Friday, June 22, 2007

မက္ကဆီကန် နွေရာသီပွဲတော်လေး…

ဒီညနေ အလုပ်က အပြန် ရေမိုးချိုးပြီးတော့ ဘဏ်ကိုသွားရင်းနဲ့ တခါက ကျနော်ရောက်ခဲ့ဖူးတဲ့ ပန်းခြံလေးထဲမှာ ကျင်းပနေတဲ့ မက္ကဆီကန်များရဲ့ နွေရာသီ ပွဲတော်လေးကို အမှတ်မထင် ရောက်သွားခဲ့ပါတယ်။ အဲဒါနဲ့ပဲ ပါလာတဲ့ ကင်မရာလေးနဲ့ မှတ်တမ်းတင်လို့ ကျနော့်မိတ်ဆွေများ အပျင်းပြေအောင် ပို့စ်တင်လိုက်ပါတယ်…။

ပွဲတော်လေးရဲ့ အ၀င်ဝ လမ်းလေးပါ။


ဒါကတော့ မက္ကဆီကန်တွေလိုပဲ စပိန်စကားပြောတဲ့ ဘိုလီးဗီးယားတွေရဲ့ လက်တင် တီးဝိုင်းငယ်လေးပါ။ ပလွေသံလေးတွေက သာယာလွန်းလို့ အတော်ကြာကြာ ရပ်နားထောင်ဖြစ်ခဲ့သေးတယ်။


မက္ကဆီကန် ကလေးငယ်တွေရဲ့ အကဖျော်ဖြေမှုပါ။ ဒီနေရာ မှာ ကြည့်ပါခင်ဗျာ။


ပူဖောင်းတွေကို မြားနဲ့ ပေါက်ကစားတဲ့ နေရာလေ…။ မြန်မာပြည်ကို သတိရပြီး မနေနိုင်မထိုင်နိုင်နဲ့ သွားပေါက်မိတာ ငါးဒေါ်လာကုန်လာတယ်။ ပြန်ရတာက အရုပ်ပိစိလေး၊ အနားက နီးရာကလေးလေး တယောက်ကို ပေးလိုက်တယ်။


ကစားကွင်းနဲ့ ချားရဟတ်တွေပါ။ တခါစီး ငါးဒေါ်လာတဲ့…။ ရပ်ကြည့်ပြီးတော့ပဲ ပြန်ခဲ့တယ်။


ပန်းချီပြခန်းလေးမှာ စိတ်ဝင်စားစရာ ပန်းချီကားတချို့ကိုတွေ့တော့ ပန်းချီဝါသနာပါတဲ့ ဘလော့ဂါ မိတ်ဆွေတွေကို ချက်ချင်းသတိရမိတယ်။ အဲဒါနဲ့ပဲ သူတို့တတွေအတွက် စိတ်ဝင်စားစရာ အကောင်းဆုံးလို့ ယူဆရတဲ့ ဒီပန်းချီကား သုံးချပ်ကို ဓာတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်။


ဒါကတော့ မက္ကဆီကန်တွေရဲ့ စတေ့ရှိုးအစီအစဉ်တခုပါ။ သူတို့ရဲ့ တေးသွားကို နမူနာ နားဆင်နိုင်အောင် ဗွီဒီယို ရိုက်ဖြစ်ခဲ့ပါသေးတယ်။ ဒီနေရာ မှာ နားဆင်ပါ။

ဒီတပတ် သောကြာအတွက်တော့ ဒီဓာတ်ပုံ ပို့စ်ပဲ တင်လိုက်ပါတယ်…။


ကလိုစေးထူး

3 comments:

Anonymous said...

အ၀င်လမ်းလေးနဲ့ တတိယမြောက်ပန်းချီကားရယ်.. သီချင်းသံရယ်ကို ကြိုက်တယ်ဗျို့ ။

မက်စီကန် ကောင်မလေးတွေ ကောင်လေးတွေ တယ်ချောဆိုပဲ ကိုကြီးစေးထူးရ.. တပုံမှ မပါပါလားဟင်း( အဟတ် ။

s0wha1 said...

အရုပ်လေး လိုချင်တယ်...

Anonymous said...

ကစားချင်တာပဲသိတယ် ...