Tuesday, December 26, 2006

အမေ...

အိမ်နဲ့ ဝေးနေသူတွေ ဒီကမ္ဘာမှာ အများကြီးပါ။ အဲဒီအများကြီးထဲကမှ ကျနော်လဲ တယောက် အပါအ၀င်ပေါ့။ အမေ့အိမ်ကို တကယ်လွမ်းလှပါတယ်။ လျှောက်နေတဲ့ လမ်းမှာ ခလုတ်တွေ တိုက်မိတိုင်း၊ ဖေးကူသူ မဲ့တဲ့အခါတိုင်း အမေ့ကို သတိရလှပါတယ်။ အမေ့ရဲ့ ဆိုဆုံးမမှုတွေ ပရပွတုန်းက တန်ဖိုးမထားတတ်ခဲ့တဲ့ ကျနော် တယောက်၊ ဆုံးမသူမဲ့တဲ့ နေရာရောက်တော့ အမှားတွေ ကြုံလာတိုင်း၊ ကရုဏာဒေါသောနဲ့ ဆူပူမာန်မဲတတ်တဲ့ အမေ့ကို တမ်းတမိတတ်လာပါတယ်။ အဲဒီအတွက် သီချင်းတပုဒ်ရေးမိပါတယ်။

ဒီသီချင်းကို ရေးပြီးတာ လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းကပါ။ အခါတိုင်း တင်နေကြ youtube မှာ တင်လိုက်တိုင်း error တွေပဲ တက်တက်လာလို့ အမေ့ အတွက် သီချင်းကျမှ ဒီလိုဖြစ်တာလား လို့ ရင်ထိတ်သွားမိပါသေးတယ်။ သီချင်းကိုလဲ သုံးခါလောက် ပြန်သွင်းရပါတယ်။ ဖိုင်လ်က ကြီးနေလို့ ပြန်ကျော့ဆိုချင်တဲ့ အပိုဒ်တွေကို ဖြတ်ပြီး ခပ်တိုတိုပဲ ဆိုလိုက်မှ xangaမှာ တင်လို့ရသွားပါတယ်။ ကွန်ပြူတာနဲ့ ပတ်သက်ပြီး အတတ်ပညာ နည်းပါးလှတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ မကျေမနပ် ဖြစ်နေမိပါတယ်။

သီချင်းနာမည်ကိုတော့ အမေ လို့ပဲ ခပ်ရိုးရိုး ပေးထားပါတယ်။ ဒီနေရာ မှာ နားထောင်ပါခင်ဗျာ။ D-Key နဲ့ တီးထားပါတယ်။ ခံစားချက်နဲ့ ၀ါသနာအရ ရေးစပ်ထားလို့ လိုအပ်ချက်တွေ တပုံတပင်နဲ့ နေမှာ သေချာပါတယ်။ နားထောင် ပေးကြပါအုံး။ အားလုံးကို ကျေးဇူးပါ။

အမေ..

Intro; D Bm Em A D A7

D Bm
အမေ.. မှိုင်တွေကာ ငိုနေပြီလား
Em A
ဘယ်အချိန် ကျနော် ပြန်လာမလဲ
A D A7
မှန်းဆရင်းနဲ့ မျှော်နေမလား

D Bm
အမေ အိမ်မှာ ဘယ်လိုနေရှာမလဲ
Gbm Bm
အမေ ကျန်းမာပါရဲ့လား
Em A D
သားဆိုး ကျနော့်ကို လွမ်းနေမလား..

Bm Gbm Bm
နှိုင်းတုမရတဲ့ အမေ့ မေတ္တာ ဝေးမှ သိမြင်လာ
Em A D D7
အပြုံးတွေ ကင်းမဲ့ အတ္တများကြားမှာ
Em A Gbm Bm
အမေ့အိမ်ပြန်ချင်တိုင်း မျက်ရည်တွေရယ် ၀ိုင်း
Em A D
ပေးသနားလှည့်ပါ အားအင်တွေကို.. အမေ.

အမေ… အယောင်ဆောင် လူတွေရဲ့ကြား.
လိမ်ညာသူတွေရဲ့ကြား
စိုးရွံ့ ထိတ်လန့် နေလေမလား..

အမေ… တချိန်မှာ ပြန်ဆုံနိုင်မလား
ဘုရားရှင် ထံပါးမှာ
တောင်းဆု ပြုလို့ နီးကြရစေသား..

Solo; Intro
Cho Cho




4 comments:

မေဓာဝီ said...

အမေသီချင်းနားထောင်ပြီး ... အဝေးရောက် အမေ့ကို အရမ်းလွမ်းမိပါတယ်။ ကျမကတော့ အမေပြန်လာမဲ့ ရက်ကို မျှော်နေရတာပါ။ လူတယောက်ရဲ့ တန်ဖိုးကို အဲဒီလူမရှိတော့တဲ့ အချိန်ကျမှ ပိုသိသလို ... အမေ့ရဲ့ တန်ဖိုးကိုလဲ အမေ နဲ့ ဝေးကွာနေတဲ့အချိန်မှ ပိုသိလာရပါတယ်။ အမေ သီချင်းအတွက် ကျေးဇူးအထူးပါရှင်။

Anonymous said...

အမေ ဆိုတဲ့သီချင်း ကိုကြိုက်ပါတယ် စာပဲဖတ်လို့ရတယ် ကော်နက်ကမကောင်းတော့နားထောင်လို့ရဘူး
အမေ ရှိရင် အရာရာကိုရင်ဆိုင်ရဲတယ် အမေ နဲ့ ဝေးနေပင်မဲ့ အမေရဲ့အသံကိုကြားလိုက်တာနဲ့ အားငယ်စိတ်တွေဟာပျောက်ကွယ်ရတယ်
ညီမလေး အတွက် အမေ ဟာ အရေးကြီးဆုံးပါ

Anonymous said...

အမေ ဆိုတဲ့သီချင်း ကိုကြိုက်ပါတယ် စာပဲဖတ်လို့ရတယ် ကော်နက်ကမကောင်းတော့နားထောင်လို့ရဘူး
အမေ ရှိရင် အရာရာကိုရင်ဆိုင်ရဲတယ် အမေ နဲ့ ဝေးနေပင်မဲ့ အမေရဲ့အသံကိုကြားလိုက်တာနဲ့ အားငယ်စိတ်တွေဟာပျောက်ကွယ်ရတယ်
ညီမလေး အတွက် အမေ ဟာ အရေးကြီးဆုံးပါ
ကျေးဇူးကိုကြီး

rita said...

song lay listen chin tar listen lo ma ya par...
i think,, link was broken,,,
ko say htoo yay pyan check pay par oo naw
thanks