Wednesday, March 05, 2008

တော်ရာမှာ နေရတဲ့အခါ… (၄)

ဒီနေ့အတွက် `တော်ရာမှာ နေရတဲ့အခါ…´ ပို့စ်ကို ရှေ့မဆက်ခင်မှာ ဒီပို့စ်ကို ကျနော် ရေးဖြစ်ခဲ့ရခြင်းရဲ့ ရည်ရွယ်ချက်ကို အနည်းငယ် ရှင်းပြချင်ပါတယ်။

ကျနော် ဒီပို့စ်ကို ရေးသားရာမှာ အနိုင်ငံအရပ်ရပ်ကို ရောက်နေကြတဲ့ မြန်မာ ဒုက္ခသည်တွေ အနက်က တယောက်တလေသော သူဖြစ်ဖြစ် ဒီပို့စ်ကို ဖတ်မိပြီးရင် ကိုယ်ရောက်သွားတဲ့ နိုင်ငံမှာ ကိုယ့်ခြေထောက်ပေါ် ကိုယ် ဘယ်လိုမျိုး ယုံယုံကြည်ကြည် ရပ်တည်ရမယ်ဆိုတာကို အချက်အလက် ဝေမျှလိုတဲ့ သဘောသက်သက်သာ ဖြစ်ပါတယ်။ ဘယ်သူက ဘာတွေလုပ်စားတာ၊ ဘာတွေ ဘယ်လိုဖြစ်တယ် ဆိုတဲ့ အချက်တွေကို အဓိက မထားချင်ပါဘူး။ အဲဒါတွေကို ဆွေးနွေးငြင်းခုန်ပြီးတော့ ကျနော် ပေးချင်တဲ့ မက်ဆေ့ကတခြား၊ ဖြစ်လာတာ တခြား ဖြစ်မှာကို စိုးရိမ်ပါတယ်။ ဒါကြောင့်လည်း ပို့စ်ရဲ့ အစပိုင်းမှာ ဒီပို့စ်ကို ရေးဖို့ ကျနော် ချီတုံချတုံ ဖြစ်ခဲ့ရတယ်လို့ ပြောခဲ့တာပါ။

ကိုယ်နဲ့ ရေမြေမတူ၊ ယဉ်ကျေးမှုမတူ အထူးသဖြင့် အရင်က ကျင်လည်ခဲ့တဲ့ ပတ်ဝန်းကျင်နဲ့ လားလားမှ မဆိုင်တော့တဲ့ တိုးတက်မှုတွေနဲ့ အပြည့်ဖြစ်နေတဲ့ နိုင်ငံကို ရောက်တဲ့အခါမှာ သူတို့ဆီမှာ လိုက်လျောညီထွေ ဖြစ်အောင်၊ တနည်းအားဖြင့် ရေခြားမြေခြားမှာ အဆင်ပြေပြေ နေနိုင်အောင် ဘာတွေ သိသင့်လဲ ဘာတွေလုပ်သင့်လဲ ဆိုတာကို ကျနော် တွေ့မိ၊သိမိ သလောက် တင်ပြလိုရင်းဟာ ဒီပို့စ်ရဲ့ အဓိက ရည်ရွယ်ချက်ပါ။

ဒါကြောင့် တခြားသော အယူအဆရေးရာတွေ၊ ဒုက္ခသည်ဆိုတာက ဘယ်လိုဘယ်ဝါ ဘာညာသာရကာ ဆိုတာတွေကို ကျနော် ပြန်လည်ဆွေးနွေးမှာ မဟုတ်ကြောင်း မေတ္တာရပ်ခံချင်ပါတယ်။

***

မမာလာ ပို့လိုက်တဲ့ သူ့အတွေ့အကြုံထဲက ဘာသာစကား အခက်အခဲ အကြောင်းဖတ်ရတော့ အမေရိကန် နိုင်ငံရောက် မြန်မာဒုက္ခသည်တွေရဲ့ ဘာသာစကား အခက်အခဲကြောင့် တွေ့ရ၊ကြုံရတဲ့ အဖြစ်အပျက်တွေကိုပါ သတိရမိပါတယ်။

ဘာသာစကား အခက်အခဲကြောင့် မြန်မာတယောက်ယောက် အမေရိကားမှာ အလုပ်ကောင်းကောင်း မရဘူးလို့ ပြောလိုက်ရင် အဲဒီ မြန်မာဟာ များသောအားဖြင့် ဒုက္ခသည် တယောက်ယောက် ဖြစ်နေတတ်ပါတယ်။ မြန်မာပြည်ကနေ ပတ်စ်ပို့စ် စာအုပ်နဲ့ ထွက်လာသူများကတော့ ဘာပဲဖြစ်ဖြစ် အမေရိကန်ကို လာဖို့အတွက် အင်္ဂလိပ်စာကို တီးမိခေါက်မိ အဆင့်လောက်တော့ အနည်းဆုံး ပြောနိုင်ကြတာ များပါတယ်။ ဒုက္ခသည်တွေမှာတော့ အင်္ဂလိပ်စာပြောနိုင် ဆိုနိုင်သူ ဆိုတာ အင်မတန် နည်းလှတာကြောင့် ဒီကိုရောက်တဲ့ အခါမှာ ဒုက္ခနဲ့ လှလှ တွေ့ကြလေသတည်း ဖြစ်ရပါတော့တယ်။

အဖြစ်အပျက်လေး တခုကို ပြောပြချင်ပါတယ်။

အမေရိကန်ကို ရောက်ခါစ မြန်မာ ဒုက္ခသည်တယောက်က သူ့အိမ်မှာ အိမ်ဖုန်း ရတဲ့အခါမှာ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံမှာ အိမ်ဖုန်း စတင်တပ်ဆင်ခါစ ဆိုရင် ဟိုက၊ ဒီက ကြော်ငြာဖုန်းတွေ လာလေ့ ရှိပါတယ်။ အင်္ဂလိပ်လို နားလည် တီးမိ၊ခေါက်မိ သူများကတော့ ဖုန်းကုမ္ပဏီနဲ့ လှမ်းဆက်သွယ်ပြီးတော့ အဲဒီလို ကြော်ငြာဖုန်းတွေကို Block အလုပ်ခိုင်းလေ့ ရှိပါတယ်။

ဒီလိုနဲ့ အိမ်ဖုန်း ရခါစ အဲဒီ ပုဂ္ဂိုလ်ဆီကို ကြော်ငြာဖုန်းတွေက ခဏခဏ ၀င်လာပါလေရော။ အမှန်တော့ သူက အဲဒီဖုန်းတွေထဲက ဘာပြောတယ်ဆိုတာကို နားမလည်ပါဘူး။ ဒါပေမယ့် (ဘာကြောင့်မှန်း မသိ) ပြောသမျှ အားလုံးကို သူက ‘yes, yeah’ နဲ့ ဒိုင်ခံ ပြန်ဖြေလွှတ်ပါသတဲ့။ နောက်တော့ သူ့အိမ်ရှေ့ တံခါးဝမှာ အဲဒီမြို့ထုတ် ဂျာနယ်တွေ၊ နေ့စဉ်ထုတ် သတင်းစာတွေ တထပ်ကြီး လာလာထားပါလေရော…၊ လကုန်တဲ့ အခါကျတော့ ဒေါ်လာ ၂၀၀ ကျော် ဘီလ် လာပါသတဲ့…။

တကယ်တော့ ဒုက္ခသည်တွေ အပါအ၀င် အင်္ဂလိပ်စကား၊ အင်္ဂလိပ်စာ အခက်အခဲ ရှိသူတွေအတွက် ESL (English Second Language) အတန်းတွေက ရှိပါတယ်။ အဲဒီ အတန်းကမှ တဆင့် Level အဆင့်ဆင့် တက်ပြီး ကောလိပ်ကျောင်း ဆက်တက်သူ အတော်များများလဲ ရှိပါတယ်။

ခက်တာက ရောက်လာတဲ့ မြန်မာဒုက္ခသည် အတော်များများအတွက် ESL သင်တန်းဟာ ကြောက်စရာ နေရာ၊ ဒါမှမဟုတ် ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံး နေရာတခု ဖြစ်နေတတ်တာပါပဲ။ ဒါကြောင့်လဲပဲ အတော်များများဟာ အလုပ်ရပြီးတာနဲ့ တပြိုင်နက် အဲဒီ အတန်းတွေကို ကျောခိုင်းလိုက်ကြပါတော့တယ်။ တချို့ဆိုရင်တော့ သုံးလေးရက်ပဲ သွားတက်ပြီး ဆက်မတက်ကြတော့ပါဘူး။ အဲဒီ နောက်ပိုင်း အကျိုးဆက်ကတော့ မလိုအပ်တဲ့ နေရာတွေမှာ ငွေကုန်ရတော့တာပါပဲ။

အင်ဒီယားနား ပြည်နယ်မှာဆိုရင် ကားလိုင်စင်အတွက် written test သွားဖြေရတဲ့ အခါ အင်္ဂလိပ်စကား မတတ်တဲ့အတွက် ဘာသာပြန်အဖြစ်နဲ့ စကားတတ်သူကို ဒေါ်လာ ၁၀၀ ကနေ ၁၅၀ အထိ ပေးရတယ်လို့ သိရပါတယ်။ တကယ်တော့ written test ဆိုတာဟာ တော်ရုံတန်ရုံ အင်္ဂလိပ်စာ ဖတ်တတ်မယ်၊ လမ်းစည်းကမ်း စာအုပ်ကို သုံးလေးခေါက် ဖတ်မယ်ဆိုရင် ကိုယ့်ဘာသာကိုယ် အလွယ်တကူ ဖြေလို့ရနိုင်တာပါ။

***

ဒီနိုင်ငံကို ရောက်တဲ့အခါမှာ `ငါတော့ အမေရိကန် ဆိုတဲ့ နိုင်ငံကိုတော့ ရောက်ပြီ။ အေးဆေး ဖြစ်သွားပြီ။ ဘာမှ ပူပန်စရာ မရှိတော့ဘူး´ လို့ တွေးကြသူတွေဟာ အလုပ်ကိုလဲ တော်ရုံနဲ့ မလုပ်ချင်တာမျိုးတွေ တွေ့ရလေ့ရှိပါတယ်။ အလုပ်မလုပ်လဲ အစိုးရက အငတ်မထားဘူး၊ မိသားစုထဲက လူကုန် အလုပ်လုပ်လေလေ အစိုးရက အခွန်ဖြတ်လေလေ ဆိုတာမျိုး တွေးကြတာတွေလဲ ရှိပါတယ်။

နောက်တခုကတော့ Self-confident ကိစ္စပါပဲ။ တခုခုဆိုရင် ကူညီပေးတဲ့ sponsor က ရှိနေတတ်တာက တချက်၊ ဗြုန်းခနဲ ပြောင်းလဲသွားတဲ့ လူနေမှု စနစ်မှာ ဘယ်လိုမှ အံမ၀င်တာ တချက်ကြောင့် မိမိဘာသာ မိမိ စူးစမ်း လေ့လာချင်စိတ်ထက် အကူအညီပေးသူ တယောက်ယောက်ကို အမြဲလိုလို ရှာဖွေနေတတ်တာ ဖြစ်လာပါတယ်။

ကျနော့် အလုပ်ထဲက (ကျနော် စာထဲ မကြာခဏထည့်ရေးဖူးတဲ့) ကရင်အကိုကြီး ဆိုရင် တခါက သူ့မိန်းမ ဈေးသွားဝယ်ရင်းနဲ့ စက်ဘီးမှောက်ပြီးတော့ ချော်လဲပါတယ်။ လက်ချောင်းလေး တချောင်း ကျိုးသွားပါတယ်။ အဲဒါကို ဘယ်သူ့ကိုမှ မပြောဘဲ အိမ်မှာပဲ ပတ်တီးစည်းပြီး ဒီတိုင်းနေပါတယ်။ နောက်တနေ့ကျတော့ သူ့လက်က တော်တော်ကြီးကို ယောင်လာတော့မှ ကျနော့်အိမ်ကို လာပါတယ်။ `စပွန်ဆာဆီကို ဖုန်းဆက်ပေးပါ´ တဲ့။ ကျနော်က လက်ကျိုးတာ `ဆေးခန်း အရင်သွားသင့်တာပေါ့´ လို့ ပြောပေမယ့် `စပွန်ဆာ ကို ပြောတာက ပိုကောင်းမယ်ထင်တယ်´ တဲ့။

နောက်ဆုံး ကုန်ကုန်ပြောရရင် သူ့အိမ်ကို ဘီလ်တွေ တထပ်ကြီးလာတာကို သူ့စပွန်ဆာ မလာမချင်း ဒီအတိုင်းထားပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် ဘာကိုမှ မလုပ်ရဲ မကိုင်ရဲ ဖြစ်လွန်းတော့ တချို့သော ကိုယ့်လူမျိုး အချင်းချင်းကပါ သူ့အပေါ် နှိမ်သလိုလို ကျောသလိုလို ဆက်ဆံတာ ခံရလေ့ရှိပါတယ်။ အရိုးခံစိတ်ထားကြောင့်လဲ ပါမှာပါ။

***

(နောက်တပိုင်း ရေးပြီးရင် နိဂုံးချုပ်ပါပြီ)

7 comments:

Anonymous said...

i don't know what u mean until now.

Anonymous said...

I know what you mean very well. But I found many Myanmar people non refugee but have problem in English. Yes they have chance to learn English but they donot not. That is why in NY many non refugee people are not getting good job because of English level. I know refugee donot have chance to learn English. That is Okay with that situation but mean non refugee people.
Marlar

Khin said...

တရုပ်တန်းကလူတွေကတော့ ဘယ်မှမပြောင်းကြဘူး

တရုပ်လိုဘဲပြောဆိုနေလို့ရကြတယ်။

ကျန်တဲ့လူတွေကတော့ကျရာနေရာမှာနေရတာကိုး။

အရေးကြီးတာ အင်္ဂလိပ်စာသင်ရမယ်။

အစိုးရသင်တန်းတွေအလကားပေးပါတယ်။

ခလေးတွေက ကျောင်းမှာ ကွန်မြူနတီကောလိပ်တွေမှာ သင်ပေးတယ်။

စပွန်ဆာကိုအားကိုးမနေနဲ့ ။ အစိုးရဌာနတွေ၇ှိပါတယ်။

အစိုရကျောင်းတွေ လည်းရှိပါတယ်။

ကားမောင်းသင်ရန်အရေးကြီးဆုံးပါ။

အိမ်မှာလိုမဟုတ်ဘူး ဒီနိုင်ငံမှာ အလွန်လျင်မြန် ဖြတ်လပ်ရပါတယ်။

လိုတာရှိ အော်လိုက်ကြနော်... အိမ်ကနေ အဖြေရှာပေးမယ်။

အင်တာနက်နဲ့ ၇ှာတတ်ပါတယ်။

စူး said...

ကိုစေးထူး
မြတ်နိုးဘလော့ ပီးသွားပီဆိုတာ လာအကြောင်းကြားရင်း
စာအရမ်းရေးကောင်းတဲ့ ကိုစေးထူးရဲ့ လမ်းညွှန်မှုတွေကို
ခံယူချင်ပါတယ်။ မြတ်နိုးဘလော့ကို လာလည်ပါနော်။
မြတ်နိုးဘလော့လိပ်စာက
www.yuyamyatnoe.blogspot.com ပါ။
လေးစားလျက်
မြတ်နိုး

Anonymous said...

Hi Marlar!! A free English lesson for you below.

"I understand what you were trying to say in your article very well. However I found out that many Myanmar people who are non refugee also have problems communicating in English. Yes they have had more chances to learn English but they seem did not do well too. That is why, in NY, many Burmese who are non refugee, are not getting good jobs because of their level of English proficiency. I know refugees might not have chances to learn English before they landed in United States. That is understandable for their situations but mean while non refugee Burmans should have worked harder to be able to speak and write English better."

Anonymous said...

There are two major problems in overseas Burmese (and other minorities) communities in more affluent countries.

1) New comers are not prepared for challenges in the promised land. They think opportunites will come by while they are waiting at home.

2) Those who arrived earlier, relatively established (to new comers) may try to patronize or exploit or mis inform new comers.

In UK, an Chinese (all Non Indian Asians are called Chinese in UK) student, professional or business traveller might receive the worst treatment from an Asian waitress or waiter in a quite posh restaurant or even some cheap Asian eatries outlets.

In United States, those who have immigrated earlier will de-moralize new comers that without a local education, one will never make it, and will even suggest a Master degree holder with some professional experience to enroll in a community colleges those offer AGTI or Polytechnic level education.

Some tactics for a new immigrant who try to make it in new land to thwart those unwanted insults are to get a good job, to buy a biger house, to drive a better car, to dress well, to groom a superior manners, to fake a native accent, to show off with conspcious spending. But those may not worth to give a shit to fellow Burmese or Asians or blacks or whites as at the end of the day, it is you who matters.

So while new commers should strive hard to improve themselves and their families and friends, seniors should be more supportive and less negative towards new comers. You dont have to let them stay at your home if you worry that you wake up in the middle of the night hearing some noises in your daughter's room, but you can always morally support them and at least dont de motivate them. Afterall you were in their shoes not long ago. Weren't you?

Anonymous said...

some burmese have been living in united states for 20years,but they dont change their character from burma.They help the new burmese but whenever they need to do something,call them to do .