Tuesday, November 28, 2006

ဆုံဆည်းခွင့် ..

နှလုံးသားခြင်းတို့ နီးစပ်ကြလို့
ရင်မှာ အချစ်ကိုယ်စီ ပြည့်နေ
အတားအဆီးများက တို့နှစ်ယောက်ကြားထဲ
ပင်လယ်ကြီးလို ခြားနေ

မပြောဖြစ်ခဲ့တဲ့ စကားလုံးများအတွက်
ရင်မှာ မျက်ရည်တွေ သက်သေ
ပေါင်းစပ်ခွင့်မဲ့ မင်းနဲ့ ငါ့အတွက်
ဆုံနိုင်ခွင့်ဆိုတာ ဝေးနေ

တို့တတွေ သိနေ ဘယ်လိုမှ မနီးနိုင်
အချစ် မင်းစိတ်မပျက်နဲ့လေ
တယောက် တကမ္ဘာခြားလဲ
ရင်မှာ မျှော်လင့်နေ
ပြန်ဆုံဆည်းခွင့်တော့ မရှိပေ …။

အဲဒါလေးကတော့ အလုပ်လုပ်ရင်းနဲ့ အတွေးထဲပေါ်လာတဲ့ စာသားတွေပါ။ အဲဒီစာသားတွေကို အိမ်ပြန်ရောက်တော့ ဂီတာနဲ့ သံစဉ်ရှာကြည့်မိပါတယ်။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေပေါ့ ခင်ဗျာ၊ ကျနော့်ရဲ့ ကိုယ်တိုင်ရေး ကိုယ်ပိုင် သံစဉ် သီချင်းတပုဒ်ပါ။ ဒီနေ့ပဲ ရေးမိတာပါ။ သံစဉ်ကတော့ ဆိုလွယ်တေးပါပဲ။ G-Key နဲ့ တီးထားပါတယ်။ ဒီနေရာ မှာ နားဆင်ပါခင်ဗျာ။ ပြီးရင် ကြိုက်သလို ဝေဖန်နိုင်ပါတယ်။ သီချင်းလေး နာမည်ကိုတော့ ဆုံဆည်းခွင့် လို့ ရိုးရိုးပဲ ပေးထားပါတယ်။

6 comments:

Anonymous said...

chord လေး များ ရနိုင်မလား ခင်ဗျာ။

ကလိုစေးထူး said...

Intro; G Em C G D G Em C D G

G Em
(V1) နှလုံးသားခြင်းတို့ နီးစပ်ကြလို့

C G D
ရင်မှာ အချစ်ကိုယ်စီ ပြည့်နေ

G Em
အတားအဆီးများက တို့နှစ်ယောက်ကြားထဲ

C D G
ပင်လယ်ကြီးလို ခြားနေ

G Em
(V2) မပြောဖြစ်ခဲ့တဲ့ စကားလုံးများအတွက်

C G D
ရင်မှာ မျက်ရည်တွေ သက်သေ

G Em
ပေါင်းစပ်ခွင့်မဲ့ မင်းနဲ့ ငါ့အတွက်

C D G G7
ဆုံနိုင်ခွင့်ဆိုတာ ဝေးနေ

C D Em G
Cho: တို့တတွေ သိနေ ဘယ်လိုမှ မနီးနိုင်

Am D G G7
အချစ် မင်းစိတ်မပျက်နဲ့လေ

C D
တယောက် တကမ္ဘာခြားလဲ

Em G
ရင်မှာ မျှော်လင့်နေ

Am G D D7
ပြန်ဆုံဆည်းခွင့်တော့ မရှိပေ …။ V2

မေဓာဝီ said...

ကိုသံလွင် ဖန်တီးထားတဲ့ ဒီသီချင်းလေးကို သဘောကျမိပါတယ်။
မနေ့က ကွန်နက်ရှင် မကောင်းလို့ ဒီနေ့မှ သေချာနားထောင်ရတယ်။ နားထောင်ရင်း စိတ်မကောင်းဖြစ်ရပါတယ်။

တယောက်နဲ့ တယောက် ဘယ်လောက်ပဲဝေးဝေး နှလုံးသားချင်းနီးနေကြရင် အထီးမကျန်ပါဘူး … တဲ့။
မပြောဘဲထားတဲ့ စကားလုံးတွေဟာ … ဖွင့်ပြောဖြစ်တဲ့ စကားတွေထက် ပိုပြီး နက်ရှိုင်းပါတယ် … ကိုသံလွင်။
ပေါင်းစပ်ခွင့် .. ဆုံဆည်းခွင့် .. ဆိုတဲ့ မျှော်လင့်ချက်တွေ မရှိဘဲ အဖြူထည်သက်သက် ထားရှိကြတဲ့ သံယောဇဉ်က ပိုပြီး လေးနက် ခိုင်မာတယ်လို့ ကျမကတော့ ထင်တာပါပဲ။

the sun and the little moon said...

ဆုံဆည်းခွင့်
မျှော်လင့်ခဲ့မိ ... ဒီချိန်ထိ ... ။

ဒါပေမဲ့ ...
ချစ်သူရက်စက်
ယုံကြည်ချက်ကို
ရိုက်ဖျက်ချိုးချေ
မျှော်လင့်ခြင်းတွေ
မွကြေလွင့်ပျက်
လှည့်စားရက်သူ
မေ့ချစ်သူ ... ။ ... ။

zinlaekhin said...

ကောင်းပါတယ် ............................

zinlaekhin said...

သီချင်းကတော့နားထောင်လို့ မရဖြစ်နေတယ်ပါတယ်ရှင့်