လုပ်သင့်သလဲဆိုတာ သီးခြားအင်္ကြပေးစေလိုပါတယ်။

မှတ်ချက်။ ။ ပြည်ပသွားရောက်မည့်သူများ အခက်မတွေ့စေရန်
ရည်ရွယ်ချက်သက်သက်ဖြင့်သာ မေးမြန်းခြင်းဖြစ်ပါသည်။

25 comments:

မောင်လူအေး said...

ကိုစေးထူးရေ...
ဒီ အကြောင်းအရာနဲ့ ပတ်သက်ပြီး ကျွန်တော်လည်း ပို့စ်တစ်ခုရေးဖူးပါတယ်။ နောကိထပ်လညိး Detail ဆက်ရေးသွားဖို့ ရှိပါတယ်။ အခု အစ်ကို့ပို့စ်ထဲပါတဲ့ အချက်အလက်လေးတွေ အရရေးရရင်တော့ ပိုပြီး Refernce လုပ်ရေးရ အဆင်ပြေမယ် ထင်ပါတယ်။ ဝေမျှတဲ့ အတွက်လည်းကျေးဇူးပါ ကိုစေးထူးရေ။

chaos said...

နိုင်ငံခြား၊ နိုင်ငံခြားနဲ့ လူတွေ ပါးစပ်ဖျားမှာတော့ တော်တော်ကိုရေပန်းစားတယ်နော်။ တစ်ခုရှိတာက ကျွန်မ တို့ ဘယ်နိုင်ငံမှာပဲနေနေ struggle ဆိုတဲ့ ရုန်းကန်မှုကနေ မလွတ်မြောက်နိုင်ပါဘူး။ ဆင်းရဲတဲ့ နိုင်ငံမှာပဲဖြစ်ဖြစ်၊ ချမ်းသာတဲ့ နိုင်ငံမှာပဲဖြစ်ဖြစ်၊ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံမှာပဲ ဖြစ်ဖြစ်၊ နိမ့်ကျပြီး လူစဉ်မမှီတဲ့ နိုင်ငံမှာပဲဖြစ်ဖြစ်၊ Food,clothing and shelter အတွက် ကျွန်မတို့ ရုန်းကန်လုပ်ရှားနေတဲ့ အချိန်မှာ ငွေ ဆိုတဲ့ ပစ္စည်းတစ်ခုရှိမှာသာ ကျွန်မတို့ ဒီလောကမှာ ကျင်လည်ဖို့အဆင်ပြေမယ်လေ။ ဒါနဲ့ပဲ ပညာတတ်တွေ ပညာနဲ့လုပ်စားကြသလို၊ ပညာတတ်မဟုတ်တဲ့လူတွေလဲ အတတ်ပညာနဲ့ ဘ၀အတွက်ရုန်းကန်နေရတယ်။ ဒါပေမယ့် နိုင်ငံခြားသွားမှ မဟုတ်ပါဘူး။ ကိုယ့်တိုးတက်ရာ၊ ရေကြည်ရာ မြက်နုရာပေါ့။ တကယ်လို့သွားမယ်ဆိုလဲ အထူးသဖြင့် culture shock ကိုတော့လူတိုင်း adjust လုပ်နိုင်အောင် ကြိုးစားရမယ်။ ယဉ်ကျေးမှုမတူ၊ စရိုက်မတူကြဘူးလေ၊ ဘာပဲဖြစ်ဖြစ် အနည်းအများအချိန် တစ်ခုတော့ အသားကျအောင် လုပ်ရမှာပဲ။ အထူးသဖြင့် မိန်ကလေးတွေပေါ့။ ကျွန်မတို့ မြန်မာ အမျိုးသမီးတွေက အရှက်နဲ့သိက္ခာကို အသက်နဲ့တောင် လဲရဲတယ်ဆိုကတည်းက ကိုယ့်ကိုယ်ကို တန်ဖိုးထားတယ်ဆိုတာ သိသာပါတယ်။ အနောက်နိုင်ငံတစ်ချို့ရဲ့ ယဉ်ကျေးမှုတွေက ကျွန်မတို့နဲ့ ကွာဟတာတွေရှိတယ်။ တစ်ခါတစ်ရံ အဲ့ဒါတွေကို မနှစ်မြို့ဘူး။ ကျွန်မ သာဆိုရင် အခွင့်အရေး တစ်ခုရမယ်ဆိုရင် နိုင်ငံခြားမှာ ပညာသွားသင်ချင်တယ်။ ပြီးတော့ ကိုယ့်တိုင်းပြည်မှာ ကိုယ်ပြန်နေမယ်လေ။ ရုန်းကန်ရမှာချင်းအတူတူ ကိုယ်နှစ်သက်တဲ့နေရာလေးမှာ ကိုယ့်ဘ၀ကို အေးအေးချမ်းချမ်လေးနဲ့ အချိန်ကုန်လိုက်ချင်လို့ပါ။ အစ်ကိုစေးထူးရေ ကျွန်မ ၀င်ရေးတာတော်တော်ရှည်သွားပီ။ တော့ပစ်နဲ့ တိုက်ဆိုင်လားမဆိုင်လားတောင် မသိတော့ဘူး။
အားနာတယ် အစ်ကိုရေ

ခွန်မြလှိုင် said...

ကိုစေးထူးရေ.. လာရောက်ဖတ်ရှု မှတ်ချက်ပေးမလို့ဟာ ခုတော့ ရေးပြီးသားတွေ ရှိနေတာနဲ့ ပြန်ပဲ ညွှန်ပေး လိုက်တော့ မယ်နော်။ ကျွန်မက ထိုင်းတစ်နိုင်ငံပဲ သေချာ သိတာ ဆိုတော့ ကျွန်မရဲ့ ဘလော့က လေ့လာစရာ ထိုင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုစေးထူး ဖြေပေးစေချင်တဲ့ မေးခွန်း နံပါတ် ၁။ ၂။ ၄။ ၅။ ၆။ ၇ အတွက် အဖြေ ဖြစ်မယ့် ပို့စ်တွေ တင်ထား ပေးပါတယ်။ မေးခွန်း နံပါတ် ၃ အတွက်ကတော့ တရားလွန် စွန့်စားမှု မလုပ် သင့်ကြောင်း ကြိုပြော ချင်ပါတယ်။ ကျွန်မကို သူငယ်ချင်း များက ခံစစ်မှူး လို့တော့ ခေါ်ကြ တယ်ရှင့်။ ကျွန်မက မသေချာဘဲ မလိုအပ်ဘဲ လုံးဝ မစွန့်စား လို့ပါ။ သားသမီးရဲ့ ဉာဏ်၊ ၀ီရိယ ကို ယုံဦးတော့ ကံက ရှိပါသေးတယ်။ နောက်ပြီး ပြည်တွင်းမှာ ဖြည့်ဆည်း လာတဲ့ အတွေ့အကြုံက နိုင်ငံခြားမှာ တကယ်ရော ကိုယ့်ကိုယ်ကို ကာကွယ် နိုင်ရဲ့လား ဆိုတာ အတွက် ဖြစ်တတ်တဲ့ ဖြစ်ခဲ့ဖူးတဲ့ ကျွန်မကိုယ်တိုင် မြင်ဖူးတဲ့ အဖြစ်အပျက် လေးတွေ ကိုလဲ http://www.ainmat.com/index.php?/archives/733-unknown.html မှာ တင်ပြ ပေးဖူး ပါတယ်။ နိုင်ငံခြားမှာ ကြုံရမယ့် စိန်ခေါ်မှု အပြောင်း အလဲက သွားတဲ့ နိုင်ငံပေါ် မူတည်ပြီး ကွာပါမယ်။ မြန်မာနဲ့ ဘာသာတရား၊ ရိုးရာ၊ ယဉ်ကျေးမှု၊ ရေမြေ၊ ရာသီဥတု၊ အစား အသောက်က အစ အတော့ကို နီးစပ် တူညီတဲ့ ထိုင်းမှာတောင် အထာ မသိလို့ ဒုက ရောက်ပေါင်းလဲ များပါတယ်။ မေးခွန်း နံပါတ် ၈အတွက် အဖြေကတော့ သေချာ ပြင်ဆင် ပြီးမှ သွားသင့်တာ ကို ရာနှုံးပြည့် ထောက်ခံ ပါတယ်။ ကျွန်မ ကိုယ်တိုင် ပြင်ဆင် ခဲ့တာ ကတော့ အဲဒီ နိုင်ငံ အကြောင်း သိနိုင်သမျှ သတင်း အချက် အလက် (ဘာသာ တရား၊ ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ ထုံးစံ၊ ရေမြေ၊ ရာသီဥတု၊ အစား အသောက်၊ အထာ နဲ့ မြေပုံများ)၊ ကြုံနိုင်ခြေ ရှိတဲ့ ပြသနာများ အားလုံးကို စဉ်းစား ထားမှု၊ အဲဒီအတွက် ကြိုတင် ပြင်ဆင် ထားမှု၊ ကျန်းမာရေး (ကျန်းမာရေး အာမခံ ကုမ္ပဏီများ အကြောင်းမှ အစ) ၊ စိတ်ဓာတ် ကြံ့ခိုင်ရေး၊ အတတ်နိုင်ဆုံး အကူအညီ မတောင်းဘဲ ကိုယ်တိုင် ဖြေရှင်းလေ့ ရှိပေမယ့် အကူအညီ တောင်းလို့ ရနိုင် လောက်တဲ့ အနီးစပ်ဆုံး လူစာရင်း လေးကိုလဲ စာရင်းတို့ ထားတတ် ပါသေးတယ်။ ဒီလောက်ဆို ထိုင်းကို လာဖို့ အဆင် ပြေလောက် ပါပြီနော်။

မောင်မျိုး said...

ကိုစေးထူးရေ့ 
ဒီပို့ စ်လေးကအရမ်းကောင်းပြီး နိုင်ငံခြားထွက်ချင်သူတွေအတွက် အကျိုးရှိတဲ့ပို့ စ်လေးဖြစ်တဲ့အတွက် ကော့မန့် အရှည်ကြီးရေးခဲ့ပါတယ်ခင်ဗျာ....။
နိုင်ငံခြားထွက်ချင်သူတွေအတွက် အဆင်ပြေဖို့ မျှော်လင့်ချက် အနေနဲ့ က အထက်မှာဖော်ပြထားတဲ့..ပညာရှာပြီး အချိန်တန်ရင် အလုပ်လုပ်မယ်ဆိုတဲ့အချက်က ကိုယ့်မှာအာမခံချက်တစ်ခုရှိထားတဲ့အတွက် မျှော်လင့်ချက် အများဆုံး ထားနိုင်ပါတယ်...။
တရားဝင်သည်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေဆိုတဲ့ အချက်က ပြောတာသာလွယ်တယ်..ကတယ်ကြုံတဲ့အခါကျ အခက်ခဲတွေအများကြီးပါ ၊အဲ့ဒီအတွက် ကိုယ့်ဘက်က အများကြီး ကြိုတင်စဉ်းစားထားသင့်တယ်..ခံနိုင်ရည်ရှိဖို့ အတွက်လဲ ကိုယ့်ရဲ့ စိတ်ကို ပြင်ဆင်ထားသင့်ပါတယ်..။
သားသမီးတွေ နိုင်ငံခြားသွားဖို့ အတွက် ရှိသမျှအရင်းအနှီး၊ အိမ်ရာ အစရှိသဖြင့်ထုခွဲပြီး စွန့်စားလိုက်တာကိုတော့ ကျနော့် အနေနဲ့ မလုက်သင့်ဖူးလို့ ထင်တာတယ်...မျှော်လင့်မထားတဲ့ အခြေနေနဲ့ ရင်ဆိုင်ရတဲ့အခါ အလုပ်လုပ်နေတဲ့ သူအတွက်ကော နောက်ပိုင်းမှာ ကျန်ခဲ့တဲ့ သူတွေ အတွက်ပါ စိတ်ဆင်းရဲ စရာတွေနဲ့ ကြုံတွေ့ နိုင်တယ်.။
နိုင်ငံခြားမှာကြုံရမယ့် စိန်ခေါ်မှုတွေကို ခံနိုင်ရည်ရှိမယ့် တွေကကတော့ အများကြီးပါ ကိုယ့်ရဲ့  စိတ်၊ အနေအထိုင် အားလုံးကို ပြောင်လဲနိုင်.ရမယ်.သေချာတာကတော့ကျနော် တို့ ရဲ့  လွတ်လပ်မှုတွေကို စတေးရမှာပါ.. ဒါကတော့ကျနော့်ရဲ့ကိုယ်တွေ့ ပါ..။ နောက်ပြီး လူမျိုးရေး မုန်းတီမှုရှိတဲ့ နိုင်ငံတွေ ဆို ပိုပြီးဆိုမှာပါ...သူတို့ရဲ့ ဝေဖန်မှုတွေကို ခံနိုင်သလားး၊ ဘယ်လောက်အတိုင်းတာထိ ခံနိုင်သလဲ မခံနိုင်ရင်တော့ ကိုယ့်ရဲ့  ရပ်တည် မှု အားလုံးပါ ပြောင်လဲ သွားနိုင်ပါတယ်..။
့အခက်င်္ကြုတဲ့အခါ ဖြေရှင်းဖို့ခက်ပြီး မအပ်စပ်တာတွေ၊ မမျှော်လင့်တာတွေ၊ မိန်ခလေးတွေ ဆိုရင် ယဉ်ကျေးမှုအရ မတူညီတာတွေ အများကြီးရှိနေတော့ လိုက်လျောညီထွေ
ဖြစ်ဖို့၊ အခက်အခဲရှိလာတဲ့အခါ အလွယ်တကူဖြေရှင်းနိုင်ဖို့ ဆိုတာတွေမှာ လက်တွေ့အနေအထားအရ ရုန်းကန်
နေရတဲ့ အခြေအနေတွရှိနိုင်တယ်ဆိုတာတွေ က တကယ်ရှိပါတယ်..။ ဒါက ကျနော် လက်ရှိနေထိုင်နေတဲ့ နိုင်ငံ အနေနဲ့ ပါ...အဲ့ဒီအတွက် ကိုယ့်ဘက်က ပါးနပ်မှု လိုပါတယ် ၊ ကုညီပေနိုင်မဲ့ အဖွဲ့ စည်တွေ ဘယ်လိုဖက်သွယ်နိုင်မှာလဲ ဆိုတာ ကိုလဲ စုံစမ်းထားသင့်တယ်..။
နိုင်ငံခြား မှာ ကုန်ကျစရိတ် ကတော့ ရေ မြင့် ကြာမြင်ဆိုသလို ပါပဲ...နေစရိတ်..စားစရိတ် အသေးအဖွဲက အစ နှုတ်ကြည့် ပါ... ကိုယ်ရတဲ့ ၃ ပုံ ၁ ပုံလောက်တော့ အသာလေးကုန်မှာပဲ ဒါကလဲ လက်ရှိ ကျနော်ရဲ့ ၀င်ငွေနဲ့ ထွက်ငွေ ကွာဟမှုပါ..။ဒီနေ့ ရာလေမှာ အကြံပြုချင်တာလေးတစ်ခုက အပေါင်းသင်ကြောင့် အများကြီးပြောင်လဲ သွားနိုင်ပါတယ်..အားလုံဖွံ့ ဖြိုးတိုးတတိတဲ့နိုင်ငံ မှာလမ်းမှာရောက်သွားနိုင်တဲ့ ပျော်ရွှင်မှုတွေလဲအများကြီး..အဲ့လိုသာ ဖြစ်ရင်တော့ သေချာတယ် ဘယ်တော့ မှ နလန်ထူနိုင်တော့မှာ မဟုတ်ပါဘူးး...။
နိုင်ငံခြားသွားမယ့်လူတစ်ယောက်ဟာ ကိုယ် သွားမယ့်နိုင်ငံရဲ့ ဘာသာစကားတစ်ခုကို မဖြစ်မနေတတ်မြောက်ထားသင့်ပါတယ်...ဒါကတော့ အခြေခံလိုအပ်ချက်တစ်ခုပါ ...အားလုံးခြုံပြောရရင် ဗုဒ်ဓဘာသာလူမျိုးတွေ ဖြစ်ကြတဲ့ အတွက် ရောက်တဲ့အရပ်မှာ ရတနာ သုံးပါနဲ့  မိဘ၊ ဆရာတွေကိုမမေ့ကြပါနဲ့ ....ကိုယ့်ရဲ့ ကုသိုလ် ကံကလဲ အများကြီးစကားပြောနိုင်ပါတယ်...။ နိုင်ငံခြားသွားမယ့်သူတိုင်း အားလုံးအဆင်ပြေကြပါစေလို ဆုတောင်းလိုက်ပါတယ်ခင်ဗျာ..။
( အားလုံးက ကျနော့်ရဲ့  ထင်မြင်ချက်များသာ ဖြစ်ပါတယ်..တစ်ခုခု လွဲမှာနေရင် နားလည်ပေးကြပါခင်ဗျာ..)

lwinmoe said...

The root of the problem "why young people want to leave the country?" will be more interesting survey and research. The question is if they can write about it? :)

Why don't you write about this, Ko Klo? I am sure you can make an online survey asking them a few questions. Based on their responses, I am sure you can write a nice article highlighting the socio-economic situations and the future of the young generation in Burma.

Just my two cents.
Best,
Lwin Moe

Gu Gu said...

ကိုကလိုစေးထူးရေ... ကျနော်ကတော့ ကျနော့် အတွေ့အကြုံနဲ့ ထင်မြင်ချက်လေးတွေကို ရေးပြီး ဒီမှာတင်ထားတယ်နော်... ဒီမှာ ရေးရင် စာတွေများလို့ တင်လို့ မရနိုင်မှာ စိုးလို့...

Gu Gu said...

Sorry for double comment. The first link was invisible.
http://cybersandbox.googlepages.com/klosayhtoo_ans

Chit Lay Pyay said...

အကိုစေထူးရေ တော်တော် ရည်ရွယ်ချက် ကောင်းတဲ့ ပို့စ်လေးပါပဲ၊ နိုင်ငံခြားသွားချင်တဲ့ လူငယ်တွေ အတွက် အကျိုးရှိမယ့် ပို့စ်လေးပါပဲ ၊ ကျွန်မရဲ့ ဗဟုသုတနဲ့ မေးခွန်းတွေကို ကြိုးစားပြီး ဖြေပေးသွားပါမယ်၊

၁) နိုင်ငံခြား သွားတဲ့ လူတိုင်း အဆင်ပြေမှုဆိုတာ မျှော်လင့်ချက် အားဖြင့် ၅၀ ရာနှုန်း လောက်တော့ ရှိမယ်လို့ ထင်ပါတယ်၊ ဒါကလဲ ကိုယ် ဘယ်လို ပုံစံမျိုးနဲ့ သွားမလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်၊


၂) ကျောင်းတက်ပြီးမှ အလုပ်ရှာပြီး အခြေကျ နေနိုင်ဖို့ ကတော့ သိပ်အခက်အခဲ သိပ်မရှိနိုင်ပါ၊ ကျောင်းတက်နေတုံး ကျောင်းစရိတ်၊ နေစရိတ်၊ စားစရိတ်တို့ စသည့် အခက်အခဲ ကလွဲလို့ ၊ ပြီးတော့ ကိုယ်ယူတဲ့ ဘာသာနဲ့ လိုက်ပြီး ကျောင်း ပြီးသွားရင် အလုပ် လွယ်မလွယ်ကတော့ ကံနဲ့ မိမိရဲ့ အရည်အချင်း နဲ့သာ ဆိုင်ပါတယ်၊

၃)အဲလို စွန့်စားမှုမျိုးတော့ မလုပ်သင့်ပါဘူး၊

၎) စိန်ခေါ်မှုတွေကို ခံနိုင်ရည်ရှိဖို့ အရည်အချင်းကတော့ သိပ်ကို လိုပါတယ်၊ စိန်ခေါ်မှုတွေကတော့ တဦးနဲ့ တဦး တူချင်မှ တူမှာပါ။ ပတ်ဝန်းကျင်နဲ့ အလုပ် ရဲ့ အသိုင်းအ၀ိုင်း လိုက် တယောက်နဲ့ တယောက် မတူနိုင်တာပါ၊ အဓိကတော့ communication နဲ့ ဘာသာစကား အခက်အခဲ ပါပဲ၊

၅) မြန်မာတွေအနေနဲ့ နိုင်ငံခြားက အလုပ်အကိုင် အခွင့် အလမ်း ဆိုတာ ဘယ်လောက် ရှိသလဲ ဆိုတာတော့ ခန့်မှန်းရ ခက်ပါတယ်၊

၆) ကတော့ ခွန်မြလှိုင်ပြော သလိုပါပဲ၊

၇) နိုင်ငံခြားမှာ နေထိုင်မှု စရိတ်ကတော့ မိမိဝင်ငွေရဲ့ ၃ ပုံ ၁ပုံ ကနေ၊ ထက်ဝက်လောက် အထိတော့ ကုန်ကျ နိုင်ပါတယ်၊ ဒါကတော့ နေမှုဆိုတဲ့ အိမ်စရိတ်ပေါ်မှာ လိုက်ပြီးတော့ အတိုးအလျော့ ရှိပါတယ်၊ စားစရိတ်ကတော့ ပုံမှန် လောက်ဆိုရင် ဘယ်နိုင်ငံမှာဆိုရင် ကောင်းကောင်း စားနိုင်ပါတယ်။ အဓိက မကုန်မဖြစ်ကတော့ သွားလာရေး စရိတ်ကိုလည်း ထည့်စဉ်းစားသင့်ပါတယ်၊

၈) နိုင်ငံခြားသွားမဲ့ သူတစ်ယောက်ဟာ သေချာပြင်ဆင်ပြီးမှ သွားသင့်ပါတယ်၊ ဒါမှ နိုင်ငံရပ်ခြားရောက်တဲ့ အခါ ကိုယ့်အတွက် အခက်အခဲဆိုတာတွေ လျော့နည်းနိုင်ပါတယ်၊ ရင်းနှီးမြှပ်နှံမှု အသွင်ဆာင်တဲ့ နိုင်ငံခြားသို့ သွားလာမှုနဲ့ ပက်သက်တဲ့ ပြင်ဆင်မှုမျိုးကတော့ ကျွန်မရဲ့ beyond knowledge ဖြစ်နေတဲ့ အတွက် တခြား အတွေ့အကြုံ ရှိတဲ့ သူတွေ အဖြေပေးဖို့ မျှော်လင့်မိပါတယ်၊

အထက်ပါ အကြောင်းအရာတွေကတော့ ကျွန်မ သိသလောက် မျှဝေ ပေးထားတာပါ၊ အမှားများပါခဲ့ရင်လဲ ခွင့်လွတ် နားလည်ပေးဖို့ ကြိုတောင်းပန်ပါတယ်၊

nu-san said...

အကိုစေးထူးရေ..

လာလည်ရင်း ဒီပို့စ်လေးကို တွေ့လို့ ဖြေချင်တာနဲ့ comment မှာ ၀င်ရေးခဲ့လိုက်တယ်။ ကျမအတွေ့အကြုံသက်သက်ကိုပဲ ရေးတာမို့လို့ အမှားပါရင်ခွင့်လွှတ်ပါ..

၁။ နိုင်ငံခြားသွားတဲ့သူတိုင်း အဆင်ပြေနိုင်ဖို့ရာခိုင်နှုန်းက ဘယ်နိုင်ငံသွားမှာလည်းဆိုတာမူတည်ပါတယ်။ နောက်ပြီး ကိုယ်သွားမဲ့နိုင်ငံမှာ အသိအကျွမ်းနဲ့ ဆွေမျိုး ညီအကို မောင်နှမရှိရင်တော့ သူတို့ဆီက အကြံဥာဏ်ကို ယူလို့ရပါတယ်။ ဒီနေရာမှာလည်းပြောစရာရှိတာက ဆွေမျိုးရင်းခြာဆိုရင်တော့ အရေးမကြီးပါဘူး။ အသိအကျွမ်းဆိုရင်တော့ နိုင်ငံခြားကို မလာခင်တုန်းကတော့ အရင်ရောက်နှင့်ပြီးသား လူတွေဆီက လာသာလာခဲ့၊ အလုပ်က ရမှာသေချာတယ်။ လွယ်တယ်လို့ပြောပေမယ့် တကယ်တမ်းမှာတော့ ကိုယ့်အားကိုယ်ကိုးပြီး အလုပ်ရှာရတာပါပဲ။ အလုပ်ရရင်ကိုပဲ တော်တော်များများ အဆင်ပြေသွားနိုင်တာမို့ ၉၀ ရာခိုင်နှုန်းလောက် အဆင်ပြေဖို့များပါတယ်။ ဒါကတော့ အလုပ်နဲ့ပတ်သက်ပြီးသွားတာ ကိုပဲ ပြောတာပါ။

၂။ ငယ်ရွယ်တဲ့သူဆိုရင် ကျောင်းတက်ရင်း အလုပ်ရှာရတာ အဆင်ပြေပါတယ်။ ကိုယ်က စာလည်း လုပ်ရင်း တဖက်ကလည်း ကျောင်းစရိတ်အတွက် အလုပ်လုပ်တာ လုပ်နိုင်ရင် ကောင်းပါတယ်။ ကျမ ဂျပန်ကို လာတဲ့သူတွေ အကြောင်းကိုပဲ သိသလောက်ပြောပြမယ်နော်။ ၁) ဂျပန်ကို လာကြတဲ့သူတော်တော်များများက ဂျပန်ဘာသာ ကျောင်းလာတတ်ကြတယ်။ language school တွေက အဲဒီလို ကျောင်းသားမျိုးကို လက်ခံပြီး visa ထုတ်ပေးတော့ ကျောင်းဝင်ခွင့်ရပြီး ကျောင်းလခသွင်းပြီးရင် အဆင်ပြေသလောက်ရှိပြီ။ ဒီလိုမျိုးအတွက်တော့ ပိုက်ဆံတော်တော်များများရှိမှ အဆင်ပြေမှာပါ။ ကျောင်းလခက ဈေးကြီးပါတယ်။ ကျောင်းပေါ်မူတည်ပြီး လခကို ၁ နှစ်စာ သွင်းရတာမို့ ကိုယ်က ဘယ်လောက် တတ်နိုင်သလဲ ပေါ်မူတည်ပါတယ်။ ကျောင်းတက်ရင်းမှ အချိန်ပိုင်း အလုပ်ရှာရတာပါ။ အဲလိုပဲ ကျောင်းတခုပြီး တခု ပြောင်းအပ်ပြီး နေတဲ့သူတွေလည်းရှိပါတယ်။ ကိုယ်က ဂျပန်စကား လည်လည်ဝယ်ဝယ်ပြောတတ်မယ်ဆိုရင် တခြားအလုပ်ကို ပြောင်းလျှောက်လို့ ကံကောင်းရင်လည်း အလုပ်ရတတ်ပါတယ်။ ၂) နောက်တမျိုးကတော့ စကော်လာရှစ်လာတဲ့သူတွေပါ။ တချို့လည်း အချိန်ပိုင်းအလုပ်လုပ်ခွင့်ရှိတယ်။ တချို့လည်း အလုပ် လုပ်ခွင့်မရှိပါဘူး။ များသောအားဖြင့်လည်း အလုပ်မလုပ်ကြပါဘူး။ အဲလို လာတဲ့သူကတော့ ကျမ သိထားသလောက်ဆိုရင် စကော်လာပေါ်မူတည်ပြီး မြန်မာပြည်ကို ပြန်ကို ပြန်ရပါတယ်။ ဒီမှာ နေလို့မရပါဘူး။ အဲလိုလူမျိုးက အလုပ်လုပ်မယ်ဆိုရင်လည်း တရားဝင် ဘယ်သူမှ မခန့်ရဲကြပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ Immigration ရုံးနဲ့ ငြိမှာမို့လို့ပါ။ အဲဒီလိုမျိုး အဆင်ပြေတယ်လို့တော့ မကြားမိပါဘူး။ ရှိကောင်းရှိနိုင်ပါတယ်။ ၃) နောက်တမျိုးကတော့ အတတ်ပညာကျောင်းတခုခုတက်ဖို့ လာတဲ့သူတွေပါ။ မာစတာ ဆက်တက်ဖို့ လာတယ်၊ ဒေါက်တာဘွဲ့ဆက်တက်ဖို့လာတယ်။ ကျမအဲဒီဘက်ကိုတော့ သိပ်မသိတဲ့အတွက် မရေးတော့ပါဘူး။ နောက်ပြီး ဂျပန်မှာက အလုပ်ရှိရင် stay ရှိပြီး၊ PR လိုမျိုး ရဖို့အတော်ကို ခက်တာမို့လို့ ရေရှည်နေမယ်ဆိုရင် စဉ်းစားသင့်ပါတယ်။ စင်ကာပူက ပိုကောင်းတာက ကျောင်းပြီးရင် PR တခါတည်းရမယ်၊ အလုပ်လည်း ရဖို့သေချာသလောက်ရှိတယ်။ အလုပ်မရှိရင်တောင် stay ရှိနေတဲ့အတွက် ပူစရာ မလိုဘူးဆိုတော့ ဘယ်ဟာက ပိုကောင်းလည်းဆိုတာ သေချာ လေ့လာဖို့လိုပါတယ်။

၃။အဲဒီလိုမျိုး လုပ်တဲ့သူတွေလည်းရှိပါတယ်။ ဒါပေမယ့် မလုပ်သင့်ဘူးလို့ပဲ ပြောချင်ပါတယ်။ အဆင်ပြေသွားတဲ့သူတွေလည်း ရှိပေမယ့် တကယ့်ကို အဆင်မပြေခင်မှာ စိတ်ဆင်းရဲရတာက တော်တော်ဆိုးပါတယ်။ အဓိက stress ပေါ့။ တော်ရုံ လက်ထဲ ပိုက်ဆံနည်းနည်းရှိလို့ လာတဲ့သူတွေတောင် အလုပ်မရရင် မအိပ်နိုင် မစားနိုင် စိတ်ပူရတာ။ မိဘက ရှိတာ ထုခွဲပေးလိုက်လို့ အဆင်မပြေရင် ဆိုတဲ့အတွေးက လူကို တော်တော် နှိပ်စက်တဲ့အပြင် အားလုံးလည်း စိတ်ဆင်းရဲကြရမှာပါ။ ဒီနည်းနဲ့တော့ နိုင်ငံခြားကို မလာချင်ပါနဲ့။ မလုပ်ပါနဲ့လို့ ပြောပါရစေ။

၎။ အဓိကကတော့ အပေါ်ကလူတွေ ပြောထားသလို၊ ဆွေးနွေးထားသလိုမျိုး ကိုယ့်စိတ်ဓာတ်ဘယ်လောက် ခံနိုင်ရည်ရှိသလဲဆိုတာ စမ်းသပ်တာပါပဲ။ တခါမှလည်း နိုင်ငံခြား မသွားထားဖူးဘူး။ အခုမှ သွားရမဲ့လူအတွက်တော့ ပိုက်ဆံရှိအုံးတော့ နိုင်ငံခြားရောက်ရင်နေဖို့၊ စားဖို့၊ လာကြိုဖို့၊ ပတ်ဝန်းကျင်အသစ်မှာ ကျင်လည်ဖို့၊ မြန်မာပြည်နဲ့ ကွာခြားတဲ့ ပတ်ဝန်းကျင်ကို ရောက်သွားပြီဆိုတော့ လူတိုင်းဟာ ကိုယ့်လူမျိုး ကိုယ့်အသိုင်းအ၀န်းလို မဟုတ်တော့တာတွေကြောင့် အရင်ဆုံး ကိုယ်နဲ့ နီးစပ်ရာကို လေ့လာ စမ်းစစ် ပြင်ဆင်ပြီးမှ သွားတာ အကောင်းဆုံးပါ။ နောက်ပြီး လူတွေရဲ့ စိတ်ဓာတ်ပါပဲ။ အချင်းချင်းကိုလည်းယုံကြည်ဖို့ရာက နည်းပါတယ်။ သူများအားကိုးလို့လည်း မဖြစ်နိုင်ပါဘူး။ ကိုယ့်ကိုကိုယ် အားကိုး၊ ယုံကြည်ချက်အပြည့်ရှိဖို့လိုပါတယ်။ ဘာသာစကား၊ ပေါင်းသင်းဆက်ဆံရေးကလည်း စိန်ခေါ်မှု တရပ်ပါပဲ။ ကျောင်းသားဆိုရင်လည်း မြန်မာပြည်က သင်ကြားရေးနဲ့ ကွာတဲ့အတွက် ပိုပြီး ကြိုးစားရမယ်ဆိုတဲ့ စိတ်က သူ့ဘာသာသူ အသိဝင်လာတာပါပဲ။ အလုပ်ထဲဆိုရင်လည်း အစပိုင်းတော့ အဆင်မပြေတာ၊ အလုပ်သဘောသဘာဝ မသိသေးတာ ဒါတွေက ကြုံကို ကြုံရမှာပါ။ ၁ လ ၊၂ လ နောက်ပိုင်းဆိုရင်တော့ လုပ်လက်စတွေ လုပ်ငန်းသဘာဝကို နားလည်လာပြီ။ ပတ်ဝန်းကျင်ကလူတွေနဲ့လည်း ဆက်ဆံလို့ရပြီဆိုရင်တော့ သူ့ဟာသူ အထာကျလာမှာပါပဲ။ အစပိုင်းကိုတော့အံကြိတ်ပြီး တင်းခံဖို့လိုပါတယ်။ နောက်တမျိုးကြုံရမှာက ကိုယ့်မြန်မာအချင်းချင်းကြောင့်ပါပဲ။ နိုင်ငံခြားရောက်ခါစမှာ သူ့ကို ကိုယ်မယုံ ၊ကိုယ့်ကိုလည်း သူမယုံ ၊ငါ့ဆီက ပိုက်ဆံချေးမလား အကူအညီများလာတောင်းမလားဆိုပြီး ကိုယ့်ကို မသိချင်ယောင်ဆောင်တာ၊ မခေါ်တာမျိုးတွေလည်း ကြုံကောင်းကြုံရနိုင်ပါတယ်။ စိတ်ရင်းနဲ့ ကူညီပေးမဲ့သူတွေ့လို့ကတော့ ကံကောင်းတာပါပဲ။ မပတ်သက်ချင်ဘူး ခပ်ကင်းကင်းနေတာပဲကောင်းတယ်ဆိုပြီး တရပ်ကွက်သားချင်းတွေ့ရင်တောင် မေးထူးခေါ်ပြောမလုပ်နိုင်ကြတော့ပါဘူး။ ဒါတွေကို ခေါင်းထဲက အတတ်နိုင်ဆုံး ထုတ်ပစ်နိုင်ဖို့အရေးကြီးပါတယ်။ ကိုယ်က ခံစားမိလိုက်ရင် စိတ်အနှောင့်အယှက်ဖြစ်ပြီး တခြားတွေးရမဲ့ကိစ္စတွေကို အာရုံလျော့ပါးနိုင်တာမို့ ဒါဟာလည်း စိန်ခေါ်မှု တရပ်ပါပဲ။

၅။ကျမသိသလောက် တော်တော်များများ ကွန်ပျူတာ သမားတချို့နဲ့ အင်ဂျင်နီယာ ဒီဇိုင်းသမားတွေဟာ မြန်မာပြည်ကနေ အလည်သဘောမျိုး စင်ကာပူ၊ ထိုင်း အစရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေကို အလည်ထွက်လာကြတယ်။ များသောအားဖြင့်တော့ စင်ကာပူကိုပါပဲ။ ပြီးမှ အလုပ်ရှာတယ် ကိုယ်နဲ့နီးစပ်ရာ ခင်မင်ရာ သူငယ်ချင်းဆီက အကြံဥာဏ်ယူပြီး ကိုယ်တိုင် အလုပ်ရှာ၊ Agent နဲ့လည်း ရှာရင်ရှာပေါ့။ Visa သက်တမ်းကုန်ရင် ဟိုမှာ ထပ်တိုးနိုင်သမျှ ထပ်တိုးပြီး အလုပ်ရှာရတယ်။ အလုပ်မရခင် စပ်ကြားတော့ ကိုယ့်စိတ်ကို ပြင်ဆင်ထားရတာပေါ့။ ကံကောင်းရင်လည်း အလုပ်ရတတ်ပြီး ကံမကောင်းတဲ့သူတချို့လည်း အဲဒီလိုပဲ လာလိုက်၊ အလုပ်ရှာလိုက်၊ မရရင် မြန်မာပြည်ပြန်လိုက်နဲ့ ၃ ခါလောက်မှ အလုပ်အဆင်ပြေတာမျိုးလည်း ကြုံဖူးတယ်။ သေချာတာကတော့ အလုပ်က ဘယ်အချိန်ပေါသလဲ၊ ကိုယ်က ဘာလုပ်မှာလည်းဆိုတာ သေချာပြင်ဆင်သွားတာ ပိုကောင်းတယ်။ ကွန်ပျူတာအလုပ်ဆိုရင် ရတာ မြန်တယ်။ ရဖို့လည်း အခွင့်အရေးများတယ်။ အင်ဂျင်နီယာသမားကတော့ ကိုယ်နဲ့ နီးစပ်ရာမှာ အလုပ်ရှိရင် ငါ့ကို ပြောပါဆိုပြီး အချင်းချင်း တယောက်နဲ့တယောက်လက်တို့ပြီး ပြောထားလို့ ကံကောင်းရင်လည်း ရတတ်တယ်။ နောက်တခုက သတင်းစာတို့ Agent တို့က အလုပ်ခေါ်တာကို လျှောက်လို့ သူတို့က ကိုယ့်နဲ့တွေ့ချင်တယ် အင်တာဗျူးကြည့်လို့အဆင်ပြေပြီဆိုရင်တော့ အဲလိုလူမျိုးအတွက်ကတော့ ကံအကောင်းဆုံးပါပဲ။ ဂျပန်မှာကတော့ ဘာသာစကားအရေးကြီးပါတယ်။ တိုကျိုမှာတော့ ဂျပန်စာ မတတ်ရင် အဆင်ပြေတယ်ပြောပေမယ့် အနည်းဆုံးတော့ ဂျပန်ဘာသာစကား level ဘယ်လောက်ရှိမှ၊ အင်္ဂလိပ်စာ TOIEC အမှတ် ဘယ်လောက်ရထားမှ ဆိုတာမျိုးတွေတော့ အလုပ်ကြော်ငြာထဲမှာ ဖတ်မိရလေ့ရှိတာမို့ ဘာသာစကားကိုလည်း ကျွမ်းကျင်အောင်လုပ်ထားရင် အလုပ်ရဖို့ များပါတယ်။

၇။ ကုန်ကျစရိတ်ဆိုတာ အဓိက မကုန်မဖြစ် ကုန်ရမှာက အခန်းခ၊ စားသောက်စရိတ် ၊ ခရီးစရိတ် ပါပဲ။ ကျန်တာကတော့ ၀င်ငွေထွက်ငွေကွာဟမှုက ကိုယ့်ပေါ်မူတည်ပါတယ်။ သေချာတာတစ်ခုကတော့ ကိုယ်ရတဲ့ငွေက အခန်းခနဲ့ စားသောက်စရိတ်ကိုတော့ ကောင်းကောင်းကာပေးနိုင်ပါတယ်။

၈။ သေချာပြင်ဆင်ပြီးမှ သွားသင့်ပါတယ်။ သေချာပြင်ဆင်ထားတာတောင်မှာ ကိုယ့်ရဲ့ ကံနဲ့လည်းဆိုင်တာဆိုတော့ အရာအားလုံးကို ပုံသေ ဒီလိုဖြစ်ရမယ်ဆိုပြီး တွက်ထားလို့မရပါဘူး။ အတတ်နိုင်ဆုံး စွန့်စားတယ်ဆိုရင်တောင် ဘယ်သူ့ကိုမှ မထိခိုက်မဲ့ စွန့်စားမှုမျိုးပဲ လုပ်စေချင်ပါတယ်။

ဆိုးသွမ်း said...

အပေါ်မှာ အားတက်သရော ဆွေးနွေးထားကြ
တာတွေ့လိုက်ရတော့ ဘာတွေပြောရမှန်း မသိလောက်အောင် ဖြစ်သွားတယ်။ ကိုကလိုရေ။
စိတ်တော့ မရှိပါနဲ့ဗျာ။ ကျွန်တော့်ဆန္ဒကတော့
အပေါ်မှာ ဆွေးနွေးထားတာတွေနဲ့ တစ်ထပ်တည်းကျတာတွေ ရှိတော့ သူတို့လိုပဲ
ကျွန်တော်လည်း ပြောပါရစေလို့ ပြောပါရစ။
ဒီကြားထဲ စာမေးပွဲလည်း ရှိနေလို့ ကွန်မန့်အ
ရှည်မရေးနိင်တာ ခွင့်လွှတ်ပေးပါ။

ဆိုးသွမ်း

Thet Thet Tun said...

It all depending on the individual personality. Some are willing to work at anywhere for anything. Some are very choosy. So, potential person planning to overseas must prepare to face the best while hoping the best.

Most people do not expect was to meet nice Burmese friend when they move. Actually, it is very difficult to find good Burmese friend outside of Burma. It is just because many overseas Burmese have to try very hard before they succeed something and most of senior are also had bad experience with newcomers. Thus, when they hear another new comer coming means " are they coming here to ask help from us and later they crook us or do not talk to us anymore." There are many situation like that. A lot of jealousy and envy among many Burmese communities.

Anonymous said...

Hi

You could use online survey tool on trial basis. The link is as follows:

http://www.surveyconsole.com/console/showEntry.do?utm_source=SurveyConsole&utm_medium=surveyref&utm_content=freetrial28&siteRef=181855

I will try to answer what I think about emigres, guest workers, brain drain (circulation/storage) or the Burmese citizens' individual qwest for fortune, skills or career.

If one had prepared, if one has work ethnic, if one knows why he is in overseas, going overseas is
good either for a short trip, study and work schemes, long term capitalization and career building or migration.

Preparation comes in three track:

1) Qualifications/Papers

BEHS or Matriculation, GCE, IB, SAT II subject tests, Bachelor degree in local educational institutions, NCC, NCC Higher, LSE or such creditable external examination schemes. All can be done inside Burma. One could top up paper qualifications with aptitude tests such as GRE, TOEFL, SAT I, TOEIC, GMAT, IELTS if one decide to seek further education.

(2) Skills
(2.1) Hard skills
Employers pay employees/workers for skills although papers (academic qualifications) open doors. One could seek skills
such as programming, accounting, finance, etc.. Training schools inside Burma has a lot of weaknesses, for example teaching a programming course that can be done in 3 days or 24 academic hours in overseas may take 3 months inside Burma. Those who seeks employable skills set should aim for certifications to prove the potential employer that he or she has the skills, skills tests could be vendor neutral or tied to a vendor. For example, one can seek MCP, MCSE, CCNA, MCSD, LCCI, ACCA, CIMA, CFA, USMLE, EIT, City and Guilds etc..

(2.2)Soft Skills
Language, Teamwork, EQ, AQ, etc..

(3) Experience
(3.1) Releavant Industry Experience
This is most valuable and that is why some people work for unpaid internships in multinationals

(3.2) professional work experience
in other industries/profession

(3.3) Other experience
such as volunteering online, in person at INGOs
involvement in open source community

Ottara said...

အားလုံးပေါင်းစုမယ်ဆိုရင် ၃ပိုင်းပိုင်းလို့ ရပါတယ်။

၁။ ကျောင်း
အိမ်ကဘယ်လောက် ကုန်ကုန်ပေးဖို့ 
အဆင်သင့် ။ပေါင်နှံရောင်းချစရာမလိုရင် ကျောင်းကောင်းကောင်းစရောက်ကတည်းတက်သင့်ပါတယ်။ အလုပ်လုပ်ဖို့ လာသူတွေကိုနားမယောင်ပါနဲ့ ။
ပိုပြီးကောင်းတဲ့ကျောင်းတက်ချင်ရင် ၁၀တန်းအဆင့်ပြန်
ဖြေပြီးတက်ပါ။ငွေကနောက်ပိုင်းမှာ ကျေတဲ့ အပြငိလုံးမကုန်အောင်ရပါလိမ့်မယ်။ ၅နှစ်လောက်တော့ရင်းရမယ်။

အလုပ်အတွက်ငွေရဖို့ လာတဲ့သူတွေက ကျောင်းကိုဟန်ပြလောက်ပဲတယ်ပါတယ်။
ဗီဇာပေးမပေးမသေချာ။ မပေးရင်ပြန်ရ။နိုင်ငံခြားမကောင်းဘူးပြောတတ်ပါတယ်။
အချို့ တွေ ဒုက္ခသည်ခံကြ။ အနာဂတ်မရေရပါ။ကိုယ့်ကိုယ်ကိုလိပ်ပြာမလုံကြပါ။

တကယ်ဒုက္ခသည်တွေကြ ကျောင်းစရိတ်အစိုးရကခံ။
စိတ်သန့် သန့် နဲ့ တက်လို့ ရပါသည်။


၂ ။အလုပ်

ကျောင်းကောင်းကောင်းမှပြီးသူများအလုပ်မပူရပါ။
ကျောင်းမကောင်းတကောင်းပြီးသူများ အလုပ်ရှင်ပေါ်မူတည်ပါသည်။ work Permit သူကပေးရင် အလုပ်ဆက်ရ။ မပေးရင်အခြားအလုပ်ရှာ။ သို့  ပြန်။

ဒုက္ခသည် အစိုးရကစားလောက်ရုံပေး။ အလကားပညာသင်ရတုန်းကမသင်ထားရင် အောက်ခြေအလုပ်ပဲရ။ သင်ထားရင် အလုပ်ကောင်းရ။
အလုပ်သည် ကိုယ့်အပေါ်အများကြီးမူတည်။

၃။အထွေထွေ

မြန်မာနိုင်ငံနှင့်အများကြီးကွာခြား။
နိုင်ငံရေးကအစပြောချင်တာပြောလို့ ရ။
အစား အ၀တ် အိမ် ကိုယ့်ဝင်ငွေပေါ်မူတည် နေ လို့ ရ။
ရာသီဥတု language အလုပ် stress များစွာရှိ။
အချောင်ခိုလျှင်ခိုသလောက်ပဲရ။

မြန်မာပြည် ကသင်သောပညာ facts and figure ကောင်း။လက်တွေ့ နဲ့ ကွာ။ ဒီမှာက ကျောင်းပြီးရင်
training တွေရှိ။ပြန်တက်ပြီးမှအံဝင်။

nyo said...

ဂျပန်နိုင်ငံနဲ့ပတ်သက်လို့ကတော့ မနုစံပြောခဲ့သလိုပါပဲ..
visit visa ရလို့ လာပြီးvisa extension လုပ်မယ်လို့ စဉ်းစားနေသူတွေအတွက် တစ်ခုပြောချင်တာက
- အခု visa extension ကို လုပ်မပေးတော့တာပါ..
(ကျွန်မသိသလောက်ကိုပြောတာပါ)
- မြန်မာပြည်ပြန်ပြီး visa ပြန်လုပ်ရပါတယ်..
-တချို့ကလည်း visit visa နဲ့လာပြီး ရတဲ့အလုပ်လုပ်၊ကျောင်းလျှောက်ပြီး visa extension လုပ်မယ်ဆိုပြီးလာ ပြီးတော့ အလုပ်လည်းမရ၊ extension လည်းမရပဲ ပြန်သွားရလို့ပါ..
-visit visa နဲ့ part-time job ရဖို့တော်တော်လေးခက်ပါတယ်..
-ရောက်ရင်ပြီးရော over stay ဖြစ်ဖြစ်ဆိုသူတွေအတွက်လည်း ကျီးလန့်စာစားဘ၀ကို မစွန့်စားဖို့ပြောချင်ပါတယ်..
-ဂျပန်မှာတရားဝင်လာပြီး အလုပ်လုပ်မယ့်သူတွေအတွက် ဂျပန်စကားတတ်ဖို့ကတော့ မရှိမဖြစ်လိုအပ်ပါတယ်..

သဇင်ဏီ said...

ဦးနှောက်သေးသေးလေးနဲ့ နည်းနည်းတော့ ၀င်ရေးလိုက်မယ်နော်..အရမ်းရေးချင်လို့ပါ

၁။ နိုင်ငံခြားသွားတဲ့လူတိုင်းအဆင်ပြေဖို့မပြေဖို့ဆိုတာ ကိုယ့်အရည်အချင်းပေါ်မှာ မူတည်တယ်လို့ထင်ပါတယ်.. မိမိကိုယ်ပိုင် Confidence ရှိရင် ဘယ်အရာမဆို တစ်ဝက်တော့ ကျိမ်းသေပေါက် အောင်မြင်နိုင်ပါတယ်..

၂။ကျောင်းကိုဦးစားပေးပြီးထွက်လာရင်တော့ အလုပ်ဆိုတာက မသေချာသလောက်ပဲလေ.. ၀င်ငွေဆိုတာကလည်းအသေးသုံးလောက်ပဲရမယ်... နောက်ကနေ အလုံအလောက်ထောက်ပံ့နိုင်မယ့် မိဘဆွေမျိုးရှိရင်တော့ အိုကေမှာပေါ့နော်.. ကိုယ့်ဘက်ကတော့ အစွမ်းကုန်ကြိုးစားပေါ့

၃။ အဲဒီနည်းလမ်းကြီးကတော့ တကိုယ်ကောင်းဆန်တယ်.. မိဘကကိုယ့်ကို ထောက်ပံ့ပေးဖို့ဆိုတာ ဟုတ်ပေမယ့်.. ကိုယ်ကလည်း မိသားစုအခြေအနေကို ပြန်ကြည့်သင့်တယ်.. စွန့်စားဖြစ်ခဲ့ရင်တော့ အောင်မြင်တဲ့အထိလုပ်ပေါ့.. မဟုတ်ရင် ကိုယ့်သမိုင်းမှာ ကိုယ်မကောင်းကြောင်း ပြန်ရေးသလိုဖြစ်သွားမှာပေါ့နော်

၎။ ၅။ စိန်ခေါ်မှုတွေကတော့ အများကြီးရှိနိုင်ပါတယ်..အလုပ်နဲ့ပတ်သက်ရင် ကပ်တာတွေရှိမယ်.. ပညာပြတာတွေရှိမယ်.. နစ်နာအောင် ချောက်တွန်းတတ်တာတွေရှိမယ်… ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီး သူများထက်တော်အောင် အမြဲတမ်းကြိုးစားနေရင်တော့ အဆင်ပြေနိုင်ပါတယ်.. ရောက်ရာနေရာတိုင်းမှာ ခေါင်းဆောင်မဖြစ်တောင် သူများနောက်လိုက် မဖြစ်ရင်အိုကေမှာပါ... အထူးသဖြင့် မြန်မာဆိုရင်တော့ အထင်သေးတဲ့ မျက်လုံးနဲ့ကြည့်တာခံရမယ်.. မြန်မာလားလို့ ပြန်မေးတာခံရမယ်... ဒါကတော့ အမြဲကြုံနေကျ အတွေ့အကြုံတစ်ခုပါ…

၆။ ထီထိုးတာမဟုတ်တဲ့အတွက်ကြောင့် ကိုယ်ပိုင်အစွမ်းအစနဲ့ကြိုးစားဖို့လိုပါတယ်.. အားလုံးကို စွန့်ပစ် မျက်စိစုံမှတ်ပြီးထွက်လာခဲ့ပြီးမှ အရာရာကို ဖြစ်သလိုအကောင်းဆုံး နေတတ်အောင်စဉ်းစားပါ..
မိန်းကလေးတွေ အနေနဲ့ အခက်အခဲတွေကို အလွယ်တကူ ဖြေရှင်းတဲ့ နည်းလမ်းတွေကို လိုက်တယ်ဆိုတာကလဲ ပတ်ဝန်းကျင်နဲ့ အခြေအနေအရ ပြောင်းလဲသွားတာမျိုး ရှိကောင်းရှိပါတယ်.. မိမိသာလျှင်မူလပထမဆိုတော့ အကောင်းဆုံးလမ်းကို မိမိကိုယ်တိုင်ပဲရွေးပေါ့

၇။ မြန်မာနိုင်ငံကလွဲရင် အားလုံးက ၀င်ငွေနဲ့ထွက်ငွေကွာခြားမူ အရမ်းကြီးမရှိပါဘူး.. အိုကေပါတယ်..

၈။ အစအဆုံးသေချာပြင်ဆင်ပြီးမှ သွားတာတော့ အကောင်းဆုံးပေါ့.. English ဘာသာကို လည်လည်ပတ်ပတ်ပြောတတ်ဆိုတတ်ရမယ်.. သွားမယ့်နိုင်ငံမှာ အမိဘာသာစကားရှိတယ်ဆိုရင်လဲ အဲဒီဘာသာစကားကိုလေ့လာသင့်တယ်.. အသက်မွေးဝမ်းကြောင်းပညာတစ်ခုခုကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ရမယ်.. စကားပရိယာယ်ကြွယ်ဝရမယ်.. ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်ရှိရမယ်.. သူများနောက်လိုက်မဖြစ်စေရဘူးဆိုတဲ့စိတ်ဓာတ်ရှိနေရမယ်..

ကလိုစေးထူး said...

အားတက်သရောနဲ့ ၀င်ရောက်ဆွေးနွေးပေးကြတဲ့ သူငယ်ချင်းတွေရဲ့ ကွန်မန့်တွေက တကယ်ကို အားရ လေးစားစရာပါပဲ။ အမှန်တော့ ဒီပို့စ်က ကျနော့် စိတ်ကူးစိတ်သန်း မဟုတ်ပါဘူး။ ဒါကြောင့် ဒီပို့စ်နဲ့ ပတ်သက်လို့ ချီးကျူးရမယ်ဆိုရင်တော့ ကျနော့်ဆီကို စာပေးပို့လာတဲ့ မိတ်ဆွေရဲ့ စိတ်ကူးကိုပဲ ချီးကျူးသင့်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အားလုံးဆီက ရတဲ့ အတွေ့အကြုံများစွာ၊ အတွေးအမြင်များစွာကနေ တဆင့် တစုံတခုသော အကြံဉာဏ်ကောင်း ရသွားတယ်ဆိုရင်ပဲ ကျေနပ်စရာ ကောင်းမှာပါ။ နောက်ထပ် ဆွေးနွေးကြမယ့် သူငယ်ချင်းများရဲ့ အမြင်များကိုလည်း ကြိုဆိုပါတယ်။ အားလုံးကျေးဇူးပါ။

တပြည်သူ အိမ့်ချမ်းမြေ့ said...

ကိုစေးထူး…
ဖြေထားပေးတယ်နော်
http://ainchannmyay.blogspot.com/2007/12/blog-post_13.html

Thyda said...

I tried to write in Myanmar but again , go back to English as I can type much quicker than Myanmar.

Thanks a lot for posting this subject ko say htoo!!though email was written by another person Because of you, we can make comments.

I’d like to share my experiences in Japan. I am sorry that not to answer questions one by one. Mine one is more on working after studying in graduate school (Master, PhD) in Japan.

Firstly, I’d like to repeat again that you must know Japanese language if you’d like to come to Japan. If you learn Japanese until native level Japanese (level 1), it would be perfect. Please do not expect that you can use English anyway in Japan (that's me who thought like that :-D). I was surprised that those Japanese who already passed Master of university could not speak out simple Basic English sentences. On the other hands, some Japanese speak English like a native but those Japanese are very limited amount in Japan.

And I’d like to suggest that please do not think that you can easily learn Japanese language in Japan (I do not mean for those who would like to come to Japan for Japanese study at Japanese language schools). Even if, you’d like to come to Japan to study Japanese, your life would be more easier in Japan if you’ve learn Japanese for certain level in Myanmar. Once you came Japan, you have to give time for other matters and less time for language. Language is the most important thing in Japan (the same as other languages in other countries). If you do not know about Japanese language, your Master& PhD would be nothing but except for IT professional who are not necessary to use Japanese language in their work. And there are also some exceptions which Japanese language is not necessary. But generally, Japanese language is a must for surviving in Japan.

Secondly, if you’d like to attend graduate universities in Japan, please get information directly from concern universities (from web sites, and asking via email). Please do not get information from Third party. Generally, every university gave enough information for admission of their universities. This URL would be useful for you to find Japanese universities http://www.jasso.go.jp/index_e.html
You can find graduate universities which teach in English. There are some undergraduate universities which teach in English but those are very limited amount.

You can apply scholarship through those universities or directly to scholarship foundation. If you did great in your past record in Education, you would have many possibilities to get a good scholarship. And I’d like to suggest you that please read all the information which universities give, and you would find the way how to get scholarship. According to my experiences, scholarship which you must return back to your own country (Myanmar)(scholarship org send you back until airport, give to government staff only in case of Myanmar (not in other countries). Some private students got the scholarship which has some restriction (you may have to go back to your own country) but …..(ok, I should not write). Anyway, you could find ways to get good scholarship but I do not say it is easy.

Thirdly, English is also important if you’d like to get a good job in Japan. Many Job vacancies mentioned that Japanese-Business level or native level and English-Business level or native level, plus your knowledge in your professional area and working experiences. Please also keep in your mind is that you would have competitors who came from western countries and finished their education from very famous universities and perfect in Japanese language.

Fourthly, if you did well in your universities, if you have a good human network, if you are good at Japanese and English language, you would surely get a job in Japan. If you get a job in Japan, your income would be cover for your food, clothing and shelter. And you can save some money and you can send back enough money to your home in Myanmar.

Surely, there are many differences between Japan and Myanmar (culture, religion, thoughts and etc). But as Japan is Asian country, you can feel Asian culture in Japan.

I’d like to write more, but please let me stop here as my comments is too long.

All the best to all of you!!

ညီလင်းသစ် said...

ကိုကလိုစေးထူးရေ...အားလုံးကဘက်စုံထောင့်စုံကနေ ဆွေးနွေးသွားတဲ့အကြောင်းအရာတွေက ကျနော်ပြော ချင်တာတွေနဲ့ အနည်းနဲ့အများထပ်တူကျတာမို့ အထွေ အထူးမဆွေးနွေးတော့ပါဘူး၊ တော်တော်လေးကို ပြည့် စုံကောင်းမွန်တဲ့ မှတ်ချက်တွေပါပဲဗျာ၊ ဒီစာလေးကို တင်ပြီးသဘောထားကောက်ခံလိုက်တာဟာ တကယ့် ကို အကျိုးရှိတဲ့လုပ်ရပ်လေးပါပဲ၊ လေးစားပါတယ်ဗျာ...။

မိုးသောက်ယံ said...

ကိုစေးထူးရေ ကျနော် တမ်းပလိတ်တွေ တော်တော်ဒုတ်ခ များနေတာနဲ့ ခုမှ လာတော့ တော်တော်များနေပီပဲ ဆွေးနွေးထားတာတွေက .. စုံပါတယ် .. ကျနောပေးလဲ ဒီလိုပဲ ပေးမိမှာဆိုတော့ ၀င်မဆွေးနွေးတော့ပါဘူးအကိုရာ လာတာနောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ် ကိုစေးထူးရာ .. :wonsoy:

အိမ်ကိုလွမ်းတဲ့ ရွှေဂျမ်း said...

ကျွန်မ မအားလို့ ခုမှ လာဖြေရတာ ခွင့်လွှတ်ပါ ကိုစေးထူးရေ။ သူများတွေ ဖြေပေးထားတာ တော်တော်လေး ပြည့်စုံနေပြီ ဖြစ်ပေမယ့် ကတိပေးထားတဲ့အတိုင်း ကျွန်မ အမြင်လေးတွေပဲ ဖြေပေးလိုက်ပါတယ်နော်။

၁။ နိုင်ငံခြား သွားတဲ့လူတိုင်း အဆင်ပြေဖို့ ဆိုတာ ရာခိုင်နှုန်းနဲ့ တပ်အပ်ပြောလို့ ရတဲ့အရာ မဟုတ်ပါဘူး။ သွားတဲ့နေရာ၊ သွားတဲ့ အကြောင်းရင်း၊ မိမိရဲ့ ငွေရေးကြေးရေး အခြေအနေ၊ သွားတဲ့နေရာမှာ ရှိတဲ့ ကျောထောက်နောက်ခံ စသည်ဖြင့် သွားမယ့်လူ တစ်ဦးချင်းရဲ့ အခြေအနေအမျိုးမျိုးအပေါ်မှာ မူတည်ပါတယ်။

၂။ ကျောင်းသွားတက်ရင်း အလုပ်လုပ်မယ့်သူ၊ ကျောင်းပြီးသွားလို့ ဆက်အလုပ်လုပ်မယ့်လူတို့ရဲ့ ရှိနိုင်တဲ့ အခက်အခဲတွေထဲမှာ ပထမအားဖြင့် ကျောင်းသားဘ၀နဲ့ အလုပ်လုပ်နိုင်ခွင့်က နည်းပါတယ်။ သွားတဲ့ တိုင်းပြည်ပေါ်မှာ မူတည်တဲ့အပြင် အလုပ်ရရှိနိုင်တဲ့ နေရာဒေသ၊ အခြေအနေတွေပေါ်မှာ မူတည်မယ်လို့ ထင်ပါတယ်။ ဥပမာ - ကျောင်းသားဗီဇာနဲ့ လာတဲ့သူတွေဟာ ကျောင်းသားဘ၀ အလုပ်လောက်က လွဲရင် တခြားမှာ အလုပ်လုပ်ခွင့် ရလေ့ မရှိပါဘူး။ ကိုယ့်လူမျိုး အချင်းချင်း တိုးတိုးတိတ်တိတ် အလုပ်ပေး လုပ်ကြတာ မျိုးရှိနိုင်တာကလွဲရင် ဥပဒေနဲ့ မညီတဲ့အတွက် တော်ရုံ အလုပ်ရှင်က အလုပ်မခန့်ရဲတတ်ပါဘူး။ နောက်ပြီး အလုပ်လုပ်တဲ့သူတိုင်းဟာ ကျောင်းစာကို ရာနှုန်းပြည့် အချိန်ပေးနိုင်မှာလည်း မဟုတ်ပါဘူး။ ကျောင်းပြီးသွားလို့ အချိန်ပြည့် အလုပ်လုပ်ချင်ရင်လည်း အလုပ်ရှင်က နိုင်ငံခြားသားကို အလုပ်ခန့်ရမှာ ဖြစ်တဲ့အတွက် အဲဒီ သူတို့နိုင်ငံက လူဝင်မှု ကြီးကြပ်ရေးနဲ့ လျှောက်လွှာတင်တာ၊ ဗီဇာပြောင်းတာ စတဲ့ ကရိကထတွေ ခံနိုင်ဖို့ လိုပါသေးတယ်။ အလုပ်လျှောက်တဲ့ အချိန်မှာလည်း ဘာသာစကား အခက်အခဲတွေ ရှိနေသေးရင် သူတို့ နိုင်ငံသားတွေနဲ့ အပြိုင် လျှောက်ရမှာမို့ ကိုယ့်ဘက်က သူတို့ထက် မသာလွန်ရင်တောင်မှ တန်းတူ အရည်အချင်းတွေ ပြည့်မှီနေဖို့လည်း လိုအပ်ပါသေးတယ်။ အဆင်ပြေသွားတဲ့ လူတွေလည်း ရှိတာပါပဲ။

၃။ သားသမီးတွေရဲ့ ပညာရေးကို အားပေးတာတော့ ကောင်းပါတယ်။ ဒါပေမယ့် အကုန်စွန့်စားပြီး အဆင်မပြေ ဖြစ်လာခဲ့ရင် ကျန်ခဲ့တဲ့ မိသားစု ဒုက္ခရောက်တဲ့ အထိတော့ မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ သားသမီးတွေကို နိုင်ငံခြားမှာ ပညာသင်ခိုင်းရင် ထည့်သွင်း စဉ်းစားထားသင့်တဲ့ အချက်ကတော့ ဒီသားသမီးတွေ ပြန်မလာပဲ နေသွားနိုင်တာပါပဲ။ အဲဒီလို ပြန်မလာတာကို အားပေးပြီး နောက်တော့ မိဘတွေ ကိုယ်တိုင် လိုက်သွားရင် မြန်မာပြည်ကို စွန့်ခွာသွားချင်တဲ့ လူတွေလည်း တွေ့ဖူးပါတယ်။ ရှိတဲ့ သားလေး သမီးလေးတွေ ပြန်မလာရင် ဆိုတဲ့ အတွေးမျိုးကိုလည်း ထည့်သွင်း စဉ်းစားထားဖို့ပါပဲ။ အထူးသဖြင့် ငယ်တုန်းအရွယ်မှာ နိုင်ငံခြားလွှတ် ကျောင်းတက်ခိုင်းလိုက်ရင် မြန်မာပြည်ကို မပြန်မယ့် ရာနှုန်း ပိုများတာကို တွေ့ရတတ်ပါတယ်။
၎။ နိုင်ငံခြားထွက်တယ် ဆိုတာနဲ့ တွေ့ရမယ့် အခက်အခဲ စိန်ခေါ်မှုတွေက အများကြီးပါပဲ။ ဘာသာစကား အခက်အခဲ၊ ယဉ်ကျေးမှုဓလေ့ ကွာခြားမှု၊ နေထိုင်စားသောက်ပုံ ကွာခြားမှုတို့က စလို့ အခြား အနေအထိုင် အစားအသောက် ခက်ခဲမှု၊ ငွေကြေး ကြပ်တည်းမှု၊ လုပ်ငန်းခွင် အခက်အခဲ၊ လူမှုရေး အခက်အခဲ စသည်ဖြင့် အစုံပါနိုင်ပါတယ်။ မိသားစုတွေနဲ့ ဝေးရာမှာမို့ ရုန်းကန်မှုတွေအကုန်လုံးကို တစ်ယောက်တည်း ကြုံးရုံးခံစား တတ်ရမှာ ဖြစ်ပြီး စိတ်ဓါတ်ခိုင်မာဖို့ အများကြီးလိုပါတယ်။ အခြား ခက်အခဲတွေက အကူအညီတောင်းရင် ဖြေရှင်းလို့ ရနိုင်ပေမယ့် အလွယ်တကူ စိတ်ဓါတ်ကျတတ်ရင် မိသားစုနဲ့ ဝေးရပ်မှာ နေရတာ ခက်ခဲပါလိမ့်မယ်။ ကျွန်မတို့ မြန်မာတွေအတွက် မိသားစုတွေဟာ support group ဖြစ်တဲ့အတွက် ကြောင့် နိုင်ငံခြားရောက်ခါစမှာ တော်တော် နေရထိုင်ရ ခက်ခဲတတ်ကြပါတယ်။

၅။ အလုပ်အကိုင်အခွင့်အလမ်းဆိုတာကတော့ တစ်ဦးချင်းရဲ့ အရည်အချင်းနဲ့ သွားတဲ့ နေရာဒေသပေါ်မှာ မူတည်တယ်လို့ပဲ ထင်ပါတယ်။

၆။ အခက်အခဲဆိုတာတွေကတော့ ဘယ်သူမဆို တွေ့ရမှာပါပဲ။ ဒါပေမယ့် ရောက်ပြီးစ ခဏရဲ့ အခက်အခဲတစ်ချို့ဟာ သွားတဲ့နိုင်ငံရဲ့ နေထိုင်သွားလာမှုပုံစံထဲမှာ နေသားကျလာတာနဲ့ အမျှ လျော့နည်းသွားမှာ ဖြစ်ပါတယ်။ adapt လုပ်တာ မြန်တဲ့ လူငယ်တွေဆို ခဏလေးနဲ့ နေသားကျသွားတတ် ကြပါတယ်။ ဘာသာစကား၊ ပညာရပ်ဆိုင်ရာ အခက်အခဲ စသည်တို့ကတော့ ကြိုးစားမှုနဲ့ အတူ အဆင်ပြေ သွားမယ့် အရာတွေပါ။

၇။ ကုန်ကျစရိတ်နဲ့ ပါတ်သက်လို့ကတော့ သွားမယ့် နေရာ ရဲ့ living cost ကို ကြိုတင် လေ့လာထားသင့် ပါတယ်။ မြန်မာပြည်မှာလို မိဘနဲ့ အတူနေ အတူစားတဲ့ ဘ၀ မဟုတ်တော့တဲ့ အတွက် အိမ်ခန်းငှားခ၊ ရေဖိုး၊ မီးဖိုး၊ ဖုန်းဖိုး၊ စားစရိတ် စသည်တို့ အပါအ၀င် လူနေမှု စရိတ်တွေအကုန် ပေးရတော့မယ်ဆိုတာ သိထားရမှာပါ။ နိုင်ငံခြား အတော်များများရဲ့ ထုံးစံအတိုင်း ကိုယ့်တိုင်းပြည်မှာ တစ်ခါမှ မပေးဖူးတဲ့ ကျန်းမာရေး အာမခံစရိတ်လို အထူးကုန်ကျစရိတ်တွေ ရှိဦးမယ် ဆိုတာလည်း နားလည်ထားရမှာပါ။

၈။ ဘယ်အရာမဆို သေသေချာချာ ပြင်ဆင်ပြီးမှ လုပ်တာတော့ မမှားပါဘူး။ အထူးသဖြင့် စုဆောင်းငွေတွေကို ရင်းနှီးပြီး စွန့်စားသွားကြရမယ့်သူများအတွက်ကတော့ ပိုတောင် ပြင်ဆင်သင့်ပါသေးတယ်။ အကြံပေးချင်တာကတော့ ကိုယ်က တစ်နေရာကို သွားဖို့ စိတ်ဝင်စားတယ်ဆိုရင် အဲဒီနေရာကို တကယ် သွားဖူးသူ၊ ကိုယ်သွားမယ့် ပုံစံမျိုးနဲ့ ရောက်သွားပြီး အလုပ်လုပ်နေသူ ကျောင်းတက်နေသူများကို သေသေချာချာ စကားပြောကြည့်ကြဖို့ပါ။ အထူးသဖြင့် စာတွေဖတ်ပြီး ကိုယ့်ကို ဆရာလုပ်မယ့် သူနဲ့ တကယ် လက်တွေ့ ကြုံဖူးသူ ပြောပြပုံချင်းဟာ မတူနိုင်ပါဘူး။ သူတို့ပြောသမျှ ယုံဖို့ရယ်လို့ မဟုတ်ပါဘူး။ တစ်ဦး အခြေအနေနဲ့ တစ်ဦး တူချင်မှ တူမှာပါ။ သူတို့ အတွေ့အကြုံတွေထဲက ဆောင်ရန် ရှောင်ရန်တွေကို ကိုယ့်ဘာသာကိုယ် ချင့်ချိန် မှတ်သားတတ်ဖို့ပါပဲ။

အဖြေတွေက အထောက်အကူ ဖြစ်မဖြစ်တော့ မသိဘူး။ အားလုံး အဆင်ပြေကြပါစေလို့ မျှော်လင့် ဆုတောင်းပေးပါတယ်။

တပြည်သူ အိမ့်ချမ်းမြေ့ said...

ကိုစေးထူးရေ..
ကျွန်မ ရေးထားတာ သိပ်ရှည်လို့ မထမတော့ ကျွန်မဘလော့ဂ်မှာပဲတင်ထားတာ အခု ဒီမှာပါ လာထားပေးပါတယ်။ ကျန်သူတွေလဲ ဖတ်နိုင်အောင်လို့ပါရှင်။

(ကျွန်မ နေနေသော တိုင်းပြည်နဲ့ ကျွန်မရဲ့ ရှုထောင့်တစ်ခုတည်းမှသာ တတ်နိုင်သလောက် ဖြေထားခြင်းဖြစ်ပါတယ်ရှင်။ လိုအပ်မှုများရှိနေပါလိမ့်မည်)

နိုင်ငံခြားသွားသူတိုင်း အဆင်ပြေဖို့ဆိုတာ မေးသူပြောသလိုပဲ ကိုယ်ဘယ်လမ်းကြောင်းကလာသလဲ၊ how far you have come၊ ကိုယ့်ရဲ့ ရည်မှန်းချက်က ဘယ်လောက်မြင့်သလဲ၊ ဘယ်လောက်အတိုင်းအတာအထိ ရောင့်ရဲနိုင်မလဲအပေါ်မှာ မူတည်ပါတယ်။
မိဘနဲ့လာတာလား၊ တစ်ယောက်ထဲထွက်လာတာလား၊ ယောင်္ကျားနောက်လိုက်လာတာလား၊ မိန်းမနောက်လိုက်လာတာလား၊ သားသမီးတွေပါ ပါလာသလား စတဲ့ အချက်တွေအပေါ်မှာလဲ မူတည်ပါတယ်။ ကိုယ်သွားတဲ့ တိုင်းပြည်ပေါ်မှာလဲ မူတည်ပါတယ်။ မိမိကိုယ်ပိုင်အရည်အချင်းတွေ အပေါ်မှာလဲ မူတည်ပါတယ်။


(၁) နိုင်ငံခြားသွားတဲ့လူတိုင်း အဆင်ပြေဖို့ဆိုတာ မျှော်လင့်ချက်အားဖြင့် ဘယ်နှစ်ရာခိုင်နှုန်းလောက်ရှိနိုင်ပါသလဲ။ (ဒီမေးခွန်းအတွက်ဖြေဆိုပေးတဲ့နေရာမှာ အစမှာပြောခဲ့တဲ့ စဉ်းစားပုံ လမ်းကြောင်းပေါ်ကို အခြေခံစေလိုပါတယ်။
ယေဘုယျအားဖြင့်လည်းဆွေနွေးနိုင်ပါတယ်။)

ရာခိုင်နှုန်းတော့ ကျွန်မ မသိပေမယ့် နိုင်ငံခြားဆိုတဲ့ တိုင်းပြည်တွေကို ထွက်သွားတဲ့သူတွေ အိမ်သိပ်မပြန်ကြတော့တာကို ကြည့်ခြင်းအားဖြင့် အဆင်ပြေနေကြလို့လို့ ယူဆလို့ရပါတယ်။

(၂) ပထမဆုံးကျောင်းသွားတက်မယ်...။ ကျောင်းတက်ရင်းအလုပ်လုပ်တာလည်း ဖြစ်ချင်ဖြစ်မယ်။ ကျောင်းပြီးမှ အလုပ်ရှာလုပ်မယ် ဆိုတာလည်းရှိမယ်။ အလုပ်အတွက် သီးသန့်သွားတာ မဟုတ်ဘဲ ကျောင်းသွားတက်ရင်း အလုပ်ရှာ၊ နောက်… အခြေကျနေထိုင်ဖို့ စဉ်းစားတဲ့လူတွေ အတွက် ဘယ်လိုအခက်အခဲမျိုးတွေ ရှိနိုင်မလဲ။

ကျောင်းသွားတက်ရင်း ပညာရှာ အချိန်တန်တော့ အလုပ်ရတာကတော့ ကနေဒါမှာ UBC University of British Columbia မှာ co-op program တွေနဲ့ ကျောင်းတက်ရင်း တဘက်တလမ်းက ကျောင်းစရိတ်ရဘို့ ၀င်ငွေရရန်ရှာရင်း မိဘကိုတောင် ငွေပြန်ပို့နိုင်တယ်လို့သိရပါတယ်။ ဘွဲ့ရရင် အလုပ်ရှာပြီး ဒီနိုင်ငံမှာဆက်နေရန် အကြောင်းတွေလဲ ဖြစ်လာနိုင်ပါတယ်။ အဲလိုလူမျိုးတွေကတော့ နိုင်ငံခြားမှာ ထွက်အလုပ်လုပ်နေတဲ့ မိဘတွေရဲ့ သားသမီးတွေများပါတယ်။ ငွေရေးကြေးရေး နောက်ပိုင်း ပူပန်နေရသူတွေ၊ မိဘကိုထောက်ပံ့ရသူတွေ အတွက်ကတော့ ပညာနောက်ထက်၊ ငွေနောက်ကို လိုက်ကြရတာများပါတယ်။

နောက်တစ်ခုက (ရေတိုမှာ) ရိုးရိုးသာမန်ဘွဲ့ရသူတစ်ဦးရဲ့ လစာနဲ့ ဘွဲ့မရသူတစ်ဦးရဲ့ လစာဟာ တူညီနေတတ်ပါတယ်။ သာမန်ဘွဲ့ရသူတစ်ဦးနဲ့ trade school တက်ထားသူတစ်ဦးနဲ့ ယှဉ်ရင်လဲ သာမန်ဘွဲ့ရသူတစ်ဦးဟာ အလုပ်ရရန် ပိုခက်နေတတ်တာတွေလဲ ရှိပါတယ်။ trade school သမားက ကျောင်းဆင်းတာနဲ့ မိမိလုပ်ငန်းပေါ်မှာ မူတည်လို့ တစ်နာရီ ၁၆ဒေါ်လာ၊ ၁၈ဒေါ်လာလောက် တန်းရသည့်အချိန်မှာ သာမန်ဘွဲ့နဲ့ အလုပ်ချက်ချင်းမရလို့ ပိုလီကျောင်းသွားတက်ရသူတွေလဲရှိပါတယ်။ ရလာတဲ့ ၀င်ငွေဟာနဲ့ အိမ်တစ်ဆောင်၊ ကားတစ်စင်းနဲ့ ချက်ချင်းလဲ ဖြစ်စေတတ်တာမို့ ဒီတိုင်းပြည်က လူငယ်တွေတောင် ပညာဆက်သင်လိုစိတ်ကုန်သွားတတ်ပါတယ် (ကြီးမှ နောင်တ ရကြတာပေါ့လေ)၊

အကောင်းဆုံးကတော့ မိမိဟာ တိုင်းတပါးမှ ရွေ့ပြောင်းလာသူ တစ်ဦးဆိုရင် ပရိုဖက်ရှင်နယ်တစ်ဦးဖြစ်ရန် ဒါမှမဟုတ် အသက်မွေးဝမ်းကျောင်းတစ်ခုခုရရန် ကြိုးစားခြင်းက အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။ ဆရာဝန်၊ သူနာပြု၊ လက်သမား၊ ကားပြင်ဆရာ စသဖြင့်ပါ၊ အုပ်ချုပ်ရေးပိုင်း၊ တည်ဆောက်အောင်မြင်ပြီးသား ကုမဏီကြီးတွေရဲ့ စီးအီးအို၊ စီအိုအို ဖြစ်ဖို့ကတော့ အင်္ဂလိပ်စာကို ကျွမ်းကျင်စွာ တတ်မှဖြစ်ပါမယ်။ မှန်မျက်နှာကျက် (glass ceiling) ကိုဖြတ်နိုင်ဖို့ မလွယ်ပါဘူး။ exception တွေတော့ ရှိတာပေါ့နော်။


(၃) တချို့ကလည်းရှိပါတယ်။ သားသမီးတွေ နိုင်ငံခြားသွားနိုင်ဖို့ ရှိသမျှအရင်းအနှီး၊ အိမ်ရာ အစရှိသဖြင့်ထုခွဲပြီး စွန့်စားလိုက်ကာမှ အဆုံးမှာ အခက်တွေ့နေရတဲ့ လူတွေပါ။ ဒီလိုစွန့်စားတာမျိုးကောလုပ်သင့်ပါသလား။

ဒါကတော့ ဘာသွားလုပ်မှာလဲ၊ ဘယ်နိုင်ငံကိုသွားမှာလဲ မူတည်ပါတယ်။ ရှင်းရှင်းပြောရရင် ယူအက်စ်၊ ကနေဒါကိုလာဘို့ ရှိသမျှထုခွဲလိုက်ပြီး လွှတ်လိုက်ရင် အဆင်ပြေရန် probability ပိုများနိုင်ပါတယ်။ ကနေဒါမှ အဆင်မပြေပဲ ပြန်သွားရတာကတော့ တော်တော် နဲမယ်ထင်ပါတယ်။ ဒီမှာက နောက်ဆုံး အဆင်မပြေရင် social welfare ဆိုတာ ရှိပါတယ်။ အစိုးရက ကျွေးထားတယ်ပေါ့နော်။ အဲလိုလူတွေအလုပ်ပြန်ရှာနိုင်အောင်လဲ အင်္ဂလိပ်စာ သင်ပေးတယ်၊ အလုပ်ရှာနည်းတွေ၊ resume ရိုက်နည်းကအစ လုပ်ပေးတယ်။ လုပ်ငန်းခွင်ထဲ မရောက်ရောက်အောင် ပြန်သွင်းပေးတယ်။

တရားဝင်သည်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ၊ အရင်ဆုံး ရရာအလုပ်လုပ်ပြီး နောက်မှ အခြေအနေကြည့် ဆက်လုပ်မယ် ဆိုပြီး စဉ်းစားတဲ့လမ်းကြောင်း။
ပြန်သွားရတဲ့သူတွေရှိသလို၊ ယူအက်စ်ဘက်ကို ကူးသွားတဲ့ သူတွေလဲ ရှိပါတယ်။ ကျွန်မ သိရသလောက်တော့ ဒီမြို့မှာ တရားမ၀င် ဆက်ပြီး နေနေတာတွေ မရှိဘူးလို့ထင်ပါတယ်။ အဆင်မပြေရင် ယူအက်စ်ဘက်ကို သူတို့ ထွက်သွားလေ့ရှိပါတယ်။


(၄) နိုင်ငံခြားထွက်တယ်ဆိုတာ အရည်အချင်းရှိသူတွေရဲ့ ထွက်ပေါက် ဖြစ်တယ်။ နိုင်ငံခြားမှာကြုံရမယ့် စိန်ခေါ်မှုတွေကို ခံနိုင်ရည်ရှိမယ့် အရည်အချင်းမျိုး မရှိရင် မလွယ်လှဘူး ဆိုတာတွေ ပြောနေကြတာရှိပါတယ်။ ဒါကကော ဘယ်လောက်အထိမှန်နိုင်မလဲ။ နောက် နိုင်ငံခြားမှာ င်္ကြုရနိုင်တဲ့ စိန်ခေါ်မှုတွေကရောဘာတွေများဖြစ်နိုင်မလဲ။

နိုင်ငံခြားမှာ ကြုံရတဲ့ စိန်ခေါ်မှုတွေကတော့ မိမိ ကျင်လည်တဲ့ ပတ်ဝန်းကျင်ပေါ်လဲ မူတည်ပါတယ်။ ဒီမှာတော့ ရာသီဥတုဒဏ် အန်တုရတာရယ်၊ ကိုယ့်တိုင်းပြည်နဲ့ဝေး၊ အသားအရောင်တူသူတွေနဲ့ ဝေးလို့ ရောက်ခါစမှ စိတ်ထိခိုက်နိုင်ပါတယ်။ စိတ်ကျနိုင်ပါတယ်။ စင်္ကာပူ၊ မလေးရှား စသည့်နိုင်ငံတွေမှာ အနည်းဆုံးတော့ ကိုယ်နဲ့ အသား၊ဆံပင်အရောင်တူပါသေးတယ်။ ရာသီဥတုက ကြည်ကြည်လင်လင်ရှိပါသေးတယ်။

ယဉ်ကျေးမှုကတော့ မြန်မာပြည်မှာနေလဲ ထိုးဖောက်မှုခံရတာပါပဲ။ ဘယ်မှာနေနေ မိမိကိုယ်ပိုင်ဥာဏ်နဲ့ ခံယူချက်၊ မိဘသွန်သင်မှုတွေက စကားပြောသွားတာပါပဲ။ နောက်တစ်ခုက မြန်မာပြည်မှာ အနောက်ယဉ်ကျေးမှုကို တိုက်ရိုက် ထိုးဖောက်ခံရခြင်းနဲ့ သွယ်ဝိုက်သောနည်းအားဖြင့် ထိုးဖောက်ခံရခြင်းတွေကိုလဲ သတိပြုသင့်ပါတယ်။ တစ်ခါတစ်ရံ မိမိတိုင်းပြည်တွင်းမှာ ကြည့်နေတဲ့ အစီအစဉ်တွေဟာ အရှေ့ယဉ်ကျေးမှု ယောင်ယောင်နဲ့ တစ်ကယ်တော့ အနောက်ကို ကိုးကွယ်သူတွေဆီမှရတဲ့ တဆင့်ယဉ်ကျေးမှုတွေကို ဆိုတာကို သတိပြုချင်မှ ပြုမိပါလိမ့်မယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် စစ်မှန်တဲ့ ကမ္ဘာ့ယဉ်ကျေးမှုကြီးတွေကတော့ ဘယ်ယဉ်ကျေးမှုကမဆို သူ့ဟာသူ ကောင်းကြတာပါပဲ။ ယဉ်ကျေးမှု ဆိုတဲ့ စာလုံးကို လက်ကိုင်ပြီး မသိနားမလည်သူ ငယ်ရွယ်သူတွေကို အသုံးချတတ်တဲ့ လူတွေကိုသာ သတိပြုဖို့သင့်တာပါ။ တစ်ခါတစ်ရံ သူတို့ယဉ်ကျေးမှုဟာ ကိုယ့်အတွက် ရိုင်းသလိုဖြစ်နေသလို၊ ကိုယ့်ယဉ်ကျေးမှုဟာလဲ သူတို့အတွက် ရိုင်းနေတတ်တာတွေလဲ ရှိနိုင်ပါတယ်။

နောက်တစ်ခုက တင်းကျပ်တဲ့ ဥပေဒေတွေနဲ့ ဆရာနဲ့ တပည့်၊ ကျောင်းသားအချင်းချင်း အလုပ်ရှင်နဲ့ အလုပ်သမား စည်းကမ်းသတ်မှတ်မှုတွေရှိတဲ့အတွက် မိမိကို မတရားလုပ်တယ်၊ နှုတ်နဲ့စော်ကားတယ်။ နောက်ဆုံး ပခုံးတို့ လက်တို့ကို ထိတယ်၊ ကိုင်တယ်ဆိုရင်၊ အလုပ်သမားအစည်းအရုံး၊ ကျောင်းငှာနတွေကို တိုင်လို့ရပါတယ်။ မိမိကိုယ်ကို ထိန်းသိမ်းတတ်ဖို့ကတော့ အဓိက ကျတယ်လို့ ဆိုချင်ပါတယ်။ ယေဘူယျပြောရမယ်ဆိုရင် တိုးတက်နေတဲ့ တိုင်းပြည်တွေဟာ စည်းကမ်းအနည်းနဲ့ အများရှိကြပါတယ်။

နိုင်ငံခြားဆိုတဲ့ နေရာကို ရောက်လာရင် လူတွေတော်တော်များများက မမြင်ဖူးတာတွေ မြင်ရ၊ ခံစားရတော့ သာယာသွားတတ်ကြတယ်။ အလှပြ ငါးကန်ထဲက ငါးတစ်ကောင်ကို ပင်လယ်ထဲ ပစ်ချလိုက်သလိုပေါ့။ အပူချိန်ကိုလဲ အန်တုရတယ်။ မမြုပ်အောင်လဲ ကူးရသေးတယ်။ ဘေးက ငါးတွေရဲ့ တွန်းထိုးမှုကိုလဲ ခံရသေးတယ်။ ရေလှိုင်းငြိမ့်ငြိမ့်လေးနောက်ပါသွားရင်တော့ ပန်းတိုင်ကို မျက်ခြေမပြတ်စေနဲ့။ ရောက်အောင် ပြန်ကူးလာခဲ့ပေါ့။ ပြန်မကူးနိုင်လောက်အောင် အာရုံငါးပါးထဲ မျောပါသွားရင်တော့ မည်သူမပြု မိမိမှုပါပဲ။

(၅) ကျနော်တို့မြန်မာတွေအတွက်ရော နိုင်ငံခြားကအလုပ်အကိုင်အခွင့်အလမ်းဆိုတာ ဘယ်လောက်ရှိနိုင်ပါသလဲ။

အဲဒါလဲ ကိုယ့်ပညာအရည်အချင်းနဲ့ မိမိသွားမည့် တိုင်းပြည်ပေါ်မှာ မူတည်ပါတယ်။ ကျွန်မတို့ မြို့မှာ မြန်မာပြည်က ဘွဲ့တွေနဲ့ ကုမဏီကောင်းကောင်းတွေမှာ အလုပ်ကောင်းကောင်းရနေသူတွေ ရှိပါတယ်။ အများစုကတော့ စင်္ကာပူမှာ လုပ်ငန်းအတွေ့အကြုံရှိဖူးသူတွေများပါတယ်။ မိသားစု ပြောင်းရွှေ့လာသူများဟာ စင်္ကာပူမှ ပြောင်းလာသူတွေများပါတယ်။ အခြားတိုင်းပြည်တွေမှာ ကုန်တင်ကားမောင်းရန် အလုပ်ရှာပေးမယ်၊ စသည်များကိုတော့ သတိထားစေလိုပါတယ်။ တစ်ခြားတိုင်းပြည်တွေတော့ မသိပါ။ ဖြစ်ကောင်းဖြစ်မယ်။ ကနေဒါမှာတော့ ကုန်တင်ကားမောင်းချင်လို့ အလုပ်ရှာနေသူတွေကိုရှိနေတော့ နိုင်ငံခြားမှ ကားမောင်းဖို့ လူခေါ်တယ်ဆိုတာ မဖြစ်နိုင်ပါ။ နိုင်ငံတိုင်းမှာ အလုပ်လိုချင်သော အလုပ်လက်မဲ့များရှိပါတယ်။ သူတို့ကိုကျော်ပြီး မြန်မာပြည်မှ လူများကို ခန့်မည်ဆိုတာ ဖြစ်နိုင်မဖြစ်နိုင် ချင့်ချိန်စေလိုသော စေတနာပါရှင်။ ဥပမာ မြန်မာ ထမင်းဆိုင်ဖွင့်လို့ မြန်မာစာချက်တတ်မည့်သူကိုသာ ခန့်မည်ဆိုရင် ကနေဒါအစိုးရက ၀င်ခွင့်ပေးပါဦးမယ်။ ကနေဒါမှာ တက္ကစီမောင်းဖို့ မြန်မာပြည်မှ ကားမောင်းသူကို ဗီဇာပေးရန် ကနေဒါ အစိုးရက ဘယ်လိုမှ ခွင့်ပြုမည် မဟုတ်ပါ။

(၆) ကတော့ (၄) မှာဖြေပြီးပါပြီ။

(ရ) နိုင်ငံခြားမှာနေထိုင်ဖို့ ကုန်ကျစရိတ်အသေးအဖွဲက စလို့ ကုန်ကျစရိတ်တွေ ဘယ်လောက်ရှိနိုင်ပါသလဲ နဲ့အစ်ကိုတို့ဆီမှာရော သာမန်လူတစ်ယောက်ရတဲ့ ၀င်ငွေနဲ့ ထွက်ငွေ ကွာဟမှုက ဘယ်လောက်ရှိနိုင်ပါသလဲ။

ဝင်ငွေနဲ့ ထွက်ငွေကတော့ ကိုယ်သုံးတဲ့ အပေါ်မှာ မူတည်ပါတယ်။ ဘယ်အသိုင်းအ၀ိုင်းမှာ၊ ဘယ်အလွှာမှာ ကျင်လည်သလဲအပေါ်မှာလဲ မူတည်ပါတယ်။ ကနေဒါနိုင်ငံ၊ ဘီစီပြည်နယ်ရဲ့ အနိမ့်ဆုံးလစာက တစ်နာရီကို ရှစ်ဒေါ်လာဖြစ်ပါတယ်။ ဥပမာ.. နာမယ်ရ ကုမဏီတစ်ခု (Lululemon) ရဲ့ စီအီးအိုတစ်ယောက်ရဲ့ ၀င်ငွေကတော့ စာရွက်ပေါ်မှာ တစ်နှစ်ကို တစ်သိန်းခွဲလောက် ပြထားပေမယ့် အပိုဆု bonus ကတော့ မီလျှံနဲ့ချီပါတယ်။
ဒါပေမယ့် အနိမ့်ဆုံး လခစားတစ်ဦးဟာ နေတတ်ရင် လှအောင်ဝတ်ပြီး၊ ၀အောင်စားနိုင်ပါတယ်။ social ladder ကို မတက်ပဲ တစ်သက်လုံး အဲဒီအလွှာမှာ ကျေနပ်နေမယ်ဆိုလဲ မငတ်ဘူးလို့ ဆိုချင်ပါတယ်ရှင်။

(၈) နောက်ဆုံးအနေနဲ့ နိုင်ငံခြားသွားမယ့်လူတစ်ယောက်ဟာ သေချာပြင်ဆင်ပြီမှ သွားသင့်ဆိုတာကို လက်ခံပါသလား ဆိုတာနဲ့ ရင်းနှီးမြှုပ်နှံမှု အသွင်ဆောင်လာတဲ့ နိုင်ငံခြားသို့သွားရောက်မှုတွေ အတွက် ထွက်ခွာသူတွေဟာ ဘယ်လိုပြင်ဆင်မှုတွေ လုပ်သင့်သလဲဆိုတာ သီးခြားအင်္ကြပေးစေလိုပါတယ်။

ဒါကတော့ လုပ်သင့်ပါတယ်။ ဘယ်အရာမဆို သေချာလေ့လာပြင်ဆင် သင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရင်ဆိုင်မယ် ဆိုပြီး ဘာမှ မလေ့လာပဲ (မိဘများရဲ့ လမ်းပြမှုသက်သက်နဲ့)လူငယ်သဘာဝ ဇွတ်ထွက်လာတဲ့ ကျွန်မလဲ အတိုင်းအတာ တစ်ခုထိ အဆင်ပြေတယ်လို့ ဆိုရပါမယ်။ မိဘရဲ့ လေ့လာထားမှုတွေကလဲ အရေးကြီးပါတယ်။ လူခံ၊ ဆွေမျိုးရှိဖို့လဲ အတိုင်းအတာတစ်ခုထိ လိုအပ်ပါတယ်လို့ထင်ပါတယ်။ သိပ်ပညာတတ်ပြီး အတွေ့အကြုံရင့်ကျက်နေသူ ဆိုရင်တော့ အပေါ်ကအရာတွေ သက်ရောက်မှု နည်းပါလိမ့်မယ်။

တစ်ခါ ဘယ်ရှုထောင့်က ကြည့်ပြီး အဆင်ပြေတယ်လို့ပြောမလဲ လို့လဲ မေးခွန်းထုတ်နိုင်ပါသေးတယ်။ ဘယ်သူအဆင်ပြေတာလဲ လူတစ်ဦး၊ မိသားစုတစ်ခု အဆင်ပြေသွားတာလား၊ လူများစုအဆင်ပြေသွားတာလား၊ ရေရှည်လား၊ ရေတိုလား၊ စသဖြင့်ပါ။ ဘယ်သူမှ ကိုယ့်တိုင်းပြည် မဟုတ်တဲ့ နေရမှာ ရေရှည် မနေချင်ပေမယ့် ကျွန်မအနေနဲ့ နေခွင့်ရရဲ့သားနဲ့ အိမ်ကို ပြန်သွားသူတွေတော့ ရာခိုင်နှုန်း အလွန်နည်းနေသေးတယ်ထင်ပါတယ်။ တိုင်းပြည်ဘက်ကနေ လူမျိုးစုတစ်ခုလုံးဘက်ကနေ ရေရှည်အတွက် ကြည့်ရင်တော့… အဆင်ပြေ၊ မပြေ… ဆိုတဲ့အဖြေကတော့ မိမိတစ်ဦးချင်းရဲ့ ခံယူချက်တွေပေါ်မှာပဲ မူတည်နေပါလိမ့်မယ်ရှင်..။

thamudayanwe said...

ကိုစေးထူး..
ကျနော်ဆားချက်ပါရစေ..မြရွက်ဝေရဲ့ post လေးမှာ ဂျပန်နိုင်ငံမှာ ကျောင်းတက်ရင်..ဆိုတဲ့ post လေးကို ဒီ post အတွက် လိုအပ်မယ်ထင်လို့ လာထည့်ပေးတာ
http://myaywetwai.blogspot.com/2007/12/blog-post_17.ht
ကျနော်လဲ ဆားချက်ပီး အဲဒီမှာကော်မန့်ပေးခဲ့သေးတယ်
မThyda ပြောသွားတာ ပညာရေးအကြောင်းတော်တော်စုံပါတယ်.. ကျောင်းပြီးလို့ အလုပ်ရှာတာက အစပြောမရာ မရှိပါဘူး..ဒီတော့ ကျနော် အနဲငယ်ထပ်ပြောပါ့မယ်..
ဂျပန်နိုင်ငံမှာ ကျောင်းသားတစ်ယောက် ကျောင်းတက်ရင်း အလုပ်လုပလို့ရတဲ့ အလုပ်ချိန်သတ်မှတ်မှုရှိပါတယ် စကောလားရှစ်ပဲရရပါ.. တနေ့ကို တက္ကသိုလ်ကျောင်းသား က ၄နာရီထက် ပိုလုပ်ခွင့်မရှိပါဘူး ။ တပတ်ကို ၂၄ နာရီထိလဲ ပိုလုပ်ခွင့်မရှိပါဘူး.ဒါပေမဲ့ ဂျပန်အစိုးရ ဆီက ရတဲ့ စကော်လာသမားတွေဆိုရင် တော့ ဆရာတွေ က အလုပ်မလုပ်စေချင်ကြပါဘူး..ဒါပေမဲ့ တကယ်လုပ်ချင်ရင်တော့ လုပ်ခွင့်ပေးပါတယ်။ depend ဗီဇာနဲ့ ဆိုရင်လဲ အလုပ်ချိန်ကသတ်မှတ်ပေးထားပြန်ပါသေးတယ်။ ပြီးတော့ Thyda ပြောသွားသလိုပဲ ကျောင်းလာတက်မဲ့ လူတွေ ပေါ့ တိုက်ရိုက်ရှာလို့ရတဲ့ အခွင့်အရေးတွေ အများကြီးရှိသလို information
အစုံလဲပေးကြပါတယ် ..ဒါပေမဲ့…အင်္ဂလိပ်လိုသင်တဲ့ကျောင်းက တော့အနဲငယ်ပဲရှိပါတယ်..
ပြောစရာဖြစ်လာတာကတော့.. ဂျပန်မှာ ပညာသင်ယုံပဲလား…ဘယ်ကျောင်းမှာ တက်ခွင့်ရရ..
ကျောင်းတက်ရင်းအလုပ် လုပ် မယ် ပီးရင် ဂျပန်မှာပဲ အလုပ်လုပ်မဲ့ သူနဲ့ ဂျပန်ကို ပညာသီးသန့်ပဲလာယူတဲ့သူ မတူပါဘူး..ဒီမှာရှိတဲ့ ကျောင်းတိုင်း နာမည်မကြီးကြပါဘူး..
အပြင်လူတွေ အဖို့ တော့ ဂျပန်နိုင်ငံက ဘွဲ့ ရတယ်ဆိုရင်..အထင်ကြီးတတ်ကြပေမဲ့ တကယ်တမ်း ..ဂျပန်နိုင်ငံမှာ အလုပ်ရှာတာခြင်းအတူ၂တောင် ကျောင်းရွေးပီးခွဲခြားခံ ရတတ်ပါတယ်..ဒါကလဲ အရည်အချင်းရှိတဲ့လူကတော့ ဘယ်ကျောင်းထွက်မဆို အလုပ်ရှာတာလွယ်ကူပါတယ်.. ဒီမှာတော့ ပေါများလှတဲ့ စကောလာတွေ အများကြီးရှိပါတယ် တကယ်ကြိုးစားတဲ့သူတွေ အတွက် ရနိုင်ပါတယ်.. ကျောင်းသားတွေအတွက် ပညာသင်နိုင်ရန် အတွက်ရယ်
စကောလာရှစ် website တွေကိုထည့်ပေးလိုက်ပါ့မယ်..
ပြီးတော့ ဂျပန်နိုင်ငံမှာ ကျောင်းလာတက်မယ်ဆိုရင် အရေးကြီးတဲ့အချက်ကတော့ ကျနော်ပြောချင်တာ တက္ကသိုလ်ကကိုယ့်ရဲ့ဆရာနဲ့ဆက်ဆံရေး ပြေလည်ဖို့ပါပဲ .. အဒါလဲ အဓိက အချက်ကြီးတခုပါပဲ .. ဆရာနဲ့မပြေလည်တဲ့ ကိစ္စတွေ ရှိတတ်တာ အမြဲကြားနေရလို့ပါပဲ..ဆရာနဲ့မပြေလည်ရင် ဘွဲ့ရဖို့တောင်မသေချာပါဘူး..
Thyda ပြောသလိုပဲ တခုချင်းမဖြေနိုင်တာတော့နားလည်ပေးစေလိုပါတယ်..
အဲ..ကိုယ်မသွားခင်..ကိုယ်ရွေးချယ်တဲ့ နေရာဒေသ ရဲ့ ရာသီဥတု အစားအသောက် လူနေထိုင်မှု.ပါမကျန် အစစအရာရာ ကြိုတင်ပြင်ဆင်ပီးမှ သွားရောက်တာ အမှန်ကန်ဆုံးပါပဲ..
ဘာသာစကားကတော့ ဘယ်နိုင်ငံကိုလာလာ အင်္ဂလိပ်စာ နဲ့ သက်ဆိုင်တဲ့နိုင်ငံရဲ့ ဘာသာစကား တွေ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို သိထားသင့်ပြီး လက်ခံလိုက်နာနိုင်ပါ တယ်…

gangster said...

အဓိက ကတော့ အီးတော်တော်ကောင်းရမယ်ဗျ...
အီးမကောင်းရင် ဘယ်လိုသွားစကားပြောမလဲ...နော်
ပြီးတော့ စကေး ကောင်းရမယ်ဗျ...စကေးကောင်းကောင်းမှ မရှိရင် ခံပေတော့....
တကယ့်အဓိကကြီးကတော့ စိတ်ဓါတ်ပဲဗျ....
ဖြစ်ရမယ်ဆိုတဲ့ စိတ်ဓါတ်ကြီး အရမ်းပြင်းနေဖို့တော့ လိုတယ်... ဒီလိုမဖြစ်ရင် ဟိုလိုလုပ်မယ်ကွာဆိုတာမျိုးပေါ့...
အိုကေ.. ကျွန်တော်ကိုယ်တိုင်လည်း အဲဒါလေးတွေ လိုနေသေးလို့ အလုပ်မရသေးဘူး... နဲနဲဆုတောင်းပေးကြဦးနော....
အဲ...ဘုရားကိုမမေ့ဖို့လည်း လိုတယ်နော်....
လူမတတ်နိုင်တာ ဘုရားကတတ်နိုင်တယ်လေ...

Anonymous said...

ကိုစေးထူးရေ..
ဒီကြောင်းအရာနဲ့ပတ်သက်လို့ အရမ်းကြိုက်ပါတယ်။ ကျနော်အထင်ကတော့ ကျောင်းလာတက်ရင်းအလုပ် လုပ်မယ်ဆိုတာကတော့ စဉ်းစားစရာတစ်ခုပါ. စင်ကာပူလိုနေရာမှာကတော့ အဆင်ပြေနိုင်ပါတယ်။ တစ်ချို့ကတော့ ရရာအလုပ်လုပ်မယ်လို့ပြောပါတယ်။ ဒါကိုတော့ကျနော် သဘောမကျပါဘူး၊ ကျနော်လည်းစင်ကာပူကို လာတုန်းက ကိုယ်မှန်းထားတဲ့ အလုပ်မရရင် ရရာလုပ်မယ်လို့တွေးခဲ့ပါတယ်။ ဒါဟာထင်သလောက် မလွယ်ဘူးဆိုတာကိုတော့ သိစေချငပါတယ်အစ်ကို..