Sunday, December 30, 2007

ဖြေရှင်းခြင်း…

ဘယ်ပုဂ္ဂိုလ်လေးလဲတော့ မသိနိုင်ပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ကျနော့်အမည်နဲ့ ကျနော့်လင့်ခ်ကို အလွဲသုံးစားလုပ်ပြီးတော့ တခြားသော ဘလော့ဂ်တချို့မှာ ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်ခဲ့ပါတယ်။

ဘလော့ဂ်ရေးတာကို တခဏတာဖြစ်ဖြစ် နားမလားလို့ စဉ်းစားခဲ့ပေမယ့် အဲဒီ ပုဂ္ဂိုလ်လေးရဲ့ လုပ်ရပ်ကြောင့် ကျနော့်ဘလော့ဂ် တခုခုဖြစ်နေပြီလို့ စိတ်ပူပင်စွာနဲ့ မေးလ်ပို့လာသူ မိတ်ဆွေများရဲ့ စေတနာကို လေးစားတာက တချက်၊ ကျနော့်ကို တခြားသော ဘလော့ဂါတွေနဲ့ ရန်တိုက်ပေးပြီးတော့ ကျရှုံးအောင် လုပ်နေတဲ့ ဘယ်သူမှန်း မသိသူရဲ့ လုပ်ရပ် အောင်မြင်သွားပြီလို့ သဘောသက်ရောက်မှာကို မလိုလားတာက တချက်ကြောင့် ဒီပို့စ်ကို တင်ဖြစ်ပါတယ်။

ကျနော့် စက်ရဲ့ လုံခြုံရေးအရ ကျနော့်စက် အိုင်ပီလိပ်စာကို မဖော်ပြလိုပေမယ့် ကျနော့် အိုင်ဒီ အစစ်ဆိုရင် ကွန်မန့်ဘေးမှာ လမ်းကလေးပုံ လိုဂို တံဆိပ်ပါမှသာလျှင် ကျနော် အစစ်လို့ မှတ်ယူစေချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော့်နာမည်နဲ့ ဘယ်ဘလော့ဂ်တွေမှာ အဲဒီပုံစံ ထပ်လုပ်နေသေးလဲဆိုတာ ကျနော် မသိနိုင်တဲ့ အတွက် အခုကတည်းက ဒီပို့စ်နဲ့ ဖြေရှင်းရတာပါပဲ။ တခုခု မသင်္ကာတာ ရှိလာရင် ကျနော့်ဘလော့ဂ်မှာ တိုက်ရိုက်လာပြောနိုင်ပါတယ် ခင်ဗျာ။

ကျနော့်ကို အယူအဆရေးရာ အရပဲဖြစ်ဖြစ်၊ ပုဂ္ဂိုလ်ရေးအရပဲ ဖြစ်ဖြစ် မလိုလားသူတွေ အနေနဲ့လည်း ကျနော့်ကို မကျေနပ်တာ တခုအတွက်နဲ့ သူ့အသိုက်အမြုံနဲ့သူ ပျော်ရွှင်စရာကောင်းနေတဲ့ မြန်မာဘလော့ဂ် လောကနဲ့ ဘလော့ဂါ အချင်းချင်းအကြား ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်တဲ့နည်းကိုတော့ မပြုလုပ်ဖို့ မေတ္တာရပ်ခံပါတယ်။

အားလုံး ပျော်ရွှင် အဆင်ပြေပါစေ။


ကလိုစေးထူး

13 comments:

nu-san said...

တော်သေးတာပေါ့ကိုစေးထူးရေ... ဘာပဲဖြစ်ဖြစ် ဘလော့ခ်ရေးတာကို မနားပါနဲ့။ ဒီလိုအဖြစ်မျိုးတွေ ရှိသေးလား လို့ ပေါင်ချိန်မေးသလို မေးလိုက်ချင်တော့တယ်။ အဲလို လူစားတွေကိုလည်း အံ့သြမိပါရဲ့..

M.Y. said...

Ko Say Htoo,
I got a comment with your name and identity (blog address) at my 24 Dec 2007 post, but I could identify such silly sort of set-up…
Worry not, I hope one day they would recon what they did, right or wrong..

Wishing you a very Happy New Year time..

and May All of us, Myanmars, really unite in a brand new year..2008

Cheers..
Mg Yin

ဂျေဂျေ said...

အော် စေးအတုဆိုတာပေါ်လာသေးသကိုး ဂျေအတုလည်း ပေါ်လို့  BetterTomorrow လာရန်တွေ့ တာခံရဘူး သဗျို့ 

တုလည်းတုနိုင်ကြပါပေ့..

ကလူသစ် said...

မင်္ဂလာနှစ်သစ်ဖြစ်ပါစေဗျား။
ကလူသစ်ဆီမှာ လာချသွားတဲ့ ကော်မန့်ကိုတော့ လုံးဝမကျေနပ်ပါဘူး။ ဘီယာတိုက်မှ ကျေအေးနိုင်ပါလိမ့်မည် ဖြစ်ကြောင်း။

NayPhoneLatt said...

ကိုကလိုစေးထူးရေ ...
အဲဒီ့လို နာမည်အတု၊ လင့်ခ်အတုတွေကိုသုံးပြီး ရေးရတာဟာ သိပ်လွယ်ကူနေတဲ့အတွက် လူတိုင်းကလုပ်နိုင်တဲ့ ကိစ္စတွေ ဖြစ်နေပါတယ် ...။ ဒါကြောင့် ကျွန်တော်ကတော့ ကျွန်တော်တို့ ဘလော့ဂါတွေ အချင်းချင်း ဘယ်သူက ဘယ်လိုစိတ်ဓါတ်မျိုးရှိတယ်ဆိုတာ ကိုသေသေချာချာလေ့လာထားပြီး ... တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတွေ တည်ဆောက်ထားနိုင်ကြမယ် ဆိုရင် ... ဒီကိစ္စက အဆင်ပြေသွားမယ်ထင်ပါတယ်ဗျာ ...။

TTT said...

i tried to read your blog yesterday. It did not work; the computer said that there is no such address. strange enough my computer recognized your blog address all the time, but yesterday the blog disappeared completely.

Hope your can protect your blog. some files you have are very valuable, all the proof and evidences of crimes the junta committed.

Anonymous said...

Dont stop bro, u must keep writing for new generation , and whatever or whoever attack u, pls keep on man

Anonymous said...

ဒါမျိုးတွေရှိနေတော့လည်း စိတ်ညစ်ရတာပ။ နားတော့မနားပါနဲ့ဗျာ။
ဆက်ရေးပါအစ်ကိုရ။ နောက်မဖြစ်အောင်ရယ်၊ အလားတူ ထပ်မဖြစ်ဖို့
ရယ်ဆိုတာက အစ်ကိုတို့လို ကျွမ်းကျင်သူတွေ စုပေါင်းတိုင်ပင်ပြီး
စဉ်းစားကြရင်မကောင်းဘူးလား။ နောက်ပိုင်း ဒီထက်ပိုပြီး
ဇာတ်ရှုပ်လာနိုင်တယ်လို့ မြင်မိတယ်။ အဓိက ဦးတည်မှာကတော့
အောင်မြင်တဲ့ ဘလောဂ်ဂါတွေဆီကိုဖြစ်နိုင်တယ်။ တားဆီးဖို့ကိုတော့
အခုကတည်းကတိုင်ပင်ကြပြီး ကြိုစဉ်းစားကြရင်ကောင်းမယ်နဲ့တူတယ်။

Chaos said...

အစ်ကိုစေးထူးတစ်ယောက်
ပျော်ရွှင်ပါစေ
နှစ်သစ်လေးမှာ
စိတ်ရော လူပါပျော်ရွှင်ပါစေရှင်

Kaung Kin Ko said...

ကြားရတာ စိတ်မကောင်းပါဘူး။ အဆင်ပြေပါစေဗျာ။

မေပျို said...

ကိုစေးထူးရေ သဲအကို့ဘလော့ကို ခေါ်တာ မတက်မတက်ဖြစ်နေတာ ၂ရက်လောက် ရှိပီဗျ။ သဲက ကော်နက်ရှင်မကောင်းဘူးထင်လို့။ ဒီလိုလူမျိုးတွေရှိတာ ဘလော့ဂ်လောက အတွက် စိတ်မကောင်းစရာပါ။ ဒါပေမယ့် ကိုကျော်ပြောသလိုပဲ အချင်းချင်း နားလည်မှုနဲ့ ဖြေရှင်းနိုင်မယ်လို့ထင်ပါတယ်။ နှစ်သစ်ကြီးမှာ ကိုကြီး စိတ်ဆင်းရဲရတော့ စိတ်မကောင်းပါဘူး။ စာတော့ ဆက်ရေးပါနော်။ သဲတို့ အမြဲတမ်း အားပေးနေပါ့မယ်။ ပျော်ရွှင်ချမ်းမြေ့ပါစေနော်။

လေးစားစွာဖြင့်
မေပျို

ကလိုစေးထူး said...

မနုစံ…၊ မေးလ်နဲ့ရော အခုလို ကွန်မန့်နဲ့ပါ အားပေးတာ ကျေးဇူးပါဗျာ။ ကျနော် မရပ်ပါဘူး။ ဆက်ရေးမှာပါ။ :)
ကိုမောင်ရင်၊ တော်ပါသေးတယ်ဗျာ။ အခုလို နားလည်ပေးလို့။ နှစ်သစ် ဆုတောင်းအတွက်လဲ ကျေးဇူးပါဗျာ။ ဒီတခါတော့ ကျနော့်မိတ်ဆွေကြီးက အင်္ဂလိပ်လိုတွေ ကွန်မန့်ရေးလို့ပါလာဗျာ။
ဂျေဂျေ၊ ထင်ယောင်ထင်မှားပေါ့။ ရုတ်တရက်ပေါ့။ :)
ကလူသစ်၊ Budweiser တိုက်မယ်ဗျာ။ ကျေအေးလိုက်ပါ။ :)
ကိုနေဘုန်းလတ်၊ ဟုတ်ပါတယ်။ အရေးကြီးတာက တယောက်နဲ့ တယောက် နားလည်မှုပါ။ ရုတ်တရက်ဆိုတော့လည်း နည်းနည်းတော့ ကသိကအောင့် ဖြစ်တဲ့ သဘောပါပဲ။ ပထမဦးဆုံးသော ကွန်မန့်အတွက် ကျေးဇူးတင်ပါတယ်ဗျာ။ :)
မသက်သက်ထွန်း၊ ဟုတ်… ကျနော် ပထမတော့ ခဏနားမလားလို့ ကုဒ်တွေ ခဏဖြုတ်သိမ်းတာပါ။ အတုတွေ ပေါ်တော့ သူတို့ ၀မ်းသာစရာ မဖြစ်ချင်လို့ ပြန်တင်ထားလိုက်တာပါ။ အားပေးတာ ကျေးဇူးပါခင်ဗျာ။
Gab ဟုတ်ကဲ့၊ ကျနော် မရပ်ပါဘူး။ အားပေးတာကိုလည်း ကျေးဇူးတင်ပါတယ်။
မုတ်သုန်၊ ဘလော့ဂ်ရေးရတာတော့ ဒီလိုပါပဲ။ ဒါပေမယ့် ကျနော်က အောင်မြင်တဲ့ ဘလော့ဂါတော့ မဟုတ်ပါဘူးဗျ။ :) ပြီးတော့ မကျွမ်းလဲ မကျွမ်းပါဘူး။
ညီမ chaos ကျေးဇူးပါ ညီမရေ။ မင်္ဂလာ နှစ်သစ်ပါ။
ကောင်းကင်ကို …၊ ဟုတ်ကဲ့ ကျေးဇူးပါ။
ညီမ မေပျို၊ မတွေ့တာတောင် ကြာပြီ။ လာလည်တဲ့အတွက်ရော အားပေးတဲ့ ကွန်မန့်အတွက်ပါ ကျေးဇူးပါဗျာ။

လာရောက် ဖတ်ရှုသွားကြသူ ညီအကိုမောင်နှမအားလုံး မင်္ဂလာနှစ်သစ်ပါဗျာ။

Anonymous said...

တွေ့ လား ဦးစေးထူး ညလေးမေးလ်ကို Add လုပ်တော့ အစစ်လား အတုလား လာမေးတာ မမှားဘူးနော်။ နောက်လဲ အဲ့လိုပဲဘာဖြစ်ဖြစ် နံမည်တပ်ထားတဲ့ သူရဲ့ဘလော့ဂ်ထဲ ၀င်မေးလိုက် ရတာပဲကို နော်...