Tuesday, December 30, 2008

ပန်းတိုင်ရွယ်ကိုး ... ၂၀၀၉ သို့

နှစ်သစ်ကူး ဆုတောင်းသံလေးတွေကို နေရာအနှံ့ ကြားနေရပြန်ပါပြီ။

ကျနော် အခု ဒီစာကို ရေးနေတဲ့ အချိန်ကနေ ရေတွက်ရင်တော့ နောက်ထပ် ၂၈ နာရီခွဲ ကြာရင် ၂၀၀၉ ခုနှစ်ကို ရောက်ပါတော့မယ်။

ကျနော့်တဦးတည်းရဲ့ ခံစားချက်သက်သက် အရ ပြောရရင်တော့ ၂၀၀၈ ဆိုတာကြီးကို ခပ်မြန်မြန်ပဲ လွန်မြောက်စေချင်နေပါပြီ။ ၂၀၀၈ ခုနှစ်ဟာ ကံကောင်းခြင်း နည်းပါးလှတဲ့နှစ်၊ ကံဆိုးမှု ပရပွကို သယ်လာတဲ့နှစ်လို့ကို ခံစားရတယ်။

ဒီနှစ်ထဲမှာပဲ နာဂစ်မုန်တိုင်းလို ကပ်ဆိုးဒဏ်ကိုလဲ ခံစားရ၊ ဒီနှစ်ထဲမှာပါ ပြည်သူချစ်တဲ့ အနုပညာရှင်တွေ များစွာကြွေလွင့်ခဲ့ရ။ ဒီကြားထဲ မတရားမှုတွေ အားလုံးကို ကိုယ်စားပြုတဲ့ ဥပဒေမူကြမ်းကိုလဲ အတင်းကာရော အသက်သွင်းခဲ့ကြတာလဲ ဒီနှစ်ထဲမှာပဲ။ မိစ္ဆာတွေ သိက္ခာတင်ခဲ့ကြတဲ့ နှစ် လို့တောင် တင်စားလိုက်ချင်ရဲ့။

အစွဲအလမ်း ကြီးတယ်ပဲ ဆိုချင်ဆိုကြပါတော့…၊ ကံဆိုးတဲ့နှစ် ၂၀၀၈ ကို လွန်မြောက်ပြီး ပန်းတိုင်ရွယ်ကိုး ၂၀၀၉ ကိုသာ အမြန်ရောက်ချင်ပါပြီ။

ကျနော့် မိတ်ဆွေများ အားလုံး မင်္ဂလာနှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေ။

အားလုံးကို ခင်မင်လေးစားစွာ

ကလိုစေးထူး

25 comments:

kay said...

ကိုစေးထူး ဆန္ဒပြုသလိုပါပဲ။
ပျော်ရွှင်ဖွယ်..အနာဂါတ်အသစ်..ဖြစ်နိုင်ကြပါစေ။

တောင်ပေါ်သား said...

အကိုစေးထူးရေ ပျော်ရွှင်ဖွယ် ၂၀၀၉ နှစ်သစ်လေး ဖြစ်ပါစေကြောင်း

Anonymous said...

ပျော်ရွှင်တဲ့ အနာဂတ်သစ်ကို မှန်းမျှော်ရင်း အသက်တွေလည်း တစ်နှစ်ကြီးလာပြီနော့် အစ်ကို ၂၀၀၈ ကတော့ စာတင်လောက်တဲ့ နှစ်တစ်နှစ်ပေါ့ ။ ကိုစေးထူးလည်း နှစ်သစ်မှာ ပျော်ပါစေဗျာ။

pandora said...

နှစ်သစ်မှာ အေးချမ်းပျော်ရွှင်ပါစေ။ စာတွေ အများကြီး ဆက်ရေးနိုင်ပါစေ မောင်စေးထူး.. အဲ.. ကိုစေးထူးရေ.. ;P

The Wild Rose said...

ကောင်းသော ...... မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေလို့တော့ ဆုတောင်းပါတယ် ..... မြန်မာပြည်တွင်းမှာတော့ .... အင်း ... သူတို့ရှိနေသ၍ကတော့ .... မထင်ရေးချ ... မထင် ....

မီယာ said...

အောင်မြင်သော ပျော်ရွှင်စရာကောင်းသော ၂၀၀၉ ဖြစ်ပါစေ။

MANORHARY said...

ရှင်ကြီးကျားထက်ဆိုး ...ဆိုရင်ကော...?
း) ဟဲဟဲ..စတာပါ..
၂၀၀၉ မှာအရာရာအစစအဆင်ပြေပါစေလို့..
စိတ်ကူးအိပ်မက်တွေ လည်းပြည့်ဝပါစေလို့

တောင်ပေါ်သား said...

မင်္ဂလာရှိသော ပြည့်စုံသော နှစ်သစ်လေး တခု ဖြစ်ပါစေလို့ ရင်ထဲက ဆုတောင်းပေးပါတယ်

ကိုပေါ said...

မွှေနှောက်နာဂစ် ၂၀၀၈ အလွန်မှာ ပန်းတိုင်ရွယ်ကိုး ၂၀၀၉ ဆိုတော့ မဆိုးဘူး။ ပျော်ရွှင်သော နှစ်သစ် ဖြစ်ပါစေဗျိုး။

Anonymous said...

ပျော်ရွှင်ဖွယ်ရာ နှစ်သစ် မင်္ဂလာပါဗျာ...

:)

Moe Cho Thinn said...

ထပ်တူ ဆုတောင်းသွားပါတယ်။
ပျော်ရွှင် ကျန်းမာ နှစ်သစ် မင်္ဂလာ..ပါ စာရေးကောင်းတဲ့ မောင်လေး ကိုစေးထူးရေ..

ယောနသံစင်ရော် said...

ကိုစေးထူး .. မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ...

Myo Win Zaw said...

မင်္ဂလာနှစ်သစ်ဖြစ်ပါစေ

ATN said...

၂၀၀၉ ရဲ့ နေ့ရက်တွေတိုင်းကို အစစ အရာရာ အဆင်ပြေ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ ညီရေ့... :)

ပုံရိပ် / Pon Yate said...

အားလုံး အတွက် မင်္ဂလာရှိသော နှစ်သစ် ဖြစ်ပါစေ ကိုစေးထူး။

လင်း said...

လှပသော ပျော်ရွှင်ဖွယ် နှစ်သစ်တခုကို ပိုင်ဆိုင်နိုင်ပါစေ

tututha said...

စီပုံးလည်းမတွေ့ မန့်လို့လည်းမရတာကြာပြီ ... ခုမန့်ကြည့်တယ် .. ရမရတော့မသိ

ကလူသစ် said...

အခြေအနေပေးတုန်း အပြေးအလွှားလာရောက် ဆုတောင်းပေးသွားပါတယ်။ အပေါ်ကလူတွေ ဆုတောင်းပေးခဲ့ကြတဲ့အတိုင်းပါပဲ။

Anonymous said...

ကိုစေးထူး အသစ်မရေးဘူးလားဗျ ။

Anonymous said...

Wish you a very happy new year.

Kaung Kin Ko said...

ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေဗျာ။

Unknown said...

မယုံရင်ပေါင်းကြည့် ၂+၀+၀+၈=၁၀ ဘူ! :P

Anonymous said...

စာရေးသူတိုင်းသည်ကိုယ့်သမိုင်းကိုကိုယ်တိုင်ရေးနေသူ
များဖြစ်သောကြောင့်တာဝန်အလွန်ကြီးပါသည်။
ထိုတာဝန်ကို ကျွန်မတို့သည် ဂုဏ်သိက္ခာဖြင့်ရင်းရမည်။
ထိုဂုဏ်သိက္ခာကိုလည်းကျွန်မတို့ဖတ်သောစာအုပ်များ
ကပေးအပ်ပါလိမ့်မည်။
ဂျူး

ထပ်ဆင့်တင်ပြသူ

xxxx

တန်ခူး said...

ကိုစေးထူးရေ… ပျော်ရွှင်ချမ်းမြေ့ဘွယ် နှစ်သစ်ဖြစ်ပါစေ…

Anonymous said...

စာဖတ်ရင်း အလည်ရောက်ပါတယ်။