Friday, February 22, 2008

နိုင်ငံခြား သွားမယ်ဆိုရင်… (၃)

တနေ့က ဖြစ်ပါတယ်။

`နိုင်ငံခြား သွားမယ်ဆိုရင်´ ပို့စ်တွေကို ဖတ်မိတဲ့ စင်္ကာပူက မချိုက ကျနော့်ဆီကို အီးမေးလ်ပိုပြီး သူရဲ့ စင်္ကာပူရောက် အတွေ့အကြုံတွေကို အင်္ဂလိပ်ဘာသာနဲ့ ရေးသား ဝေမျှ ပေးပို့ပေးလိုက်ပါတယ်။

တကယ်တော့ အဲဒီ ပို့စ်တွေကို တင်ဖြစ်ဖို့ စိတ်ကူးက ကျနော်က စတင် ရခဲ့တာတော့ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ ပို့စ်တွေမှာ ကျနော့် မိတ်ဆွေ သူငယ်ချင်းတွေ အတော်များများက မိမိရောက်နေတဲ့ နိုင်ငံအလိုက် နိုင်ငံခြားကို သွားမယ်ဆိုရင် ဘယ်လိုဘယ်ပုံ ပြင်ဆင်သင့်တယ်၊ ဘာတွေ တွေ့ကြုံရနိုင်တယ်ဆိုတာကို အားတက်သရော ဆွေးနွေးပေးကြလို့ အတော်လေးကို မြိုင်မြိုင် ဆိုင်ဆိုင် ဖြစ်ခဲ့ပါတယ်။

အဲဒီပို့စ်တွေရဲ့ နောက်ဆက်တွဲ အနေနဲ့ ကျနော် စဉ်းစားမိတာ တခုကတော့ ကျနော်တို့တွေလို ပြည်ပကို ရောက်နေသူတွေရဲ့ လုပ်ငန်းခွင် အတွေ့အကြုံ၊ အလုပ်ရှာဖွေရတဲ့ အတွေ့အကြုံ၊ အခက်အခဲ အစရှိတာတွေကိုပါ မိမိ ရောက်နေကြတဲ့ နိုင်ငံအလိုက် ကိုယ့်အတွေ့အကြုံကို ကိုယ် တင်ပြဆွေးနွေးရင် ပိုလို့ ပြည့်စုံမလား ဆိုတာပါပဲ။

ဒါကြောင့် ပထမဆုံး ပို့စ်မှာတုန်းကလိုပဲ မေးခွန်းလေးတွေနဲ့ အတူ အတွေ့အကြုံတွေ ဖလှယ်ကြည့်စေချင်ပါတယ်။ ကျနော့်ရဲ့ အတွေ့အကြုံတွေကိုလဲ နောက်ပိုင်းမှာ ကွန်မန့်အဖြစ် ဆက်လက် တင်ပြပါမယ်။

ကျနော် ဖြေကြားပေးစေချင်တဲ့ မေးခွန်းတွေကတော့…

(၁) အခု ရောက်နေတဲ့ နိုင်ငံမှာ လက်ရှိ ဘာအလုပ်လုပ်ကိုင်နေရပါသလဲ။ အဲဒီ အလုပ်ရဖို့ကို ဘယ်လိုကြိုးစားခဲ့ရတယ်၊ အခက်အခဲတွေ ဘာတွေ ရှိခဲ့တယ် ဆိုတာကို ဆွေးနွေးစေချင်ပါတယ်။

(၂) အခု လက်ရှိအလုပ်ကရော သင့်ရဲ့ မျှော်မှန်းချက်ကို အတိုင်းအတာ တခုအထိ အထောက်အကူ ပြု ဖြည့်ဆည်းပေးနိုင်ပါသလား။ ဥပမာ- လုပ်ချင်တဲ့ အလုပ်နဲ့ လက်ရှိ လုပ်နေရတဲ့ အလုပ်က တထပ်တည်း ကျပါရဲ့လား။

(၃) အခု လက်ရှိရောက်နေတဲ့ နိုင်ငံမှာ မြန်မာလူမျိုး အလုပ်သမားတွေ ကြုံရလေ့ ရှိတဲ့ အခက်အခဲတွေကို ဆွေးနွေးစေချင်ပါတယ်။

(၄) ဘာသာစကား မတူညီမှုကြောင့် ဆုံးရှုံးရလေ့ရှိတဲ့ အလုပ်အကိုင်ကောင်းတွေ အကြောင်းကို တွေ့ကြုံမိသမျှ ရေးသားပေးစေချင်ပါတယ်။

(၅) မြန်မာနိုင်ငံကနေ ပြည်ပထွက် အလုပ်လုပ်ကိုင်လိုသူတွေ အတွက် အကောင်းဆုံးသော အကြံဉာဏ်ကို မိမိတွေ့ကြုံဖူးတဲ့ အတွေ့အကြုံနဲ့ ယှဉ်ပြီး ရေးသား အကြံပြုစေချင်ပါတယ်။

အထက်ပါ မေးခွန်းတွေကို မည်သူမဆို အင်္ဂလိပ်ဘာသာနဲ့ပဲ ဖြစ်စေ၊ မြန်မာဘာသာနဲ့ပဲ ဖြစ်စေ ဖြေကြားပေးပြီး မိမိရဲ့ အတွေ့အကြုံတွေကို ဝေမျှပေးစေလိုပါတယ်။ ကွန်မန့်မှာ ရေးရတာ အခက်အခဲ ရှိလို့ ကျနော့်ဆီကို အီးမေးလ်နဲ့ ပေးပို့လိုသူတွေကတော့ klosayhtoo@gmail.com ကို ပေးပို့နိုင်ပါတယ်။

ကျနော့်ဆီကို ပေးပို့လိုက်တဲ့ မချိုရဲ့ စင်္ကာပူရောက် အတွေ့အကြုံတွေကို အောက်မှာ ထပ်ဆင့် ဖော်ပြလိုက်ပါတယ်။

ကလိုစေးထူး


Dear Ko-Say-Htoo,

Thank you for allowing me to share my knowledge. I had read your post “Going to foreign land” and also read the letter from “Ma Mar La”. She contributes very useful info about Japan and America. I just want to add some for Singapore.

I am working in Singapore for 13 years and hope that my contribution will be useful for our own country people.

I do not have Burmese font. Please allow me to write in English.

This is only general information for coming to Singapore.

(1) Apply Visa

You may apply Visa at Singapore Embassy in Myanmar. Usually, you can get one month multi-entry visa.

(2) Immigration check point at Singapore air port

Upon arriving at Singapore airport, immigration officer will give you reasonable length of stay, depends on visa validity, return air ticket, etc.. Usually 2 weeks or one month. This is called social visit pass (SVP).

(3) Stay in SG during social visit pass

During social visit pass (SVP), you may try to get job via news paper, job ad web or agents. In SG, the law is very hush for over-stayer. That’s why must be very careful of SVP validity. Before expire of SVP, need to apply extension on line at immigration web. Depends on your data, you will get final extension one month or sometimes you may not get any extension. Once your SVP is expired you must leave the country.

(4) Hunting Job

Basically 2 types of work pass.

· work permit for general worker (education is not necessary)

· S pass, Q pass and P pass for professional (Engineer, Accountant, Nurse..etc )

Work Permit;

I am not sure about ‘work permit’. Generally they go-through by agent before they enter to SG. I will gather more info and write to u.

S pass, Q pass and P pass for professional ;

For hunting job, your certificate is not 100% majority. Employer just wants to know what you can do practically in your professional field. Language skill also important.

Hunting job is all depends on your own ability and luck.

In SG, a lots of Burmese working as professional including ladies, mostly in Engineering field. Also a lots of people going back without getting job. Therefore very hard to shown in % of success.

(5) Apply work pass

If you secure the job during SVP, your company will apply work pass for you. Work pass types are varies depends on salary range. Processing time is about 3weeks. If your SVP is expired during processing, u may get extension.

(6) Approval of work pass

Approval of work pass depends on ;

  • Education (Diploma or Degree)
  • Related working experience
  • Salary
  • Job Nature (must be relevant to education and work experience)

Copy of Education Certificates and work experience testimonials must be submitted. Also, approval of work pass depends on company performance.

If work pass is approved, you are granted to work in your company for 2 years and extendable. Those people with salary S$ 2500 and above can bring family with children under 21yrs old. You may apply “Permanent Resident” after work pass is issued. Approval is case by case basic and own merit.

(7) Rejection of work pass

If work pass application is rejected, your company may submit appeal. If rejected again, you may look for another job and your SVP will not be extended and you have to leave SG. Alternatively, you may try to get student pass from private school.

This is only general info for Burmese passport holder and may not be applicable for all circumstances.

If my contribution is not complete or mislead, I welcome the correction.

Thank you.


Ma Cho

10 comments:

Anonymous said...

ဒီပို့ စ်လေး စတင်ဖြစ်ထဲက အရမ်းကောင်မယ့် ပို့ စ်တစ်ခုဆိုတာသိနေတယ်ဗျ.....အားလုံးတွက်လဲအကျိုးရှိတဲ့ ပို့ စ်ကောင်းလေးတစ်ပုဒ်ပဲလေ ဒါကြောင့် ကျနော့်ရဲ့ အတွေ့ အကြုံလေးတွေကို ပြန်ပြီး မျှဝေလိုက်ပါတယ်...................
အဖြေ
( ၁ ) ကျနော်လက်ရှိလုပ်နေတဲ့ အလုပ်က ထိုင်းလျှပ်စစ်မီးရုံးတစ်ခုပါ ကြိုးစားခဲ့ရမှု အနေနဲ့ က သူတို့ က ကျနော်တို့ နိုင်ငံရဲ့ စာရွက်ပေါ်က အရည်းချင်းတွေကိုအသိမှတ်မပြုပဲ လက်တွေ့  ကိုယ်ဘယ်လောက်လုပ်ပြနိုင်သလဲဆိုတာကို ကြည့်ကြပါတယ် ဒါကြောင့် ငါကတော့ဖြင့် ဘာဘွဲ့ ကြီးရထားလို့  ဒီလိုမျိုး မလုပ်နိုင်ပါဘူးဆိုတဲ့ မာနရှိလို့ ကတော့ အလုပ်ရမှာကိုမဟုတ်တော့ဘူး အဲ့ဒီအတွက် ကျနော်တို့ ကလက်တွေ့ သူတို့ ဆိကလူတွေထပ်လုပ်ပြနိုင်ပါမှ ၊ လိုက်ဖော်ကိုင်ဖက်ချင်းလဲ အချောင်ခိုတာတွေကို သီးခံနိုင်ပြီးကြိုးစားဖို့ လိုမယ်ထင်တယ် ကျနော့်ရဲ့ ကြိုးစား ခဲ့၇မှုများကို ဥပမာ ပေးကြည့်တာပါ ထိုင်းလို လူမျိုးရေးမုန်းတီးမှုရှိတဲ့ နိုင်ငံလိုမျိုးမှာ အလုပ်လုပ်ဖို့ ဆိုတာ အင်မတန်းမလွယ်တဲ့ အလုပ်ပါပဲ သေချာတာကတော့ ၇၀ %စိတ်ချမ်းသာမှုရှိမှာမဟုတ်ပါဘူး အလုပ်ရှင်ရဲ့ ခေါင်းပုံဖြတ်မှုကို ခံ့ရမယ် လူမျိုးခြား လုပ်ဖော်ကိုင်ဖက်တွေရဲ့ အနိုင်ကျင့်တာကို ခံရမယ်.............။

( ၂) လုပ်ချင်တဲ့ အလုပ်နဲ့ လက်ရှိ လုပ်နေရတဲ့ အလုပ်က တစ်ထပ်တည်းကျပါတယ် ရွာမှာ နွားကျောင်း ဆိုက္ကားနင်းနေရမယ့် အဖြစ်ထပ်စာရင်တော့ ကွန်နက်ရှင်ကောင်းကောင်းနဲ့  နက်သုံးနေရတာကိုက သာနေပြီးး)း)း)

( ၃ ) ထိုင်းက အလုပ်သမားတွေရဲ့ အခက်ခဲတွေကတော့ များလွန်းလို့  ပြောနိုင်မှာတောင်မဟုတ်တော့ပါဘူး ဥပမာ - တစ်ခုတော့ ပြောရရင်နေထိုင်းခွင့် လက်မှတ်ကို ကိုယ့်ရဲ့လစာထဲက ဖြတ်တောက်ပေမယ့် ကိုယ်သွားချင်တဲ့နေရာကို လွတ်၂လပ်၂ သွားနိုင်မှာမဟုတ်ပါဘူး ဘာကြာင့်ဆို သူဌေးကသူ့ ရဲ့ နာမည်က လွှဲပြောင်းခွင့် မပေးလို့ ပါပဲ ရှင်း၂ပြောရရင် အလုပ်သမားကို ချုပ်ထားတဲ့ အဖြစ်ပါ ကျန်တဲ့အခက်ခတြွေကတော့ အများကြီးမို့ အထွေထူးပြောမနေတော့ပါဘူးး.....။

( ၄ ) ဘာသာစကားက အဓိက ကျတဲ့ အချက်ပါပဲ ကိုယ်လုပ်မယ့် နိုင်ငံက ဘာသာစကားတတ်တဲ့သူက လစာ 6000 လောက်ရနေတဲ့အချိန်မှာ ဘာသာစကားမတတ်တဲ့ သူတစ်ယောက်အတွက်တော့ အလုပ်ရှာရခက်တဲ့အနေထားပါ အလုပ်ခေါ်တဲ့ စာတွေချိတ်ထား၇င်လဲ စကားပြော ကောင်း၂တတ်မှဆိုတာကြီးပါပဲ ....။

( ၅ ) ကျနော့်ရဲ့ အကြံပြုချက်လေးကတော့ နိုင်ငံခြားဆိုတာ ခေါ်လို့ သာကောင်းပေမယ့် ထင်သလောက်မလွယ်ပါဘူး မိမိရဲ့ စိတ်ကို အဆိုးဆုံးအခြေနေနဲ့ ရ်ငဆိုင်ရရင်ဆိုတဲ့အတွေးမျိုးတွေးထားပါ ခံနိုင်ရည်ရှိဖို့ လဲ ကြိုင်တင်ပြင်ဆင်ထားပါ နေ့ စဉ်မြင်တွေ့ နေ၇တဲ့ မြင်ကွင်းတွေကလဲ ဘယ်လိုမှ မပြုံးနိုင်တဲ့ မြင်ကွင်းတွေပါ ကိုယ်တိုင်းခံစား၇တာ မဟုတ်ပေမဲ့ သွေးက စကားပြောတယ်လို့ ပဲ ဆိုမလား ကိုယ့်လူမျိုး တွေ သူများတွေနဲ့ မတူပဲ ပင်ပန်စွာ လုပ်နေရတဲ့  မြင်ကွင်းတွေပါ ဒါပေမယ့် စိတ်တံခါးပေါက်တွေ အားလုံးကို သော့ခတ်ထားရတာ နှစ်နဲ့ ချီနေပါပြီး ၊ လေ၀င်လေထွက်မရှိအောင်ကို ပိတ်ထားရတဲ့ ဦးနှောက်နဲ့ စဉ်းစားပြီး ခိုင်မာတဲ့  သော့တွေနဲ့ ခတ်ထားရတဲ့ စိတ်တံခါးပေါက်တွေပါပဲ...သွား မဖွင့်လိုက်နဲ့ ကိုယ့်လူ ခေတ်စကား နဲ့ ပြောရရင် ကွိ သွားမယ်...ကြက်သွန်က ကြက်သွန်နေရာနေ ငရုတ်သီးနဲ့ သွားမရော မိစေနဲ့ အထောင်ခံထိသွားမယ်...။ သေချာတာကတော့ သည်းခံစိတ်ရှိရင် အားလုံးအဆင်ပြေသွားလိမ့်မယ်ထင်တယ် သိပ်တော့မလွယ်ဘူးပေါ့လေ....................။

( အားလုံးအဆင်ပြေကြပါစေ ကော့မန့် တွေက ကျနော့်ရဲ့ အတွေ့ အကြုံများသာဖြစ်ပါတယ် )

Anonymous said...

အရမ်းကောင်းတဲ့ ပို့စ်တစ်ခုပါ။ ဗဟုသုတလည်း ရပါတယ်။ ၀ိုင်းဆွေးနွေးပေးတဲ့ ကိုစေးထူး နှင့် မချိုကို အရမ်းကျေးဇူးတင်ပါတယ်။

မိုးသောက်ယံ said...

ကျနော်ကတော့ ကိုစေးထူး သိပီးတဲ့အတိုင်း သင်္ဘောသား တယောက်ပါ ဒါပေမဲ့ တကယ့်သင်္ဘောသားကြီးတော့ မဟုတ်သေးဘူးပေါ့ သင်္ဘောသားတို့ ထုံးစံအတိုင်း ပထမ စတက်တက်ခြင်းမှာ သက်သာတဲ့ ပါစင်ဂျာ သင်္ဘောကိုပဲ ရွေးဖြစ်ခဲ့ပါတယ် Sea Time ယူတာပေါ့။ သင်္ဘောသား အများစုဟာ ဒီလို Sea Time ၂ နှစ်ယူပီးမှ Cargo ship တွေကို တက်လေ့ရှိပါတယ်။ အဲဒီလို ပင်လယ်အတွေ့အကြုံရှိတဲ့သူတွေကိုသာ Cargo သင်္ဘောတွေက လက်ခံလေ့ရှိပါတယ်။ အရမ်းကံကောင်းတဲ့ သူမျိုးကတော့ ချွင်းချက်ပေါ့လေ။ ကျနော့ လက်ရှိအလုပ်ကတော့ သင်္ဘောပေါ်က ကာစီနိုက ကာစီနို ၀န်ထမ်းတယောက်ပါပဲ။ ကျနော်တို့ ကြုံတွေ့ရတာတွေကတော့ အများသားပါပဲဗျာ။ ပြောပြရင် တထောင့်တည တောင်ပြီးမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် အဓိက ပြောချင်တာက တကယ်လို့ နိုင်ငံခြားထွက်တော့မယ်ဆိုရင် အဓိက အရေးကြီးတာ ဘာသာစကားပါပဲ။ ဘာသာစကား မကျွမ်းကျင်မှုရဲ့နောက်မှာ ဆိုးကျိုးတွေက အများကြီးပါ။ အနိုင်ကျင့်ခံ ရမယ်ဗျာ။ ချောက်တွန်းခံရမယ်။ ဒါတွေဟာ ကျနော်တို့ တကယ်မြင်တွေ့နေရတာပါ။ နောက်တခုက ကျနော်တို့ သင်္ဘောမှာ ရေကျောင်းဆင်း လူငယ်တွေ တက်လာတာများပါတယ်။ ဘ၀မှာ အတွေ့အကြုံမရှိပဲ တက်လာကြတဲ့ လူငယ်တွေပါ။ နားလည်တဲ့ လူငယ်တွေ ရှိသလို နားမလည်တဲ့လူငယ်တွေလဲ ရှိပါတယ်။ သူတို့တွေမှာ တွေ့မြင်ရတာက တလွဲမာနတွေပါ လူမျိုးခြားတွေနဲ့ တခုခုဆို သူတို့လေးတွေက ဒေါသရှေ့ထားချင်ကြတယ် အဲဒီ ဒေါသအမှားတွေကြောင့် မှားယွင်းခဲ့ပီး ပြန်ရတဲ့ လူတွေလည်း မနည်းပါဘူး။ အဲဒီအတွက် ပြောချင်တာက နိုင်ငံရပ်ခြားမှာ အလုပ် လုပ်ပီဆိုလျှင်ဖြင့် ကိုယ့်မြေ ကိုယ့်ရေမှာ ငါ ဟာ ဘာကောင်ဆိုတာကို မေ့ထားစေချင်ပါတယ်။ သူများဆီမှာ အလုပ်လုပ်ပီဆိုလျှင် အလုပ်သမားဆန်ဆန် လုပ်ပါ။ (ကျနော်လဲ ဒီစကားရပ်ကို မရှင်းပြတတ်ပါဘူး)။ လူ့အောက်ကျို့လို့ မသေပါဘူးဗျာ။ ဆရာခေါ်မှ ကြိုက်တဲ့သူကို ဆရာခေါ်ပေးလိုက်ပါ။ နောက်ဆုံးတခုကတော့ အများအများဆုံးပါပဲ သင်္ဘောပေါ်က အကြောင်းပဲပြောပါ့မယ်။ လူငယ်တွေ အလုပ် လာလုပ်ကြပါတယ်။ ဒီအပေါ်ရောက်တော့ ဦးတည်ချက်ပျောက်သွား ကြတယ်။ အဓိက က လစာရတယ် ထိန်းချုပ်မဲ့သူမရှိ ဒီလောက်များတဲ့ ပိုက်ဆံကို ရတဲ့အခါမှာ ဟိုဟာလုပ်မယ် ဒီဟာလုပ်မယ် ဆိုတာတွေက ပေါ်လာတာပါပဲ။ ဒီမှာ အပျော်ရှာတာ သိပ်လွယ်ပါတယ်။ သင်္ဘောပေါ်က လူငယ်အများစု မိဘ အုပ်ထိန်းမှုမဲ့အဝေးမှာ ကိုယ့်ဘာသာ ထိန်းကွပ်နိုင်မှု မရှိတဲ့အခါမှာ ပျက်စီးကြတာပါပဲ။ ပိုက်ဆံလည်း အိမ်မပို့နိုင် အကြွေးတွေတင်နဲ့ ဒုတ်ခများကြတာပါပဲ။ အဲဒီအတွက် ကိုယ်ဘာလို့ ထွက်လာတာလဲ ဆိုတဲ့ ဦးတည်ချက်ကို မပျောက်ပါ စေနဲ့လို့ အကြံပေးချင်တာပါပဲ။ ကျနော့် ခံယူချက်ကတော့ ကျနော်ဟာ သူဌေးမဟုတ်ပါဘူး သူဌေးသားလဲ မဟုတ်ပါဘူး အဲဒီအတွက်ကြောင့် ကျနော်ဒီမှာ လာအလုပ်လုပ်နေရတာပေါ့။ အဲဒီအတွက် ကျနော့် ကိုယ်ကျနော် သတ်မှတ်ထားတာက ကျွန်ပါပဲ ကျနော်ဟာ။ အဲဒီအတွက် တန်ရာတန်ကြေးကို ကျနော်ဘယ်နည်းနဲ့မှ အပွန်းအပဲ့မခံနိုင်ပါဘူး။ ဒါကျနော့် ခံယူ ချက်ပါ။ ကိုစေးထူး ရဲ့ပို့စ်ကို ကွန်းမန့်သာ ၀င်ရေးတာ လမ်းလွဲကောင်းလွဲနေပါလိမ့်မယ်။ သင်္ဘောတက်ဖို့ ဘယ်လို လုပ်ရတယ်ဆိုတာကို ပြောချင်ပေမဲ့ ကျနော်ဟာလဲ တရာထဲက တယောက် ဘာမှ မလုပ်ရပဲ သင်္ဘောပေါ်ရောက်လာတဲ့ အတွက် အဲဒီအတွေ့အကြုံကို မပြောပြနိုင်တာကိုတော့ ခွင့်လွှတ်စေချင်ပါတယ် ။

Anonymous said...

Hi there
1) I am an engineer working in Western Europe, I have an advanced engineering degree after an engineering degree from Burma. Difficulties are (A) to get in to the graduate degree program that will prepare you for industry (with a scholarship), (B) to get good GPA/grades in school while preparing to equip oneself with skills, (C) to get a job to jump
start career in the industry, (D) to get the mobility one wants
4) Burmese graduates and proessionals will survive and thrive more if their language skills were better, i.e. if they speak, write better English, if they could read and comprehend
more, if could express their ideas and thoughts more comprehensively (this is not related to language as even in native tongue, some cannot express themselves well).
5) I will discuss for science and engineering graduates, what should they prepare before they go out and seek jobs.
(A) For job seekers Take TOEIC test (which is a light weight version of TOEFL and average graduate could and should get decent scores after preparation about a month, 8 hours a day/5 days a week preparation for a month. TOEIC will help you prove that your English is good enough to work with other colleagues in English.
Try to prepare for international certificates that verifies that one has skills in that particular
area: IT networking, database administration, computer programming, software engineering,
circuit design, etc.. Certificates are MCSD, MCDBA, MCSE, CCNA, CCND, CCNP, etc..
If not certified yet, one can get certification while working.
(B) Job seekers plus some academic opportunities
Take TOEFL test (which is well known in Myanmar) and if one can commit 3 months of hard work (not just going to class 2 hours a day and 2 days a week and sleazing in tea shops for the rest of the day, but 8 hours a day, 5 days a week if not 7 days a week)
Try to prepare GRE or GMAT
(C) Some high end professions
Take IELTS or TSE in addition to TOEFL as if one seeks TA/RA jobs to get some money for graduate studies, etc.. Those certificates can prove that one can speak good English to lecture college kids. That is for high end PhD admissions in US (GRE/GMAT were necessary as well) All need hardwork and preparation and so if you have prepared well in Burma, you will have less problem in overseas. Good luck!!!

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

ကိုစေးထူး

ဘယ်နိုင်ငံမှာ အလုပ်သွားလုပ်လုပ် ဘာသာစကား ကတော့ အရေးကြီးတယ်ဆိုတာ ပြောစရာ လိုမယ်မထင်ပါဘူး

ဒါ့အပြင် နိုင်ငံသား အချင်းချင်းသော်လည်ကောင်း အခြားနိုင်ငံသားများ၏ ဖိနှိပ် တိုက်ခိုက်မှူကို သော်လည်းကောင်း ခံရနိုင်ပါသည်။ အကြိမ်ကြိမ်လဲကောင်းလဲ နိုင်သည်။

ထိုအတွေ့အကြုံ သည် တဦးနှင့် တဦး နှင့် တူချင်မှလည်း တူမည်။ မတူချင်လဲ မတူနိုင်ပါ။

စကာင်္ပူမှာ အလုပ်သွားလုပ်မည်ဆိုလျှင်…

ပထမဦးဆုံး စကာင်္ပူ သို့ Social visit visa ဖြင့် သွားရောက်ပါက စကာင်္ပူ လေဆိပ်တွင် ၂ပတ် (သို့)တလ အနဲဆုံး နေထိုင်ခွင့်ပေးသည်။ ထို့နောက် အလုပ်မရသေးပါက နိုင်ငံသားသူငယ်ချင်း တဦးဦးက ထောက်ခံပေးပါက သက်တမ်း ထပ်တိုးနိုင်ပါသည်။ အလည်သွားရောက် ရင်း အလုပ်ရှာနိုင်ပါသည်။ အလုပ် ရှာပေးသော ကုမ္ပဏီ များမှတဆင့် လာနိုင်သလို မိမိဘာသာ သွားရောက်၍ အလုပ်ရှာနိုင်ပါသည်။

Work permit အတွက် အခြေခံ လစာ အနဲဆုံးမှာ စကာင်္ပူ ဒေါ်လာ ၁၀၀၀ အနဲဆုံး ဖြစ်ပါသည်။ ပညာအရည်အချင်းမလို အခြေခံလုပ်သားများအတွက် ဖြစ်ပါသည်။ Employment pass မှာ အနည်းဆုံးလစာ စကာင်္ပူ ဒေါ်လာ ၂၅၀၀ အနဲဆုံး ဖြစ်သည်။ ပညာအရည် အချင်း လိုအပ်ပါသည်။ ယခုအခါ Special pass ဟုခေါ်သော နေထိုင်ခွင့်တရပ် ထပ်တိုးလာရာ မြန်မာပြည်မှ အင်ဂျင်နီယာ အများစုမှာ အလည်သွားရောက်၍ အလုပ်ရှာကာ ထိုပုံစံဖြင့် ရပ်တည်လေ့ရှိပါသည်။ ထိုသို့ အလုပ်ရှာရာတွင် သတင်းအချက်အလက် များ များလို အပ်သလို လုပ်သက်အတွေ့အကြုံ အရည်အချင်း သည် အဓိက ကျပါသည်။ စင်္ကာပူ နိုင်ငံတွင် ဘာသာစကား မကျွမ်းကျင်မှုကြောင့် အလုပ်ကောင်း နှင့်လွဲသည် မှာ မဖြစ်နိုင်သော်လည်း ဂျပန် နိုင်ငံတွင် တော့ အခက်အခဲ ရှိပါသည်။ အရေးကြီး ဆုံး မှာ မိမိ၏ ကိုယ်ပိုင် အရည်အချင်း ဖြစ်ပါသည်။ အလုပ်ရပီးပါကလဲ မိမိအဆင်ပြေသလို မိမိအတွက် ပို၍ တိုးတက်မှုရှိ နိုင်သော အလုပ်သို့ ပြောင်းရွှေ့ လုပ်ကိုင် နိုင်သည်။ အလုပ်စတင်ရာတွင် အစမ်းခန့်ကာလ မှာ ၃လ မှ ၆ လအတွင်း ဖြစ်ပီး အလုပ်လစာပေါ်မူတည်၍ နေထိုင်ခွင့် ပုံစံ အမျိုးမျိုး ပြောင်းလဲ နိုင်သည်။ အလုပ် မှ ထွက်မည် ဆိုပါကလဲ မထွက်ခင် ၁လ ကြို၍ ပြောနိုင်သည်။ အဆိုပါ အလုပ် ရှာပုံမှာ အခြားသော အလုပ်များနှင့် ကွာကောင်းကွာ နိုင်ပါသည်။ မှတ်ချက် မိမိဘာသာ အလုပ်ရှာရန်လာသော အင်ဂျင်နီယာများအတွက် ဖြစ်ပါသည်။ အရည်အချင်းရှိပါက အလုပ်သည် ရရန်မခက်ခဲပါ။ လစာအနည်းအများသည် မိမိ၏ ကံနှင့်လည်းဆိုင်ပါသည်။ စကာင်္ပူတွင် အင်ဂျင်နီယာ မဟုတ်သော draftman များအဖြစ်လည်း AutoCad ကို သုံး၍ အလုပ်လွယ်ကူစွာ ရနိုင်ပါသည်။

MELODYMAUNG said...

ကိုစေးထူး နှင့် မချိုကို တကယ်ကျေးဇူးတင်ပါတယ်။
ကွန့်မန့်တွေဖတ်သွားရတာလဲ ဗဟုသုတတိုးပြီး သိရှိနားလည်စေပါတယ်။
စိတ်မကောင်းတာက အရင်ပို့စ်တွေ(ဒီလိုနိုင်ငံခြား သွားမယ်ဆိုရင်) အဲဒါကို မြန်မာက ဂျာနယ်တစ်စောင်မှာ ခပ်တည်တည် ကူးချပြီး ထုတ်ဝေခဲ့တာပါပဲ :(
ကိုစေးထူးဘလော့ဂ်မှ ကူးယူဖေါ်ပြသည်ဆိုရင်လဲ တော်သေးရဲ့နော်။ (အဲဒီလို နောက်တခါတွေ့ရင် အနော်က အော်တော့မှာ)

ကလိုစေးထူး said...

ညီမ မယ်လိုဒီရေ…
မေးလ်နဲ့ အကြောင်းပြန်မလား စဉ်းစားပေမယ့် ကွန်မန့်ကို တခြားလူတွေလဲ တွေ့မိလောက်ပြီး ဖြစ်နေပြီမို့ ကွန်မန့်ကနေပဲ ရေးလိုက်မယ်နော်။
တကယ်တော့ အဲဒီပို့စ်ကို ရေးဖြစ်တာကိုက အဲဒီ ဂျာနယ်က အယ်ဒီတာတယောက်ရဲ့ စိတ်ကူးနဲ့ပါ။ အဲဒီဂျာနယ်မှာ ထည့်ဖို့ ရည်ရွယ်ပြီးတော့ ကိုကြီးဆီ မေးလ်နဲ့ တဆင့် ရီကွက်စ်လုပ်တဲ့ အတွက် တင်ဖြစ်ပေးခဲ့တာပါ။ ကွန်မန့်ရေးကြသူတွေအနက်က ဆောင်းပါးမှာ နာမည်ဖော်ပြခွင့် ပြုသူတွေရဲ့ မှတ်ချက်တွေထဲက ကောင်းနိုးရာရာတွေနဲ့ ဆောင်းပါးတပုဒ်ရေးပြီး အဲဒီ ဂျာနယ်မှာ ဖော်ပြခဲ့တာပါ။ ဖော်ပြထားတာကိုလဲ အဲဒီဂျာနယ်ကနေ အကို့ဆီကို မေးလ်နဲ့ ပေးပို့အသိပေးခဲ့ပါတယ်။ ကိုကြီးနာမည် မဖော်ပြတာကတော့ တခြားသော အကြောင်းအမျိုးမျိုးကြောင့် ဘေးထွက်ဆိုးကျိုး တခုခု ပေါ်လာမှာကြောင့် မထည့်ဖြစ်စေခဲ့တာပါ။ ကိုကြီး အတွေ့အကြုံမှတ်ချက်တောင် ၀င်မရေးဖြစ်ခဲ့ပါဘူး။ နောက်ဆုံး အဲဒီ ဆောင်းပါးလင့်ခ်ကိုတောင် (မလိုအပ်ဘဲ နာမည်မထွက်စေချင်လို့) ကိုကြီး ဘလော့ဂ်မှာ မချိတ်ခဲ့တာပါ။ အထင်လွဲစရာ တခုခု ဖြစ်မယ်ဆိုရင် ကိုကြီးမှာလည်း တာဝန်ရှိပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အခုလို ပို့စ်ကနေ အားလုံးရဲ့ အတွေ့အကြုံတွေကနေ တစုံတရာ အကျိုးရှိသွားတာကိုက ကျေနပ်စရာမို့…၊ ဒီပို့စ်တွေမှာ ပူးပေါင်းရေးသားကြသူ အားလုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။

တောကကိုရင် said...

ကျေးဇူးပါပဲအစ်ကိုရေ....

Anonymous said...

http://www.itmgmg.com/myblog.aspx?ID=2008020401