Thursday, November 30, 2006

သူငယ်ချင်းများ အတွက်...

ကျနော် အွန်လိုင်းကို တက်ခဲ့တာ တနှစ်ကျော်ခဲ့ပါပြီ။ သူငယ်ချင်းတွေ အများကြီး ရခဲ့သလို အခုဆိုရင် ကျနော့်ကို မုန်းနေကြသူတွေလဲ နည်းမယ် မထင်ပါ။ ကျနော်တို့ တတွေ ဆုံဆည်းနေကြ မြန်မာချက်လဲ ပိတ်သိမ်းသွားခဲ့တာ အတန်ငယ် ကြာခဲ့ပါပြီ။ ဟိုတစု၊ ဒီတစုနဲ့ အဆင်ပြေရာ နေရာမှာ တွေ့ဆုံနေကြတဲ့ သူငယ်ချင်းတွေတော့ ရှိကြပါရဲ့။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော့်ကို ခင်သော၊ မခင်သော၊ မုန်းသွားကြသော သူငယ်ချင်း အားလုံးကို သတိတရနဲ့ ကျနော် ဒီသီချင်းကို ရေးဖြစ်ပါတယ်။ ဒီသီချင်းဟာ ကျနော် တယောက်တည်း အတွက် မရည်ရွယ်ပါဘူး။ အားလုံး အားလုံးသော သူငယ်ချင်းများ အားလုံးအတွက် ရည်ရွယ် ဖွဲ့ဆိုတာဖြစ်ပါတယ်။ အားလုံး ပျော်ရွှင် ချမ်းမြေ့ကြပါစေ။ အချင်းချင်း မုန်းနေကြတဲ့ သူငယ်ချင်းအားလုံးလဲ ပြန်လည် ချစ်ခင်နိုင်ကြပါစေ။ G-Key နဲ့ တီးခတ် ထားပါတယ်။ ဒီနေရာ မှာ နားထောင်ပါ ခင်ဗျာ။

သူငယ်ချင်းများ အတွက်…
Intro: G Em C D
G Em C G
အဖြူရောင် ခင်မင်မှုများနဲ့ရယ် သံယောဇဉ် အသွယ်သွယ် ဖလှယ်
Em C G D
ဘ၀တကွေ့ဝယ် ဆုံဆည်းခွင့်ရခဲ့ အို.. သူငယ်ချင်းများရယ်
G Em C G
ဘယ်နိုင်ငံ ဘယ်နေရာကို ရောက်ရောက်ကွယ် ငါတို့ဟာ မြန်မာတွေကွယ်
Em D G D
ရင်းနှီးလို့ ညီအကို မောင်နှမများသဖွယ်


တခါတရံ မတူညီမှုများရှိလဲ တူညီမှုကို ဖွေရှာမယ်
အတေးအမှတ်မဲ့ ရန်ညှိုးလဲ မထားနဲ့ အို.. သူငယ်ချင်းများရယ်
ပျော်စရာ ကိုယ်စီ ဝေငှလို့ရယ် ဘ၀အမောတွေ ပြေစေမယ်
ဝမ်းနည်းလဲ အတူတူ ငိုကြွေးကြမယ်။

Solo: G Em C G Em C G D

ဂုဏ်ရွှေငွေတွေ တကယ်အရေးမကြီးတယ်
မာန်မာနတွေ ဖယ်ကာရယ်
သွေးစည်းလို့ တို့စည်းလုံးကြစို့ အို.. သူငယ်ချင်းများရယ်
တချိန်ချိန် တကယ်လို့ တို့ဝေးကြရင် မေ့မသွားစေချင်လို့ကွယ်
အားလုံးအတွက် ကျနော် ဒီသီချင်းဖွဲ့တယ်

3 comments:

မေဓာဝီ said...

သီချင်းလေးကို နားထောင်ပြီးသွားပါပြီ။
ဒီသီချင်းလေးနားထောင်ရတာ ကြည်နူးမိပါတယ်။ ကျေးဇူးတင်ပါတယ် ကိုသံလွင်။
တကယ့် သူငယ်ချင်းအစစ်တွေကြားမှာ မာန်မာနတွေ အာဃာတတွေ အညှိုးအတေးတွေ မရှိကြဘူးနော်။
ပြီးတော့ တယောက်နဲ့တယောက် ခင်ကြတာဟာ အသုံးချဖို့ မဟုတ်ဖူး မို့လား။
အချင်းချင်း စိတ်ဆိုးစိတ်ကောက်လဲ ခဏပဲ … ပျော်ရွှင်စရာတွေ ၀မ်းနည်းစရာတွေကိုလဲ တယောက်နဲ့တယောက်မျှဝေခံစားကြပြီး တသက်လုံး ခင်သွားကြမယ့် သူငယ်ချင်းမျိုးကို … ကျမလဲ တွယ်တာမိပါတယ်။

ကလိုစေးထူး said...

ကျနော်ကလဲ ကျနော့် ဘလော့ရဲ့ ပို့စ်မှန်သမျှကို ဂရုတစိုက်နဲ့ တောက်လျှောက် အားပေးနေတဲ့ အမကို ကျေးဇူး အထူးပါပဲဗျာ.. အမှန်က ဒီစကားကို ပြောတာ နောက်တောင်ကျနေပါပီ။ ဒီသီချင်းကလဲ သူငယ်ချင်းတွေ အားလုံးအတွက် ရည်ရွယ်ဖွဲ့ဆို ခဲ့တာပါ။

Anonymous said...

Dear Friend,
We would like to invite you to our new forum (www.myanmarteashop.com). Believe it or not, Myanmarteashop is the only forum with unique features that allowed you to express your view in native language. For that reason, more and more people are joining everyday. Some of our forum’s features are :
1.Totally 100% Burmese (Burmese can be use any part of the forum.)
2.Because of Unicode font, you’ll be able to read Burmese posts clearly.
3.You can also use English as well, if you are more comfortable using English.
4.Polling features allow you to poll easily.
5.YouTube videos are also allowed.
6.More than 1,770 smilies to describe your emotions.
7.Friendly community.

cheers
myanmarteashop.com