Sunday, March 16, 2008

ပြုဖြစ်တဲ့ ကုသိုလ်…

စာမရေးဖြစ်လိုက်တာ လေးရက်လောက် ရှိသွားပါပြီ။

ဒီနေ့တော့ ကျနော့်မေးလ်တွေကို စစ်လိုက်တော့ ဘလော့ဂ် ရေးဖော် ညီမပင့်ဂိုးလ်ရဲ့ Off message တွေရောက်နေတာကို တွေ့လိုက်ရပါတယ်။ သူပေးထားတဲ့ လင့်ခ်တွေကို ကလစ်လိုက်တော့ စိတ်ထဲမှာ အတော်လေး ကြည်နူးသွားပါတယ်။


တကယ်တော့ အဲဒီအလှူလေးကို ကျနော် လုပ်ချင်နေတာ ကြာပါပြီ။ အခုတော့ တကယ်အကောင်အထည် ဖော်နိုင်ခဲ့ပါပြီ။ အဲဒါအပြင် လှိုင်သာယာ မီးဘေးအတွက်လဲ ကျနော် စာအုပ်ဝယ်ဖို့အတွက် ငွေထဲကနေ ငွေငါးသောင်း ထည့်ဝင်အစပြုလို့ တနိုင်တအား လှူဒါန်းဖြစ်ခဲ့ပါသေးတယ်။

ကျနော် လုပ်ချင်နေတာလေးတွေကို ကူညီအားဖြည့်ပေးတဲ့ ညီမ ဘာညာ၊ မယ်လိုဒီ၊ ပင့်ဂိုးလ်တို့နဲ့တကွ ကော့မှူးမြို့၊ အောင်ဇမ္ဗူကျောင်း အလှူမှာ လိုက်ပါခဲ့ကြတဲ့ ညီအကိုများကို အထူးကျေးဇူးတင်ပါတယ်။ ကျနော် ထည့်ဝင်လိုက်တဲ့ မဖြစ်စလောက် ငွေလေးက ပညာသင်ကြားနေကြတဲ့ ရင်သွေးငယ်တွေအတွက် ထမင်းတလုပ်၊ ခဲတံတချောင်းစီလောက် ဖြစ်ဖြစ် အထောက်အပံ့ဖြစ်သွားတယ် ဆိုရင်ပဲ ကျေနပ်လှပါတယ်။

အမှတ်ရရ ဖြစ်စေလိုတဲ့ သဘောသက်သက်နဲ့ အခု မှတ်တမ်းပို့စ်လေးကို တင်လိုက်ပါတယ်။ တူညီဝတ်စုံတွေနဲ့ ခန့်ညားနေကြတဲ့ ညီအကိုမောင်နှမ ဘလော့ဂါတွေရဲ့ ပုံကိုတော့ သူတို့ဆီကနေ ခွင့်ပြုချက် မတောင်းဖြစ်ရသေးတာနဲ့ မတင်တော့ပါဘူး။

နောက်ထပ်လဲ အခုလို ကောင်းမှုတွေ များစွာ လုပ်နိုင်ပါရစေ လို့ ဆုတောင်းရင်း…။


ကလိုစေးထူး

7 comments:

တန်ခူး said...

ကိုစေးထူးရေ...သာဓု၊သာဓု၊သာဓု။ ဤသို့ လှူတန်းရသော အကျိုးကြောင့် ချစ်တဲ့အမေနဲ့ အမြန်ဆုံး ပြန်တွေ့ရပါစေလို့။

nu-san said...

လာလည်တာ အလှူနဲ့တိုးလို့ သာဓုခေါ်သွားပါတယ် ကိုစေးထူးရေ.. နောင်လည်း ဒီထက်မက လှူဒါန်းနိုင်ပါစေ..

မြန်မာပြည်ကိုလွမ်းတယ် said...

ကိုစေးထူးရေ..ဖတ်ရတာကြည်နူးလိုက်တာ၊

စူး said...

သာဓုပါ ကိုစေးထူး

Anonymous said...

သာဓု သာဓု သာဓု
မကြာခင် ကိုယ်ထိလက်ရောက်လှုနိုင်ပါစေဗျား။

KoZero said...

သာဓု၊ သာဓု၊ သာဓု ပါ ကိုကလိုစေးထူး...
ဆထက်ထဖိုး ပိုမိုလှူဒါန်းနိုင်ပါစေ...

MELODYMAUNG said...

ကိုကြီးစေးထူးရေ

မြန်မာမှာ ကိုယ်တိုင်လာပြီး လှူတဲ့ အလှူမျိုး မြန်မြန်အခွင့်အရေးကြုံပါစေလို့