Tuesday, March 25, 2008

နီးနီးလေးနဲ့ ဝေး…

မိုးကောင်းကင်…














မြေကြီး

10 comments:

စူး said...

မြေကြီးနဲ့ ကောင်းကင် ပါဆိုမှ မနီးပါဘူး။
အဓိပ္ပါယ် နားမလည်ဘူး။
မမြင်ရတာလား အထဲက စာတွေက

စိုးထက် - Soe Htet ! said...

မိုက်တယ် ...
နီးအောင် ကြည့်ရင် နီးပါတယ် ... ဒါပေမယ့် ဝေးတော့ ဝေးနေ တာပါပဲ :D

Khin said...

need a bridge called communications

ATN said...

မြေကြီးပေါ်ကနေ ကောင်းကင်ကြီးကို လှမ်းကြည့်သွားပါတယ်။ ဝေးလွန်းနေသးလို့လား မသိ ကောင်းကောင်း မမြင်ခဲ့ရပါဘူးဗျာ။

မြန်မာပြည်ကိုလွမ်းတယ် said...

အကိုစေးထူးရေ..ကောင်းလိုက်တဲ့စိတ်ကူးလေး၊
သိပ်ဝေးနေတော့မော့ကြည့်လိုက်ရတယ်။

Anonymous said...

နီးလျှက်နဲ့ ဝေးး.........။
မမြင်ရတာကို မြင်အောင်ကြည့်သွားပြီး နားလည်သလို
တွေးသွားတယ် အစ်ကိုရေ့......။
စိတ်ကူးလေးကို နားလည်သလိုလို သိနေသလိုလို......။
မဝေးချင်တော့ဘူးး
ဒါပေမယ့်လည်း ဝေးနေရတာပါပဲ...............။

မေဓာဝီ said...

ဝေးဝေးပြီးတော့ ဝေး ...

နေ








ကိုပေါ said...

နီးလျက်နဲ့ဝေးနေတဲ့ အတွဲလေးတွေ စုစည်းပေးလိုက်ပါတယ်။

(ဒီမိုကရေစီ နဲ့ မြန်မာပြည်)

(ဦးသန်းရွှေ နဲ့ သေခြင်းတရား)

(ကိုပေါ နဲ့ ဒေါ်လာတသန်း)

တန်ခူး said...

လာချင်ရင်အနီးလေး၊ မလာချင်ရင်ခရီးဝေးတဲ့...။

ကလိုစေးထူး said...

ပို့စ်တခုကို တင်ဆက်သူ တယောက်အနေနဲ့ ဘာကို ဆိုလိုပြီး တင်ဆက်ထားတယ်ဆိုတာ ပြောရတာ သိပ်မကောင်းပေမယ့် ကျနော် ခံစားမိတာကိုတော့ ပြောချင်နေတယ်။
ကျနော်တို့တွေ မြေကြီးပေါ်မှာ ပက်လက်အိပ်ပြီးတော့ မိုးကောင်းကင်ကို မော့ကြည့်လိုက်ရင် ကောင်းကင်ကြီးက ကိုယ်နဲ့ သိပ်ဝေးနေသလိုပဲ ခံစားရတယ်လေ။ ဒါပေမယ့် သေချာ ပြန်စဉ်းစားလိုက်ရင် ကောင်းကင်ဆိုတာကြီးက တကယ်ရှိတာမှ မဟုတ်တာ။ လေထုတွေကိုပဲ လူတွေရဲ့ အမြင်မှာ အပြာရောင် ကောင်းကင်ကြီး အဖြစ်မြင်နေရတာပါ။ တိမ်တိုက်တွေ ဆိုတာကလဲ မိုး၊ ဆီးနှင်းအဖြစ်နဲ့ ရွာချတဲ့အခါ မြေကြီးနဲ့ ထိတွေ့ခွင့် ရလိုက်တာပါပဲ။ တချို့သော မြင့်မားတဲ့ တောင်ထွတ်တွေ ရှိတဲ့နေရာဆို တိမ်တိုက်နဲ့ မြေကြီးလဲ ထိနေတာပဲပေါ့။ ဒီတော့ တကယ်တမ်းမှာ ကောင်းကင်နဲ့ မြေကြီးဆိုတာ တသားတည်း ထိစပ်နေပါတယ်။ ဒါပေမယ့် လူတွေက အဲဒီလို မထင်ဘူး။ ဝေးနေတယ်လို့ ထင်တယ်။
အဲဒီလို ထင်နေရင်း နီးနီးလေးနဲ့ ဝေးနေရတဲ့ဘ၀တွေကို ခံစားပြီး တင်ဆက်မိတာပါ။ ၀ိုင်းဝန်းခံစား ပေးကြသူ မိတ်ဆွေ အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။