ရှုစမ်းပါ့ ချစ်ဆွေငယ်
ကျနော်တို့ မြန်မာမြေ၀ယ်
ရွှေရောင်တွေ ဖိတ်ဖိတ်လွှမ်း
တခေါက်တခါ ခေါ်ချင်စမ်းပါပေ့ ..
လှမ်းလာပါ့ကွယ် …။
စိုက်ပျိုးရေးကိုအခြေခံလို့
အခြားစီးပွားရေးကဏ္ဍတွေကိုလဲ တိုးတက်စေမတဲ့
ရုန်းလိုက်ဟဲ့ဖေ့သား၊ ကုန်းစိုက်ကွဲ့ နှမငယ်
ကမ္ဘာကို ရင်ဘောင်တန်းနိုင်ဖို့ ကြုံးရုန်းစို့ကွယ်။
ဈေးကွက်စီးပွားရေး ပီပြင်စွာဖြစ်စေတော့ရယ်လို့
အောင်မြင်စွာ အကောင်အထည်ဖော်ရတယ်
ဈေးဆစ်နဲ့ကွယ်။
လမ်းပန်းဆက်သွယ်ရေးလဲ လုံခြုံချောမွေ့တာမို့
သဘောခွေ့စရာ ထော်လာဂျီတစီးမှာ
ပြွတ်သိပ်ကာ တိုးလို့စီးပါလို့ ခရီးဆက်စို့ကွယ်။
ပညာရည်မြင့်မားရေး ဘေးချိတ်ပါလို့
ကလေးတို့မှာ တောင်းကာစားရတယ်
မြောင်းကြားက ရတနာပေလား
မြင်တာလေ ရင်နာလိုက်ပါဘိတော့
မချိပေါ့ကွယ်။
လှူသူမဲ့ ပဉ္ဖင်းအိုမှာလဲ |
တရားစခန်းကို အသာထား
ဗျာများနေရတဲ့ အဘွားအိုကိုတွေ့တော့
စကားအပိုမပြောပဲ ဟစ်ငိုချင်ပေါ့
အပြစ်ဆိုတာ ဘယ်သူ့ကြောင့်ပါလဲ
စဉ်းစားမိတယ်။
ဘီယာဟာ အရက်တော့မဟုတ်ပါ
တငွေ့ငွေ့လေးနဲ့ အတော်လာတယ် …
ကဲ … တမျိုးသားလုံး စိတ်ဓာတ်နဲ့
အကျင့်စာရိတ္တမြင့်မားဖို့အရေး
ကမ္ဘာ့ချန်ပီယံ မြန်မာဘီယာကိုဖြင့်
သောက်ကြစို့ကွယ်။
သယ်…။ တော်တန်တိတ်
ပါးစပ်တွေ အကုန်ပိတ်
တွေ့ကြတယ်မှတ်လား ပြည်သူ့သဘောထားတဲ့
ပြည်ပကို အားကိုးမယ်မကြံနဲ့
အကုန်ပုဆိန်ရိုးလို့ ယိုးပစ်လိုက်မယ်။
နောက်တခေတ်မှာ သာယာချင်ရင်တော့
ဟောဒီမှာ အာဏာရှင်လောင်းကလေးတွေ
မြန်မာပြည်ကို ရောင်းစားပြီး
ကောင်းစားကြမှာက သူတို့ပေါ့ ရှုကြည့်လော့ကွယ်
ဝေးနေရတဲ့ တို့ရွှေပြည်
တဲစုတ်တွေ ကျူးကျော်
မြူးပျော်နေသူတွေ မြင်စေချင်ပါဘိ
ဗြဟ္မာ့ပြည်တ၀င်းဝင်း ၀က်စားကျင်းတရှုပ်ရှုပ်
ကိုယ်လုပ်လို့ ကိုယ်ရ၊ ကိုယ်မဟုတ်လို့ ကိုယ်ကျ
ကံကိုသာ အပြစ်ပုံချပါလို့
တွေးကာလေ အသည်းမှာမချိသော်လည်း
မတတ်နိုင် လက်မှိုင်ချပါလို့
အဝေးမှသာ ငေးရပါတော့တယ် …. ။
(အဲဒီပုံတွေကတော့ မြန်မာပြည်ကို လာလည်သွားကြတဲ့ ကမ္ဘာလှည့်ခရီးသည်တွေက သူတို့ရဲ့အမြင်၊ သူတို့ရဲ့ အတွေးတမျိုးမျိုးနဲ့ မှတ်တမ်းတင်သွားကြတဲ့ ပုံတွေပါ။ အဲဒါတွေကို တွေ့တော့ ကျနော်က တမျိုးခံစားရပြန်လို့ ဒီမှတ်တမ်းကို တင်ပါတယ်။)
ကလိုစေးထူး
7 comments:
omg...it's so sad.
အရမ်းကောင်းတဲ့ post ... thanks
မြုပ်နေတဲ့..လူ့ခွင့်ရေး..
တောင်းကြဖို့...ချိန်တော်ပြီ..
စုပါကွဲ့...ပေါင်းကြပါ...
မနှောင်းခင်..အချိန်လေးမှာဖြင့်..
ရနိုင်ကောင်းပါသား.........
ရွှေပြည်တော်
မျှော်ပါပေါ့လေး .. ။
မရောက်နိုင်ရှာ … ဒီခရီး
နီးရက်နဲ့ဝေး … … ။ … ။
အချစ်ရေ
စနစ်တွေ ဆိုးချိန်ခါမို့
အိုးအိမ်ခွာ ပြည်တော်အဝေးမှာ
ရှာကျွေးကြရင်း..။ ။
သခင့်ကိုရွယ်
တင့်တယ်အောင် ဘ၀င်လက်စေဖို့
ကြင်ဖက်ကို မျှော်ကာမှန်းရတယ်
(အချစ်ရယ်..) လွမ်းရလေခြင်း..။ ။
ဟိုး.. ရှေ့မှာပန်းတိုင်ရှိတယ်.. လာ.. သွားကြစို့...
လက်တွေအတူတွဲ.. ခိုင်မြဲပါစေ...
သိပ်မနီး ဝေးလွန်းလှတော့ ခြေနည်းနည်းညောင်းမည်..
ဒါလောက်ပါပဲ..
ယုံကြည်ထားပါ..
ရွေ့နေရင်.. ရောက်ရမည်..
အခုလို လာအားပေးကြတာကို ကျေးဇူးတင်မိပါတယ်ခင်ဗျာ.. တကယ်တော့ ကျနော့်စိတ်ကူးနဲ့ တင်ချင်တဲ့ ပုံလေးတွေ ရှိပါသေးတယ်. ကျနော့်ရဲ့ ကွန်ပြူတာ နည်းပညာ တတ်ကျွမ်းမှု နုံနဲ့ခြင်းရဲ့ တန်ဖိုးကို တဖြည်းဖြည်းသိလာသလိုလိုပါပဲဗျာ.. လုပ်ချင်တာတွေနောက်ကို မလုပ်တတ်တာက အတားအဆီးလိုဖြစ်နေတယ်..။ ဘာပဲဖြစ်ဖြစ် အသိအမှတ်ပြုပေးကြတဲ့ မိတ်ဆွေတွေကို တကယ်ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Post a Comment