ကျနော်ဖြေခဲ့ရတဲ့ အဝေးသင် တက္ကသိုလ် အတန်းတင် စာမေးပွဲ တခုမှာ ဖြစ်ပါတယ်။ ကျနော်နဲ့ မလှမ်းမကမ်းက စာဖြေသူ ကျောင်းသားတယောက်က စာကူးချနေတာကို အခန်းကြီးကြပ်သူ ဆရာမက တွေ့တော့ သူကူးနေတဲ့ စာရွက်ကို သိမ်းယူဖို့ ကြိုးစားပါတယ်။ အဲဒီမှာတင် အဲဒီကျောင်းသားက သူ့ရဲ့ အိတ်ကပ်ထဲက တစုံတခုကို ထုတ်ပြီး စားပွဲပေါ်ကို ဆရာမ မြင်သာအောင် တင်လိုက်ပါတယ်။ ပြီးတော့ ပြောလိုက်ပါသေးတယ်။ `ဆရာမ၊ ကျနော် တပ်က အရာရှိတယောက်ပါ’ အဲဒီမှာတင် ဆရာမက အောင်နိုင်သူ စစ်သူကြီးတယောက် အပြုံးနဲ့ စကားတခွန်း ပြန်ပြောလိုက်ပါတယ်။ `အေး၊ ငါလဲ တပ်ရင်းမှူးကတော် တယောက်ပဲ၊ မင်းက ဘယ်တပ်က အရာရှိတုန်း´ *** ကျနော်တို့ မြို့ကလေးရဲ့ မြို့လယ်ခေါင်က ဖြစ်ရပ်တခု ဖြစ်ပါတယ်။ လဲကျနေတဲ့ စက်ဘီး နှစ်စီး..၊ အဲဒီအနီးမှာတော့ အသက်သုံးဆယ် ၀န်းကျင်လူတယောက်က ချာတိတ်အရွယ် ကောင်လေး တယောက်ကို ရှူးရှူးရှားရှားနဲ့ အားရပါးရ ထိုးကြိတ်နေပါတယ်။ ပါးစပ်ကလည်း.. `ငါ့ကို ဘာကောင်ထင်နေလဲ၊ တပ်မတော်အရာရှိကွ၊ ကဲကွာ..´ သူဘာဖြစ်လို့ အဲဒီလောက်တောင် ဟိုကောင်လေးကို ထိုးကြိတ်ရသလဲဆိုတာကို နောက်ပိုင်းမှာ စုံစမ်းကြည့်တော့ သူ့ကို စက်ဘီးချင်း လိုက်ချိတ်လို့ပါတဲ့။ *** စစ်မြေပြင် တခုမှာ ဖြစ်ပါတယ်။ ဗုံးသံ၊ သေနတ်သံတွေ တ၀ုန်းဝုန်းနဲ့ ပြင်းထန်လှတဲ့ တိုက်ပွဲတခုမှာ အင်အားချင်းက မမျှလေတော့ သူပုန်တွေဘက်က တဖြည်းဖြည်းနဲ့ အသာစီးရလာပါတယ်။ ရေရှည်ဆိုရင် တပ်ခွဲ စခန်းတခုလုံး သူပုန်တွေ လက်အောက်ကို ကျရောက်ပါတော့မယ်။ အဲဒီလိုနဲ့ တကြိမ်မှာတော့ တပ်ခွဲမှူး ဗိုလ်ကြီးကို သေနတ်မှန်သွားပါတယ်။ ဆုတ်ခွာမှ ဖြစ်တော့မယ့် အခြေအနေမှာ ဗိုလ်ကြီးက အားတင်းထားရင်းနဲ့ တပ်ကြပ်ကြီးကို အနား ခေါ်လိုက်ပါတယ်။ `ဆရာကြီး´ `ဟုတ်၊ ဗိုလ်ကြီး´ `ကျနော့်ကို ထားခဲ့ကြတော့၊ ဆရာကြီး ဦးစီးပြီးတော့ တပ်ခွဲတခုလုံး ဆုတ်ပါ။ ကျနော်ခံပစ် ထားပေးမယ်´ `ဟာ၊ ဘယ်ဖြစ်မလဲ ဗိုလ်ကြီး´ အဲဒီမှာတင် ဗိုလ်ကြီးက ဒဏ်ရာကြောင့် နာကျင်နေတဲ့ကြားက အားယူပြီး ခပ်ပြတ်ပြတ်ပြောလိုက်ပါတယ်။ `ဒီမယ်ဆရာကြီး၊ ကျုပ်အမိန့်ပေးနေတယ်၊ ကျုပ် အရာရှိ အမိန့်ပေးနေတယ်´ *** ဖြစ်ရပ်သုံးခုမှာ နှစ်ခုက ဖြစ်ရပ်မှန်..၊ တခုကတော့ ဗီဒီယို ဇာတ်ဝင်ခန်း..။ အဖြစ်အပျက်တွေ မတူကြပေမယ့် တူကြတာ တခုတော့ ရှိပါတယ်။ အားလုံးကတော့ `တပ်မတော် အရာရှိ´ တွေပါပဲ။ ကလိုစေးထူး |
Wednesday, April 25, 2007
ဘောင်ဘင်ခတ်ကြခြင်း...
Labels:
ခံစားချက်စာစု
Subscribe to:
Post Comments (Atom)
3 comments:
i like this post. i am very familiar with your name but you don't know me. when i was near Than Lwin river last month in thailand your name come into my mind very often. Ko Than Lwin, may you be happy!
HI, IT IS SO LOVELY POST. BECAUSE IT SAYS THE TRUTH VERY LOVELY. THERE IS ONE NEW ETHNIC IN MYANMAR NOW YOU KNOW. IT IS SOLDIER ETHNIC. THIS NEW ETHNIC MAKE HARM ALL OTHER ETHNIC.SO WE HAVE TO REMOVE THIS NEW ETHNIC OR WE HAVE TO MAKE IT IN THREE IN ONE.THAT IS JUST MY THOUGHT. MAY YOU BE HAPPPY!
အဖေပြောပြဖူးတာလေးပါ။
အဖေက သူ့ သူငယ်ချင်းနဲ့ အတူ တနေရာကို သွားတော့ ကားကို အဖေ့သူငယ်ချင်းက မောင်းပါတယ်။ လမ်းမှာ ယာဉ်ထိန်းရဲက တားတယ်။ အဖေ့သူငယ်ချင်းက ‘ငါကိုယ်တိုင် မောင်းလာတာကွ’ လို့ ခပ်တည်တည်နဲ့ ပြောတော့ ယာဉ်ထိန်းရဲလည်း ဟုတ်ကဲ့ မသိလို့ပါ လို့ ဆလုရိုက်ပြီး လွှတ်ပေးလိုက် သတဲ့။
အဖေ့သူငယ်ချင်းက ဘာအရာမှ မရှိပါဘူး။ အရာမရှိတဲ့အတွက် စင်းလုံးချော လို့ ဆိုရမလားဘဲ။
ကိုသံလွင်ရဲ့ စာကိုဖတ်ပြီး အဲဒီအကြောင်း သတိရလို့ ကျမ ပြုံးမိပါတယ်။
တခါတခါတော့လည်း တမင်ကို ဘောင်ဘင် ခတ်ရတာ ပျော်စရာပဲ ရှင့်။
Post a Comment