Friday, February 01, 2008

စပ်မိစပ်ရာ…(၁၉)

ဒီတပတ် စပ်မိစပ်ရာကို မတင်ဆက်မီမှာ ဦးစွာအနေနဲ့ ၀မ်းနည်းစကား ဆိုရမှာကတော့ ကိုနေဘုန်းလတ် အဖမ်းဆီးခံရတယ် ဆိုတဲ့ သတင်းစကားအတွက်ပါ။ စတင်ကြားသိရချိန်တုန်းက ဒါဟာ ကောလဟလပဲ ဖြစ်ပါစေလို့ ဆုတောင်းရင်း နီးစပ်ရာတွေကိုသာ တိုးတိုးတိတ်တိတ် လိုက်လံ သတင်းမေးခဲ့ရပေမယ့် ညီမလေး မေပျိုရဲ့ ၀မ်းနည်းကဗျာနဲ့တကွ အတည်ပြုနိုင်လောက်ပြီ ဖြစ်တဲ့ သတင်းတွေနဲ့အတူ ကိုနေဘုန်းလတ်ရဲ့ မိခင်ဖြစ်သူရဲ့ အင်တာဗျူး အရ သူ့ကို အာဏာပိုင်တွေက ဖမ်းဆီးသွားတယ်လို့ သုံးသပ်မိပါတယ်။ ဘာကြောင့်၊ ဘာအတွက် ဖမ်းတယ်ဆိုတာကို တိတိကျကျ မသိရတဲ့တိုင်အောင် ဒီကနေ့ခေတ် အာဏာပိုင်တွေရဲ့ ဖမ်းဆီးချုပ်နှောင်မှုကို ခံရတဲ့ ကိုနေဘုန်းလတ်ရဲ့ အခြေအနေကိုတော့ စိုးရိမ်မိတာ အမှန်ပါပဲ။ ဟိုးအဝေးကြီးကနေပြီး `ဘေးကင်းပါစေ´ လို့ ဆုတောင်းပေးတာက ထိရောက်မှာ မဟုတ်မှန်း သိပေမယ့် ဒါကိုပဲ တတ်နိုင်သလို ဖြစ်နေတော့… `ကိုနေဘုန်းလတ် တယောက် ဘေးရန်ကင်းစွာနဲ့ အိမ်ကို ပြန်ရောက်လာနိုင်ပါစေ´ လို့ ဆုတောင်းလိုက်ပါတယ်။

ဇန်န၀ါရီလ ၂၉ ရက်နေ့မှာ အာဏာပိုင်တွေရဲ့ အခေါ် နေပြည်တော်လို့ ခေါ်တဲ့ ပျဉ်းမနားအရပ်မှာ အရွယ်မရောက်သူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီ သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ တကယ်တော့ အမှန်တကယ်သာ ကလေးတွေကို စစ်တပ်ထဲ သွတ်သွင်းတာ မရှိခဲ့ဘူး၊ စစ်တပ်ကလည်း စစ်ထဲဝင်ဖို့ ရောက်လာတဲ့ ကလေးတွေကို လက်မခံတာ သေချာတယ်ဆိုရင် အဲဒီ ကော်မတီဆိုတာ ပေါ်လာစရာ အကြောင်းတောင် မရှိပါဘူး။ ကျနော် မှတ်သားမိသလောက်ဆိုရင် ၂၀၀၄ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့တဲ့ အဲဒီ ကော်မတီရဲ့ သက်တမ်းဟာ လေးနှစ်သား ရှိနေပါပြီ။ အစည်းအဝေးတွေသာ လုပ်နေဆဲ ဖြစ်ပေမယ့် မနေ့တနေ့ကမှ ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာမှာတော့ ကလေးစစ်သား အသုံးပြုမှု အများဆုံး ကမ္ဘာ့နိုင်ငံ ၁၂ နိုင်ငံထဲမှာ မြန်မာနိုင်ငံ ပါရှိနေဆဲပါပဲ။

မြန်မာနိုင်ငံတွင်းမှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု လုပ်ငန်း အများဆုံးဟာ လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းပါတဲ့။ တနိုင်ငံလုံး လျှပ်စစ်မီး မှန်မှန်လာဖို့ ဝေးစွ…၊ ရန်ကုန်လို နေရာမျိုးမှာတောင် မီးမှန်မှန်မလာလွန်းလို့ ပြည်သူတွေက ချူသံပါအောင်ညည်းနေရတဲ့ ကျနော်တို့ နိုင်ငံမှာ အများဆုံး လာရောက် မြုပ်နှံတဲ့ လုပ်ငန်းကနေ ပေးတဲ့ လျှပ်စစ်ဓာတ်အားတွေက ဘယ်ဆီကို သွားနေတာပါလိမ့်။ ၀ိုင်ဝိုင်းရဲ့ နောက်ဆုံး ထွက်ရှိထားတဲ့ `ထာဝရ´ အခွေထဲက သီချင်းတပုဒ်ရဲ့ စာသားတခုကိုလည်း သတိထားမိပါသေးတယ်။ ဘာတဲ့…၊ `ပူလောင် အိုက်စပ်တိုက်ခန်းထဲဝယ် ~~~ ငါလေ ဖယောင်းတိုင်ငယ်လေး ထွန်းကာ~~~´ တဲ့။ ဆက်စပ်ပြီး တွေးကြည့်တာ ဆိုင်မဆိုင်တော့ မပြောတတ်…၊ ဒါပေမယ့် တိုက်ခန်းဆိုတော့ မြို့ပေါ်မှာပေါ့၊ မြို့ပေါ်က တိုက်ခန်းမှာ ဖယောင်းတိုင် ထွန်းတော့ မီးမလာတာပေါ့…။ တေးရေးဆရာ ဆိုလိုချင်ဟန်နဲ့ ကျနော် ခံစားမိတာ လွဲနေမလားတော့ မသိနိုင်ပါဘူး။

ကျနော်တို့ အသက် ခပ်ငယ်ငယ်က မြန်မာပြည်မှာ ရေပန်းအစားဆုံး ဘောလုံး ပြိုင်ပွဲဖြစ်တဲ့ ပြည်နယ်နှင့်တိုင်း (အမျိုးသား) ဘောလုံး ပြိုင်ပွဲကို ဒီနှစ်မှာတော့ ထူးခြားလှစွာပဲ ရှမ်းပြည်နယ်မှာ ကျင်းပလျက် ရှိပါတယ်။ အဲဒီပြိုင်ပွဲရဲ့ ထူးခြားတဲ့ သတင်းတရပ်အနေနဲ့ ကျောက်မဲဇုန်မှာ ကျင်းပနေတဲ့ ပွဲစဉ်မှာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်လို့ ဆိုပြီး ဧရာဝတီတိုင်း ဘောလုံးသမားတွေက ဒိုင်လူကြီးတွေကို တသင်းလုံး နီးပါး ၀ိုင်းရိုက်ကြတယ် လို့ သိရပါတယ်။ လူရွှင်တော် ကင်းကောင်ကများ အဲဒီသတင်းကို ကြားရင် မျှော်စင်ကျွန်းပွဲတုန်းကလို `အဲဒါ မြန်မာကွ´ လို့ ပြက်လုံး ထုတ်အုံးမလားပါပဲ။

ဂျပန်နိုင်ငံဟာ သူ့နိုင်ငံအတွင်း နိုင်ငံခြားသားများ လာရောက်နေထိုင်မှု များပြားနေတာကို ဘာသာစကား ကျွမ်းကျင်မှု စစ်ဆေးခြင်းတွေနဲ့ ထိန်းချုပ် ကန့်သတ်တော့မယ် လို့ သိရပါတယ်။ တကယ့်တကယ်တမ်း အဲဒီအစီအစဉ် စတင်လာတော့မယ်ဆိုရင် မြန်မာနိုင်ငံကနေ ဂျပန်ကို ပညာတော်သင် သွားရောက်တဲ့ ကျောင်းသားများ အနေနဲ့ကတော့ အခက်အခဲ မရှိနိုင်ပေမယ့် အလုပ်သွားရောက် လုပ်ကိုင်လိုသူတွေ အတွက်ကတော့ အခက်အခဲ တရပ်အဖြစ် ရင်ဆိုင်ရဖွယ် ရှိတယ်လို့ သိရပါတယ်။

ထူးဆန်းတဲ့ သတင်းတရပ်အနေနဲ့ ပြင်သစ်သမ္မတ ဆာကော်ဇီဟာ မနှစ်က မဲဆွယ်ကာလအတွင်းမှာ မိတ်ကပ်ဖိုးအနေနဲ့ ယူရို ၃၅၀၀၀ သုံးစွဲခဲ့ကြောင်းကို စာရင်းစစ် ကော်မရှင်က ထုတ်ပြန်ခဲ့ပါသတဲ့။

မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ်အတွက် ဂုဏ်ထူးဆောင် ဆုတံဆိပ်များ အပ်နှင်းရာမှာ လူမှုထူးချွန်တံဆိပ် ပထမအဆင့် ရရှိသူတွေမှာ အခြေခံ လူတန်းစား စုစုပေါင်း ၂၁ ဦး ပါဝင်ခဲ့တယ်လို့ ပြည်တွင်းထုတ် ဂျာနယ် တစောင်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ပြည်ပ အခြေစိုက် ခေတ်ပြိုင် ဂျာနယ်ကတော့ အဲဒီ လူမှုထူးချွန်ဆု ရရှိသူတွေထဲမှာ စက်တင်ဘာလ၊ သံဃာ့ကံဆောင်ပွဲတွေမှာ ပါဝင်ပတ်သက်ခဲ့သူ အများအပြား ပါနေတယ်လို့ သတင်း ထုတ်ပြန်ပါတယ်။ ခေတ်ပြိုင်မှာ ဖော်ပြထားတဲ့ သတင်းမှာ အာဏာပိုင်တွေရဲ့ အခေါ် နေပြည်တော် ခေါ် ပျဉ်းမနားအရပ်က အမည်မဖော်လိုတဲ့ အရာရှိတဦးက `ဘွဲ့တွေအတွက် တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ စာရင်းတောင်းကတည်းက ယခင် သတ်မှတ်ချက် အဟောင်းတွေ အပြင် စက်တင်ဘာ သံဃာ့အရေးအခင်း ကာလမှာ ပေးအပ်တဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်တဲ့ ရဲနဲ့၊ ၀န်ထမ်းတွေ၊ အစိုးရနဲ့ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ သံဃာနဲ့ လူပုဂ္ဂိုလ်စာရင်းတွေကိုပါ တင်ပြဖို့ ညွှန်ကြားလာခဲ့တယ်။ အဲဒီညွှန်ကြားချက်အတိုင်း တင်ပြလာတဲ့ လူတွေထဲမှာ စွမ်းအားရှင် တွေလည်း ပါဝင်ပြီး သူတို့ကိုတော့ လူမှုထူးချွန်တံဆိပ်တွေ ပေးခဲ့တာဖြစ်ပါတယ်´ လို့ ဖော်ပြပါတယ်။ ဒါဆိုရင် သွေးလှူဒါန်းခြင်းနဲ့ လူမှု ထူးချွန်ရရှိသူနဲ့ ခေတ်ပြိုင်က သတင်းထဲကပုံစံလို လူမှုထူးချွန်ဆု ရရှိသူတွေဟာ တတန်းတစားတည်း ဖြစ်စေတော့မှာလားဆိုတာ စဉ်းစားစရာပါ။

ရွေးကောက်ပွဲ ရလဒ် အငြင်းပွားမှုကနေ အစပျိုးလိုက်တဲ့ ကင်ညာနိုင်ငံရဲ့ လူမျိုးရေး သတ်ဖြတ်မှုတွေအတွင်း သေဆုံးခဲ့ရသူ ၈၅၀ ရှိခဲ့ပါပြီ။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအနန်က ဦးဆောင်ပြီးတော့ ကင်ညာ လက်ရှိအစိုးရနဲ့ အတိုက်အခံအကြား စေ့စပ်ဆွေးနွေးပွဲတွေ ပြုလုပ်နေပေမယ့် သတ်ဖြတ်မှုတွေကတော့ ရပ်မသွားသေးတဲ့ အပြင် နှစ်ဖက်ခေါင်းဆောင်တွေအကြား ရေရာတဲ့ အဖြေတခုလဲ ထွက်မလာသေးပါဘူး။

ဆေးရောင်စုံ အငြိမ့်အဖွဲ့ရဲ့ အောင်မြင်တဲ့ အငြိမ့်ဖျော်ဖြေပွဲတွေကို ကမ္ဘာတလွှားမှာ ကျင်းပနေတာဟာ အခုဆိုရင် ကိုးရီးယားမှာ ဖျော်ဖြေကြတော့မယ်လို့ သိရပါတယ်။ သတင်းဌာနတွေနဲ့ ကိုဂေါ်ဇီလာရဲ့ အင်တာဗျူးအရ သူတို့ဟာ အမေရိကန်ကိုပါ လာရောက်ဖျော်ဖြေဖို့ အစီအစဉ် ရှိတယ်လို့ သိရပါတယ်။ အမေရိကန်ကိုသာ ရောက်ခဲ့ရင်တော့ သူတို့ ဖျော်ဖြေနိုင်ဖွယ်ရာ ဖြစ်နိုင်ချေ အများဆုံးအနေနဲ့ နယူးယောက်၊ ကယ်လီဖိုးနီးယားနဲ့ အင်ဒီယားနား ပြည်နယ် သုံးခု အနက်က တခုခုမှာပဲ ဖြစ်မယ်လို့ တွက်မိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ ရောက်လာခဲ့ရင်တော့ အရောက်သွားပြီး အားပေးဖို့ အားခဲမိပါတယ်။

မနက်ဖြန် မနက်စောစောမှာ ကျနော် ခရီးတခု သွားဖို့ အစီအစဉ် ရှိပါတယ်။ ဘလော့ဂ်နဲ့တကွ မိတ်ဆွေ ညီအကို မောင်နှမအားလုံးနဲ့ ၂ ရက်တာတော့ ခေတ္တခဏ ခွဲရအုံးမှာပေါ့။ ပြန်လာရင်တော့ ဘလော့ဂ်မှာ တင်ပြဖို့အတွက် ရေးစရာ ကုန်ကြမ်းတခုခု ပါလာမယ် ထင်ပါရဲ့။ အားလုံး အဆင်ပြေ ပျော်ရွှင်ကြပါစေ။


ကလိုစေးထူး

20 comments:

Anonymous said...

လူ5သိန်း သေဆုံးတဲ့ ဆူနာမိ ကြီးဟာ အမေရိကလက်ချက်ဖြစ်ကြောင်း တင်ပြထားပါတယ်။ သူငယ်တန်းအဆင့် ဦးနောက်ရှိသူများ နားလည်အောင်ရေးထားပါတယ်။ http://lightofmyanmar.blogspot.com/2008/01/blog-post_28.html#links

* In Search of Truth * said...

ကိုအတင်းစေးထူး။ ကျနော်တို့ ဘလော့ကို နာမည်နဲ့ တကွအတင်းပြောနိုင်ပါတယ်။ ဘလော့တစ်ခုလေးဘာလေးနဲ့ နာမ်စားတွေ မသုံးပါနဲ့။ အစ်ကိုအဲလောက် ကြောက် စရာမလိုပါဘူးခင်ဗျာ။ ဒေါ်ကော်ပီစုကြည်တပည့်ပီပီ အကြောက်သိပ်မကြီးပါနဲ့။ ကျနော်တို့ ကိုအတင်းစေးထူး အဖေအနောက်နိုင်ငံတွေကိစ္စကို အထောက်အထားဗီဒီယိုတွေနဲ့ တင်ပြထားတာ မှားရင် အချက်အလက်နဲ့ ပြန်ငြင်းနိုင်ပါတယ်။ အစ်ကို့လို ကြောက်ချေးပါပြီး ဆီပုံးဘန်းတဲ့ အကျင့်မျိုး ကျနော်တို့တောသားနှစ်ယောက်မှာ မရှိပါခင်ဗျာ။ နောက်ပြီး ယောကျားဆိုတာ အချက်အလက်မရှိပဲ ဖင်ပိတ်မငြင်းသင့်ပါ။ နည်းနည်းလေးတော့ သိက္ခာရှိပေးပါခင်ဗျာ။ အေးအေးဆေးဆေး အရေမရ အဖတ်မရ နှစ်ဆယ်လုံးလုံးပြောနေတဲ့ အတင်းတွေပဲဆက်ပြောနိုင်ပါစေ။ (သိပ်ကြောက်ပြီး comment ဖျက်ချင်ဖျက်ပါ။ အတင်းပြောသမားတွေကို နည်းနည်းလေးမှ မလေးစားသလို ဂရုလည်းမစိုက်ပါခင်ဗျာ)

ဇော်မျိုး

Anonymous said...

ဟားဟား ဟားဟားဟားဟား ဟားဟားဟားဟားဟားဟားဟားဟား ဟားဟားဟား ဟားဟားဟားဟား ဟားဟာဟားဟား မပြုံးနဲ့ပဲနဲ့ ၀ါးလုံးကွဲ ရီချင်လို့ပါ။
ပညာမရှိတာ သိပ်သိသာတယ်..ဟားဟား ။ သဘာဝဘေးအန္တရာယ်ကိုများ လူုကဖန်တီးတယ်တဲ့လား ဟားဟားဟားဟား … ခင်ဗျားကို အဖက်လုပ်ပီး မပြောချင်ပေမဲ့ မနေနိုင်လို့ ဖြေရှင်းတာပါ။
ကျနော် အဲဒါနဲ့ပက်သက်ပီး သင်ယူနေသူတယောက်အနေနဲ့ ဒီလို အခြေအမြစ်မရှိ ပြောတာကို ဘယ်လိုမှ လက်မခံနိုင်တာကြောင့်လဲ ပါပါတယ်။ သဘာဝဘေးအန္တရာယ် ဆိုတာကို တားဆီးလို့မရဘူးဆိုပီး တဖွဖွ သင်ပေးတယ်။ ဒါပေမဲ့ ဒီလိုဖြစ်လာတဲ့ သဘာဝဘေး အန္တရာယ် ကို ဘယ်လိုကာကွယ် ရမလဲ ဆိုတာကိုပဲ အဓိက ထားပီး သင်ပေးတဲ့ ဘာသာရပ်ကို လေ့လာနေသူတယောက်ဖြစ်လို့ ဒီလိုသာမန်လူတွေ ကို ထင်ယောင်ထင်မှား ဖြစ်စေတဲ့ စာအမှားတွေက အဆိပ်အတောက်ဖြစ်စေ လို့ မဖြေရှင်းချင်ပဲ့ ပြန်ဖြေရှင်းတာပါ။
အဖက်လုပ်ပီး ဖြေရှင်းတာမဟုတ်ပါ။

သဘာဝဘေးအန္တရာယ်အကြောင်းလေ့လာနေသူတဦး

* In Search of Truth * said...

ကို Anonymous
အစ်ကိုတို့လိုပါပဲ ပညာရှင်ဆိုတဲ့ ခေါင်းစဉ်ကြီးနဲ့ အူကြောင်ကြားလုပ်တဲ့သူတွေ အများကြီးတွေ့ဖူးပါတယ်။ ဆွေးနွေးကြည့်တော့မှ တကယ်ကို တုံးတယ်ဆိုတာ ကျနော်လက်တွေ့ မြင်ခဲ့ပါတယ်။ တခါတုံးက ကိုညီညီဆိုတဲ့သူက သူ့ကိုယ်သူ အင်ဂျင်နီယာတဲ့ဗျ။ 9/11 မှာ Twin Tower ကြီး လေယဉ်ဆီကြောင့် မီးလောင်ပြီး ပြိုသွားတာ ဖြစ်နိုင်တယ်ဆိုပဲ။ သံအထူဘယ်လောက် အထိ အရည်ပျော်သွားတယ်ဆိုတာ သိလားလို့မေးတော့ ဘာမှ မသိရှာဘူး။ အချိန်ဘယ်လောက်မှာ ပြိုလဲဆိုတာလည်း မသိရှာဘူး။ ဘာဆို ဘာမှကို မသိပဲ သတင်းဌာနတွေပြောတဲ့ အတိုင်း လျှောက်အော်နေတာ ပေါ်သွားပါတယ်။ အဲဒီကတည်းက အရှက်ကွဲပြီးထွက်ပြေးသွားတာ ဘယ်ရောက်လို့ ဘယ်ပျောက်မှန်းကို မသိဘူးဗျာ။ ဒီတယောက်လည်း သဘာဝ ဘေးအန္တာရယ်နဲ့ ပတ်သက်ပြီးဘာများ လေ့လာထားလဲတော့ မသိပါ။ ဘွဲ့လေးဘာလေး ပြောပြနိုင်ရင် ကောင်းမှာပဲ။ ဆူနာမိ ဗုံန်းရှိတာတောင် ကြားဖူးဟန်မရှိပါ။ ကိုအတင်းပြောစေးထူး ဘလော့က စာတွေ ဖတ်ရင် အတင်းပြောတတ်ယုံက လွဲလို့ ဘာမှ အဖြစ်ရှိမှာ မဟုတ်ပါ

Anonymous said...

အဟက်.
အဟက်.
ဘာလဲ ဗုံးမှာ ဆူနာမီနာမည် တပ်ထားတဲ့ သံပုံးလားဗျ. ဟားဟား။
ဒါဆိုလဲ ငလျင်ဖြစ်အောင် ဘယ်လိုလုပ်လိုက်တာလဲဗျ။ ငလျင်အင်အားကြီးမှ ဆူနာမီ ဖြစ်မှာဆိုတော့ ငလျင်ကို ဘယ်လို ဖြစ်အောင် အရင်လုပ်လဲ ဗျ။ အဲဒါသိရင်တော့ ခင်ဗျားတော်တော် ပညာတတ်နေပီပဲ နည်းရှိရင်ပြောစမ်းပါဗျာ။ ကျနော် ခင်ဗျားအဘတွေနေတဲ့ နေရာကို ငလျင်တခု ဖန်တီးပေးချင်လို့ပါဗျ။ အဟက်အဟက်..
ခင်ဗျား ပညာကို လာမစော်ကားနဲ့ဗျ။ ခင်ဗျားပြောတဲ့ twin tower ပြိုတဲ့ကိစ္စမှာ အခုထိ ပညာရှင်တွေ အငြင်းပွားနေဆဲ ရှိသေးတယ်ဆိုတာ ခင်ဗျားထပ်ရှာပီး ဖတ်လိုက်ပါဦး။
ခင်ဗျားတို့လို ပညာနဲ့ပက်သက်ပီး သေချာ မသိတဲ့ လူတွေရဲ့ ဝေဖန်ချက်တွေကြီးပဲ လျှောက်ဖတ်မနေနဲ့။ ပညာတတ်တွေရေးထားတဲ့ ဝေဖန် ချက်တွေ ရေးသားထားတွေ ထပ်ဖတ်ပီး လေ့လာလိုက်ပါဦး ဗျ။ အဟက်။ ဒါပဲဗျာ။ ခင်ဗျားအချိန်တွေ ပိုနေပေမဲ့ ကျနော်
အချိန်မပေးနိုင်တော့ ဆက်လက်ပီးဖြေရှင်းမှာမဟုတ်ကြောင်း တခါတည်းပြောလိုက်ပါရစေ။
အဟက်အဟက်။ ကျနော့်ဆရာတွေနဲ့ ဆွေးနွေးမိရင်တော့ ကျနော့်ကို သနားစဖွယ် အကြည့်နဲ့ အကြည့်မခံချင်လို့ ဒီကိစ္စကို မဆွေးနွေးတော့ပါဘူး။ တော်ကြာ ၀ါးးလုံးကွဲ ရီပီး
မြန်မာတွေ အလွန်တုံးတဲ့သူတွေလို့ အထင်ခံရမှာဆိုးလို့ပါ။ ကျနော်ထပ်ရီပါရစေ။ ဟားဟား
ဟားဟား
ဟားးဟားး ဟားဟား ဟားဟား ဟားဟား ဆူနာမီကို လူက လုပ်တာတဲ့ ဟားဟား ဟားဟား

Anonymous said...

ဆရာသမားက အလွန်သိနေသလို ပြောနေပုံထောက်တော့ ဆူနာမိဆိုတာ ဘာလဲ၊ ရာဇ၀င်က ဘာလဲ၊ ဘာကြောင့် ဆူနာမိငလျှင်လို့ ခေါ်သလဲ၊ သိရဲ့လား။ ဆိုပါအုန်း။ အတိအကျအချက်အလက် မသိ ခေါ်ချင်ရာခေါ် ပြောချင်ရာပြောတဲ့အပြင် သူငယ်တန်း အဆင့်နားလည်အောင် ရေးထားတယ် ဆိုတဲ့ စကားက ရေးသူက သူငယ်တန်းအဆင့်ဘဲ ရှိတဲ့အတွက် သူငယ်တန်းအဆင့်သာ ရှိသူတွေကို သာ နားလည်အောင် ရေးတယ်လို့  မြင်ပါ တယ်။ အင်တာနက်ထဲ ပိုက်ကွန်ပစ် ပြီး ဆူနာမိ အမည်ဖြစ်ပေါ်ပုံ၊ ရာဇ၀င် အသေးစိတ် ကို လေ့လာပါအုန်း၊ အဲ မလေ့လာခင် စဉ်းစားသုံးသပ် ဆင်ခြင်တတ် တဲ့ ရေးထားသမျှ ကို နားလည်နိုင်မဲ့ ဥာဏ်အသိ ရှိဖို့  ကြိုးစား ပါအုန်း။ ပညာဆိုတာ အတန်းပညာ ဘွဲ့ပညာ ကို ပြောတာ မဟုတ်ပါဘူး။ ရေးသမျှစာကို ရေးသူရဲ့ ဆိုလိုချက် ကို နားလည်အောင် ဦးဏှောက်က ဘာသာပြန်နားလည်မှု့ ကို ဆိုလိုပါတယ်။ ဆူနာမိငလျှင်ကို အမေရိကန် က ထိန်းချုပ်ခဲ့တယ် ဆိုရင် ယခင် ဖြစ်ခဲ့တဲ့ ပုဂံမြေငလျှင်ဟာ တရုတ်နဲ့ ရုရှားရဲ့ လက်ချက်ဘဲ ဖြစ်ရမယ်။ ယခုလက်ရှိ မြန်မာပြည်က မင်းတြားကြီး က ဖင်ပိတ် နားပိတ် သတင်းပိတ်လို့  အီးမပေါက်နိုင် ဘဲ အပူကြီးမားနေလို့ တကမ္ဘာလုံး အပူဓါတ်လွန်ကဲ ရာသီဥတု ဖောက်ပြန် ပျက်ပြားနေတာဘဲ ဖြစ်ရမယ်။ အဟဲ ဒါဆို ရာမမင်း တောထွက်တာဟာ နန်းတော်ထဲမှာ ရာမမင်း အစား သောင်းကျန်းလို့  စားနပ်ရိက္ခာ သက်သာအောင် ရာရှင် ခြွေတာအောင် တောထဲကန်ထုတ်တာ ဖြစ်ရမယ်။ မြန်မာပြည် ရာသီဥတု ၃ပါးရှိတာ နင်းမကျစေချင်လို့  နင်းကျတဲ့ ရာသီဥတု ဖြုတ်ထားတာ ဖြစ်ရမယ်။ စိုက်ခင်းတွေကို ရေလောင်းရမှာ ပျင်းလို့ မိုးရာသီဆိုတာ ထွင်ထားတာဘဲ ဖြစ်ရမယ်။ အင်တာနက် ဆိုတာ စက္ကူဈေးကြီးလို့ စက္ကူ အစားသုံးတဲ့ ငနာ တကောင်ဖြစ်ရမယ်။ မော်တော်ကားဆိုတာ နွားတွေကိုသနားလို့  အစားထိုးယဉ်ဘဲ ဖြစ်ရမယ်။ ဟတ် ဟတ်
သူငယ်တန်း အဆင့် ဦးနောက်ပြင်ညာချိကြီး ခင်များ (တကယ်အမှန်က ဦးဏှောက်ပါ ဦးနောက် မဟုတ်ပါဘူး။) စာလုံးပေါင်းတောင် မှန်အောင် ပေါင်းတတ်အောင် မူကြို ပြန်တက် ပါအုန်းလို့  စေတနာ အပြည့်နဲ့  အကြွင်းအကျန်ပေးပါတယ်)
Burma Youth

* In Search of Truth * said...

ကို အမည်မသိ
ကိုအတင်းစေးထူးရေးတဲ့ အတင်းပြောစာတွေကို ဖတ်တာများပြီး မူမမှန်တော့ဘူးထင်တယ်။ ကျနော်ဆောင်းပါးမဖတ်ရဲရင်တောင် ကိုးကားထားတဲ့ ဆောင်းပါးတွေ ဖတ်ကြည့်ပါ။ ဆူနာမိ သမိုင်းက အခုလူသတ်မှုနဲ့ မဆိုင်ပါဘူးခင်ဗျာ။ စိတ်ကိုထိန်းပါ။ အတင်းပြောမှ စိတ်က ပုံမှန်ပြန်ဖြစ်မယ်ဆိုရင် အတင်းပဲထိုင်ပြောပါခင်ဗျာ။

Khin said...

I am sad to know that a blogger is arrested and some are given medals for crushing the opponents.

The majority of people are opponents of the military rule.

I pray the best for my country for people to see the truth. That our country is still so backward in international standing.

By the way no one can cause this kind of tsunami except the nature.

Please give up the idea.

* In Search of Truth * said...

အစ်မ May Burma
ဒုက္ခပါလား။ စာလည်းမဖတ်ပဲ ပါးစပ်ထဲရှိတာ လျှောက်ပြော။ ကိုယ်တိုင်ကျတော့ အမှန်ဘာဖြစ်လဲ မလေ့လာပဲ သူများကို အမှန်အတိုင်းသိပါစေလို့ ပြောနေတာ ရယ်စရာကြီးဖြစ်မနေဘူးလား? အစ်မ စိတ်ဓါတ်တွေက ခေတ်နောက်ပြန်ဆွဲနေတယ်ဗျ။ သတိလေးလဲထားပါဦးခင်ဗျာ

* In Search of Truth * said...

http://news.yahoo.com/s/afp/20080203/wl_asia_afp/entertainmentsingaporemyanmarpoliticsfilm ကိုအတင်းစေးထူးရော ရုပ်ရှင်ရုံမှာသွားပြီး သနားစရာ သတ္တ၀ါလေးတွေအဖြစ် မျက်နှာငယ်လေးနဲ့ လူတွေကိုပြပြီးပြီလား

Anonymous said...

စက်တင်ဘာမှာ သတ်ခဲ့တဲ့ လူထက် ၁၀ဆ၊ မြန်မာ ၆၀၀ သေသွားတဲ့ ဆူနာမိကြီးဟာ အမေရိကန်လက်ချက်ဖြစ်ကြောင်းရေးထားပါတယ်ခင်ဗျာ။ ဒါကြောင့် နအဖထက် အမေရိကန်ကို ၁၀ဆ ပိုပြီး ဆဲနိုင်ပါပြီ http://lightofmyanmar.blogspot.com

Khin said...

Dear Zaw Myo

You are not bad in posting such conspiracy theories.

I am new to you burmese bloggers, but I feel something wrong with you .

Hope you are fine in mental health.

Nice meeting you on cyber space anyway.

Keep on posting . I like seeing oppositions and debating. This is called democracy.

We are just babies in this practice.

Anonymous said...

ဦးနောက်ရယ် ဒေါ်ရှေ့ ရယ် ကိုအလယ်ရယ် မကြားနေရယ် ဟားဟား သူငယ်တန်းအဆင့်ဦးဏှောက်ရှိ တဲ့သူက ရေးထားတာကိုး မူကြိုပြန်တက်အုန်း။ တမိနစ် စိတ်မဖောက်ပြန်ချိန် ပို့ စရေးပြီး စိတ်ဖောက်ပြန်ချိန်မှ စာအပြီးရေးလို့ ထင်တယ်။ ဆူနာမိက အမေရိကန်က လုပ်သတဲ့ ဟားဟား ခြင်တွေ ယင်တွေ လောက်တွေက ဇော်မျိုးစက်ရုံက ထွက်တဲ့ ကုန်ထုတ်ပစ္စည်းတွေပေါ့။ မူပိုင်ရထားတော့ ထောရုံမက ကနေဒါမှာ ထောက်ပံ့ကြေးနဲ့  ဇော်မျိုးတို့ က ကွန်ပျူတာမတက်သင့်ဘူး စိတ်ရောဂါအထူးကုဆေးရုံမှာ အနားယူသင့်တယ် နေကြတာကိုး။
ပုံ နောက်တယောက်

Anonymous said...

ဆူနာမိလို ငလျှင် က သဘာဝဖြစ်ရပ်လားတောင် မသိဘူး တုံးတာလား အ တာလား ဦးဏှောက်မရှိတာလား ဦးနောက် ဒေါ်ရှေ့  သား ဇော်မျိုးရေ

* In Search of Truth * said...

သို့ May Burma
အရူးတွေက သူတို့ကသာ သွက်သွက်ခါအောင်ရူးတာဗျ။ တခြားလူတွေကိုမြင်ရင် အရူးလို့ခေါ်တယ် ဆိုတဲ့အကြောင်း ကြားဖူးပါတယ်။ ဒီတခါမှ လက်တွေ့မျက်မြင်ပဲ:P

* In Search of Truth * said...

အမည်ဖေါ်ပြီး မရေးရဲတဲ့သူ၊ ရေးထားတဲ့ ဆောင်းပါးလဲ မဖတ်တဲ့သူ၊ ကိုးကားထားတဲ့ ဆောင်းပါးလဲ မဖတ်တဲ့သူ၊ သဘာဝကြောင့်လို့ ဖင်ပိတ်ပြီးပြောနေတာ ဘယ်သူလဲဗျ? တယ်လဲ သနားစရာကောင်းတဲ့ သတ္တ၀ါလေးပဲ

Anonymous said...

စိတ်အတော်ပျက်လာပီဗျာ။ ဘယ်နဲ့ ငါ့စကားနွားရ ဇော်မျိုး မင်းတော့ လွန်လာပီ။ မင်းဘလော့မှာ ချိန်းဘရီးရေးထားမှန်းသိလို့ ဦးနှောက်ရှိတဲ့ လူတွေ မလာတိုင်း သူများဘလော့မှာ လာဖိုက်နေတာတော့ သိပ်မကောင်းဘူးထင်တယ်။ သဘာဝဘေးအန္တရာယ် ဆိုတဲ့ အကြောင်းတွေကို သေချာဖတ်ဖို့ ပြောတဲ့လူက ပြောတာလဲ အရှက်မရှိ မင်းက အငြင်းလိုက်ပွါးနေသေးတယ်။ မင်းသိပ်သေချာတယ်ဆိုရင် မင်းရေးထားတဲ့စာကို အင်္ဂလိပ်လို ပြန်ရေး ပီးရင် နိုင်ငံတကာကို တင်ပြဖို့ စာတမ်းတစောင်အဖြစ် တင်ပြလိုက်ပါလား။ ဒါမှ မင်းရေးထားတဲ့ ပေပါ ကို နိုင်ငံတကာ ကလက်ခံအသိအမှတ်ပြုခဲ့ မယ်ဆိုရင် ငါတို့ မြန်မာတွေလဲ အတော်တော်တဲ့ ရွှေမြန်မာဆိုပီး ကမ္ထာ့အလယ်မှာ ပိုဝင့်ထယ်လာမှပေါ့.။ အချင်းချင်းလှည့် ရန်ထောင်မနေနဲ့။ ငါပြောသလိုသာလုပ်။ မင်းရဲ့ အထောက်အထားခံလုံတဲ့ တွေ့ရှိချက်ကို ကမ္ဘာ့ သိပ္ပံပညာရှင် အသိုင်းအ၀ိုင်း က လက်ခံမယ်ဆိုရင် ငါတို့ကလဲ မင်းတင်ပြထားတဲ့ အခုကိစ္စ ကို သေသေချာချာ လာဖတ်ပါ့မယ်။ ဟုတ်ပီလား။ ပညာရှင်ကြီး ရေ။ အခုက ဖင်ပိတ်ငြ်းနေတာ ဘယ်သူလဲ ဆိုတာ ရှေ့မှာ မှန်တချပ်ထောင်ပီး ကြည့် လိုက်။ အချိန်ကုန်လိုက်တာ။ သူများနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်နဲ့နေပီး လေတွေစွတ်တိုက်မနေနဲ့။

* In Search of Truth * said...

ကိုအမည်မသိခင်ဗျာ
ဒီဆီပုံးမှာ ကျနော့ကို ဘန်းထားတဲ့အတွက် ကိုအတင်းစေးထူးကျနော့ကို အတင်းပြောထားတဲ့အရာကို ကျနော်က စကားလာပြန်ပါတယ်။ အစ်ကိုက အဆီမဆိုင်တဲ့ ဆူနာမိဗုံးဘက်ကို လာပြီးလျှောက်ပြောပါတယ်။ အစ်ကိုရန်လာထောင်တယ်ဆိုတာ ဒီcomment အပေါ်မှာ ကြည့်ရင် မြင်သာပါတယ်ခင်ဗျာ။ အရှက်၊ သိက္ခာတစက်မှ မရှိတဲ့ ၀ါဒအစွန်းရောက်တွေပီပီ ပြောကြားချင်းဖြစ်တယ်ဆိုတာ သိသာပါတယ်။ အစ်ကိုတို့မှာ ဆူနာမိကိစ္စတွေးတောနိုင်တဲ့ ဦးနောက်မရှိဘူးဆိုတာ သိပါတယ်။ ကျနော် ဖိတ်ခေါ်တာက သူငယ်တန်းကလေးလောက် စဉ်းစားနိုင်တဲ့ ဥာဏ်ရည်အနည်းဆုံးရှိတဲ့သူဖြစ်ပါတယ်ခင်ဗျာ။ အစ်ကိုက အဲဒီထက် နိမ့်တော့ ဘယ်လာဖတ်ရဲမလဲ။ လာဖတ်လဲ နားလည်မှာမှ မဟုတ်တာ။ အမည်လေးတော့ ဖေါ်ရဲအောင် ကြိုးစားလိုက်ပါဦး။ စာအရေးအသားက သိသာနေသလားလို့ ;)

TTT said...

Dear Ko Zaw Myo,

You have a very interesting argument. Could you please write a Thesis about Tsunami created by United States? Then you can forward it to the Harvard University. You know what? You can get a Novel Peace price and have a honorary PHD from Harvard university. Consequently, the US government would be put in criminal law court and the US political leaders will get a long term imprisonment

And we will be so proud to see you awarded PHD by Harvard university...

keep your in search of truth!!

Anonymous said...

မသက်သက်ထွန်းရေ စေတနာကောင်းပြီး အကြံပေးနေတာကိုး ကိုဇော်မျိုးက သူငယ်တန်း အဆင့်ဘဲ ရှိတယ် စာလုံးပေါင်းတောင် မှန်အောင် မပေါင်းနိုင်တာ ခင်များရေးတဲ့ မဟာသိပံ္မကျမ်းတောင်မပြောနဲ့  ဦးဏှောက်နဲ့ ဦးနောက်တောင် ခွဲခြားမရေးနိုင်တာ၊ အခု သူရေးနိုင်တာ ဒီမိုကရေစီနိုင်ငံ ကနေဒါမှာ ခိုလှုံခွင့်နဲ့နေပြီး ထောက်ပံ့ကြေးနဲ့ အင်တာနက် ဖိုးပေးနေရ တာ မဟာသိပံ္မကျမ်းဆိုရင် ငွေကုန်မှာ အလွန်စိုးနေမှာ သေချာတယ်။ မြေငလျှင် ဒဏ်ကို အမေရိကန်က လုပ်တယ် ဆိုရလောက်အောင် စဉ်းစားတွေးတော ဥာဏ်မရှိတဲ့သူ ဘယ်လိုလုပ် ကွန်ပျူတာ တက်နေပါလိမ့်လို့ စဉ်းစားနေတာဘဲ။ ဒါနဲ့ ကိုဇော်မျိုးရေ အမည်မသိသူတွေ က တယောက်ထဲမဟုတ်ဘူး လူပေါင်းစုံ ၀င် ရေးနေတာ အရှက်၊ သိက္ခာတစက်မရှိဘူး လို့ ခင်များစွတ်စွဲတဲ့ ကိုကလိုစေးထူးက ခင်များ ဆိုဒ်ထဲမှာ ကော်မန့်ဘန်းသလို မဘန်းထားတော့ အရှက်၊ သိက္ခာရှိအောင် ခင်များကို ဘန်းမှ ဖြစ်မယ် ထင်တယ်။ ကိုကလိုစေးထူးရေ.. ကဲ ဘန်းရုံမကဘူး ဗြန်းလုက်ပါဒါမှ အရှက်၊ သိက္ခာအပြည့် ဖြစ်သွားမယ်