ဒီနေ့တော့ စာရေးချင်စိတ် မရှိတာနဲ့ ဘာပို့စ်မှ မတင်ဘဲ နေမလို့ပါပဲ။ ဒါပေမယ့် မမေရဲ့ ကွန်မန့်ဝင်လာတော့ အားလုံး မြင်လွယ်ထင်လွယ် ဖြစ်အောင် ပို့စ်အဖြစ် တင်ပေးဖို့ စိတ်ကူးရတာနဲ့ သူ့ကွန်မန့်အတိုင်း ကူးယူဖော်ပြလိုက်ပါတယ်။ မမေအတွက် စိတ်ပူနေကြသူတွေ ယုံကြည် စိတ်အေးလောက်ပြီထင်ပါရဲ့။
Maydarwii said...
ကိုစေးထူးရှင့် …
ကျမ ကိုယ်စားဖြေရှင်းချက် တင်ပေးတာ ကျေးဇူးတင်ပါတယ်။
ကျမကို စိတ်ပူနေကြတဲ့ စာဖတ်သူများနှင့် မိတ်ဆွေများကို … ကျမကိုယ်တိုင် ဒီကွန်မန့်ထဲမှာပဲ ပြောခဲ့ပါရစေရှင်။
ကျမနဲ့ ပတ်သက်ပြီး အမျိုးမျိုးထွက်ပေါ်နေတဲ့ သတင်းတွေအတွက် ကျမ ကိုယ်တိုင်ရဲ့ ဖြေရှင်းချက်ပဲဆိုပါတော့။
ပထမဆုံးပြောချင်တာကတော့ ကျမဘလော့ကို ပိတ်ထားတဲ့ကိစ္စပါ။
တော်တော်များများ သိပြီးဖြစ်တဲ့အတိုင်းပါပဲ … ကျမဘလော့ မပိတ်ခင် ရက်ပိုင်းက ကွန်မန့်တွေထဲမှာ ကျမကို ခြိမ်းခြောက်၊ စော်ကားတဲ့အပြင် ကျမအဖေကိုပါ စော်ကားထားတာတွေ ရေးထားပါတယ်။ ကျမကို ခြိမ်းခြောက်မှုအတွက် ခံနိုင်ပေမယ့် ကျမအဖေကိုပါ ထိခိုက်လာတဲ့အတွက် ကျမစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ကျမရဲ့ မလိမ္မာမှုအတွက်လည်း နောင်တရခဲ့မိပါတယ်။ ဒါပေမဲ့ အဲဒီအချိန်ထိ ဘလော့ကိုပိတ်ဖို့ စိတ်မကူးခဲ့မိ သေးပါဘူး။
တနေ့တော့ အကြောင်းကြောင်းကြောင့် ကျမဘလော့မှာ ဖြစ်ပျက်နေတာကို အဖေနဲ့ အမေ အပါအ၀င် အိမ်သားတွေ သိသွားခဲ့ပါတယ်။ ရုန့်ရင်းကြမ်းတမ်းတဲ့ ဆဲဆိုမှုတွေ၊ ခြိမ်းခြောက်မှုတွေရေးထားတဲ့ စာတွေကို ဖတ်ရတော့ ကျမကို ဘလော့ဆက်မရေးဖို့ အားလုံးက တားမြစ်ခဲ့ပါတယ်။ ဘလော့ကိုပါ ဖျက်လိုက်ဖို့လည်း အဖေရော အမေပါ တိုက်တွန်းခဲ့ကြပါတယ်။ ကျမ ကြောက်လို့ ရပ်လိုက်တယ်လို့ ထင်နေကြသူများအတွက် … ဟုတ်ကဲ့ … ကျမ ကြောက်တယ်လို့ပဲ ပြောပါရစေတော့ … ။ ကျမ ပယောဂကြောင့် ကျမ ချစ်တဲ့ မိဘနှစ်ပါး စိတ်မချမ်းမသာဖြစ်မှာ အလွန်ကြောက်ပါတယ်။ ဒါကြောင့် ကျမ သိပ်မြတ်နိုးတဲ့ ဘလော့ကို ကျမ ကိုယ်တိုင် အဖေနဲ့ အမေ ရှေ့မှာပဲ အဲဒီညက ပိတ်ခဲ့လိုက်ပါတယ်။ (ပိတ်ပြီးတဲ့အချိန်မှာ ဂျီတော့ခ်မှာ ရှိနေတဲ့ ညီမလေး တယောက်ကို ပိတ်လိုက်ကြောင်း ပြောပြခဲ့ပါသေးတယ်။)
နောက်တခုက … ကျမရဲ့ အင်တာနက်သုံးစွဲခွင့်ကို အိမ်က ကန့်သတ်လိုက်ပါတယ်။ အွန်လိုင်းပေါ်မှာနေနေရင် ဘလော့တွေဖတ်မိမယ်၊ ပြန်ရေးချင်မယ်၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ဆယ်သွယ်မိနေမယ်၊ ကိုယ်တိုင် ဘလော့မရေးတောင် သူများဘလော့မှာ ကွန်မန့်တွေ ရေးနေလိမ့်ဦးမယ်ဆိုပြီး အင်တာနက်ပေးမသုံးတော့ပါဘူး။ ကျမဟာ ခုချိန်ထိ မိဘအုပ်ထိန်းမှုအောက်မှာ နေနေရတဲ့အတွက် မိဘစီမံသမျှ နာခံရပါတယ်။ ကျမ မိဘတွေကလည်း အကြောင်းတစုံတရာမရှိဘဲ ဇွတ်အတင်း အမိန့်ပေး စေခိုင်းလေ့မရှိပါဘူး။ ဒါကြောင့် ကျမလည်း ကျမရဲ့ စိတ်ခံစားချက် ဘယ်လိုရှိနေရှိနေ အဖေနဲ့ အမေ ကျေနပ်အောင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။
တနေ့ကတော့ ဘီဘီစီသတင်းထဲပါတဲ့ကိစ္စနဲ့ပတ်သက်ပြီး မိတ်ဆွေတွေက ကျမကို မေးမြန်းလာကြပါတယ်။ ကျမလည်း ဘာမှန်းညာမှန်း သေသေချာချာမသိလို့ ဖြေရှင်းတာတွေ လုပ်မနေခဲ့ပါဘူး။ ကြာရင် ပြီးသွားမှာပဲလို့ ထင်နေခဲ့မိပါတယ်။ ဒါပေမဲ့ ခုထက်ထိ ကျမနဲ့ပတ်သက်ပြီး အမျိုးမျိုးပြောကြဆိုကြ ထင်မြင်နေကြတာတွေ မပြီးသေးဘူးဆိုတာသိရလို့ ဒီစာကိုရေးလိုက်ရခြင်းပါပဲ။ ကျမရဲ့ လုပ်ရပ်ဟာ အားလုံးကို စိတ်ပူအောင် လုပ်မိသလိုဖြစ်သွားခဲ့ရင် ဒီစာနဲ့ အနူးအညွတ် တောင်းပန်ပါရစေ … ။
ကျမအိမ်မှာပဲနေနေပေမဲ့ အားလုံးနဲ့ အဝေးကြီးရောက်နေသလို ခံစားရပါတယ်။ တပြိုင်တည်းမှာပဲ … အားလုံးနဲ့ သိပ်နွေးထွေးသလိုလည်း ခံစားနေရပါတယ်။ လောလောဆယ်တော့ ဒွိဟခံစားချက်တွေကို တချိန်တည်း ခံစားနေရင်း … ကျမရဲ့ အဖြူရောင်မျက်နှာပြင်အတွက်မဟုတ်တဲ့ စာတွေကို စိတ်ကူးထဲမှာပဲ ပုံဖော်ရေးသား နေမိပါတယ်။
ကျမဘလော့ကို အရေးတယူဖတ်ရှုခဲ့ကြသူများ၊ အစဉ်တစိုက် ရေးဖြစ်အောင် အားပေးကြသူများ၊ ဘလော့ရေးဖော် မောင်နှမများ၊ မိတ်ဆွေ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်စွာ အမြဲသတိရနေမှာပါ။
တချိန်ချိန်တော့ ကျမတို့ ပြန်ဆုံကြကောင်းပါရဲ့ … ။
မေဓာဝီ
14th Sept, 2007
9:15 am
17 comments:
တချိန်ချိန်ကိုစောင့်နေမယ် မမေ
မဝေးတော့ဘူးလို့ထင်ပါတယ်
ဒီလိုဖြစ်ရခြင်းရဲ့ ပင်မအကြောင်းရင်းတွေအားလုံး ရှင်းလင်းပြီးမယ့် တနေ့
မဝေးတော့ပါဘူး
မဝေးတော့ပါဘူး
မဝေးတော့ပါဘူး
Hmmm... I can't understand that how come some people want to disturb other people happiness.. Do they feel better after doing that..
ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်
ဘယ်လိုစိတ်အနှောက်အရှက်ပဲရှိရှိ
စာရေးသားခြင်းကိုတော့မရပ်ဖို့
တောင်းပန်ပါရစေ
ဒီနေ့ကစပြီး ကျနော့်ဘလော့ဂ်မှာ အမည်မဲ့တွေကို အသုံးပြုခွင့် မပေးတော့ပါဘူး။ အမည်မဲ့တွေကို အသုံးပြုခွင့်ပေးခဲ့တာဟာ ရေးထားတဲ့စာတွေအပေါ်မှာ အမြင်အမျိုးမျိုးရှိကြတာတွေကို အခက်အခဲ မရှိ လွတ်လပ်စွာ ၀င်ရောက်ဆွေးနွေးနိုင်ဖို့ပါ။ အခုလို အကျိုးမရှိ လိုက်ပြီးတော့ ရန်စ နှောက်ယှက်ဖို့ မဟုတ်ပါဘူး။ တခြားသော စာဖတ်သူတွေကို ငဲ့ကွက်ပြီးတော့ ကိုယ့်လုပ်ရက်ကို ကိုယ် ရပ်တန်းက ရပ်ကြပါ။ ဒီထက်ပိုဆိုးလာရင် ကျနော့်ဘလော့ဂ်ကိုပါ ၀င်ရောက်ဖတ်ရှုခွင့် ပိတ်ပင်ခံရပါလိမ့်မယ်။
ဒီလိုပဲ ခြိမ်းခြောက်တိုင်း မရေးတော့ပဲ ရပ်ရပ် နေကြမယ်ဆိုရင် ကျနော်တို့ ဘလော်ဂါတွေတော့ နောက်ဆို လျော့လျော့လာတော့မှာပဲ။ အခုတောင် ဘလော်ဂါ တစ်ယောက် ဈေးဦးပေါက် ခေါ် စစ်ဆေးခံရတယ် ဆိုသလားပဲ။ စိတ်ညစ်ပါတယ်ဗျာ...
To Kalo SayHtoo
I appreciated that idea.
Otherwise it happens to read the foul language on the blog.
I think by this time Philtre is really grudged and grumbled.
I don't understand with like Philter's attitude how do they lead the country.
Khin Myanmar
လွတ်လပ်စွာ ရေးသားနိုင်တဲ့ blog လိုနေရာမှာတောင် မလွတ်ဘူး နှောင့်ယှက်မှုတွေနဲ့နော်။ blog လောက မှာ ကျွန်တော်တို့ မြန်မာတွေမှာပဲ ဒီလို ပြသာနာရှိတယ်ဆိုရင်တော့ ရှက်စရာ အင်မတန်ကောင်းပါတယ်။ နှောင့်ယှက်တဲ့သူတွေ သေချာပြန်စဉ်းစားပါ ကိုယ်ဘယ်လိုလူလဲ ဆိုတာကို။
(မ)မေဓာဝီ၊ ကျွန်တော်က အမရဲ့ စာဖတ်ပရိတ်သတ်ပါ။ ဖတ်စရာ blog ကောင်းတခုမရှိတော့တာ တခုခုလိုနေသလိုပဲ။ မကြာမှီ blog ပြန်လည်ရေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။
မမေblog မှာphiter နဲ့ တခါရန်ဖြစ်ခဲ့ ဘူးတယ်။ ဒါတွေကြောင့်ဆိုရင်တော့ မမေကို sorry လို့ ပြောပေးပါ ကိုစေထူး။
မမေကို အမြန်ဆုံး စာပြန်ရေးစေချင်ပါတယ်။ မမေရဲ့ ပို့စ်တွေကို ဖတ်ရတာ စာဖတ်သူကို စေတနာ အရမ်းထားတယ်ဆိုတာ ခံစားလို့ရပါတယ်။
မမေ blog လေး အရင်လို ပြန်ဖြစ်လာဖို့ မဝေးတော့တဲ့ တနေ့ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။
ဘေးကင်းလုံခြုံစွာ ရှိနေတာသိရလို့ ၀မ်းသာပါတယ်။ အာလုံးက ကိုယ့်အကြောင်းတွေနဲ့ကိုယ်ပဲမို့ စာပြန်ရေးပါလို့ မတိုက်တွန်းပေမယ့် မမေပြောတဲ့ တစ်ချိန်ချိန်ဆိုတာကို စောင့်နေတယ်။ မေတ္တာဖြင့်။
ယုံကြည်ချက်တွေ ရည်မှန်းချက်တွေ ခိုင်မာနိုင်ရင်တော့
အကောင်းဆုံးပေါ့ လေ ၊ ဒါပေမဲ့ လည်း ရည်မှန်းချက်ဆို
တာ တခါတလေ မှာအကြောင်းကြောင်းကြောင့် ပန်းတိုင်ကို ရောက်ဖို့ ကြန့် ကြာတတ်တာမျိုးတော့ရှိတတ်
တယ်။ ယုံကြည်ချက်ကတော့ သွေဖယ်မသွားသင့်ဘူးပေါ့
to khin myanmar...
i don't have enough time to respond u properly at the moment and can't also use burmese font to compose farbulous poem for u. i am away from home at the moment.. u can assume that this is really lucky time for u. but i wanna know ur email addres if u dare to tell me. what i surprise is why the hell are u using my name in ur every single comment. can't u write down even a single comment without my name.. pls visit to my gtalk to give me ur reason.. there u go.. philtre.soe@googlemail.com ..
P.S This is the last warning for u.. pls don't use my name again for ur next comment
Dear May,
I just happened to know that you stopped your blog because I was away from internet about 3 weeks. I tried to go your blog and I just see search blog page. You may not able to read my comment because you may not able to use internet as per usual as your explanation.Anyway, I missed your blog a lot. You are miracle.I'm very sad to know about your blog.Why not you try to control comment on your blog and continue to write. I hope to see you again.
khine
မမေ ကြိုးပမ်းခဲ့တဲ့အရာအတွက် အသိအမှတ်ပြု လေးစားဂုဏ်ယူနေပါမယ်။
Walk on ........ Ma May ........ any way ......... any time ......
Regards,
freeburma
Post a Comment