ကျနော့်မှာ ပြဿနာတခု ရနေပါတယ်။ ပြဿနာတွေအားလုံးမှာ ကျနော့်အတွက်တော့ ဒီပြဿနာက တော်တော်ဆိုးဝါးတယ်လို့ ဆိုရမလိုပါပဲ။ တခြားတော့ မဟုတ်ပါဘူး။ အငတ် ပြဿနာပါ။ အစားအစာ ငတ်တာထက် ဆိုးတဲ့ စာအငတ် ပြဿနာပါ။
တခါတခါကျတော့ မိမိဖတ်ချင်သမျှစာတွေကို အိမ်က စာကြည့်တိုက်ကနေ စိတ်ကြိုက်ယူငင်ဖတ်ရှုပြီး ကုန်ကြမ်းရှာခွင့် ရနေတဲ့ လူတွေကို တကယ်ကို မနာလိုဖြစ်ပါတယ်။ (စောင်းပြောသလိုလိုနဲ့ တည့်တည့်ပြောနေတာ :D) ကျနော့်မှာတော့ ဒီကိုလာတုန်းက ပါလာတဲ့ စာအုပ်တချို့ရယ်၊ ခဲရာခဲဆစ်မှာယူရတဲ့ လစဉ်ထုတ် မဂ္ဂဇင်းတချို့ (အခု အဲဒီမဂ္ဂဇင်းတွေ မရောက်တာလဲ သုံးလလောက်တောင် ရှိပါပြီ) ဒါတွေကိုပဲ ဖတ်စရာ ရှိပါတယ်။ အင်တာနက်က စာတွေကို ဖတ်ရတာကလဲ စာအုပ်တအုပ်ကို ကိုင်ပြီး အိပ်ရာထဲမှာ ဇိမ်နဲ့ကွေးပြီး ဖတ်ရတာလောက် အရသာကမရှိဆိုတော့ ခက်တော့ ခက်နေတော့တာပါပဲ။
လေကြောရှည်နေလို့ မထူးပါဘူး၊ ရှိတာလေး ရှာကြံဖတ်မှလို့ တွေးရင်း စာအုပ်ပုံကို မွှေနှောက်မိတော့ ဒေါက်တာ သန်းထွန်းရဲ့ `ငါပြောချင်သမျှ ငါ့အကြောင်း´ ဆိုတဲ့ စာအုပ်ငယ်လေး ထွက်လာပါတယ်။ ဒီစာအုပ်က ဖတ်ပြီးသားပေမယ့် နောက်တခါ ထပ်ဖတ်မိပြန်ပါတယ်။
တကယ်တော့ ဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ စာအရေးအသားက ခေတ်စကားနဲ့ ပြောရရင် တော်တော်ကို ထောင့်မကျိုးတာပါ။ စာအုပ်တအုပ်ရဲ့ မျက်နှာဖုံးမှာဆိုရင် `ဒီစာအုပ် ဖတ်ကောင်းမည်ဟု အာမမခံ´လို့ ရေးထားတာကို တွေ့ရဖူးပါတယ်။ ဒါပေမယ့် သူ့စာထဲမှာ မှန်ကန်တဲ့ သမိုင်းအချက်အလက်နဲ့ သူ့စေတနာကို မြင်နိုင်တာမို့ လေးစားဖွယ်ကောင်းလှတဲ့ သမိုင်းပညာရှင်ကြီးပါ။ ငါပြောချင်သမျှ ငါ့အကြောင်း စာအုပ်ထဲက ကျနော် သဘောတွေ့မိတဲ့ စာသားတချို့ကို ကောက်နုတ်ဖော်ပြပါရစေ။
အမျိုးသားစိတ် ဦးဖိုးကျား (၁၀ဧပြီ ၁၉၂၄ကွယ်လွန်) ရေးတဲ့ မြန်မာ့ဂုဏ်ရည် ကို ဖတ်ပြီး ကြီးပြင်းခဲ့တာပါ။ သူရေးတာတွေ အကုန်မမှန်ဘူးဆိုတာ ခုမှ သိပါတယ်။ အခြေခံမမှန်တော့ အခုအနေအထိုင် ပုံစံလဲ မမှန်ကြဘူး ထင်ပါတယ်။ တို့ဘိုးဘွားတွေ ဘောင်းဘီပဲ ၀တ်တယ်၊ ဘောင်းဘီ ၀တ်ခဲ့တာ အနှစ် ၄၀၀၀ ဆိုရင် လုံချည်ဝတ်တာ အနှစ် ၆၀၀ လောက်ပဲ ရှိသေးတယ်။ ဘောင်းဘီဝတ်တာ ရိုးရာ၊ လုံချည်ဝတ်တာ ကုလား(tamil) စရိုက်၊ ရှပ်ဝတ်တာ ဥရောပစရိုက်၊ ဒါတော့ သိထားသင့်တယ်။
ကိုယ့်နိုင်ငံရေး
ကျားကြီး၊ ၀က်ကြီး၊ ငှက်ကြီး၊ ရှုးပျံကြီး ဆိုတာတွေဟာ ပုံပြင်မှန်းသိတယ်။ ထောင်ပေးလို့ ချုပ်၊ ရာပေးလို့ ဆုပ် ချစ်တဲ့လူအရိုး ဆံထိုးလုပ် ဆိုတာလဲ ဒဏ္ဍာရီမှန်း သိတယ်။ ဇာတ်တူသားစားလို့ ဟင်္သာကိုးသောင်း ပျက်စီးဖူးတဲ့ ငွေတာရီ ဒွေးမယ်နော်ဆိုတဲ့ ဇာတ်တွေက မှတ်စုအရ အမဲသားမစားတဲ့လူကို `ဒီကောင် ဇာတ်တူသား မစားဘူး´လို့ သင်ခန်းစာ အနေနဲ့ ၀င်ပြောတတ်ပါတယ်။ ကံရာဇာငယ်ကို လူလိမ်လို့ သိပါတယ်။ တကောင်းက ပြေအရောက် ဧရာဝတီလမ်းကို အကန်းတောင် သွားလို့ရတဲ့ ခရီးလို သိပါတယ်။ အစာပြတ်ပြီး မိန်းမောနေသူက `လိမ္မာရစ်ကြပါ´ လို့ မှာနိုင်မယ် မထင်ပါ။ ……….. …………………… ………….။
……………………………. ……………………………….. …………………………………….။
အဲဒီလိုနဲ့ ဆရာကြီး သန်းထွန်း စာအုပ်ကို ဖတ်အပြီးမှာတော့ ငတ်နေတာ နည်းနည်းပြေသလိုလို ရှိသွားပါတယ်။ ဒါနဲ့ မဂ္ဂဇင်း အဟောင်းတအုပ်ကို ကောက်လှန်မိပြန်ပါတယ်။ အဲဒီစာအုပ်ထဲမှာလဲ သဘောကျစရာ ဗဟုသုတ တခုကို ဖတ်မိပြန်ပါတယ်။ နှစ်ပတ်လည်တွေကို ငွေရတု၊ ရွှေရတု စသည်ဖြင့် ခေါ်ဆို သတ်မှတ်ကြတာကို တွေ့ဖူးကြမှာပါ။ တနှစ်၊ နှစ်နှစ်ဆိုရင်ရော ဘာရတုများပါလိမ့်။ စိတ်ဝင်စားသူများ အောက်မှာ ဆက်ဖတ်ပါခင်ဗျာ။
၁ နှစ်ပြည့်ကို paper (စက္ကူ)
၂ နှစ်ပြည့်ကို cotton (၀ါဂွမ်းချည်)
၃ နှစ်ပြည့်ကို leather (သားရေ)
၎ နှစ်ပြည့်ကို linen (လီနင်ချည်)
၅ နှစ်ပြည့်ကို wood (သစ်သား)
၆ နှစ်ပြည့်ကို iron (သံထည်)
၇ နှစ်ပြည့်ကို wool (သိုးမွှေးချည်)
၈ နှစ်ပြည့်ကို bronze (ကြေးညို)
၉ နှစ်ပြည့်ကို pottery (မြေထည်)
၁၀ နှစ်ပြည့်ကို tin (သံဖြူထည်)
၁၅ နှစ်ပြည့်ကို crystal (သလင်းကျောက်)
၂၀ နှစ်ပြည့်ကို china (ကြွေထည်)
၂၅ နှစ်ပြည့်ကို silver (ငွေထည်)
၃၀ နှစ်ပြည့်ကို pearls (ပုလဲ)
၃၅ နှစ်ပြည့်ကို coral (သန္တာ)
၄၀ နှစ်ပြည့်ကို rubies (ပတ္တမြား)
၄၅ နှစ်ပြည့်ကို sapphires (နီလာ)
၅၀ နှစ်ပြည့်ကို gold (ရွှေ)
၅၅ နှစ်ပြည့်ကို emerald (မြ)
၆၀ နှစ်ပြည့်ကို diamond (စိန်)
အဲဒါကတော့ ဖတ်ရတဲ့ စာအုပ်အထဲက အတိုင်းပါ။ ကျနော်တွေ့ဖူးတာ တခုကတော့ စိန်ရတုဟာ (၇၅)နှစ်ပြည့်လို့ တွေ့ဖူးပါတယ်။ ဘယ်ဟာ အမှန်လဲတော့ မသိနိုင်ပါ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ဒီနေ့အဖို့ စာအုပ်အဟောင်းတွေ ကျေးဇူးကြောင့် အငတ်ပြဿနာတော့ နည်းနည်း ပြေလည်သွားခဲ့ပါတယ်။ နောက်နောင်လဲ အဟောင်းထဲက အကောင်းလေးတွေ တွေ့ရင် တင်ပေးပါအုံးမယ်။
ကလိုစေးထူး
9 comments:
Try it, you'll love it and tell your Burmese friends about this toolbar. Please forward to others like I do.
Get Yangon City FM Radio tool bar
http://yangoncityfm.ourtoolbar.com
:-)
အဟိ။ အဲဒီတစ်ယောက်ကို မြန်မာ့ ပထမဆုံး စပမ်းမာ ဆုပေးရမယ်။ အဟိ။ တူးလ်ဘားမှာ ဘပ်ဂ် Bug ပါတယ်တဲ့ ။ ကို mmhan စမ်းထားတယ်။ အဟိ။ မေ့လို့ ။ ပထမဆုံး စပမ်မာက ပိတောက် ယူနီကုဒ် လိုက်ကြေညာတဲ့  အုပ်စုဘဲ။ အဟိ။ သမာကျမ်းစာ မြန်မာဘာသာအွန်လိုင်းအဖွဲ့  ၀ဘ်ဆိုဒ်လိပ်စာနဲ့ ။
ရန်ကုန်စီးတီး တူးလ်ဘား စပမ်မာက ဒုတိယဆုယူနော်။ အဟိ။
ကဲ အမှန်တရားရဲ့ ဘက်တော်သားတွေရေ တွေ့ကြပီလား ဘယ်သူက ဘလော့တင်ကျယ်တဲ့ ဘလော့ကျယ်လဲ ဘယ်သူက တကယ်ရေးနေလဲဆိုတာကို အခုမှပါထားတာနော်. ရက်စွဲကိုလဲ သေချာသွားကြည့်ကြ ၂၀၀၇ဖော်ဖော်ဝါရီတဲ့ဗျ။ နောက်နောင်သူများကို မပုတ်ခတ်နဲ့တော့ပေါ့ဗျာ။
အို.... သူတို့ ကလဲ၊ မသိဘဲနဲ့ ။ အဟိ။ သူတို့  ၂ယောက်စလုံး စာရေးကြတာ တူတူပါဘဲ။ စာရေးဆရာတွေချည်းပါဘဲ။ ကလိုဆေးထူးကလဲ ဘလောက်မှာ အပြင် တစ်ခြားမှာရေးသေးတာဘဲ။ နိုင်းနိုင်းကလဲ ဘလောက်အပြင်၊ သံလွင်တို့ ၊ ချယ်ရီတို့၊ မြန်မာမဂ်ဂဇင်းတွေမှာရေးတာဘဲ။ အဟိ။
ဘယ်သူက ပိုရးတယ်၊ ဘယ်သူက ပိုဆရာကြီး ပြောလို့  မရစကောင်းပါဘူး။ အဟိ။ မသိရင် မသိသလိုမနေဘူး။ စာရေးဆရာ ၂ယောက်က မပြိုင်ဘူး၊ နားလည်မှု့ ရှိပြီး ဘေးကနေ ၀ိုင်းဘေးတီးနေတဲ့လူတွေက ခက်တာ။ အဟိ။ သူတို့  ၂ ယောက်လုံး စာဖတ်ပရိတ်သတ် အပေါ်စေတနာရှိတယ်။ တစ်မျိုးစီ အကျိုးပြုနေကြတာဘဲ။ အဟိ။
စိတ်ကောင်းလေးထားပြီး ကြည့်လိုက်၊ မြင်ရလိမ့်မယ်။ အဟိ။ ရန်ဖြစ်တာ သိပ်ကြည့်ချင်နေတယ် ထင်တယ်။ အဟိ။ ပုတ်ခတ်နေတဲ့ သူတွေကဘဲ မပုတ်ခတ်ကြပါနဲ့ ဆိုတော့ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး။ အဟိ။ ဘေးတီးတွေ ဘယ်သူဆိုတာလဲ နဲနဲတော့ မှန်းကြည့်လို့ရပါတယ်။ အဟိ။ ကလိုဆေးထူးရေးတဲ့  စာတွေကို မုန်းတဲ့လူတွေပေါ့။ အဟိ။ တို့ က ဒီလောက် မတုံးသေးပါဘူး။ အဟိ၊ အဟိ။
အမည်မသိရေ....
ကိုယ့်အမည်လဲ သိအောင်အရင်လုပ်ပါဦး။ (မလားကျားလားမသိ)
ကလိုဆေးထူးက ဘယ်သူ့ကိုမှ မပုတ်ခတ်ခဲ့ပါဘူး၊ စေတနာနဲ့ သတိပေးခဲ့တာပဲရှိတာပါ၊ အားလုံးက စာရေးကြတာပဲ၊ စာဖတ်သူအပေါ်မှာ စေတနာထားကြတာချင်းလဲ တူကြမှာပါ။
ဘေးကနေ ထပ်မပို့ပါနဲ့တော့။ တော်လောက်ပါပြီ။ အဓိကသူတွေက နားလည်မှုရနေကြပီ။
တစ်ယောက်တည်း မခံမရပ်နိုင်ဖြစ်နေတုန်းပါလားနော်။
ပုတ်ခတ်တဲ့သူ ဘယ်သူလဲဆိုတာ သိနေရင် သူ့သွားပြောပါလား၊ ဘာလို့ဒီထဲလာရန်တွေ့နေရတာလဲ။
ပြီးတော့ သည်းခံစိတ်လေးနည်းနည်းဖြစ်ဖြစ်မွေးပြီး သူတပါးအပေါ် အကောင်းမြင်ကြည့်ပါလား၊ ကိုယ့်စိတ်ထဲမှာ အေးချမ်းသွားပါလိမ့်မယ် (ဆရာလုပ်တာမဟုတ်ပါ)
ကျမတို့ သိထားသလောက်တော့ ၂၅ နှစ်ဆို ငွေရတု၊ နှစ် ၅၀ ဆို ရွှေရတု၊ ၇၅ နှစ်ဆို စိန်ရတု .. အဲဒီလို မှတ်သားခဲ့ဖူးပါတယ်။
အခု ကိုသံလွင်ရေးမှ အင်တာနက်ထဲ ရှာကြည့်တော့ http://en.wikipedia.org/wiki/Jubilee မှာ ခုလို တွေ့ပါတယ်။
• Silver Jubilees (25 years)
• Golden Jubilees (50 years)
• Diamond Jubilees (60 years in Britain, 75 years in the United States)
• Platinum Jubilees (70 years in Britain, 75 years in South Asia)
ဒီလိုဆိုတော့ ၂ ခုစလုံး မှန်နေတာပဲပေါ့။ ကျမကတော့ ၇၅ နှစ် စိန်ရတု ဆိုတာ စွဲနေပြီမို့ အဲဒီလိုပဲ မှတ်ယူတော့မယ် စိတ်ကူးတယ်။
ဟိုလူကြီးရေ... နာရေးပေးစရာမလိုတော့ဘူးနော်...သူများတွေရေးပေးလိုက်ပြီ...
အမည်မဲ့ ကွန်မန့်ရေးသူရှင့်
၂၀၀၆ဖေဖော်ဝါရီကိစ်စ်မှာ မမေ နှင့်ဘာမှမဆိုင်ပါ။ ကျွန်မပြောခဲ့ခြင်းသာဖြစ်တဲ့အတွက် ကျွန်မကိုသာ ပြောစေလိုပါတယ်။ကျွန်မရဲ့ အီးမေးလ်ကိုလည်း ကိုသူရိန်(ကလိုဆေးထူး) ကွန်မန့်မှာ ပေးထားခဲ့ပြီးပါပြီ။ကျွန်မမေးလ်ကိုပို့ရင် အမည်မဲ့ကွန်မန့်ရေးသူ ဘယ်သူဘယ်ဝါဆိုတာ သိမှာစိုးရင် ၊ အမည်မဲ့ကွန်မန့်ရေးသူက ယခုလို ကိုယ့်အိုင်ဒီ အမည်မှန်ကို ထုတ်ဖော်ရေးဝံ့သူမဟုတ်တဲ့အတွက် အမည်မဲ့ကိုသာ အသုံးပြုလို့ရေးချင်တယ်ဆိုရင် ကျွန်မမှာ ဘလော့ဂ်ရှိပါတယ်။ ကျွန်မ ဘလော့ဂ်ကို လာရေးပါ။
ဒါပေမယ့် အင်္ဂလိပ်လိုရေးဖို့တော့လိုပါတယ်။
ယခုကဲ့သို့ မမေဓာဝီ အားတမင်လိုက်ပြောနေခြင်းမှာ မြင်ရသည်မှာလည်း အမြင်မကောင်းပါ။ ယောက်ျားတစ်ဦးဖြစ်လျက်နှင့် မိန်းမတစ်ဦးအား လိုက်လံစိတ်အနှောင့်အယှက်ပေးနေသည်မှာ မြန်မာလူမျိုးယောက်ျားတို့ အရိုးစွဲနေသလို စာတတ် ပေတတ် မိန်းမဆိုလျှင် မနှစ်မြို့ဘဲ တမင် လိုက်ပြောနေသည်နှင့်တူပါတယ်။ ဒါမှမဟုတ် အမည်မဲ့ကွန်မန့်ရေးသူဟာ ယောက်ျားစတိုင်လ်စာရေးသော်လည်း မိန်းမတစ်ဦးဖြစ်ကောင်းဖြစ်ပါမယ်။
ကျွန်မ ကိုသာတိုက်ရိုက်လာပြောပါရန် တောင်းဆိုပါတယ်။
ဟနစံ
အဟိ။ မြန်မာ ယောက်ကျားတွေက မကောင်းဘူးလား။ အဟိ။ ကောင်းပါတယ် မဟနရဲ့ ။ အဟိ၊ အဟိ။ မဟန မသိလို့ ပါ။ အဟိ။ မဟနတွေ့ ခဲ့ ဘူးတဲ့  ခပ်ညံ့ညံ့ယောက်ကျားတွေလောက်နဲ့  မြန်မာတစ်မျိုးသားလုံးကို အပုတ်မချနဲ့ လေ။ အဟိ။ အဟိ။ ပြီးတော့ ဟို... မကောင်းဘူးဆို မဟနရဲ့  မောင်လေးတွေ၊ မောင်လေးတွေဆိုတဲ့  မောင်လေးတွေကကောဟင်။ သူတို့ ရော ကောင်းဘူးဘဲလား။ အဟိ။ အဟိ။ ခစ် ခစ်။
Post a Comment